《Let Me Start Again [Completed]》LMSA 45
Advertisement
ဘာလိုလိုနဲ့ စစ် ခက်ကို ခိုးပြေး ..(အင်း ခိုးပြေးတယ်ပဲထားပါတော့*) လာတာ ၁ပတ်တောင်ရှိသွားပြီ။ တစ်ပတ်အတွင်း ခက်ဟာ စစ်ကို စကားတစ်ခွန်းတောင်မပြောခဲ့ပေ။ သူ့ဘာသာသူ အခန်းထဲမှာပဲ နေသည်။ စစ်နဲ့ မျက်နှာချင်းတောင် မဆိုင်။
'ခက်...ထအုံးလေ။ အချိန်တိုင်း အိပ်နေရင် ခေါင်းကိုက်လိမ့်မယ် ခက်ရဲ့ '
စစ်ကသာ ပြောနေတာ ခက်ကတော့ တုပ်တုပ်မျှမလှုပ်။ စစ် သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း
'ခက်..မောင်တောင်းပန်ပါတယ်ခက်ရယ်။ မောင့်ကို အခုလို ဘာမှမပြောပဲနဲ့တော့ မနေပါနဲ့။ ခက်မောင့်ကို ရိုက်ချင်ရင် ရိုက်လိုက်ပါ။ အခုလိုကြီး...အခုလိုကြီး မောင့်ကို လျစ်လျူရှုမထားပါနဲ့ခက်ရယ်။ မောင်တောင်းပန်ပါတယ်ကွာ နော်'
'ထွက်သွား ' တစ်ပတ်လုံးနေမှ ခက်သူ့ကို ပြောလာတဲ့ ပထမဆုံးသောစကားဟာ ထွက်သွားတဲ့လေ။
'ခက်...မောင့်ကို မောင့်ကိုကြည့်ပါအုံး ' စစ် ပြောနေရင်းနဲ့ ခက်ရဲ့ မျက်နှာလေးကို သူ့ဘက်ကိုအသာယာလှည့်လိုက်သော်လည်း ခက်က တစ်ဖက်ကို မျက်နှာလွှဲသွားပြန်သည်။
'မောင့်မျက်နှာကို မမြင်ချင်တော့ဘူးလားဟင်။ ခက်မောင့်ကို တကယ်ပဲ သူစိမ်းတစ်ယောက်လိုမြင်နေပြီလား။ မောင့်ကို...မောင့်ကိုမချစ်တော့ဘူးလား ခက်ရယ်။ ခက်မောင့်ကို စကားမပြောတော့တာ ၁ပတ်ရှိပြီခက်ရဲ့ ။ မောင်တောင်းပန်ပါတယ်။ မောင့်ကို စကားလေးတော့ ပြန်ပြောပါအုံး။ မောင်...မောင်က ခက်နဲ့ ထပ်ပြီးမခွဲနိုင်တော့လို့ အခုလိုလုပ်ခဲ့တာပါ '
'ထွက်သွား မင်းစစ်မောင်။ အခုချိန်မှာ မင်းရဲ့မျက်နှာကို ငါမမြင်ချင်ဘူး။ ချစ်လို့ဟုတ်လား။ ဘယ်လိုလူကများ ကိုယ်ချစ်တဲ့သူကို မင်းလိုမျိုး အကျယ်ချုပ်ချထားလို့လဲ ဟမ်!! အခု မင်းက ငါ့ကို အကျယ်ချုပ်ချထားတာလေ။ မင်းအပြင်သွားရင် ငါ့ကို အခန်းထဲမှာ ပိတ်ပြီး သော့ခတ်ထားတယ်။ မင်းရှိနေရင် ငါ့ကို မျက်စိဒေါက်ထောက်ကြည့်နေတယ်။ ပြောစမ်းပါအုံး ဘယ်လိုအသိတရားရှိတဲ့လူက မင်းလိုလုပ်ရပ်မျိုးလုပ်ဖူးလဲလို့ '
'မောင်တောင်းပန်ပါတယ်။ မောင်က...မောင်က...ခက်ထွက်ပြေးသွားမှာကြောက်လို့ပါ။ ခက်သာ...ခက်သာ..မောင့်ကို ထားမသွားဘူးလို့ ကတိပေးရင် မောင်...မောင်..အခုလိုမလုပ်တော့ပါဘူး။ မောင့်ကို...မောင့်ကို ထားမသွားဘူးလို့ ကတိပေးလေခက်ရဲ့'
'ဟင့်အင်း...ထွက်ပြေးမှာ။ ငါမင်းကိုအရမ်းကြောက်တယ် မင်းစစ်မောင်။ မင်းလို အတ္တကြီးပြီး ပုံမှန်မဟုတ်တော့တဲ့ လူတစ်ယောက်အနားမှာ ငါကဘာလို့နေရမှာလဲ '
ခက်စကားကြောင့် စစ် ခက်ကို ဒူးထောက်လိုက်ပြီး
'ခက်...မောင်...မောင် အခုလိုတောင်းပန်ပါတယ်ခက်ရယ်။ မောင့်ကို..မောင့်ကို ထားမသွားပါနဲ့။ တကယ်လို့...တကယ်လို့...ခက်သာမောင့်ကိုထားသွားမယ်ဆိုရင်...မောင်...မောင်သေမှာခက်ရဲ့'
'ဒါဆိုရင်လည်း သေလိုက်တော့ မင်းစစ်မောင်။ ငါက အခွင့်အရေးရတဲ့တစ်နေ့ မင်းကို ထားသွားမှာမလို့ပဲ'
'ခက်...ခက်..အရင်လိုမဟုတ်တော့ဘူး '
'အဟက်! ငါ့နေရာမှာ မင်းဆိုရင်ရော ကိုယ့်အပေါ်ရက်စက်ခဲ့တဲ့ယောကျာ်းတစ်ယောက်ကို အရင်ကလို ပြန်ပြီးဆက်ဆံနိုင်ပါ့မလား။ တကယ်ဆိုရင် မင်းက ဂုဏ်တောင်ယူသင့်သေးတာ။ မင်းကိုချစ်ခဲ့တာကလွဲပြီး ကျန်တာမသိခဲ့တဲ့ငါ့ကို၊ မင်းသာရှိနေရင်ရပြီဆိုတဲ့ အတွေးနဲ့ မင်းရက်စက်ခဲ့သမျှ ကြိတ်မှိတ်ပြီး ခံစားခဲ့ရတဲ့ငါ့ကို အခုလို သွေးအေးပြီး ရက်စက်တတ်တဲ့ လူတစ်ယောက်အနေနဲ့ပြောင်းလဲသွားအောင် သင်ပေးခဲ့တဲ့ လက်ဦးဆရာဟာ ငါပါလားဆိုတဲ့ အသိနဲ့ မင်းဂုဏ်ယူသင့်တာ'
ခက်ရဲ့စကားလုံးတစ်လုံးချင်းစီတိုင်းဟာ သူ့ရင်ကိုတော့ မြှားပေါင်းတစ်ထောင်လို လာစိုက်သည်။
(တကယ်ပဲ...တကယ်ပဲ..မောင့်ရဲ့ ခက်က ပြောင်းလဲခဲ့တာပဲ။ ခက်ပြောသလို မောင်ဂုဏ်ယူနေသင့်သလား။*)
'တောင်းပန်ပါတယ်...မောင်...မောင်...တကယ်ကိုပဲ...တကယ်ကိုပဲ..တောင်းပန်ပါတယ်။ ခက်ရဲ့စိတ်တိုင်းကျ မောင့်ကို ပြန်ပြီးနှိပ်စက်ချင်လည်း ရတာမလို့ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး..မောင့်ကို လျစ်လျူရှုမထားပါနဲ့တော့။ အရင်နေ့တွေကလို ခက် မောင့်ကို ကြည့်တဲ့ သူစိမ်းဆန်ဆန်အကြည့်တွေထပ်စာရင် ခက်အခုလို မောင့်ကို မုန်းတီးနေတဲ့အကြည့်တဲ့ကြည့်နေတာကမှ ပိုပြီးခံသာပါသေးတယ်ခက်ရယ်။ ခက် မောင့်ကို မုန်းလို့ရတယ်၊ နာကြည်းလို့ရတယ်၊ ဒါပေမယ့်...ဒါပေမယ့်...သူစိမ်းဆန်ဆန်အကြည့်တွေနဲ့ မကြည့်ပါနဲ့ခက်ရယ်..မောင်တောင်းပန်ပါတယ်။ အဲ့ဒီအစား ခက်မောင့်ကို မုန်းနေတာကမှ မောင့်အပေါ်ခံစားချက်လေးရှိသေးတယ်ဆိုတဲ့
အတွေးလေးနဲ့ ဖြေသိမ့်လို့ရပါသေးတယ်'
'ငါ့ကို ပြန်ပို့ပေး မင်းစစ်မောင်။ မင်းလိုအရူးတစ်ယောက်နဲ့ တူတူမနေနိုင်ဘူး'
'ဟင့်အင်း..ပြန်မပို့ပေးနိုင်ဘူး။ ဒါလည်း ခက်ရဲ့အိမ်ပဲလေ။ ဘာလို့...ဘာလို့မောင်က ပြန်ပို့ပေးရမှာလဲ။ မောင်သေသွားမှပဲရမယ်'
ခက်စကားဆက်မပြောချင်တော့သဖြင့် အခန်းထဲကိုပဲ ပြန်၀င်လာခဲ့လိုက်သည်။ သူ့ဆန္ဒကိုပဲ ရှေ့တန်းတင်တတ်တဲ့ စစ်ကို ခက်တကယ်ကို ကြောက်မိပါသည်။ အခုချိန်မှာ စစ်ဟာ အရူးတစ်ယောက်လိုပဲ။
တစ်နေကုန် ခက်ရှေ့ကို ပေါ်မလာခဲ့တဲ့စစ်ဟာ ခက်အိပ်ပျော်သွားတဲ့ အချိန်မှာတော့ ခက်ရှိရာကို ရောက်လာခဲ့သည်။ အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ ခက်ကိုတွေ့တော့ ခပ်ယဲ့ယဲ့လေး တစ်ချက်ပြုံးလိုက်ပြီး ခက်ရဲ့ နဖူးလေးကို မြတ်နိုးစွာနမ်းမိသည်။
နိုးနေရင် အနားအကပ်မခံတတ်တဲ့ ခက်ကြောင့် ခက်အိပ်ပျော်သွားတဲ့အချိန်မှသာ သူ၀င်လာပြီး အခုလိုပဲ ခက်ရဲ့နဖူးလေးကိုနမ်းပြီး ခက်ကိုယ်လုံးလေးကို ထွေးပွေ့ကာ အိပ်တတ်သည်။ မနက်ကိုတော့ ခက်မနိုးခင် သူကအရင်ထတတ်တာမလို့ သူအခုလိုလုပ်တာတွေကို ခက်မသိ။
တကယ်တော့ ဒီကိုယ်လုံးသေးသေးလေးကို သူတစ်ချိန်လုံးထွေးပွေ့ထားချင်ပါသည်။ မတတ်သာလို့ ခပ်ခွာခွာနေရပေမယ့်၊ ခက်ရဲ့စိတ်တိုင်းကျ အဝေးမှာပဲ နေပေးရပေမယ့် ခက်ကိုတော့ တစ်ချိန်လုံးလိုက်ကြည့်နေမိသည်။ ဒါဟာ ခက်ပြောသလို အကျယ်ချုပ်ချထားပြီး မျက်စိဒေါက်ထောက်ကြည့်နေခဲ့ခြင်းမဟုတ်ပါ။ တစ်ချိန်လုံး ခက်ကိုကြည့်နေခဲ့တဲ့ မျက်၀န်းညိုတွေထဲမှာ တောင်းပန်တိုးလျှိုးခြင်းတွေပါနေတာကို ခက်ကသာ လွဲမှားစွာအဓိပ္ပါယ်ကောက်ခဲ့ခြင်းပါလေ။
Advertisement
ဒီနေ့ညလည်း အခုလိုပဲ ခက်မသိအောင် ခက်ကိုရင်ခွင်ထဲထည့်ပြီးအိပ်၊ မနက်မိုးလင်းရင် ခက်မနိုးခင် အရင်ထသွား၊ ဒီလိုပဲ ဖြတ်သန်းရပေအုံးမည်။ ခက်ရဲ့မျက်နှာလေးကိုကြည့်နေရင်းနဲ့ပဲ လွမ်းလာပြန်တာမို့ ခက်ကိုသူ ခပ်တင်းတင်းဖက်ထားမိသည်။ မျက်စိရှေ့မှာမြင်နေရဲ့သားနဲ့ လွမ်းတယ်ဆိုတာကို ပိုတယ်ထင်လည်း ထင်ကြပါစေတော့။ သူကတော့ တကယ်ကိုပဲ ခက်ကိုကြည့်နေရင်းနဲ့ လွမ်းမိပါသည်။ ခက်သူ့ကို ထပ်ပြီးထားသွားမှာ သူသေမတတ်ကြောက်ပါသည်။ ခဲမှန်ဖူးသော စာသူငယ်လို တစ်ခါအထားခံရဖူး၍ ဘယ်လောက်တောင် ခံစားရခက်တဲ့ဝေဒနာလည်းဆိုတာ သူကောင်းကောင်းနားလည်သည်။ ထပ်ပြီး....ထပ်ပြီးတော့...ထားသွားခံရမယ်ဆိုရင်..သူတကယ်ပဲအသက်ရှင်နိုင်တော့မှာမဟုတ်။
'မောင်တောင်းပန်ပါတယ်ခက်ရယ်။ ခက်မောင့်ကို ထားသွားမှာ မောင်...မောင်အရမ်းကြောက်တယ် ခက်ရဲ့။ မောင်...မောင်အရမ်းကြောက်လို့ ခက်ကို အကျယ်ချုပ်သဘောမျိုးနဲ့ထားခဲ့မိတာပါ။ မောင်...မောင်တောင်းပန်ပါတယ်။'
ကျဆင်းလာသော ပုလဲလုံးသဖွယ်မျက်ရည်တို့သည်
အပြစ်ကင်းစွာ အိပ်စက်နေသော ချစ်ရသူ၏ ပါးပြင်နုနုလေးထက်သို့.....
ခက်နိုးလာတော့ စစ်ကရှိမနေတော့ပေ။ ဒီနေ့လည်း အရင်နေ့တွေလိုပဲ ခြောက်ကပ်စွာ နိုးထရအုံးမည်။ ပြီးရင် စစ်ပြင်ပေးတဲ့ မနက်စား၊ အခန်းထဲမှာပဲ တနေကုန်နေ၊ ဒီလိုနဲ့ နောက်တစ်ရက်...နောက်တစ်ရက်....ဒီလိုမျိုး အကျယ်ချုပ်ကျရတဲ့ရက်တွေ ဘယ်တော့များမှ ကုန်ဆုံးနိုင်မှာလဲ။ သူတကယ်ကို အသက်မရှင်ချင်တော့။ အခုလို ရှင်လျက်နဲ့သေနေရတဲ့ ဘ၀မျိုးထက်စာရင် လုံးလုံးသေသွားတာကမှ ကောင်းအုံးမယ်မဟုတ်ပါလား။ မင်းစစ်မောင်ကို သူတကယ်ကို ကြောက်မိပါသည်။ တစ်နေ့ထက်တစ်နေ့ စစ်ဟာ စိတ္တဇတစ်ယောက်နဲ့ ပိုတူလာသည်။ ဘာကိုချစ်တာလဲ။ စစ်သာသူ့ကို တကယ်ချစ်တယ်ဆိုရင် အခုလိုမျိုး ချုပ်နှောင်ထားပါ့မလား။ သူခွင့်လွှတ်မယ့်အချိန်ထိ စိတ်ရှည်ရှည်နဲ့စောင့်နေရမှာမဟုတ်ဘူးလား။ အခုတော့ သူဖြစ်ချင်တာကို ဇွတ်လုပ်တတ်သောစစ်ကြောင့် ခက်ဟာ အခုချိန်မှာ အကျဥ်းသားတစ်ယောက်လို။ ဒီဝဋ်ကြွေးတွေ ဘယ်တော့မှကျေမှာလဲ။ အရင်ကတော့ မချစ်ဘူးဆိုပြီးနှိပ်စက်သည်။ အခုကျ ချစ်တယ်ပြောပြီး အကျဥ်းချထားသည်။ စစ် ဘယ်တော့များမှ သူ့ခံစားချက်တွေကို ထည့်တွေးပေးမှာလည်း။
ခက်တစ်ယောက် စိတ်တွေမွန်းကြပ်လာတာကြောင့် အခန်းအပြင်ကိုထွက်လာခဲ့မိသည်။ ဒီကိုရောက်ကတည်းက အခန်းထဲမှာပဲ အနေများသဖြင့် ဘယ်နေရာမှာ ဘာတွေထားလဲဆိုတာတောင် သူမသိပေ။
အခန်းအပြင်ကိုရောက်လာတော့ စစ်ကရှိမနေ။ အပြင်သွားတာနေမှာ။
(စစ်က အခုအပြင်သွားတာဆိုတော့ ငါထွက်ပြေးရင် ရလောက်တယ်*)
ကံတရားက သူ့ဘက်မှာပါနေလို့ပဲလား ခါတိုင်းဆို အပြင်သွားရင်တံခါးမကြီးကို အပြင်ကနေ သော့ခတ်သွားတတ်တဲ့စစ်ဟာ ဒီနေ့တော့ သော့ခတ်သွားဖို့ မေ့နေလေသည်။ တံခါးမကြီးက သော့ခတ်မထားတာကြောင့်ခက်လည်း ခြံထဲကို ပြေးထွက်လာခဲ့သည်။ ခြံတံခါးကိုသာ ကျော်နိုင်ရင် သူလွတ်ပြီ။ သို့သော် ခြံတံခါးအပေါ်မှာရော အုတ်တံတိုင်းတွေပေါ်မှာပါ ဆူးတွေထပ်ထားတာကြောင့် သူအခက်တွေ့နေသည်။
'အခွင့်အရေးက ၂ခါမလာဘူး ခက်ထန်။ ဒီနေ့မှထွက်မပြေးရင် နောင်ဘယ်တော့မှ အခွင့်အရေးရှိလာမှာမဟုတ်တော့ဘူး။'
ခက် သူ့ကိုယ်သူ အားပေးလိုက်ပြီး ခြံတံခါးပေါ်ကို တက်လေသည်။ တော်သေးသည်က သံပန်းတံခါးဖြစ်တာကြောင့်ရော၊ တံခါးက အရမ်းကြီးမြင့်မနေတာကြောင့်ရော သူတက်ရတာအဆင်ပြေသည်လေ။ တံခါးပေါ်မှာ တပ်ထားတဲ့ သံဆူးတွေကိုသာ ကျော်နိုင်ရင် သူလည်းလွတ်ပြီ။ ထို့နောက် လက်တွေရော ခြေထောက်တွေရော သံဆူးတွေနဲ့ ခြစ်မိပြီး ဒဏ်ရာရပြီးတဲ့နောက်မှာတော့ သူ အပြင်ကို ရောက်လာခဲ့ပြီ။ အိမ်လေးကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီး
'ငါ့ရဲ့ ခံစားချက်တွေကိုပါ ထည့်ပြီးတွေးပေးလာမယ့်တစ်နေ့ကျရင် ငါပြန်လာခဲ့ပါ့မယ် စစ်။ အခုတော့အတ္တကြီးတဲ့ မင်းကိုငါ နှုတ်ဆက်ခဲ့ပါရစေ။'
ခြေဖဝါးက ဒဏ်ရာကြောင့် သူသိပ်ပြီးမပြေးနိုင်ပေ။
ဒဏ်ရာရတဲ့ဘက်က အရင်တခေါက်က ဆိုင်ကယ်ပိတဲ့ခြေထောက်ဖြစ်နေတော့ ပိုဆိုးသည်။ ထော့နဲ့ထော့နဲ့ လျှောက်လာရင်း လမ်းထိပ်ကိုတောင် ရောက်လုပြီ။
'လမ်းထိပ်ကို ရောက်အောင်သွားမယ်။ လမ်းထိပ်ကိုရောက်ရင် တွေ့တဲ့ taxi စီးပြီး သွားရမယ်' ခက် သူ့အတွေးနဲ့သူ လမ်းထိပ်ဆီသို့ အသွား
'ခက်!!! ' လူသူကင်းမဲ့တဲ့ လမ်းမထက်မှာ သူ့နောက်က ခေါ်သံကြားတာကြောင့် လှည့်ကြည့်မိတော့ စစ်။
(ဘာလို့ ပြန်ရောက်လာတာလဲ။ ဒီအချိန်က သူပြန်မရောက်သင့်သေးဘူးလေ။*)
ခက် သူ့ကို ပြန်ခေါ်မှာကြောက်တာကြောင့် ဇွတ်ပြေးသော်လည်း ခြေထောက်ဒဏ်ရာကြောင့် ခရီးမတွင်။ နောက်က ပြေးလိုက်လာပြီး သူ့ကိုမီလုဆဲဆဲဖြစ်နေတဲ့ စစ်ကြောင့် ခက် ပြေးနေရင်း နောက်ကိုလှည့်ကြည့်ကာ
'နောက်ကို...နောက်ကိုဆက်လိုက်မလာနဲ့နော်။ မင်းဆက်လိုက်လာရင်..ငါ...ငါ...ကိုယ့်ကိုယ်ကို သတ်သေပစ်မှာ'
'ခက်!! နောက်မှာ !!! '
စစ်ရဲ့ စိုးရိမ်တကြီး သတိပေးသံအကျယ်ကြီးနောက်မှာ.....
လူရှင်းသောကြောင့် အရှိန်တင်ပြီး မောင်းလာတဲ့ ကားတစ်စီး....
အပေါ်ကိုမြောက်တက်သွားပြီး ပြန်ကျလာသော ခန္ဓါကိုယ်တစ်ခု.....
မျက်စိတစ်မှိတ်လေးအတွင်းမှာ ဖြစ်ပျက်သွားသမျှကို သူမယုံကြည်နိုင်သေး။ အခု...အခု...စစ်က သူ့ကိုတွန်းထုတ်လိုက်ပြီး သူ့ကိုယ်စား...သူ့ကိုယ်စား...
ကိုယ့်မျက်လုံးကို မယုံနိုင်သေးသော်လည်း ခေါင်းကသွေးတွေထွက်နေပြီး သွေးအိုင်ထဲမှာလဲနေတဲ့စစ်ပုံစံကြောင့် သားလေး သူ့ကို ထားသွားခဲ့တဲ့နေ့....သွေးအိုင်ထဲမှာလဲနေတဲ့ သားလေးကို ပြန်မြင်ယောင်လာကာ...မဟုတ်မှ...မဟုတ်မှ...စစ်လည်း သားလေးတုန်းကလိုမျိုး..သူ့ကို....
'စ..စစ်...စစ်...သတိထားအုံးလေ။ ငါ...ငါ...မှားသွားပါတယ်စစ်ရယ်။ နောက်ကို...နောက်ကို ထွက်မပြေးတော့ပါဘူး...တောင်း...တောင်းပန်ပါတယ်...'
'ခ...ခက်...မောင်တို့...မောင်တို့ရဲ့ သားလေးက မောင့်ကြောင့် သေသွားခဲ့ရတာမလို့ အခု...အခု...မောင့်ရဲ့အသက်နဲ့ ပြန်ပြီး အလျော်ပေးလိုက်တယ်နော်...ခက်ကိုတော့....ခက်ကိုတော့...နောက်....နောက်ဘ၀ကျမှ မောင်...မောင်...တောင်းပန်ပါတော့မယ်။ နောက်ဘ၀...နောက်ဘ၀ကျရင်...မောင့်ကို...မောင့်ကို...တစ်ကနေပြန်စခွင့်ပေးပါ...အခု...အခုတော့ ခက်အနားမှာ ဆက်ပြီး မနေပေးနိုင်တော့လို့...တောင်း...တောင်းပန်ပါတယ်..မောင်...မောင်လေ...ခက်ကို..အရမ်း...'
Advertisement
ခက်ရဲ့မျက်နှာလေးကို ကိုင်ဖို့အတွက် မြောက်တက်လာခဲ့တဲ့ လက်တစ်စုံဟာ.....
သူ့ရဲ့ ဦးတည်ရာကို မရောက်ခင်..လမ်းတစ်၀က်မှာတင်ပဲ ရပ်တန့်သွားပြီး မြေကြီးပေါ်ကို ပြန်ကျသွားသည်။ 'ချစ်တယ်' ဆိုသော စကားလေးကိုတောင် ဆုံးအောင်ပြောခွင့်မရှိလိုက်တဲ့သူ့ကို အရင်က ဆိုးသွမ်းခဲ့လို့များ လောကကြီးက ဒဏ်ခတ်လိုက်လေသလား။
'စ..စစ်...ဟင့်အင်း မဖြစ်ရဘူး...တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...မင်း...မင်းလည်း သားလေးတုန်းကလို ငါ့ကိုထားသွားလို့မရဘူးလေ စစ်ရဲ့။ ငါ...ငါတောင်းပန်ပါတယ်...နောက်တစ်ခါ...နောက်တစ်ခါ...ထွက်..ထွက်မပြေးတော့ပါဘူး...တောင်းပန်ပါတယ်...ကျေးဇူး....ကျေးဇူးပြုပြီးတော့....'
၀တ်ဆင်ထားတဲ့ shirt အဖြူလေးဟာ စစ်ရဲ့ သွေးတွေကြောင့် ချင်းချင်းနီနေသော်လည်း သူ စစ်ကို ပွေ့ဖက်ထားဆဲ။ ဆေးရုံကားသံတွေ၊ တခြားသူတွေရဲ့ စကားသံတွေကိုလည်း သူ့နားထဲမှာမကြားနိုင်.....
မောင့်ကြောင့် သေသွားခဲ့ရတဲ့ အသက်တစ်ချောင်းကို မောင်ပိုင်တဲ့ အသက်တစ်ချောင်းနဲ့ပဲ ပြန်လျော်ပေးခဲ့ပါတယ်....
အရင်ကလို မင်းကို နှိပ်စက်မယ့်သူ...မင်းနာကျင်အောင် လုပ်မယ့်...မောင်...မရှိတော့တာမလို့....
ချစ်ရတဲ့သူ ပျော်ရွှင်ပါစေတော့.....
ခက်ပြောသလို ခက်ကို အကျယ်ချုပ်ချထားမယ့်သူမရှိတော့တာမလို့....အလိုရှိရာကို ထွက်သွားပြီး...မောင်မရှိတဲ့အရပ်မှာ ပျော်ပျော်ရွှင်ရွှင်နေပါ မောင့်သည်းငယ်.....
ပြောခဲ့ဖူးတယ်မလား...ခက်မောင့်ကို ထပ်ထားသွားရင် မောင်သေမှာလို့....အခု...အခု....ခက်က
မောင့်ကိုထားပြီး ထွက်ပြေးတော့............
မင်းကိုယ်စား အသေခံလိုက်ရလို့ မောင်နောင်တမရပါဘူးခက်ရယ်.....
တစ်ခုပဲ...တစ်ခုလေးပဲ....ခက်ဆီက ခွင့်လွှတ်တယ်ဆိုတဲ့ စကားလေးကို မကြားလိုက်ရတာလေး တစ်ခုပါပဲ.....
ဘာလိုလိုနဲ႔ စစ္ ခက္ကို ခိုးေျပး ..(အင္း ခိုးေျပးတယ္ပဲထားပါေတာ့*) လာတာ ၁ပတ္ေတာင္ရွိသြားၿပီ။ တစ္ပတ္အတြင္း ခက္ဟာ စစ္ကို စကားတစ္ခြန္းေတာင္မေျပာခဲ့ေပ။ သူ႔ဘာသာသူ အခန္းထဲမွာပဲ ေနသည္။ စစ္နဲ႔ မ်က္ႏွာခ်င္းေတာင္ မဆိုင္။
'ခက္...ထအုံးေလ။ အခ်ိန္တိုင္း အိပ္ေနရင္ ေခါင္းကိုက္လိမ့္မယ္ ခက္ရဲ႕ '
စစ္ကသာ ေျပာေနတာ ခက္ကေတာ့ တုပ္တုပ္မွ်မလႈပ္။ စစ္ သက္ျပင္းတစ္ခ်က္ရႈိက္လိုက္ရင္း
'ခက္..ေမာင္ေတာင္းပန္ပါတယ္ခက္ရယ္။ ေမာင့္ကို အခုလို ဘာမွမေျပာပဲနဲ႔ေတာ့ မေနပါနဲ႔။ ခက္ေမာင့္ကို ႐ိုက္ခ်င္ရင္ ႐ိုက္လိုက္ပါ။ အခုလိုႀကီး...အခုလိုႀကီး ေမာင့္ကို လ်စ္လ်ဴရႈမထားပါနဲ႔ခက္ရယ္။ ေမာင္ေတာင္းပန္ပါတယ္ကြာ ေနာ္'
'ထြက္သြား ' တစ္ပတ္လုံးေနမွ ခက္သူ႔ကို ေျပာလာတဲ့ ပထမဆုံးေသာစကားဟာ ထြက္သြားတဲ့ေလ။
'ခက္...ေမာင့္ကို ေမာင့္ကိုၾကည့္ပါအုံး ' စစ္ ေျပာေနရင္းနဲ႔ ခက္ရဲ႕ မ်က္ႏွာေလးကို သူ႔ဘက္ကိုအသာယာလွည့္လိုက္ေသာ္လည္း ခက္က တစ္ဖက္ကို မ်က္ႏွာလႊဲသြားျပန္သည္။
'ေမာင့္မ်က္ႏွာကို မျမင္ခ်င္ေတာ့ဘူးလားဟင္။ ခက္ေမာင့္ကို တကယ္ပဲ သူစိမ္းတစ္ေယာက္လိုျမင္ေနၿပီလား။ ေမာင့္ကို...ေမာင့္ကိုမခ်စ္ေတာ့ဘူးလား ခက္ရယ္။ ခက္ေမာင့္ကို စကားမေျပာေတာ့တာ ၁ပတ္ရွိၿပီခက္ရဲ႕ ။ ေမာင္ေတာင္းပန္ပါတယ္။ ေမာင့္ကို စကားေလးေတာ့ ျပန္ေျပာပါအုံး။ ေမာင္...ေမာင္က ခက္နဲ႔ ထပ္ၿပီးမခြဲႏိုင္ေတာ့လို႔ အခုလိုလုပ္ခဲ့တာပါ '
'ထြက္သြား မင္းစစ္ေမာင္။ အခုခ်ိန္မွာ မင္းရဲ႕မ်က္ႏွာကို ငါမျမင္ခ်င္ဘူး။ ခ်စ္လို႔ဟုတ္လား။ ဘယ္လိုလူကမ်ား ကိုယ္ခ်စ္တဲ့သူကို မင္းလိုမ်ိဳး အက်ယ္ခ်ဳပ္ခ်ထားလို႔လဲ ဟမ္!! အခု မင္းက ငါ့ကို အက်ယ္ခ်ဳပ္ခ်ထားတာေလ။ မင္းအျပင္သြားရင္ ငါ့ကို အခန္းထဲမွာ ပိတ္ၿပီး ေသာ့ခတ္ထားတယ္။ မင္းရွိေနရင္ ငါ့ကို မ်က္စိေဒါက္ေထာက္ၾကည့္ေနတယ္။ ေျပာစမ္းပါအုံး ဘယ္လိုအသိတရားရွိတဲ့လူက မင္းလိုလုပ္ရပ္မ်ိဳးလုပ္ဖူးလဲလို႔ '
'ေမာင္ေတာင္းပန္ပါတယ္။ ေမာင္က...ေမာင္က...ခက္ထြက္ေျပးသြားမွာေၾကာက္လို႔ပါ။ ခက္သာ...ခက္သာ..ေမာင့္ကို ထားမသြားဘူးလို႔ ကတိေပးရင္ ေမာင္...ေမာင္..အခုလိုမလုပ္ေတာ့ပါဘူး။ ေမာင့္ကို...ေမာင့္ကို ထားမသြားဘူးလို႔ ကတိေပးေလခက္ရဲ႕'
'ဟင့္အင္း...ထြက္ေျပးမွာ။ ငါမင္းကိုအရမ္းေၾကာက္တယ္ မင္းစစ္ေမာင္။ မင္းလို အတၱႀကီးၿပီး ပုံမွန္မဟုတ္ေတာ့တဲ့ လူတစ္ေယာက္အနားမွာ ငါကဘာလို႔ေနရမွာလဲ '
ခက္စကားေၾကာင့္ စစ္ ခက္ကို ဒူးေထာက္လိုက္ၿပီး
'ခက္...ေမာင္...ေမာင္ အခုလိုေတာင္းပန္ပါတယ္ခက္ရယ္။ ေမာင့္ကို..ေမာင့္ကို ထားမသြားပါနဲ႔။ တကယ္လို႔...တကယ္လို႔...ခက္သာေမာင့္ကိုထားသြားမယ္ဆိုရင္...ေမာင္...ေမာင္ေသမွာခက္ရဲ႕'
'ဒါဆိုရင္လည္း ေသလိုက္ေတာ့ မင္းစစ္ေမာင္။ ငါက အခြင့္အေရးရတဲ့တစ္ေန႔ မင္းကို ထားသြားမွာမလို႔ပဲ'
'ခက္...ခက္..အရင္လိုမဟုတ္ေတာ့ဘူး '
'အဟက္! ငါ့ေနရာမွာ မင္းဆိုရင္ေရာ ကိုယ့္အေပၚရက္စက္ခဲ့တဲ့ေယာက်ာ္းတစ္ေယာက္ကို အရင္ကလို ျပန္ၿပီးဆက္ဆံႏိုင္ပါ့မလား။ တကယ္ဆိုရင္ မင္းက ဂုဏ္ေတာင္ယူသင့္ေသးတာ။ မင္းကိုခ်စ္ခဲ့တာကလြဲၿပီး က်န္တာမသိခဲ့တဲ့ငါ့ကို၊ မင္းသာရွိေနရင္ရၿပီဆိုတဲ့ အေတြးနဲ႔ မင္းရက္စက္ခဲ့သမွ် ႀကိတ္မွိတ္ၿပီး ခံစားခဲ့ရတဲ့ငါ့ကို အခုလို ေသြးေအးၿပီး ရက္စက္တတ္တဲ့ လူတစ္ေယာက္အေနနဲ႔ေျပာင္းလဲသြားေအာင္ သင္ေပးခဲ့တဲ့ လက္ဦးဆရာဟာ ငါပါလားဆိုတဲ့ အသိနဲ႔ မင္းဂုဏ္ယူသင့္တာ'
ခက္ရဲ႕စကားလုံးတစ္လုံးခ်င္းစီတိုင္းဟာ သူ႔ရင္ကိုေတာ့ ျမႇားေပါင္းတစ္ေထာင္လို လာစိုက္သည္။
(တကယ္ပဲ...တကယ္ပဲ..ေမာင့္ရဲ႕ ခက္က ေျပာင္းလဲခဲ့တာပဲ။ ခက္ေျပာသလို ေမာင္ဂုဏ္ယူေနသင့္သလား။*)
'ေတာင္းပန္ပါတယ္...ေမာင္...ေမာင္...တကယ္ကိုပဲ...တကယ္ကိုပဲ..ေတာင္းပန္ပါတယ္။ ခက္ရဲ႕စိတ္တိုင္းက် ေမာင့္ကို ျပန္ၿပီးႏွိပ္စက္ခ်င္လည္း ရတာမလို႔ ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳၿပီး..ေမာင့္ကို လ်စ္လ်ဴရႈမထားပါနဲ႔ေတာ့။ အရင္ေန႔ေတြကလို ခက္ ေမာင့္ကို ၾကည့္တဲ့ သူစိမ္းဆန္ဆန္အၾကည့္ေတြထပ္စာရင္ ခက္အခုလို ေမာင့္ကို မုန္းတီးေနတဲ့အၾကည့္တဲ့ၾကည့္ေနတာကမွ ပိုၿပီးခံသာပါေသးတယ္ခက္ရယ္။ ခက္ ေမာင့္ကို မုန္းလို႔ရတယ္၊ နာၾကည္းလို႔ရတယ္၊ ဒါေပမယ့္...ဒါေပမယ့္...သူစိမ္းဆန္ဆန္အၾကည့္ေတြနဲ႔ မၾကည့္ပါနဲ႔ခက္ရယ္..ေမာင္ေတာင္းပန္ပါတယ္။ အဲ့ဒီအစား ခက္ေမာင့္ကို မုန္းေနတာကမွ ေမာင့္အေပၚခံစားခ်က္ေလးရွိေသးတယ္ဆိုတဲ့
အေတြးေလးနဲ႔ ေျဖသိမ့္လို႔ရပါေသးတယ္'
'ငါ့ကို ျပန္ပို႔ေပး မင္းစစ္ေမာင္။ မင္းလိုအ႐ူးတစ္ေယာက္နဲ႔ တူတူမေနႏိုင္ဘူး'
'ဟင့္အင္း..ျပန္မပို႔ေပးႏိုင္ဘူး။ ဒါလည္း ခက္ရဲ႕အိမ္ပဲေလ။ ဘာလို႔...ဘာလို႔ေမာင္က ျပန္ပို႔ေပးရမွာလဲ။ ေမာင္ေသသြားမွပဲရမယ္'
ခက္စကားဆက္မေျပာခ်င္ေတာ့သျဖင့္ အခန္းထဲကိုပဲ ျပန္၀င္လာခဲ့လိုက္သည္။ သူ႔ဆႏၵကိုပဲ ေရွ႕တန္းတင္တတ္တဲ့ စစ္ကို ခက္တကယ္ကို ေၾကာက္မိပါသည္။ အခုခ်ိန္မွာ စစ္ဟာ အ႐ူးတစ္ေယာက္လိုပဲ။
တစ္ေနကုန္ ခက္ေရွ႕ကို ေပၚမလာခဲ့တဲ့စစ္ဟာ ခက္အိပ္ေပ်ာ္သြားတဲ့ အခ်ိန္မွာေတာ့ ခက္ရွိရာကို ေရာက္လာခဲ့သည္။ အျပစ္ကင္းစြာ အိပ္ေပ်ာ္ေနတဲ့ ခက္ကိုေတြ႕ေတာ့ ခပ္ယဲ့ယဲ့ေလး တစ္ခ်က္ၿပဳံးလိုက္ၿပီး ခက္ရဲ႕ နဖူးေလးကို ျမတ္ႏိုးစြာနမ္းမိသည္။
ႏိုးေနရင္ အနားအကပ္မခံတတ္တဲ့ ခက္ေၾကာင့္ ခက္အိပ္ေပ်ာ္သြားတဲ့အခ်ိန္မွသာ သူ၀င္လာၿပီး အခုလိုပဲ ခက္ရဲ႕နဖူးေလးကိုနမ္းၿပီး ခက္ကိုယ္လုံးေလးကို ေထြးေပြ႕ကာ အိပ္တတ္သည္။ မနက္ကိုေတာ့ ခက္မႏိုးခင္ သူကအရင္ထတတ္တာမလို႔ သူအခုလိုလုပ္တာေတြကို ခက္မသိ။
တကယ္ေတာ့ ဒီကိုယ္လုံးေသးေသးေလးကို သူတစ္ခ်ိန္လုံးေထြးေပြ႕ထားခ်င္ပါသည္။ မတတ္သာလို႔ ခပ္ခြာခြာေနရေပမယ့္၊ ခက္ရဲ႕စိတ္တိုင္းက် အေဝးမွာပဲ ေနေပးရေပမယ့္ ခက္ကိုေတာ့ တစ္ခ်ိန္လုံးလိုက္ၾကည့္ေနမိသည္။ ဒါဟာ ခက္ေျပာသလို အက်ယ္ခ်ဳပ္ခ်ထားၿပီး မ်က္စိေဒါက္ေထာက္ၾကည့္ေနခဲ့ျခင္းမဟုတ္ပါ။ တစ္ခ်ိန္လုံး ခက္ကိုၾကည့္ေနခဲ့တဲ့ မ်က္၀န္းညိဳေတြထဲမွာ ေတာင္းပန္တိုးလွ်ိဳးျခင္းေတြပါေနတာကို ခက္ကသာ လြဲမွားစြာအဓိပၸါယ္ေကာက္ခဲ့ျခင္းပါေလ။
ဒီေန႔ညလည္း အခုလိုပဲ ခက္မသိေအာင္ ခက္ကိုရင္ခြင္ထဲထည့္ၿပီးအိပ္၊ မနက္မိုးလင္းရင္ ခက္မႏိုးခင္ အရင္ထသြား၊ ဒီလိုပဲ ျဖတ္သန္းရေပအုံးမည္။ ခက္ရဲ႕မ်က္ႏွာေလးကိုၾကည့္ေနရင္းနဲ႔ပဲ လြမ္းလာျပန္တာမို႔ ခက္ကိုသူ ခပ္တင္းတင္းဖက္ထားမိသည္။ မ်က္စိေရွ႕မွာျမင္ေနရဲ႕သားနဲ႔ လြမ္းတယ္ဆိုတာကို ပိုတယ္ထင္လည္း ထင္ၾကပါေစေတာ့။ သူကေတာ့ တကယ္ကိုပဲ ခက္ကိုၾကည့္ေနရင္းနဲ႔ လြမ္းမိပါသည္။ ခက္သူ႔ကို ထပ္ၿပီးထားသြားမွာ သူေသမတတ္ေၾကာက္ပါသည္။ ခဲမွန္ဖူးေသာ စာသူငယ္လို တစ္ခါအထားခံရဖူး၍ ဘယ္ေလာက္ေတာင္ ခံစားရခက္တဲ့ေဝဒနာလည္းဆိုတာ သူေကာင္းေကာင္းနားလည္သည္။ ထပ္ၿပီး....ထပ္ၿပီးေတာ့...ထားသြားခံရမယ္ဆိုရင္..သူတကယ္ပဲအသက္ရွင္ႏိုင္ေတာ့မွာမဟုတ္။
'ေမာင္ေတာင္းပန္ပါတယ္ခက္ရယ္။ ခက္ေမာင့္ကို ထားသြားမွာ ေမာင္...ေမာင္အရမ္းေၾကာက္တယ္ ခက္ရဲ႕။ ေမာင္...ေမာင္အရမ္းေၾကာက္လို႔ ခက္ကို အက်ယ္ခ်ဳပ္သေဘာမ်ိဳးနဲ႔ထားခဲ့မိတာပါ။ ေမာင္...ေမာင္ေတာင္းပန္ပါတယ္။'
က်ဆင္းလာေသာ ပုလဲလုံးသဖြယ္မ်က္ရည္တို႔သည္
အျပစ္ကင္းစြာ အိပ္စက္ေနေသာ ခ်စ္ရသူ၏ ပါးျပင္ႏုႏုေလးထက္သို႔.....
ခက္ႏိုးလာေတာ့ စစ္ကရွိမေနေတာ့ေပ။ ဒီေန႔လည္း အရင္ေန႔ေတြလိုပဲ ေျခာက္ကပ္စြာ ႏိုးထရအုံးမည္။ ၿပီးရင္ စစ္ျပင္ေပးတဲ့ မနက္စား၊ အခန္းထဲမွာပဲ တေနကုန္ေန၊ ဒီလိုနဲ႔ ေနာက္တစ္ရက္...ေနာက္တစ္ရက္....ဒီလိုမ်ိဳး အက်ယ္ခ်ဳပ္က်ရတဲ့ရက္ေတြ ဘယ္ေတာ့မ်ားမွ ကုန္ဆုံးႏိုင္မွာလဲ။ သူတကယ္ကို အသက္မရွင္ခ်င္ေတာ့။ အခုလို ရွင္လ်က္နဲ႔ေသေနရတဲ့ ဘ၀မ်ိဳးထက္စာရင္ လုံးလုံးေသသြားတာကမွ ေကာင္းအုံးမယ္မဟုတ္ပါလား။ မင္းစစ္ေမာင္ကို သူတကယ္ကို ေၾကာက္မိပါသည္။ တစ္ေန႔ထက္တစ္ေန႔ စစ္ဟာ စိတၱဇတစ္ေယာက္နဲ႔ ပိုတူလာသည္။ ဘာကိုခ်စ္တာလဲ။ စစ္သာသူ႔ကို တကယ္ခ်စ္တယ္ဆိုရင္ အခုလိုမ်ိဳး ခ်ဳပ္ေႏွာင္ထားပါ့မလား။ သူခြင့္လႊတ္မယ့္အခ်ိန္ထိ စိတ္ရွည္ရွည္နဲ႔ေစာင့္ေနရမွာမဟုတ္ဘူးလား။ အခုေတာ့ သူျဖစ္ခ်င္တာကို ဇြတ္လုပ္တတ္ေသာစစ္ေၾကာင့္ ခက္ဟာ အခုခ်ိန္မွာ အက်ဥ္းသားတစ္ေယာက္လို။ ဒီဝဋ္ေႂကြးေတြ ဘယ္ေတာ့မွေက်မွာလဲ။ အရင္ကေတာ့ မခ်စ္ဘူးဆိုၿပီးႏွိပ္စက္သည္။ အခုက် ခ်စ္တယ္ေျပာၿပီး အက်ဥ္းခ်ထားသည္။ စစ္ ဘယ္ေတာ့မ်ားမွ သူ႔ခံစားခ်က္ေတြကို ထည့္ေတြးေပးမွာလည္း။
ခက္တစ္ေယာက္ စိတ္ေတြမြန္းၾကပ္လာတာေၾကာင့္ အခန္းအျပင္ကိုထြက္လာခဲ့မိသည္။ ဒီကိုေရာက္ကတည္းက အခန္းထဲမွာပဲ အေနမ်ားသျဖင့္ ဘယ္ေနရာမွာ ဘာေတြထားလဲဆိုတာေတာင္ သူမသိေပ။
အခန္းအျပင္ကိုေရာက္လာေတာ့ စစ္ကရွိမေန။ အျပင္သြားတာေနမွာ။
(စစ္က အခုအျပင္သြားတာဆိုေတာ့ ငါထြက္ေျပးရင္ ရေလာက္တယ္*)
ကံတရားက သူ႔ဘက္မွာပါေနလို႔ပဲလား ခါတိုင္းဆို အျပင္သြားရင္တံခါးမႀကီးကို အျပင္ကေန ေသာ့ခတ္သြားတတ္တဲ့စစ္ဟာ ဒီေန႔ေတာ့ ေသာ့ခတ္သြားဖို႔ ေမ့ေနေလသည္။ တံခါးမႀကီးက ေသာ့ခတ္မထားတာေၾကာင့္ခက္လည္း ၿခံထဲကို ေျပးထြက္လာခဲ့သည္။ ၿခံတံခါးကိုသာ ေက်ာ္ႏိုင္ရင္ သူလြတ္ၿပီ။ သို႔ေသာ္ ၿခံတံခါးအေပၚမွာေရာ အုတ္တံတိုင္းေတြေပၚမွာပါ ဆူးေတြထပ္ထားတာေၾကာင့္ သူအခက္ေတြ႕ေနသည္။
'အခြင့္အေရးက ၂ခါမလာဘူး ခက္ထန္။ ဒီေန႔မွထြက္မေျပးရင္ ေနာင္ဘယ္ေတာ့မွ အခြင့္အေရးရွိလာမွာမဟုတ္ေတာ့ဘူး။'
ခက္ သူ႔ကိုယ္သူ အားေပးလိုက္ၿပီး ၿခံတံခါးေပၚကို တက္ေလသည္။ ေတာ္ေသးသည္က သံပန္းတံခါးျဖစ္တာေၾကာင့္ေရာ၊ တံခါးက အရမ္းႀကီးျမင့္မေနတာေၾကာင့္ေရာ သူတက္ရတာအဆင္ေျပသည္ေလ။ တံခါးေပၚမွာ တပ္ထားတဲ့ သံဆူးေတြကိုသာ ေက်ာ္ႏိုင္ရင္ သူလည္းလြတ္ၿပီ။ ထို႔ေနာက္ လက္ေတြေရာ ေျခေထာက္ေတြေရာ သံဆူးေတြနဲ႔ ျခစ္မိၿပီး ဒဏ္ရာရၿပီးတဲ့ေနာက္မွာေတာ့ သူ အျပင္ကို ေရာက္လာခဲ့ၿပီ။ အိမ္ေလးကို တစ္ခ်က္ျပန္လွည့္ၾကည့္လိုက္ၿပီး
'ငါ့ရဲ႕ ခံစားခ်က္ေတြကိုပါ ထည့္ၿပီးေတြးေပးလာမယ့္တစ္ေန႔က်ရင္ ငါျပန္လာခဲ့ပါ့မယ္ စစ္။ အခုေတာ့အတၱႀကီးတဲ့ မင္းကိုငါ ႏႈတ္ဆက္ခဲ့ပါရေစ။'
Advertisement
- In Serial2276 Chapters
Versatile Mage
He woke up in a familiar world that had vastly changed.His familiar school had become a mystical school that teaches magic, encouraging everyone to become a mighty magician.Outside the city...
8 201 - In Serial27 Chapters
Summoning went wrong (draft)
Who doesn’t like fantasy? Worlds full of interesting and new things that baffle the mind of anyone. Races like elves, dwarfs, and beast peoples, roaming the land, in search of different things that might be banal from them but incredible for others. And if you are someone who comes from an otherworld you will certainly receive a great power, rare equipment, trustworthy companions or even a harem, while you are tasked to fight the Demon Lord and his army made of monsters, for peace and glory. But have you ever asked this question: What is like to be on the other side? Follow the story of Steven Torres, who was abducted from his world with his classmates only to be thrown away into a chaotic world as the most hated race. While the hero’s job is to fight for justice, his at least a lot simpler. To survive, another day. ( I moved here: https://www.royalroad.com/fiction/39906/summoning-went-wrong)
8 85 - In Serial17 Chapters
Rosa Perri Gilbert
Think there were only two Gilbert siblings? Think again, this is the story of Rosa Perri Gilbert, she is the younger twin sister of Jeremy Gilbert. Before her parents died, Rosa was accepted to The National Academy of Dance, she still went knowing her parents would want her to follow her dreams. But when Rosa comes home for school holiday she is thrown into the world of the supernatural, and a certain Original family takes an interest in her.
8 209 - In Serial17 Chapters
Resurrection! (Cheater RWBY X male reader)
"I Awaken". A story that gave me the notoriety I have today. But things are changing. Darkness is consuming Remnant. Oh yes, we're replaying "I Awaken", but things won't be so happy or bright this time... (Disclaimer, I don't own RWBY or any art/songs used in this story)
8 60 - In Serial43 Chapters
Notes From a Broken Heart
I've never been a person who would just tell you what I'm dealing with, so writing and music helps me.This is how I express myself, it's chaotic and far from perfect.
8 315 - In Serial4 Chapters
crybaby || myungjin oneshots
myungjin oneshots based off of melanie martinez songs
8 88

