《Let Me Start Again [Completed]》LMSA 44
Advertisement
စစ်တစ်ယောက် စိတ်တွေယောက်ယက်ခပ်နေသည်။ သူ့ရဲ့ခက်ကြောင့်လေ။ ခက်အလုပ်လုပ်နေတဲ့ storeဆိုင်က ပိုင်ရှင်နဲ့တွေ့ ပြီး storeဆိုင်ကို ပြန်ဖွင့်ခိုင်းခဲ့တာ။ ပိုင်ရှင်က အဲ့ဒီဆိုင်ကနေ အမြတ်က ထင်သလောက်မရဘူးဆိုလို့ သူကပဲ ၀န်ထမ်းတွေကို သူလစာပေးပါ့မယ်။ ဆိုင်မှာလည်း share၀င်ပါ့မယ်လို့ ပြောထားရတာ။ ပြီးတော့ အရင်က အဲ့ဒီဆိုင်မှာ ခက်အပါအ၀င်မှ ၀န်ထမ်း ၂ယောက်ထဲရှိတာမလို့ ခက်မပင်ပမ်းရအောင် နောက်ထပ် ၀န်ထမ်းတွေထပ်ခန့်ခိုင်းတဲ့အပြင် ခက် နေရတာ အဆင်ပြေအောင် airconပါ တပ်ပေးထားတာ။ အခုတော့ အသစ်ခန့်ထားတဲ့ ၂ယောက်ထဲက ၁ယောက်က သူ့ရဲ့ခက်ကို စိတ်၀င်စားနေတဲ့ပုံ ပြနေသည်။ သူ ခက်တို့လမ်းထိပ်ကစောင့်နေတိုင်း ခက်ကို အဲ့ဒီတစ်ယောက်က အိမ်ပြန်လိုက်ပို့ပေးတာ မြင်နေရသည်။ ထမင်းစားချိန်ဆိုရင်လည်း ခက်ကိုပဲ ဦးဦးဖျားဖျား ဟင်းတွေထည့်ပေးတတ်တာ။ ခက်ကိုကြည့်နေတဲ့ အကြည့်တွေကအစ မရိုးသားတာ။ မြွေမြွေချင်း ခြေမြင်တယ်ပဲပြောရမလား။ အဲ့ဒီတစ်ယောက်ရဲ့ ခက်အပေါ်ဆက်ဆံပုံတွေက ပုံမှန်ထက်ကို ပိုနေသည်။
ကြာရင်...ကြာရင်....
သူခက်ကိုတော့ အဆုံးရှုံးမခံနိုင်။ ခက်ကို သူ့ဆီပြန်လာအောင် လုပ်ရမယ့် နည်းလမ်း တစ်ခုသာရှိတော့သည်။ ခက်သူ့ကို ခွင့်မလွှတ်နိုင်လည်း ရှိပါစေတော့။ ခက်ကို သူ့အနားမှာပဲထားပြီး တစ်သက်လုံးတောင်းပန်တော့မယ်။ အတွေးနဲ့အတူ ခက်နဲ့ ပြန်တွေ့ခဲ့တဲ့ ဆေးရုံက ဆေးရုံအုပ်ဆီကို ဖုန်းဆက်လိုက်သည်။
'Hello အန်ကယ်..ကျနော် မင်းစစ်မောင်ပါခမျ။ အန်ကယ့်ကို ကျနော်အကူအညီတောင်းထားတဲ့ ကိစ္စလေး....××××××'
ဆေးရုံအုပ်က ဖုန်းချသွားတာနဲ့ စစ်လည်း ဆေးရုံကိုထွက်လာခဲ့လိုက်သည်။
ခက်တစ်ယောက် အခုတလော အထူးအဆန်းတွေပဲ ကြုံနေရသည်။ ပထမဆုံးကတော့ စစ်က သူ့ကို ဒူးထောက်တောင်းပန်တာပေါ့လေ။ နောက်ဟာတွေကတော့ သူအလုပ်လုပ်တဲ့ storeဆိုင်က သူတို့ကို ပြန်ခေါ်တယ်လေ။ ပိတ်ထားတာ ၁လလောက်ရှိပြီကို။
ပြီးတော့ နောက်ထပ် ၄လလောက်နေမှ ပြန်ဖွင့်ဖြစ်မယ်လို့လည်းပြောထားပြီးတော့ ၁လလေးနဲ့ ပြန်ခေါ်တယ်တဲ့။ ပြီးတော့လည်း အရင်ကနဲ့မတူစွာပဲ သူ့ကိုမြင်ရင် အမြဲတမ်းပြုံးပြနေပြီး စကားတွေကအစ ချိုသာနေသည်။ မသိရင် ခက်က သူဌေးအတိုင်းပဲ။
သူ့ကို လစာလည်း တိုးပေးသည်။ ဘာမှလဲမခိုင်းတော့။ casherပဲလုပ်တော့ဆိုပြီး တကယ်တမ်းကျတော့ သူက ဒီအတိုင်းထိုင်နေရတာကများသည်။ ဆိုင်ရှင်အန်တီက သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေပြီး casherလေးတောင်မလုပ်ခိုင်းပေ။ ကြာလာတော့ သူလည်း လစာယူရတာ ရှက်တောင်ရှက်လာသည်။ ကျန်တဲ့ ၃ယောက်ကပဲ အလုပ်လုပ်နေပြီး သူကတော့ ထိုင်နေရုံနဲ့ လစာရနေတာ အားနာစရာကြီးမဟုတ်လား။
နောက်ဆုံးတစ်ခုကတော့ သူငှားနေတဲ့ အိမ်ရဲ့ အိမ်ရှင်ပဲဖြစ်သည်။ အလုပ်က လစာတ၀က်ပေးလိုက်တာမလို့ အိမ်ငှားခ ပေးမည်လုပ်သော်လည်း အိမ်ရှင်က ထူးဆန်းစွာပဲ အိမ်ငှားခကို မယူပေ။
'ရောဂါတွေကြောင့် အလုပ်တွေနားနေရတာဆိုတော့ သားလည်း အသုံးပြတ်နေမှာပေါ့။ ဒီလအတွက် ပေးစရာမလိုဘူး ' တဲ့လေ။ အရင်က လမကုန်ခင် တစ်ပတ်လောက်အလိုကတည်းက လာလာပြီး လကုန်တော့မယ့်အကြောင်း သတိပေးတတ်တဲ့ အိမ်ရှင်မှ ဟုတ်ပါလေစ။ တကယ်ကိုပဲ covidကြောင့် လူတွေပြောင်းလဲကုန်တာပဲ။
တကယ်တော့ အိမ်ပိုင်ရှင်ကို စစ်က ဒီလအတွက် အိမ်ငှားခကို ခက်ကိုယ်စားပေးခဲ့တယ်ဆိုတာ ခက်သိမယ်ဆိုရင်ဖြင့်.....
ဒီနေ့က သူ့ရဲ့နားရက်မလို့ တနေ့လုံးအိပ်နေပြီး ညနေရောက်မှ အိမ်သန့်ရှင်းရေးလုပ်နေရသည်။ သြော် မနက်ဖြန်ဆိုရင် နှစ်ဆန်းတစ်ရက်နေ့တောင်ရောက်ပြီ။ ရောဂါတွေကြောင့် သင်္ကြန်မလုပ်ဖြစ်တော့ သူလည်း ဒီနေ့က အတက်နေ့ဆိုတာ မေ့နေလေသည်။
ပြက္ခဒိန်ကြည့်မိမှ သတိရခြင်း။
ခက် သန့်ရှင်းရေးလုပ်ပြီးတော့ ညရောက်နေပြီ။
ခက်တစ်ယောက် သူ့စားပွဲပေါ်မှာ ရှိနေသေးတဲ့ ပိုက်ဆံအိတ်လေးကို ကြည့်မိပြန်သည်။
(အခုထိ လာမယူသေးပါလား။ *)
တွေးနေတုန်းမှာပဲ
'ခက်...'
( ဟော...အသက်တော့ ရှည်အုံးမယ်။*)
'ပိုက်ဆံအိတ်ပြန်လာယူတာလား'
'အာ...မောင့်ပိုက်ဆံအိတ်က ဒီမှာကျန်နေခဲ့တာလား'
'ပိုက်ဆံအိတ်လာယူတာမဟုတ်ဘူးလား'
'ဟုတ်..ဟုတ်တယ်ဟုတ်တယ်။ ပိုက်ဆံအိတ်လာယူတာ။ ဒါနဲ့ ခက်..မောင်...မောင်ခက်ကို ပြောစရာရှိတယ်'
'ငါနားမထောင်ချင်ဘူး'
'ခဏလေး...ခဏလေးပါပဲ။ နောက်ဆိုရင်...နောက်ဆိုရင် မောင် ဒီကို မလာတော့ပါဘူးလို့ ကတိပေးပါတယ်ခက်ရယ်'
ခက်သက်ပြင်းချလိုက်ပြီး
'ဘာပြောမှာလဲ'
'မောင်နဲ့ တစ်နေရာလိုက်ခဲ့ပေးလို့ရမလား '
'ကောင်းပြီလေ။ မင်းရဲ့ကတိသာတည်ပါစေ။ နောက်တစ်ခါ ဒီကိုဘယ်တော့မှမလာခဲ့နဲ့ '
'အင်းပါ မောင်ကတိပေးပါတယ်'
စစ်က ကတိပေးတာကြောင့် ခက်လည်း စစ်ရဲ့နောက်ကို လိုက်လာခဲ့သည်။ ကားပေါ်ရောက်တော့ စစ်က သူ့ကို ခါးပတ်ပတ်ပေးမည် ပြုတာကြောင့်
'ငါ့ဘာသာငါ လုပ်မယ်။ မင်းလုပ်ပေးစရာမလိုဘူး'
'မောင်လုပ်ပေးချင်လို့ပါခက်ရယ်။ နောက်နေ့ဆိုရင် မောင် ဒီကိုမလာတော့ဘူးလေ။ အဲ့ဒါကြောင့် နောက်ဆုံးတစ်ကြိမ်အနေနဲ့ ခက်ကို ခါးပတ်ပတ်ပေးချင်လို့ပါ'
စစ်ရဲ့စကားကြောင့် ခက်လည်း ဘာမှမပြောတော့ပဲ နှုတ်ဆိတ်နေလိုက်တော့သည်။ ထို့နောက်မှာတော့ စစ်က သူ့ကို ခါးပတ်ပတ်ပေးဖို့ အနားကို ကပ်လာရင်း လက်ကိုင်ပုဝါနဲ့ သူ့နှာခေါင်းကို အုပ်လိုက်လေသည်။ စစ်ရဲ့ မျက်နှာကို ဝါးတားတားသာမြင်လိုက်ရပြီး ခက်တစ်ယောက် အမှောင်ကျသွားလေတော့သည်။
'တောင်းပန်ပါတယ်....တောင်းပန်ပါတယ်ခက်ရယ်...မောင်...မောင်...ခက်ကို အဆုံးရှုံးမခံနိုင်တော့လို့ပါ
ခက်မောင့်ကို မုန်းနေမယ်ဆိုရင်လည်း ခက်ရဲ့အနားမှာပဲနေပြီး ခက်အမုန်းတွေကို ခံယူပါ့မယ်။ ခက် ခွင့်မလွှတ်နိုင်ဘူးဆိုလည်း မောင့်ရဲ့ဘေးနားမှာပဲ ထားပြီး ခက်ကို တစ်သက်လုံးတောင်းပန်နေပါ့မယ်'
Advertisement
သူခက်ရဲ့ မျက်နှာလေးကိုကြည့်ရင်း ပြောနေမိသည်။
ထို့နောက် ခက်ရဲ့ နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး သူနဲ့ခက် နေဖို့အတွက်ဆောက်ထားတဲ့ အိမ်အသစ်လေးဆီ ထွက်လာခဲ့လိုက်သည်။ ခက်ကို ပြန်ခေါ်လာပြီဆိုတော့ နာကျင်စရာကောင်းတဲ့ အမှတ်တရတွေနဲ့ပဲ ပြည့်နေတဲ့ တိုက်ခန်းကို ပြန်စရာမလိုတော့ဘူးမဟုတ်ပါလား။
အိမ်ကိုရောက်တဲ့အထိ ခက်က သတိမရသေးတာကြောင့် သူခက်ကိုပွေ့ချီပြီး အခန်းထဲကိုခေါ်လာခဲ့လိုက်သည်။ ခက်ကို ကုတင်ပေါ် အသာအယာချလိုက်ပြီး သူကတော့ ကုတင်အောက်ကနေဒူးထောက်ကာ ခက်ရဲ့လက်ကလေးကို သူ့ပါးနဲ့အပ်ထားပြီး
'မောင်တောင်းပန်ပါတယ်ခက်ရယ်...မောင်လေ...မောင်...ခက်ကိုအဆုံးရှုံးမခံနိုင်တော့လို့ အခုလိုလုပ်ခဲ့တာပါ။ မောင်...မောင်ခက်ကိုအရမ်းချစ်တယ် ခက်ရဲ့။ '
ခက်ရဲ့ မျက်ခွံလေးတွေကိုနမ်းလိုက်သည်။ ထို့နောက်
ခပ်သွယ်သွယ်လေးဖြစ်သွားတဲ့ ပါးလေး။ နောက်ဆုံးမှာတော့ ခက်ရဲ့နှုတ်ခမ်းပါးလေးကို ထိတယ်ဆိုရုံလေး နမ်းလိုက်ပြီး သူလည်းကုတင်ပေါ်ကို တက်လာကာ ခက်ရဲ့ခေါင်းကို သူ့လက်မောင်းပေါ် အုံးစေပြီး သူကိုယ်တိုင်လည်း အိပ်စက်ခြင်းဆီသို့.....
ခက်တစ်ယောက် နိုးလာတော့ ခေါင်းက တစစ်စစ်နဲ့ ကိုက်နေသည်။ ထမည်ပြုသော်လည်း သူ့ကို ခပ်တင်းတင်းပွေ့ဖက်ထားတဲ့ လက်တစ်စုံကြောင့် ရုန်းထွက်လို့တောင် မရပေ။ ခက် သေချာပြန်ကြည့်မိတော့ သူက ရင်ခွင်ကျယ်ကြီးတစ်ခုထဲကိုရောက်နေသည်။ ခက်လည်း သူ့ခါးပေါ်က လက်တစ်စုံကို ဇွတ်အတင်းတွန်းဖယ်လေသည်။ ခက်ရဲ့ လှုပ်ရှားမှုကြောင့် စစ် နိုးလာပြီး
'ခက်...နိုးလာပြီလား။ ပြန်အိပ်ရင်အိပ်အုံးလေ။ အခုမှ မနက် ၆နာရီပဲရှိသေးတာ '
'ငါ့ကို ဘယ်ကိုခေါ်လာတာလဲ။ မင်းပြောတော့ ပြောစရာရှိလို့ပါဆို'
'မောင်...တောင်းပန်ပါတယ်ခက်ရယ်။ မောင်...မောင် ခက်ကို အဆုံးရှုံးမခံနိုင်တော့လို့ပါ'
'ဟက်!! ...အဆုံးရှုံးမခံနိုင်တော့လို့ ဟုတ်လား။ ဒါဆို အရင်တုန်းက ငါမင်းကို တွယ်ကပ်နေတုန်းက ဘာလို့ တွန်းထုတ်ခဲ့လဲ။ အခုမှ...အခုမှလာပြီး အဆုံးရှုံးမခံတော့လို့ပါတဲ့လား။ အရမ်းရယ်စရာကောင်းမနေဘူးလား မင်းစစ်မောင်'
'ခက်...ခက်..မောင့်ကို အရမ်းမုန်းနေမယ်ဆိုတာမောင်သိပါတယ်။ ခက်ကျေနပ်တဲ့အထိ မောင်တောင်းပန်ပါ့မယ်။ အဲ့ဒါက တစ်သက်လုံးဆိုလည်း...မောင်တောင်းပန်နေပါ့မယ်။ ဒါပေမယ့် ခက်ကိုတော့ မောင့်အနားမှာပဲ ထားမှဖြစ်မှာ။ မောင့်ရဲ့ ခက်ကို တခြားသူတွေလက်ထဲမထည့်ပေးလိုက်နိုင်ဘူး '
'မင်းဘာတွေပြောနေတာလဲ။ ဘာကိုတခြားသူလက်ထဲမထည့်ပေးနိုင်တာလဲ '
'အဲ့ဒါတွေက...ခက်မသိတာပဲကောင်းပါတယ်။ အခုကစပြီး မောင်တို့ ၂ယောက် ဒီအိမ်လေးမှာပဲ နေသွားကြမယ်နော်။ တိုက်ခန်းကို မပြန်တော့ဘူး။ မောင်တို့ အရင်ကလိုပဲ ပြန်နေကြမယ်နော်။ '
'အရင်ကလို? အရင်ကလိုဆိုတော့ မင်းက အရင်ကလိုမျိုး ငါ့ကိုနှိပ်စက်မယ် ငါက အရင်ကလိုမျိုး မင်းနှိပ်စက်သမျှ ခံရမယ်ပေါ့။ မင်းဖောက်ပြန်သမျှ ထိုင်ကြည့်နေရပြီး မင်းနဲ့မင်းရဲ့ မယားငယ်နဲ့ အခန်းထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေသမျှကို ငါက အပြင်ကနေ ကင်းစောင့်ပေးရအုံးမယ်ပေါ့ အဟက်!! '
'မဟုတ်...မဟုတ်ပါဘူးခက်ရယ်။ မောင်ပြောတာ...မောင်ပြောတာ အဲ့ဒီသဘောမျိုးမဟုတ်ရပါဘူး။ ခက်...ခက်..မောင့်ကို အထင်လွဲနေတာပါ။ မောင်ပြောတာက...မောင်ပြောတာက...အရင်ကလို..မောင့်ကို ချစ်တဲ့ ခက်ကို ပြန်လိုချင်တဲ့သဘောပါ။ ခက်ပြောသလို...ခက်ပြောသလိုမျိုး မောင်က ခက်ကို ထပ်ပြီးနှိပ်စက်မယ့်သဘောမျိုးမဟုတ်ရပါဘူး'
သူ ပြာပြာသလဲရှင်းပြမိသည်။ ခက်ရဲ့ အမုန်းထုထည်ပိုပြီး ကြီးမားလာမှာကို သူအရမ်းကြောက်ပါသည်။ သူ့ရှင်းပြချက်ကို ကြားတော့ ခက်ရဲ့ မျက်နှာလေးများ ပြောင်းလဲမှုရှိမလားလို့ ခက်ရဲ့မျက်၀န်းတွေထဲမှာ ရှာဖွေမိသော်လည်း....
သူစိမ်းဆန်ဆန်မျက်၀န်းတစ်စုံကိုသာ တွေ့ရလေသည်။
(တကယ်ပဲ..တကယ်ပဲ.. မောင့်ကို သူစိမ်းတစ်ယောက်လို သဘောထားလိုက်ပြီလားခက်ရယ်။ မောင်နဲ့ပတ်သက်တဲ့ ခံစားချက်နည်းနည်းလေးတောင် မရှိတော့ဘူးလား*)
'ခက်.. မောင်...မောင်တောင်းပန်ပါတယ်ခက်ရယ်'
'မင်းက အရင်အတိုင်းပဲ မင်းစစ်မောင်။ အရင်ကလိုပဲ ငါ့ရဲ့ခံစားချက်ကို ဂရုမစိုက်ဘူး။ မင်းစိတ်တိုင်းကျပဲ လုပ်ခဲ့တာ'
'ခက်...'
'ထွက်သွား။ ငါမင်းမျက်နှာကို မမြင်ချင်သေးဘူး'
'အင်း..အင်းပါ...ခက် မောင့်ကို မမြင်ချင်ရင် မောင်အပြင်မှာနေပေးပါ့မယ်။ ခက်အတွက် မောင် သွားတိုက်ဆေး၊ သွားတိုက်တံတွေအကုန် ပြင်ပေးထားမယ်နော် '
စစ်ထွက်သွားတော့ ခက်တစ်ယောက်ထဲ ကုတင်ပေါ်မှာ ကျန်နေခဲ့သည်။
(မင်းကို ငါဘယ်လိုနားလည်ရမလဲ စစ်။ မင်းပဲ ငါ့ကို ခွင့်လွှတ်ပေးဖို့လာလာပြီးတောင်းပန်တယ်။ အခု မင်းပဲ ငါခွင့်မလွှတ်နိုင်စရာတွေ ထပ်လုပ်တယ်။ မင်းဘယ်တော့မှ ငါ့ခံစားချက်ကို ကြည့်ပေးမှာလဲ။ ကိုယ့်အတွက်ကိုပဲကြည့်တတ်တဲ့ မင်းကို ငါအရမ်းကြောက်တယ်။ မင်းက အရမ်း အတ္တကြီးတယ် မင်းစစ်မောင်*)
To be continued.....
[A/N.....မကြာခင်....ဒီ ficလေးကနေ နှုတ်ဆက်ရတော့မယ် ဘေးဘေတို့ ]
စစ္တစ္ေယာက္ စိတ္ေတြေယာက္ယက္ခပ္ေနသည္။ သူ႔ရဲ႕ခက္ေၾကာင့္ေလ။ ခက္အလုပ္လုပ္ေနတဲ့ storeဆိုင္က ပိုင္ရွင္နဲ႔ေတြ႕ ၿပီး storeဆိုင္ကို ျပန္ဖြင့္ခိုင္းခဲ့တာ။ ပိုင္ရွင္က အဲ့ဒီဆိုင္ကေန အျမတ္က ထင္သေလာက္မရဘူးဆိုလို႔ သူကပဲ ၀န္ထမ္းေတြကို သူလစာေပးပါ့မယ္။ ဆိုင္မွာလည္း share၀င္ပါ့မယ္လို႔ ေျပာထားရတာ။ ၿပီးေတာ့ အရင္က အဲ့ဒီဆိုင္မွာ ခက္အပါအ၀င္မွ ၀န္ထမ္း ၂ေယာက္ထဲရွိတာမလို႔ ခက္မပင္ပမ္းရေအာင္ ေနာက္ထပ္ ၀န္ထမ္းေတြထပ္ခန္႔ခိုင္းတဲ့အျပင္ ခက္ ေနရတာ အဆင္ေျပေအာင္ airconပါ တပ္ေပးထားတာ။ အခုေတာ့ အသစ္ခန္႔ထားတဲ့ ၂ေယာက္ထဲက ၁ေယာက္က သူ႔ရဲ႕ခက္ကို စိတ္၀င္စားေနတဲ့ပုံ ျပေနသည္။ သူ ခက္တို႔လမ္းထိပ္ကေစာင့္ေနတိုင္း ခက္ကို အဲ့ဒီတစ္ေယာက္က အိမ္ျပန္လိုက္ပို႔ေပးတာ ျမင္ေနရသည္။ ထမင္းစားခ်ိန္ဆိုရင္လည္း ခက္ကိုပဲ ဦးဦးဖ်ားဖ်ား ဟင္းေတြထည့္ေပးတတ္တာ။ ခက္ကိုၾကည့္ေနတဲ့ အၾကည့္ေတြကအစ မ႐ိုးသားတာ။ ေႁမြေႁမြခ်င္း ေျချမင္တယ္ပဲေျပာရမလား။ အဲ့ဒီတစ္ေယာက္ရဲ႕ ခက္အေပၚဆက္ဆံပုံေတြက ပုံမွန္ထက္ကို ပိုေနသည္။
Advertisement
ၾကာရင္...ၾကာရင္....
သူခက္ကိုေတာ့ အဆုံးရႈံးမခံႏိုင္။ ခက္ကို သူ႔ဆီျပန္လာေအာင္ လုပ္ရမယ့္ နည္းလမ္း တစ္ခုသာရွိေတာ့သည္။ ခက္သူ႔ကို ခြင့္မလႊတ္ႏိုင္လည္း ရွိပါေစေတာ့။ ခက္ကို သူ႔အနားမွာပဲထားၿပီး တစ္သက္လုံးေတာင္းပန္ေတာ့မယ္။ အေတြးနဲ႔အတူ ခက္နဲ႔ ျပန္ေတြ႕ခဲ့တဲ့ ေဆး႐ုံက ေဆး႐ုံအုပ္ဆီကို ဖုန္းဆက္လိုက္သည္။
'Hello အန္ကယ္..က်ေနာ္ မင္းစစ္ေမာင္ပါခမ်။ အန္ကယ့္ကို က်ေနာ္အကူအညီေတာင္းထားတဲ့ ကိစၥေလး....××××××'
ေဆး႐ုံအုပ္က ဖုန္းခ်သြားတာနဲ႔ စစ္လည္း ေဆး႐ုံကိုထြက္လာခဲ့လိုက္သည္။
ခက္တစ္ေယာက္ အခုတေလာ အထူးအဆန္းေတြပဲ ႀကဳံေနရသည္။ ပထမဆုံးကေတာ့ စစ္က သူ႔ကို ဒူးေထာက္ေတာင္းပန္တာေပါ့ေလ။ ေနာက္ဟာေတြကေတာ့ သူအလုပ္လုပ္တဲ့ storeဆိုင္က သူတို႔ကို ျပန္ေခၚတယ္ေလ။ ပိတ္ထားတာ ၁လေလာက္ရွိၿပီကို။
ၿပီးေတာ့ ေနာက္ထပ္ ၄လေလာက္ေနမွ ျပန္ဖြင့္ျဖစ္မယ္လို႔လည္းေျပာထားၿပီးေတာ့ ၁လေလးနဲ႔ ျပန္ေခၚတယ္တဲ့။ ၿပီးေတာ့လည္း အရင္ကနဲ႔မတူစြာပဲ သူ႔ကိုျမင္ရင္ အၿမဲတမ္းၿပဳံးျပေနၿပီး စကားေတြကအစ ခ်ိဳသာေနသည္။ မသိရင္ ခက္က သူေဌးအတိုင္းပဲ။
သူ႔ကို လစာလည္း တိုးေပးသည္။ ဘာမွလဲမခိုင္းေတာ့။ casherပဲလုပ္ေတာ့ဆိုၿပီး တကယ္တမ္းက်ေတာ့ သူက ဒီအတိုင္းထိုင္ေနရတာကမ်ားသည္။ ဆိုင္ရွင္အန္တီက သူ႔ကို မ်က္စိေဒါက္ေထာက္ၾကည့္ေနၿပီး casherေလးေတာင္မလုပ္ခိုင္းေပ။ ၾကာလာေတာ့ သူလည္း လစာယူရတာ ရွက္ေတာင္ရွက္လာသည္။ က်န္တဲ့ ၃ေယာက္ကပဲ အလုပ္လုပ္ေနၿပီး သူကေတာ့ ထိုင္ေန႐ုံနဲ႔ လစာရေနတာ အားနာစရာႀကီးမဟုတ္လား။
ေနာက္ဆုံးတစ္ခုကေတာ့ သူငွားေနတဲ့ အိမ္ရဲ႕ အိမ္ရွင္ပဲျဖစ္သည္။ အလုပ္က လစာတ၀က္ေပးလိုက္တာမလို႔ အိမ္ငွားခ ေပးမည္လုပ္ေသာ္လည္း အိမ္ရွင္က ထူးဆန္းစြာပဲ အိမ္ငွားခကို မယူေပ။
'ေရာဂါေတြေၾကာင့္ အလုပ္ေတြနားေနရတာဆိုေတာ့ သားလည္း အသုံးျပတ္ေနမွာေပါ့။ ဒီလအတြက္ ေပးစရာမလိုဘူး ' တဲ့ေလ။ အရင္က လမကုန္ခင္ တစ္ပတ္ေလာက္အလိုကတည္းက လာလာၿပီး လကုန္ေတာ့မယ့္အေၾကာင္း သတိေပးတတ္တဲ့ အိမ္ရွင္မွ ဟုတ္ပါေလစ။ တကယ္ကိုပဲ covidေၾကာင့္ လူေတြေျပာင္းလဲကုန္တာပဲ။
တကယ္ေတာ့ အိမ္ပိုင္ရွင္ကို စစ္က ဒီလအတြက္ အိမ္ငွားခကို ခက္ကိုယ္စားေပးခဲ့တယ္ဆိုတာ ခက္သိမယ္ဆိုရင္ျဖင့္.....
ဒီေန႔က သူ႔ရဲ႕နားရက္မလို႔ တေန႔လုံးအိပ္ေနၿပီး ညေနေရာက္မွ အိမ္သန္႔ရွင္းေရးလုပ္ေနရသည္။ ေၾသာ္ မနက္ျဖန္ဆိုရင္ ႏွစ္ဆန္းတစ္ရက္ေန႔ေတာင္ေရာက္ၿပီ။ ေရာဂါေတြေၾကာင့္ သၾကၤန္မလုပ္ျဖစ္ေတာ့ သူလည္း ဒီေန႔က အတက္ေန႔ဆိုတာ ေမ့ေနေလသည္။
ျပကၡဒိန္ၾကည့္မိမွ သတိရျခင္း။
ခက္ သန္႔ရွင္းေရးလုပ္ၿပီးေတာ့ ညေရာက္ေနၿပီ။
ခက္တစ္ေယာက္ သူ႔စားပြဲေပၚမွာ ရွိေနေသးတဲ့ ပိုက္ဆံအိတ္ေလးကို ၾကည့္မိျပန္သည္။
(အခုထိ လာမယူေသးပါလား။ *)
ေတြးေနတုန္းမွာပဲ
'ခက္...'
( ေဟာ...အသက္ေတာ့ ရွည္အုံးမယ္။*)
'ပိုက္ဆံအိတ္ျပန္လာယူတာလား'
'အာ...ေမာင့္ပိုက္ဆံအိတ္က ဒီမွာက်န္ေနခဲ့တာလား'
'ပိုက္ဆံအိတ္လာယူတာမဟုတ္ဘူးလား'
'ဟုတ္..ဟုတ္တယ္ဟုတ္တယ္။ ပိုက္ဆံအိတ္လာယူတာ။ ဒါနဲ႔ ခက္..ေမာင္...ေမာင္ခက္ကို ေျပာစရာရွိတယ္'
'ငါနားမေထာင္ခ်င္ဘူး'
'ခဏေလး...ခဏေလးပါပဲ။ ေနာက္ဆိုရင္...ေနာက္ဆိုရင္ ေမာင္ ဒီကို မလာေတာ့ပါဘူးလို႔ ကတိေပးပါတယ္ခက္ရယ္'
ခက္သက္ျပင္းခ်လိုက္ၿပီး
'ဘာေျပာမွာလဲ'
'ေမာင္နဲ႔ တစ္ေနရာလိုက္ခဲ့ေပးလို႔ရမလား '
'ေကာင္းၿပီေလ။ မင္းရဲ႕ကတိသာတည္ပါေစ။ ေနာက္တစ္ခါ ဒီကိုဘယ္ေတာ့မွမလာခဲ့နဲ႔ '
'အင္းပါ ေမာင္ကတိေပးပါတယ္'
စစ္က ကတိေပးတာေၾကာင့္ ခက္လည္း စစ္ရဲ႕ေနာက္ကို လိုက္လာခဲ့သည္။ ကားေပၚေရာက္ေတာ့ စစ္က သူ႔ကို ခါးပတ္ပတ္ေပးမည္ ျပဳတာေၾကာင့္
'ငါ့ဘာသာငါ လုပ္မယ္။ မင္းလုပ္ေပးစရာမလိုဘူး'
'ေမာင္လုပ္ေပးခ်င္လို႔ပါခက္ရယ္။ ေနာက္ေန႔ဆိုရင္ ေမာင္ ဒီကိုမလာေတာ့ဘူးေလ။ အဲ့ဒါေၾကာင့္ ေနာက္ဆုံးတစ္ႀကိမ္အေနနဲ႔ ခက္ကို ခါးပတ္ပတ္ေပးခ်င္လို႔ပါ'
စစ္ရဲ႕စကားေၾကာင့္ ခက္လည္း ဘာမွမေျပာေတာ့ပဲ ႏႈတ္ဆိတ္ေနလိုက္ေတာ့သည္။ ထို႔ေနာက္မွာေတာ့ စစ္က သူ႔ကို ခါးပတ္ပတ္ေပးဖို႔ အနားကို ကပ္လာရင္း လက္ကိုင္ပုဝါနဲ႔ သူ႔ႏွာေခါင္းကို အုပ္လိုက္ေလသည္။ စစ္ရဲ႕ မ်က္ႏွာကို ဝါးတားတားသာျမင္လိုက္ရၿပီး ခက္တစ္ေယာက္ အေမွာင္က်သြားေလေတာ့သည္။
'ေတာင္းပန္ပါတယ္....ေတာင္းပန္ပါတယ္ခက္ရယ္...ေမာင္...ေမာင္...ခက္ကို အဆုံးရႈံးမခံႏိုင္ေတာ့လို႔ပါ
ခက္ေမာင့္ကို မုန္းေနမယ္ဆိုရင္လည္း ခက္ရဲ႕အနားမွာပဲေနၿပီး ခက္အမုန္းေတြကို ခံယူပါ့မယ္။ ခက္ ခြင့္မလႊတ္ႏိုင္ဘူးဆိုလည္း ေမာင့္ရဲ႕ေဘးနားမွာပဲ ထားၿပီး ခက္ကို တစ္သက္လုံးေတာင္းပန္ေနပါ့မယ္'
သူခက္ရဲ႕ မ်က္ႏွာေလးကိုၾကည့္ရင္း ေျပာေနမိသည္။
ထို႔ေနာက္ ခက္ရဲ႕ နဖူးေလးကို တစ္ခ်က္နမ္းလိုက္ၿပီး သူနဲ႔ခက္ ေနဖို႔အတြက္ေဆာက္ထားတဲ့ အိမ္အသစ္ေလးဆီ ထြက္လာခဲ့လိုက္သည္။ ခက္ကို ျပန္ေခၚလာၿပီဆိုေတာ့ နာက်င္စရာေကာင္းတဲ့ အမွတ္တရေတြနဲ႔ပဲ ျပည့္ေနတဲ့ တိုက္ခန္းကို ျပန္စရာမလိုေတာ့ဘူးမဟုတ္ပါလား။
အိမ္ကိုေရာက္တဲ့အထိ ခက္က သတိမရေသးတာေၾကာင့္ သူခက္ကိုေပြ႕ခ်ီၿပီး အခန္းထဲကိုေခၚလာခဲ့လိုက္သည္။ ခက္ကို ကုတင္ေပၚ အသာအယာခ်လိုက္ၿပီး သူကေတာ့ ကုတင္ေအာက္ကေနဒူးေထာက္ကာ ခက္ရဲ႕လက္ကေလးကို သူ႔ပါးနဲ႔အပ္ထားၿပီး
'ေမာင္ေတာင္းပန္ပါတယ္ခက္ရယ္...ေမာင္ေလ...ေမာင္...ခက္ကိုအဆုံးရႈံးမခံႏိုင္ေတာ့လို႔ အခုလိုလုပ္ခဲ့တာပါ။ ေမာင္...ေမာင္ခက္ကိုအရမ္းခ်စ္တယ္ ခက္ရဲ႕။ '
ခက္ရဲ႕ မ်က္ခြံေလးေတြကိုနမ္းလိုက္သည္။ ထို႔ေနာက္
ခပ္သြယ္သြယ္ေလးျဖစ္သြားတဲ့ ပါးေလး။ ေနာက္ဆုံးမွာေတာ့ ခက္ရဲ႕ႏႈတ္ခမ္းပါးေလးကို ထိတယ္ဆို႐ုံေလး နမ္းလိုက္ၿပီး သူလည္းကုတင္ေပၚကို တက္လာကာ ခက္ရဲ႕ေခါင္းကို သူ႔လက္ေမာင္းေပၚ အုံးေစၿပီး သူကိုယ္တိုင္လည္း အိပ္စက္ျခင္းဆီသို႔.....
ခက္တစ္ေယာက္ ႏိုးလာေတာ့ ေခါင္းက တစစ္စစ္နဲ႔ ကိုက္ေနသည္။ ထမည္ျပဳေသာ္လည္း သူ႔ကို ခပ္တင္းတင္းေပြ႕ဖက္ထားတဲ့ လက္တစ္စုံေၾကာင့္ ႐ုန္းထြက္လို႔ေတာင္ မရေပ။ ခက္ ေသခ်ာျပန္ၾကည့္မိေတာ့ သူက ရင္ခြင္က်ယ္ႀကီးတစ္ခုထဲကိုေရာက္ေနသည္။ ခက္လည္း သူ႔ခါးေပၚက လက္တစ္စုံကို ဇြတ္အတင္းတြန္းဖယ္ေလသည္။ ခက္ရဲ႕ လႈပ္ရွားမႈေၾကာင့္ စစ္ ႏိုးလာၿပီး
'ခက္...ႏိုးလာၿပီလား။ ျပန္အိပ္ရင္အိပ္အုံးေလ။ အခုမွ မနက္ ၆နာရီပဲရွိေသးတာ '
'ငါ့ကို ဘယ္ကိုေခၚလာတာလဲ။ မင္းေျပာေတာ့ ေျပာစရာရွိလို႔ပါဆို'
'ေမာင္...ေတာင္းပန္ပါတယ္ခက္ရယ္။ ေမာင္...ေမာင္ ခက္ကို အဆုံးရႈံးမခံႏိုင္ေတာ့လို႔ပါ'
'ဟက္!! ...အဆုံးရႈံးမခံႏိုင္ေတာ့လို႔ ဟုတ္လား။ ဒါဆို အရင္တုန္းက ငါမင္းကို တြယ္ကပ္ေနတုန္းက ဘာလို႔ တြန္းထုတ္ခဲ့လဲ။ အခုမွ...အခုမွလာၿပီး အဆုံးရႈံးမခံေတာ့လို႔ပါတဲ့လား။ အရမ္းရယ္စရာေကာင္းမေနဘူးလား မင္းစစ္ေမာင္'
'ခက္...ခက္..ေမာင့္ကို အရမ္းမုန္းေနမယ္ဆိုတာေမာင္သိပါတယ္။ ခက္ေက်နပ္တဲ့အထိ ေမာင္ေတာင္းပန္ပါ့မယ္။ အဲ့ဒါက တစ္သက္လုံးဆိုလည္း...ေမာင္ေတာင္းပန္ေနပါ့မယ္။ ဒါေပမယ့္ ခက္ကိုေတာ့ ေမာင့္အနားမွာပဲ ထားမွျဖစ္မွာ။ ေမာင့္ရဲ႕ ခက္ကို တျခားသူေတြလက္ထဲမထည့္ေပးလိုက္ႏိုင္ဘူး '
'မင္းဘာေတြေျပာေနတာလဲ။ ဘာကိုတျခားသူလက္ထဲမထည့္ေပးႏိုင္တာလဲ '
'အဲ့ဒါေတြက...ခက္မသိတာပဲေကာင္းပါတယ္။ အခုကစၿပီး ေမာင္တို႔ ၂ေယာက္ ဒီအိမ္ေလးမွာပဲ ေနသြားၾကမယ္ေနာ္။ တိုက္ခန္းကို မျပန္ေတာ့ဘူး။ ေမာင္တို႔ အရင္ကလိုပဲ ျပန္ေနၾကမယ္ေနာ္။ '
'အရင္ကလို? အရင္ကလိုဆိုေတာ့ မင္းက အရင္ကလိုမ်ိဳး ငါ့ကိုႏွိပ္စက္မယ္ ငါက အရင္ကလိုမ်ိဳး မင္းႏွိပ္စက္သမွ် ခံရမယ္ေပါ့။ မင္းေဖာက္ျပန္သမွ် ထိုင္ၾကည့္ေနရၿပီး မင္းနဲ႔မင္းရဲ႕ မယားငယ္နဲ႔ အခန္းထဲမွာ ျဖစ္ခ်င္တိုင္းျဖစ္ေနသမွ်ကို ငါက အျပင္ကေန ကင္းေစာင့္ေပးရအုံးမယ္ေပါ့ အဟက္!! '
'မဟုတ္...မဟုတ္ပါဘူးခက္ရယ္။ ေမာင္ေျပာတာ...ေမာင္ေျပာတာ အဲ့ဒီသေဘာမ်ိဳးမဟုတ္ရပါဘူး။ ခက္...ခက္..ေမာင့္ကို အထင္လြဲေနတာပါ။ ေမာင္ေျပာတာက...ေမာင္ေျပာတာက...အရင္ကလို..ေမာင့္ကို ခ်စ္တဲ့ ခက္ကို ျပန္လိုခ်င္တဲ့သေဘာပါ။ ခက္ေျပာသလို...ခက္ေျပာသလိုမ်ိဳး ေမာင္က ခက္ကို ထပ္ၿပီးႏွိပ္စက္မယ့္သေဘာမ်ိဳးမဟုတ္ရပါဘူး'
သူ ျပာျပာသလဲရွင္းျပမိသည္။ ခက္ရဲ႕ အမုန္းထုထည္ပိုၿပီး ႀကီးမားလာမွာကို သူအရမ္းေၾကာက္ပါသည္။ သူ႔ရွင္းျပခ်က္ကို ၾကားေတာ့ ခက္ရဲ႕ မ်က္ႏွာေလးမ်ား ေျပာင္းလဲမႈရွိမလားလို႔ ခက္ရဲ႕မ်က္၀န္းေတြထဲမွာ ရွာေဖြမိေသာ္လည္း....
သူစိမ္းဆန္ဆန္မ်က္၀န္းတစ္စုံကိုသာ ေတြ႕ရေလသည္။
(တကယ္ပဲ..တကယ္ပဲ.. ေမာင့္ကို သူစိမ္းတစ္ေယာက္လို သေဘာထားလိုက္ၿပီလားခက္ရယ္။ ေမာင္နဲ႔ပတ္သက္တဲ့ ခံစားခ်က္နည္းနည္းေလးေတာင္ မရွိေတာ့ဘူးလား*)
'ခက္.. ေမာင္...ေမာင္ေတာင္းပန္ပါတယ္ခက္ရယ္'
'မင္းက အရင္အတိုင္းပဲ မင္းစစ္ေမာင္။ အရင္ကလိုပဲ ငါ့ရဲ႕ခံစားခ်က္ကို ဂ႐ုမစိုက္ဘူး။ မင္းစိတ္တိုင္းက်ပဲ လုပ္ခဲ့တာ'
'ခက္...'
'ထြက္သြား။ ငါမင္းမ်က္ႏွာကို မျမင္ခ်င္ေသးဘူး'
'အင္း..အင္းပါ...ခက္ ေမာင့္ကို မျမင္ခ်င္ရင္ ေမာင္အျပင္မွာေနေပးပါ့မယ္။ ခက္အတြက္ ေမာင္ သြားတိုက္ေဆး၊ သြားတိုက္တံေတြအကုန္ ျပင္ေပးထားမယ္ေနာ္ '
စစ္ထြက္သြားေတာ့ ခက္တစ္ေယာက္ထဲ ကုတင္ေပၚမွာ က်န္ေနခဲ့သည္။
(မင္းကို ငါဘယ္လိုနားလည္ရမလဲ စစ္။ မင္းပဲ ငါ့ကို ခြင့္လႊတ္ေပးဖို႔လာလာၿပီးေတာင္းပန္တယ္။ အခု မင္းပဲ ငါခြင့္မလႊတ္ႏိုင္စရာေတြ ထပ္လုပ္တယ္။ မင္းဘယ္ေတာ့မွ ငါ့ခံစားခ်က္ကို ၾကည့္ေပးမွာလဲ။ ကိုယ့္အတြက္ကိုပဲၾကည့္တတ္တဲ့ မင္းကို ငါအရမ္းေၾကာက္တယ္။ မင္းက အရမ္း အတၱႀကီးတယ္ မင္းစစ္ေမာင္*)
To be continued.....
[A/N.....မၾကာခင္....ဒီ ficေလးကေန ႏႈတ္ဆက္ရေတာ့မယ္ ေဘးေဘတို႔ ]
Advertisement
- In Serial37 Chapters
Ghost Spider
Gwen Stacy has been having a rather terrible week.Her father murdered by the mafia, spending her time bouncing between public areas too afraid to go home, and waking up in a public restroom with no idea why she passed out.She soon discovers she has been gifted incredible powers and decides to use them to track down the men responsible for her father's murder and keep the streets of Gotham safe. ...wait...Gotham?
8 138 - In Serial30 Chapters
P I G S
A man awakes one day on an unfamiliar island with unfamiliar things. It seems to be inhabited by strange human-like creatures that on a second look don't seem to be human. A strange man in a bathrobe who helps those who end up here. A strange church that keeps him safe. Mysteries unfold as he learns about the island. However, he must remember one thing. Never trust pigs.
8 150 - In Serial23 Chapters
The village elder is manipulating our minds!
Jonathan was a good student, a loyal son, a decent brother, and a nice friend. He was even quite handsome. But all of this ended when his mother died. His father committed suicide soon after, and his younger brother disappeared. His once good friends distanced themselves from his life and he was left all alone with a debt that appeared out of nowhere. All in the period of one month. Thankfully he didn't have a girlfriend otherwise she might've cheated on him... What a way for the perfect calm life to end... The police didn't say anything nor did they help him, on the contrary, they threatened him. Jonathan had lost all faith in Humanity... He stopped studying and doing his hobbies, locking himself inside his home. But something deep in him made him stop and rethink this situation. So he searched for the truth... And he found it little by little. Eventually finding a complex political game between his father and some of his old colleagues. A brutal truth... But instead of the satisfying conclusion of having his revenge. He was silenced... Forever. [The trial has ended. You have passed all hurdles. To never lose hope, this is the most important quality of a Human.] [You are fit for the task] [Survive] And so Jonathan was thrown somewhere unknown with no knowledge of what was going on. He only had a few choices that would very well determine if he would survive or not. But which to choose? Will he survive? If so, then how? (This will be a kingdom-building story with a system. But I won't delve too much into politics... Lets see how this go)
8 193 - In Serial179 Chapters
Modern Phantasia: siVisPride (Original!Urban Fantasy, Survival Thriller)
Updates Thursdays! Reader Beware: Original!Urban Fantasy, Survival Thriller, Harsh Progression. Constant Struggle, not Weak-to-Strong. This is a reality eerily like our own. This is a reality that's complicated further by fantasy. Contemporary times have finally ended, and the Phantasia era has begun. Due to the cosmic, reality warping Shift Noumena, life as we once knew it is now defined by things we once thought were fantastical. Instead of monsters, we have the Nulgarrt. Instead of ancient, hidden cities--Terminsys Cities are what's left after celestial space waves broke reality, once people's home towns. And what they got instead of magic? siVis. Enlightenment that reveals far too much, all at once. Forced to figure out a way to survive against what-once-was fictional tropes and plots. Living during confusing, turbulent when not only life never made sense, but is falling apart. Growing through out all of this, and growing to become just as weird. This is the story of those youths, not another heroic tale.
8 777 - In Serial11 Chapters
cocaine makes you boring ; ws oneshots
an old oneshot book but full of angst and wilbur-centric, not writing for this anymore
8 177 - In Serial21 Chapters
Humor
This is a book of jokes for us teenagers, if you don't like it don't read it! :) THANKS!
8 262

