《Let Me Start Again [Completed]》LMSA 43
Advertisement
ဂျိမ်း....⚡⚡⚡
ကျယ်လောင်စွာ မြည်ဟီးလာတဲ့မိုးခြိမ်းသံကြောင့် ခက် လန့်နိုးလာသည်။ နာရီကို ကြည့်မိတော့ ည ၂နာရီ။ မိုးတွေလည်း အရမ်းသည်းနေတော့ ခက်တစ်ယောက်စောင်ခြုံထဲမှာ ပြန်ကွေးမည်ပြုစဥ် အတွေးထဲကို ၀င်လာတာက သူအိမ်ထဲ၀င်လာတဲ့အထိ မိုးရေထဲမှာ ဒူးထောက်နေတဲ့ စစ်။
'မဟုတ်လောက်ပါဘူးနော်....သူက အခုထိ ဒူးထောက်နေစရာအကြောင်းမှ မရှိတာ....သူအဲ့ဒီလောက်ထိ မရူးလောက်ပါဘူး'
ပါးစပ်ကသာပြောနေသော်လည်း တကယ်သာ အခုချိန်ထိ ဒူးထောက်နေခဲ့ရင် ဆိုတဲ့ အတွေးက ၀င်လာပြန်သည်။ ခက် ဘယ်လိုမှ ဆက်အိပ်လို့မရတော့
သဖြင့်...
'အင်း...သွားကြည့်ကြည့်လိုက်ပါ့မယ်.....သူကတော့ အခုချိန်ထိ ဆက်ရှိနေအုံးမှာ မဟုတ်လောက်ပါဘူး...'
သို့သော်လည်း ခက်ရဲ့အတွေးတွေ မှားနေတယ်ဆိုတာကို တစ်ချက်တစ်ချက် လျှပ်စီးလက်သွားတဲ့ကြားက မြင်နေရတဲ့ လူတစ်ယောက်ကြောင့် သိသွားရသည်။ တကယ်ကိုပဲ....တကယ်ကိုပဲ...စစ်က အခုထိဒူးထောက်နေတုန်းပါလေ....
ခက်..ထီးတစ်ချောင်းယူပြီး အပြင်ကို ထွက်လာခဲ့လိုက်သည်။
စစ်တစ်ယောက် သူ့ကိုယ်ပေါ်ကို မိုးရေတွေကျမလာတော့တာကြောင့်ရော လျှပ်စီးကြားက မြင်ရတဲ့ ခြေဖမိုးလေးကြောင့်ရော...အပေါ်ကိုမော့ကြည့်လိုက်တော့ သူ့ကိုထီးမိုးပေးထားရင်း ငုံ့ကြည့်နေတဲ့ခက်....
'မင်း...မင်းရူးနေလား!! ဒီလောက်မိုးသည်းနေတာကို အခုချိန်ထိ..အခုချိန်ထိ...ဒူးထောက်နေသေးတာလား!! သွား..အခုချက်ချင်းအိမ်ပြန်...'
'မောင်မပြန်ပါရစေနဲ့ခက်ရယ်....အိမ်ကိုပြန်လည်း မောင် အိပ်ပျော်မှာမှ မဟုတ်ပဲ...ဒီမှာ...ဒီမှာနေတာကမှ အနည်းဆုံးတော့ ဒီအိမ်လေးထဲမှာ ခက်ရှိနေပါလားဆိုတဲ့ အတွေးနဲ့ ဖြေသိမ့်လို့ရသေးတယ်လေ..'
'မင်း...ကျစ်...ဘာလို့ အဲ့လောက်တောင်ခေါင်းမာနေရတာလဲ မင်းစစ်မောင်။ မင်းကိုယ်မင်းလည်းပြန်ကြည့်အုံး မျက်လုံးတွေနီရဲနေပြီး နှုတ်ခမ်းတွေက ပြာနေပြီ။ ဒီအတိုင်းသာဆက်သွားနေရင် မင်းသေသွားလိမ့်မယ် သိရဲ့လား!! '
'ခက်...'
'ထ...'
'ဟင်..'
'ထတော့..အခုချက်ချင်း အိမ်ထဲကို၀င်တော့...ဒီအတိုင်းဆက်နေနေလို့ တော်ကြာ ငါ့အိမ်ရှေ့မှာ သေသွားရင် ငါ့ကိုအမှုပတ်နေလိမ့်မယ်။ အခုချက်ချင်းထ...'
'ခ...ခက်....'
'မ၀င်ချင်းလည်းနေတော့'
ခက်ပြောပြီး အိမ်ထဲ၀င်မယ်ပြုတော့ စစ်လည်း ကမန်းကတန်းထပြီးလိုက်လာလေသည်။
အိမ်ထဲရောက်ပြန်တော့
'ရော့...ခေါင်းတွေသုတ်လိုက်အုံး...မင်းလဲဖို့ အင်္ကျီသွားယူလိုက်အုံးမယ်' ဟုဆိုကာ စစ်ကို တဘက်တစ်ထည်ပေးထားခဲ့ပြီး သူကတော့ အခန်းထဲကို၀င်လာခဲ့ပြီး စစ်နဲ့တော်လောက်မယ့်အင်္ကျီကိုလိုက်ရှာရပြန်သည်။
'မတတ်နိုင်ဘူး ဒီတစ်ထည်က အကြီးဆုံးပဲ' နောက်ဆုံးတော့ အကြီးဆုံးအင်္ကျီတစ်ထည်ကိုသာယူလာလိုက်သည်။
'ရော့...ဒါနဲ့လဲ၀တ်လိုက်...အဲ့ဒါက ငါ့အင်္ကျီတွေထဲမှာ အကြီးဆုံးပဲ'
ခက်ပေးတဲ့အင်္ကျီကို သူ၀တ်ကြည့်တော့ သိပ်မတော်။ အင်း...လက်မောင်းတွေက ကျပ်နေသည်။ ကိစ္စမရှိပါဘူးလေ..ဒါလေးက ခက်ကိုယ်တိုင်ပေးတဲ့
ခက်အငွေ့အသက်လေးတွေဖုံးလွှမ်းနေတဲ့ အင်္ကျီလေးပဲ။ အင်္ကျီက သူနဲ့ကျပ်နေပေမယ့် ခက်၀တ်လိုက်ရင်တော့ တော်တော်ချောင်လောက်သည်။
သူ့ရဲ့ခက်က အရင်ကထက်စာရင် နည်းနည်းပိန်သွားတယ်လေ။
'မင်းအိပ်ချင်ရင် ဒီမှာအိပ်လို့ရတယ်။ မနက်မိုးလင်းရင် ထပြီးပြန်တော့။ နောက်တစ်ခါ ဒီလိုအရူးအလုပ်တွေမလုပ်နဲ့။ မင်းဘာလုပ်လုပ် ငါကခွင့်လွှတ်မှာမဟုတ်လို့..'
'မောင်ကလည်း ခွင့်လွှတ်ပေးဖို့ မတောင်းဆိုရဲပါဘူး ခက်ရယ်။ ဒါပေမယ့် ခက်ခွင့်လွှတ်လောက်မယ့်အချိန်ထိ မောင်တောင်းပန်နေမှာပါ '
'မောင်??? '
'အင်း ဟုတ်တယ်...မောင်...ခက်ကို နှိပ်စက်ခဲ့တဲ့ စစ်က ပြီးခဲ့တဲ့တစ်နှစ်ကျော်ကတည်းက၊ ခက်ထွက်သွားကတည်းက သေသွားခဲ့ပြီခက်ရဲ့ ...အခုက ခက်ကိုအရမ်းချစ်တဲ့...ခက်ဆီကခွင့်လွှတ်မှုကို မျှော်လင့်နေတဲ့ မောင်...မောင်မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ်ခက်ရယ်။ မောင့်ကို....မောင့်ကို...နောက်တစ်ကြိမ် ပြန်စခွင့်ပေးပါ။ ခက်ကိုအရမ်းချစ်တဲ့ မောင်အဖြစ်နဲ့ မောင့်ကို အစကနေပြန်စခွင့်ပေးပါ...'
'မင်းကြောင့်ရတဲ့ ဒဏ်ရာက ဥုံဖွမန်းလိုက်လို့ ပျောက်သွားမယ့်ဒဏ်ရာမှမဟုတ်တာပဲ မင်းစစ်မောင်။ ငါ့နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာအထိ ဟက်တက်ကွဲခဲ့ရတဲ့ ဒဏ်ရာလေ။ အခုထိတောင် အနာမကျက်သေးတာ။ ပြီးတော့ မင်းကိုခွင့်လွှတ်မယ်ဆိုရင် ငါ့သားလေးပြန်ရှင်လာမှာလား။ ငါ့သားလေးကို ပြန်ရှင်အောင်လုပ်ပေးမယ်ဆိုရင် ငါမင်းကိုခွင့်လွှတ်ပေးမယ်..'
'ခက်ရယ်...မောင်...မောင်...ဘယ်လိုလုပ်ပေးရမလဲဟင်...ခက်...ခက်မောင့်ကိုခွင့်လွှတ်ဖို့အတွက် မောင်ဘာလုပ်ပေးရမလဲ...'
'တော်သင့်ပြီ။ ငါမင်းနဲ့စကားမပြောချင်သေးဘူး။ ငါသွားအိပ်တော့မယ်'
ပြောပြီးထွက်သွားတဲ့ ခက်ကိုကြည့်ပြီး သူ သက်ပြင်းချမိသည်။
'မောင့်ရဲ့အသက်နဲ့ ပေးဆပ်မယ်ဆိုရင်ရော
ခက်မောင့်ကိုခွင့်လွှတ်မှာလား' ဟုသာ တိုးတိုးလေးရေရွတ်နေမိသည်။
(တောင်းပန်ပါတယ်စစ်။ ငါမင်းကိုခွင့်မလွှတ်နိုင်သေးဘူး။ သားလေးသေသွားတဲ့မြင်ကွင်းက အခုထိ ငါ့မျက်လုံးထဲက ဖျောက်လို့မရဘူး။ သားလေးကို ကာကွယ်မပေးနိုင်ခဲ့တဲ့ မင်းကို ငါခွင့်လွှတ်သင့်သလား။ တကယ်လို့ ခွင့်လွှတ်လိုက်မယ်ဆိုရင်ရော မင်းရဲ့အချိုးတွေက ပြောင်းလဲသွားမှာမလို့လား။
မင်းက အခု ငါ့ကိုတောင်းပန်နေတုန်းခဏပဲ ပြောင်းလဲချင်ယောင်ဆောင်ပြီး ငါခွင့်လွှတ်လိုက်တဲ့အခါ အရင်အချိုးအတိုင်းပြန်ဖြစ်သွားရင်ရော....
ငါ့နှလုံးသားက ယဲ့ယဲ့လေးပဲကျန်ပါတော့တယ် စစ်ရယ်။ ထက်ခြမ်းကွဲလုနီးပါးဖြစ်နေတဲ့ ငါနှလုံးသားလေးက အခုချိန်ထိ ပြန်တောင်မဆက်ရသေးပါဘူး။ တကယ်လို့ မင်းက ငါ့ရဲ့ အသဲကို ထပ်ခွဲရင်
ငါဘယ်လို အသက်ဆက်ရှင်ရပါ့မလဲ။ မင်းမှာ gayတွေမုန်းတဲ့ psycho ရှိသလို ငါ့မှာလည်း မင်းကိုထပ်မယုံရဲတော့တဲ့ psychoရှိနေတယ် စစ်*)
ခက်က စဥ်းစားရင်း နောက်ကျမှအိပ်ပျော်သွားသလို
အပြင်က စစ်မှာလည်း ခက်ကို ဘယ်လိုတောင်းပန်ရမလဲဆိုတာ တွေးရင်း နောက်ကျမှ အိပ်ပျော်သွားသည်။ ထိုနေ့က အိပ်ယာချင်း မတူညီကြသော်လည်း သူတို့ ၂ယောက်ရဲ့ အိပ်မက်တွေကတော့ ထပ်တူကျနေလေသည်။
Advertisement
စစ်နိုးလာတော့ ခေါင်းက တစစ်စစ်နဲ့ကိုက်နေသည်။ ညက တော်တော်နောက်ကျမှ အိပ်ပျော်သွားတာရော
မနေ့တုန်းက မိုးရေထဲ ၇နာရီလောက် ဒူးထောက်ခဲ့ရတာတွေပါပေါင်းပြီး ဒူးတွေလည်းနာ၊ ခေါင်းတွေလည်းကိုက်နှင့် မနက်ခင်းကို အစပြုရသည်။
သို့သော်လည်း တစ်အိမ်ထဲမှာ ခက်နဲ့အတူ နိုးထရသည်ဟူသော အတွေးကြောင့် သူနေမကောင်းချင်တာတောင် ပျောက်သွားသလို။ ဒီလိုအခြေအနေလေး ရောက်လာတာကိုပဲ ကျေးဇူးတင်ရမည်။
အနည်းဆုံးတော့ ခက်သူ့ကို အရမ်းကြီးမုန်းမနေဘူးဆိုတာ သိလိုက်ရတယ်မဟုတ်ပါလား။ ခက်မနိုးခင် ပြန်ဖို့အတွက် ပြင်ဆင်လိုက်သည်။ သူက ခက်မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်ချင်သော်လည်း ခက်က အခု သူ့ကို စိတ်နာနေတယ်မဟုတ်ပါလား။ သူ့ကိုမြင်ရင် ချစ်ရတဲ့သူ ရွှေစိတ်တော်ညှိုးသွားမှာစိုးသဖြင့် သူပြန်ဖို့လုပ်လိုက်သည်။ စစ်က မတ်တပ်အထ ခက်က အခန်းထဲကထွက်အလာနှင့် တိုးလေသည်။
'ခက်...နိုးပြီလား။ မောင်လည်း အခုလေးတင် ပြန်တော့မလို့ပါ...'
'အင်း...ဒီအတိုင်းပြန်မလို့လား...'
'ဘာကိုလဲ ခက်...'
'ကျစ်..ဘာ..ဘာမှမဟုတ်တော့ဘူး..မင်းပြန်ချင်ရင် ပြန်တော့လေ'
'ပြန်ချင်ရင်ပြန်တော့ ဆိုတော့...မောင်မပြန်ချင်သေးရင်ရော..ဒီမှာနေလို့ရတဲ့သဘောလား'
'အဲ့လိုမဟုတ်ဘူး။ အခုချက်ချင်းပြန်တော့..'
'ဟုတ်ပါပြီ ခက်ရဲ့သဘောအတိုင်းပါ။ မောင်သွားတော့မယ်နော် ခက် '
စစ်ထွက်သွားတော့ ခက်လည်း မျက်နှာသစ် သွားတိုက်ပြီး ပြန်အိပ်မယ်ပြင်လေသည်။ ညက တော်တော်နောက်ကျမှ အိပ်ပျော်သွားတာမလို့ သူတော်တော်နဲ့ အိပ်ရေးမ၀။ ခက်ပြန်အိပ်မည်ပြုလိုက်စဥ်
ဖုန်းလာသဖြင့် ကိုင်လိုက်တော့ သူနဲ့ storeဆိုင်မှာ တူတူအလုပ်လုပ်တဲ့ အကိုဖြစ်နေသည်။
'Hello ကိုလွှမ်းထက် ပြောလေ'
'ခက်...ဒီနေ့ ညနေလောက် အားလား'
'အားပါတယ် မဟုတ်လည်း ကျနော့်မှာ အလုပ်မှမရှိတာ ကိုလွှမ်းထက်ရဲ့ '
'အဲ့ဒီအကြောင်းပြောမလို့ခက်ရ။ အကိုတို့ကို
ဆိုင်ရှင်က ပြန်ခေါ်နေတယ်။ အကိုတို့ အလုပ်ပြန်ဆင်းလို့ရပြီတဲ့ '
'တကယ်...တကယ်လား ကိုလွှမ်းထက်...'
'တကယ်ပေါ့ဟ။ အစက ဆိုင်က အရင်းပဲပြုတ်တော့မှာလိုလိုဘာလိုလိုနဲ့ဖြစ်နေတာ။ အခုတော့ ဘယ်လိုက ဘယ်လိုပြန်အဆင်ပြေသွားမှန်းမသိဘူးဟေ့
ငါကြားတာတော့ သူဌေးတစ်ယောက်က ကူညီပေးတာဆိုပဲ ဟုတ်မဟုတ်တော့ မသိဘူး'
'ဘာပဲဖြစ်ဖြစ်ပါ အကိုရာ။ အလုပ်ပြန်ဆင်းရတော့မယ်ဆိုတော့ ကျနော်က ပျော်တာပေါ့အကိုရဲ့။ မဟုတ်ရင် ကျနော့်အခြေအနေနဲ့ တခြားအလုပ်တွေကိုလည်း ၀င်လျှောက်လို့ရမှာမဟုတ်ဘူးလေ။ ပြီးတော့ ကျနော့်မှာ အလုပ်က မရှိတော့ သုံးစရာလည်း သိပ်မကျန်တော့ဘူး။ အိမ်လခလည်း ပေးရအုံးမှာဆိုတော့ စိတ်တွေညစ်နေတာအကိုရ။ အတော်ပဲဖြစ်သွားတာပေါ့ '
'မင်းကတော့လေ။ ကဲပါ ဒါဖြင့်ရင်လည်း
ညနေပိုင်းကျ ဆုံကြတာပေါ့။ '
'ဟုတ်ကဲ့အကို' ကိုလွှမ်းထက်ဖုန်းချသွားတော့ သူလည်း ပြန်မအိပ်တော့ပဲ စျေး၀ယ်ရန် ထွက်လာခဲ့သည်။ မနေ့က စစ်လိုက်လာလို့ စျေးတောင် မသွားလိုက်ရဘူးမဟုတ်လား။ ခက်အပြင်ထွက်မယ်ပြုတော့ စားပွဲခုံလေးပေါ်မှာတင်ထားတဲ့ ပိုက်ဆံအိတ်လေးတစ်အိတ်။
(စစ် မေ့ကျန်သွားတာထင်တယ်*)
ခက်ဖွင့်ကြည့်မယ်လုပ်ပြီးမှ ပြန်ချထားမိသည်။ သူများ privacyကို ချိုးဖောက်ရာကျတယ်မဟုတ်လား။ အခုဆို စစ်နဲ့သူက သူစိမ်းတွေဖြစ်သွားပြီပဲလေ။ ခက် ပိုက်ဆံအိတ်ကိုချထားလိုက်ပြီး စျေးကိုပဲထွက်ခဲ့လိုက်သည်။ တကယ်လို့ ခက်သာ ပိုက်ဆံအိတ်လေးကိုဖွင့်ကြည့်ခဲ့မယ်ဆိုရင် K.Sဆိုတဲ့ visiting cardလေးကို တွေ့ရမည်ဖြစ်သည်။
ညနေရောက်တော့ သူအလုပ်လုပ်တဲ့ storeကို
ထွက်လာခဲ့လိုက်သည်။ ၀င်ပေါက်မှာပဲ ကိုလွှမ်းထက်နဲ့ တွေ့သဖြင့် ၂ယောက်သားတူတူ၀င်လာခဲ့လိုက်ကြသည်။ အထဲရောက်တော့ ဆိုင်ရှင်က သူတို့ ၂ယောက်ကိုပြုံးပြလေသည်။ အတိအကျပြောရရက် ခက်ကိုပေါ့။
'ဟယ် ခက်ထန်လေး...ရောက်လာပြီလား။ လာလာ ဒီမှာလာထိုင်'
ဆိုင်ရှင်က ချိုချိုသာသာပြောတော့ ခက်တို့ ၂ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်။ အရင်တုန်းက သူတို့ကို စကားပြောရင် အမြဲတမ်းအထက်စီးကပဲပြောခဲ့တဲ့ဆိုင်ရှင်က အခုတော့ ချိုသာလို့ပါလား။ နေများမကောင်းလို့လား။ Covidတွေဖြစ်နေတော့ အကြောက်လွန်ပြီး ဂေါက်သွားတာလား။
'ဟိုကောင်လွှမ်းထက် ဘာတွေတွေးနေတာလဲ နင့်ကိုထိုင်လို့ပြောနေတယ်လေ။ ' ဆိုင်ရှင်ပြောတော့မှ လွှမ်းထက်လည်း သတိပြန်၀င်လာပြီး
(သြော် ဘွားတော်က တစ်ယောက်ထဲကွက်ပြီး မျက်နှာလိုက်တာပဲ*)
'ဟုတ် ဟုတ်ကဲ့ အန်တီ'
'အန်တီ ကျနော်တို့ကို ခေါ်တယ်ဆိုတာက အလုပ်ပြန်၀င်ခိုင်းဖို့ဆို ဟုတ်လားဗျ ' ခက်ကမေးတော့
'ဟုတ်တယ်သားလေးရဲ့။ အရင်တုန်းက
ဒီ store ဆိုင်က အန်တီ့ရဲ့ တခြားလုပ်ငန်းတွေနဲ့
ယှဥ်ရင် ၀င်ငွေမများဘူးလေ။ ပြီးတော့ အခုက covidကြောင့် အန်တီ့ရဲ့ လုပ်ငန်းတချို့ကို ပိတ်လိုက်ရတယ်။ လုပ်ငန်းတချို့ကို ပိတ်ထားရတော့ ၀န်ထမ်းတွေကိုလည်း လစာရှင်းပေးဖို့မလောက်တော့ဘူးပေါ့သားရယ်။ အဲ့ဒါကြောင့် အန်တီက ၀န်ထမ်းလျှော့ချတဲ့အနေနဲ့ ဒီဆိုင်ကိုပိတ်လိုက်ရတာ။ ဒီဆိုင်ကလည်း တခြားဟာတွေလောက် ပိုက်ဆံမရဘူးလေ။ အခုကတော့ အဆင်ပြေသွားပါပြီ။ အန်တီတို့ဒီဆိုင်ကို K.Sက သူဌေးက Share၀င်ချင်တယ်၊ လူဟောင်းတွေကို ပြန်ခန့်ပေးပါဆိုလို့ သားတို့ ၂ယောက်ကို ပြန်ဆက်သွယ်လိုက်ရတာ '
'K.Sက သူဌေးကလည်း ရူးများနေလားမသိပါဘူး။ ဒီလို အနုတ်စုတ်ဂုတ်စုတ်ဆိုင်ကိုမှ လာပြီး share၀င်ချင်တယ်ဆိုတော့'
'ဟဲ့ကောင် လွှမ်းထက် နင်ဘာပြောတာတုန်း'
'ဘာမှမဟုတ်ရပါဘူးအန်တီရယ်။ K.Sကသူဌေးက တော်တော် စီးပွားရေးအမြင်ရှိတာပဲလို့ပြောမလို့ပါ '
'ဟဲ့ ဒီလိုစီးပွားအမြင်ရှိနေလို့ပဲ ကြီးပွားနေတာပေါ့။ဒါနဲ့ သားလေး ခက်ထန်။ အန်တီတို့ဆိုင်ကို မနက်ဖြန်မှာပဲ အလုပ်ဆင်းပေးနော်။ ပြီးတော့
Advertisement
အန်တီက တောင်းပန်တဲ့အနေနဲ့ သားတို့ကို အရင်လအတွက် လစာတ၀က်ပေးမယ်။ ဒီလကစပြီး ခက်ထန်လေးက casherပိုင်းကိုပဲ တာ၀န်ယူပေး။ ကျန်တာမလုပ်နဲ့တော့'
'အန်တီ ဒီဆိုင်မှာ ကျနော်နဲ့ ခက်နဲ့ ၂ယောက်ပဲရှိတာလေ။ ခက်က casherပဲ လုပ်ရမယ်ဆိုတော့ ပစ္စည်းအတင်အချတွေလာရင် ကျနော်ကပဲ လုပ်ရမှာလား'
ဟုတ်သည်။ ဆိုင်ရှင်က ကပ်စီးနဲတာကြောင့်
ဒီ storeဆိုင်မှာ သူတို့ ၂ယောက်ကိုပဲခန့်ထားသည်။
ဒါကြောင့် ရာထူးကသာ casherဆိုပေမယ့်
စျေးရောင်းလဲသူတို့၊ ပစ္စည်းကူရှာပေးလည်း သူတို့၊ ပစ္စည်းအတင်အချလုပ်ရလည်း သူတို့ ၂ယောက်သာ။
ကိုလွှမ်းထက်က ခက်ရဲ့ခြေထောက်အခြေအနေကို သိတာကြောင့် အရမ်းကြီးလေးတဲ့ပစ္စည်းတွေဆိုရင် ခက်ကို မ,မခိုင်းခဲ့။
'နင်တစ်ယောက်ထဲမလုပ်ရပါဘူး လွှမ်းထက်ရယ်။
ငါနောက်ထပ် နင့်ကို ကူဖို့ လူ ၂ယောက်ထပ်ရှာပေးပါ့မယ်။ ခက်ထန်လေးကတော့ casherပဲလုပ်တော့နော်။ သားရဲ့ခြေထောက်အခြေအနေနဲ့ဆိုရင် အရမ်းလေးတာကြီးတွေ မ,လို့မဖြစ်ဘူး။ ပြီးတော့ အန်တီ သားအတွက် airconတပ်ပေးထားမယ်'
အရင်နေ့တွေတုန်းက အိုက်ရင် ယပ်တောင်ခပ်နေကြ။ aircon တပ်မပေးနိုင်ဘူး။ မီတာခ ကုန်တယ်လို့ပြောခဲ့တဲ့ သူတို့ဆိုင်ရှင်မှ ဟုတ်ပါလေစ။ ၀ိညာဥ်ပြောင်းသွားတာများလား။
ထို့နောက်မှာတော့ ဆိုင်ရှင်ရဲ့ အပြောင်းအလဲကြီးတွေကို တအံ့တသြကြည့်ခဲ့ကြပြီး ပေးလိုက်တဲ့ လစာတ၀က်ကိုယူကာ အိမ်ကိုပြန်လာခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် တလလုံးအလုပ်မလုပ်ရတာကို လုံးလုံးလစာမရတာထက်စာရင် အခုလို တစ်၀က်ပေးတာကိုက ကျေးဇူးတင်သင့်နေပြီမဟုတ်လား။
ထိုနေ့က သူလစာရထားတဲ့ စာအိတ်လေးကိုကိုင်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ထဲ၀င်သွားတဲ့ ကောင်လေးတစ်ယောက်ရှိနေသလို၊ နေမကောင်းတဲ့ကြားက လမ်းထိပ်ကိုရောက်အောင်လာပြီး ထိုကောင်လေးပျော်နေတာကို မြတ်နိုးခြင်းများစွာနဲ့ကြည့်နေခဲ့တဲ့ ကားထဲကကောင်လေးတစ်ယောက်လည်း ရှိနေလေသည်။
To be continued.....
[A/N...မနေ့ညက စောင့်နေလိုက်ရလားဟင်...တကယ်တောင်းပန်ပါတယ်နော်။ အစက
မိုးသည်းနေတဲ့ကြားက ရအောင်တင်ပေးမယ်ဆိုပြီး လုပ်ပါသေးတယ်။ wpထဲ၀င်တုန်းလေးရှိသေးတယ် ဂျလိန်းဂျလိန်း ဆိုတာနဲ့ ပြန်ထွက်၊ ဖုန်းကို airplaneချပြီး အိပ်လိုက်ရတယ် ဟီးဟီး သွေ့ပုချိ သွေ့ပုချိ ]
ဂ်ိမ္း....⚡⚡⚡
က်ယ္ေလာင္စြာ ျမည္ဟီးလာတဲ့မိုးၿခိမ္းသံေၾကာင့္ ခက္ လန္႔ႏိုးလာသည္။ နာရီကို ၾကည့္မိေတာ့ ည ၂နာရီ။ မိုးေတြလည္း အရမ္းသည္းေနေတာ့ ခက္တစ္ေယာက္ေစာင္ၿခဳံထဲမွာ ျပန္ေကြးမည္ျပဳစဥ္ အေတြးထဲကို ၀င္လာတာက သူအိမ္ထဲ၀င္လာတဲ့အထိ မိုးေရထဲမွာ ဒူးေထာက္ေနတဲ့ စစ္။
'မဟုတ္ေလာက္ပါဘူးေနာ္....သူက အခုထိ ဒူးေထာက္ေနစရာအေၾကာင္းမွ မရွိတာ....သူအဲ့ဒီေလာက္ထိ မ႐ူးေလာက္ပါဘူး'
ပါးစပ္ကသာေျပာေနေသာ္လည္း တကယ္သာ အခုခ်ိန္ထိ ဒူးေထာက္ေနခဲ့ရင္ ဆိုတဲ့ အေတြးက ၀င္လာျပန္သည္။ ခက္ ဘယ္လိုမွ ဆက္အိပ္လို႔မရေတာ့
သျဖင့္...
'အင္း...သြားၾကည့္ၾကည့္လိုက္ပါ့မယ္.....သူကေတာ့ အခုခ်ိန္ထိ ဆက္ရွိေနအုံးမွာ မဟုတ္ေလာက္ပါဘူး...'
သို႔ေသာ္လည္း ခက္ရဲ႕အေတြးေတြ မွားေနတယ္ဆိုတာကို တစ္ခ်က္တစ္ခ်က္ လွ်ပ္စီးလက္သြားတဲ့ၾကားက ျမင္ေနရတဲ့ လူတစ္ေယာက္ေၾကာင့္ သိသြားရသည္။ တကယ္ကိုပဲ....တကယ္ကိုပဲ...စစ္က အခုထိဒူးေထာက္ေနတုန္းပါေလ....
ခက္..ထီးတစ္ေခ်ာင္းယူၿပီး အျပင္ကို ထြက္လာခဲ့လိုက္သည္။
စစ္တစ္ေယာက္ သူ႔ကိုယ္ေပၚကို မိုးေရေတြက်မလာေတာ့တာေၾကာင့္ေရာ လွ်ပ္စီးၾကားက ျမင္ရတဲ့ ေျခဖမိုးေလးေၾကာင့္ေရာ...အေပၚကိုေမာ့ၾကည့္လိုက္ေတာ့ သူ႔ကိုထီးမိုးေပးထားရင္း ငုံ႔ၾကည့္ေနတဲ့ခက္....
'မင္း...မင္း႐ူးေနလား!! ဒီေလာက္မိုးသည္းေနတာကို အခုခ်ိန္ထိ..အခုခ်ိန္ထိ...ဒူးေထာက္ေနေသးတာလား!! သြား..အခုခ်က္ခ်င္းအိမ္ျပန္...'
'ေမာင္မျပန္ပါရေစနဲ႔ခက္ရယ္....အိမ္ကိုျပန္လည္း ေမာင္ အိပ္ေပ်ာ္မွာမွ မဟုတ္ပဲ...ဒီမွာ...ဒီမွာေနတာကမွ အနည္းဆုံးေတာ့ ဒီအိမ္ေလးထဲမွာ ခက္ရွိေနပါလားဆိုတဲ့ အေတြးနဲ႔ ေျဖသိမ့္လို႔ရေသးတယ္ေလ..'
'မင္း...က်စ္...ဘာလို႔ အဲ့ေလာက္ေတာင္ေခါင္းမာေနရတာလဲ မင္းစစ္ေမာင္။ မင္းကိုယ္မင္းလည္းျပန္ၾကည့္အုံး မ်က္လုံးေတြနီရဲေနၿပီး ႏႈတ္ခမ္းေတြက ျပာေနၿပီ။ ဒီအတိုင္းသာဆက္သြားေနရင္ မင္းေသသြားလိမ့္မယ္ သိရဲ႕လား!! '
'ခက္...'
'ထ...'
'ဟင္..'
'ထေတာ့..အခုခ်က္ခ်င္း အိမ္ထဲကို၀င္ေတာ့...ဒီအတိုင္းဆက္ေနေနလို႔ ေတာ္ၾကာ ငါ့အိမ္ေရွ႕မွာ ေသသြားရင္ ငါ့ကိုအမႈပတ္ေနလိမ့္မယ္။ အခုခ်က္ခ်င္းထ...'
'ခ...ခက္....'
'မ၀င္ခ်င္းလည္းေနေတာ့'
ခက္ေျပာၿပီး အိမ္ထဲ၀င္မယ္ျပဳေတာ့ စစ္လည္း ကမန္းကတန္းထၿပီးလိုက္လာေလသည္။
အိမ္ထဲေရာက္ျပန္ေတာ့
'ေရာ့...ေခါင္းေတြသုတ္လိုက္အုံး...မင္းလဲဖို႔ အက်ႌသြားယူလိုက္အုံးမယ္' ဟုဆိုကာ စစ္ကို တဘက္တစ္ထည္ေပးထားခဲ့ၿပီး သူကေတာ့ အခန္းထဲကို၀င္လာခဲ့ၿပီး စစ္နဲ႔ေတာ္ေလာက္မယ့္အက်ႌကိုလိုက္ရွာရျပန္သည္။
'မတတ္ႏိုင္ဘူး ဒီတစ္ထည္က အႀကီးဆုံးပဲ' ေနာက္ဆုံးေတာ့ အႀကီးဆုံးအက်ႌတစ္ထည္ကိုသာယူလာလိုက္သည္။
'ေရာ့...ဒါနဲ႔လဲ၀တ္လိုက္...အဲ့ဒါက ငါ့အက်ႌေတြထဲမွာ အႀကီးဆုံးပဲ'
ခက္ေပးတဲ့အက်ႌကို သူ၀တ္ၾကည့္ေတာ့ သိပ္မေတာ္။ အင္း...လက္ေမာင္းေတြက က်ပ္ေနသည္။ ကိစၥမရွိပါဘူးေလ..ဒါေလးက ခက္ကိုယ္တိုင္ေပးတဲ့
ခက္အေငြ႕အသက္ေလးေတြဖုံးလႊမ္းေနတဲ့ အက်ႌေလးပဲ။ အက်ႌက သူနဲ႔က်ပ္ေနေပမယ့္ ခက္၀တ္လိုက္ရင္ေတာ့ ေတာ္ေတာ္ေခ်ာင္ေလာက္သည္။
သူ႔ရဲ႕ခက္က အရင္ကထက္စာရင္ နည္းနည္းပိန္သြားတယ္ေလ။
'မင္းအိပ္ခ်င္ရင္ ဒီမွာအိပ္လို႔ရတယ္။ မနက္မိုးလင္းရင္ ထၿပီးျပန္ေတာ့။ ေနာက္တစ္ခါ ဒီလိုအ႐ူးအလုပ္ေတြမလုပ္နဲ႔။ မင္းဘာလုပ္လုပ္ ငါကခြင့္လႊတ္မွာမဟုတ္လို႔..'
'ေမာင္ကလည္း ခြင့္လႊတ္ေပးဖို႔ မေတာင္းဆိုရဲပါဘူး ခက္ရယ္။ ဒါေပမယ့္ ခက္ခြင့္လႊတ္ေလာက္မယ့္အခ်ိန္ထိ ေမာင္ေတာင္းပန္ေနမွာပါ '
'ေမာင္??? '
'အင္း ဟုတ္တယ္...ေမာင္...ခက္ကို ႏွိပ္စက္ခဲ့တဲ့ စစ္က ၿပီးခဲ့တဲ့တစ္ႏွစ္ေက်ာ္ကတည္းက၊ ခက္ထြက္သြားကတည္းက ေသသြားခဲ့ၿပီခက္ရဲ႕ ...အခုက ခက္ကိုအရမ္းခ်စ္တဲ့...ခက္ဆီကခြင့္လႊတ္မႈကို ေမွ်ာ္လင့္ေနတဲ့ ေမာင္...ေမာင္မွားခဲ့တာေတြအတြက္ ေတာင္းပန္ပါတယ္ခက္ရယ္။ ေမာင့္ကို....ေမာင့္ကို...ေနာက္တစ္ႀကိမ္ ျပန္စခြင့္ေပးပါ။ ခက္ကိုအရမ္းခ်စ္တဲ့ ေမာင္အျဖစ္နဲ႔ ေမာင့္ကို အစကေနျပန္စခြင့္ေပးပါ...'
'မင္းေၾကာင့္ရတဲ့ ဒဏ္ရာက ဥဳံဖြမန္းလိုက္လို႔ ေပ်ာက္သြားမယ့္ဒဏ္ရာမွမဟုတ္တာပဲ မင္းစစ္ေမာင္။ ငါ့ႏွလုံးသားရဲ႕ ဟိုးအနက္ရႈိင္းဆုံးေနရာအထိ ဟက္တက္ကြဲခဲ့ရတဲ့ ဒဏ္ရာေလ။ အခုထိေတာင္ အနာမက်က္ေသးတာ။ ၿပီးေတာ့ မင္းကိုခြင့္လႊတ္မယ္ဆိုရင္ ငါ့သားေလးျပန္ရွင္လာမွာလား။ ငါ့သားေလးကို ျပန္ရွင္ေအာင္လုပ္ေပးမယ္ဆိုရင္ ငါမင္းကိုခြင့္လႊတ္ေပးမယ္..'
'ခက္ရယ္...ေမာင္...ေမာင္...ဘယ္လိုလုပ္ေပးရမလဲဟင္...ခက္...ခက္ေမာင့္ကိုခြင့္လႊတ္ဖို႔အတြက္ ေမာင္ဘာလုပ္ေပးရမလဲ...'
'ေတာ္သင့္ၿပီ။ ငါမင္းနဲ႔စကားမေျပာခ်င္ေသးဘူး။ ငါသြားအိပ္ေတာ့မယ္'
ေျပာၿပီးထြက္သြားတဲ့ ခက္ကိုၾကည့္ၿပီး သူ သက္ျပင္းခ်မိသည္။
'ေမာင့္ရဲ႕အသက္နဲ႔ ေပးဆပ္မယ္ဆိုရင္ေရာ
ခက္ေမာင့္ကိုခြင့္လႊတ္မွာလား' ဟုသာ တိုးတိုးေလးေရ႐ြတ္ေနမိသည္။
(ေတာင္းပန္ပါတယ္စစ္။ ငါမင္းကိုခြင့္မလႊတ္ႏိုင္ေသးဘူး။ သားေလးေသသြားတဲ့ျမင္ကြင္းက အခုထိ ငါ့မ်က္လုံးထဲက ေဖ်ာက္လို႔မရဘူး။ သားေလးကို ကာကြယ္မေပးႏိုင္ခဲ့တဲ့ မင္းကို ငါခြင့္လႊတ္သင့္သလား။ တကယ္လို႔ ခြင့္လႊတ္လိုက္မယ္ဆိုရင္ေရာ မင္းရဲ႕အခ်ိဳးေတြက ေျပာင္းလဲသြားမွာမလို႔လား။
မင္းက အခု ငါ့ကိုေတာင္းပန္ေနတုန္းခဏပဲ ေျပာင္းလဲခ်င္ေယာင္ေဆာင္ၿပီး ငါခြင့္လႊတ္လိုက္တဲ့အခါ အရင္အခ်ိဳးအတိုင္းျပန္ျဖစ္သြားရင္ေရာ....
ငါ့ႏွလုံးသားက ယဲ့ယဲ့ေလးပဲက်န္ပါေတာ့တယ္ စစ္ရယ္။ ထက္ျခမ္းကြဲလုနီးပါးျဖစ္ေနတဲ့ ငါႏွလုံးသားေလးက အခုခ်ိန္ထိ ျပန္ေတာင္မဆက္ရေသးပါဘူး။ တကယ္လို႔ မင္းက ငါ့ရဲ႕ အသဲကို ထပ္ခြဲရင္
ငါဘယ္လို အသက္ဆက္ရွင္ရပါ့မလဲ။ မင္းမွာ gayေတြမုန္းတဲ့ psycho ရွိသလို ငါ့မွာလည္း မင္းကိုထပ္မယုံရဲေတာ့တဲ့ psychoရွိေနတယ္ စစ္*)
ခက္က စဥ္းစားရင္း ေနာက္က်မွအိပ္ေပ်ာ္သြားသလို
အျပင္က စစ္မွာလည္း ခက္ကို ဘယ္လိုေတာင္းပန္ရမလဲဆိုတာ ေတြးရင္း ေနာက္က်မွ အိပ္ေပ်ာ္သြားသည္။ ထိုေန႔က အိပ္ယာခ်င္း မတူညီၾကေသာ္လည္း သူတို႔ ၂ေယာက္ရဲ႕ အိပ္မက္ေတြကေတာ့ ထပ္တူက်ေနေလသည္။
စစ္ႏိုးလာေတာ့ ေခါင္းက တစစ္စစ္နဲ႔ကိုက္ေနသည္။ ညက ေတာ္ေတာ္ေနာက္က်မွ အိပ္ေပ်ာ္သြားတာေရာ
မေန႔တုန္းက မိုးေရထဲ ၇နာရီေလာက္ ဒူးေထာက္ခဲ့ရတာေတြပါေပါင္းၿပီး ဒူးေတြလည္းနာ၊ ေခါင္းေတြလည္းကိုက္ႏွင့္ မနက္ခင္းကို အစျပဳရသည္။
သို႔ေသာ္လည္း တစ္အိမ္ထဲမွာ ခက္နဲ႔အတူ ႏိုးထရသည္ဟူေသာ အေတြးေၾကာင့္ သူေနမေကာင္းခ်င္တာေတာင္ ေပ်ာက္သြားသလို။ ဒီလိုအေျခအေနေလး ေရာက္လာတာကိုပဲ ေက်းဇူးတင္ရမည္။
အနည္းဆုံးေတာ့ ခက္သူ႔ကို အရမ္းႀကီးမုန္းမေနဘူးဆိုတာ သိလိုက္ရတယ္မဟုတ္ပါလား။ ခက္မႏိုးခင္ ျပန္ဖို႔အတြက္ ျပင္ဆင္လိုက္သည္။ သူက ခက္မ်က္ႏွာေလးကို တစိမ့္စိမ့္ထိုင္ၾကည့္ခ်င္ေသာ္လည္း ခက္က အခု သူ႔ကို စိတ္နာေနတယ္မဟုတ္ပါလား။ သူ႔ကိုျမင္ရင္ ခ်စ္ရတဲ့သူ ေ႐ႊစိတ္ေတာ္ညႇိဳးသြားမွာစိုးသျဖင့္ သူျပန္ဖို႔လုပ္လိုက္သည္။ စစ္က မတ္တပ္အထ ခက္က အခန္းထဲကထြက္အလာႏွင့္ တိုးေလသည္။
'ခက္...ႏိုးၿပီလား။ ေမာင္လည္း အခုေလးတင္ ျပန္ေတာ့မလို႔ပါ...'
'အင္း...ဒီအတိုင္းျပန္မလို႔လား...'
'ဘာကိုလဲ ခက္...'
'က်စ္..ဘာ..ဘာမွမဟုတ္ေတာ့ဘူး..မင္းျပန္ခ်င္ရင္ ျပန္ေတာ့ေလ'
'ျပန္ခ်င္ရင္ျပန္ေတာ့ ဆိုေတာ့...ေမာင္မျပန္ခ်င္ေသးရင္ေရာ..ဒီမွာေနလို႔ရတဲ့သေဘာလား'
'အဲ့လိုမဟုတ္ဘူး။ အခုခ်က္ခ်င္းျပန္ေတာ့..'
'ဟုတ္ပါၿပီ ခက္ရဲ႕သေဘာအတိုင္းပါ။ ေမာင္သြားေတာ့မယ္ေနာ္ ခက္ '
စစ္ထြက္သြားေတာ့ ခက္လည္း မ်က္ႏွာသစ္ သြားတိုက္ၿပီး ျပန္အိပ္မယ္ျပင္ေလသည္။ ညက ေတာ္ေတာ္ေနာက္က်မွ အိပ္ေပ်ာ္သြားတာမလို႔ သူေတာ္ေတာ္နဲ႔ အိပ္ေရးမ၀။ ခက္ျပန္အိပ္မည္ျပဳလိုက္စဥ္
ဖုန္းလာသျဖင့္ ကိုင္လိုက္ေတာ့ သူနဲ႔ storeဆိုင္မွာ တူတူအလုပ္လုပ္တဲ့ အကိုျဖစ္ေနသည္။
'Hello ကိုလႊမ္းထက္ ေျပာေလ'
'ခက္...ဒီေန႔ ညေနေလာက္ အားလား'
'အားပါတယ္ မဟုတ္လည္း က်ေနာ့္မွာ အလုပ္မွမရွိတာ ကိုလႊမ္းထက္ရဲ႕ '
'အဲ့ဒီအေၾကာင္းေျပာမလို႔ခက္ရ။ အကိုတို႔ကို
ဆိုင္ရွင္က ျပန္ေခၚေနတယ္။ အကိုတို႔ အလုပ္ျပန္ဆင္းလို႔ရၿပီတဲ့ '
'တကယ္...တကယ္လား ကိုလႊမ္းထက္...'
'တကယ္ေပါ့ဟ။ အစက ဆိုင္က အရင္းပဲျပဳတ္ေတာ့မွာလိုလိုဘာလိုလိုနဲ႔ျဖစ္ေနတာ။ အခုေတာ့ ဘယ္လိုက ဘယ္လိုျပန္အဆင္ေျပသြားမွန္းမသိဘူးေဟ့
ငါၾကားတာေတာ့ သူေဌးတစ္ေယာက္က ကူညီေပးတာဆိုပဲ ဟုတ္မဟုတ္ေတာ့ မသိဘူး'
'ဘာပဲျဖစ္ျဖစ္ပါ အကိုရာ။ အလုပ္ျပန္ဆင္းရေတာ့မယ္ဆိုေတာ့ က်ေနာ္က ေပ်ာ္တာေပါ့အကိုရဲ႕။ မဟုတ္ရင္ က်ေနာ့္အေျခအေနနဲ႔ တျခားအလုပ္ေတြကိုလည္း ၀င္ေလွ်ာက္လို႔ရမွာမဟုတ္ဘူးေလ။ ၿပီးေတာ့ က်ေနာ့္မွာ အလုပ္က မရွိေတာ့ သုံးစရာလည္း သိပ္မက်န္ေတာ့ဘူး။ အိမ္လခလည္း ေပးရအုံးမွာဆိုေတာ့ စိတ္ေတြညစ္ေနတာအကိုရ။ အေတာ္ပဲျဖစ္သြားတာေပါ့ '
'မင္းကေတာ့ေလ။ ကဲပါ ဒါျဖင့္ရင္လည္း
ညေနပိုင္းက် ဆုံၾကတာေပါ့။ '
'ဟုတ္ကဲ့အကို' ကိုလႊမ္းထက္ဖုန္းခ်သြားေတာ့ သူလည္း ျပန္မအိပ္ေတာ့ပဲ ေစ်း၀ယ္ရန္ ထြက္လာခဲ့သည္။ မေန႔က စစ္လိုက္လာလို႔ ေစ်းေတာင္ မသြားလိုက္ရဘူးမဟုတ္လား။ ခက္အျပင္ထြက္မယ္ျပဳေတာ့ စားပြဲခုံေလးေပၚမွာတင္ထားတဲ့ ပိုက္ဆံအိတ္ေလးတစ္အိတ္။
(စစ္ ေမ့က်န္သြားတာထင္တယ္*)
ခက္ဖြင့္ၾကည့္မယ္လုပ္ၿပီးမွ ျပန္ခ်ထားမိသည္။ သူမ်ား privacyကို ခ်ိဳးေဖာက္ရာက်တယ္မဟုတ္လား။ အခုဆို စစ္နဲ႔သူက သူစိမ္းေတြျဖစ္သြားၿပီပဲေလ။ ခက္ ပိုက္ဆံအိတ္ကိုခ်ထားလိုက္ၿပီး ေစ်းကိုပဲထြက္ခဲ့လိုက္သည္။ တကယ္လို႔ ခက္သာ ပိုက္ဆံအိတ္ေလးကိုဖြင့္ၾကည့္ခဲ့မယ္ဆိုရင္ K.Sဆိုတဲ့ visiting cardေလးကို ေတြ႕ရမည္ျဖစ္သည္။
Advertisement
- In Serial296 Chapters
The Urban Dao Child.
Yang Dao is an orphan. He does not speak much. He is so introverted that if not for his grades no one would have even known about him.
8 1727 - In Serial82 Chapters
The Best Assassin, Incarnated into a Different World’s Aristocrat
The eldest son of the assassin aristocrat Tuatha Dé.The skill, experience, knowledge of the previous life, magic, all of which grows his power as an assassin.Excellent assassins pass through. He was usually admired as the ideal lord, and behind it wielded a blade as an assassin aristocrat.
8 709 - In Serial50 Chapters
Across the Realms [Dropped]
Disclaimer: I'll leave this on here for anyone to read. The last time I uploaded a chapter was nearly a year ago, and to all the readers who still kept their trust in me after I came back from my umpteenth hiatus, I am sorry. I will not carry on writing this; I started off without the correct foundations of a novel, nor commitment to fully finish it and I do not want to lie to you all once again. Maybe one day, I may decide to re-write the novel, with a new basis or at least a comprehensive starting point with many of the narrative errors cleared up; but, till then, this is goodbye. And, once again, thank you for the motivation you gave me. Even now, I see many emails come through with people commenting. Goodbye. A child blessed by the Astral. An unprecedented destiny. Watch his path, as he marches up the stairway of Heaven. A March of a Sovereign. [Adventure, Wuxia, Martial Arts, Fantasy] This is a Qihuan novel; it has eastern and western fantasy elements. More often than not in Xianxia or Xuanhuan there is a severe lack of character development, being a western writer I'm changing that. My characters, from my totally unbiased view, feel fleshed out and actually have emotions. This is my first attempt at a novel, I'm writing as a means to better convey my thoughts. I will, hopefully, steadily improve chapter-by-chapter. I'm very open to feedback and constructive criticism. As one can see this is a cultivation novel, so you know how this goes. I've decided to jump-start the whole rags-to-riches scenario. He is strong from the start and is given the utility to do so. *The cover art is not my own, all rights reserved to the owner. I will take it down if necessary. *The style of the recent chapters is comparatively different than Chapter 1.
8 110 - In Serial8 Chapters
On How I Slayed The Celestial Beings To Court A Girl
This is a tale of love, freedom, and swords. An epic forged in the stars. And a romantic comedy story that takes root in a pseudo fantasy world. This is the light hearted daily life of several lovebirds for you to relieve stress during the pandemic. Full of smiles with a side dish of vulgar jokes and profanity Our legend follows Jack Parker who transmigrated from modern day Earth, And his sister Tomoko Parker, As they unearth the secrets buried in the depths of their hearts, And the mysteries of the old days. An excerpt from the God of Knowledge and her encounters with the Nine Tribulations Sword Master: “Aren't you a swordsman?” “Yes.” “Then why don't you ever use your sword?” “Because flesh to flesh feels better when beating people up.” “…” “Do you really need to know?” “Unless you don’t want me to sleep for several nights…” “...” "It's because my sword isn't for killing.” “Then what is it for?” “It's a gift…a gift for my beloved.” “I don't understand.” “You'll understand one day.” That day when a blazing sword light parted the sea of stars and set the world, the God of Knowledge finally understood the meaning behind that sword. It was a sword of liberation and a mark of the new day. This was the second time the God of Knowledge saw such a brilliant sword and she felt that it would be the last. For this sword was more peerless than the first and its master was invincible. That was until Jack Parker came along… This is a myth of 3 swords. Three swords of sincerity, salvation, and eternal love. *Author here (•‾⌣‾•)و ̑̑♡ (I know many including me prefer novels with more chapters updated so if you find my book interesting please feel free to bookmark and save it for when more chapters come out! Thanks.)*
8 143 - In Serial7 Chapters
Holmes: the case of dead man's sleep
Holmes has become bored with the lack of interesting cases. When Mr. Joey Deets sends Holmes a note asking him to look into a bizarre case of suicide at his company. Holmes is dying to accept the new challenge and a challenge it is, as both Cain and Holmes begin to suspect there's more to Scott Flout's death than just a really bad case of the Mondays.
8 243 - In Serial24 Chapters
voiceless | s.sw
a girl who was traumatized by the accident with her parents made her stop from talking. an incident that shut her, that made her voice, voiceless.[highest rank #2 for wenv category 💜][highest rank # 1 for son seungwan category 💙]
8 160

