《Let Me Start Again [Completed]》LMSA 40
Advertisement
သူအခန်းထဲ၀င်လိုက်တော့ တွေ့လိုက်ရသည်က
သူ့ကိုပြုံးကြည့်နေသည့် ခက်.....
ခက်ကိုတွေ့လိုက်ရတာကြောင့်
'ခက်...ခက်က...ခက်က...မောင့်ဆီကိုပြန်လာတာပေါ့..ဟုတ်လား...ခက်...ခက်...နောက်ဆုံးတော့..မောင့်ဆီကိုပြန်လာခဲ့ပြီပေါ့...ကျေးဇူး...
ကျေးဇူးတင်ပါတယ်ခက်ရယ်...မောင်...
မောင်လေ...ခက်ကို အရမ်းလွမ်းနေခဲ့တာ....'
သူ ၀မ်းသာအားရနဲ့ ခက်ကိုပြေးဖက်လိုက်သော်လည်း....ခက်ကပျောက်သွားလေသည်။ သူ...သူ..စိတ်ထင်နေတာပေါ့။
ခက်..ခက်..တကယ်မလာဘူးပေါ့..
'ခက်...ခက်...မောင့်ကို မစပါနဲ့ခက်ရာ...ခက်ဒီမှာ
ရှိနေတာ မောင်သိတယ်...ထွက်လာခဲ့တော့ကွာ...
မောင့်ကိုပုန်းမနေပါနဲ့...မောင်...မောင်..ခက်ကို
တွေ့ချင်လို့ပါ။ ခက်...ပုန်းမနေနဲ့တော့လို့....တောင်းပန်ပါတယ်...မောင်...မောင်..
တောင်းပန်ပါတယ်။ ထိုင်..ထိုင်ရှိခိုးဆို..ရှိခိုးပါ့မယ်ခက်ရယ်...မောင့်ဆီကို...မောင်ဆီကိုပြန်လာခဲ့
ပေးပါ။ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးတော့...မောင်...မောင်..ခက်ကိုအရမ်းချစ်တဲ့အကြောင်းတွေ ပြောပြချင်သေးတယ်ခက်ရဲ့....ဘာလို့...ဘာလို့..
မောင့်ကိုထားသွားရတာလဲ...ခက်မသွားရဘူး!!
မသွားရဘူးလို့!!! '
စစ်ပြောနေရင်းနဲ့ နံရံကိုလက်သီးနဲ့ထိုးပြန်သည်။
'ခက်...ခက်..ထွက်လာခဲ့နော်။ ခက်ထွက်မလာသေးရင်..မောင်...မောင့်လက်တွေကျိုးသွားတဲ့အထိ
ထပ်ထိုးနေမှာ....ခက်...ထွက်လာပါတော့ခက်ရယ်...မောင်...မောင်လေ...ခက်ကို..ခက်ကိုတွေ့ချင်လွန်းလို့ရူးတော့မယ် ခက်ရ....'
သူ့ခေါင်းအုံးပေါ်မှာတင်ထားတဲ့ သူတို့ ၂ယောက်ရဲ့ ဓါတ်ပုံဆီကိုအကြည့်ရောက်သွားတော့
အပ်ကြောင်းများစွာနဲ့ ဓါတ်ပုံလေးကို ယူလိုက်ပြီး
'မောင့်ရဲ့ခက်က..ပြုံးနေတော့...ချစ်စရာကောင်း
တာပဲ။ မောင်တော်တော်ဆိုးတယ်နော်...ခက်အပေါ်မှာရက်စက်နေမိတာ....ခက်..ခက်ကမောင့်ကို
ပြုံးပြနေတယ်.. ဟုတ်လား...မောင့်ဆီကို ပြန်လာမယ်မဟုတ်လားဟင်....ပြန်လာမယ်လို့ဖြေလေ
ခက်ရဲ့ ....မောင် ခက်ကိုမျှော်နေတယ်ဆိုတာ
ခက်သိတယ်မဟုတ်လား... '
''ငါမင်းနဲ့ ကွာရှင်းပေးမယ် စစ်'' သူ့ရဲ့နားနားမှာ
ကပ်ပြောနေသလိုမျိုး ခက်ရဲ့အသံကိုကြားမိပြန်တော့
'မဟုတ်ဘူး!!! မဟုတ်ဘူး!! မပြောနဲ့ !!!
ဘာလို့...ဘာလို့..မောင်ကခက်နဲ့ကွာရှင်းရမှာလဲ...ခက်ကို..ခက်ကိုမောင်က သိပ်ချစ်တာလေ။
ဘာလို့..ဘာလို့..ခက်ကိုထွက်သွားခွင့်ပေးလိုက်ရမှာလဲ....
တောင်း...တောင်းပန်ပါတယ်။ သားလေးကို...
သားလေးကို ကာကွယ်မပေးနိုင်ခဲ့လို့....
ခက်မကျေနပ်ဘူးဆိုရင်..မောင့်ကို...မောင့်ကို..ပြန်ပြီးကလဲ့စားချေလို့ရပါတယ်ခက်ရယ်....
အခုလို...အခုလိုကြီးတော့ ထားမသွားပါနဲ့။
ခက်ရဲ့မျက်နှာလေးကိုကြည့်နေရပြီး ခက်ပြန်ရက်စက်တာကိုခံရတာက ခက်အခုလို မောင့်ကိုထားသွားတာထက်စာရင်..ပိုပြီးတော့ ခံသာပါသေးတယ်ခက်ရဲ့ '
ထပ်ပြီးတော့...ထပ်ပြီးတော့...သူလည်းမျက်ရည်တွေကိုပဲ အဖော်ပြုရပေအုံးမည်။
'မောင်ပြန်မလာတဲ့ ရက်တွေတုန်းက ခက်လည်း
အခုလိုပဲ ခံစားနေရမှာပဲနော်။ အခု...ခက်ပြန်မလာတော့...မောင်လည်း ခက်လိုပဲ ခံစားနေရတယ်ခက်ရဲ့
...မဟုတ်သေးဘူး...ခက်က..ခက်က..မောင့်ထက်ပိုပြီးတော့တောင် ခံစားခဲ့ရအုံးမှာပဲ...'
King sizeကုတင်ကြီးရှိနေတာတောင် စစ်ဟာ ခက်အိပ်သွားခဲ့တဲ့ dreambedပေါ်မှာပဲ အိပ်ဖို့ပြင်လိုက်သည်။
'ခက်...ခက်..ခံစားခဲ့ရတာနဲ့ ထပ်တူပြန်ပြီး...မောင်ခံစားရမယ်ဆိုရင်...ခက်၀မ်းနည်းခဲ့ရတာနဲ့ထပ်တူ...မောင်၀မ်းနည်းခဲ့မယ်ဆိုရင်....အဲ့ဒါဆိုရင်...ခက်..မောင့်ဆီပြန်လာမယ်မဟုတ်လား....သတိရတယ်..ခက်ရဲ့ ....ဘယ်ကိုရောက်နေတာလဲ....
ခက်ရောက်နေတဲ့နေရာမှာရော...ပျော်နေရဲ့လား...မောင့်ကို.. မောင့်ကို...မေ့သွားပြီလား...ခက်သိလား...အခုဆိုရင်...ခက်ကြိုက်ခဲ့တဲ့ အလွမ်းသီချင်းတွေအကုန်လုံးကို မောင်လည်း ကြိုက်တတ်လာပြီ။ ခက်သာ...ခက်သာ...ပြန်လာမယ်ဆိုရင်...မောင်....မောင်အကုန်လုံးကို ပြောင်းလဲပါ့မယ်....'
တတွတ်တွတ်ပြောနေရင်းနဲ့ပဲ....မျက်ရည်တွေမခမ်းခြောက်သေးနဲ့ပဲ...သူ ဒီတစ်ညကိုလည်း...အိပ်ပျော်သွားပြန်သည်။ သူနဲ့ခက်ရဲ့ နောက်ထပ်မရှိနိုင်တော့တဲ့ ဓါတ်ပုံလေးကို ရင်ခွင်မှာ ပိုက်ထားရင်းနဲ့ပေါ့....
🎶သတိရလိုက်တာ...လွမ်းလိုက်တာအချစ်ရယ်...
ဘယ်ဆီရောက်သွားလဲ....
အချိန်တွေအတော်ကြာ ပြောင်းလဲလို့လာတယ်....
အိပ်စက်မရပါ..အလွမ်းညများစွာ...
ငါလေတစ်ယောက်ထဲပဲ....
ဒဏ်ရာတွေအလယ် မွန်းကြပ်လို့ပါကွယ်....
မေ့လို့မရလို့ပါ...ဟိုအရင်အချိန်များထဲ
အတူပျော်ခဲ့တဲ့...နေ့တွေရယ်
ငါပြန်မျှော်နေမိခဲ့....
မင်းရဲ့နွေးထွေးမှုကိုပဲ...
ပြန်လိုချင်မိခဲ့...
မင်းရဲ့ယုယမှုတွေ ပေးပါကွယ်
ပြန်လာမှာလားကွယ်...
ငါအရမ်းလွမ်းလို့ပါအချစ်ရယ်....
ဘယ်ဆီရောက်နေလဲ....ငါ သတိရလို့ပါကွယ်....
ငါပြန်မျှော်နေမိခဲ့ ......
မင်းရဲ့နွေးထွေးမှုကိုပဲ.....
ပြန်လိုချင်မိတယ်....
မင်းရဲ့ယုယမှုတွေပေးပါကွယ်......
ပြန်လာမှာလားကွယ်....
ငါသတိရလို့ပါအချစ်ရယ်.....
ဘယ်ဆီရောက်နေလဲ....
ငါသတိရလို့ပါကွယ်......🎶
Alarmသံကြားတာနဲ့ စစ် အိပ်ယာကထမိသည်။ သီချင်းကို ဆုံးတဲ့အထိနားထောင်သည်။ ပြီးရင်
ခက်ကိုလွမ်းသည်။ ခက်သူ့အပေါ် ကောင်းပေးခဲ့တာ ယုယပေးခဲ့တာတွေကို ပြန်မြင်ယောင်ပြီး မျက်ရည်ကျသည်။
ဒါဟာသူ့ရဲ့ နေ့စဥ်လုပ်နေကျအလုပ်တစ်ခု....
ဒီနေ့လည်း သူ့ရဲ့ တစ်နေ့တာကို မျက်ရည်တွေနဲ့ပဲ အစပြုရပြန်သည်။ မနက်မိုးလင်းတိုင်း ခက်
လုပ်ပေးနေကျ သွားတိုက်တံလေးကို လိုက်ရှာမိသည်က အလုပ်တစ်ခုလို။ ခက်ကိုရှာဖို့ အပြင်ထွက်မယ်လုပ်တိုင်း ခက်များ အိမ်ကိုပြန်လာပြီး သူ့အတွက် မနက်စာပြင်ပေးထားလေမလားဟူသော မျှော်လင့်ချက်ဖြင့် ထမင်းစားခန်းကို ပြေးကြည့်မိတာ အခါခါ။
Companyကိုလည်း မသွားသဖြင့်...daddyက
သူ့ကို အမြဲတမ်းလိုလို လာ သတိပေးသည်။
ကြာလာတော့လည်း သူ့ကို လွှတ်ထားလိုက်သည့်ပုံပင်။
ဒီနေ့တော့ မင်းခန့်တို့ မင်္ဂလာဆောင်ရှိသဖြင့် ခက်များ လာလေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူထွက်လာခဲ့လိုက်သည်။ ခက်သာ လာခဲ့မယ်ဆိုရင်
Advertisement
သူခက်ကို ပြန်တောင်းပန်ပြီး အိမ်ကိုပြန်ခေါ်လာမည်။
အတွေးနဲ့အတူ မင်းခန့်တို့ဆီကိုရောက်သွားလေတော့.....
'မင်းရောက်ပြီလား...ထိုင်အုံးနော်၊ ငါဟိုဘက်ကို သွားပြီး ဧည့်ခံလိုက်အုံးမယ်'
မင်းခန့်ကပြောတာကြောင့်
'အင်းပါ...မင်းအေးအေးဆေးဆေးပဲလုပ်ပါ။
ငါက အဆင်ပြေပါတယ်။ congratuationပါ
စိုးစံနိုင်'
'ဟုတ်ကဲ့ လာပေးလို့ကျေးဇူးတင်ပါတယ် '
မင်းခန့်တို့ သွားကြတော့ သူ ၀င်ပေါက်ကိုသာ
မျှော်နေမိသည်။ ခက် လာလောက်မှာပါနော်။
မင်းခန့်နဲ့ စိုးစံနိုင်က ခက်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေပဲကို...
ခက်လာလောက်မှာပါ.....
ခက်ဟာ....စစ်ရဲ့အတွေးတွေကို ကြိုသိနေသည်ထင်။
စစ်...စောင့်နေသော်လည်း မင်္ဂလာဆောင်မှာ
ခက်ရဲ့အရိပ်လေးတောင်မှ မမြင်ခဲ့ရပေ။
နောက်တော့ မင်းခန့်တို့ကို နှုတ်ဆက်လိုက်ပြီး သူလည်း ခက်ကိုလိုက်ရှာဖို့ ထွက်လာခဲ့လိုက်သည်။
စစ်အိမ်ကိုပြန်ရောက်တော့...ထုံးစံအတိုင်း တံခါးဖွင့်သံကြားတာနဲ့ ခက်များပြေးထွက်လာမလားဆိုပြီး ရှာမိပြန်သည်။
'ဟက်! မောင်ရူးနေပြီခက်ရယ်...မောင်တကယ်ရူးနေပါပြီ.... မင်းခန့်ရဲ့ မင်္ဂလာဆောင်ကိုတောင်
ခက်မလာခဲ့ဘူးနော်....မောင်...မောင်လေ...ခက်ကိုတွေ့ချင်လိုက်တာ...မောင့်ကို...မောင့်ကို...မြင်တောင်မမြင်ချင်တော့ဘူးလားဟင်....မောင်...မောင်ဘာလုပ်ပေးရမလဲ...ခက်..ခက်ပြန်လာဖို့....ခက်..
မောင့်ကိုခွင့်လွှတ်ဖို့...မောင်....မောင်...ဘာလုပ်ပေးရမလဲ....ခက်ပြောတဲ့အတိုင်း....ခက်ဖြစ်စေချင်တဲ့အတိုင်း...အကုန်လုံး...အကုန်လုံးကို...လိုက်နာပေးမှာမလို့....ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး ပြန်လာပါတော့ခက်ရယ်။ မောင့်ကို...မောင့်ကို...အရင်တုန်းကလို...မနက်စာပြင်ပေးအုံးလေခက်ရဲ့ ။ မောင်...မောင်..အိပ်ယာထနောက်ကျရင်...လာနှိုးပေးအုံးလေခက်ရာ....တောင်းပန်ပါတယ်...တောင်းပန်ပါတယ်....ခက်...ပြန်လာတော့ကွာ...။ '
နောက်ပိုင်းမှာတော့ စစ်တစ်ယောက် အရက်တွေကိုသာ လှိမ့်သောက်နေမိသည်။ အရက်မူးရင် ခက်ကို ခဏလောက်မေ့နိုင်မည်ထင်နေသော်လည်း လွမ်းစိတ်တို့ကသာ ပိုလာသည်မို့။
တောင်းပန်ပါတယ်...တောင်းပန်ပါတယ်.. ပြန်လာခဲ့ပေးပါ....
နေ့တိုင်းလိုလို...ခက်ရဲ့စိတ်နဲ့ အစားမစားပဲ အရက်တွေကိုသာ ဖိသောက်နေမိတဲ့ စစ်ဟာ...တစ်ရက်မှာတော့ ခက်နဲ့သူ့ရဲ့ ဓါတ်ပုံလေးကို ပိုက်ထားရင်း
ငြိမ်သက်နေလေသည်။
'စစ်....စစ်....ငါတို့လာတယ်...'
မင်းခန့်အော်ခေါ်နေသော်လည်း အထဲက
ထူးသံမကြားရ။ ဘေးက အခန်းတွေကို မေးကြည့်သော်လည်း စစ်က အပြင်ကို မထွက်တာကြာပြီတဲ့။
မင်းခန့်လည်း စိုးရိမ်သွားပြီး တံခါးကို အမြန်ဖျက်ဖို့လုပ်ကြရလေသည်။ နောက်ဆုံး တံခါးပွင့်သွားတော့
စစ်ကို အပြေးအလွှားရှာမိကြသည်။
တွေ့ပါပြီ။ တိပ်ကပ်ရာတွေဗလပွနဲ့ သူတို့ ၂ယောက်ရဲ့ပုံလေးကို ရင်ခွင်ထဲမှာပိုက်ထားပြီး လက်တစ်ဖက်က ဝါညစ်ညစ်အရောင်ဖြစ်နေတဲ့၊ ခက်သူ့အတွက်
ချန်ထားခဲ့တဲ့ စာရွက်လေးတစ်ရွက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားကာ dreambedပေါ်မှာ
ငြိမ်သက်နေတဲ့ စစ်။ သူ့ရဲ့ လည်ပင်းမှာလည်း လက်စွပ်လေးတစ်ကွင်းကို ဆွဲကြိုးလုပ်ပြီး
ဆွဲထားလေသည်။
'စစ်...စစ်...သတိထားအုံးလေ။ '
မင်းခန့် သွေးကြောကို စမ်းကြည့်မိတော့ အသက်ရှင်နေသေးသည်။ ဒါဆို ဒီနေ့မနက်ကမှ လဲကျသွားတာပဲဖြစ်ရမယ်။
မင်းခန့် ambulanceကို ခေါ်လိုက်ပြီး အစိုးကိုတော့ ဦးမင်းထက်တို့ဆီကိုဆက်စေသည်။
ကားရောက်တာနဲ့ စစ်ကို ဆေးရုံကို အမြန်ခေါ်ခဲ့လိုက်ကြသည်။
စစ်ဟာ တကယ်ပဲ လောကကြီးကို အရှုံးပေးလိုက်ပြီလား။
To be continued.....
[A/N....စာပိုဒ်လေးတွေ ခွဲထားပါတယ်နော်။
ဖတ်လို့အဆင်မပြေတာရှိရင် လာပြောလို့ရပါတယ်ရှင်
愛你愛你💚💚]
မသွားရဘူးလို့!!! '
Advertisement
ခက်သိတယ်မဟုတ်လား... '
ဘယ်ဆီရောက်သွားလဲ....
ငါလေတစ်ယောက်ထဲပဲ....
ငါပြန်မျှော်နေမိခဲ့....
ပြန်လိုချင်မိခဲ့...
ပြန်လာမှာလားကွယ်...
ငါပြန်မျှော်နေမိခဲ့ ......
ပြန်လိုချင်မိတယ်....
ပြန်လာမှာလားကွယ်....
ဘယ်ဆီရောက်နေလဲ....
ငါသတိရလို့ပါကွယ်......🎶
ငါက အဆင်ပြေပါတယ်။ congratuationပါ
စိုးစံနိုင်'
မျှော်နေမိသည်။ ခက် လာလောက်မှာပါနော်။
ခက်လာလောက်မှာပါ.....
ငြိမ်သက်နေလေသည်။
'စစ်....စစ်....ငါတို့လာတယ်...'
ဆွဲထားလေသည်။
'စစ်...စစ်...သတိထားအုံးလေ။ '
To be continued.....
愛你愛你💚💚]
Advertisement
- In Serial441 Chapters
Possessing Nothing
C-class mercenary. Started as a No Class, possessing nothing. 13 years of survival in the depths of the ditches. I’ve managed to return to the beginning, but…
8 716 - In Serial390 Chapters
Inhuman Warlock
The boy has no powers, they claimed.
8 671 - In Serial11 Chapters
Heart broken Queen
don't blame her! love made her crazy...
8 182 - In Serial9 Chapters
Dark Storm
The System World is a famous game played by nearly billion people worldwide. Clint Hein who strives to work in spite of poverty was forced to play because he could hear and listen to the news of the game where many had become rich here. But he doesn't know how to do it. That is why he simply continues to play, along with work to provide for the family while the whole body and the mind are in the work and play. However, the whole world does not know that System World is the only way to survive the invasion.
8 164 - In Serial52 Chapters
The Country of Monsters
I found myself in the middle of a valley with no memory. I have this weird feeling inside me - is this magic? I accidentally open a portal and goblins come out? They say I am their master? What is going on? I will build an empire of monsters and explore this world! MC is building an empire of monsters in a world dominated by human kingdoms.
8 227 - In Serial31 Chapters
Dos | Tricia Robredo One-shot
Tricia Robredo x Fem ReaderWork of fiction po, don't take this seriously.
8 140