《Let Me Start Again [Completed]》LMSA 38
Advertisement
စစ် ပြန်ရောက်တာနဲ့ ဒုတိယထပ်ကို အလျင်အမြန်ပဲ တက်ခဲ့လိုက်သည်။ ခက်...ခက်သူ့ကို ထားမသွားဘူးမလား။ ခက် ဒေါသထွက်နေတုန်းမလို့ ပြောခဲ့တာ
မလား.....သူထင်သလိုမဖြစ်ပါစေနဲ့လို့
ဆုတောင်းနေခဲ့သော်လည်း...
မြင်လိုက်ရသည်က မနက်က သူထွက်သွားတုန်းကအတိုင်း ကျန်နေခဲ့တဲ့ အိပ်ခန်းတံခါး။
ခါတိုင်းဆို အခန်းထဲမှာ ခက်ရှိနေရင် တံခါးကို
အမြဲလိုလို ပိတ်ထားတတ်သည်။ အခုက မနက်တုန်းကအတိုင်းပဲဆိုတော့....
စစ်.. စိုးရိမ်တကြီးနဲ့ အိပ်ခန်းထဲကို ပြေး၀င်လာမိသည်။ ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး..
ရှိနေပေးပါ...
အိပ်ခန်းထဲရောက်တော့ မြင်လိုက်ရသည်က စာရွက်နှစ်စောင်နဲ့ လက်စွပ်တစ်ကွင်း။ တိတိကျကျပြောရမယ်ဆိုရင် ခက်ရဲ့လက်မှတ်ပါတဲ့ ကွာရှင်းစာချုပ်နဲ့ ခက်ရေးထားခဲ့တဲ့ စာ။ ပြီးတော့ ခက်အမြဲတမ်း
၀တ်ထားတတ်တဲ့ လက်ထပ်လက်စွပ်...
'ဟင့်အင်း မဖြစ်နိုင်ဘူး' ဗီဒိုကိုဖွင့်ကြည့်မိတော့ ခက်ရဲ့အ၀တ်အစားတချို့နဲ့ luggageအိတ်က ပျောက်ဆုံးနေသည်။
'မဖြစ်နိုင်ဘူး! ခက်...ခက်...ငါ့ကို ပုန်းနေတာမဟုတ်လား။ ထွက်ခဲ့တော့လေ။'
စစ်တစ်ယောက် မဖြစ်နိုင်ဘူးဆိုတာကိုသာ တွင်တွင်ပြောနေပြီး အပြင်ပြေးထွက်သွားကာ ခက်ကိုလိုက်ရှာနေမိသည်။ စိတ်နဲ့လူနဲ့ မကပ်တာကြောင့်
ဖိနပ်မပါပဲ ပြေးထွက်လာမိတာတောင် သူ့ကိုယ်သူ မသိတော့။ ခက်ကိုတွေ့ရဖို့ကသာ အရေးကြီးနေတာမို့။
(daddyတို့ ခေါ်သွားတာများလား*)
အတွေးထက်အရင် လူက ကားပေါ်ရောက်နှင့်နေပြီး ဦးမင်းထက်တို့ဆီကို မောင်းလာခဲ့လိုက်သည်။
'Daddy ..daddy!! '
'ဘာလာလုပ်တာလဲ မင်းစစ်မောင်။ ငါတို့အိမ်ကို
လာစရာမလိုဘူးလို့ပြောထားတယ်မဟုတ်လား'
'ခက်..ခက်ကို ထုတ်ပေး၊ ခက်ကိုထုတ်ပေးရင်
ကျနော်ပြန်မယ်'
'ခက်ကိုထုတ်ပေး ဟုတ်လား...မင်းရူးနေလား။
ခက်က တိုက်ခန်းမှာရှိနေမှာပေါ့ '
'မ...မရှိတော့ဘူး။ ခက်....ခက်...မရှိတော့ဘူး။ သူ...သူ...ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီး
ထွက်သွားပြီ.. '
'ကောင်းတာပေါ့.. မင်းပဲ အဲ့ဒီလိုဖြစ်စေချင်နေတာမဟုတ်ဘူးလား။ အခု မင်းဖြစ်စေချင်တဲ့အတိုင်း
ခက်က မင်းကိုကွာရှင်းပေးပြီး ထွက်သွားပြီလေ။ မင်းပျော်နေရမှာပေါ့'
'Daddy!! ကျနော်...ကျနော်...တောင်းပန်ပါတယ်။ ခက်ကို...ခက်ကို...daddyတို့ ခေါ်ထားတာမဟုတ်လား။ ခက်ကို..ခက်ကိုထုတ်ပေးပါ။ ကျနော်သူ့ကိုရှင်းပြစရာတွေရှိနေသေးတယ်။ သူ...သူ...ကျနော့်ကို အထင်လွဲသွားတာတွေအတွက်...ကျနော်ရှင်းပြချင်သေးလို့ပါ..ကျနော်တောင်းပန်ပါတယ် daddyရယ်။ ခက်ကိုထုတ်ပေးပါ..ကျေးဇူးပြုပြီးတော့'
'ခက်ကို ထုတ်ပေးရအောင်က ငါတို့မှ ခက်ကို
ခေါ်မထားပဲ မင်းစစ်မောင်ရဲ့။ ငါတို့ကဖွက်ထားတာလို့ မတွေးပဲနဲ့ မင်းကို စိတ်နာပြီးထွက်သွားတာလို့ရော မတွေးမိဘူးလား ဟမ်!! '
'မဟုတ်ဘူး!! ခက်က...ခက်က...ကျနော့်ကိုထားသွားမှာမဟုတ်ဘူး။ သူက ကျနော့်အနားက ဘယ်တော့မှထွက်မသွားဘူးလို့ အမြဲတမ်းပြောနေတတ်တာ'
'မင်းက အရမ်းအတ္တကြီးတာပဲ။ မင်းလုပ်ပုံတွေကရော ဟုတ်နေလို့လား။ မင်းက ခက်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေလို့ ခက်က ထွက်မသွားရမှာလား။ ကိုယ့်အပြစ်ကို မသိပဲနဲ့ ဘေးလူတွေကို ပတ်ရမ်းမနေနဲ့။ တကယ်လို့ ခက်က ငါတို့ဆီကိုရောက်လာမယ်ဆိုရင်တောင် ငါတို့က မင်းမသိနိုင်တဲ့နေရာမှာဖွက်ထားမှာ'
ဦးမင်းထက်က ပြောပြီးတာနဲ့ အိမ်ထဲကို တန်း၀င်သွားတာကြောင့် စစ်လည်း မင်းခန့်ဆီ ထွက်လာခဲ့လိုက်သည်။
'မင်းခန့်...ခက်...ခက်..မင်းဆီလာသေးလား '
'ငါက မင်းနဲ့အတူ တနေကုန်ရှိနေတာလေ။ ပြီးတော့ ခက်က ဘယ်လိုလုပ် ထွက်သွားတာလဲ'
'သူ..သူ...မရှိတော့ဘူး...'
'သက်နွယ်တို့ဆီများ ရောက်နေလို့လား'
'မဖြစ်နိုင်ဘူး..ခက်က...ခက်ကအဲ့ဒီလို သူများအိမ်မှာညမိုးချုပ်တဲ့အထိ မနေတတ်ဘူး'
မင်းခန့်က သက်နွယ်တို့ဆီ ဖုန်းဆက်ကြည့်သော်လည်း သက်နွယ်တို့က ခက်မလာဘူးလို့သာပြောနေကြသည်။ မင်းခန့်တို့ဆီကိုလည်း
ရောက်မလာဘူးဟုဆိုသဖြင့် ခက်ရဲ့မိဘတွေနဲ့
နေခဲ့တဲ့အိမ်ကို သွားကြည့်မိသော်လည်း အိမ်တံခါးက သော့ခတ်ထားလျက်သာ။
နောက်ဆုံး ဘယ်သူ့ဆီမေးမေး ခက်မလာခဲ့ဘူးလို့သာ ပြောနေကြတာကြောင့် စစ် စိတ်ဓါတ်ကျစွာပဲ တိုက်ခန်းကို ပြန်လာခဲ့ရလေသည်။
ခက်များပြန်ရောက်နေမလားဆိုတဲ့ အတွေးနဲ့ အိပ်ခန်းထဲကို ပြေးကြည့်မိတော့လည်း သူထွက်လာတုန်းကအတိုင်း ခြေရာလက်ရာမပျက်။ ခက်
သူ့အတွက်စာရေးထားခဲ့တာ ရှိနေသေးတာပဲ။
✍ ဘယ်လိုလဲ မင်းစစ်မောင်။ အခု မင်းဖြစ်စေချင်သလို ဖြစ်သွားပြီမလို့ အရမ်းတွေမှ ပျော်နေပါရဲ့လား။ မင်းကိုချစ်ရတာ နာကျင်နေမှန်းသိရဲ့သားနဲ့တောင် တစ်နေ့နေ့တော့ မင်းပြန်ချစ်လာမှာပါဆိုပြီး ကောက်ရိုးတစ်မျှင်စာတောင် မရှိတဲ့မျှော်လင့်ချက်လေးထားခဲ့မိတဲ့ ငါကပဲ မှားနေခဲ့တာများလား။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးထားခဲ့တာမလို့
မင်းပျော်နေလို့ရပါပြီ။ ငါ့သားလေးရဲ့ အသက်သွေးနဲ့ ငါ့ရဲ့ သွေးမျက်ရည်တွေ ခင်းထားတဲ့လမ်းကြောင်းပေါ်မှာ မင်းနဲ့ မင်းသိပ်ချစ်လှပါတယ်ဆိုတဲ့ ဟန်နီနိုင်နဲ့ အတူတူ ပျော်ပျော်ကြီးလျှောက်လှမ်းကြပေါ့။
မင်းတို့ လိပ်ပြာလုံပါစေလို့ပဲ ဆုတောင်းပေးတယ်။ သွေးစိမ်းရှင်ရှင်ကျနေတဲ့ ငါ့နှလုံးသားနဲ့ ထပ်တူ
ဆုတောင်းပေးလိုက်ပါတယ်...
မင်း.....ပျော်.....ရွှင်......ပါ.....စေ ✍
ကိုယ့်ဘက်က ကြင်နာမှုတွေပေးတိုင်း သူ့ဘက်က နာကျင်မှုတွေပဲ ပေးနေတဲ့အခါ... ကိုယ့်ဘက်က အချစ်တွေပေးတိုင်း ပြန်ရတာက နာကျင်မှုတွေပဲဖြစ်နေတဲ့အခါ....ဆက်ပြီးမခံစားနိုင်တော့တဲ့
ငါကပဲ ထွက်ပြေးပါရစေ စစ်......
ခက်ရေးထားတာကို ဖတ်ကြည့်ပြီးတဲ့နောက်မှာတော့ သူ အရူးတစ်ယောက်လို အော်ငိုမိသည်။
'ခက်...ခက်....မင်း..ငါ့ကိုအထင်လွဲနေတာပါခက်ရာ။ သားလေးကို...သားလေးကို ငါမသတ်ရပါဘူး။ ငါ..ငါ..တောင်းပန်ပါတယ်။ ငါ...ငါ...မင်းကို
Advertisement
ဘာမှရှင်းမပြရသေးဘူးလေ ခက်ရဲ့ '
သူခက်ဆီကို ဖုန်းခေါ်လိုက်တော့ ....
🎶ထာ၀စဥ်...သိပ်ချစ်တတ်လို့..မှားတတ်သူမှာ.....
ရင်ခုန်သင်ရိုးညွှန်းတမ်းက...
ဒဏ်ရာသင်ခန်းစာ...ပဲကွယ်....
ဟိုစဥ်...ဘ၀ရဲ့ကျောင်းထဲအချစ်ဖတ်စာကို....
အသေချာမကျေညက်ခဲ့တော့လည်း....
ဒဏ်ရာတွေပဲ...ကိုယ်...ရတယ်...
မှား...ပြန်တယ်... 🎶
သူ့အနီးနားတစ်၀ိုက်မှာပဲ ringtoneသံကြားရ
သဖြင့် လိုက်ရှာကြည့်ရာ အံဆွဲထဲမှာ ရှိနေတဲ့
ခက်ရဲ့ဖုန်းကို တွေ့ရလေသည်။ ခက်က ဖုန်းကို ထားခဲ့တာလား။
Contact nameကိုကြည့်မိတော့ စစ် မှင်သက်သွားရသည်။ Contact nameမှာ သူ့ကိုမှတ်ထားတာက..
တဲ့လေ
ခက်နဲ့ဆိုရင် အမြဲတမ်း တည်တင်းနေတတ်တဲ့မျက်နှာကြောင့်၊ ခက်ကို မုန်းတယ်လို့ အမြဲရေရွတ်နေတတ်တာကြောင့်၊ ခက်ရဲ့ရင်ထဲကနေ တိတ်တခိုးခေါ်နေတဲ့ မောင် ဆိုတဲ့နာမ်စားလေးကို သူမကြားခဲ့ရပေ။ စစ်လို့ပဲ အမြဲခေါ်ခဲ့သည်သာ။ အခုတော့ screenပေါ်က နာမ်စားလေးကိုသာကြည့်မိရင်း
သူဆောက်တည်ရာမရစွာ ငိုမိပြန်သည်။
'ဟက်...မောင်....မောင်တဲ့လားခက်ရာ....ဘယ်လောက်တောင်....ဘယ်လောက်တောင် ခံစားနေခဲ့ရမလဲ။ တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...တကယ်...တကယ်ပဲတောင်းပန်ပါတယ်။ မင်းကို ကွာရှင်းမပေးနိုင်ဘူး။ ငါ့မှာ...ငါ့မှာ...
ရှင်းပြစရာတွေရှိနေသေးတယ်လေ ခက်ရ။
သားလေးကို လုပ်ကြံခိုင်းတာ ငါမဟုတ်ရပါဘူး....ငါ...ငါမသိလိုက်ပါဘူးခက်ရယ်....မနက်က...မနက်က...ဟန်နီနိုင်နဲ့အတူရှိနေတယ်ဆိုတာ...တမင်ပြောခဲ့တာပါ...တကယ်...တကယ်မဟုတ်ရပါဘူး...အဲ့ဒါတွေအတွက်..ငါ...ငါ..မင်းကို ရှင်းပြရအုံးမယ်လေ ခက်ရဲ့....တောင်း....တောင်းပန်ပါတယ်....
တကယ်တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး...ပြန်လာခဲ့ပေးပါ။ ငါ....ငါ....မင်းကို ကွာရှင်းမပေးနိုင်ဘူး...ငါ....ငါ...'
စစ် တစ်ယောက်ထဲပြောနေရင်းနဲ့ ကွာရှင်းစာချုပ်ဆီကို အကြည့်ရောက်သွားတော့
'ဟင့်အင်း....မင်းလက်မှတ်ထိုးလိုက်လည်း ငါက...ငါက...ကွာရှင်းမပေးနိုင်ဘူး။ ' ဟုဆိုကာ
ခက်နဲ့ သူ့ရဲ့ လက်မှတ်တွေရှိနေတဲ့ စာချုပ်ကို ဆွဲဖြဲလိုက်ပြီး ဘေးက အမှိုက်ခြင်းအသေးလေးထဲထည့်လိုက်သည်။
စစ်ရဲ့လက်နဲ့ အမှိုက်ခြင်းနဲ့ တိုက်မိသွားပြီး အထဲက ပစ္စည်းတွေထွက်ကျလာသဖြင့် ကြည့်မိရာ...
တစစီဆွဲဖြဲထားသော ဓါတ်ပုံနှင့် သွေးစအနည်းငယ် စွန်းထင်းနေသော photostandလေးကို တွေ့ရလေသည်။ စစ် သေချာကြည့်မိတော့ တစစီအဖြဲခံထားရတဲ့ဓါတ်ပုံလေးဟာ သူနဲ့ခက်ရဲ့ တစ်ပုံထဲသာ
ရှိတဲ့ ပုံလေးဖြစ်နေသည်။ မင်္ဂလာဆောင်တဲ့နေ့က daddyတို့ပြောလို့ သူ စိတ်မပါစွာနဲ့ ရိုက်ထားတဲ့၊ နောက်ထပ်မရှိနိုင်တော့တဲ့ ပုံလေး။ အရင်က ဖန်နဲ့ပြုလုပ်ထားတဲ့ photostandလေးနဲ့ ထောင်ထားခဲ့တာ။ အခုတော့....အခုတော့ standမှာ သွေးစအချို့စွန်းနေပြီး ပုံလေးက တစစီဖြစ်နေလေသည်။
ခက်..တကယ်ပဲ သူ့အသားသူအနာခံပြီး ဒီပုံကိုဆွဲထုတ်ခဲ့တာလား။
သူ တစစီဖြစ်နေတဲ့ ဓါတ်ပုံအပိုင်းအစလေးတွေကို ပြန်ကောက်လိုက်ပြီး တစ်ခုချင်းစီကို ပြန်ဆက်နေမိသည်။ သူ့ရဲ့ခြေထောက်မှာ ဖန်ကွဲစတွေ စူးနေတာကိုလည်း ဂရုမစိုက်အားတော့။ အခု...အခု...သူ့မှာက ခက်နဲ့ပတ်သက်တဲ့ အမှတ်တရတွေဘာမှ မရှိတော့ဘူးလေ။ ဒီဓါတ်ပုံလေး အပါအ၀င်ပေါ့။ ဒီပုံလေးကိုတော့ အရင်အတိုင်းပြန်ဖြစ်အောင် လုပ်ရမယ်။
'ခက်....ခက်ရယ်....တောင်းပန်ပါတယ်...တကယ်တောင်းပန်ပါတယ်။ မင်းကျေနပ်တဲ့အထိတောင်းပန်ပေးမှာမလို့...ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး..ထားမသွားပါနဲ့....'
အရင်တုန်းက ယောကျာ်းလေးဖြစ်ပြီး မျက်ရည်လွယ်ရင် သူအရမ်းမုန်းခဲ့သည်။ အခုတော့ သူကိုယ်တိုင်ကပင် မျက်ရည်တွေမစဲနိုင်တော့။ daddyပြောခဲ့တဲ့ ''နောင်တဆိုတာ နောင်မှရတာ''
ဟူသော စကားကိုပြန်ကြားယောင်မိတော့...
ဟုတ်သည်။ သူခက်အပေါ်မှာ ရက်စက်ခဲ့တုန်းကရော ခက်ဘယ်လိုများခံစားခဲ့ရမလဲ။ သူခက်ကို ကွာရှင်းမယ်လို့ ခဏခဏပြောနေတုန်းကရော...
ခက်ဘယ်လောက်တောင် နာကျင်နေခဲ့ရမလဲ။
'ငါ...ငါ...နောင်တရပါပြီ ခက်ရယ်။ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး....ပြန်လာခဲ့ပါတော့...'
သူပြန်ဆက်ထားလို့ တိပ်ကပ်ရာတွေ ဗလပွဖြစ်နေတဲ့ သူတို့ ၂ယောက်ပုံလေးကို ပိုက်ထားရင်းနဲ့ အိပ်ပျော်သွားလေသည်။ ဒီနေ့ကတော့ အိပ်မက်ဆိုးတွေမက်မယ်ဆိုတာ ပြောစရာတောင်မလိုတော့ပေ.....
To be continued.....
စစ္ ျပန္ေရာက္တာနဲ႔ ဒုတိယထပ္ကို အလ်င္အျမန္ပဲ တက္ခဲ့လိုက္သည္။ ခက္...ခက္သူ႔ကို ထားမသြားဘူးမလား။ ခက္ ေဒါသထြက္ေနတုန္းမလို႔ ေျပာခဲ့တာ
မလား.....သူထင္သလိုမျဖစ္ပါေစနဲ႔လို႔
ဆုေတာင္းေနခဲ့ေသာ္လည္း...
ျမင္လိုက္ရသည္က မနက္က သူထြက္သြားတုန္းကအတိုင္း က်န္ေနခဲ့တဲ့ အိပ္ခန္းတံခါး။
ခါတိုင္းဆို အခန္းထဲမွာ ခက္ရွိေနရင္ တံခါးကို
အၿမဲလိုလို ပိတ္ထားတတ္သည္။ အခုက မနက္တုန္းကအတိုင္းပဲဆိုေတာ့....
စစ္.. စိုးရိမ္တႀကီးနဲ႔ အိပ္ခန္းထဲကို ေျပး၀င္လာမိသည္။ ေက်းဇူးျပဳၿပီး....ေက်းဇူးျပဳၿပီး..
ရွိေနေပးပါ...
အိပ္ခန္းထဲေရာက္ေတာ့ ျမင္လိုက္ရသည္က စာ႐ြက္ႏွစ္ေစာင္နဲ႔ လက္စြပ္တစ္ကြင္း။ တိတိက်က်ေျပာရမယ္ဆိုရင္ ခက္ရဲ႕လက္မွတ္ပါတဲ့ ကြာရွင္းစာခ်ဳပ္နဲ႔ ခက္ေရးထားခဲ့တဲ့ စာ။ ၿပီးေတာ့ ခက္အၿမဲတမ္း
၀တ္ထားတတ္တဲ့ လက္ထပ္လက္စြပ္...
'ဟင့္အင္း မျဖစ္ႏိုင္ဘူး' ဗီဒိုကိုဖြင့္ၾကည့္မိေတာ့ ခက္ရဲ႕အ၀တ္အစားတခ်ိဳ႕နဲ႔ luggageအိတ္က ေပ်ာက္ဆုံးေနသည္။
'မျဖစ္ႏိုင္ဘူး! ခက္...ခက္...ငါ့ကို ပုန္းေနတာမဟုတ္လား။ ထြက္ခဲ့ေတာ့ေလ။'
စစ္တစ္ေယာက္ မျဖစ္ႏိုင္ဘူးဆိုတာကိုသာ တြင္တြင္ေျပာေနၿပီး အျပင္ေျပးထြက္သြားကာ ခက္ကိုလိုက္ရွာေနမိသည္။ စိတ္နဲ႔လူနဲ႔ မကပ္တာေၾကာင့္
ဖိနပ္မပါပဲ ေျပးထြက္လာမိတာေတာင္ သူ႔ကိုယ္သူ မသိေတာ့။ ခက္ကိုေတြ႕ရဖို႔ကသာ အေရးႀကီးေနတာမို႔။
Advertisement
(daddyတို႔ ေခၚသြားတာမ်ားလား*)
အေတြးထက္အရင္ လူက ကားေပၚေရာက္ႏွင့္ေနၿပီး ဦးမင္းထက္တို႔ဆီကို ေမာင္းလာခဲ့လိုက္သည္။
'Daddy ..daddy!! '
'ဘာလာလုပ္တာလဲ မင္းစစ္ေမာင္။ ငါတို႔အိမ္ကို
လာစရာမလိုဘူးလို႔ေျပာထားတယ္မဟုတ္လား'
'ခက္..ခက္ကို ထုတ္ေပး၊ ခက္ကိုထုတ္ေပးရင္
က်ေနာ္ျပန္မယ္'
'ခက္ကိုထုတ္ေပး ဟုတ္လား...မင္း႐ူးေနလား။
ခက္က တိုက္ခန္းမွာရွိေနမွာေပါ့ '
'မ...မရွိေတာ့ဘူး။ ခက္....ခက္...မရွိေတာ့ဘူး။ သူ...သူ...ကြာရွင္းစာခ်ဳပ္မွာလက္မွတ္ထိုးၿပီး
ထြက္သြားၿပီ.. '
'ေကာင္းတာေပါ့.. မင္းပဲ အဲ့ဒီလိုျဖစ္ေစခ်င္ေနတာမဟုတ္ဘူးလား။ အခု မင္းျဖစ္ေစခ်င္တဲ့အတိုင္း
ခက္က မင္းကိုကြာရွင္းေပးၿပီး ထြက္သြားၿပီေလ။ မင္းေပ်ာ္ေနရမွာေပါ့'
'Daddy!! က်ေနာ္...က်ေနာ္...ေတာင္းပန္ပါတယ္။ ခက္ကို...ခက္ကို...daddyတို႔ ေခၚထားတာမဟုတ္လား။ ခက္ကို..ခက္ကိုထုတ္ေပးပါ။ က်ေနာ္သူ႔ကိုရွင္းျပစရာေတြရွိေနေသးတယ္။ သူ...သူ...က်ေနာ့္ကို အထင္လြဲသြားတာေတြအတြက္...က်ေနာ္ရွင္းျပခ်င္ေသးလို႔ပါ..က်ေနာ္ေတာင္းပန္ပါတယ္ daddyရယ္။ ခက္ကိုထုတ္ေပးပါ..ေက်းဇူးျပဳၿပီးေတာ့'
'ခက္ကို ထုတ္ေပးရေအာင္က ငါတို႔မွ ခက္ကို
ေခၚမထားပဲ မင္းစစ္ေမာင္ရဲ႕။ ငါတို႔ကဖြက္ထားတာလို႔ မေတြးပဲနဲ႔ မင္းကို စိတ္နာၿပီးထြက္သြားတာလို႔ေရာ မေတြးမိဘူးလား ဟမ္!! '
'မဟုတ္ဘူး!! ခက္က...ခက္က...က်ေနာ့္ကိုထားသြားမွာမဟုတ္ဘူး။ သူက က်ေနာ့္အနားက ဘယ္ေတာ့မွထြက္မသြားဘူးလို႔ အၿမဲတမ္းေျပာေနတတ္တာ'
'မင္းက အရမ္းအတၱႀကီးတာပဲ။ မင္းလုပ္ပုံေတြကေရာ ဟုတ္ေနလို႔လား။ မင္းက ခက္ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံေနလို႔ ခက္က ထြက္မသြားရမွာလား။ ကိုယ့္အျပစ္ကို မသိပဲနဲ႔ ေဘးလူေတြကို ပတ္ရမ္းမေနနဲ႔။ တကယ္လို႔ ခက္က ငါတို႔ဆီကိုေရာက္လာမယ္ဆိုရင္ေတာင္ ငါတို႔က မင္းမသိႏိုင္တဲ့ေနရာမွာဖြက္ထားမွာ'
ဦးမင္းထက္က ေျပာၿပီးတာနဲ႔ အိမ္ထဲကို တန္း၀င္သြားတာေၾကာင့္ စစ္လည္း မင္းခန္႔ဆီ ထြက္လာခဲ့လိုက္သည္။
'မင္းခန္႔...ခက္...ခက္..မင္းဆီလာေသးလား '
'ငါက မင္းနဲ႔အတူ တေနကုန္ရွိေနတာေလ။ ၿပီးေတာ့ ခက္က ဘယ္လိုလုပ္ ထြက္သြားတာလဲ'
'သူ..သူ...မရွိေတာ့ဘူး...'
'သက္ႏြယ္တို႔ဆီမ်ား ေရာက္ေနလို႔လား'
'မျဖစ္ႏိုင္ဘူး..ခက္က...ခက္ကအဲ့ဒီလို သူမ်ားအိမ္မွာညမိုးခ်ဳပ္တဲ့အထိ မေနတတ္ဘူး'
မင္းခန္႔က သက္ႏြယ္တို႔ဆီ ဖုန္းဆက္ၾကည့္ေသာ္လည္း သက္ႏြယ္တို႔က ခက္မလာဘူးလို႔သာေျပာေနၾကသည္။ မင္းခန္႔တို႔ဆီကိုလည္း
ေရာက္မလာဘူးဟုဆိုသျဖင့္ ခက္ရဲ႕မိဘေတြနဲ႔
ေနခဲ့တဲ့အိမ္ကို သြားၾကည့္မိေသာ္လည္း အိမ္တံခါးက ေသာ့ခတ္ထားလ်က္သာ။
ေနာက္ဆုံး ဘယ္သူ႔ဆီေမးေမး ခက္မလာခဲ့ဘူးလို႔သာ ေျပာေနၾကတာေၾကာင့္ စစ္ စိတ္ဓါတ္က်စြာပဲ တိုက္ခန္းကို ျပန္လာခဲ့ရေလသည္။
ခက္မ်ားျပန္ေရာက္ေနမလားဆိုတဲ့ အေတြးနဲ႔ အိပ္ခန္းထဲကို ေျပးၾကည့္မိေတာ့လည္း သူထြက္လာတုန္းကအတိုင္း ေျခရာလက္ရာမပ်က္။ ခက္
သူ႔အတြက္စာေရးထားခဲ့တာ ရွိေနေသးတာပဲ။
✍ ဘယ္လိုလဲ မင္းစစ္ေမာင္။ အခု မင္းျဖစ္ေစခ်င္သလို ျဖစ္သြားၿပီမလို႔ အရမ္းေတြမွ ေပ်ာ္ေနပါရဲ႕လား။ မင္းကိုခ်စ္ရတာ နာက်င္ေနမွန္းသိရဲ႕သားနဲ႔ေတာင္ တစ္ေန႔ေန႔ေတာ့ မင္းျပန္ခ်စ္လာမွာပါဆိုၿပီး ေကာက္႐ိုးတစ္မွ်င္စာေတာင္ မရွိတဲ့ေမွ်ာ္လင့္ခ်က္ေလးထားခဲ့မိတဲ့ ငါကပဲ မွားေနခဲ့တာမ်ားလား။ ကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုးထားခဲ့တာမလို႔
မင္းေပ်ာ္ေနလို႔ရပါၿပီ။ ငါ့သားေလးရဲ႕ အသက္ေသြးနဲ႔ ငါ့ရဲ႕ ေသြးမ်က္ရည္ေတြ ခင္းထားတဲ့လမ္းေၾကာင္းေပၚမွာ မင္းနဲ႔ မင္းသိပ္ခ်စ္လွပါတယ္ဆိုတဲ့ ဟန္နီႏိုင္နဲ႔ အတူတူ ေပ်ာ္ေပ်ာ္ႀကီးေလွ်ာက္လွမ္းၾကေပါ့။
မင္းတို႔ လိပ္ျပာလုံပါေစလို႔ပဲ ဆုေတာင္းေပးတယ္။ ေသြးစိမ္းရွင္ရွင္က်ေနတဲ့ ငါ့ႏွလုံးသားနဲ႔ ထပ္တူ
ဆုေတာင္းေပးလိုက္ပါတယ္...
မင္း.....ေပ်ာ္.....႐ႊင္......ပါ.....ေစ ✍
ကိုယ့္ဘက္က ၾကင္နာမႈေတြေပးတိုင္း သူ႔ဘက္က နာက်င္မႈေတြပဲ ေပးေနတဲ့အခါ... ကိုယ့္ဘက္က အခ်စ္ေတြေပးတိုင္း ျပန္ရတာက နာက်င္မႈေတြပဲျဖစ္ေနတဲ့အခါ....ဆက္ၿပီးမခံစားႏိုင္ေတာ့တဲ့
ငါကပဲ ထြက္ေျပးပါရေစ စစ္......
ခက္ေရးထားတာကို ဖတ္ၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ သူ အ႐ူးတစ္ေယာက္လို ေအာ္ငိုမိသည္။
'ခက္...ခက္....မင္း..ငါ့ကိုအထင္လြဲေနတာပါခက္ရာ။ သားေလးကို...သားေလးကို ငါမသတ္ရပါဘူး။ ငါ..ငါ..ေတာင္းပန္ပါတယ္။ ငါ...ငါ...မင္းကို
ဘာမွရွင္းမျပရေသးဘူးေလ ခက္ရဲ႕ '
သူခက္ဆီကို ဖုန္းေခၚလိုက္ေတာ့ ....
🎶ထာ၀စဥ္...သိပ္ခ်စ္တတ္လို႔..မွားတတ္သူမွာ.....
ရင္ခုန္သင္႐ိုးၫႊန္းတမ္းက...
ဒဏ္ရာသင္ခန္းစာ...ပဲကြယ္....
ဟိုစဥ္...ဘ၀ရဲ႕ေက်ာင္းထဲအခ်စ္ဖတ္စာကို....
အေသခ်ာမေက်ညက္ခဲ့ေတာ့လည္း....
ဒဏ္ရာေတြပဲ...ကိုယ္...ရတယ္...
မွား...ျပန္တယ္... 🎶
သူ႔အနီးနားတစ္၀ိုက္မွာပဲ ringtoneသံၾကားရ
သျဖင့္ လိုက္ရွာၾကည့္ရာ အံဆြဲထဲမွာ ရွိေနတဲ့
ခက္ရဲ႕ဖုန္းကို ေတြ႕ရေလသည္။ ခက္က ဖုန္းကို ထားခဲ့တာလား။
Contact nameကိုၾကည့္မိေတာ့ စစ္ မွင္သက္သြားရသည္။ Contact nameမွာ သူ႔ကိုမွတ္ထားတာက..
တဲ့ေလ
ခက္နဲ႔ဆိုရင္ အၿမဲတမ္း တည္တင္းေနတတ္တဲ့မ်က္ႏွာေၾကာင့္၊ ခက္ကို မုန္းတယ္လို႔ အၿမဲေရ႐ြတ္ေနတတ္တာေၾကာင့္၊ ခက္ရဲ႕ရင္ထဲကေန တိတ္တခိုးေခၚေနတဲ့ ေမာင္ ဆိုတဲ့နာမ္စားေလးကို သူမၾကားခဲ့ရေပ။ စစ္လို႔ပဲ အၿမဲေခၚခဲ့သည္သာ။ အခုေတာ့ screenေပၚက နာမ္စားေလးကိုသာၾကည့္မိရင္း
သူေဆာက္တည္ရာမရစြာ ငိုမိျပန္သည္။
'ဟက္...ေမာင္....ေမာင္တဲ့လားခက္ရာ....ဘယ္ေလာက္ေတာင္....ဘယ္ေလာက္ေတာင္ ခံစားေနခဲ့ရမလဲ။ ေတာင္းပန္ပါတယ္...ေတာင္းပန္ပါတယ္...တကယ္...တကယ္ပဲေတာင္းပန္ပါတယ္။ မင္းကို ကြာရွင္းမေပးႏိုင္ဘူး။ ငါ့မွာ...ငါ့မွာ...
ရွင္းျပစရာေတြရွိေနေသးတယ္ေလ ခက္ရ။
သားေလးကို လုပ္ႀကံခိုင္းတာ ငါမဟုတ္ရပါဘူး....ငါ...ငါမသိလိုက္ပါဘူးခက္ရယ္....မနက္က...မနက္က...ဟန္နီႏိုင္နဲ႔အတူရွိေနတယ္ဆိုတာ...တမင္ေျပာခဲ့တာပါ...တကယ္...တကယ္မဟုတ္ရပါဘူး...အဲ့ဒါေတြအတြက္..ငါ...ငါ..မင္းကို ရွင္းျပရအုံးမယ္ေလ ခက္ရဲ႕....ေတာင္း....ေတာင္းပန္ပါတယ္....
တကယ္ေတာင္းပန္ပါတယ္။ ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳၿပီး...ျပန္လာခဲ့ေပးပါ။ ငါ....ငါ....မင္းကို ကြာရွင္းမေပးႏိုင္ဘူး...ငါ....ငါ...'
စစ္ တစ္ေယာက္ထဲေျပာေနရင္းနဲ႔ ကြာရွင္းစာခ်ဳပ္ဆီကို အၾကည့္ေရာက္သြားေတာ့
'ဟင့္အင္း....မင္းလက္မွတ္ထိုးလိုက္လည္း ငါက...ငါက...ကြာရွင္းမေပးႏိုင္ဘူး။ ' ဟုဆိုကာ
ခက္နဲ႔ သူ႔ရဲ႕ လက္မွတ္ေတြရွိေနတဲ့ စာခ်ဳပ္ကို ဆြဲၿဖဲလိုက္ၿပီး ေဘးက အမႈိက္ျခင္းအေသးေလးထဲထည့္လိုက္သည္။
စစ္ရဲ႕လက္နဲ႔ အမႈိက္ျခင္းနဲ႔ တိုက္မိသြားၿပီး အထဲက ပစၥည္းေတြထြက္က်လာသျဖင့္ ၾကည့္မိရာ...
တစစီဆြဲၿဖဲထားေသာ ဓါတ္ပုံႏွင့္ ေသြးစအနည္းငယ္ စြန္းထင္းေနေသာ photostandေလးကို ေတြ႕ရေလသည္။ စစ္ ေသခ်ာၾကည့္မိေတာ့ တစစီအၿဖဲခံထားရတဲ့ဓါတ္ပုံေလးဟာ သူနဲ႔ခက္ရဲ႕ တစ္ပုံထဲသာ
ရွိတဲ့ ပုံေလးျဖစ္ေနသည္။ မဂၤလာေဆာင္တဲ့ေန႔က daddyတို႔ေျပာလို႔ သူ စိတ္မပါစြာနဲ႔ ႐ိုက္ထားတဲ့၊ ေနာက္ထပ္မရွိႏိုင္ေတာ့တဲ့ ပုံေလး။ အရင္က ဖန္နဲ႔ျပဳလုပ္ထားတဲ့ photostandေလးနဲ႔ ေထာင္ထားခဲ့တာ။ အခုေတာ့....အခုေတာ့ standမွာ ေသြးစအခ်ိဳ႕စြန္းေနၿပီး ပုံေလးက တစစီျဖစ္ေနေလသည္။
ခက္..တကယ္ပဲ သူ႔အသားသူအနာခံၿပီး ဒီပုံကိုဆြဲထုတ္ခဲ့တာလား။
သူ တစစီျဖစ္ေနတဲ့ ဓါတ္ပုံအပိုင္းအစေလးေတြကို ျပန္ေကာက္လိုက္ၿပီး တစ္ခုခ်င္းစီကို ျပန္ဆက္ေနမိသည္။ သူ႔ရဲ႕ေျခေထာက္မွာ ဖန္ကြဲစေတြ စူးေနတာကိုလည္း ဂ႐ုမစိုက္အားေတာ့။ အခု...အခု...သူ႔မွာက ခက္နဲ႔ပတ္သက္တဲ့ အမွတ္တရေတြဘာမွ မရွိေတာ့ဘူးေလ။ ဒီဓါတ္ပုံေလး အပါအ၀င္ေပါ့။ ဒီပုံေလးကိုေတာ့ အရင္အတိုင္းျပန္ျဖစ္ေအာင္ လုပ္ရမယ္။
'ခက္....ခက္ရယ္....ေတာင္းပန္ပါတယ္...တကယ္ေတာင္းပန္ပါတယ္။ မင္းေက်နပ္တဲ့အထိေတာင္းပန္ေပးမွာမလို႔...ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳၿပီး..ထားမသြားပါနဲ႔....'
အရင္တုန္းက ေယာက်ာ္းေလးျဖစ္ၿပီး မ်က္ရည္လြယ္ရင္ သူအရမ္းမုန္းခဲ့သည္။ အခုေတာ့ သူကိုယ္တိုင္ကပင္ မ်က္ရည္ေတြမစဲႏိုင္ေတာ့။ daddyေျပာခဲ့တဲ့ ''ေနာင္တဆိုတာ ေနာင္မွရတာ''
ဟူေသာ စကားကိုျပန္ၾကားေယာင္မိေတာ့...
ဟုတ္သည္။ သူခက္အေပၚမွာ ရက္စက္ခဲ့တုန္းကေရာ ခက္ဘယ္လိုမ်ားခံစားခဲ့ရမလဲ။ သူခက္ကို ကြာရွင္းမယ္လို႔ ခဏခဏေျပာေနတုန္းကေရာ...
ခက္ဘယ္ေလာက္ေတာင္ နာက်င္ေနခဲ့ရမလဲ။
'ငါ...ငါ...ေနာင္တရပါၿပီ ခက္ရယ္။ ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳၿပီး....ျပန္လာခဲ့ပါေတာ့...'
သူျပန္ဆက္ထားလို႔ တိပ္ကပ္ရာေတြ ဗလပြျဖစ္ေနတဲ့ သူတို႔ ၂ေယာက္ပုံေလးကို ပိုက္ထားရင္းနဲ႔ အိပ္ေပ်ာ္သြားေလသည္။ ဒီေန႔ကေတာ့ အိပ္မက္ဆိုးေတြမက္မယ္ဆိုတာ ေျပာစရာေတာင္မလိုေတာ့ေပ.....
To be continued.....
Advertisement
- In Serial17 Chapters
School-life & Swordfights: A Clubs and Stubs Tale
Warning: Clubs and Stubs contains strong language and situations throughout that may not be suitable for younger readers. "This story takes place in a fantasy world with a modernish setting. It mainly follows four students of Hardires High School who are members of one of the greatest Team Arena Squads in the history of gladiatorial school athletics. Already two-time high-school world champions, they have entered their fourth and final year of high school in hopes of capturing a third straight world championship—something that no other school on the continent has accomplished. As they prepare for an upcoming match with a rival school, it becomes evident that keeping their two-and-a-half-year winning streak alive will be tougher than expected. As both personal and external problems abound for the student-gladiators, can they manage to keep it together under the constant pressure of being the perfect fighting unit? A blend of action, drama, adventure, and humor collide in this brand-new series!" Thanks so much for checking out my story! This is the first time that I've released any of my work to a public space so any feedback, be it positive or negative (but please be respectful if so) would be greatly appreciated. I'm hoping that this story is only the beginning of a long-running series of short stories set in the Clubs and Stubs universe. Temporary Book Cover Design by David Watson The release schedule is rather tentative, but the goal is to release a chapter every 2-4 days. I want to make sure that every scene is the best it can be before it’s released, so it may take a bit longer especially if it's a longer chapter. However, no chapter should take more than a week to be released. Each scene varies in length, but are usually between 1,000 to 2,000 words.
8 114 - In Serial51 Chapters
The Saga of Armageddon: The Call of Crows
Bjorn Stormtamer's world has been turned upside down in more ways than one. His shipmates have left him for dead on an island for quarantining victims of a disease that he now has. His partner in battle despises him, his family thinks he's dead and everyone else thinks it was good riddance. Moreover, the world is under attack by a virulent plague that kills with light and an empire from the east whose intentions are unknown but whose methods are merciless and bloodthirsty. Little does he know that the world itself is nearly on the brink of cosmic collapse.But when a bold, charismatic woman from another nation seeks him out, Bjorn discovers that the plague he has was not a plague at all, but a trial. A trial to determine who is worthy to wield the power of gods in order to give humanity a fighting chance against the winds of fate. This novel was written 2 years ago and isn't exactly my best work. I'm still improving my skills, but I encourage you to enjoy it for what it's worth. ALSO, the whole plague thing was written about before the COVID pandemic. The plague is fake and actually magic in the story, but that has NOTHING to do with real world events. I am under NO CIRCUMSTANCE trying to make ANY kind of statement with it. Please just enjoy the story and stay safe.
8 266 - In Serial17 Chapters
Doctor in Immortal World
Han Cang, who used to follow the path of Daoism, and once belonged with the most remarkable warriors in upper class, an elite among his Daoist fellows, has now fallen into mortal world, namely, Earth. Since then, he enjoys his “retired life” quite a lot as being an alcohol retailer who owns a shop on the street, and gets used to live like a mortal, until a mysterious teen walks in his shop in another boring afternoon. The young girl who gets a pair of pink eyes comes for a little help that Han Cang should never respond, a transmigration to immortal world. Regardless of her inscrutable purposes, soon Han Cang finds his shop being under attack by people who possess the power from the other world to which he once belonged, and that leaves his perfectly peaceful ordinary life in ruin. To find out the truth and solve some pending issues left alone long ago, Han Cang returns to immortal world with the mysterious girl. This time, he will be known as a Doctor, to face the enemies whom he used to call brother and master, and even worse, the woman who once brought him peace and now hunts him to death. The great rebellion of one man against the entire universe of Dao has just begun…
8 75 - In Serial13 Chapters
Adopted by The gang leader Book #1
15 year old orphan Dahlia Satan Black has known how to throw knives and hack since she was a young child. She is an assassin; Silent shadow, she likes to street fight and street race and knows her way around a gun. She rich but pretends not to be because money can have people acting fake. She has gotten adopted 10 times but gets returned cause they abuse her then get bored.Klaus Michealson the leader of the most feared gangSo what happens when the worlds most famous assassin is adopted by the most feard Gang leader?********************************€****bruh this sucks ass but im hella bored and i saw some stories like this so i was like "im bored so why not?"its 2:59 and im currently up drinking monster and eating hot fries i feel like im on crack.
8 91 - In Serial3 Chapters
Strange
Enjoy this book in progress! I will be progressively adding more chapters so hope you enjoy
8 151 - In Serial16 Chapters
Everybody's a Killer if You Push 'Em Far Enough • Ivy Wheeler
Ivy Wheeler has lived in the town Hackensack her whole life with her twin brother Jake Wheeler and her father, Luke. When their mother was killed in a car accident, the two fucked up teens have been trying to find their place in the world with an abusive father and a pile of ass hole kids at school. Oh, and a possessed psychopathic doll..(I do not own the Chucky franchise, this is simply a story adding onto the plot of the Chucky TV series)[ #1 in lexicross - 1/16/22 ][ #1 in jakewheeler - 2/20/22 ][ #1 in chuckytvseries - 2/27/22 ][ #1 in lexycross - 3/4/22 ][ #1 in juniorwheeler - 3/16/22 ]
8 202

