《Let Me Start Again [Completed]》LMSA 37
Advertisement
Unicode
စစ်နဲ့ မင်းခန့်လည်း ဟန်နီနိုင်ရှိတဲ့ဆီကို ထွက်လာခဲ့လိုက်ကြသည်။ မင်းခန့်ကတော့ အပြင်ကပဲ
ရပ်စောင့်နေပြီး စစ်ကပဲ အထဲကို၀င်သွားသည်။
စစ်ရောက်သွားတော့ ဟန်နီနိုင်က ၀မ်းသာအားရနဲ့
'ကိုကို ဟန်နီ့ဆီကိုလာတာလား။ ခက်နဲ့ကွာရှင်းပြီးသွားပြီပေါ့ ဟုတ်လား။'
'ငါ့သားလေးကိုသတ်တာမင်းလား။ မင်းလုပ်ခဲ့တာလား ဟန်နီနိုင်'
'ကိုကို..ကိုကိုဘာတွေပြောနေတာလဲ။ ဟန်နီတစ်ခုမှနားမလည်ဘူး'
'မင်းငါ့ကိုညာမနေနဲ့တော့ဟန်နီနိုင်! ငါ့အကုန်သိပြီးသွားပြီ။ ခက်က ငါ့ကိုအကုန်ပြောပြီးပြီ။'
'ဘာ..ခက်ထန်ကပြောတာ ဟုတ်လား။ သူကဘာလို့အဲ့လိုပြောတာလဲ'
'မင်းပဲ ခက်ရှိတဲ့ဆေးရုံအထိလိုက်သွားပြီး အကုန်ပြောခဲ့တာမဟုတ်ဘူးလား ဟမ်!!! ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ'
'ဟက်! ဟုတ်တယ် ဟန်နီခိုင်းခဲ့တာ။ ကိုကို့ကို
လိုချင်လွန်းလို့ ဟန်နီလုပ်ကြံခိုင်းခဲ့တာ။ အခု
ကလေးကသေသွားပြီဆိုတော့ ကိုကိုလည်း သူနဲ့ကွာရှင်းပြီး ဟန်နီနဲ့တူတူနေလို့ရပြီလေ။ ပြီးတော့ သူက ရဲကိုမတိုင်ရဲပါဘူးကိုကိုရဲ့။ သူ့ကိုတိုက်သွားတဲ့ကားက ကိုကို့ကားမလို့လေ'
ဟန်နီနိုင့်ရဲ့ စကားကြောင့် စစ် ပြောစရာများပင် ပျောက်ရှသွားရသည်။
'ဟန်နီနိုင်...မင်း..မင်း..တော်တော်ယုတ်မာပါလား'
'ဟုတ်တယ် ဒါတွေအကုန်လုံးက ကိုကို့ကိုချစ်လို့!
ကိုကို့ကို ပိုင်ဆိုင်ချင်လို့လုပ်ရတာ'
'မဟုတ်ဘူး! မင်းငါ့ကိုချစ်တာမဟုတ်ဘူး! မင်းက အတ္တကြီးနေတာ။ မင်းလုပ်ခဲ့တာတွေအတွက် မင်းပြန်ပေးဆပ်စေရမယ်'
'ဘာလဲ ရဲတိုင်မလို့လား လုပ်လိုက်လေ။ ကားပိုင်ရှင်က ကိုကိုနော်။ ရဲနဲ့တိုင်လည်း ကိုကိုကခိုင်းတာပါလို့ ပြောလိုက်ရုံပဲ။ ခက်ထန်ကရော ကိုကို့ကို ရဲနဲ့
တိုင်ရဲလို့လား။ ဟန်နီသူ့ကိုသွားပြောလိုက်လို့ တိတ်တဆိတ်ထွက်သွားမယ်ပဲထင်နေတာ။ အခုလို ကိုကို့ကို ပြန်ပြောလိမ့်မယ်လို့ ဘယ်ထင်မလဲ။ ဟက်..သူက အဲ့လောက်ထိ သတ္တိတွေရှိသွားတာလား'
'ငါတိုင်မှာ...' ဟန်နီနိုင် အသံကြားရာကိုလှည့်ကြည့်မိတော့ မီးတ၀င်း၀င်းတောက်နေသလို မျက်လုံးနဲ့ သူမ ကိုကြည့်နေတဲ့ မင်းခန့်ကိုတွေ့ရလေသည်။
'မင်းတို့ ခက်ကို လုပ်ကြံတယ်ဆိုတာ ငါတိုင်မှာ။
ခက်ကမတိုင်ရင်တောင် ငါကရဲနဲ့တိုင်ပြီး မင်းတို့ကို အပြစ်ခံယူခိုင်းမှာ'
'နင်...နင်က ဘယ်လိုလုပ်ရောက်လာတာလဲ?'
ဟန်နီနိုင် အလန့်တကြားမေးမိတော့
'ဟက်! ကြောက်နေတာလား? မင်းအခုပြောတာတွေအကုန် ငါ့မှာသက်သေယူထားတယ်။ ဒီသက်သေတွေနဲ့အတူ မင်းကို ဖမ်းခိုင်းမှာမလို့ အဆင်သင့်
ပြင်ထားလိုက်။ တကယ်လို့ မင်းထွက်ပြေးမယ်ဆိုရင်တောင် ငါက ရေဆုံးမြေဆုံးလိုက်ရှာမှာမလို့ပဲ'
မင်းခန့်နဲ့ စစ် ပြောပြီးတာနဲ့ ချက်ချင်းထွက်လာကြသည်။
ကျန်ခဲ့တဲ့ဟန်နီနိုင်ကတော့ တဖက်ကိုဖုန်းခေါ်လိုက်ကာ
'Hello ခိုင်းစရာရှိတယ်။ မင်းစစ်မောင်နဲ့ မင်းခန့်ဆိုတဲ့ ၂ယောက်ကို ရှင်းပေး။သူတို့က ကျမကို ရဲနဲ့တိုင်မယ်လို့ပြောနေတယ်။ သူတို့ကိုတစ်ခါထဲ အပျောက်ရှင်းပေး'
'.....'
'ဘာ!!. မလုပ်နိုင်ဘူး ဟုတ်လား.....ရှင်တို့အခုဘယ်မှာလဲ ! ကျမလာခဲ့မယ်။ အလုပ်ကိစ္စဆွေးနွေးကြတာပေါ့'
တစ်ဖက်ကပြောတဲ့ လိပ်စာအတိုင်း ဟန်နီနိုင်
ထွက်လာခဲ့လိုက်သည်။ သူမ ရောက်သွားတော့
လူ ၄ယောက်လောက်က သူမကိုစောင့်နေကြသည်။
'ရှင်တို့အဲ့ဒါဘာသဘောလဲ။ ဘာလို့ လက်မခံနိုင်ဘူးလို့ပြောတာလဲ'
'ဘာလို့လဲ ဟုတ်လား? အဲ့ဒါကို ငါတို့ကမင်းကို
ပြန်မေးရမှာ။ မင်းကရော ဘာလို့ အဲ့ဒီခက်ထန်ဆိုတဲ့ကောင်ကို သွားပြောလိုက်ရတာလဲ? မင်းအဲ့လိုပြောတုန်းက သူတို့က ရဲနဲ့တိုင်မယ်ဆိုတာ မတွေးမိဘူးလား? မင်းမှာ ဦးနှောက်မရှိဘူးလား ဟမ်!! '
'အဲ့ဒါတွေ ကျမ မသိဘူး! ကျမသိတာက ခက်ထန်ကို မင်းစစ်မောင်နားက ထွက်သွားအောင်လုပ်ပြီး
မင်းစစ်မောင်နဲ့ လက်ထပ်ဖို့ပဲ'
'အေး မင်းက သွားပြောလိုက်တော့ သူတို့က အခု မင်းကို ရဲနဲ့တိုင်ပြီမဟုတ်လား။ ဦးနှောက်မရှိတဲ့ခွေးမ!!! မင်းအဖမ်းခံရတာက ကိစ္စမရှိဘူး ငါတို့ကိုပါဆွဲထည့်လို့ကတော့ မင်းကိုအသေသတ်ပစ်မယ်'
'ရှင်တို့ ရူးနေကြတာလား။ ရှင်တို့ကလုပ်ကြံတာလေ။ ကျမက ခိုင်းရုံပဲခိုင်းတာ။ ရှင်တို့ပဲ အဖမ်းခံကြပေါ့'
'မင်းခွေးစကားမပြောနဲ့!! မင်းခိုင်းတာလေ။
မင်းခိုင်းလို့ငါတို့က လုပ်ရတာ! အဲ့ဒီတော့ အဖမ်းခံမယ်ဆိုရင်တောင် အကုန်လုံးက မင်းလုပ်တာပါလို့ပြောပြီး မင်းအဖမ်းခံလိုက်'
'မပြောနိုင်ဘူး!! အဲ့ဒါကြောင့် အဖမ်းမခံရအောင်လို့ မင်းစစ်မောင်တို့ ၂ယောက်ကို သတ်ပေးလို့ပြောနေတယ်လေ!! ရှင်တို့ ကျမပြောသလိုမလုပ်ရင်
ကျမ daddyနဲ့ တိုင်ပြောရမလား!!! '
'Daddy? အာ... အခု ဖွတ်လိုမွဲနေတဲ့ ဦးဇွဲနိုင်ကိုပြောနေတာလား? အဲ့လိုအဖိုးကြီးကို ငါတို့က ဘာလို့ကြောက်ရမှာလဲ။ မင်းပြောသလို လုပ်ရင်ရော.
.ငါတို့ကို ဘယ်လောက်ပေးမှာမလို့လဲ?'
'အခုချိန်မှာ ငွေစကားပြောနေသေးတာလား။ ကျမပြောသလိုမလုပ်ရင် ရှင်တို့ပါ ထောင်ကျတော့မှာနော်။'
'ငွေစကားပြောရမှာပေါ့။ မင်းက ငါတို့ကို ကျန်တဲ့ငွေတွေတောင်ပေးသေးလို့လား။ အင်း...မင်းမပေးနိုင်လည်း ကိစ္စမရှိပါဘူး။ မင်းလို အလှလေးတစ်ယောက်က တော်တော်အရသာရှိမှာပဲနော်'
ဟန်နီနိုင့်ကိုကြည့်ပြီး ခေါင်းဆောင်လုပ်တဲ့သူကပြောတော့
'ရှင်..ရှင်တို့ ယုတ်မာမယ်မကြံနဲ့နော်။ ကျမကို ဘယ်လိုအမျိုးအစားများ မှတ်နေကြတာလဲ'
'မင်းကိုလား ဟက် သူများအိမ်ထောင်ရေးကို ဖျက်စီးမယ်ဆိုကတည်းက မင်းက မကောင်းတဲ့မိန်းကလေးမှန်း ငါတို့သိပြီးသား။ ဆိုတော့....အခု..မင်းက ပိုက်ဆံမပေးနိုင်လဲ ဖြစ်ပါတယ်။ လူကိုပဲသိမ်းရုံပေါ့'
ပြောပြီးတာနဲ့ ၀ိုင်းလာကြတဲ့ လူတွေကြောင့်
ဟန်နီနိုင်ထွက်ပြေးမယ်လုပ်သော်လည်း မမှီတော့ပေ။
သူများကို လုပ်ကြံချင်လွန်းလို့ အခုလို ဘာမှကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲနဲ့ ဒီလူတွေရှိတဲ့ဆီကို ထွက်လာခဲ့မိတာ အရမ်းမှားသွားသည်။ သည်လူတွေက လူယုတ်မာတွေပဲ။
ထို့နောက်မှာတော့...
'ဒီကနေ အမြန်ထွက်သွားကြမယ်။ ငါတို့အဖမ်းခံရလို့မဖြစ်ဘူး'
'ဆရာ...ဒီကောင်မကို ဘယ်လိုလုပ်ကြမလဲ'
Advertisement
ဟု တစ်ယောက်ကမေးတော့
'အဲ့ကောင်မက အခုထိ သတိမရသေးဘူးလား?
သူ့ကိုပါ ခေါ်သွားကြတာပေါ့။ သူ ငါတို့ဆီက
ထွက်ပြေးရဲမှာမဟုတ်ပါဘူး။ ဟက်..အဖေအားကိုးနဲ့ မောက်မာချင်နေတာ သူ့အဖေက စီးပွားပျက်ပြီး ခွက်ဆွဲရတော့မယ့် အခြေအနေရောက်နေတာတောင် မသိသေးဘူးထင်တယ်။ အခုပဲ သွားကြရအောင်။ သူ့အဖေမကျေနပ်လည်း ငါတို့ကို ဘာမှလုပ်လို့မရဘူး'
ပြောပြီးတာနဲ့ ထွက်လာခဲ့ကြရာ လမ်းထိပ်အရောက်မှာတော့ ရဲကားကိုတွေ့ရသဖြင့် ပြန်လှည့်ပြေးမည်ပြုကြသည်။ သို့သော်လည်း သူတို့နောက်မှာရှိနေတာက မင်းခန့်နဲ့ စစ်တို့ရဲ့ကား။
အဖမ်းမခံပဲ ဓါးတွေကိုထုတ်ကာ ရန်ပြုကြသဖြင့်
စစ်တို့က ပြန်ခုခံနေရသည်။ နောက်ဆုံး
လက်မောင်းကို သေနတ်နဲ့ ပစ်ပြီး ဓါးလွတ်ကျသွားတဲ့အချိန်ရောက်တော့မှ အညံ့ခံကြလေသည်။
၄ယောက်လုံးကို လက်ထိပ်ခတ်လိုက်ပြီး ထိုသူတွေရဲ့ ကားထဲကိုကြည့်မိတော့ သတိမေ့နေသည့်ဟန်နီနိုင်ကိုတွေ့ကြရသဖြင့် သူမကိုပါ ခေါ်လာခဲ့ကြသည်။ သူမက လုပ်ကြံခိုင်းတဲ့သူမဟုတ်လား။
စခန်းရောက်ပြီး သတိမေ့နေတဲ့ ဟန်နီနိုင်ကို
ဆေးစစ်ကြည့်တော့ ၀ိုင်းပြီး rapeလုပ်ခံထားရတာကို တွေ့ရသည်။ ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ။ သူများကို မကောင်းကြံချင်လို့ ကိုယ့်အန္တရာယ်ကိုတောင်
မမြင်နိုင်တာ။ အခုတော့ ၀ဋ်လည်သွားတာပေါ့။
တကယ်တော့ စစ်နဲ့မင်းခန့်က ဟန်နီနိုင့်အိမ်က ထွက်လာပြီး ဟန်နီနိုင်တို့ရဲ့ လမ်းထိပ်ကနေ
စောင့်နေကြတာဖြစ်သည်။
''ဟန်နီက လုပ်ကြံခိုင်းခဲ့တာ''ဆိုတဲ့ စကားကြောင့် သူမ ခိုင်းခဲ့တဲ့လူတွေကိုပါ သိရအောင် သူမကို
တိုင်မယ်ပြောပြီး အခုလို လမ်းထိပ်ကထွက်စောင့်နေကြခြင်း။ ထို့နောက် မင်းခန့်ထင်ထားတဲ့အတိုင်း
ဟန်နီနိုင်က ကားမောင်းပြီး အိမ်ကထွက်သွားသဖြင့် သူတို့လည်း လိုက်သွားကြသည်။
စစ်ရဲ့ကားနဲ့လိုက်ရင် သူမ ရိပ်မိသွားမှာစိုး၍ မင်းခန့်ရဲ့ကားနဲ့သာ နောက်က လိုက်ခဲ့ကြသည်။
ဟိုရောက်တော့ ဟန်နီနိုင်က ခြံကြီးတစ်ခုထဲကို ၀င်သွားသဖြင့် သူတို့က လမ်းထိပ်ကနေ စောင့်နေကြခြင်း။ ရောက်တာနဲ့ စစ်က 199ကို ဖုန်းလှမ်းဆက်ပြီး အကူအညီတောင်းလိုက်သည်။ ၂ယောက်ထဲ
၀င်သွားလို့မဖြစ်တာကြောင့် ရဲတွေအလာကို
စောင့်နေလိုက်ကြသည်။
အတန်ကြာတော့ ခြံထဲက ကားအနက်ရောင်တစ်စီး ထွက်လာပြီး သူတို့ကားနဲ့ ဆန့်ကျင်ဘက်ကို
မောင်းထွက်သွားတာတွေ့ရသည်။ အဲ့ဒီကားလည်း လမ်းထိပ်နားကိုအရောက် ရဲကားနဲ့တည့်တည့်တိုး
သဖြင့် ပြန်ကွေ့မည်ပြုတော့ မင်းခန့်တို့ကားက
သူတို့နောက်က ပိတ်ပြီးရပ်လိုက်ကြသည်။
ထို့နောက် ရန်ပွဲဖြစ်သွားကြပြီး လုပ်ကြံသူတွေကို ဖမ်းမိလိုက်ကြသည်။ မင်းခန့်က ဘာမှမဖြစ်သော်လည်း စစ်ကတော့ လက်မောင်းမှာ ဒဏ်ရာရသွားသည်။
သူတို့ကိုရဲစခန်းကို ခေါ်သွားတာနဲ့ စစ်တို့လည်း
ဟန်နီနိုင်တို့အိမ်နားမှာ ရပ်ထားခဲ့တဲ့စစ်ရဲ့ကားကို ပြန်သွားယူကြပြီး ရဲစခန်းကို လိုက်သွားကြလေသည်။
ကိစ္စတွေပြီးစီးသွားတော့ ည ၈နာရီတောင်ထိုးနေလေပြီ။
'ကျေးဇူးပဲ မင်းခန့်'
'မလိုပါဘူး။ တကယ်လို့သာ လုပ်ကြံတာက
မင်းခိုင်းတာဆိုရင် ငါကမင်းကို သတ်တော့မလို့။
အခုတော့ အကုန်ရှင်းသွားတာပေါ့။ ဟန်နီနိုင်ကတော်တော်ကြောက်ဖို့ကောင်းတာပဲ'
'ငါလဲ သူ့ကို အဲ့လောက်ထိရက်စက်လိမ့်မယ်မှန်း
မထင်ခဲ့ဘူး။ အခုတော့ သူ့ထိုက်နဲ့သူ့ကံပေါ့။
အခုထိ သတိမရသေးဘူးတဲ့'
'အင်း ဟုတ်မှာပေါ့။ လူ ၄ယောက်က ၀ိုင်းပြီး rapeတာခံရတာပဲ ဒီလောက်ကတော့ ရှိမှာပေါ့။
သူသတိရလာရင်လည်း ပြေးလို့မလွတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက ခက်ကို လာပြီးပြောတာကိုတောင် ကျေးဇူးတင်ရမယ့်ပုံပေါက်နေပြီ။ မဟုတ်ရင် accidentဖြစ်တဲ့နားတစ်၀ိုက်က လူပြတ်တော့
ဘာသဲလွန်စမှ ရှာလို့မတွေ့တော့ အမှုက ပိတ်ရတော့မလိုဖြစ်နေတာ'
'သူက သွားပြောတယ်ဆိုတာလည်း ခက်က ငါ့ကိုပြန်မပြောလောက်ဘူး၊ ပြီးတော့ ရဲကို မတိုင်လောက်ဘူးထင်လို့ ခက်ကဒီအတိုင်းပဲ ထွက်သွားလိမ့်မယ်ထင်လို့ သွားပြောတာနေမှာပေါ့။ ခက်က အရမ်းသည်းခံတတ်တာမဟုတ်လား' ခက်ဆိုမှ မနက်တုန်းက
ခက်သူ့ကိုပြောတဲ့ ကွာရှင်းပေးမယ်ဆိုတဲ့ စကားကို သတိရမိသွားသည်။ မဟုတ်လောက်ပါဘူးနော်....
တွေးမိတာနဲ့ အမြန်ပြန်ဖို့လုပ်လေသည်။
'မင်းခန့် မင်းကို တကယ်ကျေးဇူးတင်ပါတယ်။
အခုတော့ ငါပြန်မှဖြစ်မယ်။ ငါသွားတော့မယ်နော်'
'အင်း မင်းအနာကိုလည်း ဆေးထည့်အုံး'
မင်းခန့်ပြောမှ သူ့လက်မောင်းက ဓါးဒဏ်ရာအပြင်၊မနက်က ခက် သူ့ကို ထိုးထားတာကို သတိရမိသည်။ နှုတ်ခမ်းထောင့်က ကွဲသွားတာပဲ။
'အေးပါ။ ငါသွားပြီ'
ပြောပြီးတာနဲ့ တိုက်ခန်းကို အမြန်မောင်းလာခဲ့လိုက်သည်။ ခက် သူ့ကို တကယ်မကွာရှင်းလောက်ပါဘူးနော်။ မနက်တုန်းက ဒေါသထွက်နေတုန်းမလို့ ပြောတာနေမှာပါ။ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေသော်လည်း စိုးရိမ်စိတ်တို့ကသာ ကြီးစိုးလာသည်။ မင်းအနားက ထွက်သွားပေးမယ်ဟုသော စကားကို ပြန်ကြားမိတော့ ကားကို ပိုပြီး အရှိန်မြှင့်မိသည်။ လမ်းတစ်လျှောက်လုံးမှာ မီးပွိုင့်တွေ နီသလားစိမ်းသလားလဲ သူမသိတော့။ သူသိတာကတစ်ခုတည်းရှိသည်။
ခက်ဆီကို အမြန်ပြန်ရောက်ဖို့......
To be continued.....
[A/N.... 34 35ရေးပြီး စိတ်အခြေအနေမကောင်းတာနဲ့ ဒါလေးထည့်ပေးဖို့မေ့သွားတာ။ အပေါ်ကစာတွေမဟုတ်ပါဘူးနော်။ အောက်ကဇယားကွက် ၂ကွက်ထဲပါ။ ဘယ်သွေး ဘယ်သွေးဆိုရင် လှူလို့ရတယ်၊ မရဘူးဆိုတာလေးကို ဗဟုသုတရစေချင်လို့ ထည့်ပေးလိုက်ပါတယ်။ အောက်ဆုံးက ဇယားကွက်ကတော့ အမှန်ခြစ်ထားတာတွေက အပြန်အလှန်လှူလို့ရတဲ့ သွေးအမျိုးအစားပါ။ အမှားခြစ်တွေကတော့
လှူလို့လည်းမရသလို လက်ခံလို့လည်းမရတဲ့ သွေးအမျိုးအစားတွေပါ။
ဥပမာ... Aသွေးဆိုရင် Aသွေးအချင်းချင်း လှူလို့ရတယ်၊ Bသွေးကိုတော့ လှူလို့မရဘူး၊ ABကို လှူလို့ရတယ်၊ Oသွေးကို လှူလို့မရဘူး။ အဲ့ဒီလိုမျိုးလေးပေါ့။ မရှင်းတာရှိရင် message boxမှာ လာမေးလို့ရပါတယ်နော်။ လက်ရေးလေးကိုတော့ သည်းခံပြီးဖတ်ပေးကြပါရှင်။ အခင်က လက်ရေးမလှလို့ပါ🤧
Advertisement
愛你愛你💚💚]
Zawgyi
စစ္နဲ႔ မင္းခန္႔လည္း ဟန္နီႏိုင္ရွိတဲ့ဆီကို ထြက္လာခဲ့လိုက္ၾကသည္။ မင္းခန္႔ကေတာ့ အျပင္ကပဲ
ရပ္ေစာင့္ေနၿပီး စစ္ကပဲ အထဲကို၀င္သြားသည္။
စစ္ေရာက္သြားေတာ့ ဟန္နီႏိုင္က ၀မ္းသာအားရနဲ႔
'ကိုကို ဟန္နီ႔ဆီကိုလာတာလား။ ခက္နဲ႔ကြာရွင္းၿပီးသြားၿပီေပါ့ ဟုတ္လား။'
'ငါ့သားေလးကိုသတ္တာမင္းလား။ မင္းလုပ္ခဲ့တာလား ဟန္နီႏိုင္'
'ကိုကို..ကိုကိုဘာေတြေျပာေနတာလဲ။ ဟန္နီတစ္ခုမွနားမလည္ဘူး'
'မင္းငါ့ကိုညာမေနနဲ႔ေတာ့ဟန္နီႏိုင္! ငါ့အကုန္သိၿပီးသြားၿပီ။ ခက္က ငါ့ကိုအကုန္ေျပာၿပီးၿပီ။'
'ဘာ..ခက္ထန္ကေျပာတာ ဟုတ္လား။ သူကဘာလို႔အဲ့လိုေျပာတာလဲ'
'မင္းပဲ ခက္ရွိတဲ့ေဆး႐ုံအထိလိုက္သြားၿပီး အကုန္ေျပာခဲ့တာမဟုတ္ဘူးလား ဟမ္!!! ဘာလို႔မသိခ်င္ေယာင္ေဆာင္ေနရတာလဲ'
'ဟက္! ဟုတ္တယ္ ဟန္နီခိုင္းခဲ့တာ။ ကိုကို႔ကို
လိုခ်င္လြန္းလို႔ ဟန္နီလုပ္ႀကံခိုင္းခဲ့တာ။ အခု
ကေလးကေသသြားၿပီဆိုေတာ့ ကိုကိုလည္း သူနဲ႔ကြာရွင္းၿပီး ဟန္နီနဲ႔တူတူေနလို႔ရၿပီေလ။ ၿပီးေတာ့ သူက ရဲကိုမတိုင္ရဲပါဘူးကိုကိုရဲ႕။ သူ႔ကိုတိုက္သြားတဲ့ကားက ကိုကို႔ကားမလို႔ေလ'
ဟန္နီႏိုင့္ရဲ႕ စကားေၾကာင့္ စစ္ ေျပာစရာမ်ားပင္ ေပ်ာက္ရွသြားရသည္။
'ဟန္နီႏိုင္...မင္း..မင္း..ေတာ္ေတာ္ယုတ္မာပါလား'
'ဟုတ္တယ္ ဒါေတြအကုန္လုံးက ကိုကို႔ကိုခ်စ္လို႔!
ကိုကို႔ကို ပိုင္ဆိုင္ခ်င္လို႔လုပ္ရတာ'
'မဟုတ္ဘူး! မင္းငါ့ကိုခ်စ္တာမဟုတ္ဘူး! မင္းက အတၱႀကီးေနတာ။ မင္းလုပ္ခဲ့တာေတြအတြက္ မင္းျပန္ေပးဆပ္ေစရမယ္'
'ဘာလဲ ရဲတိုင္မလို႔လား လုပ္လိုက္ေလ။ ကားပိုင္ရွင္က ကိုကိုေနာ္။ ရဲနဲ႔တိုင္လည္း ကိုကိုကခိုင္းတာပါလို႔ ေျပာလိုက္႐ုံပဲ။ ခက္ထန္ကေရာ ကိုကို႔ကို ရဲနဲ႔
တိုင္ရဲလို႔လား။ ဟန္နီသူ႔ကိုသြားေျပာလိုက္လို႔ တိတ္တဆိတ္ထြက္သြားမယ္ပဲထင္ေနတာ။ အခုလို ကိုကို႔ကို ျပန္ေျပာလိမ့္မယ္လို႔ ဘယ္ထင္မလဲ။ ဟက္..သူက အဲ့ေလာက္ထိ သတၱိေတြရွိသြားတာလား'
'ငါတိုင္မွာ...' ဟန္နီႏိုင္ အသံၾကားရာကိုလွည့္ၾကည့္မိေတာ့ မီးတ၀င္း၀င္းေတာက္ေနသလို မ်က္လုံးနဲ႔ သူမ ကိုၾကည့္ေနတဲ့ မင္းခန္႔ကိုေတြ႕ရေလသည္။
'မင္းတို႔ ခက္ကို လုပ္ႀကံတယ္ဆိုတာ ငါတိုင္မွာ။
ခက္ကမတိုင္ရင္ေတာင္ ငါကရဲနဲ႔တိုင္ၿပီး မင္းတို႔ကို အျပစ္ခံယူခိုင္းမွာ'
'နင္...နင္က ဘယ္လိုလုပ္ေရာက္လာတာလဲ?'
ဟန္နီႏိုင္ အလန္႔တၾကားေမးမိေတာ့
'ဟက္! ေၾကာက္ေနတာလား? မင္းအခုေျပာတာေတြအကုန္ ငါ့မွာသက္ေသယူထားတယ္။ ဒီသက္ေသေတြနဲ႔အတူ မင္းကို ဖမ္းခိုင္းမွာမလို႔ အဆင္သင့္
ျပင္ထားလိုက္။ တကယ္လို႔ မင္းထြက္ေျပးမယ္ဆိုရင္ေတာင္ ငါက ေရဆုံးေျမဆုံးလိုက္ရွာမွာမလို႔ပဲ'
မင္းခန္႔နဲ႔ စစ္ ေျပာၿပီးတာနဲ႔ ခ်က္ခ်င္းထြက္လာၾကသည္။
က်န္ခဲ့တဲ့ဟန္နီႏိုင္ကေတာ့ တဖက္ကိုဖုန္းေခၚလိုက္ကာ
'Hello ခိုင္းစရာရွိတယ္။ မင္းစစ္ေမာင္နဲ႔ မင္းခန္႔ဆိုတဲ့ ၂ေယာက္ကို ရွင္းေပး။သူတို႔က က်မကို ရဲနဲ႔တိုင္မယ္လို႔ေျပာေနတယ္။ သူတို႔ကိုတစ္ခါထဲ အေပ်ာက္ရွင္းေပး'
'.....'
'ဘာ!!. မလုပ္ႏိုင္ဘူး ဟုတ္လား.....ရွင္တို႔အခုဘယ္မွာလဲ ! က်မလာခဲ့မယ္။ အလုပ္ကိစၥေဆြးေႏြးၾကတာေပါ့'
တစ္ဖက္ကေျပာတဲ့ လိပ္စာအတိုင္း ဟန္နီႏိုင္
ထြက္လာခဲ့လိုက္သည္။ သူမ ေရာက္သြားေတာ့
လူ ၄ေယာက္ေလာက္က သူမကိုေစာင့္ေနၾကသည္။
'ရွင္တို႔အဲ့ဒါဘာသေဘာလဲ။ ဘာလို႔ လက္မခံႏိုင္ဘူးလို႔ေျပာတာလဲ'
'ဘာလို႔လဲ ဟုတ္လား? အဲ့ဒါကို ငါတို႔ကမင္းကို
ျပန္ေမးရမွာ။ မင္းကေရာ ဘာလို႔ အဲ့ဒီခက္ထန္ဆိုတဲ့ေကာင္ကို သြားေျပာလိုက္ရတာလဲ? မင္းအဲ့လိုေျပာတုန္းက သူတို႔က ရဲနဲ႔တိုင္မယ္ဆိုတာ မေတြးမိဘူးလား? မင္းမွာ ဦးေႏွာက္မရွိဘူးလား ဟမ္!! '
'အဲ့ဒါေတြ က်မ မသိဘူး! က်မသိတာက ခက္ထန္ကို မင္းစစ္ေမာင္နားက ထြက္သြားေအာင္လုပ္ၿပီး
မင္းစစ္ေမာင္နဲ႔ လက္ထပ္ဖို႔ပဲ'
'ေအး မင္းက သြားေျပာလိုက္ေတာ့ သူတို႔က အခု မင္းကို ရဲနဲ႔တိုင္ၿပီမဟုတ္လား။ ဦးေႏွာက္မရွိတဲ့ေခြးမ!!! မင္းအဖမ္းခံရတာက ကိစၥမရွိဘူး ငါတို႔ကိုပါဆြဲထည့္လို႔ကေတာ့ မင္းကိုအေသသတ္ပစ္မယ္'
'ရွင္တို႔ ႐ူးေနၾကတာလား။ ရွင္တို႔ကလုပ္ႀကံတာေလ။ က်မက ခိုင္း႐ုံပဲခိုင္းတာ။ ရွင္တို႔ပဲ အဖမ္းခံၾကေပါ့'
'မင္းေခြးစကားမေျပာနဲ႔!! မင္းခိုင္းတာေလ။
မင္းခိုင္းလို႔ငါတို႔က လုပ္ရတာ! အဲ့ဒီေတာ့ အဖမ္းခံမယ္ဆိုရင္ေတာင္ အကုန္လုံးက မင္းလုပ္တာပါလို႔ေျပာၿပီး မင္းအဖမ္းခံလိုက္'
'မေျပာႏိုင္ဘူး!! အဲ့ဒါေၾကာင့္ အဖမ္းမခံရေအာင္လို႔ မင္းစစ္ေမာင္တို႔ ၂ေယာက္ကို သတ္ေပးလို႔ေျပာေနတယ္ေလ!! ရွင္တို႔ က်မေျပာသလိုမလုပ္ရင္
က်မ daddyနဲ႔ တိုင္ေျပာရမလား!!! '
'Daddy? အာ... အခု ဖြတ္လိုမြဲေနတဲ့ ဦးဇြဲႏိုင္ကိုေျပာေနတာလား? အဲ့လိုအဖိုးႀကီးကို ငါတို႔က ဘာလို႔ေၾကာက္ရမွာလဲ။ မင္းေျပာသလို လုပ္ရင္ေရာ.
.ငါတို႔ကို ဘယ္ေလာက္ေပးမွာမလို႔လဲ?'
'အခုခ်ိန္မွာ ေငြစကားေျပာေနေသးတာလား။ က်မေျပာသလိုမလုပ္ရင္ ရွင္တို႔ပါ ေထာင္က်ေတာ့မွာေနာ္။'
'ေငြစကားေျပာရမွာေပါ့။ မင္းက ငါတို႔ကို က်န္တဲ့ေငြေတြေတာင္ေပးေသးလို႔လား။ အင္း...မင္းမေပးႏိုင္လည္း ကိစၥမရွိပါဘူး။ မင္းလို အလွေလးတစ္ေယာက္က ေတာ္ေတာ္အရသာရွိမွာပဲေနာ္'
ဟန္နီႏိုင့္ကိုၾကည့္ၿပီး ေခါင္းေဆာင္လုပ္တဲ့သူကေျပာေတာ့
'ရွင္..ရွင္တို႔ ယုတ္မာမယ္မႀကံနဲ႔ေနာ္။ က်မကို ဘယ္လိုအမ်ိဳးအစားမ်ား မွတ္ေနၾကတာလဲ'
'မင္းကိုလား ဟက္ သူမ်ားအိမ္ေထာင္ေရးကို ဖ်က္စီးမယ္ဆိုကတည္းက မင္းက မေကာင္းတဲ့မိန္းကေလးမွန္း ငါတို႔သိၿပီးသား။ ဆိုေတာ့....အခု..မင္းက ပိုက္ဆံမေပးႏိုင္လဲ ျဖစ္ပါတယ္။ လူကိုပဲသိမ္း႐ုံေပါ့'
ေျပာၿပီးတာနဲ႔ ၀ိုင္းလာၾကတဲ့ လူေတြေၾကာင့္
ဟန္နီႏိုင္ထြက္ေျပးမယ္လုပ္ေသာ္လည္း မမွီေတာ့ေပ။
သူမ်ားကို လုပ္ႀကံခ်င္လြန္းလို႔ အခုလို ဘာမွႀကိဳတင္ျပင္ဆင္ထားျခင္းမရွိပဲနဲ႔ ဒီလူေတြရွိတဲ့ဆီကို ထြက္လာခဲ့မိတာ အရမ္းမွားသြားသည္။ သည္လူေတြက လူယုတ္မာေတြပဲ။
ထို႔ေနာက္မွာေတာ့...
'ဒီကေန အျမန္ထြက္သြားၾကမယ္။ ငါတို႔အဖမ္းခံရလို႔မျဖစ္ဘူး'
'ဆရာ...ဒီေကာင္မကို ဘယ္လိုလုပ္ၾကမလဲ'
ဟု တစ္ေယာက္ကေမးေတာ့
'အဲ့ေကာင္မက အခုထိ သတိမရေသးဘူးလား?
သူ႔ကိုပါ ေခၚသြားၾကတာေပါ့။ သူ ငါတို႔ဆီက
ထြက္ေျပးရဲမွာမဟုတ္ပါဘူး။ ဟက္..အေဖအားကိုးနဲ႔ ေမာက္မာခ်င္ေနတာ သူ႔အေဖက စီးပြားပ်က္ၿပီး ခြက္ဆြဲရေတာ့မယ့္ အေျခအေနေရာက္ေနတာေတာင္ မသိေသးဘူးထင္တယ္။ အခုပဲ သြားၾကရေအာင္။ သူ႔အေဖမေက်နပ္လည္း ငါတို႔ကို ဘာမွလုပ္လို႔မရဘူး'
ေျပာၿပီးတာနဲ႔ ထြက္လာခဲ့ၾကရာ လမ္းထိပ္အေရာက္မွာေတာ့ ရဲကားကိုေတြ႕ရသျဖင့္ ျပန္လွည့္ေျပးမည္ျပဳၾကသည္။ သို႔ေသာ္လည္း သူတို႔ေနာက္မွာရွိေနတာက မင္းခန္႔နဲ႔ စစ္တို႔ရဲ႕ကား။
အဖမ္းမခံပဲ ဓါးေတြကိုထုတ္ကာ ရန္ျပဳၾကသျဖင့္
စစ္တို႔က ျပန္ခုခံေနရသည္။ ေနာက္ဆုံး
လက္ေမာင္းကို ေသနတ္နဲ႔ ပစ္ၿပီး ဓါးလြတ္က်သြားတဲ့အခ်ိန္ေရာက္ေတာ့မွ အညံ့ခံၾကေလသည္။
၄ေယာက္လုံးကို လက္ထိပ္ခတ္လိုက္ၿပီး ထိုသူေတြရဲ႕ ကားထဲကိုၾကည့္မိေတာ့ သတိေမ့ေနသည့္ဟန္နီႏိုင္ကိုေတြ႕ၾကရသျဖင့္ သူမကိုပါ ေခၚလာခဲ့ၾကသည္။ သူမက လုပ္ႀကံခိုင္းတဲ့သူမဟုတ္လား။
စခန္းေရာက္ၿပီး သတိေမ့ေနတဲ့ ဟန္နီႏိုင္ကို
ေဆးစစ္ၾကည့္ေတာ့ ၀ိုင္းၿပီး rapeလုပ္ခံထားရတာကို ေတြ႕ရသည္။ ကိုယ့္အျပစ္နဲ႔ကိုယ္ပဲေလ။ သူမ်ားကို မေကာင္းႀကံခ်င္လို႔ ကိုယ့္အႏၲရာယ္ကိုေတာင္
မျမင္ႏိုင္တာ။ အခုေတာ့ ၀ဋ္လည္သြားတာေပါ့။
တကယ္ေတာ့ စစ္နဲ႔မင္းခန္႔က ဟန္နီႏိုင့္အိမ္က ထြက္လာၿပီး ဟန္နီႏိုင္တို႔ရဲ႕ လမ္းထိပ္ကေန
ေစာင့္ေနၾကတာျဖစ္သည္။
''ဟန္နီက လုပ္ႀကံခိုင္းခဲ့တာ''ဆိုတဲ့ စကားေၾကာင့္ သူမ ခိုင္းခဲ့တဲ့လူေတြကိုပါ သိရေအာင္ သူမကို
တိုင္မယ္ေျပာၿပီး အခုလို လမ္းထိပ္ကထြက္ေစာင့္ေနၾကျခင္း။ ထို႔ေနာက္ မင္းခန္႔ထင္ထားတဲ့အတိုင္း
ဟန္နီႏိုင္က ကားေမာင္းၿပီး အိမ္ကထြက္သြားသျဖင့္ သူတို႔လည္း လိုက္သြားၾကသည္။
စစ္ရဲ႕ကားနဲ႔လိုက္ရင္ သူမ ရိပ္မိသြားမွာစိုး၍ မင္းခန္႔ရဲ႕ကားနဲ႔သာ ေနာက္က လိုက္ခဲ့ၾကသည္။
ဟိုေရာက္ေတာ့ ဟန္နီႏိုင္က ၿခံႀကီးတစ္ခုထဲကို ၀င္သြားသျဖင့္ သူတို႔က လမ္းထိပ္ကေန ေစာင့္ေနၾကျခင္း။ ေရာက္တာနဲ႔ စစ္က 199ကို ဖုန္းလွမ္းဆက္ၿပီး အကူအညီေတာင္းလိုက္သည္။ ၂ေယာက္ထဲ
၀င္သြားလို႔မျဖစ္တာေၾကာင့္ ရဲေတြအလာကို
ေစာင့္ေနလိုက္ၾကသည္။
အတန္ၾကာေတာ့ ၿခံထဲက ကားအနက္ေရာင္တစ္စီး ထြက္လာၿပီး သူတို႔ကားနဲ႔ ဆန္႔က်င္ဘက္ကို
ေမာင္းထြက္သြားတာေတြ႕ရသည္။ အဲ့ဒီကားလည္း လမ္းထိပ္နားကိုအေရာက္ ရဲကားနဲ႔တည့္တည့္တိုး
သျဖင့္ ျပန္ေကြ႕မည္ျပဳေတာ့ မင္းခန္႔တို႔ကားက
သူတို႔ေနာက္က ပိတ္ၿပီးရပ္လိုက္ၾကသည္။
ထို႔ေနာက္ ရန္ပြဲျဖစ္သြားၾကၿပီး လုပ္ႀကံသူေတြကို ဖမ္းမိလိုက္ၾကသည္။ မင္းခန္႔က ဘာမွမျဖစ္ေသာ္လည္း စစ္ကေတာ့ လက္ေမာင္းမွာ ဒဏ္ရာရသြားသည္။
သူတို႔ကိုရဲစခန္းကို ေခၚသြားတာနဲ႔ စစ္တို႔လည္း
ဟန္နီႏိုင္တို႔အိမ္နားမွာ ရပ္ထားခဲ့တဲ့စစ္ရဲ႕ကားကို ျပန္သြားယူၾကၿပီး ရဲစခန္းကို လိုက္သြားၾကေလသည္။
ကိစၥေတြၿပီးစီးသြားေတာ့ ည ၈နာရီေတာင္ထိုးေနေလၿပီ။
'ေက်းဇူးပဲ မင္းခန္႔'
'မလိုပါဘူး။ တကယ္လို႔သာ လုပ္ႀကံတာက
မင္းခိုင္းတာဆိုရင္ ငါကမင္းကို သတ္ေတာ့မလို႔။
အခုေတာ့ အကုန္ရွင္းသြားတာေပါ့။ ဟန္နီႏိုင္ကေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတာပဲ'
'ငါလဲ သူ႔ကို အဲ့ေလာက္ထိရက္စက္လိမ့္မယ္မွန္း
မထင္ခဲ့ဘူး။ အခုေတာ့ သူ႔ထိုက္နဲ႔သူ႔ကံေပါ့။
အခုထိ သတိမရေသးဘူးတဲ့'
'အင္း ဟုတ္မွာေပါ့။ လူ ၄ေယာက္က ၀ိုင္းၿပီး rapeတာခံရတာပဲ ဒီေလာက္ကေတာ့ ရွိမွာေပါ့။
သူသတိရလာရင္လည္း ေျပးလို႔မလြတ္ေတာ့ပါဘူး။ ဘာပဲျဖစ္ျဖစ္ သူက ခက္ကို လာၿပီးေျပာတာကိုေတာင္ ေက်းဇူးတင္ရမယ့္ပုံေပါက္ေနၿပီ။ မဟုတ္ရင္ accidentျဖစ္တဲ့နားတစ္၀ိုက္က လူျပတ္ေတာ့
ဘာသဲလြန္စမွ ရွာလို႔မေတြ႕ေတာ့ အမႈက ပိတ္ရေတာ့မလိုျဖစ္ေနတာ'
'သူက သြားေျပာတယ္ဆိုတာလည္း ခက္က ငါ့ကိုျပန္မေျပာေလာက္ဘူး၊ ၿပီးေတာ့ ရဲကို မတိုင္ေလာက္ဘူးထင္လို႔ ခက္ကဒီအတိုင္းပဲ ထြက္သြားလိမ့္မယ္ထင္လို႔ သြားေျပာတာေနမွာေပါ့။ ခက္က အရမ္းသည္းခံတတ္တာမဟုတ္လား' ခက္ဆိုမွ မနက္တုန္းက
ခက္သူ႔ကိုေျပာတဲ့ ကြာရွင္းေပးမယ္ဆိုတဲ့ စကားကို သတိရမိသြားသည္။ မဟုတ္ေလာက္ပါဘူးေနာ္....
ေတြးမိတာနဲ႔ အျမန္ျပန္ဖို႔လုပ္ေလသည္။
'မင္းခန္႔ မင္းကို တကယ္ေက်းဇူးတင္ပါတယ္။
အခုေတာ့ ငါျပန္မွျဖစ္မယ္။ ငါသြားေတာ့မယ္ေနာ္'
'အင္း မင္းအနာကိုလည္း ေဆးထည့္အုံး'
မင္းခန္႔ေျပာမွ သူ႔လက္ေမာင္းက ဓါးဒဏ္ရာအျပင္၊မနက္က ခက္ သူ႔ကို ထိုးထားတာကို သတိရမိသည္။ ႏႈတ္ခမ္းေထာင့္က ကြဲသြားတာပဲ။
'ေအးပါ။ ငါသြားၿပီ'
ေျပာၿပီးတာနဲ႔ တိုက္ခန္းကို အျမန္ေမာင္းလာခဲ့လိုက္သည္။ ခက္ သူ႔ကို တကယ္မကြာရွင္းေလာက္ပါဘူးေနာ္။ မနက္တုန္းက ေဒါသထြက္ေနတုန္းမလို႔ ေျပာတာေနမွာပါ။ ကိုယ့္ကိုယ္ကို ႏွစ္သိမ့္ေနေသာ္လည္း စိုးရိမ္စိတ္တို႔ကသာ ႀကီးစိုးလာသည္။ မင္းအနားက ထြက္သြားေပးမယ္ဟုေသာ စကားကို ျပန္ၾကားမိေတာ့ ကားကို ပိုၿပီး အရွိန္ျမႇင့္မိသည္။ လမ္းတစ္ေလွ်ာက္လုံးမွာ မီးပြိဳင့္ေတြ နီသလားစိမ္းသလားလဲ သူမသိေတာ့။ သူသိတာကတစ္ခုတည္းရွိသည္။
ခက္ဆီကို အျမန္ျပန္ေရာက္ဖို႔......
To be continued.....
Advertisement
- In Serial1977 Chapters
Monster Integration
In the world where Humans and Monster's form a bond and fight together, the world where both Evolve together to get stronger. Walk with Micheal as he starts his adventures with his Silver Sparrow, overcomes countless obstacle and adversaries to fulfill his greatest Dreams.The initial and new chapters getting edited everyday.
8 1086 - In Serial210 Chapters
Lament of the Fallen
What happens when the great war is over and the 'good' side has won? What happens to the last surviving members of the fallen 'evil' side of the conflict? This is the tale of one of those survivors. Will she try to seek revenge? Will she try to hide her origin and ancestry and live in peace? Or will the universe have something else in mind?
8 242 - In Serial115 Chapters
Deviant's Masquerade: The Anthology Series
The world 's a big place, and it has a lot of stories that are just waiting to be told. This is especially true in a world where heroes, villains, magic, fantasy and horror all abound for those willing to look for it. Who knows there may even be a special brand of madness all for you. Just remember to beware what lies beneath the masks of those who attend the Deviant's Masquerade.
8 128 - In Serial8 Chapters
Zakaria Sol and the Eleventh Pathway
A human, a lycan, a vampire, a royal beast, a dragon, an elf and another human. Practitioners, sorcerers, monarchs, paragons and emperors. Gods who were in fact merely mighty mortals. Mysteries of those who came before even Merlin. Nexuses leading to the nine realms, olympus, avalon and beyond. Malevolent forces in the shadows, plotting their way to power. Earth… but not as you or I know it.
8 198 - In Serial11 Chapters
Fire and Ice
Samantha, have you checked if you got accepted in the schools you sent application to? Mom no.... (busily using her phone).What are you waiting for? Mom can you check for me? I think I received an e-mail, I was scared to check. Yes madam Sam
8 223 - In Serial18 Chapters
Mixels Outtakes/Bloopers
These are concepts of outtakes/bloopers that could've been the perfect form of comedy and could've saved the Mixels show.
8 109

