《Let Me Start Again [Completed]》LMSA 35
Advertisement
'သား...သား...' ကယောင်ကတမ်းတွေအော်နေတဲ့ခက်ကို အစိုးလှုပ်နှိုးလိုက်သည်။ ထိုအခါမှ
'အစိုး...အစိုး....ငါ့...ငါ့သားလေးရော...ငါ့သားလေးမသေဘူးမဟုတ်လား...ငါ့သားလေးကိုကယ်နိုင်တယ်မဟုတ်လား...ဟင်....အစိုး...ငါမေးနေတာဖြေလေကွာ'
'ခက်ရာ....မင်းရဲ့သားလေးက..ဆုံး...ဆုံးသွားပြီလေကွာ...'
'ဟင့်အင်း...မဖြစ်နိုင်ဘူး...အစိုး..ငါ့ကို...ငါ့ကိုမနောက်ပါနဲ့ကွာ...သားလေးက..သားလေးကဘာလို့ဆုံးရမှာလဲ...ငါ...ငါမယုံဘူး...ငါသွားရှာမယ်'
'ခက်....စိတ်ထိန်းလေကွာ..' အစိုးနဲ့ခက်တို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာပဲ ဦးမင်းထက်တို့ရောက်လာကြသည်။
'ခက်...သား...စိတ်ကိုထိန်းပါအုံးသားရယ်'
'Daddy...daddy...ကျနော့်သားလေး...ကျနော့်သားလေး...သူ..သူ..အသက်ရှင်သေးတယ်မဟုတ်လား...သားလေးမသေဘူးဆိုတာသူတို့ကိုပြောပြလိုက်လေ daddyရဲ့...သူတို့က ကျနော့်သားလေး မသေဘူးဆိုတာကို မယုံကြဘူး...'
'သားရာ မြေးလေးက..မြေးလေးက...ဆုံးသွားပြီသားရဲ့ ...'
'မယုံဘူး!! ကျနော့်....ကျနော့်သားလေးက...ဘာလို့..ဘာလို့ ကျနော်တို့ကို ထားခဲ့ရမှာလဲ။ လိမ်နေတာ။ daddyတို့ အကုန်လုံး ကျနော့်ကို ပေါင်းလိမ်နေကြတာ။ သားလေးကို...သားလေးကို ထုတ်ပေးကြနော်။ ကျနော့်သားက ကျနော့်ကိုထားပြီး ဘယ်ကိုမှထွက်သွားမှာမဟုတ်ဘူး။ အခု...အခုချက်ချင်း သားကို ထုတ်ပေးကြ!!!! ' ခြေထောက်က ဒဏ်ရာကြီးနဲ့ အောက်ကိုဆင်းမယ်လုပ်နေတဲ့ ခက်ကို အကုန်လုံးက ၀ိုင်းထိန်းထားရလေသည်။
'တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...ကျနော့်သားလေးကို...ကျနော့်သားလေးကို ပြန်ပေးကြပါ။ ကျနော့်မှာ...ကျနော့်မှာ...သားလေးတစ်ယောက်ထဲပဲ ရှိတော့တာမလို့...ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး...'
နောက်ဆုံးမှာတော့ ခက်ကို အိပ်ဆေးထိုးပေးလိုက်ရသည်။ ခက်အိပ်ပျော်သွားတော့မှ..
'အန်ကယ်..တိုက်သွားတဲ့သူကိုရှာတွေပြီလား'
မင်းခန့်ကမေးလေသည်။
'အန်ကယ်လည်းရှာနေတုန်းပဲသား အဲ့နားတစ်၀ိုက်က လူပြတ်တော့ ဘယ်သူမှလည်း မမြင်လိုက်ကြဘူးတဲ့'
'ခက်ကသနားစရာကောင်းတယ်အန်ကယ်...သူကအခု..သူ့သားလေးဇောနဲ့ သူ့ကိုယ်သူတောင်ဘာဖြစ်မှန်းသိသေးတာမဟုတ်ဘူး '
'သားလေးခြေထောက်က ဘယ်တော့လောက်ပြန်ကောင်းမှာလဲမောင်မင်းခန့်'
'အဲ့ဒါတော့ ကျနော်လည်း အသေအချာမသိသေးဘူး အန်ကယ်။ ဆရာ၀န်ပြောတာတော့ အနည်းဆုံး ၆လလောက်ကြာမယ်တဲ့။ ခြေကျင်း၀တ်နားလေးကို
ဆိုင်ကယ်ပိတာဆိုတော့ အဲ့နားတစ်၀ိုက်က အရိုးတွေကျိုးကုန်တာ'
'ခွဲစိတ်ဖို့လိုတယ်တဲ့လား'
'ဟုတ်ကဲ့ လိုတယ်တဲ့အန်ကယ်'
'ဒါဆို ခက်သတိရလာရင် ခွဲစိတ်ဖို့ကိစ္စဆွေးနွေးကြတာပေါ့ကွယ် ဒါနဲ့ စစ်ရော ဒီကိုလာသေးလား?
အန်ကယ်သူ့ဖုန်းကိုခေါ်ကြည့်တော့ မကိုင်လို့'
'အဲ့ဒီကောင်က လူမဟုတ်တော့ဘူးအန်ကယ်၊ လူစိတ်ပျောက်နေပြီ။ အခုလည်း သူ့မယားငယ်နဲ့
ရှိနေတာနေမှာ။ ကျနော်တို့ဖုန်းခေါ်တော့လည်း
မကိုင်ဘူး။ သူသာရောက်လာခဲ့ရင်....'
မင်းခန့်ပြောနေရင်းနဲ့ အံကိုကြိတ်လိုက်ကာ
'ကလေးလည်း သေမှာမဟုတ်ဘူး'
'အန်ကယ်လည်း မျက်နှာမပြရဲတော့ပါဘူးကွယ်'
'ရပါတယ် အန်ကယ့်အမှားမှမဟုတ်တာပဲ။ ကျနော်တို့ကလည်း ကလေးနဲ့ သွေးအမျိုးအစားမတူတာကြောင့်လည်း ပါပါတယ်။ အန်ကယ်ပြန်ရင်ပြန်လေ ကျနော်တို့ပဲစောင့်လိုက်တော့မယ်'
တစ်ဖက်တွင်တော့...
'ကိုကို...'
'ဟန်နီလာတာနဲ့အတော်ပဲ ကိုယ့်ဖုန်းဟန်နီ့ဆီ
ကျန်ခဲ့သေးလား? '
'ကိုကိုကလည်း ကိုကို့ဖုန်းက ကားပေါ်မှာကျန်နေခဲ့တာလေ ဒီမှာ ဟန်နီပြန်ယူလာခဲ့တယ်'
'ကျေးဇူးပဲဟန်နီ.. ဒါနဲ့ ကားသော့ကရော'
'အာ...ကိုကို့ကားက ၀ပ်ရှော့ကိုရောက်နေတယ်။ ဟန်နီ... car parkingထိုးရင်းနဲ့ ပလပ်ဖောင်းကို၀င်တိုက်မိလို့ အဲ့ဒါကြောင့် ပို့ထားတာ'
'ဟန်နီရာ...ဟန်နီက ကိုယ့်ကားကိုခဏငှားပါဆိုလို့ ကိုယ်ငှားပေးထားတာလေ၊ အခု ကားက ၀ပ်ရှော့ရောက်နေတော့ ကိုယ်က ဘယ်လိုပြန်ရမလဲ ဒီနေ့က သားလေးမွေးနေ့မလို့ စောစောပြန်မလို့ကိုကွာ'
'ဟန်နီတောင်းပန်ပါတယ် ကိုကိုရယ်..ဟန်နီလည်း
မတော်တဆ၀င်တိုက်မိသွားတာ၊ ကိုကိုဆူမှာစိုးလို့ ၀ပ်ရှော့ကိုအမြန်ပို့လိုက်ရတာပါ။ ပြီးတော့
ကိုကို့ဖုန်းကလည်း မနက်ကတည်းက ကားထဲမှာကျန်နေခဲ့တာ ဟန်နီက ညနေမှပေးတော့မယ်ဆိုပြီးလုပ်ထားတာပါ'
'ကျစ်...နောက်တစ်ခါမဖြစ်စေနဲ့တော့ ကိုယ်သွားတော့မယ် နောက်တောင်ကျနေပြီ'
'ကိုကိုက ဘာနဲ့ပြန်မှာလည်း ဟန်နီလိုက်ပို့မယ်လေ'
'ရပါတယ် Taxiငှားပြီးပြန်လိုက်တော့မယ် '
စစ်တစ်ယောက် ရေးကြီးသုတ်ပြာနဲ့ပြန်ထွက်သွားတော့ ဟန်နီနိုင်အော်ရယ်မိလိုက်သည်။
'ဟားဟား..ခက်ထန်...ခက်ထန်....နင့်ကိုငါသတိ
ပေးထားသားပဲ ကိုကိုနဲ့မကွာရှင်းရင် နင်နောင်တရစေရမယ်လို့။ နင်ကစကားကိုနားမထောင်တော့
အခု နင့်သားကိုဆုံးရှုံးလိုက်ရပြီ။ အဟက် နင့်ကိုတိုက်သွားတဲ့ကားက နင့်ယောကျာ်းရဲ့ကားဆိုရင်
နင်ဘယ်လိုများဖြစ်သွားမှာပါလိမ့်' ဟန်နီနိုင်
တစ်ယောက်ထဲ ပြောနေရင်း ဖုန်းလာတာကြောင့်
'Hello ရှင်တို့တော်လိုက်တာ...အခု ကလေးကသေပြီတဲ့..'
'.......'
'စိတ်မပူပါနဲ့ ရှင်တို့ကို တရားစွဲလို့မရပါဘူး
ဘာလို့လဲဆိုတော့ ကားပိုင်ရှင်က မင်းစစ်မောင်လေ'
'......'
'အဟက် ဘာလို့ရှင်တို့ကို ငွေပိုပေးရမှာလည်း?'
'......'
'ကောင်းပြီလေ ရှင်တို့က daddyရဲ့ မိတ်ဆွေတွေ
ဆိုတော့ ရှင်တို့ပြောသလို ပိုပေးရတာပေါ့။
ဒါပေမယ့် ခဏတော့စောင့်ပေး၊ ခက်ထန်နဲ့
မင်းစစ်မောင် ကွာရှင်းပြီး ကျမနဲ့ မင်းစစ်မောင်နဲ့
ယူပြီးရင် ရှင်တို့တောင်းတဲ့ငွေပေးမယ်၊ အခုကတော့ အရင်ကပေးထားတဲ့ စရံကိုပဲယူထားလိုက်ကြအုံး'
'.....'
'အဟက် ခြိမ်းခြောက်နေတာလား? ဟန်နီနိုင်တို့က ခြိမ်းခြောက်တိုင်းမကြောက်တတ်ဘူးနော်။ ရှင်တို့လိုချင်တဲ့ငွေရရင်ပြီးတာပဲမဟုတ်လား? စစ်နဲ့ယူပြီးသွားရင် သူ့အဖေရဲ့ companyတွေအကုန်ကျမ
ပိုင်ပြီ။ အဲ့အခါကျရင် ရှင်တို့တောင်းတဲ့ ငွေရဲ့ ၂ဆပေးမယ်'
တစ်ဖက်ကဖုန်းချသွားတော့
'ခက်ထန်နဲ့ မင်းစစ်မောင်ကိုကွာရှင်းအောင်
Advertisement
လုပ်မှဖြစ်မယ်။ မဟုတ်ရင် ငါ့မှာ ဟိုလူတွေကိုပေးဖို့ငွေမရှိတော့ဘူး၊ စရံတောင်မှ daddyရဲ့
ဘဏ်အကောင့်ထဲမှာ ရှိသမျှအကုန်ပေးလိုက်ရတာ။ အခုဆို daddy companyကလဲ ထပ်ပြီး အရှုံးပေါ်နေပြီ။ မဖြစ်သေးဘူး။ ငါကပဲ ခက်ထန်ရဲ့စိတ်ကိုစွပေးလိုက်အုံးမယ်။ အရမ်းချစ်တတ် အရမ်းသည်းခံတတ်ပြီး ခံစားချက်တွေကို မြိုသိပ်ထားတဲ့သူတွေ ပေါက်ကွဲရင် ဘယ်လိုလဲဆိုတာ သိချင်မိသားပဲ
အဟက်'
ဟုတ်သည်။ ဒီနေ့က ခက်သားလေးရဲ့မွေးနေ့မလို့ ခက်က ဘုန်းတော်ကြီးကျောင်းတစ်ခုကို အလှူသွားလုပ်မယ်ဆိုတာ သူမစုံစမ်းထားလို့ သိရသည်။
ထို့ကြောင့် ပြီးခဲ့တဲ့တစ်ပတ်ကပဲ daddyရဲ့ အဆက်အသွယ်နဲ့ လူတချို့ကို လုပ်ကြံဖို့ ငှားခဲ့သည်။
ကြေးကတော့ တော်တော်ပေးရတာပေါ့။
သို့သော်လည်း မင်းစစ်မောင်နဲ့ယူလိုက်လို့
ခံစားရမယ့် စည်းစိမ်တွေနဲ့ယှဥ်ရင်တော့
ဘာမှမပြောပလောက်ပေ။ daddyကလည်း
ဒီအချက်ကိုသိနေလို့ bank accထဲမှာရှိတဲ့ငွေတွေကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အကုန်စီစဥ်ပြီးတော့ မနေ့ညကတည်းက စစ်ဆီက ကားကိုခဏငှားထားလိုက်ပြီး ဒီမနက် စစ်ရဲ့ companyကို ၀င်ပို့ပေးခဲ့လိုက်သည်။ စစ်ရဲ့ဖုန်းကိုတော့ စစ်မသိအောင်
သူမကပဲ ယူထားလိုက်သည်။ သူမ ထင်ထားတဲ့အတိုင်း ခက်က စစ်ရဲ့ဖုန်းကို messageပို့ထားတယ်လေ။ သူမ စုံစမ်းတာက ခက်ကအလှူလုပ်မယ်ဆိုတာပဲ သိခဲ့ရသည်။ အခု ခက်က စစ်ဆီကို လိပ်စာ
အပြည့်အစုံပို့ပေးတော့ ဟိုလူတွေကို ခက်ပေးတဲ့လိပ်စာကိုပေးပြီးတော့ စစ်ရဲ့ကားကိုလည်း ပေးလိုက်သည်။ ခက်ထန်ကပဲကံဆိုးတာလားမသိ။ သူ့ကို လိုက်ပို့ပေးနေကျ driverနဲ့ မဟုတ်ပဲ သူတို့သားအဖ ၂ယောက်ထဲ ဆိုင်ကယ်နဲ့လာကြတယ်တဲ့။ အဟက် ကိုယ့်သေတွင်းကိုတူးတာပေါ့။
အသေတိုက်ဖို့လုပ်ထားတာကို လမ်းကကြမ်းတာကြောင့် ဘီးချော်သွားပြီး ခက်တို့ဆိုင်ကယ်ကို ပွတ်ဆွဲသွားတယ်တဲ့လေ။ (အင်း...ဒါလဲမဆိုးပါဘူး..အခုတော့ ခက်ထန်တစ်ယောက် သူ့သားသေသွားလို့ ဘယ်လောက်တောင်၀မ်းနည်းနေမလဲ? အဟက်။
သူ မသေသေးတော့လည်း ကားပိုင်ရှင်က ဘယ်သူလဲဆိုတာပြောပြပြီး စွပေးရတာပေါ့။ အဲ့ဒါဆိုရင်
စစ်က သူ့သားကိုတိုက်သတ်လိုက်တာဆိုပြီး စစ်နဲ့ကွာရှင်း။ အကုန်လုံးက ငါ့လှည့်ကွက်တွေအောက်မှာရှိနေတာပဲ။ အဟက်*) သူများကိုသာ မကောင်းကြံနေတတ်သောဟန်နီနိုင်က မိမိထံပြန်လှည့်လာ
မည့် မြှားဦးကိုတောင်မမြင်နိုင်တော့ပေ။
သားလေးမွေးနေ့က daddyတို့အိမ်မှာပဲမွေးနေ့ကိတ်ခွဲမှာမလို့ စစ်လည်း taxiကို daddyတို့
အိမ်ကိုပဲပို့ခိုင်းလိုက်သည်။ စစ်ရောက်သွားတော့ ခက်တို့သားအဖကိုမတွေ့။
'မင်း ပြန်လာရဲသေးတယ်နော်'
'ကျနော်က ဘာလို့ပြန်မလာရဲရမှာလဲdaddy။
ဒီနေ့က သားလေးမွေးနေ့လေ။ မနှစ်တုန်းက
သားလေးမွေးနေ့မှာ ရှိမပေးနိုင်လို့ အခုသားလေးကိုအချိန်ပေးမလို့'
'အဟက်! မင်းက ဟန်ဆောင်ကောင်းသားပဲ
မင်းစစ်မောင်။ မင်းက ငါ့မြေးလေးနဲ့ အတူအချိန်ဖြုန်းချင်ပေမယ့် အခါနှောင်းသွားပြီကွ။
သိရဲ့လား။ ငါ့မြေးလေးက accidentကြောင့်
သေသွားပြီ။ မင်းသာ ခက်ဖုန်းဆက်တုန်းက
ကိုင်ပြီး အချိန်မှီရောက်လာခဲ့ရင် ငါ့မြေးလေးကို
အခုလိုဆုံးရှုံးရမှာမဟုတ်ဘူး'
'Daddy..daddyဘာပြောတာလဲ ဘာလို့သားလေးကိုဆုံးရှုံးရမှာလဲ? ဘာကိုအချိန်နှောင်းသွားတာလဲ ကျနော်တစ်ခုမှနားမလည်ဘူး'
'ငါ့မြေးလေး...ငါ့မြေးလေး ဆုံးသွားပြီ မင်းစစ်မောင်ရဲ့။ ငါတို့က အဲ့ဒီအကြောင်းပြောဖို့ဖုန်းခေါ်တာတောင် မင်းကမှ ဖုန်းမကိုင်ပဲ'
'Daddyဘာပြောတာလဲ? ဒီနေ့က သားလေး
မွေးနေ့လေ။ သားလေးက ဘာလို့သေရမှာလဲ အဓိပ္ပါယ်မရှိတာတွေ'
'အဲ့ဒါတွေအကုန်မင်းကြောင့်။ မင်းသာ ခက်ဖုန်းခေါ်တုန်းက ကိုင်ခဲ့ပြီး အချိန်မှီရောက်လာခဲ့ရင် ငါ့မြေးလေးလည်း အခုလိုသေမှာမဟုတ်ဘူး'
'ဘာကိုဖုန်းခေါ်တာလဲ daddy..ကျနော်ဘာမှမသိလိုက်ရပါလား'
'အခုထိတောင် မင်းကလိမ်လို့ကောင်းနေတုန်းပါလား မင်းထွက်သွားတော့ မင်းစစ်မောင်။ ငါမင်းရဲ့မျက်နှာကိုမမြင်ချင်ဘူး၊ မင်းလိုကောင်ကို
မွေးထားမိတဲ့ ငါတို့အမှား။ တိရစ္ဆာန်ကောင် ထွက်သွားစမ်း!!!'
ဦးမင်းထက်က ဒေါသတွေအရမ်းထွက်နေတာမလို့စစ်လည်း ဆက်မပြောတော့ပဲ ထွက်လာလိုက်သည်။
Daddyက ဖုန်းခေါ်တယ်လို့ပြောတာကို သတိရတော့ သူ့ဖုန်းကိုကြည့်လိုက်သော်လည်း call log
ထဲမှာ မနေ့က ဟန်နီနိုင့်ဆီခေါ်ထားတာကလွဲလို့ ဒီနေ့အတွက် miss calledရော messageတွေရော တစ်ခုမှမတွေ့။ တနေကုန် သူ့ဖုန်းက
ဟန်နီနိုင့်ရဲ့လက်ထဲမှာဖြစ်သည်။
(ဟန်နီက ဘာလို့ call logတွေ ဖျက်ပစ်ရတာလဲ? ခက်ကဖုန်းဆက်တော့ ဟန်နီက မကိုင်လိုက်ဘူးပေါ့*)
စစ် မင်းခန့်ဆီကိုဖုန်းဆက်ပြီး ခက်တက်နေရတဲ့ဆေးရုံမေးလိုက်သည်။ ထို့နောက် ခက်ရှိတဲ့ဆေးရုံကို လာခဲ့တော့သည်။ ရောက်ရောက်ချင်းမှာပဲ မင်းခန့်နဲ့တည့်တည့်တိုးလေသည်။ သက်နွယ်တို့ကတော့ သူ့ကိုမြင်တာနဲ့ မျက်နှာလွှဲသွားကြလေသည်။
'မင်းခန့်..ခက်ရဲ့ အခြေအနေဘယ်လိုနေသေးလဲ?'
'ခြေကျင်း၀တ်ခွဲစိတ်ရမယ် အခုတော့ အိပ်ပျော်နေတယ်။ မင်းက ဘယ်လိုမျက်နှာနဲ့ ဒီအထိလာရဲရတာလဲ?'
'သားလေးက ဆုံးသွားပြီဆို'
'ဟုတ်တယ်လေ မင်းပျော်နေရတော့မှာမဟုတ်လား ခက်ကမင်းကို ကလေးကိုဗန်းပြပြီး ဆွဲထားတာလို့ မင်းပြောနေကျအတိုင်း အခုတော့ ကလေးလည်း ဆုံးသွားပြီလေ။ မင်းလည်း ခက်နဲ့ကွာရှင်းပြီး
ဟန်နီနိုင်ဆိုတဲ့မိန်းမနဲ့ ယူလို့ရပြီမဟုတ်ဘူးလား?'
'ငါ့ကိုမရွဲ့နဲ့မင်းခန့်။ အခုသားလေးအလောင်းက ဘယ်မှာလဲ? ငါ သားလေးကိုတွေ့ချင်တယ်'
'ဟက် အခုမှ အဖေကောင်းယောင်ဆောင်မနေပါနဲ့ မင်းစစ်မောင်ရဲ့။ မင်းသာ မင်းရဲ့သားလေးကို ဂရုစိုက်တယ်ဆိုရင် ခက် မင်းဆီကိုဖုန်းဆက်ကတည်းက မင်းရောက်လာခဲ့ရမှာ'
'ဘာလို့ ငါရောက်မလာတာကိုပဲပြောနေကြတာလဲ? အဲ့ဒါနဲ့ဘာဆိုင်သွားလို့လဲ? ပြီးတော့ မင်းတို့ဖုန်းခေါ်တာ ငါ့ဘက်မှာမပေါ်ဘူး'
'အဟားး လိမ်ပြောရတာမပင်ပန်းဘူးလား
မင်းစစ်မောင်။ မင်းကြောင့်လေ။ သားလေး accidentဖြစ်ပြီးတော့ ခေါင်းကွဲသွားပြီးသွေးထွက်လွန်သွားတာ။ သားလေးက Oသွေးမလို့ မင်းရဲ့သွေးကို လိုအပ်လို့ ဖုန်းလှမ်းခေါ်တော့ မင်းပဲ ဟန်နီနိုင့်ကို မလာနိုင်ဘူးဆိုပြီးပြောခိုင်းခဲ့တာမဟုတ်ဘူးလား ဟမ်? မင်းရဲ့သားလေးမှာ တစ်ခုခုကြောင့် သွေးထွက်လွန်တဲ့ Hemophiliaဆိုတဲ့ရောဂါရှိတယ်ဆိုတာရော မသိဘူးလား? အခု သွေးကို အချိန်မှီမသွင်းလိုက်ရလို့ ခေါင်းက ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီးသေသွားပြီလေ။
Advertisement
မင်းပျော်တယ်မဟုတ်လား ဟမ်?'
'မင်းတို့ငါ့ကိုအထင်လွဲနေပြီ။ အခုလောလောဆယ်တော့ ငါ သားလေးကိုတွေ့ချင်တယ်။
ငါ့ကိုလိုက်ပို့ပေးလို့ရမလား?'
'ကောင်းပြီလေ။ မင်းသိပ်ကိုတွေ့ချင်နေတော့လည်း လိုက်ပို့ပေးရတာပေါ့၊ ကလေးလေးရဲ့ အလောင်းကိုကြည့်ပြီးအောင်ပွဲခံလိုက်ပါအုံး' မင်းခန့် စစ်ကိုပြောပြီးတော့ သက်နွယ်တို့ဘက်ကိုလှည့်ကာ
'ဒီမှာ ခက်ရဲ့ဖုန်းလေးပြန်ပေးပေးအုံး accidentဖြစ်တဲ့နေရာက ယူလာခဲ့တာ ' ဟုပြောပြီးနောက် ကလေးလေးရဲ့ ရုပ်ကလာပ်ရှိရာကို ထွက်လာခဲ့ကြသည်။
ခက်တစ်ယောက် သားလေးဆုံးသွားတဲ့အချိန်ကစပြီးတော့ အရင်ကထက်ပိုပြီး စကားနည်းသွားသည်။ အစားလဲကောင်းကောင်းမစားတော့။ သားလေးကို သဂြိုလ်ပြီးတော့ daddyတို့က သူ့ခြေထောက်ကို ခွဲစိတ်ဖို့ပြောကြလေသည်။
'ကျနော်မခွဲစိတ်တော့ဘူး daddy။ ဒီဒဏ်ရာကို သေတဲ့အထိယူသွားမှာ။ အဲ့ဒီနေ့က ကျနော်သာ
ဆိုင်ကယ်နဲ့မထွက်ခဲ့ဘူးဆိုရင် သားလေးလဲ အခုလိုအဖြစ်ဆိုးနဲ့ ကြုံမှာမဟုတ်ဘူး။ ကျနော့်ကိုကျနော် အပြစ်ပေးတဲ့အနေနဲ့ ဒီခြေထောက်ကို ဒီအတိုင်းထားမှာ'
'မဟုတ်သေးဘူးလေ ခက်ရာ။ မင်းရဲ့သားလေးကို တိုက်သွားတဲ့တရားခံကိုမရှာချင်ဘူးလား? မင်းအခုလိုပုံစံနဲ့ဘယ်လို သွားရှာမလဲ? မင်းရဲ့သားလေးအတွက် မင်းသူတို့ကို ပြန်ပြီး အပြစ်မပေးချင်ဘူးလား?'
'အပြစ်...ဟုတ်တယ် သူတို့ကို အပြစ်ပေးရအုံးမယ်။ ငါသူတို့ကို အပြစ်ပေးရမယ်။ ဒါပေမယ့်...သားလေးရဲ့ ရက်လည်ပြီးမှပဲ ငါခွဲစိတ်ချင်တယ်မင်းခန့်။
သားလေးအတွက်ရည်စူးပြီး အလှူလုပ်ချင်သေးတယ်'
ခက်ရဲ့သဘောအတိုင်း သားလေးရဲ့ ရက်လည်ပြီးမှပဲ ခွဲစိတ်ခဲ့သည်။ စစ်ကတော့ သားလေးကို သဂြိုလ်တုန်းကရော သားလေးရဲ့ ရက်လည်မှာရော သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ရှိပေမယ့် ခက်၀မ်းမသာနိုင်။ သူဖုန်းဆက်တုန်းကသာ စစ်ရောက်လာခဲ့ရင်ဟူသော အတွေးက ကြီးစိုးနေတာကြောင့် စစ်ကိုလည်း အရင်ကလို စကားမပြောချင်တော့ပေ။
သူ ခွဲစိတ်မယ်ဆိုတာတောင် စစ်သိပါရဲ့လား?
တစ်ဖက်ကစစ်မှာတော့ ဟန်နီနိုင်ဘာလို့ ခက်ကဖုန်းခေါ်တာကို သူ့ကိုပြန်မပြောခဲ့တာလဲ။ ဘာလို့ call logတွေ ဖျက်ပစ်တာလဲဆိုတာသာ စဥ်းစားနေသည်။
(တကယ်လို့ သားလေးသေရတာ
မင်းရဲ့ပယောဂမကင်းဘူးဆိုရင် ငါမင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး ဟန်နီ*)
ခက်ကတော့ အဲ့ဒီနေ့ကတည်းက သူ့ကိုစကားမပြောတော့ပေ။ ခက်သူ့ကိုစိတ်နာသွားတာလား?
ခက်ခွဲစိတ်မှာကို သိပေမယ့် သူမသွား။ မသွားရဲတာဆိုပိုမှန်လိမ့်မည်။ ခက်ရဲ့စိတ်ထဲမှာ သားလေးသေရတာ သူအချိန်မှီရောက်မလာခဲ့လို့ဆိုတာပဲစွဲနေသည်လေ။ ထို့ကြောင့် ခက်ရဲ့ ခွဲစိတ်မှု အဆင်ပြေစေရန်ပဲ ဆုတောင်းပေးနေရသည်။
To be continued.....
[A/N...နောက်တစ်ပိုင်းဆိုရင် အပိုင်း ၁ အစကိုပြန်ရောက်သွားပါပြီနော်။ အခု အပိုင်း ၃၆အထိက ခက်က ပြန်စဥ်းစားနေတာပါ
ပြီးတော့ ကလေးလေးကို သေခိုင်းလိုက်လို့ အခင့်ကို ရက်စက်တယ်လို့ ထင်နေကြမှာသိပါတယ်။
ဒါပေမယ့် ဒီ ficလေးကို စရေးကတည်းက ဒီအတိုင်းပဲ plotချထားပြီးသားဖြစ်တာမလို့ plotကို ပြန်မပြောင်းနိုင်ပါဘူး။ ဒါလေးတစ်ခုတော့နားလည်ပေးစေချင်ပါတယ်ရှင်။
愛你愛你💚]
Zawgyi
မင်းခန့်ကမေးလေသည်။
မကိုင်ဘူး။ သူသာရောက်လာခဲ့ရင်....'
တစ်ဖက်တွင်တော့...
'ကိုကို...'
ကျန်ခဲ့သေးလား? '
'.......'
'......'
'......'
'.....'
အဟက်'
ဘာမှမပြောပလောက်ပေ။ daddyကလည်း
Advertisement
- In Serial9 Chapters
A Fragmented Mind
"Hi there. My name is Richard Maddox, but my — admittedly nonexistent — friends call me Rick. I live in a world of superheroes and villains. A world filled with magic and physics-defying powers, and in this world, I'm just an ordinary, completely average 17-year-old boy. My imaginary friends, however, are as far from average as you get. You think you're good at deluding yourself? Well, stand back, because it's time for a master to show you his craft. Welcome to my life, the life of a madman." This story was originally inspired by the 'Legion' novella series written by Brandon Sanderson. If you've read those books and liked them, it might be worth giving this a read. The same goes if you haven't read them either, I guess. (Currently re-writing earlier chapters)
8 148 - In Serial15 Chapters
Test of Endurance
Tenacity Online is set to be the biggest Full Immmersion Virtual Reality (FIVR) game of the next decade. And they're going all out for the release, a yearlong streamed event. Two thousand of the world's most dedicated, competitive, and popular gamers will be going into full immersion. Catering to the word hardcore, T.O. is a game looking to shake up a player base jaded by over three decades of FIVR games. With no pain dampeners and zero tool assisted gaming, the year long event is set to be a grueling test of endurance for everyone involved. Luke Castille is in a rut, in and out of the virtual world. Grinding out endless hours at a dead end job and trying to find time to play with a slowly failing guild of friends. Tenacity Online is his one chance to turn it all around, setting out to make something not only for himself but the people he counts as friends. Failure isn't an option and the clock is ticking.
8 142 - In Serial13 Chapters
The Four Year Plan (Completed)
"Will you get off of me. This isn't apart of the deal Landon. You don't get to fuck me." "I know I know. But let's just imagine." I stood up with a dress in my hand trying to leave his embrace. But he kept my hips on his pelvis. "It's dark, we're on my bed. Your small frame under me-""Landon." He ignored me. "As I pound viscously into you." I couldn't help but to imagine to. A wave of heat flashed over me and he chuckled. "You're thinking of it too now, aren't you?" He asked breathing into my neck. With that I pushed myself off of him. "Asshole." I muttered slipping on the sundress.Highest rank: #9 in interracial-romance #6 in interracial
8 209 - In Serial15 Chapters
Jinjuriki Compound
First try at writing fanfic! Constructive criticism welcome.Description: What would happen if all the jinjuriki grew up together, away from the villages and nations with only a few select people to raise them without the animosity of the public?
8 112 - In Serial37 Chapters
Who Let The Vamps Out? (Boyxboy) ✔
*COMPLETED* (08.05.20)Noah Sorin is a 17-year-old genius who is sent on a mission to the Elite high school, Bran Prep High.His investigation? Vampires. What happens when Noah stumbles upon Aleksei Maksim Griffon, a vampire with beautiful pale skin, unruly raven-hair and eyes as blue as the ocean? "Don't fall in love with a vamp," they'd warned him."I won't," was what he said. But a story of heartbreak, forbidden love, and undying passion unravels as he discovers the secrets of the supernatural.***This book is a boy x boy story.Best ranking:#58 gay : 01.12.20#102 fiction (04.05.20)#69 featured (04.05.20)#10 lgbt (15.05.20)#10 lbtq (15.05.20#92 supernatural#75 featured (03.05.20)#94 vampire#89 teenfiction#4 supernatural (15.10.20)Rankings: #fiction #featured #queer #gay#depression#bl#youngadult#featured #comedy#bisexual #manxman#teen fiction #boyxboy #bxb #LGBT #romance#vampire#supernatural#werewolf
8 207 - In Serial53 Chapters
Why Did I do This to Myself?!? (One Piece Fanfic)
This is a story about a average anime nerd and a stupid decision that most would make if they got the chance.To go into there favorite anime/manga. Which just so happened to be one piece...A dream come true right? You fool! Its fun in concept but in reality its going into a world that could kill you in an instant.Lucky for the idiot that made the decision was they were born a infant when they swapped worlds. Other good news, they know who they've been born as. An OC they made. The bad news is that there a punching bag OC.Lets boogie.Started: 09/21/2021Ended: 00/00/0000
8 120