《Let Me Start Again [Completed]》LMSA 34
Advertisement
Unicode
သူနောင်တရစရာမရှိဘူးဟုပြောနေသော်လည်း သူထင်တာမှားနေမှန်း သားလေးရဲ့ ၂နှစ်ပြည့်မွေးနေ့မှာပဲ သိခဲ့ရသည်။
24.12.2018
ဒီနေ့က သားလေးရဲ့ ၂နှစ်ပြည့်မွေးနေ့မလို့ ခက် သားလေးနဲ့ အလှူသွားလုပ်မလို့ပြင်ဆင်နေသည်။ ဘာကြောင့်မှန်းမသိ သားလေးရဲ့မွေးနေ့မှာ အမှတ်တရဖြစ်သွားအောင် အလှူတစ်ခုခုတော့လုပ်ပေးချင်မိသည်မို့။
မွေးနေ့မရောက်ခင် တစ်ပတ်လောက်တကည်းက ကြိုပြီးတော့ ပစ္စည်းတွေ ၀ယ်ထားပြီးပြီဖြစ်သည်။ ပြီးတော့ မနေ့ကတည်းက လှူမယ့်ဘုန်းကြီးကျောင်းကို သွားပို့ပေးပြီးပြီ။ ခက်က မြို့သစ်ဘက်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ စိတ်ကူးထားတာဖြစ်သည်။ အဲ့ဒီဘက်တွေက လူနေအိမ်တွေလည်း နည်းပါးသည့်အတွက် အလှူရှင် ရှားပါးသည့်အပြင် ကျောင်းထိုင်ဘုန်းဘုန်းကြီးကလည်း မိဘမဲ့ကလေးတွေကို မွေးစားထားသေးသည်မို့ ခက်က ထိုကျောင်းမှာလှူဖို့ ဆုံးဖြတ်လိုက်ခြင်းသာ။ အလှူရှင်တွေပေါနေတဲ့ကျောင်းထက် အခုလို ရှားပါးတဲ့ကျောင်းတွေကို လှူတာက ပိုကောင်းတယ်မဟုတ်ပါလား။
မင်းခန့်တို့ကိုလည်း ဘုန်းကြီးကျောင်းကိုပဲ တန်းလာခဲ့ဖို့ ပြောထားသည်။ သူကတော့ ဆိုင်ကယ်နဲ့ပဲသွားလိုက်တော့မည်။ ကားမောင်းပို့ပေးမယ့် ဘဘက မနေ့ကတည်းက နေမကောင်းဖြစ်နေတာမလို့ လူကြီးကိုလည်း ဒုက္ခမပေးချင်ပေ။ မနက်ပိုင်းကို အလှူလုပ်ပြီး ညနေပိုင်းကို papaတို့နဲ့ ကိတ်ခွဲမည်ဖြစ်သည်။ စစ်ကိုတော့ အလှူလုပ်မယ့်နေရာကို messageပို့ထားလိုက်သည်။ လာတာမလာတာက သူ့သဘောအတိုင်းသာ။
ခက် ပြင်ဆင်ပြီးတာနဲ့ သားလေးနဲ့အတူ Scoopyလေးစီးပြီးထွက်လာခဲ့လိုက်သည်။ ဒီနေ့မှဘာလို့လဲ
မသိ စိတ်ထဲမှာ လေးနေသည်။ ကြည့်ရတာ အခုမှ ဆိုင်ကယ်ပြန်မောင်းဖူးလို့များလား?
သူတို့လှူမယ့်ကျောင်းက သူတို့တိုက်ခန်းနဲ့ဆိုရင် ၁နာရီကျော်မောင်းရသည်။ ဘုန်းကြီးကျောင်း
တစ်၀ိုက်မှာလည်း လူတော်တော်ပြတ်သည်။ အိမ်တွေကလည်း တစ်အိမ်နဲ့တစ်အိမ် တော်တော်လေးလှမ်းသည်မို့။
ခက်တို့ရောက်သွားတော့ မင်းခန့်တို့က နောက်ကျမည်လို့ messageပို့ထားသည်ကိုတွေ့ရသဖြင့်
မင်းခန့်တို့ကိုစောင့်မနေတော့ပဲ သူတို့
သားအဖ ၂ယောက်ထဲသာ တရားနာ ဆွမ်းကပ်ပြီး
မနေ့ကတည်းက ပို့ထားတဲ့ပစ္စည်းတွေကို ဘုန်းကြီးကျောင်းသားလေးတွေကို လိုက်ဝေခဲ့သည်။
ဘုန်းဘုန်းကြီးကိုလည်း ပရိက္ခရာ ၈ပါး ပါတဲ့ သင်္ကန်းခြင်းနဲ့အတူ ၀တ္ထုငွေတွေကိုလည်း လှူခဲ့လိုက်သည်။ အကုန်လုံးပြီးစီးသွားသည်အထိ မင်းခန့်တို့က ရောက်မလာသေးသဖြင့် ခက်လည်း သူအိမ်ပြန်ပြီလို့သာ messageပို့ထားလိုက်ပြီး ဆိုင်ကယ်မောင်းပြီး ထွက်လာခဲ့လိုက်သည်။ သားလေးက ရှေ့ကနေ မတ်တပ်ရပ်ပြီးလိုက်ချင်သည်ဆို၍
သူလည်း သားလေးစိတ်တိုင်းကျနေခိုင်းလိုက်ပြီး ဆိုင်ကယ်ကိုဖြေးဖြေးချင်းသာမောင်းလာခဲ့လိုက်သည်။
ဆိုင်ကယ်မောင်းနေရင်းနဲ့ ခက် နောက်ကျောမလုံသလိုခံစားလာရသည်။ back mirrorက
ကြည့်သော်လည်း ကားတစ်စီးကလွဲလို့ ဘာမှမတွေ့ရ။
သူ့စိတ်ထဲဘာလို့ လေးနေပါလိမ့်။ ခက်တွေးနေရင်းမှာပဲ နောက်ကပါလာတဲ့ကားက အရှိန်တင်မောင်းလာလိုက်ပြီး သူ့ဆိုင်ကယ်ကို ပွတ်တိုက်သွားသည်။ ရုတ်တရက်ဖြစ်တာမလို့ ခက် ဘေးကိုရှောင်လိုက်တာလဲ မမှီတော့ပေ။ ခက်ရဲ့ခြေထောက်တွေဟာ ဆိုင်ကယ်နဲ့ ပိနေသဖြင့် ပြန်မထနိုင်သေး။ သားလေးကိုကြည့်လိုက်တော့ သားလေးက သူနဲ့ဆန့်ကျင်ဘက်ကိုလွင့်သွားပြီး ခေါင်းနဲ့ ကျောက်တုံးနဲ့စောင့်မိသည်ထင်။ ခေါင်းမှာသွေးတွေအများကြီးထွက်နေသည်။ ခက်..သားလေးကိုမြင်တော့ လန့်သွားပြီး သားလေးဆီသွားဖို့ကြိုးစားသော်လည်း ဆိုင်ကယ်
၀ိတ်ကလေးတာမလို့ သူ့ပေါ်က မဖယ်နိုင်။ သူ..အားကုန်သုံးကာ ဖယ်မယ်လုပ်သော်လည်း
ဆိုင်ကယ်က တစ်ဖက်ကိုပြန်လဲကျသွားရင်
သားလေးပေါ် ပိမှာစိုးသဖြင့် ဆိုင်ကယ်အောက်ရောက်နေတဲ့ သူ့ခြေထောက်ကိုသာ ပြန်ဆွဲထုတ်နေရသည်။ သူတို့သားအဖကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလား.....
'သား..သား...မျက်စိမမှိတ်လိုက်နဲ့အုံးနော်။ papaပြောတာကြားလား သား...'
ကံကောင်းထောက်မစွာပဲ သူတို့ဘက်ကိုလာနေ
သည့် ဆိုင်ကယ် ၁စီးကိုတွေ့ရလေသည်။
သူတို့ကိုတွေ့တော့...
'ဟာ ဆိုင်ကယ်လဲတာလား? လာလာ..ကျနော်တို့ကူပေးမယ်' ဟုပြောကာ ဆိုင်ကယ်ကိုပြန်ထောင်လိုက်ပြီး ခက်ကိုဆွဲထူပေးလေသည်။ ခက်မှာ
ဆိုင်ကယ်ပိတဲ့ ဒဏ်ကြောင့် ခြေထောက်က
ကောင်းကောင်းမထောက်နိုင်သော်လည်း ဂရုမစိုက်နိုင်။ သားလေးရှိရာကို သွားမိသည်။
'သား..သား...သတိထားအုံးနော် သားလေး ...အကို...အကို..ကျနော့်သားလေးကို..
.ကျနော့်သားလေးကိုကူညီပေးပါအုံး...သားက..
သားက...သွေးထွက်လွန်သွားလို့မရဘူး။ ဒီနားမှာ..ဆေးခန်းမရှိဘူးလားဟင်?'
'ဟာ..ရှိတယ်ရှိတယ်...ဟိုဘက် လမ်းမကြီးပေါ်တက်လိုက်ရင် ဆေးခန်းတစ်ခုရှိတယ်..အကိုတို့လိုက်ပို့ပေးမယ်' ဟုဆိုသဖြင့် ထိုသူတွေနဲ့ ဆေးခန်းကိုထွက်လာခဲ့လိုက်ကြသည်။ ခက်က သားလေးကိုပွေ့ချီထားကာ အကိုတစ်ယောက်ရဲ့ဆိုင်ကယ်နောက်ကလိုက်ပြီး ခက်ရဲ့ဆိုင်ကယ်ကိုတော့ တခြားတစ်ယောက်က စီးလာပေးလေသည်။
ဆေးခန်းကိုရောက်တော့ သားလေးကို တစ်ယောက်ကချီကလိုက်ပြီး ခက်ကိုတော့ နောက်တစ်ယောက်က တွဲလာခဲ့ပေးသည်။ တကယ်တော့ ခက်တို့ရောက်သွားသည့်နေရာက ဆေးခန်းအသေးစားလေးသာ။ ခက်တို့ရောက်သွားတော့ ဆရာ၀န်က သားလေးကို သွေးတိတ်အောင်လုပ်ပေးလေသည်။
'ကလေးကို သွေးသွင်းပေးဖို့လိုအပ်တယ်...သွေးတွေအများကြီးဆုံးရှုံးထားရတာ..ကြာသွားရင် အသက်မကယ်နိုင်မှာစိုးရတယ်'
'သားလေးက...Oသွေးပါဆရာ..ကျနော်က..
ကျနော်က..Bသွေး...တခြား..တခြား.. သွေးအလှူရှင်တွေလှူထားတာမရှိတော့ဘူးလား ဆရာ'
'Oသွေးက အရမ်းရှားတာ...ပြီးတော့ လွန်ခဲ့တဲ့ ၁နာရီလောက်ကပဲ တစ်ပုလင်းထဲပဲကျန်တော့တဲ့ သွေးကို လူနာတစ်ယောက်ကိုသွင်းပေးလိုက်ရတယ်။ ငါ့ညီ အသိတွေထဲကများ Oသွေးမရှိတော့ဘူးလား?'
ဆရာ၀န်ပြောမှ သူစစ်ကိုသတိရမိသွားသည်။
ဟုတ်သားပဲ..စစ်က..စစ်က Oသွေးလေ။
'ဆ..ဆရာ...၁၅မိနစ်လောက်စောင့်ပေးလို့ရမလား။ ကျနော်အခုပဲ သားလေးရဲ့အဖေကိုဆက်သွယ်လိုက်ပါ့မယ်'
ခက် ပြောလည်းပြော စစ်ဆီကိုလဲ ဖုန်းခေါ်နေလေသည်။ လာပို့ပေးတဲ့အကို ၂ယောက်ကတော့
ဆိုင်ကယ်သော့ပေးခဲ့ကာ သူ့ကိုနှုတ်ဆက်ပြီးပြန်သွားကြလေပြီ။ ဘာပဲဖြစ်ဖြစ် အခုလိုကူညီပေးတာကိုပဲ ကျေးဇူးတင်ဖို့ကောင်းနေပါပြီ။ ဒုက္ခရောက်နေတဲ့သူကိုတွေ့လျှင် မျက်နှာလွှဲမနေတတ်သည့် မန္တလေးသားတို့ရဲ့ စိတ်ဓါတ်ဟာ လေးစားစရာကောင်းလေသည်။
စစ်ကိုဖုန်းခေါ် ဖို့လုပ်တော့ သူ့ရဲ့ဖုန်းကပါမလာ။ accidentဖြစ်တဲ့နေရာမှာ ကျနေခဲ့တာထင်တယ်။
Advertisement
ဖုန်းမရှိတော့တာမလို့ ဒေါက်တာ့ဆီကဖုန်းကို ငှားပြီးဆက်လိုက်ရသည်။ ဖုန်းက တော်တော်နဲ့မ၀င်။
စ..စစ် ကျေးဇူးပြုပြီးဖုန်းကိုင်ပေးပါ။ မင်းငါ့ကိုမုန်းနေပေမယ့် သားလေးကိုတော့ ချစ်တယ်မဟုတ်လား။ သားလေးကိုတော့ မသေစေချင်ဘူးမဟုတ်လား။
ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး...ဖုန်းကိုင်ပေးပါ။
သားလေးကို...သားလေးကို...မင်းကယ်ပေးမှဖြစ်မှာမလို့ပါ စစ်ရယ်။ သားလေးကို ကယ်ပေးပါ....
တစ်ဖက်ကဖုန်းကိုင်တော့
'Hello..hello..စ..စစ်..သားလေး..သားလေးက အခု အရေးပေါ်အခြေအနေကိုရောက်နေတာမလို့..သွေး..သွေးလိုနေတယ်။ အဲ့ဒါ.. အဲ့ဒါ..အခု မင်းရဲ့ အကူအညီလိုအပ်နေလို့...သားလေးကို ကယ်ပေးပါ...ကျေးဇူးပြုပြီး...'
'နေပါအုံး...ကိုကိုက အခုရေချိုးခန်းထဲမှာ...နင်ဖုန်းဆက်ရင် ပြောစရာစကားမရှိဘူးလို့ပြောလိုက်တဲ့'
'ဟန်နီ...ဟန်နီနိုင်..ငါ...ငါတောင်းပန်ပါတယ်...ငါ့သားလေးကို..ငါ့သားလေးကိုကယ်မှဖြစ်မှာမလို့ပါ.. စစ်ကို...စစ်ကို..ဒီကိုလာခိုင်းပေးပါလား?'
'sorryပဲခက်ထန် နင့်သားဖြစ်တာလေ..ငါ့သားဒုက္ခရောက်တာမှမဟုတ်ပဲ...ပြီးတော့ ကိုကိုကလည်း
နင်နဲ့ ကွာရှင်းတော့မှာပဲကို...'
'ဟန်နီနိုင်...ဟန်နီနိုင်!!! 'တစ်ဖက်ကဖုန်းချသွားတော့ ခက် အောက်ကိုလဲကျသွားသည်။ သားလေးကို...သားလေးကို ဒီအတိုင်းလက်လွှတ်လိုက်ရတော့မှာလား? ဟင့်အင်း မဖြစ်နိုင်ဘူး။
'မင်းခန့်...ဟုတ်တယ်. မင်းခန့်ဆီဖုန်းဆက်ရမယ်'
'ညီ...သွေးအလှူရှင်ရှာမတွေ့ဘူးဆိုရင် ကလေးကို ဆေးရုံကြီးမြန်မြန်ပို့မှဖြစ်မယ်။ ကလေးက hemophiliaဖြစ်နေတာ...အကို Ambulanceခေါ်ခိုင်းထားတယ်'
'ဟုတ်ကဲ့...ဟုတ်ကဲ့ပါဒေါက်တာ..
hello..hello..မင်းခန့်လား. ငါ့သားလေးကို...ငါ့သားလေးကို..ကယ်ပေးပါအုံး..ငါ့သားလေး...ငါ့သားလေးကို....'
'ခက်...ခက်စိတ်အေးအေးထား။ မင်းအခုဘာဖြစ်နေတာလဲ? မင်းဘယ်ရောက်နေတာလဲ..ငါလာခဲ့မယ်'
ခက် လိပ်စာတစ်ခုကိုရွတ်ပြလိုက်သည်။ ခဏနေတော့ Ambulanceနဲ့ မင်းခန့်ရဲ့ကားက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာသည်။
'မြန်မြန်...မြန်မြန်လာကြ...ဒီမှာကလေးက အရမ်းအရေးကြီးနေပြီ။ သွေးတိတ်အောင်လုပ်ပေးထားတာတောင်...သွေးတွေ အရမ်းထွက်နေပြီ။ ဆေးရုံကိုအချိန်မှီရောက်ဖို့လိုတယ်...' ဆရာ၀န်ကပြောတော့ သားလေးကိုအမြန် ကားပေါ်တင်လိုက်ကြသည်။ မင်းခန့်ကလည်း သူ့ကားနဲ့နောက်ကလိုက်ပြီး
အစိုးက ခက်နဲ့အတူ ambulanceပေါ် တက်လိုက်လာခဲ့သည်။ သားလေးရဲ့ မျက်နှာဟာ ဖြူဖပ်နေပြီး နှုတ်ခမ်းတွေဟာလဲ ပြာနေသည်။
'သား...သား...အားတင်းထားနော်... papaတို့ ဆေးရုံကိုသွားနေကြတာ သားရဲ့ ...သားကို..သားကို papaက ရအောင်ကယ်မှာမလို့...ခဏလေး...ခဏလေး..အားတင်းထားပေးပါသားရယ်'
ခက်ရဲ့မျက်ရည်တွေက မစဲနိုင်တော့။ သားလေးကို ကယ်မှဖြစ်မည်။ သားလေးဘာမှဖြစ်လို့မရဘူးနော်....သားလေးဘာမှမဖြစ်ရဘူး....အားတင်းထားပါသားရယ်....
သို့သော်လည်း....သို့သော်လည်း....
'Pa....pa....' တစ်ခွန်းသာခေါ်လိုက်ပြီး ခက်ဆုပ်ကိုင်ထားတဲ့ လက်ကလေးတွေက ပြေကျသွားကာ...သားလေးရဲ့ မျက်လုံးလေးတွေ မှိတ်သွားလေတော့သည်...
ဟင့်အင်း...ဟင့်အင်း...မဖြစ်ရဘူး....
'သား...သား....papaခေါ်နေတယ်လေသားရဲ့ ....သား...သား...မျက်လုံးဖွင့်ကြည့်ပါအုံးသားရယ်...
Papaကို မနောက်ရဘူးလေ သားရဲ့ ...သား....သား.... papaခေါ်နေတာကြားလား.... papaကို မစပါနဲ့သားရယ် ...papa..papa..တောင်းပန်ပါတယ်...papaကိုမနောက်ပါနဲ့တော့......'
'ခက်....ခက်...သတိထားအုံးလေ ခက်ရာ...ခက်...ခက်...'
အစိုး သူ့လက်ပေါ်မှာတင် ပြိုလဲလာတဲ့ခက်ကိုယ်လုံးကို ထိန်းကိုင်ထားပြီး ခက်နာမည်ကိုခေါ်နေမိသည်။
မင်းခန့် ဆေးရုံကိုရောက်တော့...သားလေးရဲ့ အသက်မပါတော့တဲ့ ရုပ်ခန္ဓါကိုသာ တွေ့လိုက်ရသည်။ ခက်ကိုလည်း အစိုးရဲ့ပခုံးပေါ်မှာ မှီလျက်သားနဲ့ ငြိမ်နေတာကို တွေ့ရလေသည်။
24ရက် 12လပိုင်းမှာ လူ့လောကထဲကိုရောက်လာခဲ့တဲ့သားလေးဟာ....သူ့ရဲ့ ၂နှစ်ပြည့်မွေးနေ့မှာပဲ...ခက်တို့ကိုခွဲခွာပြီး လောကကြီးကထွက်ခွာသွားလေပြီ......
To be continued.....
သူေနာင္တရစရာမရွိဘူးဟုေျပာေနေသာ္လည္း သူထင္တာမွားေနမွန္း သားေလးရဲ႕ ၂ႏွစ္ျပည့္ေမြးေန႔မွာပဲ သိခဲ့ရသည္။
24.12.2018
ဒီေန႔က သားေလးရဲ႕ ၂ႏွစ္ျပည့္ေမြးေန႔မလို႔ ခက္ သားေလးနဲ႔ အလႉသြားလုပ္မလို႔ျပင္ဆင္ေနသည္။ ဘာေၾကာင့္မွန္းမသိ သားေလးရဲ႕ေမြးေန႔မွာ အမွတ္တရျဖစ္သြားေအာင္ အလႉတစ္ခုခုေတာ့လုပ္ေပးခ်င္မိသည္မို႔။
ေမြးေန႔မေရာက္ခင္ တစ္ပတ္ေလာက္တကည္းက ႀကိဳၿပီးေတာ့ ပစၥည္းေတြ ၀ယ္ထားၿပီးၿပီျဖစ္သည္။ ၿပီးေတာ့ မေန႔ကတည္းက လႉမယ့္ဘုန္းႀကီးေက်ာင္းကို သြားပို႔ေပးၿပီးၿပီ။ ခက္က ၿမိဳ႕သစ္ဘက္မွာရွိတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ခုမွာ စိတ္ကူးထားတာျဖစ္သည္။ အဲ့ဒီဘက္ေတြက လူေနအိမ္ေတြလည္း နည္းပါးသည့္အတြက္ အလႉရွင္ ရွားပါးသည့္အျပင္ ေက်ာင္းထိုင္ဘုန္းဘုန္းႀကီးကလည္း မိဘမဲ့ကေလးေတြကို ေမြးစားထားေသးသည္မို႔ ခက္က ထိုေက်ာင္းမွာလႉဖို႔ ဆုံးျဖတ္လိုက္ျခင္းသာ။ အလႉရွင္ေတြေပါေနတဲ့ေက်ာင္းထက္ အခုလို ရွားပါးတဲ့ေက်ာင္းေတြကို လႉတာက ပိုေကာင္းတယ္မဟုတ္ပါလား။
မင္းခန္႔တို႔ကိုလည္း ဘုန္းႀကီးေက်ာင္းကိုပဲ တန္းလာခဲ့ဖို႔ ေျပာထားသည္။ သူကေတာ့ ဆိုင္ကယ္နဲ႔ပဲသြားလိုက္ေတာ့မည္။ ကားေမာင္းပို႔ေပးမယ့္ ဘဘက မေန႔ကတည္းက ေနမေကာင္းျဖစ္ေနတာမလို႔ လူႀကီးကိုလည္း ဒုကၡမေပးခ်င္ေပ။ မနက္ပိုင္းကို အလႉလုပ္ၿပီး ညေနပိုင္းကို papaတို႔နဲ႔ ကိတ္ခြဲမည္ျဖစ္သည္။ စစ္ကိုေတာ့ အလႉလုပ္မယ့္ေနရာကို messageပို႔ထားလိုက္သည္။ လာတာမလာတာက သူ႔သေဘာအတိုင္းသာ။
ခက္ ျပင္ဆင္ၿပီးတာနဲ႔ သားေလးနဲ႔အတူ Scoopyေလးစီးၿပီးထြက္လာခဲ့လိုက္သည္။ ဒီေန႔မွဘာလို႔လဲ
မသိ စိတ္ထဲမွာ ေလးေနသည္။ ၾကည့္ရတာ အခုမွ ဆိုင္ကယ္ျပန္ေမာင္းဖူးလို႔မ်ားလား?
သူတို႔လႉမယ့္ေက်ာင္းက သူတို႔တိုက္ခန္းနဲ႔ဆိုရင္ ၁နာရီေက်ာ္ေမာင္းရသည္။ ဘုန္းႀကီးေက်ာင္း
Advertisement
တစ္၀ိုက္မွာလည္း လူေတာ္ေတာ္ျပတ္သည္။ အိမ္ေတြကလည္း တစ္အိမ္နဲ႔တစ္အိမ္ ေတာ္ေတာ္ေလးလွမ္းသည္မို႔။
ခက္တို႔ေရာက္သြားေတာ့ မင္းခန္႔တို႔က ေနာက္က်မည္လို႔ messageပို႔ထားသည္ကိုေတြ႕ရသျဖင့္
မင္းခန္႔တို႔ကိုေစာင့္မေနေတာ့ပဲ သူတို႔
သားအဖ ၂ေယာက္ထဲသာ တရားနာ ဆြမ္းကပ္ၿပီး
မေန႔ကတည္းက ပို႔ထားတဲ့ပစၥည္းေတြကို ဘုန္းႀကီးေက်ာင္းသားေလးေတြကို လိုက္ေဝခဲ့သည္။
ဘုန္းဘုန္းႀကီးကိုလည္း ပရိကၡရာ ၈ပါး ပါတဲ့ သကၤန္းျခင္းနဲ႔အတူ ၀တၳဳေငြေတြကိုလည္း လႉခဲ့လိုက္သည္။ အကုန္လုံးၿပီးစီးသြားသည္အထိ မင္းခန္႔တို႔က ေရာက္မလာေသးသျဖင့္ ခက္လည္း သူအိမ္ျပန္ၿပီလို႔သာ messageပို႔ထားလိုက္ၿပီး ဆိုင္ကယ္ေမာင္းၿပီး ထြက္လာခဲ့လိုက္သည္။ သားေလးက ေရွ႕ကေန မတ္တပ္ရပ္ၿပီးလိုက္ခ်င္သည္ဆို၍
သူလည္း သားေလးစိတ္တိုင္းက်ေနခိုင္းလိုက္ၿပီး ဆိုင္ကယ္ကိုေျဖးေျဖးခ်င္းသာေမာင္းလာခဲ့လိုက္သည္။
ဆိုင္ကယ္ေမာင္းေနရင္းနဲ႔ ခက္ ေနာက္ေက်ာမလုံသလိုခံစားလာရသည္။ back mirrorက
ၾကည့္ေသာ္လည္း ကားတစ္စီးကလြဲလို႔ ဘာမွမေတြ႕ရ။
သူ႔စိတ္ထဲဘာလို႔ ေလးေနပါလိမ့္။ ခက္ေတြးေနရင္းမွာပဲ ေနာက္ကပါလာတဲ့ကားက အရွိန္တင္ေမာင္းလာလိုက္ၿပီး သူ႔ဆိုင္ကယ္ကို ပြတ္တိုက္သြားသည္။ ႐ုတ္တရက္ျဖစ္တာမလို႔ ခက္ ေဘးကိုေရွာင္လိုက္တာလဲ မမွီေတာ့ေပ။ ခက္ရဲ႕ေျခေထာက္ေတြဟာ ဆိုင္ကယ္နဲ႔ ပိေနသျဖင့္ ျပန္မထႏိုင္ေသး။ သားေလးကိုၾကည့္လိုက္ေတာ့ သားေလးက သူနဲ႔ဆန္႔က်င္ဘက္ကိုလြင့္သြားၿပီး ေခါင္းနဲ႔ ေက်ာက္တုံးနဲ႔ေစာင့္မိသည္ထင္။ ေခါင္းမွာေသြးေတြအမ်ားႀကီးထြက္ေနသည္။ ခက္..သားေလးကိုျမင္ေတာ့ လန္႔သြားၿပီး သားေလးဆီသြားဖို႔ႀကိဳးစားေသာ္လည္း ဆိုင္ကယ္
၀ိတ္ကေလးတာမလို႔ သူ႔ေပၚက မဖယ္ႏိုင္။ သူ..အားကုန္သုံးကာ ဖယ္မယ္လုပ္ေသာ္လည္း
ဆိုင္ကယ္က တစ္ဖက္ကိုျပန္လဲက်သြားရင္
သားေလးေပၚ ပိမွာစိုးသျဖင့္ ဆိုင္ကယ္ေအာက္ေရာက္ေနတဲ့ သူ႔ေျခေထာက္ကိုသာ ျပန္ဆြဲထုတ္ေနရသည္။ သူတို႔သားအဖကို ဘယ္သူမွ မကယ္ႏိုင္ၾကေတာ့ဘူးလား.....
'သား..သား...မ်က္စိမမွိတ္လိုက္နဲ႔အုံးေနာ္။ papaေျပာတာၾကားလား သား...'
ကံေကာင္းေထာက္မစြာပဲ သူတို႔ဘက္ကိုလာေန
သည့္ ဆိုင္ကယ္ ၁စီးကိုေတြ႕ရေလသည္။
သူတို႔ကိုေတြ႕ေတာ့...
'ဟာ ဆိုင္ကယ္လဲတာလား? လာလာ..က်ေနာ္တို႔ကူေပးမယ္' ဟုေျပာကာ ဆိုင္ကယ္ကိုျပန္ေထာင္လိုက္ၿပီး ခက္ကိုဆြဲထူေပးေလသည္။ ခက္မွာ
ဆိုင္ကယ္ပိတဲ့ ဒဏ္ေၾကာင့္ ေျခေထာက္က
ေကာင္းေကာင္းမေထာက္ႏိုင္ေသာ္လည္း ဂ႐ုမစိုက္ႏိုင္။ သားေလးရွိရာကို သြားမိသည္။
'သား..သား...သတိထားအုံးေနာ္ သားေလး ...အကို...အကို..က်ေနာ့္သားေလးကို..
.က်ေနာ့္သားေလးကိုကူညီေပးပါအုံး...သားက..
သားက...ေသြးထြက္လြန္သြားလို႔မရဘူး။ ဒီနားမွာ..ေဆးခန္းမရွိဘူးလားဟင္?'
'ဟာ..ရွိတယ္ရွိတယ္...ဟိုဘက္ လမ္းမႀကီးေပၚတက္လိုက္ရင္ ေဆးခန္းတစ္ခုရွိတယ္..အကိုတို႔လိုက္ပို႔ေပးမယ္' ဟုဆိုသျဖင့္ ထိုသူေတြနဲ႔ ေဆးခန္းကိုထြက္လာခဲ့လိုက္ၾကသည္။ ခက္က သားေလးကိုေပြ႕ခ်ီထားကာ အကိုတစ္ေယာက္ရဲ႕ဆိုင္ကယ္ေနာက္ကလိုက္ၿပီး ခက္ရဲ႕ဆိုင္ကယ္ကိုေတာ့ တျခားတစ္ေယာက္က စီးလာေပးေလသည္။
ေဆးခန္းကိုေရာက္ေတာ့ သားေလးကို တစ္ေယာက္ကခ်ီကလိုက္ၿပီး ခက္ကိုေတာ့ ေနာက္တစ္ေယာက္က တြဲလာခဲ့ေပးသည္။ တကယ္ေတာ့ ခက္တို႔ေရာက္သြားသည့္ေနရာက ေဆးခန္းအေသးစားေလးသာ။ ခက္တို႔ေရာက္သြားေတာ့ ဆရာ၀န္က သားေလးကို ေသြးတိတ္ေအာင္လုပ္ေပးေလသည္။
'ကေလးကို ေသြးသြင္းေပးဖို႔လိုအပ္တယ္...ေသြးေတြအမ်ားႀကီးဆုံးရႈံးထားရတာ..ၾကာသြားရင္ အသက္မကယ္ႏိုင္မွာစိုးရတယ္'
'သားေလးက...Oေသြးပါဆရာ..က်ေနာ္က..
က်ေနာ္က..Bေသြး...တျခား..တျခား.. ေသြးအလႉရွင္ေတြလႉထားတာမရွိေတာ့ဘူးလား ဆရာ'
'Oေသြးက အရမ္းရွားတာ...ၿပီးေတာ့ လြန္ခဲ့တဲ့ ၁နာရီေလာက္ကပဲ တစ္ပုလင္းထဲပဲက်န္ေတာ့တဲ့ ေသြးကို လူနာတစ္ေယာက္ကိုသြင္းေပးလိုက္ရတယ္။ ငါ့ညီ အသိေတြထဲကမ်ား Oေသြးမရွိေတာ့ဘူးလား?'
ဆရာ၀န္ေျပာမွ သူစစ္ကိုသတိရမိသြားသည္။
ဟုတ္သားပဲ..စစ္က..စစ္က Oေသြးေလ။
'ဆ..ဆရာ...၁၅မိနစ္ေလာက္ေစာင့္ေပးလို႔ရမလား။ က်ေနာ္အခုပဲ သားေလးရဲ႕အေဖကိုဆက္သြယ္လိုက္ပါ့မယ္'
ခက္ ေျပာလည္းေျပာ စစ္ဆီကိုလဲ ဖုန္းေခၚေနေလသည္။ လာပို႔ေပးတဲ့အကို ၂ေယာက္ကေတာ့
ဆိုင္ကယ္ေသာ့ေပးခဲ့ကာ သူ႔ကိုႏႈတ္ဆက္ၿပီးျပန္သြားၾကေလၿပီ။ ဘာပဲျဖစ္ျဖစ္ အခုလိုကူညီေပးတာကိုပဲ ေက်းဇူးတင္ဖို႔ေကာင္းေနပါၿပီ။ ဒုကၡေရာက္ေနတဲ့သူကိုေတြ႕လွ်င္ မ်က္ႏွာလႊဲမေနတတ္သည့္ မႏၲေလးသားတို႔ရဲ႕ စိတ္ဓါတ္ဟာ ေလးစားစရာေကာင္းေလသည္။
စစ္ကိုဖုန္းေခၚ ဖို႔လုပ္ေတာ့ သူ႔ရဲ႕ဖုန္းကပါမလာ။ accidentျဖစ္တဲ့ေနရာမွာ က်ေနခဲ့တာထင္တယ္။
ဖုန္းမရွိေတာ့တာမလို႔ ေဒါက္တာ့ဆီကဖုန္းကို ငွားၿပီးဆက္လိုက္ရသည္။ ဖုန္းက ေတာ္ေတာ္နဲ႔မ၀င္။
စ..စစ္ ေက်းဇူးျပဳၿပီးဖုန္းကိုင္ေပးပါ။ မင္းငါ့ကိုမုန္းေနေပမယ့္ သားေလးကိုေတာ့ ခ်စ္တယ္မဟုတ္လား။ သားေလးကိုေတာ့ မေသေစခ်င္ဘူးမဟုတ္လား။
ေက်းဇူးျပဳၿပီး..ေက်းဇူးျပဳၿပီး...ဖုန္းကိုင္ေပးပါ။
သားေလးကို...သားေလးကို...မင္းကယ္ေပးမွျဖစ္မွာမလို႔ပါ စစ္ရယ္။ သားေလးကို ကယ္ေပးပါ....
တစ္ဖက္ကဖုန္းကိုင္ေတာ့
'Hello..hello..စ..စစ္..သားေလး..သားေလးက အခု အေရးေပၚအေျခအေနကိုေရာက္ေနတာမလို႔..ေသြး..ေသြးလိုေနတယ္။ အဲ့ဒါ.. အဲ့ဒါ..အခု မင္းရဲ႕ အကူအညီလိုအပ္ေနလို႔...သားေလးကို ကယ္ေပးပါ...ေက်းဇူးျပဳၿပီး...'
'ေနပါအုံး...ကိုကိုက အခုေရခ်ိဳးခန္းထဲမွာ...နင္ဖုန္းဆက္ရင္ ေျပာစရာစကားမရွိဘူးလို႔ေျပာလိုက္တဲ့'
'ဟန္နီ...ဟန္နီႏိုင္..ငါ...ငါေတာင္းပန္ပါတယ္...ငါ့သားေလးကို..ငါ့သားေလးကိုကယ္မွျဖစ္မွာမလို႔ပါ.. စစ္ကို...စစ္ကို..ဒီကိုလာခိုင္းေပးပါလား?'
'sorryပဲခက္ထန္ နင့္သားျဖစ္တာေလ..ငါ့သားဒုကၡေရာက္တာမွမဟုတ္ပဲ...ၿပီးေတာ့ ကိုကိုကလည္း
နင္နဲ႔ ကြာရွင္းေတာ့မွာပဲကို...'
'ဟန္နီႏိုင္...ဟန္နီႏိုင္!!! 'တစ္ဖက္ကဖုန္းခ်သြားေတာ့ ခက္ ေအာက္ကိုလဲက်သြားသည္။ သားေလးကို...သားေလးကို ဒီအတိုင္းလက္လႊတ္လိုက္ရေတာ့မွာလား? ဟင့္အင္း မျဖစ္ႏိုင္ဘူး။
'မင္းခန္႔...ဟုတ္တယ္. မင္းခန္႔ဆီဖုန္းဆက္ရမယ္'
'ညီ...ေသြးအလႉရွင္ရွာမေတြ႕ဘူးဆိုရင္ ကေလးကို ေဆး႐ုံႀကီးျမန္ျမန္ပို႔မွျဖစ္မယ္။ ကေလးက hemophiliaျဖစ္ေနတာ...အကို Ambulanceေခၚခိုင္းထားတယ္'
'ဟုတ္ကဲ့...ဟုတ္ကဲ့ပါေဒါက္တာ..
hello..hello..မင္းခန္႔လား. ငါ့သားေလးကို...ငါ့သားေလးကို..ကယ္ေပးပါအုံး..ငါ့သားေလး...ငါ့သားေလးကို....'
'ခက္...ခက္စိတ္ေအးေအးထား။ မင္းအခုဘာျဖစ္ေနတာလဲ? မင္းဘယ္ေရာက္ေနတာလဲ..ငါလာခဲ့မယ္'
ခက္ လိပ္စာတစ္ခုကို႐ြတ္ျပလိုက္သည္။ ခဏေနေတာ့ Ambulanceနဲ႔ မင္းခန္႔ရဲ႕ကားက ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ေရာက္လာသည္။
'ျမန္ျမန္...ျမန္ျမန္လာၾက...ဒီမွာကေလးက အရမ္းအေရးႀကီးေနၿပီ။ ေသြးတိတ္ေအာင္လုပ္ေပးထားတာေတာင္...ေသြးေတြ အရမ္းထြက္ေနၿပီ။ ေဆး႐ုံကိုအခ်ိန္မွီေရာက္ဖို႔လိုတယ္...' ဆရာ၀န္ကေျပာေတာ့ သားေလးကိုအျမန္ ကားေပၚတင္လိုက္ၾကသည္။ မင္းခန္႔ကလည္း သူ႔ကားနဲ႔ေနာက္ကလိုက္ၿပီး
အစိုးက ခက္နဲ႔အတူ ambulanceေပၚ တက္လိုက္လာခဲ့သည္။ သားေလးရဲ႕ မ်က္ႏွာဟာ ျဖဴဖပ္ေနၿပီး ႏႈတ္ခမ္းေတြဟာလဲ ျပာေနသည္။
'သား...သား...အားတင္းထားေနာ္... papaတို႔ ေဆး႐ုံကိုသြားေနၾကတာ သားရဲ႕ ...သားကို..သားကို papaက ရေအာင္ကယ္မွာမလို႔...ခဏေလး...ခဏေလး..အားတင္းထားေပးပါသားရယ္'
ခက္ရဲ႕မ်က္ရည္ေတြက မစဲႏိုင္ေတာ့။ သားေလးကို ကယ္မွျဖစ္မည္။ သားေလးဘာမွျဖစ္လို႔မရဘူးေနာ္....သားေလးဘာမွမျဖစ္ရဘူး....အားတင္းထားပါသားရယ္....
သို႔ေသာ္လည္း....သို႔ေသာ္လည္း....
'Pa....pa....' တစ္ခြန္းသာေခၚလိုက္ၿပီး ခက္ဆုပ္ကိုင္ထားတဲ့ လက္ကေလးေတြက ေျပက်သြားကာ...သားေလးရဲ႕ မ်က္လုံးေလးေတြ မွိတ္သြားေလေတာ့သည္...
ဟင့္အင္း...ဟင့္အင္း...မျဖစ္ရဘူး....
'သား...သား....papaေခၚေနတယ္ေလသားရဲ႕ ....သား...သား...မ်က္လုံးဖြင့္ၾကည့္ပါအုံးသားရယ္...
Papaကို မေနာက္ရဘူးေလ သားရဲ႕ ...သား....သား.... papaေခၚေနတာၾကားလား.... papaကို မစပါနဲ႔သားရယ္ ...papa..papa..ေတာင္းပန္ပါတယ္...papaကိုမေနာက္ပါနဲ႔ေတာ့......'
'ခက္....ခက္...သတိထားအုံးေလ ခက္ရာ...ခက္...ခက္...'
အစိုး သူ႔လက္ေပၚမွာတင္ ၿပိဳလဲလာတဲ့ခက္ကိုယ္လုံးကို ထိန္းကိုင္ထားၿပီး ခက္နာမည္ကိုေခၚေနမိသည္။
မင္းခန္႔ ေဆး႐ုံကိုေရာက္ေတာ့...သားေလးရဲ႕ အသက္မပါေတာ့တဲ့ ႐ုပ္ခႏၶါကိုသာ ေတြ႕လိုက္ရသည္။ ခက္ကိုလည္း အစိုးရဲ႕ပခုံးေပၚမွာ မွီလ်က္သားနဲ႔ ၿငိမ္ေနတာကို ေတြ႕ရေလသည္။
24ရက္ 12လပိုင္းမွာ လူ႔ေလာကထဲကိုေရာက္လာခဲ့တဲ့သားေလးဟာ....သူ႔ရဲ႕ ၂ႏွစ္ျပည့္ေမြးေန႔မွာပဲ...ခက္တို႔ကိုခြဲခြာၿပီး ေလာကႀကီးကထြက္ခြာသြားေလၿပီ......
To be continued.....
Advertisement
- In Serial105 Chapters
Mr. CEO Sweet Lover: Little Bundle Of Joy
When I tell you that I love you, I don't say it out of habit. I say it to remind you that you're the best thing that has ever happened to me
8 1361 - In Serial92 Chapters
Sporemageddon
Why survive the apocalypse when you can become the apocalypse? Nature is dying, but perhaps before the world is turned into an industrious machine nature itself can play one final trump card to save itself. Summoned to a new world, a mushroom loving mycologist needs to grow up and grow stronger in order to accomplish the goal which brought them to this new place: to save nature from the system that the sentient races have created. Stats, levels, classes and skills are all well and good, but when you’re a Child of Poverty in the slums of City Nineteen, there’s little you can do to change the world. Not unless you’re willing to think outside the box! This story contains lots of cute stuff, but also some tragedy. If you’re expecting it to be as light and carefree as Cinnamon Bun or Heart of Dorkness, you might find yourself disappointed.
8 1829 - In Serial54 Chapters
King Of All Heavens
A seemingly ordinary boy dies, meets a mysterious figure that grants him a new life. He regrets everything he has done in his previous life and swore to cherish his life if he ever gets a chance. Read how he becomes The King Of All Heavens. "Geniuses? Puny Imbeciles. They are not worth a single coin to me. I will eradicate and kill them all regardless of their origin. They are nothing but a speck of dust in my eyes." "Gods and Demons? I'll bathe in their blood. Even Emperors will personally come to greet me. Lest they wanna die"
8 128 - In Serial6 Chapters
The Big Never
Stiggy has a problem. He accidentally took a bondage collar from Rupert King's sugar baby, and then he shit all over her parents' front porch. It's a long story, but now Stiggy needs Sully. Sully used to work with Stiggy and has a secret only Stiggy knows. Stiggy will continue to keep the secret if Sully cooperates. But things get complicated, and now both Sully and Stiggy are on the run from The Sandman. Seeking refuge with whatever motley characters they can temporarily rely on, Sully and Stiggy attempt to remedy their situation and achieve their only desire-- to get out of the business and live square, boring lives like everyone else.
8 109 - In Serial59 Chapters
Voodootown
Voodootown by Bruce ElginUnder your bed, hidden in your walls, they come out when you sleep to defend you. They fight the battles you can't, make friends you thought you'd never have, and make your life better in ways you'll never know. But they aren't safe anymore. And without them, none of us are safe either. ***** When High School and life start to get even weirder than usual, Ash, Janey and their friends discover that not only do they have small, voodoo doll sized protectors that fight for them when they sleep, but these allies are under attack by a man with frightening powers. They watch as the mastermind turns people into mindless zombies by capturing their protectors. Soon, the humans and their guardians are working together and fighting for their lives and using every one of their own powers against a man who wants to turn them all into slaves. But will they be enough against a man with two armies and the powers of everyone that he captures?Book 1 of the Voodootown seriesWatty Award Winner!Book 1 of theVoodootown seriesWatty Winner!Reviews:"CORALINE meets FIGHT CLUB in a strange, metaphysical world where doll familiars protect our honor - when they are not controlling us outright." --Scott Sigler, New York Times best-selling novelist Scott Sigler is the author of NOCTURNAL, ANCESTOR, INFECTED and CONTAGIOUS, hardcover thrillers from Crown Publishing, and the co-founder of Dark Øverlord Media, which publishes his Galactic Football League series (THE ROOKIE, THE STARTER, THE ALL-PRO, and THE MVP)."The chapters go from a whisper to a scream with the panache of Anne Rice on acid. I could not stop gobbling these bad-ass little bon-bons... highly recommended!" -- Jay Bonansinga, New York Times bestselling co-author of THE WALKING DEAD: THE ROAD TO WOODBURYContent Warning: This story contains themes of bullying and violence.
8 399 - In Serial33 Chapters
My spirituality journal
𝔻𝕦𝕣𝕚𝕟𝕘 𝕞𝕪 𝕤𝕡𝕚𝕣𝕚𝕥𝕦𝕒𝕝𝕚𝕥𝕪 𝕛𝕠𝕦𝕣𝕟𝕖𝕪 𝕀'𝕞 𝕝𝕖𝕒𝕣𝕟𝕚𝕟𝕘 𝕝𝕠𝕥𝕤 𝕠𝕗 𝕥𝕙𝕚𝕟𝕘𝕤 𝕖𝕧𝕖𝕣𝕪𝕕𝕒𝕪. 𝕀𝕟 𝕥𝕙𝕚𝕤 𝕓𝕠𝕠𝕜 𝕪𝕠𝕦'𝕝𝕝 𝕗𝕚𝕟𝕕 𝕥𝕙𝕖 𝕥𝕙𝕚𝕟𝕘𝕤 𝕥𝕙𝕒𝕥 𝕀 𝕗𝕖𝕖𝕝 𝕀 𝕤𝕙𝕠𝕦𝕝𝕕 𝕨𝕣𝕚𝕥𝕖 𝕕𝕠𝕨𝕟 𝕨𝕚𝕥𝕙 𝕥𝕙𝕖 𝕙𝕠𝕡𝕖 𝕥𝕙𝕒𝕥 𝕚𝕥 𝕨𝕚𝕝𝕝 𝕙𝕖𝕝𝕡 𝕘𝕦𝕚𝕕𝕚𝕟𝕘 𝕪𝕠𝕦 𝕠𝕟 𝕪𝕠𝕦𝕣 𝕤𝕡𝕚𝕣𝕚𝕥𝕦𝕒𝕝 𝕡𝕒𝕥𝕙! ✌️ ℙ𝕖𝕒𝕔𝕖 ☮️𝕊𝕟𝕖𝕒𝕜-𝕡𝕖𝕒𝕜: ℂ𝕙𝕒𝕜𝕣𝕒𝕤, ℙ𝕤𝕪𝕔𝕙𝕚𝕔 ℙ𝕠𝕨𝕖𝕣𝕤, 𝔼𝕟𝕖𝕣𝕘𝕪, ℙ𝕣𝕠𝕥𝕖𝕔𝕥𝕚𝕠𝕟𓂀, 𝕥𝕙𝕠𝕦𝕘𝕙𝕥𝕤, 𝕦𝕤𝕖𝕗𝕦𝕝 𝕡𝕒𝕣𝕒𝕘𝕣𝕒𝕡𝕙𝕤 𝕗𝕣𝕠𝕞 𝕚𝕞𝕡𝕠𝕣𝕥𝕒𝕟𝕥 𝕓𝕠𝕠𝕜𝕤, 𝕒𝕟𝕕 𝕤𝕠 𝕞𝕦𝕔𝕙 𝕞𝕠𝕣𝕖.𝑫𝒊𝒔𝒄𝒍𝒂𝒊𝒎𝒆𝒓: 𝒏𝒐𝒕 𝒆𝒗𝒆𝒓𝒚𝒕𝒉𝒊𝒏𝒈 𝒚𝒐𝒖 𝒇𝒊𝒏𝒅 𝒊𝒏 𝒕𝒉𝒊𝒔 𝒃𝒐𝒐𝒌 𝒊𝒔 𝒎𝒊𝒏𝒆.𝑻𝒉𝒆 𝒑𝒊𝒄𝒕𝒖𝒓𝒆𝒔 𝒂𝒓𝒆 𝒇𝒓𝒐𝒎 𝒐𝒕𝒉𝒆𝒓 𝒔𝒐𝒖𝒓𝒄𝒆𝒔, 𝒔𝒐𝒎𝒆 𝒑𝒂𝒓𝒂𝒈𝒓𝒂𝒑𝒉𝒔 𝒂𝒓𝒆 𝒕𝒂𝒌𝒆𝒏 𝒇𝒓𝒐𝒎 𝒘𝒆𝒃𝒔𝒊𝒕𝒆𝒔. 𝑰𝒇 𝒚𝒐𝒖 𝒂𝒓𝒆 𝒕𝒉𝒆 𝒑𝒆𝒓𝒔𝒐𝒏 𝒐𝒘𝒏𝒊𝒏𝒈 𝒕𝒉𝒆𝒎 𝒂𝒏𝒅 𝒘𝒂𝒏𝒕 𝒕𝒉𝒆𝒎 𝒓𝒆𝒎𝒐𝒗𝒆𝒅, 𝒇𝒆𝒆𝒍 𝒇𝒓𝒆𝒆 𝒕𝒐 𝒎𝒆𝒔𝒔𝒂𝒈𝒆 𝒎𝒆!𝔼𝕟𝕛𝕠𝕪!🌞𝔻𝕚𝕤𝕔𝕝𝕒𝕚𝕞𝕖𝕣 2: 𝕓𝕠𝕠𝕜 𝕚𝕟
8 375

