《Let Me Start Again [Completed]》LMSA 32
Advertisement
Unicode
သားလေး စစ်ထက်နိုင်ရဲ့ ရက်၁၀၀ပြည့်ကို
မလာခဲ့သောစစ်ဟာ သားရဲ့ ၁နှစ်ပြည့်မွေးနေ့ကိုတော့ ရောက်လာခဲ့သည်။
အကြောင်းမှာကား ခက်ကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းဖို့တဲ့လေ။
'လက်မှတ်ထိုးပေး ခက်ထန်။ ငါတို့ကွာရှင်းကြရအောင်။ ငါလည်းမင်းနဲ့နေရတာမပျော်ဘူး။
ဟန်နီနဲ့ငါနဲ့ ၂ယောက်အတူတူနေတော့မယ်'
'စ...စစ်...ငါ..ငါ..တောင်းပန်ပါတယ်စစ်ရယ်။ ငါ...ငါ..မကွာရှင်းနိုင်ဘူး။ ပြီးတော့...ပြီးတော့
သားလေးမျက်နှာတော့ ထောက်ပေးပါအုံး'
'သားလေးမျက်နှာထောက်နေလို့ပဲ ငါမင်းကို
ကောင်းကောင်းမွန်မွန်ပြောနေတာ ခက်ထန်။
ငါတို့ ၂ယောက်ကွာရှင်းပြီးတော့ သားကို
ငါနဲ့ဟန်နီနဲ့က စောင့်ရှောက်မယ်။ မင်းကိုတော့
မင်းအဖေပိုင်တဲ့ companyအပြင် နစ်နာကြေးလည်းပေးအုံးမှာပါ'
'ငါက..ငါက..ဘာလို့ သားကို သူများလက်ထဲထည့်ပေးရမှာလဲ..ငါ...ငါ...ကွာရှင်းမပေးနိုင်ဘူးစစ်'
'မင်းဘာလို့အတ္တကြီးနေရတာလဲခက်ထန်။
တကယ်ဆိုရင် ဟန်နီ့ကိုတောင် ကျေးဇူးတင်သင့်တာ။ သူ့သွေးသားမဟုတ်ပဲနဲ့ ငါ့ရင်သွေးဆိုတဲ့
အသိတစ်ခုထဲနဲ့ အမေနေရာကနေပေးမယ်ဆိုတဲ့
ဟန်နီ့ကိုတောင် ကျေးဇူးတင်ရမှာ'
'ဟုတ်တယ်..ငါက..ငါက..အတ္တကြီးတယ်စစ်။
မင်းဘေးနားက ငါ့နေရာကို ငါ..ငါ..ဘယ်သူ့ကိုမှ
မပေးလိုက်နိုင်ဘူး။ သားလေးရဲ့မိဘနေရာကိုရောပဲ'
'အဟက်!! ဒါဆို မင်းက ငါတို့သားလေးကို
ငါငယ်ငယ်တုန်းကလိုမျိုး အဖေ ၂ယောက်ရှိတဲ့သားဆိုပြီး အနှိမ်ခံရမှာကို ထိုင်ကြည့်နေမယ်ပေါ့ ဟုတ်လား? မင်းတကယ်စိတ်ပျက်ဖို့ကောင်းတယ်။ မင်းအခုလိုလုပ်နေတာနဲ့ပဲ ငါ့ကိုပိုင်သွားပြီလို့ထင်နေတာလား?'
'ငါ..ငါ..မင်းကိုပိုင်တယ်လို့ တစ်ခါမှမထင်မိပါဘူး
စစ်ရယ်။ ငါက...ငါက..မင်းကိုမပိုင်ရလည်း
မင်းရဲ့သက်ဆိုင်သူနေရာမှာ နေချင်ရုံလေးတင်ပါ '
'ငါကတော့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးသွားပြီခက်ထန်။ တကယ်လို့ မင်းကလက်မှတ်မထိုးဘူး
ဆိုရင်လည်း မင်းနောင်တရပြီး လက်မှတ်ထိုးလာ
မယ့်အထိ ငါလုပ်မှာ။ ငါသွားမယ်'
'စ..စစ်..စစ်...' လှည့်ထွက်သွားတဲ့စစ်ဟာ ဒီနေ့က သားလေးရဲ့ ၁နှစ်ပြည့်မွေးနေ့ဆိုတာတောင်
သိပါလေစ။ ငါရင်နာလိုက်တာ စစ်ရာ။
'Pa...pa...' ခက်ငိုနေတုန်း သားရဲ့အသံသေးသေးလေးကြောင့်လှည့်ကြည့်မိလေသည်။
သားလေးနိုးနေပြီပဲ။
'သားသားနိုးပြီလား။ papaတို့ အင်္ကျီလဲပြီးရင်
ဖိုးဖိုးကြီးတို့ဆီကိုသွားကြမယ်နော်' သားလေးနဲ့အတူ ရေချိုး အ၀တ်စားလဲပြီး စစ်ရဲ့ daddyတို့ဆီကို ထွက်လာကြသည်။
Daddyတို့ဆီရောက်တော့ သက်နွယ်တို့ ၄ယောက်ကအရင်ရောက်နေသည်။
'အမလေး မွေးနေ့ရှင်သားအဖကလဲ ကြာလိုက်တာ
ဘာတွေများလုပ်နေလို့လဲ?'
သက်နွယ်ကမေးသောအခါ
'သားနဲ့အိပ်ပျော်သွားလို့ပါဟာ။ လူတွေစုံနေပြီလား?'
'မစုံသေးပါဘူး။ ငါတို့ ၄ယောက်ပဲရောက်နှင့်သေးတာ ဦးမင်းထက်တို့ရဲ့ ဧည့်သည်တွေကတော့
မရောက်ကြသေးဘူး။ ဒါနဲ့ နင်ငိုထားတာလား? မျက်လုံးတွေကို နီရဲနေတာပဲ။'
'မငို..မငိုပါဘူး။ ငါအိပ်တာများသွားတာရယ်
ရေအကြာကြီးချိုးနေတာရယ်ကြောင့်မလို့ပါ။
အိမ်ထဲ၀င်ရအောင်လေ' အိမ်ထဲကို၀င်လာကြတော့ ဦးမင်းထက်နဲ့ ဦးစစ်သော်ကိုတွေ့လေသည်။
ထို့နောက်မှာတော့ ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြကာ မွေးနေ့ပွဲကို စတင်လိုက်ကြလေသည်။ စစ်ရဲ့အဖေ ၂ယောက်က သူတို့ရဲ့ အလုပ်တွေက မိတ်ဆွေတွေကိုပါ ဖိတ်ထားသဖြင့် လူက ထင်ထားတာထက် ပိုပြီးများလေသည်။ သမက်တစ်ယောက်ရတာကို ရှက်စရာလို့မမြင်တဲ့အပြင် ခက်ကသူတို့ရဲ့သမက်ဖြစ်ကြောင်းကိုပါ
လူရှေ့မှာ ချပြရဲသည့် daddyတို့ကိုလဲ
သူတကယ်ပင် ကျေးဇူးတင်မိပါသည်။ ဒီလိုနဲ့ပဲ
သားလေးရဲ့မွေးနေ့ဟာ ချောချောမွေ့မွေ့ပင်
ပြီးဆုံးသွားလေသည်။ သားသားရဲ့ daddy
မလာတာကလွဲလို့ပေါ့။
ဧည့်သည်တွေပြန်သွားတော့ သားလေးကို
သူ့အဖိုး ၂ယောက်က ထိန်းပေးထားသဖြင့် ခက်က
သက်နွယ်တို့နဲ့စကားပြောနေလေသည်။
'ရော့' သက်နွယ်ပေးတဲ့ ဖိတ်စာကို ယူလိုက်ပြီး
'ဘယ်သူ့မင်္ဂလာဆောင်လဲ?' ခက်ပြန်မေးမိလေသည်။
'ငါနဲ့ အနိုင်ရဲ့ မင်္ဂလာဆောင် နောက်လထဲမှာပဲ'
'တကယ်ကြီးလား? ဘယ်တုန်းက ဘာဖြစ်သွားကြတာလဲ? ဟိုတလောကပဲ ဂနိုင့်ကို မင်းခန့်နဲ့
ပေးစားကြတော့မလိုဆို။ အခုလိုကျတော့ နင်တို့ကို သဘောတူလိုက်ကြတယ်ပေါ့'
ခက်ရဲ့တရစပ်မေးခွန်းတွေကို
'အမလေးခက်ရယ် အသက်လေးဘာလေးရှူပါအုံးဟဲ့။ စစ်သေနတ်ပစ်သလို တရစပ်ကိုမေးနေတော့တာပဲ' သက်နွယ်ကပြောတာကြောင့်
'အင်းအင်း ဒါဆို နင်ပဲတစ်ခုချင်းပြောပြတော့'
'ငါပြောပြမယ်ဟေ့ အဲ့ဒီအချိန်တွေတုန်းက
ငါနဲ့ အနိုင်က ချစ်သူတွေပါလို့ ဖွင့်ပြောလိုက်သလို မင်းခန့်ကလည်း သူ့မိဘတွေကို သူနဲ့အစိုးက
ချစ်သူတွေပါလို့ဖွင့်ပြောလိုက်တာဟာ'
'အဲ့တော့ သဘောတူရောတဲ့လား?'
'ဟဲ့ အဲ့ကတည်းက သဘောတူနေရင် ဒီချိန်ထိတောင် စောင့်မနေဘူး။ သဘောမတူလို့ပေါ့ဟဲ့။
မိဘတွေက ငါတို့ ၂ယောက်ကိုကျတော့ မိန်းကလေးချင်းမို့သဘောမတူသလို မင်းခန့်တို့ကိုကျတော့ ယောကျာ်းလေးချင်းမို့သဘောမတူဘူးတဲ့။ '
'အဲဒီတော့...?'
'အဲ့လိုဖွင့်ပြောလိုက်တော့ ပိုဆိုးသွားတာပေါ့။ ချက်ချင်းတွေထပြီး အနိုင်နဲ့မင်းခန့်ကို မင်္ဂလာဆောင်ပေးမယ်တွေဖြစ်ကုန်တာ။ ငါ့မိဘတွေကလည်း ငါနဲ့အစိုးကို မင်္ဂလာဆောင်ပေးမယ်ဖြစ်ရော'
'ဒါဆို အခုဖိတ်စာက ဘယ်လိုလုပ်ပြီးတော့?'
'သြော် ခက်ရယ် နင်ကလည်း။ ငါတို့က အဲ့လိုအဖြစ်ခံမလားဟဲ့'
'အေးလေ အဲ့ဒါကြောင့် ဘယ်လိုလုပ်ကြလဲလို့'
'ခိုးပြေးကြတာ!' မင်းခန့်ကပဲ သက်နွယ်အစား
၀င်ဖြေပေးလိုက်သည်။
'ခိုးပြေးတယ်?' ခက်ကမေးတော့ မင်းခန့်ကပဲ
'အွန်း ဟုတ်တယ်။ စေ့စပ်ပွဲလုပ်ပေးတဲ့နေ့မှာပဲ
ခိုးပြေးကြတာ။ ငါနဲ့အစိုးနဲ့တော့မဟုတ်ဘူး။
သက်နွယ်နဲ့ ဂနိုင်က ခိုးပြေးတာ'
'ဘာ!! တကယ်ကြီးလား?' ခက်က မယုံနိုင်စွာမေးလေတော့ သက်နွယ်က
Advertisement
'ဟုတ်တယ်ဟေ့!! ဒင်းတို့က နွဲ့နွဲ့နှောင်းနှောင်း ယောကျာ်းကောင်းတွေဆိုတော့ ဘာလုပ်ရမှန်းမသိကြဘူးလေ။ အဲ့ဒါနဲ့ ကျားကျားယားယား မိန်းမသားတွေဖြစ်တဲ့ ငါနဲ့အနိုင်ကပဲ အနိုင်နဲ့ မင်းခန့်ရဲ့စေ့စပ်ပွဲနေ့မှာ ခိုးပြေးလိုက်ကြတာ'
'နင့်အိမ်က ဘယ်လိုလုပ်သိလဲ နင်တို့ခိုးပြေးတာမှန်း'
'ဟဲ့ သိတာပေါ့။ အဲ့နေ့မှာပဲ မင်းခန့်က အစိုးကိုပါ စေ့စပ်ပွဲကို ခေါ်ထားတာ။ ပြီးတော့ လူတွေစုံနေတုန်း အနိုင်က စေ့စပ်ပွဲကို ရောက်မသွားဘူးလေ။
အဲ့ဒီအစား ကျနော် သက်နွယ်ကိုခိုးပြေးသွားပါပြီဆိုတဲ့ စာပဲချန်ထားခဲ့လိုက်တာ။ အဲ့နေ့က စေ့စပ်ပွဲမှာ ရပ်ကွက်လူကြီးတွေရော ရှိနေတာဆိုတော့
အနိုင့်မိဘတွေလဲ ဘာမှလုပ်လို့မရတော့ဘူးလေ။
ဧည့်သည်တွေကိုတောင်းပန်လိုက်ရတာပေါ့။
အဲ့ဒါနဲ့ ငါတို့ကိုပေးစားလိုက်ရတာ ဟဲဟဲ'
'ဟင်..ဒါဆို မင်းခန့်တို့ကရော? မင်းတို့ကိုကျ
ဘာမှမပြောဘူးလား? ငါလည်း မင်းတို့နဲ့အဆက်သွယ်ပြတ်သလိုဖြစ်နေတော့ ဘာမှမသိလိုက်ရဘူး'
'ငါတို့ကလား? သူတို့ ၂ယောက်က ခိုးပြေးသွားတော့ ငါတို့ကိုလဲ သဘောတူပေးဖို့ ခွင့်တောင်းထားတာလေ။ ငါတို့အိမ်တွေက အရင်ကလောက်တော့ ခါးခါးသီးသီးမဖြစ်တော့ပါဘူး။ သဘောတူတယ်လို့တော့မပြောသေးဘူးပေါ့။ စောင့်ကြည့်အုံးမယ်လို့ပဲပြောထားတာ။ ဘာပဲဖြစ်ဖြစ် လုံးလုံးသဘောမတူတာထက်စာရင် အခုလို စောင့်ကြည့်ကာလလေးက အဆင်ပြေပါတယ်'
'အေးပါ မင်းတို့အဆင်ပြေတာသိရတော့ ၀မ်းသာပါတယ်။ ဒါဆို ငါ နင်တို့ မင်္ဂလာဆောင်လာခဲ့မယ်လေ။ နောက်ဆုံးတော့ ငါ့သူငယ်ချင်းတွေလည်း
စွံရှာပြီပေါ့' ခက်အပြောကို သက်နွယ်ကပဲ
'ဒါပေါ့ဒါပေါ့။ ငါတို့က လူနည်းစုကိုပဲဖိတ်ထားတာ။ သိတဲ့အတိုင်း တရား၀င်လက်ထပ်ခွင့်မရှိဘူးဆိုတော့လေ။ နင်လာဖြစ်အောင်လာရမှာနော် ခက်'
'အင်းပါ။ ငါလာမှာပါ'
'ဒါဆို ငါတို့ပြန်တော့မယ် bye bye'
သက်နွယ်တို့ ၄ယောက်က နှုတ်ဆက်ပြီးပြန်သွားတော့ ခက်လည်း သားလေးကိုခေါ်ပြီးပြန်မယ်လုပ်သည်။ ဦးမင်းထက်တို့က အရမ်းနောက်ကျနေပြီမို့
ဒီမှာပဲ အိပ်လိုက်တော့ဟုဆိုသဖြင့် ခက်လည်း
အပေါ်ထပ်ကိုပဲ တက်လာခဲ့လိုက်သည်။ သားလေးကတော့ အိပ်ပျော်သွားပြီလေ။ ခက် နဖူးပေါ်လက်တင်လိုက်ကာ စစ် အမုန်းတွေပြေအောင် ဘယ်လိုလုပ်ရမလဲပဲ စဥ်းစားနေမိသည်။
စစ်တကယ်ပဲ သူနဲ့ကွာရှင်းချင်နေတာလား?
ဟင့်အင်း ဘာတွေဘယ်လိုပဲဖြစ်နေပါစေ
သူစစ်အနားက ထွက်မသွားနိုင်ပါ။
တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော စစ်ကို
ဟန်နီနိုင့်ရဲ့လက်ထဲမထည့်လိုက်ချင်။
သူစစ်ကိုချစ်သည်။ သူ့အသက်ထက်ပိုပြီးချစ်ရပါသည်။ စစ်ပြောသလို စစ်ကသူနဲ့ကွာရှင်းပြီး
ဟန်နီနိုင်နဲ့လက်ထပ်ကာ သားလေးကို
အတူတူစောင့်ရှောက်မယ်ဆိုတာကိုသာ လက်ခံလိုက်ရင် သူရင်ကွဲပြီးသေလောက်သည်။ စစ်ဟာ ဘာလို့ သူ့ရဲ့အချစ်တွေကို မမြင်နိုင်ရတာလဲ။ စစ်ရဲ့ အပြောတွေ စစ်ရဲ့ အပြုအမူတွေအကုန်လုံးက သူ့ကိုသတ်နေသလိုပင်။
စစ် ဘာလို့ သူ့ဘက်ကိုတစ်ချက်လေးတောင်မကြည့်ခဲ့တာလဲ။ ဒီညကတော့ မျက်ရည်တွေကိုပဲ
အဖော်ပြုရတော့မယ်ထင်။
🎶ခွင့်ပြုလိုက်ဖို့..ငါ့မှာ..အင်အားမရှိ...
ခိုင်လုံတဲ့..အကြောင်းရင်း..မသိရဘူး....
ငါလေအသက်ငွေ့ငွေ့ကို..ရှိုက်သွင်းကာ...
ရီဝေ..မူး.....
နင်တစ်ယောက်ထဲငါ့ဘ၀...
အားလုံးပဲနားလည်ထား.....
ထားခဲ့ရက်လို့..သွားမယ်...ဆိုလည်းသွား...
ရှင်နေရက်နဲ့..ဘ၀ဟာသေဆုံးမလား....
ကြင်နာမှုရဲ့ ..ပြောင်းပြန်..နာကျင်မှုဟာ....
ငိုနေသူ....မျက်၀န်းလား.....
နင်တစ်ယောက်ထဲငါ့ဘ၀....
အားလုံးပဲနားလည်ထား.....
တစ်ချက်လေးစောင့်ငဲ့ကြည့်အုံး
နင်မရှိရင် ငါ့ဘ၀မရှိ....
ရင်ခုန်သံမရှိတဲ့...တွယ်ရာမဲ့တဲ့သူ....
သာမန်ဒြပ်ထုတစ်ခုလိုပဲ....
တစ်ချက်လေးစောင်းငဲ့ကြည့်အုံး...
နင်မရှိရင် ငါ့ဘ၀မရှိ....
နယ်မကျွံခင်လှည့်ပြန်ခဲ့.... သေချာဆုံးဖြတ်ခဲ့....
တစ်ခုထဲသော... အဓိပ္ပါယ်နဲ့.... 🎶
(တောင်းပန်ပါတယ်စစ်ရယ်....ငါ့ကို...ငါ့ကို...မင်းရဲ့အဝေးကိုမပို့လိုက်ပါနဲ့။ ငါ့ကို...ငါ့ကို...အသက်ရှင်နေရက်နဲ့ သေအောင်မလုပ်ပါနဲ့စစ်ရယ်။ မင်းနဲ့ဝေးရရင် ငါတကယ်ပဲ...တကယ်ပဲ...ငါ့ဘ၀က..ရှင်နေရက်နဲ့သေသွားမှာ စစ်ရ...တောင်းပန်ပါတယ်...တောင်းပန်ပါတယ်....တစ်ချက်လောက်...တစ်ချက်လောက်ပဲ...ငါ့ဘက်ကိုလှည့်ကြည့်ပေးပါစစ်ရယ်...တစ်ခါလေး...တစ်ခါလေးပဲ...ငါ့ရဲ့အချစ်တွေကို အသိအမှတ်ပြုပေးပြီး..မင်းအနားမှာနေခွင့်ပေးပါ....*)
ဒီလိုနဲ့ ရှိုက်ငိုနေရင်းနဲ့ အိပ်ပျော်သွားတဲ့ကောင်လေးတစ်ယောက်ဟာ အိပ်မက်ထဲမှာတောင် သူချစ်တဲ့သူကို အနားကထွက်မသွားအောင်တောင်းပန်နေခဲ့လေသည်။
To be continued.....
[A/N...ဟိုဟာလေ...အဟီး... စစ်ကို မုန်းနေကြလို့. နည်းနည်းလေးရှင်းပြမယ်နော်...ချောင်းတော့မရိုက်ကြနဲ့ပေါ့ ဟီး...
စစ်က ဘာလို့ ခက်ကိုကွာရှင်းခွင့်တောင်းလဲဆိုတော့..စစ်ငယ်ငယ်လေးကတဲက သူ့ကို အဖေ ၂ယောက်ကမွေးလာလို့ဆိုပြီး gayရဲ့သားလို့ အပြောခံလာရတာကွာ...ကလေးဘ၀ကတည်းက အဲ့ဒီလို ၀ိုင်းပြီးအကြဥ်ခံရတော့ သူ့စိတ်ထဲမှာ psychoလို ဖြစ်သွားပြီး ဖျောက်လို့မရတော့တာ။ အခုကျ သူက
ခက်နဲ့ယူလိုက်ရပြီး ခက်က ကလေးပါမွေးပေးတော့ သူတို့ရဲ့သားလေးကိုလည်း သူ့လိုပဲ gayကမွေးတဲ့သားဆိုပြီးအပြောခံရမှာအရမ်းကြောက်တာပေါ့။
သူတစ်ယောက်ထဲပဲ ပတ်၀န်းကျင်ကလက်ညှိုးထိုးခံရရင်တော်ပြီ၊ သူ့သားလေးကိုတော့ သူ့လိုအဖြစ်မခံနိုင်ဘူးဆိုတဲ့ အတွေးနဲ့လေ။ အဲ့ဒါကြောင့် သူ့သားကို မိစုံဖစုံလိုမျိုးနေရအောင်ဆိုပြီး ခက်နဲ့ကွာရှင်းချင်တာ။ ဒါက သူ့အတွေးပေါ့လေ။
သူ့အားနည်းချက်ကို သိသွားတဲ့ ဟန်နီနိုင်က
သူ့ကို အဲ့ဒီအချက်နဲ့ပဲ အကြံပေးတာလိုလိုနဲ့ psychoသွင်းပေးပြန်ရော။
အဲ့ဒါတွေ အဲ့ဒါတွေကြောင့် စစ်က ခက်ကို
ကွာရှင်းခွင့်တောင်းတာပါလို့ ...
ရှင်းလည်းမပြရဲဘူး...ရှင်းလည်းပြလိုက်ပြီ🤢
ပြီးတော့လေ....စစ်ကို စိတ်ဆိုးနေတဲ့သူတွေကိုပြောချင်တာက..အရမ်းကြီးစိတ်မဆိုးကြပါနဲ့လို့...
နောက်အပိုင်းတွေမှာ စိတ်ဆိုးရအုံးမှာမလို့
ဒေါသလေးတွေ ချန်ထားကြပါအုံးလို့..
ပြေးပြီ..၀ှစ်🏃♀️🏃♀️
ဒါနဲ့ တစ်လပြည့်အထိမ်းအမှတ်က Double updateနော်🙆♀️
愛你愛你💚💚 ]
Zawgyi
သားေလး စစ္ထက္ႏိုင္ရဲ႕ ရက္၁၀၀ျပည့္ကို
မလာခဲ့ေသာစစ္ဟာ သားရဲ႕ ၁ႏွစ္ျပည့္ေမြးေန႔ကိုေတာ့ ေရာက္လာခဲ့သည္။
Advertisement
အေၾကာင္းမွာကား ခက္ကို ကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုးခိုင္းဖို႔တဲ့ေလ။
'လက္မွတ္ထိုးေပး ခက္ထန္။ ငါတို႔ကြာရွင္းၾကရေအာင္။ ငါလည္းမင္းနဲ႔ေနရတာမေပ်ာ္ဘူး။
ဟန္နီနဲ႔ငါနဲ႔ ၂ေယာက္အတူတူေနေတာ့မယ္'
'စ...စစ္...ငါ..ငါ..ေတာင္းပန္ပါတယ္စစ္ရယ္။ ငါ...ငါ..မကြာရွင္းႏိုင္ဘူး။ ၿပီးေတာ့...ၿပီးေတာ့
သားေလးမ်က္ႏွာေတာ့ ေထာက္ေပးပါအုံး'
'သားေလးမ်က္ႏွာေထာက္ေနလို႔ပဲ ငါမင္းကို
ေကာင္းေကာင္းမြန္မြန္ေျပာေနတာ ခက္ထန္။
ငါတို႔ ၂ေယာက္ကြာရွင္းၿပီးေတာ့ သားကို
ငါနဲ႔ဟန္နီနဲ႔က ေစာင့္ေရွာက္မယ္။ မင္းကိုေတာ့
မင္းအေဖပိုင္တဲ့ companyအျပင္ နစ္နာေၾကးလည္းေပးအုံးမွာပါ'
'ငါက..ငါက..ဘာလို႔ သားကို သူမ်ားလက္ထဲထည့္ေပးရမွာလဲ..ငါ...ငါ...ကြာရွင္းမေပးႏိုင္ဘူးစစ္'
'မင္းဘာလို႔အတၱႀကီးေနရတာလဲခက္ထန္။
တကယ္ဆိုရင္ ဟန္နီ႔ကိုေတာင္ ေက်းဇူးတင္သင့္တာ။ သူ႔ေသြးသားမဟုတ္ပဲနဲ႔ ငါ့ရင္ေသြးဆိုတဲ့
အသိတစ္ခုထဲနဲ႔ အေမေနရာကေနေပးမယ္ဆိုတဲ့
ဟန္နီ႔ကိုေတာင္ ေက်းဇူးတင္ရမွာ'
'ဟုတ္တယ္..ငါက..ငါက..အတၱႀကီးတယ္စစ္။
မင္းေဘးနားက ငါ့ေနရာကို ငါ..ငါ..ဘယ္သူ႔ကိုမွ
မေပးလိုက္ႏိုင္ဘူး။ သားေလးရဲ႕မိဘေနရာကိုေရာပဲ'
'အဟက္!! ဒါဆို မင္းက ငါတို႔သားေလးကို
ငါငယ္ငယ္တုန္းကလိုမ်ိဳး အေဖ ၂ေယာက္ရွိတဲ့သားဆိုၿပီး အႏွိမ္ခံရမွာကို ထိုင္ၾကည့္ေနမယ္ေပါ့ ဟုတ္လား? မင္းတကယ္စိတ္ပ်က္ဖို႔ေကာင္းတယ္။ မင္းအခုလိုလုပ္ေနတာနဲ႔ပဲ ငါ့ကိုပိုင္သြားၿပီလို႔ထင္ေနတာလား?'
'ငါ..ငါ..မင္းကိုပိုင္တယ္လို႔ တစ္ခါမွမထင္မိပါဘူး
စစ္ရယ္။ ငါက...ငါက..မင္းကိုမပိုင္ရလည္း
မင္းရဲ႕သက္ဆိုင္သူေနရာမွာ ေနခ်င္႐ုံေလးတင္ပါ '
'ငါကေတာ့ ကြာရွင္းစာခ်ဳပ္မွာလက္မွတ္ထိုးၿပီးသြားၿပီခက္ထန္။ တကယ္လို႔ မင္းကလက္မွတ္မထိုးဘူး
ဆိုရင္လည္း မင္းေနာင္တရၿပီး လက္မွတ္ထိုးလာ
မယ့္အထိ ငါလုပ္မွာ။ ငါသြားမယ္'
'စ..စစ္..စစ္...' လွည့္ထြက္သြားတဲ့စစ္ဟာ ဒီေန႔က သားေလးရဲ႕ ၁ႏွစ္ျပည့္ေမြးေန႔ဆိုတာေတာင္
သိပါေလစ။ ငါရင္နာလိုက္တာ စစ္ရာ။
'Pa...pa...' ခက္ငိုေနတုန္း သားရဲ႕အသံေသးေသးေလးေၾကာင့္လွည့္ၾကည့္မိေလသည္။
သားေလးႏိုးေနၿပီပဲ။
'သားသားႏိုးၿပီလား။ papaတို႔ အက်ႌလဲၿပီးရင္
ဖိုးဖိုးႀကီးတို႔ဆီကိုသြားၾကမယ္ေနာ္' သားေလးနဲ႔အတူ ေရခ်ိဳး အ၀တ္စားလဲၿပီး စစ္ရဲ႕ daddyတို႔ဆီကို ထြက္လာၾကသည္။
Daddyတို႔ဆီေရာက္ေတာ့ သက္ႏြယ္တို႔ ၄ေယာက္ကအရင္ေရာက္ေနသည္။
'အမေလး ေမြးေန႔ရွင္သားအဖကလဲ ၾကာလိုက္တာ
ဘာေတြမ်ားလုပ္ေနလို႔လဲ?'
သက္ႏြယ္ကေမးေသာအခါ
'သားနဲ႔အိပ္ေပ်ာ္သြားလို႔ပါဟာ။ လူေတြစုံေနၿပီလား?'
'မစုံေသးပါဘူး။ ငါတို႔ ၄ေယာက္ပဲေရာက္ႏွင့္ေသးတာ ဦးမင္းထက္တို႔ရဲ႕ ဧည့္သည္ေတြကေတာ့
မေရာက္ၾကေသးဘူး။ ဒါနဲ႔ နင္ငိုထားတာလား? မ်က္လုံးေတြကို နီရဲေနတာပဲ။'
'မငို..မငိုပါဘူး။ ငါအိပ္တာမ်ားသြားတာရယ္
ေရအၾကာႀကီးခ်ိဳးေနတာရယ္ေၾကာင့္မလို႔ပါ။
အိမ္ထဲ၀င္ရေအာင္ေလ' အိမ္ထဲကို၀င္လာၾကေတာ့ ဦးမင္းထက္နဲ႔ ဦးစစ္ေသာ္ကိုေတြ႕ေလသည္။
ထို႔ေနာက္မွာေတာ့ ဧည့္သည္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေရာက္လာၾကကာ ေမြးေန႔ပြဲကို စတင္လိုက္ၾကေလသည္။ စစ္ရဲ႕အေဖ ၂ေယာက္က သူတို႔ရဲ႕ အလုပ္ေတြက မိတ္ေဆြေတြကိုပါ ဖိတ္ထားသျဖင့္ လူက ထင္ထားတာထက္ ပိုၿပီးမ်ားေလသည္။ သမက္တစ္ေယာက္ရတာကို ရွက္စရာလို႔မျမင္တဲ့အျပင္ ခက္ကသူတို႔ရဲ႕သမက္ျဖစ္ေၾကာင္းကိုပါ
လူေရွ႕မွာ ခ်ျပရဲသည့္ daddyတို႔ကိုလဲ
သူတကယ္ပင္ ေက်းဇူးတင္မိပါသည္။ ဒီလိုနဲ႔ပဲ
သားေလးရဲ႕ေမြးေန႔ဟာ ေခ်ာေခ်ာေမြ႕ေမြ႕ပင္
ၿပီးဆုံးသြားေလသည္။ သားသားရဲ႕ daddy
မလာတာကလြဲလို႔ေပါ့။
ဧည့္သည္ေတြျပန္သြားေတာ့ သားေလးကို
သူ႔အဖိုး ၂ေယာက္က ထိန္းေပးထားသျဖင့္ ခက္က
သက္ႏြယ္တို႔နဲ႔စကားေျပာေနေလသည္။
'ေရာ့' သက္ႏြယ္ေပးတဲ့ ဖိတ္စာကို ယူလိုက္ၿပီး
'ဘယ္သူ႔မဂၤလာေဆာင္လဲ?' ခက္ျပန္ေမးမိေလသည္။
'ငါနဲ႔ အႏိုင္ရဲ႕ မဂၤလာေဆာင္ ေနာက္လထဲမွာပဲ'
'တကယ္ႀကီးလား? ဘယ္တုန္းက ဘာျဖစ္သြားၾကတာလဲ? ဟိုတေလာကပဲ ဂႏိုင့္ကို မင္းခန္႔နဲ႔
ေပးစားၾကေတာ့မလိုဆို။ အခုလိုက်ေတာ့ နင္တို႔ကို သေဘာတူလိုက္ၾကတယ္ေပါ့'
ခက္ရဲ႕တရစပ္ေမးခြန္းေတြကို
'အမေလးခက္ရယ္ အသက္ေလးဘာေလးရႉပါအုံးဟဲ့။ စစ္ေသနတ္ပစ္သလို တရစပ္ကိုေမးေနေတာ့တာပဲ' သက္ႏြယ္ကေျပာတာေၾကာင့္
'အင္းအင္း ဒါဆို နင္ပဲတစ္ခုခ်င္းေျပာျပေတာ့'
'ငါေျပာျပမယ္ေဟ့ အဲ့ဒီအခ်ိန္ေတြတုန္းက
ငါနဲ႔ အႏိုင္က ခ်စ္သူေတြပါလို႔ ဖြင့္ေျပာလိုက္သလို မင္းခန္႔ကလည္း သူ႔မိဘေတြကို သူနဲ႔အစိုးက
ခ်စ္သူေတြပါလို႔ဖြင့္ေျပာလိုက္တာဟာ'
'အဲ့ေတာ့ သေဘာတူေရာတဲ့လား?'
'ဟဲ့ အဲ့ကတည္းက သေဘာတူေနရင္ ဒီခ်ိန္ထိေတာင္ ေစာင့္မေနဘူး။ သေဘာမတူလို႔ေပါ့ဟဲ့။
မိဘေတြက ငါတို႔ ၂ေယာက္ကိုက်ေတာ့ မိန္းကေလးခ်င္းမို႔သေဘာမတူသလို မင္းခန္႔တို႔ကိုက်ေတာ့ ေယာက်ာ္းေလးခ်င္းမို႔သေဘာမတူဘူးတဲ့။ '
'အဲဒီေတာ့...?'
'အဲ့လိုဖြင့္ေျပာလိုက္ေတာ့ ပိုဆိုးသြားတာေပါ့။ ခ်က္ခ်င္းေတြထၿပီး အႏိုင္နဲ႔မင္းခန္႔ကို မဂၤလာေဆာင္ေပးမယ္ေတြျဖစ္ကုန္တာ။ ငါ့မိဘေတြကလည္း ငါနဲ႔အစိုးကို မဂၤလာေဆာင္ေပးမယ္ျဖစ္ေရာ'
'ဒါဆို အခုဖိတ္စာက ဘယ္လိုလုပ္ၿပီးေတာ့?'
'ေၾသာ္ ခက္ရယ္ နင္ကလည္း။ ငါတို႔က အဲ့လိုအျဖစ္ခံမလားဟဲ့'
'ေအးေလ အဲ့ဒါေၾကာင့္ ဘယ္လိုလုပ္ၾကလဲလို႔'
'ခိုးေျပးၾကတာ!' မင္းခန္႔ကပဲ သက္ႏြယ္အစား
၀င္ေျဖေပးလိုက္သည္။
'ခိုးေျပးတယ္?' ခက္ကေမးေတာ့ မင္းခန္႔ကပဲ
'အြန္း ဟုတ္တယ္။ ေစ့စပ္ပြဲလုပ္ေပးတဲ့ေန႔မွာပဲ
ခိုးေျပးၾကတာ။ ငါနဲ႔အစိုးနဲ႔ေတာ့မဟုတ္ဘူး။
သက္ႏြယ္နဲ႔ ဂႏိုင္က ခိုးေျပးတာ'
'ဘာ!! တကယ္ႀကီးလား?' ခက္က မယုံႏိုင္စြာေမးေလေတာ့ သက္ႏြယ္က
'ဟုတ္တယ္ေဟ့!! ဒင္းတို႔က ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္း ေယာက်ာ္းေကာင္းေတြဆိုေတာ့ ဘာလုပ္ရမွန္းမသိၾကဘူးေလ။ အဲ့ဒါနဲ႔ က်ားက်ားယားယား မိန္းမသားေတြျဖစ္တဲ့ ငါနဲ႔အႏိုင္ကပဲ အႏိုင္နဲ႔ မင္းခန္႔ရဲ႕ေစ့စပ္ပြဲေန႔မွာ ခိုးေျပးလိုက္ၾကတာ'
'နင့္အိမ္က ဘယ္လိုလုပ္သိလဲ နင္တို႔ခိုးေျပးတာမွန္း'
'ဟဲ့ သိတာေပါ့။ အဲ့ေန႔မွာပဲ မင္းခန္႔က အစိုးကိုပါ ေစ့စပ္ပြဲကို ေခၚထားတာ။ ၿပီးေတာ့ လူေတြစုံေနတုန္း အႏိုင္က ေစ့စပ္ပြဲကို ေရာက္မသြားဘူးေလ။
အဲ့ဒီအစား က်ေနာ္ သက္ႏြယ္ကိုခိုးေျပးသြားပါၿပီဆိုတဲ့ စာပဲခ်န္ထားခဲ့လိုက္တာ။ အဲ့ေန႔က ေစ့စပ္ပြဲမွာ ရပ္ကြက္လူႀကီးေတြေရာ ရွိေနတာဆိုေတာ့
အႏိုင့္မိဘေတြလဲ ဘာမွလုပ္လို႔မရေတာ့ဘူးေလ။
ဧည့္သည္ေတြကိုေတာင္းပန္လိုက္ရတာေပါ့။
အဲ့ဒါနဲ႔ ငါတို႔ကိုေပးစားလိုက္ရတာ ဟဲဟဲ'
'ဟင္..ဒါဆို မင္းခန္႔တို႔ကေရာ? မင္းတို႔ကိုက်
ဘာမွမေျပာဘူးလား? ငါလည္း မင္းတို႔နဲ႔အဆက္သြယ္ျပတ္သလိုျဖစ္ေနေတာ့ ဘာမွမသိလိုက္ရဘူး'
'ငါတို႔ကလား? သူတို႔ ၂ေယာက္က ခိုးေျပးသြားေတာ့ ငါတို႔ကိုလဲ သေဘာတူေပးဖို႔ ခြင့္ေတာင္းထားတာေလ။ ငါတို႔အိမ္ေတြက အရင္ကေလာက္ေတာ့ ခါးခါးသီးသီးမျဖစ္ေတာ့ပါဘူး။ သေဘာတူတယ္လို႔ေတာ့မေျပာေသးဘူးေပါ့။ ေစာင့္ၾကည့္အုံးမယ္လို႔ပဲေျပာထားတာ။ ဘာပဲျဖစ္ျဖစ္ လုံးလုံးသေဘာမတူတာထက္စာရင္ အခုလို ေစာင့္ၾကည့္ကာလေလးက အဆင္ေျပပါတယ္'
'ေအးပါ မင္းတို႔အဆင္ေျပတာသိရေတာ့ ၀မ္းသာပါတယ္။ ဒါဆို ငါ နင္တို႔ မဂၤလာေဆာင္လာခဲ့မယ္ေလ။ ေနာက္ဆုံးေတာ့ ငါ့သူငယ္ခ်င္းေတြလည္း
စြံရွာၿပီေပါ့' ခက္အေျပာကို သက္ႏြယ္ကပဲ
'ဒါေပါ့ဒါေပါ့။ ငါတို႔က လူနည္းစုကိုပဲဖိတ္ထားတာ။ သိတဲ့အတိုင္း တရား၀င္လက္ထပ္ခြင့္မရွိဘူးဆိုေတာ့ေလ။ နင္လာျဖစ္ေအာင္လာရမွာေနာ္ ခက္'
'အင္းပါ။ ငါလာမွာပါ'
'ဒါဆို ငါတို႔ျပန္ေတာ့မယ္ bye bye'
သက္ႏြယ္တို႔ ၄ေယာက္က ႏႈတ္ဆက္ၿပီးျပန္သြားေတာ့ ခက္လည္း သားေလးကိုေခၚၿပီးျပန္မယ္လုပ္သည္။ ဦးမင္းထက္တို႔က အရမ္းေနာက္က်ေနၿပီမို႔
ဒီမွာပဲ အိပ္လိုက္ေတာ့ဟုဆိုသျဖင့္ ခက္လည္း
အေပၚထပ္ကိုပဲ တက္လာခဲ့လိုက္သည္။ သားေလးကေတာ့ အိပ္ေပ်ာ္သြားၿပီေလ။ ခက္ နဖူးေပၚလက္တင္လိုက္ကာ စစ္ အမုန္းေတြေျပေအာင္ ဘယ္လိုလုပ္ရမလဲပဲ စဥ္းစားေနမိသည္။
စစ္တကယ္ပဲ သူနဲ႔ကြာရွင္းခ်င္ေနတာလား?
ဟင့္အင္း ဘာေတြဘယ္လိုပဲျဖစ္ေနပါေစ
သူစစ္အနားက ထြက္မသြားႏိုင္ပါ။
တစ္ကိုယ္ေကာင္းဆန္တယ္ပဲေျပာေျပာ စစ္ကို
ဟန္နီႏိုင့္ရဲ႕လက္ထဲမထည့္လိုက္ခ်င္။
သူစစ္ကိုခ်စ္သည္။ သူ႔အသက္ထက္ပိုၿပီးခ်စ္ရပါသည္။ စစ္ေျပာသလို စစ္ကသူနဲ႔ကြာရွင္းၿပီး
ဟန္နီႏိုင္နဲ႔လက္ထပ္ကာ သားေလးကို
အတူတူေစာင့္ေရွာက္မယ္ဆိုတာကိုသာ လက္ခံလိုက္ရင္ သူရင္ကြဲၿပီးေသေလာက္သည္။ စစ္ဟာ ဘာလို႔ သူ႔ရဲ႕အခ်စ္ေတြကို မျမင္ႏိုင္ရတာလဲ။ စစ္ရဲ႕ အေျပာေတြ စစ္ရဲ႕ အျပဳအမူေတြအကုန္လုံးက သူ႔ကိုသတ္ေနသလိုပင္။
စစ္ ဘာလို႔ သူ႔ဘက္ကိုတစ္ခ်က္ေလးေတာင္မၾကည့္ခဲ့တာလဲ။ ဒီညကေတာ့ မ်က္ရည္ေတြကိုပဲ
အေဖာ္ျပဳရေတာ့မယ္ထင္။
🎶ခြင့္ျပဳလိုက္ဖို႔..ငါ့မွာ..အင္အားမရွိ...
ခိုင္လုံတဲ့..အေၾကာင္းရင္း..မသိရဘူး....
ငါေလအသက္ေငြ႕ေငြ႕ကို..ရႈိက္သြင္းကာ...
ရီေဝ..မူး.....
နင္တစ္ေယာက္ထဲငါ့ဘ၀...
အားလုံးပဲနားလည္ထား.....
ထားခဲ့ရက္လို႔..သြားမယ္...ဆိုလည္းသြား...
ရွင္ေနရက္နဲ႔..ဘ၀ဟာေသဆုံးမလား....
ၾကင္နာမႈရဲ႕ ..ေျပာင္းျပန္..နာက်င္မႈဟာ....
ငိုေနသူ....မ်က္၀န္းလား.....
နင္တစ္ေယာက္ထဲငါ့ဘ၀....
အားလုံးပဲနားလည္ထား.....
တစ္ခ်က္ေလးေစာင့္ငဲ့ၾကည့္အုံး
နင္မရွိရင္ ငါ့ဘ၀မရွိ....
ရင္ခုန္သံမရွိတဲ့...တြယ္ရာမဲ့တဲ့သူ....
သာမန္ျဒပ္ထုတစ္ခုလိုပဲ....
တစ္ခ်က္ေလးေစာင္းငဲ့ၾကည့္အုံး...
နင္မရွိရင္ ငါ့ဘ၀မရွိ....
နယ္မကြၽံခင္လွည့္ျပန္ခဲ့.... ေသခ်ာဆုံးျဖတ္ခဲ့....
တစ္ခုထဲေသာ... အဓိပၸါယ္နဲ႔.... 🎶
(ေတာင္းပန္ပါတယ္စစ္ရယ္....ငါ့ကို...ငါ့ကို...မင္းရဲ႕အေဝးကိုမပို႔လိုက္ပါနဲ႔။ ငါ့ကို...ငါ့ကို...အသက္ရွင္ေနရက္နဲ႔ ေသေအာင္မလုပ္ပါနဲ႔စစ္ရယ္။ မင္းနဲ႔ေဝးရရင္ ငါတကယ္ပဲ...တကယ္ပဲ...ငါ့ဘ၀က..ရွင္ေနရက္နဲ႔ေသသြားမွာ စစ္ရ...ေတာင္းပန္ပါတယ္...ေတာင္းပန္ပါတယ္....တစ္ခ်က္ေလာက္...တစ္ခ်က္ေလာက္ပဲ...ငါ့ဘက္ကိုလွည့္ၾကည့္ေပးပါစစ္ရယ္...တစ္ခါေလး...တစ္ခါေလးပဲ...ငါ့ရဲ႕အခ်စ္ေတြကို အသိအမွတ္ျပဳေပးၿပီး..မင္းအနားမွာေနခြင့္ေပးပါ....*)
ဒီလိုနဲ႔ ရႈိက္ငိုေနရင္းနဲ႔ အိပ္ေပ်ာ္သြားတဲ့ေကာင္ေလးတစ္ေယာက္ဟာ အိပ္မက္ထဲမွာေတာင္ သူခ်စ္တဲ့သူကို အနားကထြက္မသြားေအာင္ေတာင္းပန္ေနခဲ့ေလသည္။
To be continued.....
Advertisement
- In Serial13 Chapters
To Heaven and Hell
TO HEAVEN AND HELL IS A OELN (Original English Light Novel), THE STORY IS WRITTEN IN ENGLISH. You follow a person's first hand experience in this bizarre world, a similar world to ours but with one twist, demons roam across the world. They could be any one of us, but there is these group of individuals specially fitted out to finding these demons and taking them out of the living realm. You follow Akio Hayashi, a Highschool student turned part-time Spirit Hunter. What would he learn from this experience? Come read and find out.
8 105 - In Serial7 Chapters
J&K
One day, a creature appeared on the beach of a world ruled by the human race. Born from a higher form of intelligence that was spending its immortality crossing between worlds, the creature's mission was simple : live and see. See what for yourself what the world has to offer. But what the world had to offer was sometimes quite overwhelming. ** [participant in the Royal Road Writathon challenge] from chapter 2; be careful, chapter 1 has sexual content. Refer to the tags as the story can be quite dark. The story is a slice of life turned not so wholesome as the protagonist meets mostly freaks while becoming one themself.
8 135 - In Serial21 Chapters
A Struggle Through the Deadly
The continent of Ventergia, split between two kingdoms-Languinia and Ventergia. Nick our hero is on his way to venture through the vast lands of the continent to get to his mother. Finding many friends and foes, getting in close quarters and fighting to his last drop of mana. Protected by his companions and ready to defend them as well. On first glance he may seem weak and rightfully so, though he has yet to uncover a secret hidden deep within the roots of his family. A secret that has been with him all the time...
8 219 - In Serial7 Chapters
Love Thy Vampiress
The world faces a constant threat of unknown origin, the Darkness. Normal weaponry and tactics are useless against them. However humanity has found its weapon to fight the monstrosity: The Vampiress. Formerly ordinary girls who've gone through an unknown evolution that allows them to use magic and convert normal humans into Blood Warriors. Mutsuroku Academy is a education institute on a artificial island to train the Vampiress and their Blood Warriors. Kotaro is a student within this academy, and is a Blood Warrior who fights without the aid of a Vampiress. Join him as he searches for his missing sister, makes friends, enemies, and rivals. Throw in some Vampiress Hunters and a mysterious organisation with an unknown objective, welcome to Love Thy Vampiress.
8 98 - In Serial26 Chapters
A Cultivation storie : Stupid edition
In this cultivation world some chosen people are given the chance to create their own world . Follow the young Gold and his weird clan as he create his own strange and wonderful world !! Error : Restart protocol initialize !! Note : I am not a native english so do not expect perfect grammar , no schedule the chapter will be publish when ready Happy reading and have a good day
8 222 - In Serial591 Chapters
Retribution Engine/Sturmblitz Kunst [Ultraviolent Martial Arts Progression Fantasy]
"The War of Fog is over. Every major city is under occupation. Now we prepare to take back our home." - Unknown Soldier The continent's great heroes have slaughtered one another for the ideals of their countries, but the world keeps moving. The industrious nation of Ikesia lays still smoldering from the nigh-apocalyptic War of Fog, yet it stubbornly forges onward, shielded from further invasion by the impenetrable Blackwall. Its leader - the Sage of Fog - has disappeared, yet his influence is still felt everywhere, his plans and contingencies still in motion - even the Blackwall is said to be his last, desperate creation. New heroes have begun rising from the war of fog, and there is more need for them than ever. A towering foreigner has emerged from the desolate Exclusion Zone. She strides into the war-torn country without the intent to pick sides, but is soon forced to do so when the machinations of malevolent occupiers collide with her own ego. Disclaimer: Retribution Engine and its sequel, Sturmblitz Kunst, are original works and are no way associated with, to, or sourced from existing copyrighted material. The story, all names, characters, and incidents portrayed in this production are fictitious. Copyright: This fiction and all associated works, artwork, fanfiction, derivative fiction, world building, assets, and anything that could conceivably be considered sourced from or created as a result of this fiction are the sole intellectual property of the author, herein known as Akaso. This work and all above terms are © Akaso 2022.
8 124

