《Let Me Start Again [Completed]》LMSA 31
Advertisement
ခက် ကလေးကိုချော့သိပ်နေရင်း စစ်ရဲ့ဖုန်းမြည်သံကြားရလေသည်။ စစ်က ရေချိုးခန်းထဲ
ရောက်နေသဖြင့် သူ့ဖုန်းလာတာကိုမသိ။ အစကတော့ ခက်လည်း ဒီအတိုင်းထားလိုက်မလို့
ပြင်နေသေးသည်။ သို့သော် Screenပေါ်မှာ ပေါ်လာတဲ့ 💖Honey💖ဆိုတဲ့ nameကြောင့် ဖုန်းကိုကိုင်လိုက်မိသည်။
'Hello ကိုကိုလား? ကိုကိုဟန်နီ့ဆီကိုမလာတာ ဘယ်လောက်ကြာနေပြီလဲ? ဟန်နီကတော့ ကိုကို့ကို သတိရလိုက်ရတာ။ ကိုကိုကတော့ ဟန်နီ့ကိုမေ့ပြီး
ဟိုတစ်ယောက်နဲ့ပျော်မြူးနေတယ်ပေါ့။
ကိုကိုဟန်နီ့ကိုမချစ်တော့ဘူးလားဟင်?'
'စစ်က အခုရေချိုးနေတယ် ဟန်နီနိုင်။ ပြီးတော့
သူကမင်းဆီကို ရုံးဆင်းချိန်တိုင်းလာနေတာပဲလေ မင်းမကျေနပ်နိုင်သေးဘူးလား?'
'ခက်ထန်? အဟက်! နင်က ကိုကို့ဖုန်းကိုတောင်
ယူကိုင်နေပါလား။ တော်တော်အတင့်ရဲနေတာပဲ'
'စစ် ရေချိုးနေလို့ ငါကိုင်လိုက်မိတာ။ မင်းပြောစရာရှိတာပြောလေ ငါပြန်ပြောပေးပါ့မယ်'
'ငါကနင်နဲ့မပြောချင်ဘူး။ ကိုကိုနဲ့ပဲပြောချင်တာ။
ပြီးတော့ ငါပြောမယ့်စကားတွေကလည်း
ငါတို့ ၂ယောက်ကြားပဲပြောလို့ရမှာလေ။
နင်ကနားထောင်ချင်လို့လား?'
'ဟန်နီနိုင်!!! မင်း မင်း!!'
'အဲ့ဒါဘာလုပ်နေတာလဲ!!' အသံကြားရာကို
လှည့်ကြည့်မိတော့ သူ့ကိုစိုက်ကြည့်နေတဲ့ စစ်။
'စ..စစ်..ဖုန်း..ဖုန်းလာလို့ ကိုင်ပေးတာ'
ခက်ဆီက ဖုန်းကိုလုယူလိုက်ပြီး တဖက်ကခေါ်တဲ့သူကိုကြည့်လိုက်တော့ ဟန်နီ။
'မင်းနဲ့ နောက်မှဆက်ရှင်းမယ် ခက်ထန်' ခက်ကိုပြောပြီးတာနဲ့ ဟန်နီနိုင်နဲ့ဖုန်းပြောဖို့ ထွက်သွားလေသည်။
(စ..စစ် ငါ့ကိုအထင်လွဲသွားတာလား? သူက
ဟန်နီနိုင့်ကို အော်တာကြားလိုက်လို့ စိတ်တိုသွားတာလား? ဒါမှမဟုတ် သူ့ဖုန်းကို ယူကိုင်မိလို့ စိတ်တိုသွားတာလား?*) ခက်ရဲ့အတွေးတွေက
ကြာကြာမခံလိုက်။
စစ်က ဒေါသတကြီးနဲ့ အခန်းထဲကို၀င်လာခဲ့သည်လေ။
'ခက်ထန်!! မင်းကိုငါက ပြောင်းလဲနေပြီလို့ထင်ထားတာ။ အခုတော့ မင်းက ခွေးမြီးကောက်
ကျည်တောက်စွတ်ပဲ။ ဘာလို့ ဟန်နီ့ကို ခြိမ်းခြောက်တာလဲ ဟမ်? ဟန်နီက ငါ့ကို အကူအညီတောင်းချင်လို့ ဖုန်းဆက်တာကို မင်းကဘာလို့ သူ့ကို
ခြိမ်းခြောက်ရတာလဲ ? မင်းမှာ ဘာအဆင့်ရှိလို့လဲ ဟမ်!!'
'စ..စစ် ငါသူ့ကို ဘယ်တုန်းကမှ မခြိမ်းခြောက်ခဲ့ဖူးဘူး'
'လိမ်နေတာ!!! မင်းဟန်နီ့ကိုအော်နေတာ
ငါကိုယ်တိုင်ကြားခဲ့တာတောင် မင်းကလိမ်နေတုန်းလား! ငါမင်းကို ရွံတယ် ခက်ထန်။
မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့
မင်းရဲ့စိတ်ကို ငါရွံတယ်။ ကလေးမွေးထားလို့
မင်းကိုငါ ညှာနေတာတောင် မင်းက ရောင့်တက်လာသေးတယ်။ ဟန်နီနဲ့ ငါ့ကို ခွဲလို့ရမယ်များထင်နေတာလား?'
'စစ်....မင်းဘာတွေပြောနေတာလဲ?
မင်းတို့ ၂ယောက်ကို ခွဲမယ်ဆိုပြီး ငါတစ်ခါမှ
မစဥ်းစားဖူးဘူး။ အကုန်လုံးကို မင်းစိတ်တိုင်းကျပဲ ဖြစ်စေခဲ့တာလေ။ လက်ထပ်ပြီးကတည်းက
အခုချိန်ထိ မင်းနဲ့ဟန်နီနိုင် တွဲနေတာတောင်
ငါ ရင်နာနာနဲ့ လက်ခံပေးခဲ့ရတာလေ။
ဒါတောင်...ဒါတောင်...မင်းက ဘာလို့ငါ့ကိုမယုံသေးတာလဲ? ငါဟန်နီနိုင့်ကို ဘယ်တုန်းကမှ
မခြိမ်းခြောက်ခဲ့ဖူးဘူး။ ငါ..ငါ တကယ်ပြောနေတာ စစ်။'
'မင်းမလုပ်ပဲနဲ့ ဟန်နီနိုင်က ငါ့ကို လမ်းခွဲမယ်
ပြောမလား?'
'စစ်!! ငါဘယ်တုန်းကမှ မဟုတ်တာမပြောဖူးဘူး။
ငါမင်းကို လိမ်ပြောနေတာလဲမဟုတ်ဘူး။ ပြီးတော့ ဟန်နီနိုင့်ကိုပဲ ဘာလို့ယုံနေရတာလဲ။ ငါ့ကိုရော...
ငါ့ကိုရော တစ်ခါလောက် ယုံပေးလို့မရဘူးလား'
'အဟက်!! မင်းကိုယုံပေးရမယ် ဟုတ်လား? မင်းကဘယ်လောက်တောင်ယုံချင်စရာကောင်းနေလို့လဲ ဟမ်! '
'ဒါဆို ဟန်နီနိုင်ကရော ဘာတွေများကောင်းနေလို့ မင်းကယုံကြည်ပေးနေရတာလဲ'
'အနည်းဆုံးတော့ သူက ငါ့ကို မင်းလိုမျိုး
ယောကျာ်းတန်မဲ့ ကလေးနဲ့ ထောင်မဖမ်းဘူး'
'စစ်...မင်းဘယ်လိုပြောလိုက်တာလဲ။ သားက
မင်းရဲ့သွေးတစ်၀က်ပါတယ်လေ။ ပြီးတော့...ဘာကိုထောင်ဖမ်းတယ်ပြောတာလဲ?'
'တော်တော့ခက်ထန် ငါမင်းနဲ့ဆက်ပြီး စကားမများချင်တော့ဘူး။ မင်းအရင်က ငါ့ကိုဆေးခပ်ပြီး
အရယူခဲ့တာတွေကို ငါက ကလေးမျက်နှာနဲ့
ဘာမှမပြောတော့တာ။ အခုတော့ မင်းက
ငါ့ခွင့်လွှတ်မှုနဲ့မတန်ပါလား။ ကွာရှင်းကြရအောင်...ငါမင်းနဲ့ထပ်ပြီး တစ်မိုးအောက်မှာ
အတူမနေနိုင်တော့ဘူး'
'စ..စစ် ဘာလို့..ဘာလို့ ကွာရှင်းပေးရမှာလဲ...
ဟင့်အင်း...မကွာရှင်းနိုင်ဘူး။ ငါ..ငါ..မင်းအနားကဘယ်မှထွက်မသွားဘူးလို့ပြောခဲ့တယ်လေ။ စ..စစ်..ငါ..ငါတောင်းပန်ပါတယ်။ ဖြစ်ခဲ့သမျှတွေအကုန်လုံး ငါကပဲ..ငါကပဲတောင်းပန်ပါတယ်။
သားလေးမျက်နှာထောက်ပြီးတော့ပဲဖြစ်ဖြစ်
ငါ့..ငါ့ကို ..ကွာရှင်းမယ်လို့မပြောပါနဲ့လား..ငါ..ငါ..တကယ်မင်းနဲ့မခွဲနိုင်လို့ပါစစ်ရယ်'
'ဒါဆိုရင် ဟန်နီ့ကိုတောင်းပန်လိုက်'
ခက် သူ့ကိုမယုံနိုင်စွာကြည့်လိုက်မိရင်း
'စ..စစ် ငါ..ငါက ဘာလို့တောင်းပန်ရမှာလဲ။
ငါအမှားမလုပ်ဘူးလေ'
'မင်းကအရင်အတိုင်းပဲ ခက်ထန်၊ အခုထိ
မင်းအမှားကို ၀န်မခံရဲသေးဘူး၊ စိတ်ပျက်ဖို့ကောင်းတယ်' စစ်ထွက်သွားတော့မှ
'မင်းလည်းအရင်အတိုင်းပါပဲစစ်ရယ်။
ငါ့ကို..ငါ့ကို..အရင်အတိုင်း မယုံကြည်နေတုန်းပါပဲ...'
ထိုနေ့မှစ၍ စစ်ဟာ သားလေးမမွေးခင်တုန်းကလိုပဲ ၁ပတ်မှာ ၄ရက်က ဟန်နီနိုင်နဲ့ အတူနေလေသည်။ အိမ်ပြန်လာတဲ့ ၃ရက်ကလည်း အမြဲနောက်ကျမှ ပြန်လာတတ်သည်သာ။
(ငါတို့ မိသားစုလေးတော့ ပျော်ပျော်ရွှင်ရွှင်နေရတော့မယ်ထင်နေတာ။ အခုတော့ အရင်ကလိုပါပဲလား။ ငါကပဲ..ငါကပဲ အလျှော့ပေးပါ့မယ်*)
ခက် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး စစ်ပြန်လာမယ့်အချိန်ကိုစောင့်နေလိုက်သည်။
Advertisement
'စ..စစ်..ပြန်လာပြီလား? ငါ..ငါမင်းကိုပြောစရာရှိတယ်'
'ဘာပြောမှာလဲ ငါ့မှာအချိန်တွေမပေါဘူး။ ပြောစရာရှိတာမြန်မြန်ပြော'
'ငါ..ငါ..ဟန်နီနိုင့်ကို တောင်းပန်ပေးပါ့မယ်။
ငါတောင်းပန်လိုက်ရင် မင်းအရင်ကလို အိမ်ပြန်လာမယ်မဟုတ်လားဟင်?'
'ကောင်းပြီလေ။ မင်းအရင်ကတည်းက အခုလို တာ၀န်ယူတတ်တဲ့စိတ်ရှိခဲ့သင့်တာ'
ထို့နောက် သားလေးကို papaတို့နဲ့ ထားခဲ့ပြီး
ဟန်နီနိုင်နဲ့ ချိန်းထားတဲ့နေရာကိုထွက်လာခဲ့ကြသည်။ သူတောင်းပန်မယ်လို့ပြောထားလို့လားမသိ စစ်ရဲ့မျက်နှာဟာ ပြုံးသယောင်ယောင်ရှိနေလေသည်။ ဒါဟာ သူတို့အိမ်ထောင်သက်တမ်း
တစ်လျှောက်မှာ စစ်မောင်းတဲ့ကားပေါ် ပထမဆုံးလိုက်ပါစီးနင်းရခြင်း။ ဟန်နီနိုင်ကတော့ အခါပေါင်းမရေနိုင်အောင် လိုက်စီးဖူးပေလိမ့်မည်။
တွေးကြည့်မိတော့ ရင်ဘက်ထဲကအောင့်လာပြန်သည်။
ချိန်းထားတဲ့နေရာကိုရောက်လာတော့ ဟန်နီနိုင်က စောင့်နေလေသည်။ သူတို့ ၂ယောက်ကိုတွေ့တော့ ဟန်နီနိုင်က စစ်ကို ပြေးဖက်လေသည်။ မသိရင်
အကြာကြီးခွဲနေကြရတဲ့ချစ်သူတွေလို။
ရင်နာလှပါသည် ကိုယ့်ရှေ့မှာ တခြားတစ်ယောက်နဲ့ဖက်နေတဲ့ စစ်ကိုကြည့်ပြီးတော့။ သို့သော်လည်း စစ် အိမ်ကိုပြန်လာဖို့က ပိုအရေးကြီးတာမို့ ဟန်နီနိုင့်ကို မြန်မြန်တောင်းပန်မှဖြစ်မည်။
သူ့ဘက်ကမမှားပေမယ့်လို့ပေါ့။
'ဟန်နီနိုင်...တောင်းပန်ပါတယ်' ရောက်ရောက်ချင်း တောင်းပန်ပါတယ်ဟု ပြောနေသော
ခက်ကိုကြည့်ပြီး
'ခက်ရယ် တကယ်တော့ တောင်းပန်ဖို့မလိုအပ်ပါဘူး။ တကယ်ဆို ဟန်နီကသာ ပြန်တောင်းပန်ရမှာ ကိုကို့ကို ခက်ဆီက လုထားသလိုဖြစ်နေလို့'
'ဟန်နီက ဘာကိုလုထားရမှာလဲကွာ။ ကိုယ့်ကို
အရင်ကတည်းက ဟန်နီပိုင်ပြီးသားပဲကို။ ဒါဆို စကားပြောနှင့်ကြအုံး။ ကိုကို ဟိုဘက်၀ိုင်းက ကိုကို့သူငယ်ချင်းတွေကို သွားနှုတ်ဆက်လိုက်အုံးမယ်'
စစ်ထွက်သွားတော့ ဟန်နီနိုင်က
'နောက်ဆုံးတော့ နင်ငါ့ကိုလာတောင်းပန်ရပြီမဟုတ်လား?'
'ငါတောင်းပန်ပါတယ်ဟန်နီနိုင် စစ်ကို..စစ်ကို
အိမ်ကိုပြန်လာခိုင်းပေးလို့မရဘူးလား? သားလေးကလည်း စစ်မရှိရင် အရမ်းငိုတတ်လို့ပါ။ ပြီးတော့
စစ် အိမ်ကိုပြန်မလာတာလဲ ကြာနေပါပြီ။ ငါအခုတောင်းပန်နေတာမလို့ မင်းကျေနပ်ပါတော့။ ကျေးဇူးပြုပြီး စစ်ကို အိမ်ကိုပြန်ခိုင်းပေးပါ'
ခက်စကားကြောင့် ဟန်နီနိုင်က
'သားလေး? အာ...နင်က ကလေးမွေးထားတာပဲ
ငါမေ့သွားတာ။ နင်မွေးတဲ့နေ့က ငါနဲ့ ကိုကိုက
စက်စဲကိုရောက်နေသလားလို့။ နင့်ဆီတောင်မလာဖြစ်ဘူးလေ။ နင်တော်တော်ခံစားနေရမှာပဲနော်'
စိတ်မကောင်းတဲ့ပုံစံဖမ်းကာ ပြောလိုက်မိသည်။
ဟန်နီနိုင်နဲ့ မျက်နှာချင်းဆိုင် ၂၀ိုင်းကျော်လောက်မှာ
စစ်က သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း
ခက်တို့၀ိုင်းကိုလှမ်းလှမ်းကြည့်နေတတ်လေသည်။ ခက်ထိုင်တဲ့နေရာက စစ်ကိုကျောပေးထားသလို
ဖြစ်နေတာမို့ ခက်ရဲ့မျက်နှာကိုတော့ စစ် မမြင်ရပေ။
'ဟန်နီ..ငါ့အပေါ်ထားတဲ့ နင့်အငြှိုးတွေက မပြယ်နိုင်သေးဘူးလား? ငါတောင်းပန်ပါတယ်။ ငါတို့ သားအဖ ၂ယောက်လုံးအတွက် စစ်က မရှိမဖြစ်မလို့ပါ'
'ငါ့အတွက်လည်း သူကမရှိမဖြစ်ပဲလေ။ ငါလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေတဲ့သူ့ကို
ငါက လက်လွှတ်ခံနိုင်မလားစဥ်းစားကြည့်ပေါ့။
အင်း...နင်ကလေးမွေးပြီးသိပ်မကြာဘူး စစ်က
နင့်အပေါ်နည်းနည်းပြောင်းလဲသွားတာဆိုတော့
ငါလဲ နင့်လို ကလေးယူလိုက်ရင် ငါ့ကိုပိုဂရုစိုက်လောက်မလား?'
'ဟန်..ဟန်နီနိုင်'
'အဟက်!! ဘာလဲ လန့်သွားတာလား? စိတ်မပူပါနဲ့ ငါက ငါအလှပျက်မယ့်ကိစ္စကို မလုပ်ပါဘူး'
ဟန်နီနိုင်ပြောနေရင်းနဲ့ စစ်က သူတို့၀ိုင်းဘက်ကို လျှောက်လာတာမြင်တော့
'ခက်..ခက်...ဟန်နီ...ဟန်နီတောင်းပန်ပါတယ်
ခက်ရယ်။ ဟန်နီကလေ..ကိုကို့ကို ချစ်လွန်းလို့ လက်မလွှတ်ချင်ရုံလေးပါ။ ခက်ပြောသလို ကိုကို့ရဲ့ စည်းစိမ်တွေကိုမက်လို့ ကိုကို့အနား နေနေတာမဟုတ်ပါဘူး။ ဟန်နီ့ကို...ဟန်နီ့ကို ကိုကို့အနားကထွက်မသွားခိုင်းပါနဲ့နော်...ဟန်နီ..ဟန်နီ..တောင်းပန်ပါတယ်ခက်ရယ်' ရုတ်တရက်
လေသံပါမက အမူအယာတွေပါပြောင်းလဲသွားတဲ့ ဟန်နီနိုင်ကို ခက် နားမလည်စွာကြည့်နေတုန်း
'ခက်ထန်!!! ' စစ်ရဲ့အသံကြောင့် ခက်တကိုယ်လုံး တုန်သွားသည်။
'စ..စစ်'
'မင်းကိုငါက ဟန်နီ့ကိုတောင်းပန်ခိုင်းရအောင်ခေါ်လာတာလေ။ အခုတော့ မင်းက ထပ်ပြီးခြိမ်းခြောက်နေပြန်ပြီလား?'
'စ..စစ်..ငါ..ငါမလုပ်..'
'တော်တော့! မင်းထွက်သွားတာကောင်းမယ်။
ငါမင်းနဲ့ စကားပြောချင်စိတ်မရှိတော့ဘူး'
ခက်ထွက်သွားမယ်ပြင်တော့ ဟန်နီနိုင်က
စစ်ရင်ခွင်ထဲကနေ အောင်နိုင်သူအပြုံးပြုံးပြနေသည်။
စစ်သည် သူ့ကို နာကျင်အောင်လုပ်နိုင်လွန်းပါသည်။
သူရှင်းပြတာတောင် လက်မခံနိုင်ဖြစ်နေသောစစ်ဟာ
သားလေးရဲ့ ရက်၁၀၀ပြည့် နာမည်ပေး ကင်ပွန်းတပ်ကိုလည်းရောက်မလာခဲ့။ ဟန်နီနိုင်နဲ့ အချိန်ဖြုန်းနေသည်တဲ့လေ။ စစ်ရှိတဲ့ companyကို
ဟန်နီနိုင်က ခဏခဏလာနေတာကြောင့်
တခြား၀န်ထမ်းတွေက စစ်နဲ့ဟန်နီနိုင်ကို လက်ထပ်ထားတယ်လို့ ထင်နေကြသည်တဲ့။
သူကတော့ အမည်ခံယောကျာ်းတစ်ယောက်သာ။
စစ်ဟာ သူနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ အသိမပေးထားတော့ စစ်နဲ့သူနဲ့ လက်ထပ်ထားတာကို လူနည်းစုကလွဲပြီး တခြားဘယ်သူမှမသိကြပေ။ သားလေး စစ်ထက်နိုင်ရဲ့ ရက်၁၀၀ပြည့်ကို မလာခဲ့သောစစ်ဟာ သားရဲ့ ၁နှစ်ပြည့်မွေးနေ့ကိုတော့ ရောက်လာခဲ့သည်။
အကြောင်းမှာကား ခက်ကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းဖို့တဲ့လေ။
To be continued.....
ခက္ ကေလးကိုေခ်ာ့သိပ္ေနရင္း စစ္ရဲ႕ဖုန္းျမည္သံၾကားရေလသည္။ စစ္က ေရခ်ိဳးခန္းထဲ
ေရာက္ေနသျဖင့္ သူ႔ဖုန္းလာတာကိုမသိ။ အစကေတာ့ ခက္လည္း ဒီအတိုင္းထားလိုက္မလို႔
ျပင္ေနေသးသည္။ သို႔ေသာ္ Screenေပၚမွာ ေပၚလာတဲ့ 💖Honey💖ဆိုတဲ့ nameေၾကာင့္ ဖုန္းကိုကိုင္လိုက္မိသည္။
'Hello ကိုကိုလား? ကိုကိုဟန္နီ႔ဆီကိုမလာတာ ဘယ္ေလာက္ၾကာေနၿပီလဲ? ဟန္နီကေတာ့ ကိုကို႔ကို သတိရလိုက္ရတာ။ ကိုကိုကေတာ့ ဟန္နီ႔ကိုေမ့ၿပီး
ဟိုတစ္ေယာက္နဲ႔ေပ်ာ္ျမဴးေနတယ္ေပါ့။
ကိုကိုဟန္နီ႔ကိုမခ်စ္ေတာ့ဘူးလားဟင္?'
'စစ္က အခုေရခ်ိဳးေနတယ္ ဟန္နီႏိုင္။ ၿပီးေတာ့
Advertisement
သူကမင္းဆီကို ႐ုံးဆင္းခ်ိန္တိုင္းလာေနတာပဲေလ မင္းမေက်နပ္ႏိုင္ေသးဘူးလား?'
'ခက္ထန္? အဟက္! နင္က ကိုကို႔ဖုန္းကိုေတာင္
ယူကိုင္ေနပါလား။ ေတာ္ေတာ္အတင့္ရဲေနတာပဲ'
'စစ္ ေရခ်ိဳးေနလို႔ ငါကိုင္လိုက္မိတာ။ မင္းေျပာစရာရွိတာေျပာေလ ငါျပန္ေျပာေပးပါ့မယ္'
'ငါကနင္နဲ႔မေျပာခ်င္ဘူး။ ကိုကိုနဲ႔ပဲေျပာခ်င္တာ။
ၿပီးေတာ့ ငါေျပာမယ့္စကားေတြကလည္း
ငါတို႔ ၂ေယာက္ၾကားပဲေျပာလို႔ရမွာေလ။
နင္ကနားေထာင္ခ်င္လို႔လား?'
'ဟန္နီႏိုင္!!! မင္း မင္း!!'
'အဲ့ဒါဘာလုပ္ေနတာလဲ!!' အသံၾကားရာကို
လွည့္ၾကည့္မိေတာ့ သူ႔ကိုစိုက္ၾကည့္ေနတဲ့ စစ္။
'စ..စစ္..ဖုန္း..ဖုန္းလာလို႔ ကိုင္ေပးတာ'
ခက္ဆီက ဖုန္းကိုလုယူလိုက္ၿပီး တဖက္ကေခၚတဲ့သူကိုၾကည့္လိုက္ေတာ့ ဟန္နီ။
'မင္းနဲ႔ ေနာက္မွဆက္ရွင္းမယ္ ခက္ထန္' ခက္ကိုေျပာၿပီးတာနဲ႔ ဟန္နီႏိုင္နဲ႔ဖုန္းေျပာဖို႔ ထြက္သြားေလသည္။
(စ..စစ္ ငါ့ကိုအထင္လြဲသြားတာလား? သူက
ဟန္နီႏိုင့္ကို ေအာ္တာၾကားလိုက္လို႔ စိတ္တိုသြားတာလား? ဒါမွမဟုတ္ သူ႔ဖုန္းကို ယူကိုင္မိလို႔ စိတ္တိုသြားတာလား?*) ခက္ရဲ႕အေတြးေတြက
ၾကာၾကာမခံလိုက္။
စစ္က ေဒါသတႀကီးနဲ႔ အခန္းထဲကို၀င္လာခဲ့သည္ေလ။
'ခက္ထန္!! မင္းကိုငါက ေျပာင္းလဲေနၿပီလို႔ထင္ထားတာ။ အခုေတာ့ မင္းက ေခြးၿမီးေကာက္
က်ည္ေတာက္စြတ္ပဲ။ ဘာလို႔ ဟန္နီ႔ကို ၿခိမ္းေျခာက္တာလဲ ဟမ္? ဟန္နီက ငါ့ကို အကူအညီေတာင္းခ်င္လို႔ ဖုန္းဆက္တာကို မင္းကဘာလို႔ သူ႔ကို
ၿခိမ္းေျခာက္ရတာလဲ ? မင္းမွာ ဘာအဆင့္ရွိလို႔လဲ ဟမ္!!'
'စ..စစ္ ငါသူ႔ကို ဘယ္တုန္းကမွ မၿခိမ္းေျခာက္ခဲ့ဖူးဘူး'
'လိမ္ေနတာ!!! မင္းဟန္နီ႔ကိုေအာ္ေနတာ
ငါကိုယ္တိုင္ၾကားခဲ့တာေတာင္ မင္းကလိမ္ေနတုန္းလား! ငါမင္းကို ႐ြံတယ္ ခက္ထန္။
မိန္းကေလးတစ္ေယာက္ကို အႏိုင္က်င့္တတ္တဲ့
မင္းရဲ႕စိတ္ကို ငါ႐ြံတယ္။ ကေလးေမြးထားလို႔
မင္းကိုငါ ညႇာေနတာေတာင္ မင္းက ေရာင့္တက္လာေသးတယ္။ ဟန္နီနဲ႔ ငါ့ကို ခြဲလို႔ရမယ္မ်ားထင္ေနတာလား?'
'စစ္....မင္းဘာေတြေျပာေနတာလဲ?
မင္းတို႔ ၂ေယာက္ကို ခြဲမယ္ဆိုၿပီး ငါတစ္ခါမွ
မစဥ္းစားဖူးဘူး။ အကုန္လုံးကို မင္းစိတ္တိုင္းက်ပဲ ျဖစ္ေစခဲ့တာေလ။ လက္ထပ္ၿပီးကတည္းက
အခုခ်ိန္ထိ မင္းနဲ႔ဟန္နီႏိုင္ တြဲေနတာေတာင္
ငါ ရင္နာနာနဲ႔ လက္ခံေပးခဲ့ရတာေလ။
ဒါေတာင္...ဒါေတာင္...မင္းက ဘာလို႔ငါ့ကိုမယုံေသးတာလဲ? ငါဟန္နီႏိုင့္ကို ဘယ္တုန္းကမွ
မၿခိမ္းေျခာက္ခဲ့ဖူးဘူး။ ငါ..ငါ တကယ္ေျပာေနတာ စစ္။'
'မင္းမလုပ္ပဲနဲ႔ ဟန္နီႏိုင္က ငါ့ကို လမ္းခြဲမယ္
ေျပာမလား?'
'စစ္!! ငါဘယ္တုန္းကမွ မဟုတ္တာမေျပာဖူးဘူး။
ငါမင္းကို လိမ္ေျပာေနတာလဲမဟုတ္ဘူး။ ၿပီးေတာ့ ဟန္နီႏိုင့္ကိုပဲ ဘာလို႔ယုံေနရတာလဲ။ ငါ့ကိုေရာ...
ငါ့ကိုေရာ တစ္ခါေလာက္ ယုံေပးလို႔မရဘူးလား'
'အဟက္!! မင္းကိုယုံေပးရမယ္ ဟုတ္လား? မင္းကဘယ္ေလာက္ေတာင္ယုံခ်င္စရာေကာင္းေနလို႔လဲ ဟမ္! '
'ဒါဆို ဟန္နီႏိုင္ကေရာ ဘာေတြမ်ားေကာင္းေနလို႔ မင္းကယုံၾကည္ေပးေနရတာလဲ'
'အနည္းဆုံးေတာ့ သူက ငါ့ကို မင္းလိုမ်ိဳး
ေယာက်ာ္းတန္မဲ့ ကေလးနဲ႔ ေထာင္မဖမ္းဘူး'
'စစ္...မင္းဘယ္လိုေျပာလိုက္တာလဲ။ သားက
မင္းရဲ႕ေသြးတစ္၀က္ပါတယ္ေလ။ ၿပီးေတာ့...ဘာကိုေထာင္ဖမ္းတယ္ေျပာတာလဲ?'
'ေတာ္ေတာ့ခက္ထန္ ငါမင္းနဲ႔ဆက္ၿပီး စကားမမ်ားခ်င္ေတာ့ဘူး။ မင္းအရင္က ငါ့ကိုေဆးခပ္ၿပီး
အရယူခဲ့တာေတြကို ငါက ကေလးမ်က္ႏွာနဲ႔
ဘာမွမေျပာေတာ့တာ။ အခုေတာ့ မင္းက
ငါ့ခြင့္လႊတ္မႈနဲ႔မတန္ပါလား။ ကြာရွင္းၾကရေအာင္...ငါမင္းနဲ႔ထပ္ၿပီး တစ္မိုးေအာက္မွာ
အတူမေနႏိုင္ေတာ့ဘူး'
'စ..စစ္ ဘာလို႔..ဘာလို႔ ကြာရွင္းေပးရမွာလဲ...
ဟင့္အင္း...မကြာရွင္းႏိုင္ဘူး။ ငါ..ငါ..မင္းအနားကဘယ္မွထြက္မသြားဘူးလို႔ေျပာခဲ့တယ္ေလ။ စ..စစ္..ငါ..ငါေတာင္းပန္ပါတယ္။ ျဖစ္ခဲ့သမွ်ေတြအကုန္လုံး ငါကပဲ..ငါကပဲေတာင္းပန္ပါတယ္။
သားေလးမ်က္ႏွာေထာက္ၿပီးေတာ့ပဲျဖစ္ျဖစ္
ငါ့..ငါ့ကို ..ကြာရွင္းမယ္လို႔မေျပာပါနဲ႔လား..ငါ..ငါ..တကယ္မင္းနဲ႔မခြဲႏိုင္လို႔ပါစစ္ရယ္'
'ဒါဆိုရင္ ဟန္နီ႔ကိုေတာင္းပန္လိုက္'
ခက္ သူ႔ကိုမယုံႏိုင္စြာၾကည့္လိုက္မိရင္း
'စ..စစ္ ငါ..ငါက ဘာလို႔ေတာင္းပန္ရမွာလဲ။
ငါအမွားမလုပ္ဘူးေလ'
'မင္းကအရင္အတိုင္းပဲ ခက္ထန္၊ အခုထိ
မင္းအမွားကို ၀န္မခံရဲေသးဘူး၊ စိတ္ပ်က္ဖို႔ေကာင္းတယ္' စစ္ထြက္သြားေတာ့မွ
'မင္းလည္းအရင္အတိုင္းပါပဲစစ္ရယ္။
ငါ့ကို..ငါ့ကို..အရင္အတိုင္း မယုံၾကည္ေနတုန္းပါပဲ...'
ထိုေန႔မွစ၍ စစ္ဟာ သားေလးမေမြးခင္တုန္းကလိုပဲ ၁ပတ္မွာ ၄ရက္က ဟန္နီႏိုင္နဲ႔ အတူေနေလသည္။ အိမ္ျပန္လာတဲ့ ၃ရက္ကလည္း အၿမဲေနာက္က်မွ ျပန္လာတတ္သည္သာ။
(ငါတို႔ မိသားစုေလးေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရေတာ့မယ္ထင္ေနတာ။ အခုေတာ့ အရင္ကလိုပါပဲလား။ ငါကပဲ..ငါကပဲ အေလွ်ာ့ေပးပါ့မယ္*)
ခက္ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ၿပီး စစ္ျပန္လာမယ့္အခ်ိန္ကိုေစာင့္ေနလိုက္သည္။
'စ..စစ္..ျပန္လာၿပီလား? ငါ..ငါမင္းကိုေျပာစရာရွိတယ္'
'ဘာေျပာမွာလဲ ငါ့မွာအခ်ိန္ေတြမေပါဘူး။ ေျပာစရာရွိတာျမန္ျမန္ေျပာ'
'ငါ..ငါ..ဟန္နီႏိုင့္ကို ေတာင္းပန္ေပးပါ့မယ္။
ငါေတာင္းပန္လိုက္ရင္ မင္းအရင္ကလို အိမ္ျပန္လာမယ္မဟုတ္လားဟင္?'
'ေကာင္းၿပီေလ။ မင္းအရင္ကတည္းက အခုလို တာ၀န္ယူတတ္တဲ့စိတ္ရွိခဲ့သင့္တာ'
ထို႔ေနာက္ သားေလးကို papaတို႔နဲ႔ ထားခဲ့ၿပီး
ဟန္နီႏိုင္နဲ႔ ခ်ိန္းထားတဲ့ေနရာကိုထြက္လာခဲ့ၾကသည္။ သူေတာင္းပန္မယ္လို႔ေျပာထားလို႔လားမသိ စစ္ရဲ႕မ်က္ႏွာဟာ ၿပဳံးသေယာင္ေယာင္ရွိေနေလသည္။ ဒါဟာ သူတို႔အိမ္ေထာင္သက္တမ္း
တစ္ေလွ်ာက္မွာ စစ္ေမာင္းတဲ့ကားေပၚ ပထမဆုံးလိုက္ပါစီးနင္းရျခင္း။ ဟန္နီႏိုင္ကေတာ့ အခါေပါင္းမေရႏိုင္ေအာင္ လိုက္စီးဖူးေပလိမ့္မည္။
ေတြးၾကည့္မိေတာ့ ရင္ဘက္ထဲကေအာင့္လာျပန္သည္။
ခ်ိန္းထားတဲ့ေနရာကိုေရာက္လာေတာ့ ဟန္နီႏိုင္က ေစာင့္ေနေလသည္။ သူတို႔ ၂ေယာက္ကိုေတြ႕ေတာ့ ဟန္နီႏိုင္က စစ္ကို ေျပးဖက္ေလသည္။ မသိရင္
အၾကာႀကီးခြဲေနၾကရတဲ့ခ်စ္သူေတြလို။
ရင္နာလွပါသည္ ကိုယ့္ေရွ႕မွာ တျခားတစ္ေယာက္နဲ႔ဖက္ေနတဲ့ စစ္ကိုၾကည့္ၿပီးေတာ့။ သို႔ေသာ္လည္း စစ္ အိမ္ကိုျပန္လာဖို႔က ပိုအေရးႀကီးတာမို႔ ဟန္နီႏိုင့္ကို ျမန္ျမန္ေတာင္းပန္မွျဖစ္မည္။
သူ႔ဘက္ကမမွားေပမယ့္လို႔ေပါ့။
'ဟန္နီႏိုင္...ေတာင္းပန္ပါတယ္' ေရာက္ေရာက္ခ်င္း ေတာင္းပန္ပါတယ္ဟု ေျပာေနေသာ
ခက္ကိုၾကည့္ၿပီး
'ခက္ရယ္ တကယ္ေတာ့ ေတာင္းပန္ဖို႔မလိုအပ္ပါဘူး။ တကယ္ဆို ဟန္နီကသာ ျပန္ေတာင္းပန္ရမွာ ကိုကို႔ကို ခက္ဆီက လုထားသလိုျဖစ္ေနလို႔'
'ဟန္နီက ဘာကိုလုထားရမွာလဲကြာ။ ကိုယ့္ကို
အရင္ကတည္းက ဟန္နီပိုင္ၿပီးသားပဲကို။ ဒါဆို စကားေျပာႏွင့္ၾကအုံး။ ကိုကို ဟိုဘက္၀ိုင္းက ကိုကို႔သူငယ္ခ်င္းေတြကို သြားႏႈတ္ဆက္လိုက္အုံးမယ္'
စစ္ထြက္သြားေတာ့ ဟန္နီႏိုင္က
'ေနာက္ဆုံးေတာ့ နင္ငါ့ကိုလာေတာင္းပန္ရၿပီမဟုတ္လား?'
'ငါေတာင္းပန္ပါတယ္ဟန္နီႏိုင္ စစ္ကို..စစ္ကို
အိမ္ကိုျပန္လာခိုင္းေပးလို႔မရဘူးလား? သားေလးကလည္း စစ္မရွိရင္ အရမ္းငိုတတ္လို႔ပါ။ ၿပီးေတာ့
စစ္ အိမ္ကိုျပန္မလာတာလဲ ၾကာေနပါၿပီ။ ငါအခုေတာင္းပန္ေနတာမလို႔ မင္းေက်နပ္ပါေတာ့။ ေက်းဇူးျပဳၿပီး စစ္ကို အိမ္ကိုျပန္ခိုင္းေပးပါ'
ခက္စကားေၾကာင့္ ဟန္နီႏိုင္က
'သားေလး? အာ...နင္က ကေလးေမြးထားတာပဲ
ငါေမ့သြားတာ။ နင္ေမြးတဲ့ေန႔က ငါနဲ႔ ကိုကိုက
စက္စဲကိုေရာက္ေနသလားလို႔။ နင့္ဆီေတာင္မလာျဖစ္ဘူးေလ။ နင္ေတာ္ေတာ္ခံစားေနရမွာပဲေနာ္'
စိတ္မေကာင္းတဲ့ပုံစံဖမ္းကာ ေျပာလိုက္မိသည္။
ဟန္နီႏိုင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ၂၀ိုင္းေက်ာ္ေလာက္မွာ
စစ္က သူ႔သူငယ္ခ်င္းေတြနဲ႔ စကားေျပာေနရင္း
ခက္တို႔၀ိုင္းကိုလွမ္းလွမ္းၾကည့္ေနတတ္ေလသည္။ ခက္ထိုင္တဲ့ေနရာက စစ္ကိုေက်ာေပးထားသလို
ျဖစ္ေနတာမို႔ ခက္ရဲ႕မ်က္ႏွာကိုေတာ့ စစ္ မျမင္ရေပ။
'ဟန္နီ..ငါ့အေပၚထားတဲ့ နင့္အျငႇိဳးေတြက မျပယ္ႏိုင္ေသးဘူးလား? ငါေတာင္းပန္ပါတယ္။ ငါတို႔ သားအဖ ၂ေယာက္လုံးအတြက္ စစ္က မရွိမျဖစ္မလို႔ပါ'
'ငါ့အတြက္လည္း သူကမရွိမျဖစ္ပဲေလ။ ငါလိုအပ္တာမွန္သမွ် ျဖည့္ဆည္းေပးေနတဲ့သူ႔ကို
ငါက လက္လႊတ္ခံႏိုင္မလားစဥ္းစားၾကည့္ေပါ့။
အင္း...နင္ကေလးေမြးၿပီးသိပ္မၾကာဘူး စစ္က
နင့္အေပၚနည္းနည္းေျပာင္းလဲသြားတာဆိုေတာ့
ငါလဲ နင့္လို ကေလးယူလိုက္ရင္ ငါ့ကိုပိုဂ႐ုစိုက္ေလာက္မလား?'
'ဟန္..ဟန္နီႏိုင္'
'အဟက္!! ဘာလဲ လန္႔သြားတာလား? စိတ္မပူပါနဲ႔ ငါက ငါအလွပ်က္မယ့္ကိစၥကို မလုပ္ပါဘူး'
ဟန္နီႏိုင္ေျပာေနရင္းနဲ႔ စစ္က သူတို႔၀ိုင္းဘက္ကို ေလွ်ာက္လာတာျမင္ေတာ့
'ခက္..ခက္...ဟန္နီ...ဟန္နီေတာင္းပန္ပါတယ္
ခက္ရယ္။ ဟန္နီကေလ..ကိုကို႔ကို ခ်စ္လြန္းလို႔ လက္မလႊတ္ခ်င္႐ုံေလးပါ။ ခက္ေျပာသလို ကိုကို႔ရဲ႕ စည္းစိမ္ေတြကိုမက္လို႔ ကိုကို႔အနား ေနေနတာမဟုတ္ပါဘူး။ ဟန္နီ႔ကို...ဟန္နီ႔ကို ကိုကို႔အနားကထြက္မသြားခိုင္းပါနဲ႔ေနာ္...ဟန္နီ..ဟန္နီ..ေတာင္းပန္ပါတယ္ခက္ရယ္' ႐ုတ္တရက္
ေလသံပါမက အမူအယာေတြပါေျပာင္းလဲသြားတဲ့ ဟန္နီႏိုင္ကို ခက္ နားမလည္စြာၾကည့္ေနတုန္း
'ခက္ထန္!!! ' စစ္ရဲ႕အသံေၾကာင့္ ခက္တကိုယ္လုံး တုန္သြားသည္။
'စ..စစ္'
'မင္းကိုငါက ဟန္နီ႔ကိုေတာင္းပန္ခိုင္းရေအာင္ေခၚလာတာေလ။ အခုေတာ့ မင္းက ထပ္ၿပီးၿခိမ္းေျခာက္ေနျပန္ၿပီလား?'
'စ..စစ္..ငါ..ငါမလုပ္..'
'ေတာ္ေတာ့! မင္းထြက္သြားတာေကာင္းမယ္။
ငါမင္းနဲ႔ စကားေျပာခ်င္စိတ္မရွိေတာ့ဘူး'
ခက္ထြက္သြားမယ္ျပင္ေတာ့ ဟန္နီႏိုင္က
စစ္ရင္ခြင္ထဲကေန ေအာင္ႏိုင္သူအၿပဳံးၿပဳံးျပေနသည္။
စစ္သည္ သူ႔ကို နာက်င္ေအာင္လုပ္ႏိုင္လြန္းပါသည္။
သူရွင္းျပတာေတာင္ လက္မခံႏိုင္ျဖစ္ေနေသာစစ္ဟာ
သားေလးရဲ႕ ရက္၁၀၀ျပည့္ နာမည္ေပး ကင္ပြန္းတပ္ကိုလည္းေရာက္မလာခဲ့။ ဟန္နီႏိုင္နဲ႔ အခ်ိန္ျဖဳန္းေနသည္တဲ့ေလ။ စစ္ရွိတဲ့ companyကို
ဟန္နီႏိုင္က ခဏခဏလာေနတာေၾကာင့္
တျခား၀န္ထမ္းေတြက စစ္နဲ႔ဟန္နီႏိုင္ကို လက္ထပ္ထားတယ္လို႔ ထင္ေနၾကသည္တဲ့။
သူကေတာ့ အမည္ခံေယာက်ာ္းတစ္ေယာက္သာ။
စစ္ဟာ သူနဲ႔ပတ္သက္ၿပီး ဘယ္သူ႔ကိုမွ အသိမေပးထားေတာ့ စစ္နဲ႔သူနဲ႔ လက္ထပ္ထားတာကို လူနည္းစုကလြဲၿပီး တျခားဘယ္သူမွမသိၾကေပ။ သားေလး စစ္ထက္ႏိုင္ရဲ႕ ရက္၁၀၀ျပည့္ကို မလာခဲ့ေသာစစ္ဟာ သားရဲ႕ ၁ႏွစ္ျပည့္ေမြးေန႔ကိုေတာ့ ေရာက္လာခဲ့သည္။
အေၾကာင္းမွာကား ခက္ကို ကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုးခိုင္းဖို႔တဲ့ေလ။
To be continued.....
Advertisement
- In Serial233 Chapters
Classless Ascension
[Climb the Dimensional Tower and have any wish fulfilled by the gods themselves!]Enters Josh Malum.He was feared on Earth, but in this new world, he is but a Fallen. One that is forced to Climb. If it wasn’t bad enough already he is also Classless, something that is unheard of in the Tower. Yet none of it phases him.«You think I should be despairing? Why? Is it because I’m classless? They offered me so many classes, I simply refused them all.»Sacrificing the many worlds is a small price to regain what he once lost. To all the deities that stand in his way:F… ⎧ᴿᴵᴾ⎫
8 2118 - In Serial30 Chapters
Perfect Wish
If you are granted your perfect wish which was a RPG like system with the power to live in fiction worlds. How would you live? Would you become a hero and slay dragons and demons or would you become the villain and take the worlds for yourself. Or maybe, you just go for a life a bit more peaceful than that. Disclaimer: I don't own existing worlds or characters.
8 251 - In Serial8 Chapters
Soldiers of Light
The Soldiers Of Light; an elite force of talented young warriors working for the mysterious World Federation Alliance. Bestowed with a necklace containing the mysterious "Artemesia," providing them with unstoppable power. Their task?? Rid the world of those deemed a threat to humanity, using any means neccessary.
8 203 - In Serial65 Chapters
HASEENAH
A very touch hearted story which consist of a poor girl with her mom, that under go so many hatred from her step mom, description can't explain, but let's ruin together
8 179 - In Serial19 Chapters
Brother of Wind {book 6: Skybound}
Welcome to book six of the Brother of Wind au! In this au, I rewrite Ninjago but a certain wind ninja has always been a part of the team.This book is based of Lego Ninjago season six, Skybound. I do not own any of the characters, but I did give a different personality to Morro.(art cover is mine)(started July 7th 2021)#2 - ninjagofanfic Aug 5 2021#6 - ninjagokai Aug 5 2021#6 - ninjagolloyd Aug 5 2021#7 - ninjagozane Aug 5 2021#7 - ninjagonya Aug 5 2021#8 - ninjagoau Aug 5 2021#5 - ninjagomorro Aug 5 2021
8 60 - In Serial36 Chapters
Baby Batty
A different shifter ddlg story. Instead of a werewolf Mackenzie is a bat shifter who finds a mate in a wolf pack.
8 78

