《Let Me Start Again [Completed]》LMSA 29
Advertisement
Unicode
'အင်း....'
'ခက်..နိုးလာပြီလား။ မင်းကလေးလေးက ယောကျာ်းလေးကွ သိလား?' မင်းခန့်အပြောကြောင့်
'ဟုတ်လား? ငါ့ကိုပြပါအုံး။ ငါ..ငါ့သားလေးကို
ကြည့်ချင်တယ်' ဟုဆိုတော့ သက်နွယ်က ကလေးကိုချီပြီး ခက်ကိုလာပေးလေသည်။
'ခက်...နင့်ကလေးလေးက ချစ်စရာလေးဟယ်။
ကြီးလာရင် ငါနဲ့ပေးစားပါ့လား'
သက်နွယ်ရဲ့အပြောကြောင့် ဂနိုင်ရဲ့ မျက်နှာကြီးက မဲ့ရွဲ့သွားကာ
'သက်နွယ်နော်။ နင့်မှာ ငါတစ်ယောက်လုံးရှိနေတာကို'
'ငါက စတာပါဟယ်။ တကယ်မယူပါဘူး နင့်ကိုပဲ
ယူမှာလေ နော် နော်'
'နင်တို့ ဒီနေ့ကိုက်လို့ပြီးကြအုံးမှာလား? ဒါနဲ့မင်းခန့်
ငါ ကလေးမွေးတာကို စစ်သိလားဟင်?'
'အာ...သူလား? သိ..သိပါတယ်ကွ။ ငါဖုန်းဆက်ထားတယ်။ မကြာခင်ရောက်လာလိမ့်မယ်နော်။'
(စစ်က ဖုန်းမကိုင်တာကို ဘယ်လိုပြောပြရမလဲ ခက်ရာ*) ကလေးမွေးပြီးကာစမလို့ ခက်ကို စိတ်မဆင်းရဲစေချင်တာကြောင့် မင်းခန့်ညာပြောလိုက်ရလေသည်။
'ကဲပါ ခက်ရယ်။ နင်ကလည်း နင့်ယောကျာ်းပဲ
မျှော်နေတာ။ ငါတို့ကိုလည်း အဖက်လေးဘာလေးလုပ်ပါအုံး။ ငါတို့မှာတော့ နင့်ကောင်းမှု အကြောင်းပြုပြီး Christmas ကို ဆေးရုံမှာ ကုန်ဆုံးရတော့မှာကို'
'ဟင်..ဘာလို့လဲ' သက်နွယ်အပြောကို ခက်
နားမလည်စွာမေးတော့
'ဟုတ်တယ်လေဟယ်။ ဒီနေ့က Christmasအကြိုနေ့လေ။ နင်က သဘက်ခါလောက်မှဆေးရုံဆင်းမှာမလား? အဲ့ဒါကြောင့် ငါတို့က ဒီနေ့ရော မနက်ဖြန်ရောကို လူနာစောင့် လုပ်ပေးမလို့'
'အာ..ရပါတယ်ဟာ။ ငါ့ကို nurse ငှားပေးရင်ကို အဆင်ပြေပါတယ်'
'မရပါဘူး။ ငါတို့ပဲစောင့်ပေးမှာ။ ပြီးတော့ အန်တီတို့ကိုလည်း ဆက်သွယ်ထားတယ်သိလား? နင်ဆေးရုံဆင်းမှာနဲ့ သူတို့ရောက်မှာနဲ့ ကွက်တိလောက်
သွားကျမှာ။ အစကတော့ နောက်လထဲလာမလို့တဲ့။ နင်ကစောမွေးသွားတော့ သူတို့အစီစဥ်တွေလဲ
ကမောက်ကမတွေဖြစ်ကုန်တာ'
'မေမေတို့လည်း ငါ့ကြောင့် ပင်ပန်းတော့မှာပဲ'
ခက်အပြောကြောင့် သက်နွယ်က
'ခက်ရယ် နင်ကလည်း ဟိုလူ့အားနာ ဒီလူ့အားနာနဲ့ တကယ်ပါပဲ။ ဒါနဲ့ ဘာစားချင်လဲ ဘာ၀ယ်ပေးရမလဲ? အာ..မဖြစ်သေးပါဘူး။ ဘာစားစားတည့်မှာမဟုတ်ဘူး။ ဆန်ပြုတ်ပဲသောက်' သူ့ဘာသာမေး
သူ့ဘာသာဖြေပြီး အမေတစ်ယောက်လို ပွစိပွစိပြောနေတဲ့ သက်နွယ်ကို အကုန်လုံးက ဘေးမဲ့ပေးထားလိုက်ကြလေသည်။ ထို့နောက် သက်နွယ်နဲ့ ဂနိုင်က ဆန်ပြုတ်သွားပြုတ်မယ်ဟုဆိုကာ အိမ်ပြန်သွားကြလေသည်။ ၀ယ်ပြီးသောက်ရအောင်ပါဆိုတာကို
သူကိုယ်တိုင်ပြုတ်ချင်ပါတယ်ဟု ဆိုလာသော
သက်နွယ်ကြောင့် ခက်လည်း ဘာမှမပြောတော့ပေ။
ရင်ခွင်ထဲက သားလေးကိုကြည့်မိတော့ သူပြုံးမိပြန်သည်။
(ကလေးလေး papaရဲ့သားလေး သူနဲ့စစ်ရဲ့
ရင်သွေးလေး*)
မျက်လုံးလေးမှိတ်ထားပြီး နှုတ်ခမ်းလေးက ပွစိပွစိနဲ့လုပ်နေတဲ့ကလေးလေးဟာ အသဲယားချင်စရာ။
ဟုတ်သားပဲ သူ့သားလေးကို နို့မတိုက်ရသေးဘူး။
သူမှနို့မထွက်ပဲ။ ဘယ်လိုလုပ်ရပါ့။
'မင်းခန့်...ငါ့ကို Dumex၀ယ်ပေးလို့ရလား?'
ခက်ရဲ့အပြောကို အစိုးက
'ဟင် မင်းက Durex၀ယ်ပြီးဘာလုပ်မလို့လဲ'
'Babeရာ ခက်က D..u..m..e..x.....Dumexကိုပြောနေတာ။ Durex၀ယ်ခိုင်းပြီး ပူစီဖောင်းမှုတ်တမ်းကစားနေရမှာလား? တကယ်ပါပဲ နားကလည်း မဟုတ်တာတွေပဲကြားနေတယ်။ ဒါနဲ့ ခက်
မင်းကနို့မထွက်ဘူးလား?' မင်းခန့်က အစိုးကိုပြောနေရင်းနဲ့ ခက်ကိုလှည့်မေးလိုက်သည်။
'ငါကယောကျာ်းလေးလေ ဘယ်ထွက်မှာတုန်း?'
'ဟ ယောကျာ်းလေးပေမယ့် သားအိမ်ပါပြီးကလေးတောင်မွေးထားသေးတာကို နို့မထွက်သေးတာ
ဖြစ်နိုင်လို့လား?' မင်းခန့်ပြောမှာ သူ့ကိုယ်သူ သတိထားပြီးကြည့်မိသည်။
'မင်းတို့ ၂ယောက်အပြင်ထွက်ကြ' ခက်ကနှင်ထုတ်တော့ မင်းခန့်နဲ့ အစိုးလည်း ကြောင်သွားကာ
'အင်..ဘာလို့ထွက်ရမှာလဲ?' အစိုးရဲ့အမေးကို
ခက်မဖြေနိုင်။
'ငါ..ငါ...'
နောက်တော့ ရိပ်မိသွားတဲ့ မင်းခန့်ကပဲ
'လာ လာ babe သူက ကလေးနို့တိုက်မလို့နေမှာ၊ ကိုယ်တို့ရှိတော့ရှက်နေတာ။ လာခဲ့ အပြင်ထွက်ပေးရအောင်'
ဟုဆိုကာ အစိုးရဲ့လက်ကိုဆွဲပြီး ထွက်သွားလေသည်။
သူတို့ထွက်သွားမှ ခက်လဲ လွတ်လွတ်လပ်လပ်
ကလေးနဲ့ နေရလေတော့သည်။ ကလေးလေးကို
ကြည့်နေရင်းနဲ့ ခက်ရဲ့စိတ်ထဲမှာ သားလေးက
စစ်နဲ့တူလာသယောင်။
'သားသား...papaရဲ့သားလေး...ကျေးဇူးတင်ပါတယ်သားရယ်။ papa ဘ၀ထဲ၀င်လာပေးလို့'
ပြောနေရင်းနဲ့ပင် ကလေးငယ်လေးရဲ့ နဖူးကိုနမ်းလိုက်လေသည်။
တဖက်မှာတော့...
သက်နွယ်နဲ့ အနိုင်တို့ ၂ယောက် ဆန်ပြုတ်ပြုတ်ဖို့ လိုအပ်တာများကို၀ယ်ရန် ထွက်လာခဲ့ကြလေသည်။
သက်နွယ်ကတော့ ဖုန်းလေးတကြည့်ကြည့်နဲ့ အလုပ်ရှုပ်နေလေသည်။ နောက်ဆုံးတော့ အနိုင်ကပဲ
'အသက်..ဘာလုပ်နေတာလဲ? နိုင်ကြည့်နေတာ
ကြာလှပြီ။ ဖုန်းတစ်လုံးနဲ့ဘာတွေအလုပ်ရှုပ်နေတာလဲ?'
'ဒီမှာလေ ဆန်ပြုတ်ပြုတ်နည်းကြည့်နေတာ။ ဘယ်လိုလုပ်ရမလဲမသိလို့'
'အသက်ပဲ ပြုတ်တတ်လို့ ခက်က၀ယ်ခိုင်းတာတောင် အသက် ကိုယ်တိုင်ပြုတ်မယ်လို့ပြောလာတာ
မဟုတ်ဘူးလား?'
'မပြုတ်တတ်ပါဘူး။ အခုမှ ပထမဆုံးစလုပ်ဖူးတာ'
ပြောရင်းနဲ့ City martကိုရောက်တော့ ကြက်သားနဲ့ တခြား လိုအပ်တာလေးတွေပါ၀ယ်ခဲ့ပြီး အိမ်ကိုပြန်ခဲ့ကြသည်။
'အနိုင်...ကြက်သားဆန်ပြုတ်ပြုတ်ရင် ဘာကို
အရင်ထည့်ရတာလဲ? ဆန်ကိုအရင်ထည့်တာလား ကြက်သားကိုအရင်ထည့်တာလား? '
'ဟင်? ဘာကိုအရင်ထည့်မှန်းမသိပဲနဲ့ ဆန်ပြုတ်ပြုတ်မယ်ဆိုပြီးပြောတယ်ပေါ့။ ဆိုင်ကပဲ၀ယ်သွားရအောင်ပါအသက်ရယ်'
'မ၀ယ်ပါဘူးဆို ဘာလဲ? နင်က ငါ့ကိုမယုံတာလား?'
Advertisement
နင်တွေငါတွေနဲ့ဖြစ်လာတော့ အနိုင်လဲ ဆက်မပြောတော့ပေ။ သူ့ချစ်သူလေးစိတ်ချမ်းသာဖို့ကအဓိကမဟုတ်လား။
'ကြက်သားနဲ့ဆန် ဘာကိုအရင်ထည့်ရလဲ
မသိပေမယ့် ကြက်သားဆန်ပြုတ်ရဲ့ အဓိက
မပါမဖြစ်ကိုတော့သိပါတယ်'
သက်နွယ်အပြောကြောင့် အနိုင်က ဟင်းခတ်အမွှေးအကြိုင်တွေကိုများပြောတာလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့မေးမိသည်။
'ဘာက အရေးအကြီးဆုံးလဲဟင်?'
အနိုင့်ရဲ့အမေးကြောင့် သက်နွယ်က တုံးလိုက်တာ
ဟူသော အကြည့်နဲ့ကြည့်လိုက်ကာ
'ကြက်သားဆန်ပြုတ်မှာ ဘာက မပါမဖြစ်လဲဆိုတာ ကလေးကအစသိတယ် '
'အေးလေး အဲ့ကလေးကအစသိတာကို ငါမသိလို့မေးတာပေါ့ ဘာလဲအဲ့ဒါက'
'ဆန်လေ..ဆန်ပေါ့။ နာမည်ကိုက ဆန်ပြုတ်ပါဆို ဆန်ကမပါမဖြစ်ပေါ့ဟဲ့။ ဒုက္ခပါပဲ ပိန်းလိုက်တာ။
ငါ့ရည်းစားလို့ပြောရမှာရှက်တယ်။'
သူပြောတာလဲ ဟုတ်တာပဲ။
'အာ..ဟုတ်သားပဲ အသက်လေးကတော်လိုက်တာ'
အနိုင့်ရဲ့ ချီးကျူးစကားကြောင့် သက်နွယ်
ကိုယ့်ကိုယ်ကိုတောင် အထင်ကြီးမိသွားသည်။
'ကဲကဲ..ဆန်ပြုတ်လုပ်မယ်။' ဟုဆိုပြီး ရေနွေး
ပွက်ပွက်ဆူထဲကို ရေဆေးထားတဲ့ကြက်သားတွေ
ထည့်လိုက်လေသည်။
'အသက်!! ဆန်အရင်ထည့်ရမှာ မဟုတ်ဘူးလား?'
ဟု အနိုင်ကမေးတော့ သက်နွယ်ဆီက ပိန်းလိုက်တာဟူသော အကြည့်ကိုထပ်ရပြန်လေသည်။
'ကြက်သားဆန်ပြုတ်လေဟယ်။ ကြက်သားကိုအရင်ထည့်လို့ ကြက်သားဆန်ပြုတ်လို့ခေါ်တာပေါ့။
ဆန်ကိုအရင်ထည့်ပြုတ်ရင် ဆန်ပြုတ်ကြက်သားလို့ခေါ်မှာပေါ့။ နင် ငါ့နားမှာနေပြီး ဘာလို့အဲ့လောက်ပိန်းနေရတာလဲ?'
စွံ့အသွားသော အနိုင်လေးခမျာ သက်နွယ်လုပ်သမျှကိုသာထိုင်ကြည့်နေရင်း မီးထမလောင်ပါစေနဲ့
ဟုသာ ဆုတောင်းနေရသည်။
၂နာရီလောက်ကြာပြီးတဲ့အခါမှာတော့ ဆေးရုံကိုရောက်လာကြလေသည်။ ၀ယ်ထားတဲ့ဆန်ပြုတ်လေးနဲ့ :")
'မင်းတို့ကလဲ ကြာလိုက်တာ။ ဆန်ပြုတ်လေးသွားလုပ်ရတာကို ဒီလောက်ကြာရသလား?'
မင်းခန့်အပြောကို သက်နွယ်ကပဲ
'ဟဲ့ ဆန်ပြုတ်ပြုတ်ရတာ ပညာသားပါတယ်ဟဲ့။
နင်ကဘာနားလည်လို့တုန်း '
'မသိပါဘူး ငါက နင်တို့ ၂ယောက် ဆန်ပြုတ်ပြုတ်ရင်းနဲ့ တစ်ခါထဲ ရေနွေးအိုးထဲ၀င်ပြီးတော့များ ရေချိုးနေကြလို့ ကြာသွားတာလားလို့။'
'အံမာ ဆန်ပြုတ်ပြုတ်ရတာများ လွယ်တယ်မှတ်နေလား? ဒီလိုဆန်ပြုတ်လေးရဖို့ ငါဘယ်လောက်တောင်အပင်ပန်းခံခဲ့ရလဲ?'
'ဒါဆို ဒါက နင်ကိုယ်တိုင်ပြုတ်လာတာပေါ့?'
အစိုးက၀င်မေးလေတော့
'မဟုတ်ပါဘူး။ ငါပြုတ်ထားတာက ဆန်ပြုတ်ကနေ ဆန်ပြဲဖြစ်သွားလို့ ဆိုင်က၀ယ်လာတာ အဟီး'
ဆန်ပြုတ်ကိုတောင် ဖြောင့်ဖြောင့်မပြုတ်တတ်သော သက်နွယ်ကို သူတို့တကယ်ပဲလေးစားမိပါသည်။ (တော်သေးတာပေါ့။ ဆိုင်ကနေ၀ယ်လာခဲ့လို့။ မဟုတ်ရင် ခက်တစ်ယောက် မီးတွင်းထဲကထွက်ခါစကို သက်နွယ်ရဲ့ ဆန်ပြုတ်စားပြီး operationခန်းထဲ ထပ်၀င်နေရအုံးမယ်*)မင်းခန့်နဲ့ စိုးစံနိုင်က ထပ်တူတွေးလိုက်ကြသော်လည်း အနိုင်တစ်ယောက်ကတော့ အိမ်ရှင်မကောင်းပီသသော သက်နွယ်ကို
ကြည့်ကာ သူ့ရှေ့ရေးအတွက် ရင်လေးနေမိသည်။
'ခက်..ထတော့..ထတော့။ ဒီမှာဆန်ပြုတ်၀ယ်လာတယ်။ ထစား။ ' မင်းခန့်က ခက်ကိုနှိုးလိုက်ပြီး
အစိုးက ဆန်ပြုတ်ပန်းကန်ကိုကိုင်ထားလေသည်။ သက်နွယ်တို့အတွဲကတော့ ပုခက်ထဲက ကလေးလေးအနားရောက်နေကြသည်။
ခက်နိုးတာနဲ့ ခက်ကိုထူပေးလိုက်ကြပြီး ဆန်ပြုတ်တိုက်ကြသည်။ ထို့နောက် ရောက်တတ်ရာရာပြောနေကြပြီး စစ်ကိုသတိမရအောင် ကြိုးစားနေကြသည်။ စစ်က ဟန်နီနိုင်နဲ့အတူ မော်လမြိုင်ဘက်ကို ၁ပတ်လောက်ထွက်သွားတဲ့အကြောင်းကိုတော့
ခက်ကိုမပြောမိစေရန်သူတို့တိုင်ပင်ထားကြသည်လေ။
'မင်းခန့်..စစ်ကိုအဆက်သွယ်ရပြီလားဟင်။
ငါ သားလေးမွေးတာကို သူ့ကိုပြောပြလိုက်လား?' မည်မျှပင် မေ့ဖျောက်အောင်လုပ်ပေးစေကာမူ
ခက်က သတိတရနဲ့ မေးလေတော့ ကျန်တဲ့၄ယောက်က တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်မိကြလေသည်။ ပြီးတော့မှ သက်နွယ်က
'ငါတို့ ဆက်သွယ်ထားပါတယ်ခက်ရဲ့။ ဒါတွေထားလိုက်ပါအုံး။ ဒါနဲ့မင်းခန့် နင့်မိဘတွေက နင်နဲ့
ဂနိုင်ကို လက်ထပ်ပေးတော့မလို့ဆို' သက်နွယ်
အပြောကြောင့် ခက်လည်း စိတ်၀င်စားသွားသည်။
'ဟုတ်လား မင်းခန့်။ မင်းအိမ်က ဘယ်လိုလုပ်ပြီး
အနိုင့်ကိုသိတာလဲ?' ခက်ကမေးတော့ အနိုင်က
မင်းခန့်လက်မောင်းကို ထိုးလိုက်ကာ
'ဒီခွေးသူတောင်းစားကြောင့်'
'''ဟမ်'''
'ဟုတ်တယ်။ ဒီကောင်က အရင်တုန်းက
ငါနဲ့ငါ့ဦးလေးနဲ့ စာအုပ်ဆိုင်လာတော့ သူနဲ့တွေ့ပြီး ငါ့ဦးလေးကို သူက ငါ့ရည်းစားပါဆိုပြီးပြောထားတာလေ။ ငါဦးလေးက အဲ့ဒါကိုမှတ်ထားတာ။ ပြီးတော့ သူ့မိဘတွေနာမည်တွေကိုလည်း အဲ့အချိန်ကတည်းကမေးထားတာ။ သူနဲ့အစိုးနဲ့ ကြိုက်သွားတော့လည်း အစိုးနဲ့ငါက အိမ်ချင်းနီးတော့
အဲ့သူတောင်းစားက ငါ့ဆီကိုလာတာလိုလိုနဲ့ အစိုးနဲ့ လာလာတွေ့တာလေ။ သူကတော့ အစိုးနဲ့ ငါ့အိမ်မှာချိန်းတွေ့တာပေါ့။ ငါ့ဦးလေးကတော့ သူနဲ့ငါနဲ့တွဲနေတယ်ဆိုပြီး သူအရင်ကပြောထားဖူးတော့ ငါ့ဆီ
လာတယ်ပဲထင်နေတာ။'
'နောက်တော့ရော။ ငါလဲနင်နဲ့အိမ်ချင်းနီးနေတာတောင် ဒါတွေမသိရပါလား အနိုင်ရယ်'
သက်နွယ်က၀င်ပြောတော့
'ဘယ်သိမလဲ? အသက်က အခန်းထဲကအခန်းပြင်တောင်ထွက်လို့လား? အဲ့ဒါနဲ့ ပြီးခဲ့တဲ့ ၂လလောက်က မင်းခန့်မိဘတွေက ငါတို့အိမ်ကိုလာလည်ကြတာ။
သူ့မိဘတွေနဲ့ ငါ့မိဘတွေနဲ့က မိတ်ဆွေတွေတဲ့။
ငါလည်း အဲ့တော့မှသိတာ။ ကံဆိုးချင်တော့ သူ့မိဘတွေရောက်နေတဲ့အချိန် ငါ့ဦးလေးရောက်လာရော။ သူ့မိဘတွေရဲ့နာမည်တွေသိသွားတော့ မင်းခန့်ရဲ့မိဘတွေလားလို့မေးတာကွာ။ အဲ့မှာ ဟိုက ဟုတ်တယ်လို့ပြောတော့ မင်းခန့်နဲ့ငါနဲ့က ရည်းစားတွေဆိုပြီးပြောလိုက်တာနဲ့ အခုလိုစီစဥ်ကုန်ကြတာ ဟူးး'
ပြောရတာ ပင်ပန်းသွားတော့ စားပွဲပေါ်တင်ထားတဲ့ရေဘူးကိုဖွင့်သောက်လိုက်သည်။ အစိုးကပဲ
'ဒါဆို မင်းမိဘတွေ အထင်လွဲသွားတာပေါ့'
'ဒါပေါ့။ ဒါတွေအကုန် ဒီသူတောင်းစားကြောင့်လေ။ သူသာ ဟိုးအရင်ကတည်းက ငါ့ဦးလေးကို အဲ့လိုလျှောက်မပြောခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူး။
ငါ့ဦးလေးကလည်း ဒီလိုနေရာကျတော့ မှတ်ဥာဏ်ကကောင်းလိုက်တာ အခုထိမှတ်မိနေရတယ်လို့'
'ငြင်းလိုက်လို့မရဘူးလားဟင်။ အသက်လေ..
အနိုင့်ကိုမခွဲနိုင်ဘူး' သက်နွယ်ကငိုမဲ့မဲ့လေးနဲ့
ပြောလာတော့
'ငြင်းမှာပေါ့အသက်ရဲ့ အနိုင်ကလည်း သူနဲ့မယူပါဘူး အသက်ကိုပဲယူမှာ နော်' ခက် သူ့ရဲ့ရှေ့မှာ ဇာတ်ကားရိုက်နေတဲ့ ၂ယောက်ကို လစ်လျူရှုလိုက်ပြီး
Advertisement
'မင်းခန့် ဒါဆို မင်းနဲ့ အစိုးတွဲနေတယ်ဆိုတာ မင်းမိဘတွေကို ပြောတော့မှာပေါ့'
'အင်း ငါဖွင့်ပြောရတော့မယ်ထင်တယ်။ ငါလည်း အစိုးနဲ့မခွဲနိုင်ဘူး။ ငါတို့အိမ်တွေကတော့ လွယ်လွယ်နဲ့ လက်မခံလောက်ဘူးထင်တာပဲ'
'အင်း ဘယ်လက်ခံနိုင်အုံးမလဲ။ မင်းတို့
၄ယောက်လုံး စိတ်မလျှော့ကြနဲ့။ အနည်းဆုံးတော့ မင်းတို့က တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြသေးတာပဲလေ' ခက်ရဲ့အပြောကို ကျန်တဲ့လူတွေက သနားသွားကြကာ သက်နွယ်က
'ခက်ရယ် နင်ကလည်း အချစ်ခံလူတန်းစားထဲက
ပါပဲ။ နင်လည်း အားမငယ်နဲ့နော်'
'အေးပါ။ ငါ အားမငယ်ပါဘူး။ ဒါနဲ့ နင်တို့တွေကို
သဘောမတူရင် ဘယ်လိုလုပ်မှာလဲ?'
''''ခိုးပြေးမှာပေါ့!!'''' ၄ယောက်လုံး မတိုင်ပင်ထားရပါပဲ ထိုစကားက ထွက်လာလေသည်။
အဲ့ဒီနောက်မှာတော့ သက်နွယ်တို့ ၄ယောက်စလုံး Christmasအကြိုကိုရော Christmasနေ့ကိုရော လူနာစောင့်လုပ်ရင်း ဆေးရုံမှာပဲ ဖြတ်သန်းလိုက်ကြရသည်။
To be continued.....
[A/N... အနိုင့်ရဲ့ဦးလေးနဲ့ မင်းခန့်နဲ့ စာအုပ်ဆိုင်မှာတွေ့ကြတာက ရှေ့အခန်းတွေမှာ
ပါပါတယ်နော်
ပြီးတော့လေ အခင့်ရဲ့ ficက imaginationသက်သက်သာဖြစ်တဲ့အတွက် male pregnancyရော နို့တကယ်ထွက်မထွက်ရော အပြင်မှာ တကယ်ရှိမရှိက အခင်လည်း မသိပါဘူးရှင်။ အခင်ကတော့ တကယ်မရှိလောက်ဘူး ထင်တာပါပဲ။ အမှားပါရင် ခွင့်လွှတ်ပေးကြပါလို့🙇♀️🙇♀️
愛你愛你💚💚]
Zawgyi
'အင္း....'
'ခက္..ႏိုးလာၿပီလား။ မင္းကေလးေလးက ေယာက်ာ္းေလးကြ သိလား?' မင္းခန္႔အေျပာေၾကာင့္
'ဟုတ္လား? ငါ့ကိုျပပါအုံး။ ငါ..ငါ့သားေလးကို
ၾကည့္ခ်င္တယ္' ဟုဆိုေတာ့ သက္ႏြယ္က ကေလးကိုခ်ီၿပီး ခက္ကိုလာေပးေလသည္။
'ခက္...နင့္ကေလးေလးက ခ်စ္စရာေလးဟယ္။
ႀကီးလာရင္ ငါနဲ႔ေပးစားပါ့လား'
သက္ႏြယ္ရဲ႕အေျပာေၾကာင့္ ဂႏိုင္ရဲ႕ မ်က္ႏွာႀကီးက မဲ့႐ြဲ႕သြားကာ
'သက္ႏြယ္ေနာ္။ နင့္မွာ ငါတစ္ေယာက္လုံးရွိေနတာကို'
'ငါက စတာပါဟယ္။ တကယ္မယူပါဘူး နင့္ကိုပဲ
ယူမွာေလ ေနာ္ ေနာ္'
'နင္တို႔ ဒီေန႔ကိုက္လို႔ၿပီးၾကအုံးမွာလား? ဒါနဲ႔မင္းခန္႔
ငါ ကေလးေမြးတာကို စစ္သိလားဟင္?'
'အာ...သူလား? သိ..သိပါတယ္ကြ။ ငါဖုန္းဆက္ထားတယ္။ မၾကာခင္ေရာက္လာလိမ့္မယ္ေနာ္။'
(စစ္က ဖုန္းမကိုင္တာကို ဘယ္လိုေျပာျပရမလဲ ခက္ရာ*) ကေလးေမြးၿပီးကာစမလို႔ ခက္ကို စိတ္မဆင္းရဲေစခ်င္တာေၾကာင့္ မင္းခန္႔ညာေျပာလိုက္ရေလသည္။
'ကဲပါ ခက္ရယ္။ နင္ကလည္း နင့္ေယာက်ာ္းပဲ
ေမွ်ာ္ေနတာ။ ငါတို႔ကိုလည္း အဖက္ေလးဘာေလးလုပ္ပါအုံး။ ငါတို႔မွာေတာ့ နင့္ေကာင္းမႈ အေၾကာင္းျပဳၿပီး Christmas ကို ေဆး႐ုံမွာ ကုန္ဆုံးရေတာ့မွာကို'
'ဟင္..ဘာလို႔လဲ' သက္ႏြယ္အေျပာကို ခက္
နားမလည္စြာေမးေတာ့
'ဟုတ္တယ္ေလဟယ္။ ဒီေန႔က Christmasအႀကိဳေန႔ေလ။ နင္က သဘက္ခါေလာက္မွေဆး႐ုံဆင္းမွာမလား? အဲ့ဒါေၾကာင့္ ငါတို႔က ဒီေန႔ေရာ မနက္ျဖန္ေရာကို လူနာေစာင့္ လုပ္ေပးမလို႔'
'အာ..ရပါတယ္ဟာ။ ငါ့ကို nurse ငွားေပးရင္ကို အဆင္ေျပပါတယ္'
'မရပါဘူး။ ငါတို႔ပဲေစာင့္ေပးမွာ။ ၿပီးေတာ့ အန္တီတို႔ကိုလည္း ဆက္သြယ္ထားတယ္သိလား? နင္ေဆး႐ုံဆင္းမွာနဲ႔ သူတို႔ေရာက္မွာနဲ႔ ကြက္တိေလာက္
သြားက်မွာ။ အစကေတာ့ ေနာက္လထဲလာမလို႔တဲ့။ နင္ကေစာေမြးသြားေတာ့ သူတို႔အစီစဥ္ေတြလဲ
ကေမာက္ကမေတြျဖစ္ကုန္တာ'
'ေမေမတို႔လည္း ငါ့ေၾကာင့္ ပင္ပန္းေတာ့မွာပဲ'
ခက္အေျပာေၾကာင့္ သက္ႏြယ္က
'ခက္ရယ္ နင္ကလည္း ဟိုလူ႔အားနာ ဒီလူ႔အားနာနဲ႔ တကယ္ပါပဲ။ ဒါနဲ႔ ဘာစားခ်င္လဲ ဘာ၀ယ္ေပးရမလဲ? အာ..မျဖစ္ေသးပါဘူး။ ဘာစားစားတည့္မွာမဟုတ္ဘူး။ ဆန္ျပဳတ္ပဲေသာက္' သူ႔ဘာသာေမး
သူ႔ဘာသာေျဖၿပီး အေမတစ္ေယာက္လို ပြစိပြစိေျပာေနတဲ့ သက္ႏြယ္ကို အကုန္လုံးက ေဘးမဲ့ေပးထားလိုက္ၾကေလသည္။ ထို႔ေနာက္ သက္ႏြယ္နဲ႔ ဂႏိုင္က ဆန္ျပဳတ္သြားျပဳတ္မယ္ဟုဆိုကာ အိမ္ျပန္သြားၾကေလသည္။ ၀ယ္ၿပီးေသာက္ရေအာင္ပါဆိုတာကို
သူကိုယ္တိုင္ျပဳတ္ခ်င္ပါတယ္ဟု ဆိုလာေသာ
သက္ႏြယ္ေၾကာင့္ ခက္လည္း ဘာမွမေျပာေတာ့ေပ။
ရင္ခြင္ထဲက သားေလးကိုၾကည့္မိေတာ့ သူၿပဳံးမိျပန္သည္။
(ကေလးေလး papaရဲ႕သားေလး သူနဲ႔စစ္ရဲ႕
ရင္ေသြးေလး*)
မ်က္လုံးေလးမွိတ္ထားၿပီး ႏႈတ္ခမ္းေလးက ပြစိပြစိနဲ႔လုပ္ေနတဲ့ကေလးေလးဟာ အသဲယားခ်င္စရာ။
ဟုတ္သားပဲ သူ႔သားေလးကို ႏို႔မတိုက္ရေသးဘူး။
သူမွႏို႔မထြက္ပဲ။ ဘယ္လိုလုပ္ရပါ့။
'မင္းခန္႔...ငါ့ကို Dumex၀ယ္ေပးလို႔ရလား?'
ခက္ရဲ႕အေျပာကို အစိုးက
'ဟင္ မင္းက Durex၀ယ္ၿပီးဘာလုပ္မလို႔လဲ'
'Babeရာ ခက္က D..u..m..e..x.....Dumexကိုေျပာေနတာ။ Durex၀ယ္ခိုင္းၿပီး ပူစီေဖာင္းမႈတ္တမ္းကစားေနရမွာလား? တကယ္ပါပဲ နားကလည္း မဟုတ္တာေတြပဲၾကားေနတယ္။ ဒါနဲ႔ ခက္
မင္းကႏို႔မထြက္ဘူးလား?' မင္းခန္႔က အစိုးကိုေျပာေနရင္းနဲ႔ ခက္ကိုလွည့္ေမးလိုက္သည္။
'ငါကေယာက်ာ္းေလးေလ ဘယ္ထြက္မွာတုန္း?'
'ဟ ေယာက်ာ္းေလးေပမယ့္ သားအိမ္ပါၿပီးကေလးေတာင္ေမြးထားေသးတာကို ႏို႔မထြက္ေသးတာ
ျဖစ္ႏိုင္လို႔လား?' မင္းခန္႔ေျပာမွာ သူ႔ကိုယ္သူ သတိထားၿပီးၾကည့္မိသည္။
'မင္းတို႔ ၂ေယာက္အျပင္ထြက္ၾက' ခက္ကႏွင္ထုတ္ေတာ့ မင္းခန္႔နဲ႔ အစိုးလည္း ေၾကာင္သြားကာ
'အင္..ဘာလို႔ထြက္ရမွာလဲ?' အစိုးရဲ႕အေမးကို
ခက္မေျဖႏိုင္။
'ငါ..ငါ...'
ေနာက္ေတာ့ ရိပ္မိသြားတဲ့ မင္းခန္႔ကပဲ
'လာ လာ babe သူက ကေလးႏို႔တိုက္မလို႔ေနမွာ ကိုယ္တို႔ရွိေတာ့ရွက္ေနတာ။ လာခဲ့ အျပင္ထြက္ေပးရေအာင္'
ဟုဆိုကာ အစိုးရဲ႕လက္ကိုဆြဲၿပီး ထြက္သြားေလသည္။
သူတို႔ထြက္သြားမွ ခက္လဲ လြတ္လြတ္လပ္လပ္
ကေလးနဲ႔ေနရေလေတာ့သည္။ ကေလးေလးကို
ၾကည့္ေနရင္းနဲ႔ ခက္ရဲ႕စိတ္ထဲမွာ သားေလးက
စစ္နဲ႔တူလာသေယာင္။
'သားသား...papaရဲ႕သားေလး...ေက်းဇူးတင္ပါတယ္သားရယ္။ papa ဘ၀ထဲ၀င္လာေပးလို႔'
ေျပာေနရင္းနဲ႔ပင္ ကေလးငယ္ေလးရဲ႕ နဖူးကိုနမ္းလိုက္ေလသည္။
တဖက္မွာေတာ့...
သက္ႏြယ္နဲ႔ အႏိုင္တို႔ ၂ေယာက္ ဆန္ျပဳတ္ျပဳတ္ဖို႔ လိုအပ္တာမ်ားကို၀ယ္ရန္ ထြက္လာခဲ့ၾကေလသည္။
သက္ႏြယ္ကေတာ့ ဖုန္းေလးတၾကည့္ၾကည့္နဲ႔ အလုပ္ရႈပ္ေနေလသည္။ ေနာက္ဆုံးေတာ့ အႏိုင္ကပဲ
'အသက္..ဘာလုပ္ေနတာလဲ? ႏိုင္ၾကည့္ေနတာ
ၾကာလွၿပီ။ ဖုန္းတစ္လုံးနဲ႔ဘာေတြအလုပ္ရႈပ္ေနတာလဲ?'
'ဒီမွာေလ ဆန္ျပဳတ္ျပဳတ္နည္းၾကည့္ေနတာ။ ဘယ္လိုလုပ္ရမလဲမသိလို႔'
'အသက္ပဲ ျပဳတ္တတ္လို႔ ခက္က၀ယ္ခိုင္းတာေတာင္ အသက္ ကိုယ္တိုင္ျပဳတ္မယ္လို႔ေျပာလာတာ
မဟုတ္ဘူးလား?'
'မျပဳတ္တတ္ပါဘူး။ အခုမွ ပထမဆုံးစလုပ္ဖူးတာ'
ေျပာရင္းနဲ႔ City martကိုေရာက္ေတာ့ ၾကက္သားနဲ႔ တျခား လိုအပ္တာေလးေတြပါ၀ယ္ခဲ့ၿပီး အိမ္ကိုျပန္ခဲ့ၾကသည္။
'အႏိုင္...ၾကက္သားဆန္ျပဳတ္ျပဳတ္ရင္ ဘာကို
အရင္ထည့္ရတာလဲ? ဆန္ကိုအရင္ထည့္တာလား ၾကက္သားကိုအရင္ထည့္တာလား? '
'ဟင္? ဘာကိုအရင္ထည့္မွန္းမသိပဲနဲ႔ ဆန္ျပဳတ္ျပဳတ္မယ္ဆိုၿပီးေျပာတယ္ေပါ့။ ဆိုင္ကပဲ၀ယ္သြားရေအာင္ပါအသက္ရယ္'
'မ၀ယ္ပါဘူးဆို ဘာလဲ? နင္က ငါ့ကိုမယုံတာလား?'
နင္ေတြငါေတြနဲ႔ျဖစ္လာေတာ့ အႏိုင္လဲ ဆက္မေျပာေတာ့ေပ။ သူ႔ခ်စ္သူေလးစိတ္ခ်မ္းသာဖို႔ကအဓိကမဟုတ္လား။
'ၾကက္သားနဲ႔ဆန္ ဘာကိုအရင္ထည့္ရလဲ
မသိေပမယ့္ ၾကက္သားဆန္ျပဳတ္ရဲ႕ အဓိက
မပါမျဖစ္ကိုေတာ့သိပါတယ္'
သက္ႏြယ္အေျပာေၾကာင့္ အႏိုင္က ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုမ်ားေျပာတာလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ေမးမိသည္။
'ဘာက အေရးအႀကီးဆုံးလဲဟင္?'
အႏိုင့္ရဲ႕အေမးေၾကာင့္ သက္ႏြယ္က တုံးလိုက္တာ
ဟူေသာ အၾကည့္နဲ႔ၾကည့္လိုက္ကာ
'ၾကက္သားဆန္ျပဳတ္မွာ ဘာက မပါမျဖစ္လဲဆိုတာ ကေလးကအစသိတယ္ '
'ေအးေလး အဲ့ကေလးကအစသိတာကို ငါမသိလို႔ေမးတာေပါ့ ဘာလဲအဲ့ဒါက'
'ဆန္ေလ..ဆန္ေပါ့။ နာမည္ကိုက ဆန္ျပဳတ္ပါဆို ဆန္ကမပါမျဖစ္ေပါ့ဟဲ့။ ဒုကၡပါပဲ ပိန္းလိုက္တာ။
ငါ့ရည္းစားလို႔ေျပာရမွာရွက္တယ္။'
သူေျပာတာလဲ ဟုတ္တာပဲ။
'အာ..ဟုတ္သားပဲ အသက္ေလးကေတာ္လိုက္တာ'
အႏိုင့္ရဲ႕ ခ်ီးက်ဴးစကားေၾကာင့္ သက္ႏြယ္
ကိုယ့္ကိုယ္ကိုေတာင္ အထင္ႀကီးမိသြားသည္။
'ကဲကဲ..ဆန္ျပဳတ္လုပ္မယ္။' ဟုဆိုၿပီး ေရေႏြး
ပြက္ပြက္ဆူထဲကို ေရေဆးထားတဲ့ၾကက္သားေတြ
ထည့္လိုက္ေလသည္။
'အသက္!! ဆန္အရင္ထည့္ရမွာ မဟုတ္ဘူးလား?'
ဟု အႏိုင္ကေမးေတာ့ သက္ႏြယ္ဆီက ပိန္းလိုက္တာဟူေသာ အၾကည့္ကိုထပ္ရျပန္ေလသည္။
'ၾကက္သားဆန္ျပဳတ္ေလဟယ္။ ၾကက္သားကိုအရင္ထည့္လို႔ ၾကက္သားဆန္ျပဳတ္လို႔ေခၚတာေပါ့။
ဆန္ကိုအရင္ထည့္ျပဳတ္ရင္ ဆန္ျပဳတ္ၾကက္သားလို႔ေခၚမွာေပါ့။ နင္ ငါ့နားမွာေနၿပီး ဘာလို႔အဲ့ေလာက္ပိန္းေနရတာလဲ?'
စြံ႕အသြားေသာ အႏိုင္ေလးခမ်ာ သက္ႏြယ္လုပ္သမွ်ကိုသာထိုင္ၾကည့္ေနရင္း မီးထမေလာင္ပါေစနဲ႔
ဟုသာ ဆုေတာင္းေနရသည္။
၂နာရီေလာက္ၾကာၿပီးတဲ့အခါမွာေတာ့ ေဆး႐ုံကိုေရာက္လာၾကေလသည္။ ၀ယ္ထားတဲ့ဆန္ျပဳတ္ေလးနဲ႔ :")
'မင္းတို႔ကလဲ ၾကာလိုက္တာ။ ဆန္ျပဳတ္ေလးသြားလုပ္ရတာကို ဒီေလာက္ၾကာရသလား?'
မင္းခန္႔အေျပာကို သက္ႏြယ္ကပဲ
'ဟဲ့ ဆန္ျပဳတ္ျပဳတ္ရတာ ပညာသားပါတယ္ဟဲ့။
နင္ကဘာနားလည္လို႔တုန္း '
'မသိပါဘူး ငါက နင္တို႔ ၂ေယာက္ ဆန္ျပဳတ္ျပဳတ္ရင္းနဲ႔ တစ္ခါထဲ ေရေႏြးအိုးထဲ၀င္ၿပီးေတာ့မ်ား ေရခ်ိဳးေနၾကလို႔ ၾကာသြားတာလားလို႔။'
'အံမာ ဆန္ျပဳတ္ျပဳတ္ရတာမ်ား လြယ္တယ္မွတ္ေနလား? ဒီလိုဆန္ျပဳတ္ေလးရဖို႔ ငါဘယ္ေလာက္ေတာင္အပင္ပန္းခံခဲ့ရလဲ?'
'ဒါဆို ဒါက နင္ကိုယ္တိုင္ျပဳတ္လာတာေပါ့?'
အစိုးက၀င္ေမးေလေတာ့
'မဟုတ္ပါဘူး။ ငါျပဳတ္ထားတာက ဆန္ျပဳတ္ကေန ဆန္ၿပဲျဖစ္သြားလို႔ ဆိုင္က၀ယ္လာတာ အဟီး'
ဆန္ျပဳတ္ကိုေတာင္ ေျဖာင့္ေျဖာင့္မျပဳတ္တတ္ေသာ သက္ႏြယ္ကို သူတို႔တကယ္ပဲေလးစားမိပါသည္။ (ေတာ္ေသးတာေပါ့။ ဆိုင္ကေန၀ယ္လာခဲ့လို႔။ မဟုတ္ရင္ ခက္တစ္ေယာက္ မီးတြင္းထဲကထြက္ခါစကို သက္ႏြယ္ရဲ႕ ဆန္ျပဳတ္စားၿပီး operationခန္းထဲ ထပ္၀င္ေနရအုံးမယ္*)မင္းခန္႔နဲ႔ စိုးစံႏိုင္က ထပ္တူေတြးလိုက္ၾကေသာ္လည္း အႏိုင္တစ္ေယာက္ကေတာ့ အိမ္ရွင္မေကာင္းပီသေသာ သက္ႏြယ္ကို
ၾကည့္ကာ သူ႔ေရွ႕ေရးအတြက္ ရင္ေလးေနမိသည္။
Advertisement
- In Serial35 Chapters
The Astral Sea
Rydel saw an opportunity to become what he had always desired after getting reborn into a fantastical world. His objective? Travel across the world free and unrestrained. Alas, not everything is sunshine and rainbows. He will need to avoid calamities and psychotic gods, taking advantage of any chance to become stronger.A cultivation litrpg novel that will hook you without mercy.Release schedule is every day at 9pm GMT, the average chapter length is 2000~ words.
8 264 - In Serial8 Chapters
Slimes live freely
As a class of students is summoned by the light goddess to stop the demon king. A soul that got thrown into the mix bonds to the nearest soulless living object, a slime. He has broken skills, 25 years, and a grudge it plans to hold. For Lazy readers: an op slime MC with a few cute companions travels the world making references, singing and eating people.
8 143 - In Serial35 Chapters
A Unique Hunter
After saving for years, Nel bought a skill book from the market, hoping to escape his bleak poverty-ridden life. However, after learning it, he found he had been cheated by the seller. Unable to complain and his precious skill slot taken, Nel could only learn to live with the hand dealt to him. Having gone all in, and with no way to reverse the situation, Nel pressed forward.But in harder times does a human's potential shine. With a creative mind and a desire to stand above the rest, Nel will squeeze every last drop of his brain juice to find innovative ways to use his ability. The more he understands his skill, the stronger he will grow. After all, as a certain hunter once said--there are no useless skills, only useless hunters.
8 309 - In Serial13 Chapters
Blood Imperium
It is the year 2234, and a deadly virus, FORTIS-33, is sweeping the globe. Millions die each passing day while scientists scramble to find a cure and governments impose harsher measures to prevent spread and dispose of bodies. Thane Ashford, a young actor who enjoys playing villanous roles, catches the virus and is taken to a quarrantine facility. On his deathbed, while he waits to be euthanized, he is visited by his brother Cade, who is a hardware engineer at Synaptic Entertainment. Cade tells of a top secret plan to rollout a new experimental technology that uploads minds to a virtual reality version of Earth, offering Thane a chance to be the first test subject. However, virtual Earth is still under development, and Thane will be uploaded to Eventide Online instead, where he must pretend to be an NPC World Elite as per non-disclosure agreements. He spawns as a level one Vampire in the barren wilderness dangerously close to a player-built town. A dark Litrpg with focus on town-building, resource production chains, and unit management.
8 155 - In Serial9 Chapters
did u get the code?
Cincoworld. Five Worlds. No Escape. Did you get the code? Loner fifteen-year-old gamer Charles Pakito, known by his gaming handle Pak-Man, scored a prime spot in a coveted video game design summer program, where he gets to test out a new virtual reality system—Cinco Gaming’s wildly hyped and ridiculously high-tech Legends of the Universe. But when he types in the special code his classmate sends him, he finds himself in an antiquated game world full of outdated monsters and puzzles, and with seemingly no exit. As the haunted game toys with its new prey, Charles struggles to figure out his connection to the mysterious game and find his way back to reality before he and his new-found friends are trapped in the Cincoworld forever.
8 139 - In Serial89 Chapters
Dishonor
In the center of a nuclear wasteland lay the last vestiges of humanity, the City, as its numerous inhabitants called it. To leave its protective wall was certain death. Humanity was not meant to fit within the confines of a walled city. But, with a strict caste system and the threat of being sent to the lowest level of the caste system for even the smallest crime, the City has survived. Liv was born to the highest caste, Most Honored. After her father's treason and subsequent execution, her family was cast into the prison that the lowest caste, the Dishonored, lived in. Tortured and forced to work as a slave for every bite to eat, Liv desired revenge against the King that made her life a living hell and the City that held her captive. With a forced smile and a polite bow, Liv would destroy the overpopulated last bastion of humanity. Releases weekly on Tuesdays at 12:45 Eastern US Time. This story is posted on Wattpad, Inkitt, Moonquill, and Royal Road. There is an original old version (never been updated and does not have any chapters that have been published since 2016) available on Fiction Press and there is an old version of Dishonor (the first volume only) for sale on Amazon. If you are not reading on one of these location, you are reading a pirated version and you can read it for free on Royal Road.
8 453

