《Let Me Start Again [Completed]》LMSA 26
Advertisement
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ဒီနေ့က ခက်ရဲ့မိဘတွေ Japanကိုသွားကြမယ့်နေ့။ ခက်နှင့်အတူ ဦးမင်းထက် ဦးစစ်သော်တို့ကပါ ခက်ရဲ့မိဘတွေကို လေဆိပ်အထိလိုက်ပို့ပေးလေသည်။
စစ်ကတော့ မပါ။ ခက်ရဲ့မိဘတွေကလည်း စစ်က company ၂ခုကို ဦးဆောင်နေရလို့ အလုပ်မအားတာနေမှာပါဆိုပြီး နားလည်ပေးကြလေသည်။
သို့သော် တကယ်တမ်း O.K Companyကို ဦးစီးပေးနေရတာက ဦးမင်းထက်ပင်။
'သား..လိမ်လိမ်မာမာနေနော်။ မေမေတို့ သား
မွေးခါနီးရင် ဒီကို ခဏပြန်လာခဲ့မယ်။ အားမငယ်နဲ့ ကြားလား? စိတ်ဆင်းရဲလဲမခံနဲ့နော်'
'ဟုတ်ကဲ့ပါမေမေရဲ့။ သားက စိတ်ညစ်စရာတွေမရှိပါဘူး။ စစ်တို့က ပျော်အောင်ထားပါတယ်'
ပါးစပ်ကသာပြောနေရသည်။ တကယ်တမ်း
စစ်ဘယ်လောက်သူ့အပေါ်မှာ ရက်စက်လဲဆိုတာ
သူအသိဆုံး။ စစ်မိဘတွေအိမ်ပြောင်းလာခဲ့တဲ့
အချိန်ကစပြီး စစ်ဟာ အိမ်ကိုတစ်ခါလေးတောင်
မလာခဲ့။ ခက်က အိမ်ပြောင်းနေတော့ စစ်က
ဟန်နီနိုင့်ကို တိုက်ခန်းမှာခေါ်ထားသည်တဲ့လေ။
မင်းခန့်ကတောင် သိသိချင်း စစ်ကို သွားထိုးမည်လုပ်နေတော့ ခက်ကပဲ ကြားထဲကတောင်းပန်ရသေးသည်။ စစ်နဲ့မင်းခန့်ရဲ့ကြားထဲက ခင်မင်မှုကို
မပျက်စီးစေချင်ပါ။ ထို့ပြင် သူစစ်အပေါ်မှာထားတဲ့ မေ တ္တာတရားက စစ်မှန်သည်လေ။ မေ တ္တာမှန်ရင် ရောင်ပြန်ဟပ်တတ်စမြဲမဟုတ်လား။ တစ်ခါတစ်ခါ သူပေးသမျှ အချစ်တွေ မေ တ္တာတွေက ဟန်နီနိုင့်
အပေါ်မှာများ ရောင်ပြန်ဟပ်နေသလားဟုပင်
ထင်မိသည်။ သူက စစ်ကိုချစ်သလောက် စစ်က
ဟန်နီနိုင့်ကိုချစ်နေသည်လေ။
'သြော် သား စစ်ရော လာတာလား?'
ဒေါ်သဇင်ခက်ရဲ့ အသံကြားမှ ခက် သတိပြန်၀င်လာကာ ဘေးကလူကို ကြည့်မိတော့ စစ်။
စစ်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?
'ဟုတ်တယ် မေမေ။ ကျနော် အခုလေးတင်
ရောက်တာ မေမေတို့ကို လိုက်ပြီးနှုတ်ဆက်ချင်လို့'
'အလုပ်များနေတဲ့ကြားကလိုက်ပို့ပေးလို့ မေမေတို့ကလဲ ကျေးဇူးတင်ပါတယ်သားရယ်။ မေမေတို့မရှိတုန်း ခက်ကိုဂရုစိုက်ပေးပါနော်'
'စိတ်ချပါမေမေရဲ့။ ကျနော်ဂရုစိုက်မှာပါ'
'ကျေးဇူးပါသားရယ်။ ဒါဆို မေမေတို့ လေယာဥ်ပေါ်တက်တော့မယ်နော်။ သွားလိုက်ပါအုံးမယ်
ဦးမင်းထက်နဲ့ ဦးစစ်သော်'
'ဟုတ်ကဲ့ လမ်းခရီးတစ်လျှောက် အဆင်ပြေချောမွေ့ပါစေဗျ' ခက်တို့ကို လက်ပြနှုတ်ဆက်ပြီးတာနဲ့
ဒေါ်သဇင်တို့ ဇနီးမောင်နှံက လေယာဥ်ပေါ်တက်သွားလေသည်။ လေယာဥ်ထွက်သွားမှ ကားရပ်ထားရာသို့ပြန်လာကြပြီး
'ကဲ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ
ရှင်းစမ်းပါအုံး မင်းစစ်မောင်ရဲ့'
'ဘာ မရောက်လာစရာရှိလို့လဲ သူတို့က ကျနော့ရဲ့ ယောက္ခမတွေပဲလေ'
'မင်းအကြောင်းကိုငါမသိဘူးများမှတ်နေလား?
မင်းရဲ့ယောက္ခမတွေလို့ပြောရအောင် မင်းက ဘယ်တုန်းကများ ခက်ကိုမင်းရဲ့ယောကျာ်းလို့ လက်ခံသွားရတာလဲ?'
'ဘယ်တုန်းကမှ လက်မခံခဲ့ဘူး။ အခုလဲလက်မခံဘူး။ နောင်လဲလက်ခံမှာမဟုတ်ဘူး။ ပြီးတော့
အခုလိုလိုက်ပို့တယ်ဆိုတာကလဲ သူတို့ companyကို လွှဲပေးရတဲ့အထိ ယုံကြည်ပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့လိုက်ပို့တာ'
'ဆိုတော့...မင်းက အခု ခက်မိဘတွေရဲ့ companyကို ကိုယ်တိုင် ဦးစီးတော့မယ်ပေါ့'
'ဟုတ်တယ် ပြီးရင် ဟန်နီ့အဖေရဲ့ companyနဲ့ ပူးပေါင်းလိုက်မယ်။ အဲ့ဒါကြောင့် daddyကျနော့ကို O.K companyရဲ့ CEOရာထူးပြန်ပေးပါ'
'ဘာကွ!!! ခက်ရဲ့မိဘတွေနဲ့ ဟန်နီနိုင့်အဖေနဲ့က ပြိုင်ဖက်တွေဆိုတာ မသိလို့ အခုလိုပြောနေတာလား ဟမ်! မင်းကိုယုံယုံကြည်ကြည်နဲ့လွှဲပေးထားတာကို မင်းက မယားငယ်ရဲ့အဖေဆီက မျက်နှာကောင်းရချင်တာနဲ့ပဲ သူတို့နဲ့ ပူးပေါင်းမယ်ပေါ့ ဟုတ်လား!! မင်းမှာ အဲ့လိုအကြံအစည်မျိုးရှိနေမှတော့ ငါက
ဘာလို့ မင်းကို CEOနေရာ လွှဲပေးရမှာလဲ'
'Daddy!!! ဟန်နီ့အဖေရဲ့ companyက အခုချိန်မှာ အခြေအနေမကောင်းဘူး။ O.Kနဲ့ ပူးပေါင်းဖို့လိုအပ်နေတယ်'
'မင်းအရင်တုန်းကလဲ သူ့အဖေcompanyကို ထောက်ပံ့ပေးတင်မကဘူး share၀င်ထားတာတွေကအစ ငါဘာမှ၀င်မပြောဘူး။ မင်းရှာတဲ့ငွေနဲ့
မင်းဘာသာစီမံတာမလို့။ အခုကမတူဘူးကွ!!
မင်းအခုကူညီမယ်ဆိုတာက ခက်အဖေရဲ့ companyနဲ့ပူးပေါင်းမှာလေ။ ဘာလဲ မင်းက ပါးစပ်ကသာ မုန်းတယ်မုန်းတယ်အော်နေပြီးတော့ နောက်ဆုံးတော့လဲ ခက်ရဲ့အကူအညီကို သွယ်၀ိုက်ပြီးယူရတာပဲမဟုတ်လား။ ရှက်ဖို့ကောင်းလိုက်တာ!'
'Daddy!!! ကောင်းပြီလေ။ ဒါဆိုရင်လဲ daddyပဲ အဲ့ companyကို ဆက်ဦးစီးပေါ့။ ကျနော်ကတော့ ကျနော့်နည်းလမ်းနဲ့ကျနော် ဟန်နီတို့ companyကို ပြန်ပြီးနလန်ထူအောင်လုပ်မယ်'
စစ် ပြောပြီးတာနဲ့ ကားကို ကြမ်းတမ်းစွာ မောင်းချသွားသည်။ ဦးမင်းထက်ကတော့
'ခက်...သားစိတ်ထဲမှာ ဘာမှ စိတ်မကောင်းမဖြစ်နဲ့။ သားဖေဖေရဲ့ companyကို ဟို လူယုတ်မာရဲ့ companyနဲ့ လုံး၀မပူးပေါင်းစေရဘူးလို့ daddy ကတိပေးတယ်'
'ဟုတ်ကဲ့ ရပါတယ် daddy။ တကယ်လို့
အဲ့ဒီcompanyနဲ့ ပူးပေါင်းလို့ အကျိုးလဲမယုတ်ဘူး၊ စစ်လဲစိတ်ချမ်းသာမယ်ဆိုရင်တော့ စစ်ကြိုက်သလိုစီမံလို့ရပါတယ်။ သားဘာမှပြောမှာမဟုတ်ပါဘူး daddyရယ်'
'သားရဲ့စိတ်ကို daddyသိပါတယ်။ ဒါပေမယ့်သား
လူတိုင်းက အလျှော့ပေးတိုင်းကောင်းတာမဟုတ်ဘူး။ ပြီးတော့ အဲ့ဒီ Zwe Companyဆိုတာကလည်း ကောင်းတာရော မကောင်းတာရော အကုန်လုပ်တဲ့ company။ အဲ့ဒါကြောင့် daddyက
မပူးပေါင်းစေချင်တာ'
'ဟုတ်ကဲ့ daddyကောင်းသလိုသာ စီမံပေးပါ။ သားက သားရဲ့အလုပ်ကလွဲရင် အခုလို companyတွေအကြောင်းကို သိပ်မသိပါဘူး။ ဒါပေမယ့်
သားကြောင့်နဲ့တော့ daddyနဲ့ စစ်ကို စကားမများစေချင်ဘူး' ဟုခက်ကပြောတော့
'ဒါတော့ စိတ်ချသား။ သားကြောင့်မှမဟုတ်ဘူး ဘယ်အကြောင်းနဲ့ပဲ ဖြစ်ဖြစ် papaတို့နဲ့ စစ်က စကားများနေကျ။ သားဘာမှစိတ်မပူနဲ့။ ဒါပေမယ့် papaတို့ကတိပေးတယ် သားကြောင့်နဲ့ ဘယ်တော့မှ စကားမများစေရဘူး ဟုတ်ပြီလား? အခုတော့ နွားနို့သောက်ပြီး တစ်ရေးလောက်အိပ်လိုက်အုံး စိတ်ညစ်စရာတွေမတွေးနဲ့။ ကလေးအတွက်မကောင်းဘူး။' ဦးစစ်သော်ကပါ ၀င်ပြောလေတော့
Advertisement
'ဟုတ်ကဲ့ papa'
'အသော်တို့ကတော့ကွာ မွေးမလာသေးတဲ့ မြေးလေးကိုရော သားမက်ကိုပါ ဂရုစိုက်နေတာ အကိုတောင် မနာလိုဖြစ်လာပြီ။ သူတို့ကိုဂရုစိုက်နေရတာနဲ့
ကိုယ့်ကိုတောင် အချစ်ပေါ့သွားသလားလို့'
ဦးမင်းထက်က စ,လေတော့
'အကိုနော် ကျနော် ဘယ်တုန်းကများ အကို့ကိုပစ်ထားဖူးလို့လဲ အခုကလဲ ခက်ကို စိတ်ညစ်စရာတွေတွေးနေမှာစိုးလို့ပြောတာပါ။ ကျနော့်ဘ၀မှာ
အကိုကသာအရေးကြီးဆုံးပဲ' ဟုပြန်ပြောလေရာ
ဦးမင်းထက်မှာ သဘောကျလှစွာဖြင့် ရယ်နေလေသည်။ ခက်မှာလည်း မိမိရှေ့တွင် အချစ်စမ်းနေကြတဲ့ ယောက္ခထီး ၂ဦးကိုကြည့်ပြီး
(မင်းလဲ ငါ့ကို daddyက papaကိုချစ်တာရဲ့တစ်၀က်၊ မဟုတ်သေးဘူး ဆယ်ပုံပုံ တစ်ပုံလောက်ပဲချစ်ပေး ဂရုစိုက်ပေးရင် ငါအရမ်းပျော်မိမှာပဲစစ်ရယ်*)
အစက ချက်ချင်းတန်းပြန်ရန် စီစဥ်ထားသော်လည်း ခက်က မပေါ့မပါးကြီးနဲ့မလို့ ရန်ကုန်မှာတစ်ညအိပ်ကြရလေသည်။ ခက်တို့ မန္တလေးကိုပြန်ရောက်တော့
အိမ်တံခါးကြီးက ပွင့်နေသည်။ အိမ်ထဲကို၀င်လာတော့ ဧည့်ခန်းထဲမှာထိုင်နေတာက စစ်။ စစ်က ဒီနေ့အလုပ်သွားမှာမဟုတ်ဘူးလား။
'ဘာလာလုပ်တာလဲ မင်းစစ်မောင်။ ငါက
သူခိုး၀င်တယ်မှတ်လို့ ရဲကိုခေါ်တော့မလို့'
ဦးမင်းထက်ရဲ့အမေးကို စစ်မဖြေသေးပဲ ခက်ကို
အရင်လှမ်းကြည့်လိုက်လေသည်။ ပြီးတော့မှ
'ကျနော်က ဒီနေ့ကစပြီး ဒီမှာလာနေတော့မှာ'
'နေပါအုံး မနေ့ကပဲ ငါ့ကို လာမနေနိုင်ပါဘူးဆိုပြီး ပြောသွားတာ ဘယ်သူလဲ'
'ဟုတ်တယ် အစကတော့ လာမနေတော့ဘူး။
ဒါပေမယ့် အခု စိတ်ပြောင်းသွားလို့။ အင်္ကျီတွေလဲ အကုန်အခန်းထဲထည့်ပြီးပြီ' ဟုဆိုကာ အပေါ်ကိုတက်သွားလေတော့သည်။ စစ်အပေါ်တက်သွားတော့မှ ဦးစစ်သော်က
'ခက်..သား အဆင်ပြေရဲ့လား? ခေါင်းမူးနေသေးရင် အခန်းထဲ၀င်ပြီးလှဲနေလိုက်။ တကယ်လို့ စစ်က သားကိုတစ်ခုခုပြောတယ်ဆိုရင် သား daddyကို
တိုင်ပြော ဟုတ်ပြီလား?'
ဦးစစ်သော်ရဲ့အပြောကြောင့်
'အင်... စစ်ကတစ်ခုခုပြောရင် papaကိုလာတိုင်လို့ပြောရမှာမဟုတ်ဘူးလား? ဘယ့်နှယ် သားdaddyကို တိုင်ပြောတုန်း? '
'အကိုကလဲ အခုချိန်မှာ ကျနော်နဲ့ ခက်နဲ့က ဘ၀တူတွေလိုဖြစ်နေတာကို။ စစ်က ကျနော်တို့ ၂ယောက်ကိုဆိုရင် မျက်နှာချင်းတောင်ဆိုင်ချင်တာမဟုတ်ဘူးလေ။ အဲ့ဒီတော့ အကို့ကိုပဲ လူမိုက်ကြီးလုပ်ခိုင်းရတာပေါ့ ဟဲဟဲ' ဦးစစ်သော်ရဲ့အပြောကို သဘောကျစွာပဲ
'တကယ်တမ်းဆို ခင်များလေးက ဆရာ၀န်
မလုပ်သင့်ဘူး။ ရှေ့နေပဲလုပ်ရမှာ။ ကဲပါ အလျှောက်ကောင်းတော့လဲ ကျုပ်ကပဲ လူမိုက်လုပ်ပေးရမှာပေါ့။ သား.. ခက်... သားကို စစ်ကအနိုင်ကျင့်ရင် daddyကိုပြော။ daddyက ဆုံးမပေးမယ်'
'ဟုတ်ကဲ့ပါ daddyရဲ့။ ဒါဆို သား အပေါ်တက်တော့မယ်နော်' ဟုပြောပြီး ခက် အပေါ်ကိုတက်လာခဲ့လိုက်သည်။
အခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာ မိန့်မိန့်ကြီးထိုင်နေတဲ့ စစ်။
(စစ်က ဟိုဘက်အခန်းမှာ မအိပ်ဘူးလား*)
ဟုတ်ပါတယ်။ သူနဲ့စစ် မင်္ဂလာမဆောင်ရသေးခင်က ဒီအိမ်ကိုလိုက်နေသော်လည်း သူတို့ ၂ယောက်က အခန်းခွဲအိပ်ကြသည်။ တိုက်ခန်းကိုရောက်မှသာ အိပ်ခန်းတစ်ခန်းထဲပါသဖြင့် နှစ်ယောက်တစ်ခန်းအိပ်ကြရတာ။ ဒါပေမယ့် စစ်က ကုတင်ပေါ်မှာအိပ်ပြီး သူကတော့ Dreambedနဲ့အိပ်ရသည်။ မင်္ဂလာဆောင်ပြီး နောက် ၂ရက်လောက်နေတော့ အအေးကြောက်တဲ့ခက်က ကြမ်းပြင်ပေါ်မှာ မအိပ်ရဲသဖြင့် Dreambed ၀ယ်ကာ dreambedပေါ်မှာပဲ အိပ်ခဲ့သည်မှာ ဒီကိုမလာခင်အထိပင်။
'မင်းအဲ့မှာ ဘာရပ်လုပ်နေတာလဲ?' စစ်ကမေးတော့မှ
'စစ်က ဒီမှာအိပ်မလို့လား? ဒါဆို ငါ ဟိုဘက်အခန်းမှာသွားအိပ်လိုက်မယ်နော်' ဟုဆိုကာ ခက်ထွက်သွားမည်ပြင်တော့ စစ် ကုတင်ပေါ်ကဆင်းလာပြီး ခက်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ကာ
'ဘာလဲ ဟိုမှာတုန်းကလို မင်းကို အောက်မှာအိပ်ခိုင်းမယ်ထင်နေလို့လား? စိတ်မပူပါနဲ့ ငါက ဒီအိမ်မှာတော့ မင်းကို မနှိပ်စက်ပါဘူး။ အခု ငါလိုက်လာတယ်ဆိုတာကလဲ မင်းကို စိတ်မချလွန်းလို့တော့မဟုတ်ဘူးနော်။ ကိုယ့်ကိုယ်ကိုအထင်ကြီးနေမှာစိုးလို့။ ငါဒီကိုလိုက်လာတာက ဟိုအိမ်မှာနေရင် အရင်ကလို ငါ့ကို မနက်စာတွေပြင်ပေးမရှိသူမရှိတော့လို့'
စစ်ရဲ့အပြောကြောင့်
'ငါ ပြင်ပေးတုန်းကရော မင်းကလက်ဖျားနဲ့တောင်ထိခဲ့လို့လားစစ်ရယ်'
'အဟက် ထိတာမထိတာ ငါ့အပိုင်းလေ။ မနက်စာပြင်ဆင်ပေးတာက မင်းတာ၀န်မဟုတ်ဘူးလား? ဒီအိမ်မှာ အေးဆေးနေနေရတော့ မင်းလုပ်နေကျတာ၀န်ကို မေ့သွားမှာစိုးလို့ ငါကလိုက်လာပြီး သတိပေးတာ။ ဒီမှာနေတဲ့အတောအတွင်းမှာလဲ မင်းက ငါ့အတွက် မနက်စာပြင်ပေးရမယ်။ ငါက စားမှာမဟုတ်ပေမယ့်လို့ပေါ့'
'စစ်...မင်း..မင်း..ဘာလို့.....ဟင်းးး..ကောင်းပါပြီ။ မင်းပြောတဲ့အတိုင်းပဲလုပ်ပေးပါ့မယ်။ မင်းက ငါပြင်ဆင်ပေးထားတာကို လက်ဖျားနဲ့မထိရင်တောင်မှပေါ့' ခက်ပြောကာ အပြင်ထွက်မည်ပြုတော့
'ဒါက ဘယ်သွားမလို့လဲ?'
'မင်းပြောပြီးသွားပြီမဟုတ်လား? ဒါဆို ငါသွားနားတော့မယ်လေ'
'မင်းကို အခန်းခွဲအိပ်ရမယ်လို့ ဘယ်သူကပြောလို့လဲ'
'ဒါပေမယ့် ဒီမှာက ကုတင်တစ်ခုပဲပါတာလေ။
မင်းက ကုတင်ပေါ်မှာအိပ်ပြီး ငါ့ကိုအောက်မှာပဲအိပ်ခိုင်းအုံးမလို့လားစစ်ရယ်? ငါ..ငါ..ကိုယ်၀န်ဆောင်နေတုန်းတော့ အေးအေးဆေးဆေးအိပ်ပါရစေကွာ နော်'
'မင်းကို အောက်မှာမအိပ်ခိုင်းပါဘူး။ မင်းလဲကုတင်ပေါ်မှာပဲအိပ်ရမယ်။ ဒါပေမယ့် ငါနဲ့ဝေးဝေးတော့ အိပ်ပေါ့။ ' စစ်အပြောကြောင့် ခက်လဲ ဆက်ပြောမနေတော့ပဲ ကုတင်အစွန်းဘက်မှာ ၀င်လှဲလိုက်လေသည်။ ပင်ပန်းလာလို့လားမသိ။ ခေါင်းချလိုက်ရုံနဲ့ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေတော့သည်။
ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်စွာအိပ်ပျော်နေတဲ့ ခက်ကိုကြည့်ကာ စစ်ရဲ့ စိတ်တွေရှုပ်ထွေးနေလေသည်။ ခက်ဒီမှာနေနေတဲ့တစ်လလုံး သူကတော့ တိုက်ခန်းမှာနေရတာအဆင်မပြေ။ သူနှိပ်စက်ရမယ့်သူ မရှိတော့လို့ပဲလားမသိ။ တကယ်လည်း ထိုအတိုင်းပါပေ။ မနက်လင်းတိုင်း သွားတိုက်တံအသင့်ပြင်ပေးထားတဲ့၊ အလုပ်သွားခါနီး မနက်စာ
အဆင်သင့်ဖြစ်ကြောင်းလာလာပြောတတ်တဲ့ခက်မရှိတော့ နေရတာတစ်ခုခုလိုနေသလိုခံစားနေရသည်။
ထို့ကြောင့်ပဲ သူလဲ ဒီကိုလိုက်နေရတော့သည်။ မနက်တိုင်း ခက်ကိုသူ့အတွက် မနက်စာပြင်ပေးစေချင်တယ်လေ။ သူကအဲ့မနက်စာကို မထိပေမယ့်လို့ပေါ့။ ခက်ကိုအနိုင်ကျင့်နေရလျှင်၊ ခက်ကို
Advertisement
၀မ်းနည်းစေမယ့်စကားတွေပြောနေရလျှင်ပင်
သူပျော်နေတတ်သည်။
(မင်းကိုငါမုန်းတယ်။ ဒါပေမယ့် မင်း၀မ်းနည်းရင်တော့ ငါပျော်တယ် ခက်။ မင်းက ငါ့အတွက်တော့
ငါအနိုင်ကျင့်တာခံရမယ့် အစေခံလေးလိုပဲ*)
ခက်ကို ဘယ်လို နှိပ်စက်ရမလဲဟုတွေးနေရင်းနဲ့ပင် စစ်လဲ အိပ်ပျော်သွားခဲ့လေသည်။ လွန်ခဲ့တဲ့တစ်လလုံး အိပ်မက်ဆိုးတွေမက်နေပြီး အိပ်မပျော်သော်လည်း ယခုတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး အိပ်မက်တွေလှနေခဲ့သည်ကိုတော့ဖြင့်
ထိုလူသား သတိမထားမိခဲ့ပေ။
To be continued.....
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္
ဒီေန႔က ခက္ရဲ႕မိဘေတြ Japanကိုသြားၾကမယ့္ေန႔။ ခက္ႏွင့္အတူ ဦးမင္းထက္ ဦးစစ္ေသာ္တို႔ကပါ ခက္ရဲ႕မိဘေတြကို ေလဆိပ္အထိလိုက္ပို႔ေပးေလသည္။
စစ္ကေတာ့ မပါ။ ခက္ရဲ႕မိဘေတြကလည္း စစ္က company ၂ခုကို ဦးေဆာင္ေနရလို႔ အလုပ္မအားတာေနမွာပါဆိုၿပီး နားလည္ေပးၾကေလသည္။
သို႔ေသာ္ တကယ္တမ္း O.K Companyကို ဦးစီးေပးေနရတာက ဦးမင္းထက္ပင္။
'သား..လိမ္လိမ္မာမာေနေနာ္။ ေမေမတို႔ သား
ေမြးခါနီးရင္ ဒီကို ခဏျပန္လာခဲ့မယ္။ အားမငယ္နဲ႔ ၾကားလား? စိတ္ဆင္းရဲလဲမခံနဲ႔ေနာ္'
'ဟုတ္ကဲ့ပါေမေမရဲ႕။ သားက စိတ္ညစ္စရာေတြမရွိပါဘူး။ စစ္တို႔က ေပ်ာ္ေအာင္ထားပါတယ္'
ပါးစပ္ကသာေျပာေနရသည္။ တကယ္တမ္း
စစ္ဘယ္ေလာက္သူ႔အေပၚမွာ ရက္စက္လဲဆိုတာ
သူအသိဆုံး။ စစ္မိဘေတြအိမ္ေျပာင္းလာခဲ့တဲ့
အခ်ိန္ကစၿပီး စစ္ဟာ အိမ္ကိုတစ္ခါေလးေတာင္
မလာခဲ့။ ခက္က အိမ္ေျပာင္းေနေတာ့ စစ္က
ဟန္နီႏိုင့္ကို တိုက္ခန္းမွာေခၚထားသည္တဲ့ေလ။
မင္းခန္႔ကေတာင္ သိသိခ်င္း စစ္ကို သြားထိုးမည္လုပ္ေနေတာ့ ခက္ကပဲ ၾကားထဲကေတာင္းပန္ရေသးသည္။ စစ္နဲ႔မင္းခန္႔ရဲ႕ၾကားထဲက ခင္မင္မႈကို
မပ်က္စီးေစခ်င္ပါ။ ထို႔ျပင္ သူစစ္အေပၚမွာထားတဲ့ ေမ တၱာတရားက စစ္မွန္သည္ေလ။ ေမ တၱာမွန္ရင္ ေရာင္ျပန္ဟပ္တတ္စၿမဲမဟုတ္လား။ တစ္ခါတစ္ခါ သူေပးသမွ် အခ်စ္ေတြ ေမ တၱာေတြက ဟန္နီႏိုင့္
အေပၚမွာမ်ား ေရာင္ျပန္ဟပ္ေနသလားဟုပင္
ထင္မိသည္။ သူက စစ္ကိုခ်စ္သေလာက္ စစ္က
ဟန္နီႏိုင့္ကိုခ်စ္ေနသည္ေလ။
'ေၾသာ္ သား စစ္ေရာ လာတာလား?'
ေဒၚသဇင္ခက္ရဲ႕ အသံၾကားမွ ခက္ သတိျပန္၀င္လာကာ ေဘးကလူကို ၾကည့္မိေတာ့ စစ္။
စစ္ဘယ္လိုလုပ္ၿပီးေရာက္လာတာလဲ?
'ဟုတ္တယ္ ေမေမ။ က်ေနာ္ အခုေလးတင္
ေရာက္တာ ေမေမတို႔ကို လိုက္ၿပီးႏႈတ္ဆက္ခ်င္လို႔'
'အလုပ္မ်ားေနတဲ့ၾကားကလိုက္ပို႔ေပးလို႔ ေမေမတို႔ကလဲ ေက်းဇူးတင္ပါတယ္သားရယ္။ ေမေမတို႔မရွိတုန္း ခက္ကိုဂ႐ုစိုက္ေပးပါေနာ္'
'စိတ္ခ်ပါေမေမရဲ႕။ က်ေနာ္ဂ႐ုစိုက္မွာပါ'
'ေက်းဇူးပါသားရယ္။ ဒါဆို ေမေမတို႔ ေလယာဥ္ေပၚတက္ေတာ့မယ္ေနာ္။ သြားလိုက္ပါအုံးမယ္
ဦးမင္းထက္နဲ႔ ဦးစစ္ေသာ္'
'ဟုတ္ကဲ့ လမ္းခရီးတစ္ေလွ်ာက္ အဆင္ေျပေခ်ာေမြ႕ပါေစဗ်' ခက္တို႔ကို လက္ျပႏႈတ္ဆက္ၿပီးတာနဲ႔
ေဒၚသဇင္တို႔ ဇနီးေမာင္ႏွံက ေလယာဥ္ေပၚတက္သြားေလသည္။ ေလယာဥ္ထြက္သြားမွ ကားရပ္ထားရာသို႔ျပန္လာၾကၿပီး
'ကဲ ဘယ္လိုလုပ္ၿပီး ဒီကိုေရာက္လာတာလဲ
ရွင္းစမ္းပါအုံး မင္းစစ္ေမာင္ရဲ႕'
'ဘာ မေရာက္လာစရာရွိလို႔လဲ သူတို႔က က်ေနာ့ရဲ႕ ေယာကၡမေတြပဲေလ'
'မင္းအေၾကာင္းကိုငါမသိဘူးမ်ားမွတ္ေနလား?
မင္းရဲ႕ေယာကၡမေတြလို႔ေျပာရေအာင္ မင္းက ဘယ္တုန္းကမ်ား ခက္ကိုမင္းရဲ႕ေယာက်ာ္းလို႔ လက္ခံသြားရတာလဲ?'
'ဘယ္တုန္းကမွ လက္မခံခဲ့ဘူး။ အခုလဲလက္မခံဘူး။ ေနာင္လဲလက္ခံမွာမဟုတ္ဘူး။ ၿပီးေတာ့
အခုလိုလိုက္ပို႔တယ္ဆိုတာကလဲ သူတို႔ companyကို လႊဲေပးရတဲ့အထိ ယုံၾကည္ေပးတာကို ေက်းဇူးတင္တဲ့အေနနဲ႔လိုက္ပို႔တာ'
'ဆိုေတာ့...မင္းက အခု ခက္မိဘေတြရဲ႕ companyကို ကိုယ္တိုင္ ဦးစီးေတာ့မယ္ေပါ့'
'ဟုတ္တယ္ ၿပီးရင္ ဟန္နီ႔အေဖရဲ႕ companyနဲ႔ ပူးေပါင္းလိုက္မယ္။ အဲ့ဒါေၾကာင့္ daddyက်ေနာ့ကို O.K companyရဲ႕ CEOရာထူးျပန္ေပးပါ'
'ဘာကြ!!! ခက္ရဲ႕မိဘေတြနဲ႔ ဟန္နီႏိုင့္အေဖနဲ႔က ၿပိဳင္ဖက္ေတြဆိုတာ မသိလို႔ အခုလိုေျပာေနတာလား ဟမ္! မင္းကိုယုံယုံၾကည္ၾကည္နဲ႔လႊဲေပးထားတာကို မင္းက မယားငယ္ရဲ႕အေဖဆီက မ်က္ႏွာေကာင္းရခ်င္တာနဲ႔ပဲ သူတို႔နဲ႔ ပူးေပါင္းမယ္ေပါ့ ဟုတ္လား!! မင္းမွာ အဲ့လိုအႀကံအစည္မ်ိဳးရွိေနမွေတာ့ ငါက
ဘာလို႔ မင္းကို CEOေနရာ လႊဲေပးရမွာလဲ'
'Daddy!!! ဟန္နီ႔အေဖရဲ႕ companyက အခုခ်ိန္မွာ အေျခအေနမေကာင္းဘူး။ O.Kနဲ႔ ပူးေပါင္းဖို႔လိုအပ္ေနတယ္'
'မင္းအရင္တုန္းကလဲ သူ႔အေဖcompanyကို ေထာက္ပံ့ေပးတင္မကဘူး share၀င္ထားတာေတြကအစ ငါဘာမွ၀င္မေျပာဘူး။ မင္းရွာတဲ့ေငြနဲ႔
မင္းဘာသာစီမံတာမလို႔။ အခုကမတူဘူးကြ!!
မင္းအခုကူညီမယ္ဆိုတာက ခက္အေဖရဲ႕ companyနဲ႔ပူးေပါင္းမွာေလ။ ဘာလဲ မင္းက ပါးစပ္ကသာ မုန္းတယ္မုန္းတယ္ေအာ္ေနၿပီးေတာ့ ေနာက္ဆုံးေတာ့လဲ ခက္ရဲ႕အကူအညီကို သြယ္၀ိုက္ၿပီးယူရတာပဲမဟုတ္လား။ ရွက္ဖို႔ေကာင္းလိုက္တာ!'
'Daddy!!! ေကာင္းၿပီေလ။ ဒါဆိုရင္လဲ daddyပဲ အဲ့ companyကို ဆက္ဦးစီးေပါ့။ က်ေနာ္ကေတာ့ က်ေနာ့္နည္းလမ္းနဲ႔က်ေနာ္ ဟန္နီတို႔ companyကို ျပန္ၿပီးနလန္ထူေအာင္လုပ္မယ္'
စစ္ ေျပာၿပီးတာနဲ႔ ကားကို ၾကမ္းတမ္းစြာ ေမာင္းခ်သြားသည္။ ဦးမင္းထက္ကေတာ့
'ခက္...သားစိတ္ထဲမွာ ဘာမွ စိတ္မေကာင္းမျဖစ္နဲ႔။ သားေဖေဖရဲ႕ companyကို ဟို လူယုတ္မာရဲ႕ companyနဲ႔ လုံး၀မပူးေပါင္းေစရဘူးလို႔ daddy ကတိေပးတယ္'
'ဟုတ္ကဲ့ ရပါတယ္ daddy။ တကယ္လို႔
အဲ့ဒီcompanyနဲ႔ ပူးေပါင္းလို႔ အက်ိဳးလဲမယုတ္ဘူး၊ စစ္လဲစိတ္ခ်မ္းသာမယ္ဆိုရင္ေတာ့ စစ္ႀကိဳက္သလိုစီမံလို႔ရပါတယ္။ သားဘာမွေျပာမွာမဟုတ္ပါဘူး daddyရယ္'
'သားရဲ႕စိတ္ကို daddyသိပါတယ္။ ဒါေပမယ့္သား
လူတိုင္းက အေလွ်ာ့ေပးတိုင္းေကာင္းတာမဟုတ္ဘူး။ ၿပီးေတာ့ အဲ့ဒီ Zwe Companyဆိုတာကလည္း ေကာင္းတာေရာ မေကာင္းတာေရာ အကုန္လုပ္တဲ့ company။ အဲ့ဒါေၾကာင့္ daddyက
မပူးေပါင္းေစခ်င္တာ'
'ဟုတ္ကဲ့ daddyေကာင္းသလိုသာ စီမံေပးပါ။ သားက သားရဲ႕အလုပ္ကလြဲရင္ အခုလို companyေတြအေၾကာင္းကို သိပ္မသိပါဘူး။ ဒါေပမယ့္
သားေၾကာင့္နဲ႔ေတာ့ daddyနဲ႔ စစ္ကို စကားမမ်ားေစခ်င္ဘူး' ဟုခက္ကေျပာေတာ့
'ဒါေတာ့ စိတ္ခ်သား။ သားေၾကာင့္မွမဟုတ္ဘူး ဘယ္အေၾကာင္းနဲ႔ပဲ ျဖစ္ျဖစ္ papaတို႔နဲ႔ စစ္က စကားမ်ားေနက်။ သားဘာမွစိတ္မပူနဲ႔။ ဒါေပမယ့္ papaတို႔ကတိေပးတယ္ သားေၾကာင့္နဲ႔ ဘယ္ေတာ့မွ စကားမမ်ားေစရဘူး ဟုတ္ၿပီလား? အခုေတာ့ ႏြားႏို႔ေသာက္ၿပီး တစ္ေရးေလာက္အိပ္လိုက္အုံး စိတ္ညစ္စရာေတြမေတြးနဲ႔။ ကေလးအတြက္မေကာင္းဘူး။' ဦးစစ္ေသာ္ကပါ ၀င္ေျပာေလေတာ့
'ဟုတ္ကဲ့ papa'
'အေသာ္တို႔ကေတာ့ကြာ ေမြးမလာေသးတဲ့ ေျမးေလးကိုေရာ သားမက္ကိုပါ ဂ႐ုစိုက္ေနတာ အကိုေတာင္ မနာလိုျဖစ္လာၿပီ။ သူတို႔ကိုဂ႐ုစိုက္ေနရတာနဲ႔
ကိုယ့္ကိုေတာင္ အခ်စ္ေပါ့သြားသလားလို႔'
ဦးမင္းထက္က စ,ေလေတာ့
'အကိုေနာ္ က်ေနာ္ ဘယ္တုန္းကမ်ား အကို႔ကိုပစ္ထားဖူးလို႔လဲ အခုကလဲ ခက္ကို စိတ္ညစ္စရာေတြေတြးေနမွာစိုးလို႔ေျပာတာပါ။ က်ေနာ့္ဘ၀မွာ
အကိုကသာအေရးႀကီးဆုံးပဲ' ဟုျပန္ေျပာေလရာ
ဦးမင္းထက္မွာ သေဘာက်လွစြာျဖင့္ ရယ္ေနေလသည္။ ခက္မွာလည္း မိမိေရွ႕တြင္ အခ်စ္စမ္းေနၾကတဲ့ ေယာကၡထီး ၂ဦးကိုၾကည့္ၿပီး
(မင္းလဲ ငါ့ကို daddyက papaကိုခ်စ္တာရဲ႕တစ္၀က္၊ မဟုတ္ေသးဘူး ဆယ္ပုံပုံ တစ္ပုံေလာက္ပဲခ်စ္ေပး ဂ႐ုစိုက္ေပးရင္ ငါအရမ္းေပ်ာ္မိမွာပဲစစ္ရယ္*)
အစက ခ်က္ခ်င္းတန္းျပန္ရန္ စီစဥ္ထားေသာ္လည္း ခက္က မေပါ့မပါးႀကီးနဲ႔မလို႔ ရန္ကုန္မွာတစ္ညအိပ္ၾကရေလသည္။ ခက္တို႔ မႏၲေလးကိုျပန္ေရာက္ေတာ့
အိမ္တံခါးႀကီးက ပြင့္ေနသည္။ အိမ္ထဲကို၀င္လာေတာ့ ဧည့္ခန္းထဲမွာထိုင္ေနတာက စစ္။ စစ္က ဒီေန႔အလုပ္သြားမွာမဟုတ္ဘူးလား။
'ဘာလာလုပ္တာလဲ မင္းစစ္ေမာင္။ ငါက
သူခိုး၀င္တယ္မွတ္လို႔ ရဲကိုေခၚေတာ့မလို႔'
ဦးမင္းထက္ရဲ႕အေမးကို စစ္မေျဖေသးပဲ ခက္ကို
အရင္လွမ္းၾကည့္လိုက္ေလသည္။ ၿပီးေတာ့မွ
'က်ေနာ္က ဒီေန႔ကစၿပီး ဒီမွာလာေနေတာ့မွာ'
'ေနပါအုံး မေန႔ကပဲ ငါ့ကို လာမေနႏိုင္ပါဘူးဆိုၿပီး ေျပာသြားတာ ဘယ္သူလဲ'
'ဟုတ္တယ္ အစကေတာ့ လာမေနေတာ့ဘူး။
ဒါေပမယ့္ အခု စိတ္ေျပာင္းသြားလို႔။ အက်ႌေတြလဲ အကုန္အခန္းထဲထည့္ၿပီးၿပီ' ဟုဆိုကာ အေပၚကိုတက္သြားေလေတာ့သည္။ စစ္အေပၚတက္သြားေတာ့မွ ဦးစစ္ေသာ္က
'ခက္..သား အဆင္ေျပရဲ႕လား? ေခါင္းမူးေနေသးရင္ အခန္းထဲ၀င္ၿပီးလွဲေနလိုက္။ တကယ္လို႔ စစ္က သားကိုတစ္ခုခုေျပာတယ္ဆိုရင္ သား daddyကို
တိုင္ေျပာ ဟုတ္ၿပီလား?'
ဦးစစ္ေသာ္ရဲ႕အေျပာေၾကာင့္
'အင္... စစ္ကတစ္ခုခုေျပာရင္ papaကိုလာတိုင္လို႔ေျပာရမွာမဟုတ္ဘူးလား? ဘယ့္ႏွယ္ သားdaddyကို တိုင္ေျပာတုန္း? '
'အကိုကလဲ အခုခ်ိန္မွာ က်ေနာ္နဲ႔ ခက္နဲ႔က ဘ၀တူေတြလိုျဖစ္ေနတာကို။ စစ္က က်ေနာ္တို႔ ၂ေယာက္ကိုဆိုရင္ မ်က္ႏွာခ်င္းေတာင္ဆိုင္ခ်င္တာမဟုတ္ဘူးေလ။ အဲ့ဒီေတာ့ အကို႔ကိုပဲ လူမိုက္ႀကီးလုပ္ခိုင္းရတာေပါ့ ဟဲဟဲ' ဦးစစ္ေသာ္ရဲ႕အေျပာကို သေဘာက်စြာပဲ
'တကယ္တမ္းဆို ခင္မ်ားေလးက ဆရာ၀န္
မလုပ္သင့္ဘူး။ ေရွ႕ေနပဲလုပ္ရမွာ။ ကဲပါ အေလွ်ာက္ေကာင္းေတာ့လဲ က်ဳပ္ကပဲ လူမိုက္လုပ္ေပးရမွာေပါ့။ သား.. ခက္... သားကို စစ္ကအႏိုင္က်င့္ရင္ daddyကိုေျပာ။ daddyက ဆုံးမေပးမယ္'
'ဟုတ္ကဲ့ပါ daddyရဲ႕။ ဒါဆို သား အေပၚတက္ေတာ့မယ္ေနာ္' ဟုေျပာၿပီး ခက္ အေပၚကိုတက္လာခဲ့လိုက္သည္။
အခန္းထဲကိုေရာက္ေတာ့ ကုတင္ေပၚမွာ မိန္႔မိန္႔ႀကီးထိုင္ေနတဲ့ စစ္။
(စစ္က ဟိုဘက္အခန္းမွာ မအိပ္ဘူးလား*)
ဟုတ္ပါတယ္။ သူနဲ႔စစ္ မဂၤလာမေဆာင္ရေသးခင္က ဒီအိမ္ကိုလိုက္ေနေသာ္လည္း သူတို႔ ၂ေယာက္က အခန္းခြဲအိပ္ၾကသည္။ တိုက္ခန္းကိုေရာက္မွသာ အိပ္ခန္းတစ္ခန္းထဲပါသျဖင့္ ႏွစ္ေယာက္တစ္ခန္းအိပ္ၾကရတာ။ ဒါေပမယ့္ စစ္က ကုတင္ေပၚမွာအိပ္ၿပီး သူကေတာ့ Dreambedနဲ႔အိပ္ရသည္။ မဂၤလာေဆာင္ၿပီး ေနာက္ ၂ရက္ေလာက္ေနေတာ့ အေအးေၾကာက္တဲ့ခက္က ၾကမ္းျပင္ေပၚမွာ မအိပ္ရဲသျဖင့္ Dreambed ၀ယ္ကာ dreambedေပၚမွာပဲ အိပ္ခဲ့သည္မွာ ဒီကိုမလာခင္အထိပင္။
'မင္းအဲ့မွာ ဘာရပ္လုပ္ေနတာလဲ?' စစ္ကေမးေတာ့မွ
'စစ္က ဒီမွာအိပ္မလို႔လား? ဒါဆို ငါ ဟိုဘက္အခန္းမွာသြားအိပ္လိုက္မယ္ေနာ္' ဟုဆိုကာ ခက္ထြက္သြားမည္ျပင္ေတာ့ စစ္ ကုတင္ေပၚကဆင္းလာၿပီး ခက္နဲ႔မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ကာ
'ဘာလဲ ဟိုမွာတုန္းကလို မင္းကို ေအာက္မွာအိပ္ခိုင္းမယ္ထင္ေနလို႔လား? စိတ္မပူပါနဲ႔ ငါက ဒီအိမ္မွာေတာ့ မင္းကို မႏွိပ္စက္ပါဘူး။ အခု ငါလိုက္လာတယ္ဆိုတာကလဲ မင္းကို စိတ္မခ်လြန္းလို႔ေတာ့မဟုတ္ဘူးေနာ္။ ကိုယ့္ကိုယ္ကိုအထင္ႀကီးေနမွာစိုးလို႔။ ငါဒီကိုလိုက္လာတာက ဟိုအိမ္မွာေနရင္ အရင္ကလို ငါ့ကို မနက္စာေတြျပင္ေပးမရွိသူမရွိေတာ့လို႔'
စစ္ရဲ႕အေျပာေၾကာင့္
'ငါ ျပင္ေပးတုန္းကေရာ မင္းကလက္ဖ်ားနဲ႔ေတာင္ထိခဲ့လို႔လားစစ္ရယ္'
'အဟက္ ထိတာမထိတာ ငါ့အပိုင္းေလ။ မနက္စာျပင္ဆင္ေပးတာက မင္းတာ၀န္မဟုတ္ဘူးလား? ဒီအိမ္မွာ ေအးေဆးေနေနရေတာ့ မင္းလုပ္ေနက်တာ၀န္ကို ေမ့သြားမွာစိုးလို႔ ငါကလိုက္လာၿပီး သတိေပးတာ။ ဒီမွာေနတဲ့အေတာအတြင္းမွာလဲ မင္းက ငါ့အတြက္ မနက္စာျပင္ေပးရမယ္။ ငါက စားမွာမဟုတ္ေပမယ့္လို႔ေပါ့'
'စစ္...မင္း..မင္း..ဘာလို႔.....ဟင္းးး..ေကာင္းပါၿပီ။ မင္းေျပာတဲ့အတိုင္းပဲလုပ္ေပးပါ့မယ္။ မင္းက ငါျပင္ဆင္ေပးထားတာကို လက္ဖ်ားနဲ႔မထိရင္ေတာင္မွေပါ့' ခက္ေျပာကာ အျပင္ထြက္မည္ျပဳေတာ့
'ဒါက ဘယ္သြားမလို႔လဲ?'
'မင္းေျပာၿပီးသြားၿပီမဟုတ္လား? ဒါဆို ငါသြားနားေတာ့မယ္ေလ'
'မင္းကို အခန္းခြဲအိပ္ရမယ္လို႔ ဘယ္သူကေျပာလို႔လဲ'
'ဒါေပမယ့္ ဒီမွာက ကုတင္တစ္ခုပဲပါတာေလ။
မင္းက ကုတင္ေပၚမွာအိပ္ၿပီး ငါ့ကိုေအာက္မွာပဲအိပ္ခိုင္းအုံးမလို႔လားစစ္ရယ္? ငါ..ငါ..ကိုယ္၀န္ေဆာင္ေနတုန္းေတာ့ ေအးေအးေဆးေဆးအိပ္ပါရေစကြာ ေနာ္'
'မင္းကို ေအာက္မွာမအိပ္ခိုင္းပါဘူး။ မင္းလဲကုတင္ေပၚမွာပဲအိပ္ရမယ္။ ဒါေပမယ့္ ငါနဲ႔ေဝးေဝးေတာ့ အိပ္ေပါ့။ ' စစ္အေျပာေၾကာင့္ ခက္လဲ ဆက္ေျပာမေနေတာ့ပဲ ကုတင္အစြန္းဘက္မွာ ၀င္လွဲလိုက္ေလသည္။ ပင္ပန္းလာလို႔လားမသိ။ ေခါင္းခ်လိုက္႐ုံနဲ႔ပင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေလေတာ့သည္။
Advertisement
- In Serial19 Chapters
System Tournament
The land started to expand before my eyes. What was supposed to be a big pond became a grand lake. What was once the nearby and sheltered political science campus became a bastion, hours away from the city. All this, brought down by a whim. The Start of the Ezro-Hoktan System Tournament. And we need to prevail in this new, hostile, environment.
8 87 - In Serial8 Chapters
Rising of the Serpent
The year is 5278. In a world filled with Magicians, humans granted magic powers due to interspecies relationships with an alien species that landed on earth, humans have become slaves to their genetically superior overlords. The only humans with freedom live on the Island of Saint-Victor. One of these humans is Martial Dallas, a passionate human who wishes to attend the world's greatest magician academy, Saint-Victor's Military Academy. When he's accepted to attend, there's only one thing standing in his way; a 10,000 dollar deposit and only having four months to raise it. When living in a world with few opportunities for humans, Martial really only has one option:Become one of the world's greatest human pornstars.
8 145 - In Serial6 Chapters
The memory of the abyss
Remembering the past when the three of them are together. Playing together, cooking together, and got scolded together. It was a nice memory. But those are just memory of the past.Drake remembers the promise that remembers that the promise that his childhood friend gave to him and Stella " when both of you turn adult I will send a message to the orphanage about me and invite you two to my place, until then take care of Stella for me, OK big guy? And Stella stop being a cry baby when we meet up OK!" 5 years have passed since that promise. And a letter came to the orphanage. This is a story about a group consist of people of difference race and background, they travel around the world in order to find their friends, and uncovering the History about the word of Vovea.
8 204 - In Serial66 Chapters
Survive Or Thrive
The Chronicles of Korvan Upon a dead world far on the fringes of unknown space, an old relic awakens to its new reality. Awoken without a purpose nor orders to follow, a clone soldier reaches out beyond his planet to the stars above. Braving the unknown reaches of space once beyond the grasp of his people. The young clone will forge his own path and identity amongst the unstable galactic society pervading the galaxy. Rising beyond his people's flaws to become something new. Will he survive in unfamiliar territory or thrive in a galaxy of his own making.
8 139 - In Serial49 Chapters
Maeve
"A King is not complete without his Queen."This is a story.A story that is far too unreal for anyone believe.A story that everyone should believe in.A story about love and death.A story so powerful that even the greatest and scariest leaders will kneel for it.A story about a woman and a man.A story of how a tiny mere human girl who made the werewolf King kneel in front of her because she shed a tear.This is not the fairytale that you thought you knewCOMPLETED
8 207 - In Serial49 Chapters
"Is this Love?" Maki Harukawa x Reader
17 high school students trapped in a killing game. Who knew you would fall in love with a Child Caregiver? There are plot-twists for plot-twists. !under a bit of editing!Started: October 4, 2020Completed: March 20, 2021None of the characters belong to me. All belong to Spike Chunsoft!
8 117

