《Let Me Start Again [Completed]》LMSA 20
Advertisement
Unicode
'အင်းပါ ဒါဆို ဟန်နီသူတို့နဲ့စကားသွားပြောလိုက်အုံးမယ်။ ကိုကိုကဒီမှာပဲနေခဲ့နော်' ဟုဆိုကာ ခက်တို့ရှိတဲ့ဘက်ကိုထွက်လာလိုက်သည်။
'ခက် ဒီမှာနေပေးအုံးနော်။ သက်သေလုပ်ခိုင်းချင်လို့'
'ဟင်.. ဘာသက်သေကိုပြောတာလဲ?'
ခက်နားမလည်စွာပြန်မေးတော့
'သြော် ဒီလိုပါ ဟန်နီ့ကို ကိုကိုက တကယ်ချစ်ကြောင်းပြောပြတော့မှာလေ၊ အဲ့ဒါ ခက်ကို မျက်မြင်သက်သေလုပ်ခိုင်းချင်လို့ပါ'
'မင်းတကယ်ပဲ...'
'ဘာလဲ ခက်က ကိုကို့ကို အခုထိမမေ့နိုင်သေးတာလား?'
'ငါ..ငါ....'
'အဟက် တကယ်ကြီးပဲကိုး ကိုကိုက ငါနဲ့လက်ထပ်တော့မှာနော် ခက်ထန်'
'ကောင်း...ကောင်းပြီ..ငါ...ငါ...သက်..သေ..လုပ်..ပေးပါ့မယ်' ခက် စကားများကိုတောင် အားယူပြီးပြောနေရသည်။
(ကိုယ်ချစ်ရတဲ့သူက နောက်တစ်ယောက်နဲ့လက်ထပ်မှာကို မျက်မြင်သက်သေလုပ်ပေးရမယ်တဲ့... ဒါက ဘယ်လိုတွေတောင်......ဟားးး*) ဖြစ်နိုင်ရင် စစ်ကိုသာ မေးကြည့်လိုက်ချင်သည်။ တကယ်ပဲ သူချစ်နေတာကို မသိခဲ့တာလား? တကယ်ပဲ သူ့ကိုသက်သေလုပ်စေချင်နေတာလား? တကယ်ပဲ...တကယ်ပဲ....
မငိုမိအောင်သေချာထိန်းနေရသည်။ စစ်ရှိရာဘက်ကိုကြည့်လိုက်တော့ မျက်နှာတွေရဲတက်လာကာ တစ်ခုခုကိုအလိုမကျနေသော ချစ်ရပါသောသူ။
ထို့နောက် hotelထဲ၀င်သွားသည်။ စစ်ဘာတွေများဖြစ်နေတာလဲ? ဟန်နီနိုင်က စစ်ကိုကျောပေးထားတာမို့ စစ် ဖြစ်ပျက်နေပုံကိုမမြင်ရ။ ဟန်နီနိုင်တို့ကို ဂရုမစိုက်နိုင်စွာပဲ စစ်နောက်ကိုပြေးလိုက်မိသည်။
ဟန်နီနိုင် စကားပြောနေရင်းနဲ့ရုတ်တရက်ကြီးပြေးသွားတဲ့ ခက်ကြောင့် သူမပါ နောက်ကလိုက်မယ်ပြင်လိုက်သည်။ သို့သော်လည်း မင်းခန့်က ဆွဲထားတာကြောင့် လိုက်မသွားဖြစ်။
'ဟန်နီနိုင် မင်းဘာရည်ရွယ်ချက်နဲ့ ငါတို့ကို ဒီခေါ်ထားတာလဲ? မင်းတို့ ၂ယောက်စေ့စပ်တော့မယ့်
အကြောင်းကြေငြာမယ်ဆိုတာကရော တကယ်ဟုတ်ရဲ့လား? ငါ့အထင်တော့ ခက်ခံစားရအောင်တမင်ပြောနေသလိုပဲနော်' မင်းခန့်ကပြောတော့
'နင့်ဘာသာနင် ထင်ချင်သလိုထင်နိုင်တယ်။
ငါဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုကိုက ငါ့ဆီရောက်လာမှာပဲ' ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးနေသော ဟန်နီနိုင်ကိုကြည့်ကာ မင်းခန့်ခေါင်းကိုသာ ခါရမ်းလိုက်မိသည်။
'မဟုတ်သေးပါဘူး အခုမင်းက အရမ်းအတ္တကြီးနေသလိုပဲ။'
မင်းခန့်အပြောကို ဟန်နီမချေပနိုင်သေးခင်မှာပဲ
ဦးဇွဲနိုင်ရောက်လာကာ
'သမီး daddy အိမ်ပြန်တော့မယ်။ sweetieတစ်ယောက်ထဲဖြစ်နေလို့' ပြောပြီးတာနဲ့ ဦးဇွဲနိုင် ထွက်သွားလေတော့သည်။ ထို့နောက်မှာတော့ ဦးဇွဲနိုင်ရဲ့မိတ်ဆွေတွေက တစ်ယောက်ပြီးတစ်ယောက် လာရောက်ပြီးစကားပြောနေကြတာနဲ့ အချိန်တွေတော်တော်ကြာသွားသည်။ ကြာလာတော့ မင်းခန့်ကလည်း
'ပွဲကပြီးပြီမလား? ငါနဲ့ခက်လဲပြန်တော့မယ်။ နောက်ထပ် ထပ်မဆုံတော့ဖို့မျှော်လင့်ပါတယ်'
မင်းခန့်က ခက်အကြောင်းပြောမှ ဟန်နီ သူ့အကြံအစည်သူသတိရကာ
'နေ..နေအုံး။ မပြန်သေးနဲ့အုံး။ နင့်မှာ ကိုကို့မိဘတွေရဲ့ဖုန်းနံပါတ်ရှိတယ်မလား?'
'ဘာလုပ်မလို့လဲ?'
'ငါ့ကိုဆက်ပေး။ ငါကိုကို့မိဘတွေနဲ့ပြောစရာရှိတယ်'
'မဆက်ပေးနိုင်ဘူး'
'နင်ဆက်ပေးမယ်ဆိုရင် ခက်ကို အသိသက်သေ
မလုပ်ခိုင်းဘူး။ ဘယ့်နှယ်လဲ?'
'ကောင်းပြီလေ မင်းစကားသာတည်ပါစေ' မင်းခန့်ပြောလိုက်ပြီး စစ်daddyရဲ့ visiting cardပေါ်က ဖုန်းနံပါတ်ကိုဆက်လိုက်သည်။ ဖုန်း၀င်သွားတာနဲ့ ဟန်နီ့ကိုပေးလိုက်သည်။
'Hello ဦးမင်းထက်ပြောနေပါတယ်'
'ဟုတ်ကဲ့ သမီးက ဟန်နီနိုင်ပါ ဦး။ အခုလေ ကိုကို..အဲ.. စစ်က ......Hotelကိုရောက်နေလို့ပါ။ ကိုယ်တွေလဲပူပြီး အရက်ကလဲအရမ်းမူးနေတော့လေ။ လာခေါ်ပေးလို့ရမလားမသိဘူးရှင့်'
'သြော် သားရဲ့သူငယ်ချင်းထင်တယ်။ ဦးလေးတို့ လာခေါ်လိုက်မယ်သမီး။ ဖုန်းဆက်ပေးလို့ကျေးဇူးနော်'
တဖက်ကဖုန်းချသွားတော့ ဟန်နီနိုင် မင်းခန့်ကို ဖုန်းပြန်ပေးကာ
'နင်လဲမပြန်သေးနဲ့အုံး'
'ငါကလည်းမပြန်သေးပါဘူး ခက်ကိုရှာရအုံးမှာ။ ဘယ်ထွက်သွားတာလဲမသိဘူး' မင်းခန့်ပြောမှ ခက်ပြေးထွက်သွားတာကိုသတိရမိသည်။ ထို့နောက် စစ်ရှိရာကိုကြည့်တော့လဲ စစ်ကနေရာမှာရှိမနေ။
(ဧကန်န.. သူတို့ ၂ယောက်... မဟုတ်လောက်ပါဘူးနော်။ ဆေးက အာနိသင်ပြဖို့စောသေးတယ်မဟုတ်ဘူးလား? နေပါအုံး ငါက ၃လုံးတောင်တိုက်လိုက်တာ ပြီးတော့ မင်းခန့်ဆိုတဲ့အကောင်ကြောင့် ဒီမှာစကားရပ်ပြောနေရတာနဲ့တင် ၂နာရီနီးပါးလောက်ကြာသွားပြီ*)
ဟန်နီတွေးနေရင်းနဲ့ပဲ hotelထဲပြေး၀င်ခဲ့သည်။ မင်းခန့်ကလည်း ပြေးသွားတဲ့ ဟန်နီနိုင်နောက်ကို လိုက်ခဲ့လေသည်။
တဖက်မှာတော့...
စစ် hotelထဲပြေး၀င်သွားတာတွေ့သဖြင့် ခက်လည်းစိတ်ပူကာ နောက်ကပြေးလိုက်သွားလေသည်။
'စစ်...စစ်..အဆင်ပြေရဲ့လား? ဘာဖြစ်နေတာလဲ? မင်းနေမကောင်းဘူးလား?'
ခက်ရဲ့မေးခွန်းများကိုမဖြေနိုင်သေး။ လောလောဆယ် စစ်ရဲ့ရင်တွေအရမ်းပူလောင်နေသလိုဖြစ်ပြီး ခြေတောင်မခိုင်ချင်တော့။ စစ်လဲကျတော့မလိုဖြစ်သွားတော့ ခက်ကပဲ နောက်ကနေထိန်းလိုက်ကာ hotelထဲကို၀င်လာခဲ့လိုက်သည်။ ပြီးမှ ၀န်ထမ်းကောင်မလေးတစ်ယောက်ကို ဆရာ၀န်ပင့်ခိုင်းလိုက်မယ်ဆိုတဲ့အတွေးနဲ့။ Reception ကိုရောက်တော့ ကောင်မလေးတစ်ယောက်က
'အကိုကမင်းစစ်မောင်ဆိုတာလား?' ဟုမေးလာလေသည်။ စစ်ဘာမှပြန်မပြောနိုင်တော့ပဲ ခေါင်းသာငြိမ့်ပြလိုက်လေသည်။ ခက်ကတော့
'ညီမက ဘယ်လိုလုပ်သိတာလဲ?'
'အာာ..ဒါကဒီလိုရှိပါတယ်။ အမတစ်ယောက်က လူတစ်ယောက် မောကြီးပမ်းကြီးနဲ့၀င်လာရင် နာမည်ကိုမေးကြည့်တဲ့ မင်းစစ်မောင်ဆိုရင် ငှားထားတဲ့အခန်းကိုလိုက်ပို့ပေးဖို့ပြောထားပါတယ်ရှင့်'
'အခန်းငှားထားတယ်?'
'ဟုတ်ပါတယ်ရှင့်'
'ဟန်နီနိုင်ပဲလား..' ခက်သူ့ဘာသာ ခပ်တိုးတိုးရေရွတ်မိတော့
'ရှင်!!'
'အာ.. ဘာမှမဟုတ်တော့ပါဘူး။ အခု အခန်းကဘယ်မှာလဲလိုက်ပြပေးပါလား'
'အခန်း 85မှာပါရှင့် ဒီမှာအခန်းသော့ပါ' ၀န်ထမ်းမလေးပေးတဲ့အခန်းသော့ကိုယူကာ စစ်ကိုတွဲပြီး အခန်းဘက်ကိုထွက်လာခဲ့လိုက်သည်။ ကျန်ခဲ့တဲ့
၀န်ထမ်းလေးမှာတော့
'ဟိုအမပြောထားတာကျတော့ တစ်ယောက်ပဲလာမှာတဲ့။ အဲ့အကိုမလာခင် သူကအရင်လာထားပြီး အခန်းထဲကစောင့်နေမှာမလို့ အဲ့အကိုလာရင် အခန်းထဲထိတွဲပို့ပေးတဲ့။ အခုကျတော့ လာတဲ့လူက ၂ယောက်။ ပြီးတော့ အခန်းထဲကကြိုစောင့်နေမယ့် အမကလဲပေါ်မလာသေးဘူး။ ငါပဲလူမှားပေးလိုက်မိတာလား? မဖြစ်နိုင်ပါဘူး။ အဲ့လူက မင်းစစ်မောင်ဆိုတာသေချာနေတာပဲကို' ဟုတစ်ယောက်ထဲ ပွစိပွစိရေရွတ်နေလေသည်။
ပေးထားတဲ့အခန်းဆီရောက်တော့ စစ်ကိုတွဲကာ အခန်းထဲ၀င်လိုက်သည်။ စစ်ကို ကုတင်ပေါ်ချပေးလိုက်ပြီး
Advertisement
'စစ် မင်းကိုယ်တွေက ပူကြပ်နေတာပဲ။ ငါရေပတ်တိုက်ပေးခဲ့မယ်နော်' ပြောရင်းနဲ့ ရေသွားခပ်မည်အလုပ် လက်ကိုဆောင့်ဆွဲခံလိုက်ရတာကြောင့် ခက်
အရှိန်မထိန်းနိုင်စွာပဲ စစ်ပေါ်သို့ ကျရောက်သွားလေတော့သည်။ ခက်ကြောင်နေရင်းမှ သတိပြန်၀င်လာပြီးထမည်လုပ်သော်လည်း စစ်ကခါးမှတင်းတင်းဆွဲဖက်ထားသည်။ အနီးကပ်မြင်နေရတဲ့စစ်ရဲ့မျက်နှာဟာ အလွန်အမင်းနီရဲနေပြီး ပေါက်ကွဲထွက်တော့
မည့်အတိုင်း။
'စစ်...စစ်..ငါ့ကိုခဏလွှတ်ပေးအုံး။ ငါမင်းကိုရေပတ်တိုက်ပေးမလို့လေ..နော်..ပြီးရင် ငါတန်းပြီးပြန်မှာပါ' စစ်ကတော့ တွေတွေကြီးကြည့်နေကာ
'မသွားနဲ့။ ဒီမှာပဲနေ။ ချစ်တယ်...အရမ်းချစ်တယ်..ဟန်နီ'
စစ်ရဲ့ချစ်တယ်ဆိုတော့စကားကြောင့်ပျော်သွားသော်လည်း နောက်ဆက်တွဲ ဟန်နီဆိုတဲ့အမည်နာမကြောင့် ခက်မျက်နှာပျက်သွားလေသည်။
(အေးလေ။ သူချစ်တဲ့လူကိုပဲချစ်တယ်ပြောမှာပေါ့။ ငါ့ကိုပြောနေတာမှမဟုတ်တာ အဟက်...ခက်ထန်ရာ မင်းကိုပြောနေတယ်များထင်နေလား အဟက်*) ခက်စိတ်ထဲမှာသာ ကိုယ့်ကိုယ်ကိုလှောင်ရယ်လိုက်သည်။ စစ်ကတော့ တဖြေးဖြေးနဲ့ ခက်ရဲ့အင်္ကျီကြယ်သီးတွေကိုဖြုတ်နေသဖြင့် ခက်မျက်လုံးပြူးသွားကာ
'စ..စစ်... ဘာ...ဘာလုပ်နေတာလဲ? အဲ့..အဲ့လိုမလုပ်ပါနဲ့' ခက်ပြောလဲပြော ရုန်းလဲရုန်းနေလေသည်။ သို့သော်လည်း အင်အားချင်းမမျှတာကြောင့် ခက်ရဲ့လက်နှစ်ဖက်ကို စစ်ကလက်တစ်ဖက်ထဲနှင့်ချုပ်ထားကာ ကျန်တဲ့လက်တစ်ဖက်က အင်္ကျီကြယ်သီးကိုဆွဲဖြုတ်နေလေသည်။ ပါးစပ်ကလည်း
'ချစ်တယ်...အရမ်းချစ်တယ်..ဟန်နီနိုင်' ဟုတဖွဖွဆိုကာ ခက်ရဲ့နှုတ်ခမ်းကို လိုက်နမ်းနေမိသည်။
(ဟင့်အင်း..မနမ်းနဲ့။ မင်းမျက်လုံးထဲမှာ ဟန်နီနိုင်လို့မြင်နေလို့ ငါ့ကိုအခုလိုလုပ်နေတာ။ *) ခက်မှာ လက်တွေလှူပ်မရတော့သဖြင့် ခေါင်းကိုဘယ်ညာရမ်းပြီး စစ်ရဲ့အနမ်းတွေကိုရှောင်တိမ်းနေလေသည်။ ကြာလာတော့စစ်ကစိတ်မရှည်စွာပင် ခက်ရဲ့အင်္ကျီကိုဆွဲဖြဲလိုက်ပြီး အဲ့အင်္ကျီနဲ့ပဲ ခက်ရဲ့လက်နှစ်ဖက်ကိုပူးပြီးချည်လိုက်သည်။ ထို့နောက်မှာတော့ သူ့လက်နှစ်ဖက်နဲ့ ခက်ရဲ့ခေါင်းကိုချုပ်ကိုင်ကာ အနမ်းတွေ တရစပ်ပေးနေလေသည်။ ပါးစပ်မှလည်း ဟန်နီနိုင်ကိုချစ်တဲ့အကြောင်းတွေပြောဖို့မမေ့။ ခက်မှာသာ ကိုယ်ချစ်ရတဲ့သူက တခြားသူကိုချစ်တဲ့အကြောင်းပြောပြီး
ကိုယ့်ကိုနမ်းနေတာကို ခံနေရရှာသည်။
ခက်ခြေထောက်တွေရုန်းထွက်လို့ရတာနဲ့ စစ်ကို ကန်လိုက်ပြီး ပြေးထွက်မည်ပြုသော်လည်း စစ်ကချက်ချင်းပြန်ပွေ့ချီကာ ကုတင်ပေါ်ကိုအကြမ်းပတမ်းချလိုက်သည်။ ထို့နောက် သူ့ရဲ့အင်္ကျီတွေကိုပါချွတ်နေသဖြင့်
ခက်မျက်လုံးပြူးကာ
'စစ်.. မလုပ်နဲ့.. အဲ့လိုလုပ်လို့မဖြစ်ဘူးနော်။ ' ခက်ပြောနေသော်လည်း ဂရုမစိုက်စွာနဲ့ပဲ သူလုပ်ရမယ့်အလုပ်ကိုသာအာရုံစိုက်နေမိသည်။ ခက်မှာတော့ မျက်ရည်သွင်သွင်စီးကျနေပြီး
(ငါ..ငါက အဲ့လိုလုပ်လို့မဖြစ်ဘူးစစ်ရ။ ဘာလို့..ဘာလို့..ငါ့ကိုမှ...မင်းနဲ့ဟန်နီနိုင်က မင်္ဂလာဆောင်တော့မှာဆိုရင် ဘာလို့ငါ့ကို....*)
ထို့နောက်မှာတော့ ခက်ရဲ့လက်တွေ ကြိုးချည်ထားတာကိုဖြေမပေးပဲ စစ် အိပ်ပျော်သွားလေသည်။
ခက်မှာသာ ခန္ဓါကိုယ်ကနာကျင်တာရော ရင်ထဲကနာကျင်တာတွေပါပေါင်းပြီး ရှိုက်ကြီးတငင်ငိုမိလေသည်။ ယောကျာ်းလေးတန်မဲ့မျက်ရည်ကျတယ်လို့ ပြောချင်ပြောကြပါစေတော့။
( ဒါတွေအကုန် အိပ်မက်တွေဖြစ်နေရင်ကောင်းမယ်။ ဒါမှမဟုတ် ငါတသက်လုံးပြန်မနိုးလာတော့ရင်ကောင်းမယ်။ စစ်...စစ်ရာ ငါ့ကိုဘာလို့...*)
တသိမ့်သိမ့်ရှိုက်ငိုနေရင်းနဲ့ပဲ ခက်လည်းလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားလေသည်။ သူတကယ်ကိုပင်ပမ်းနေပါပြီ။ မနိုးသောအိပ်ခြင်းနဲ့အိပ်စက်သွားရင်ကောင်းမယ်။
Receptionမှာတော့ ဟန်နီတစ်ယောက်
အသဲအသန်ပေါက်ကွဲနေလေသည်။ ဒီနေ့ရောက်ဖို့ သူဘယ်လောက်တောင်စောင့်ခဲ့ရသလဲ ဘယ်လောက်တောင်ကြံစည်ခဲ့ရသလဲ? အခုတော့
၀န်ထမ်းမလေးပြောတဲ့စကားတစ်ခွန်းမှာတင် အကုန်ရေစုန်မျောကုန်ပြီ။ သူမပြောလိုက်တာက
'မင်းစစ်မောင်ဆိုတဲ့တစ်ယောက်ကို တခြားဖြူဖြူသေးသေးအကိုတစ်ယောက်ကတွဲလာလို့ အမမှာထားတဲ့အတိုင်း အခန်းသော့ပေးလိုက်တယ်လေ' တဲ့။ နောက်ကလိုက်လာတဲ့မင်းခန့်ကလဲ သူတို့ပြောနေတာနားမလည်သဖြင့် ဒီအတိုင်းသာရပ်ကြည့်နေမိသည်။ ဟန်နီနိုင်ပေါက်ကွဲနေတုန်းမှာပဲ
ဦးမင်းထက်နဲ့အတူ အခြားအမျိုးသားတစ်ယောက်ရော ပါလာလေသည်။
'သမီး.. ဒီမှာ မင်းစစ်မောင်ဆိုတဲ့တစ်ယောက်ရှိလား?' Receptionကိုမေးတော့ ဟန်နီနိုင်က ကြားဖြတ်ပြီး
'ဦးက စစ်ရဲ့အဖေလားမသိဘူး?' ဦးစစ်သော် သူတို့ကိုပြောတဲ့ကလေးမကိုတစ်ချက်ကြည့်မိလိုက်သည်။ သားက နေမကောင်းဘူးဆိုလို့ သူပါလိုက်လာခဲ့တာ။ ဒီကလေးမပုံစံက ယဥ်ကျေးမှုသိပ်မရှိပဲ ထင်ရာစိုင်းပြီးမောက်မာမယ့်ပုံပဲ။ ဦးစစ်သော်ကမဖြေသဖြင့်
ဦးမင်းထက်ကပဲ
'ဟုတ်ပါတယ် ဦးတို့ကစစ်ရဲ့ အဖေတွေပါ'
(အဖေတွေ!!??*) ဟန်နီခဏတော့ကြောင်သွားသည်။ ထို့နောက်ချက်ချင်းပဲ
'ဟုတ်ကဲ့ စစ်က အခန်းနံပါတ် 85မှာရှိပါတယ်ရှင့်'
'ဦးတို့ကိုလိုက်ပြပေးလို့ရမလား?' ဟုဆိုတော့ ဟန်နီနိုင်ကပဲ
'ရပါတယ် ဟေ့ မင်းဆီမှာသော့အပိုတစ်ချောင်းရှိတယ်မလား? အဲ့ဒါပေးလိုက်လေ' ပြောလေရာ
၀န်ထမ်းမလေးက
'ခွင့်လွှတ်ပါရှင်.. ဧည့်သည်တွေရဲ့ privacyဖြစ်တဲ့အတွက် သော့အပိုရှိလဲပေးလို့မရပါဘူး' ဟုပြန်ပြောလေသည်။ ဟန်နီနိုင်မှာ စိတ်တွေတိုလာပြီး
'ငါ့ကိုပြန်ခံမပြောနဲ့။ နင်ကဘာမလို့လဲ။ ငါပေးဆိုပေးလိုက်။ ဒီhotelက ငါ့daddy ဦးဇွဲနိုင်ပိုင်တာ။ ပြီးတော့ ဒီက ဦးတို့ကလည်း စစ်ရဲ့မိဘတွေ။ သော့ပေးစမ်းငါ့ကို' ဟုရိုင်းရိုင်းစိုင်းစိုင်းပြောလေသည်။
(ဒီကလေးမက ဦးဇွဲနိုင်ရဲ့သမီးကိုး။ ဒါကြောင့်ရိုင်းစိုင်းနေတာ*) ဟုဦးမင်းထက်တွေးမိလေသည်။ အပြင်မှာတော့ ၀န်ထမ်းမလေးအား
'စိတ်မပူနဲ့သမီး ဦးတို့ကဘာမှမလုပ်ဘူးရယ်။ ဒီကသမီးကလေးက ဦးတို့သား ကိုယ်တွေအရမ်းပူပြီး အရက်တွေလဲမူးနေတယ်ဆိုလို့ စိတ်ပူလို့လိုက်လာတာပါ။ ဦးတို့ကို သော့အပိုရှိရင်ပေးနော်' ဟုဆိုလိုက်တော့ CEOကိုဖုန်းဆက်မေးပြီးမှ သော့ထုတ်ပေးလေသည်။
ဟန်နီနိုင်လဲ အခုမှ ပြန်စဥ်းစားမိသည်။
(Plan Aဖြစ်တဲ့ စစ်ကိုအပိုင်သိမ်းဖို့ကမအောင်မြင်မှတော့ Plan Bကိုဆက်လုပ်ရမယ်*)
သော့ရတာနဲ့ စစ်တို့ရှိနေမယ့် အခန်းဘက်ကိုထွက်လာခဲ့ကြသည်။ အခန်းထဲက lockချထားတာမို့ ပါလာတဲ့သော့အပိုနဲ့ ဖွင့်လိုက်တော့ မြင်လိုက်ကြရသည်က.....
To be continued.....
Zawgyi
'မင်းတကယ်ပဲ...'
'ငါ..ငါ....'
Advertisement
ဦးဇွဲနိုင်ရောက်လာကာ
'ဘာလုပ်မလို့လဲ?'
'မဆက်ပေးနိုင်ဘူး'
မလုပ်ခိုင်းဘူး။ ဘယ့်နှယ်လဲ?'
တဖက်မှာတော့...
'အခန်းငှားထားတယ်?'
'ဟုတ်ပါတယ်ရှင့်'
'ရှင်!!'
ဝန်ထမ်းလေးမှာတော့
မည့်အတိုင်း။
ခက်မျက်လုံးပြူးကာ
Advertisement
- In Serial27 Chapters
A Price In Memory
“The world is a dangerous place. If it wasn’t, hunters like us wouldn’t exist.” Resurrected and robbed of his memories, Gase finds himself in a body that doesn’t belong to him, with a past that is not his. Behind walled cities, people live their lives, clinging to what little safety they provide. Mages seek to regain the knowledge lost at the collapse of a past era. While beyond, hunters attempt to cull the ever-growing populations of beasts that threaten the very survival of humanity. And amidst all of this, Gase seeks to find his past and his place in the future. Unfortunately, all things have a price.
8 161 - In Serial8 Chapters
Readers Make Their Choice as a SPACE COP
Yes, you read the title right. You are the MC of this story. Aliens have invaded your planet and you are in the mood to fight them off. Get ready to become an intergalactic cop, fight in different dimensions, get to know aliens from different planets, kick the buts of bad aliens, become an intergalactic mafia, create a space empire, destroy it and do all sorts of things. But one wrong choice and you may never come back.
8 134 - In Serial44 Chapters
(VERY OLD)
Arcanist v1. You must've gotten lost. Here, let me show you the way.
8 432 - In Serial18 Chapters
Stolen
A child stolen from his parents, subjected to torture and misery for 6 years before his mind finally shattered into pieces, his once sole control over his body stolen, now shared with unknown beings that are as puzzled as he is over their existence.Finally escaping the home he knew, how will he survive with these voices in his mind that takes over his body from time to time? Strictly for mentally mature readers, story depicts gory and psychological related mental issues in detail and is relatively depressive with a maniac of a Main Character.
8 177 - In Serial15 Chapters
dungeon of mass destruction
a dungeon that was bored and fell in love with chaos and had a dungeon pixie as a partner.decided he would become a spaceship and make dungeon outposts on everyworld he finds he then decided to use his dungeon powers to cause chaos supreme.inspired by slime dungeon, 9001 a dungeon ship oddesy, i was reincarnated as a magic accademywhat will be left in his wake ???
8 197 - In Serial16 Chapters
Vampire's Betrayal
Leah Seadonna is now part of the family but she doesn't want any part of it. Not when there is a traitor among them. Deciding that leaving everything behind is the best choice, she joins the enemy. Now Leah must survive behind enemy lines while keeping true to herself. But will her darker side consume her humanity?
8 176