《Let Me Start Again [Completed]》LMSA 19
Advertisement
'ကဲကဲ သွားကြမယ် လာခဲ့ကြ အချစ်စမ်းမနေကြနဲ့' ဟုဆိုကာ ရှေ့ဆုံးကထွက်သွားလေသည်။
ခက်တို့ New Oceanကိုရောက်တော့ သက်နွယ်နဲ့ ဂနိုင်က အသားတွေလိုက်ရွေးနေကာ ခက်ကတော့ အသီးအရွက်၀ယ်ရသည်။ မင်းခန့်တို့ ၂ယောက်လား?
သူတို့က ရန်ဖြစ်နေရတာနဲ့မအားကြဘူး။ ခက်
အသီးအရွက်တွေခြင်းထဲထည့်ပြီး သက်နွယ်တို့ဘက်ကို သွားမည်အပြု လက်ချင်းချိတ်ကာ လျှောက်လာတဲ့ စစ်တို့အတွဲကိုတွေ့ရလေသည်။ ခက်ကိုတွေ့တွေ့ချင်း မျက်နှာလွှဲသွားတဲ့စစ်ကိုမြင်ရတော့ ၀မ်းနည်းစိတ်တို့က ပိုလာလေသည်။ ခက်ရှောင်ထွက်သွားမည်အပြု
ဟန်နီက ခက်ရှေ့ကပိတ်ရပ်လိုက်ကာ
'ခက် မတွေ့တာတောင်အတော်ကြာပြီနော်။ ကိုကို့ကိုအခုထိစိတ်ဆိုးနေတုန်းလားဟင်? အဲ့အချိန်တုန်းက ကိုကိုကဒေါသထွက်နေလို့ပါ ' ချက်ချင်းဆိုသလို မျက်နှာငယ်လေးနဲ့ဖြစ်သွားတဲ့ ဟန်နီနိုင်။
'ဟန်နီ ဘာတွေတောင်းပန်နေတာလဲ။ ဟန်နီ့အမှားမှမပါတာ။ ပြီးတော့ သူနဲ့ကိုယ်ကလဲ သူငယ်ချင်းတွေမဟုတ်တော့ဘူးလေ။ သွားရအောင် ' ဟုဆိုကာ
ဟန်နီနိုင့်လက်ကိုဆွဲပြီးထွက်သွားတဲ့ စစ်ကိုကြည့်ပြီး ခက် နေရာမှာပဲရပ်နေမိသည်။
(သူငယ်ချင်းတောင်မဟုတ်တော့ဘူးတဲ့လား? ငါ့အမှားမဟုတ်ပဲမတောင်းပန်လိုက်တာက ဒီလောက်တောင်အဖြစ်ဆိုးသွားသလား စစ်ရာ*)
ဘယ်လောက်တောင် ရပ်နေမိသည်မသိ။ မင်းခန့်ရောက်လာပြီး ခက် ပုခုံးကိုပုတ်လိုက်မှ သတိပြန်၀င်လာသည်။
'ခက် ဘာဖြစ်နေတာလဲ ဘာလို့ ငူငူကြီးရပ်နေရတာလဲ?'
'မင်း..မင်းခန့် ငါခုနက စစ်တို့နဲ့တွေ့လိုက်တယ်'
'အဲ့ဒါကြောင့်လား မင်းကို ခနဲ့ပြီးတော့ ပြောသွားသေးလား?'
'မပြောပါဘူး သူနဲ့ငါကသူငယ်ချင်းတွေမှမဟုတ်တော့တာ'
'မပြောသွားရင်လဲပြီးတာပဲ လာကွာ စိတ်ညစ်စရာတွေတွေးမနေနဲ့ ဟိုမှာသက်နွယ်တို့စောင့်နေပြီ။ သွားရအောင်'
ထို့နောက်မှာတော့ သက်နွယ်ရဲ့အိမ်ကိုလိုက်လာကြပြီး hotpotလုပ်စားကြတယ်။
အလုပ်၀င်ကြတော့လည်း သက်နွယ်နဲ့ဂနိုင်က ဆေးရုံတစ်ခုထဲမှာပဲ၀င်ဖြစ်ကြသည်။ ခက်ကတော့ ဖေဖေ့သူငယ်ချင်းရဲ့ဆေးရုံမှာ လုပ်တာပေါ့။ ခက်က
အလုပ်လဲကြိုးစား ကူလဲကူညီတတ်တော့ လူတိုင်းကချစ်ကြသည်။ seniorတွေအပေါ်မှာလဲ ရိုသေလေးစားမှုအပြည့်ရှိတဲ့ခက်ကို လူချစ်လူခင်ပေါတာမဆန်း။
သက်နွယ်တို့ မင်းခန့်တို့နဲ့လည်း အနည်းဆုံးတစ်ပတ်ကိုတစ်ကြိမ်တွေ့ ဖြစ်ကြသည်။ သူငယ်ချင်းတွေ အနေဝေးရင် သွေးအေးသွားကြမှာစိုးလို့ တစ်ပတ်ကိုတစ်ခါတော့ တွေ့ကိုတွေ့ရမည်ဟု သက်နွယ်က တစ်ချက်လွှတ်အမိန့်ထုတ်ထားတယ်လေ။ အခုဆို သူတို့အဖွဲ့ထဲမှာ စိုးစံနိုင်တစ်ယောက်ပါတိုးလာပြီ။ မင်းခန့်နဲ့ အစိုးနဲ့ကတော့ တွေ့တိုင်းတကျက်ကျက်။
ခက်ကတော့ စစ်ကိုလွမ်းတိုင်း အလုပ်ကိုပဲ ပိုကြိုးစားဖြစ်သည်။ စစ်ကအခုတောင် သူ့ကိုမုန်းနေတာ။ သူစစ်ကိုချစ်နေတဲ့အကြောင်းကိုပါသိသွားရင် ပိုဆိုးမှာပေါ့။ အခုလို အဆက်အသွယ်ပြတ်နေတာပဲကောင်းပါတယ်လေ။
.
.
.
2016 February
'Hello ဟန်နီပြောလေ'
'ကိုကို မနက်ဖြန်ကျဟန်နီတို့ ၂ယောက်ဘွဲ့ယူရတော့မှာမလား? ညကျရင် hotelတစ်ခုမှာ partyလေးလုပ်ချင်လို့'
'အင်းလုပ်လေဟန်နီရဲ့။ ကိုယ်ဘာကူညီပေးရမလဲ ပြော '
'ဟန်နီလေ ခက်တို့ကိုပါ partyကိုဖိတ်ချင်တယ်'
'ဘာပြောလိုက်တယ်ဟန်နီ? ခက်ကမင်းကိုပြောဆိုထားတာတွေကို မင်းစိတ်မနာဘူးလား ဟမ် !!'
(ဘယ်စိတ်နာမှာလဲ သူကငါ့ကိုတကယ်ပြောခဲ့တာမှမဟုတ်တာ စစ်ရဲ့ ။ ၄နှစ်နီးပါး ငါလိမ်တာကိုခံလာရတာ စိတ်မကောင်းလိုက်တာ။ နင်တို့က တကယ်တော့ ငပိန်းတွေပဲ။ နင်ကငါပြောတာယုံပြီး ခက်ကိုစိတ်ဆိုး၊ ဟိုက နင့်စကားကြောင့် နင့်ကိုလာမတွေ့ရဲ အဟက် တကယ့်ငပိန်းတွေ*) စိတ်ထဲမှာတော့ လှောင်ရယ်နေပြီး
'ပြီးခဲ့တာတွေလဲ ပြီးပြီပဲကိုကိုရယ်။ ဟန်နီခွင့်လွှတ်ပါတယ်ဆို လုပ်ပါကိုကိုရဲ့ ခက်တို့ကို သွားဖိတ်ပေးနော်။ ဟန်နီကဖိတ်ခိုင်းတယ်လို့ပြောပေး နော်'
'အင်းပါ ဒါပေမယ့် ဟန်နီ့ကိုတစ်ခုခုထိခိုက်အောင်လုပ်ရင် ကိုယ်သည်းခံမှာမဟုတ်ဘူးနော်'
'ဟုတ်ကဲ့ပါကိုကိုရယ် သူငယ်ချင်းနဲ့ချစ်သူနဲ့မှာ ဟန်နီ့ကိုရွေးချယ်ပေးလို့ ကိုကို့ကို အရမ်းကျေးဇူးတင်ပါတယ်'
'မလိုပါဘူးကွာ ဒါဆိုဖုန်းချလိုက်တော့မယ်နော် ကိုကို meetingရှိသေးလို့၊ အရမ်းချစ်တယ်ဟန်နီ'
တစ်ဖက်ကဖုန်းချသွားတာနဲ့ ဟန်နီ အော်ရယ်မိသည်။
'ဟားဟားး ခက်ထန်.. ခက်ထန် နင်ကသာ သူ့ကိုချစ်နေရတာ စစ်က ငါမှငါပဲဖြစ်နေတော့ ဘယ်လိုလုပ်ရပါ့မလဲ။ ပြီးတော့ နင့်အဖေဦးဥက္ကာဆိုတာကလဲ ငါ့ daddyရဲ့ စီးပွားပြိုင်ဖက်။ နင်ကလဲ ငါနဲ့ရည်းစား
လုဖက်။ အဟက် daddyက နင့်အဖေကို စီးပွားရေးမှာမနိုင်ပေမယ့် ငါကတော့ အချစ်ရေးမှာနင့်ကိုအနိုင်ယူပြမယ် ကြည့်နေလိုက်။ မနက်ဖြန်ညကျရင် နင်လာမိတာမှားပါပြီလို့ပြောရလောက်အောင်ကို နင့်ရှေ့မှာတင် စစ်ကိုငါက ရအောင်ယူပြပြီး နင့်ကို မျက်မြင်သက်သေလုပ်ခိုင်းအုံးမှာမလို့ပဲ '
ဟန်နီပါးစပ်ကပြောနေရင်း လက်က companyရောက်နေတဲ့ သူ့daddyဆီဖုန်းခေါ်ပြီးသားဖြစ်သွားသည်။
'Hello daddy'
'အင်း သမီးပြောလေ'
'သမီးကို daddyရဲ့ မိတ်ဆွေတွေထဲက စိတ်ကြွဆေးလေးနည်းနည်းလောက်၀ယ်ပေးလို့ရလားဟင်?'
'ငါ့သမီးကဘာလုပ်မလို့လဲ?'
'ခဲတစ်လုံးနဲ့ ခွေး ၂ကောင်ပစ်မလို့ '
'ဘယ်လို??'
'ဟုတ်တယ် daddyရဲ့ မနက်ဖြန်ညကျရင် ဟန်နီက စစ်သောက်မယ့် အအေးထဲကို စိတ်ကြွဆေးတွေထည့်ထားမယ်၊ ဟန်နီနဲ့သူနဲ့ မယူမဖြစ်တဲ့အခြေအနေမျိုးထိရောက်အောင်လုပ်မှာ။ ပြီးတော့ အဲ့ဒီအခြေအနေကို ခက်ထန်ကိုမြင်သွားအောင်လုပ်။ ဟန်နီလဲ စစ်နဲ့လက်ထပ်ရသလို ခက်ထန်လဲအသဲကွဲပေါ့ အဟင်း'
'နေပါအုံး ဒါကသမီးရဲ့ အချစ်ရေးကိစ္စတွေလေ၊ daddy ကူညီပေးရင် daddyအတွက် ဘာအကျိုးရှိမလဲ?'
'သိပ်ရှိတာပေါ့ daddyရဲ့။ မင်းစစ်မောင်ဆိုတာက အခု M.T companyပိုင်ရှင် ဦးမင်းထက်ရဲ့သားနော်၊ အခု daddyရဲ့ companyကလည်း ဒေဝါလီခံရတော့မလိုဖြစ်နေတာမလား? ဟန်နီသာ စစ်နဲ့ယူလိုက်ရင် စစ်အကူအညီနဲ့ companyယိုင်နဲ့နေတာကို ပြန်ထူထောင်လို့ရတယ်။ ပြီးတော့ ခက်ထန်ဆိုတာကလည်း O.K companyက ဦးဥက္ကာရဲ့သား။
ဟန်နီနဲ့စစ်နဲ့ယူလိုက်ရင် daddyနဲ့ M.T ပေါင်းလိုက်ပြီး Daddy အမြဲတမ်းရှုံးနေတဲ့ O.K companyကို အနိုင်ယူလို့ရပြီ'
Advertisement
'Woww ငါ့သမီးလေးကအရမ်းတော်တာပဲ၊ အိုခေလေ daddyအတွက် အကျိုးရှိမယ့်ကိစ္စပဲ ကူညီပေးရမှာပေါ့၊ daddyမိတ်ဆွေဆီက ၀ယ်ပေးထားလိုက်မယ်၊ daddyအတွက် ဒီလိုစိတ်ကြွဆေးပြားလေး၀ယ်ရတာ မခက်ခဲပါဘူး။ ကဲ ဒါဆိုဖုန်းချလိုက်တော့မယ် ခဏနေရင် သမီးရဲ့ မေမေလေးဆီသွားရအုံးမှာမလို့'
သူ့စီးပွားရေးတစ်ခုကိုသာ ကြည့်တတ်သော ဦးဇွဲနိုင်ကြောင့် ဟန်နီအံကြိတ်လိုက်မိသည်။ သူမကိုမွေးပြီးကတဲက အမေဆုံးသွားတာကြောင့် မိခင်မေတ္တာကိုမခံစားခဲ့ရ။ တစ်ဦးထဲရှိသောဖခင်မှာလည်း မိန်းမအများကြီးယူထားကာ စီးပွားရေးပဲအာရုံစိုက်နေသဖြင့် ဖခင်မေတ္တာဆိုတာ သူမနဲ့အဝေးကြီးမှာ။ မေတ္တာငတ်နေတဲ့သူမက ချစ်လှပါသည် ကြိုက်လှပါသည်ဟု ကြွေးကြော်ကာ သူမကိုချဥ်းကပ်လာတဲ့ လူတွေမှန်သမျှနဲ့ အကုန်တွဲခဲ့သည်။ အတုအယောင်တွေပေမယ့် အချစ်ခံရတဲ့လောကမှာပျော်ရွှင်နေသည်လေ။ စစ်နဲ့စတွဲတဲ့နေ့တုန်းက ခက်တို့နဲ့မိတ်ဆက်ပေးတာကြောင့် ခက်ကိုမြင်မြင်ချင်းမှာပင်ရင်ခုန်ခဲ့သည်။ ဖွင့်ပြောသော်လည်း ချက်ချင်းပင်အငြင်းခံလိုက်ရသည်။ အကြောင်းပြချက်ကတော့ ယောကျာ်းလေးတစ်ယောက်ကိုချစ်နေလို့တဲ့။ စစ်အပါအ၀င်ဘယ်ယောကျာ်းမဆို သူမနဲ့တွေ့ရင် ဦးညွှတ်သွားရတာကိုသာ ကြုံတွေ့ ခဲ့ရသော ဟန်နီနိုင့်အတွက်က ခက်ဟာ အထူးအဆန်းတစ်ခုလို။ သူမမှမရရင် တခြားဘယ်သူမှမရစေချင်သော ဗီဇအတိုင်း ခက်ကိုစစ်မုန်းသွားအောင် လုပ်ကြံပြောဆိုခဲ့သည်။ တကယ်လည်း သူမကြံစည်ထားတဲ့အတိုင်းဖြစ်လာခဲ့သည်လေ။ အခုကတော့ ခက်ရဲ့ရှေ့မှာပဲ စစ်နဲ့သူမ အတူနေတဲ့ပုံစံကိုပြရမယ်။ ဒါမှ ခက်လဲ အသဲကွဲ၊ သူမတို့ companyလဲ ပြန်ထူထောင်နိုင်မှာ။ companyက ဒေဝါလီခံရခါနီးနေပြီမို့ ဟန်နီနိုင့်မှာ
အရင်ကလောက် ပိုက်ဆံကိုဖောဖောသီသီမသုံးနိုင်တော့။ Daddyရှာထားတာတွေကလဲ သူ့မယားငယ်တွေအများကြီးကိုထောက်ပံ့နေရတာနဲ့ မလောက်ငှချင်။ စစ်နဲ့သူမ လက်ထပ်ရမှကိုဖြစ်မှာ။ ဒါမှ သူမလဲ ငွေကိုရေလိုပြန်သုံးနိုင်ပြီး သူမကိုငြင်းခဲ့တဲ့ ခက်ကိုလဲလက်စားချေပြီးသားဖြစ်သွားတာပေါ့။
ဟန်နီနိုင်တစ်ယောက် အနက်ရောင်ဂါ၀န်အရှည်ကို၀တ်ဆင်ထားကာ လက်တစ်ဖက်က ၀ိုင်ခွက်ကိုကိုင်ထားသည်။ နောက်တစ်ဖက်ကတော့ စစ်ရဲ့လက်မောင်းကိုချိတ်ထားတာပေါ့။ ထူးဆန်းသည်က သူမကိုင်ထားတဲ့၀ိုင်ခွက်ကို တစ်စက်ကလေးမှမထိတာပင်။ သူမရဲ့ဖခင်က ကောင်းတာရော မကောင်းတာရော အကုန်လုပ်တဲ့သူဖြစ်တာကြောင့် partyကိုလာတဲ့သူတွေထဲမှာလည်း မူးယစ်ရာဇာတွေကအစ ပါလေသည်။ ပွဲစပြီးသိပ်မကြာခင်မှာပဲ ခက်နဲ့မင်းခန့်တို့ရောက်လာကြသည်။ သက်နွယ်တို့ကတော့ ဖိတ်ထားသော်လည်း မခင်လို့ဆိုပြီးမလာကြ။ ခက်တို့ကတော့ ငယ်သူငယ်ချင်းတွေဖြစ်သဖြင့် လာပြီးဂုဏ်ပြုပေးကြသည်လေ။ ခက် Convoတုန်းက စစ်ရောက်မလာပေမယ့်လို့ပေါ့။ အကြာကြီးနေမှ ပြန်ခေါ်ကာ partyဖိတ်နေတဲ့စစ်ကို ခက်တို့နားမလည်တော့။ မေးကြည့်လိုက်တော့ ဟန်နီနိုင်ရဲ့အကြံဖြစ်နေသည်။
ဟန်နီနိုင်ဘာတွေများကြံစည်နေတာလဲ?
ခက်တို့ရောက်လာတွေ့တော့ ဟန်နီနိုင်ကသူတို့ရှိရာဘက်ကိုလျှောက်လာလေသည်။
'ခက် ရောက်ပြီလား? ဒီနေ့က ဟန်နီနဲ့ကိုကိုတို့
၂ယောက် စေ့စပ်တော့မယ်ဆိုတဲ့အကြောင်းကို ကြေငြာမလို့လေ အဟင်းး' နင်ရှုံးပြီဆိုတဲ့အကြည့်နဲ့ ကြည့်နေပြီး ခနဲ့ပြုံး ပြုံးနေတဲ့ ဟန်နီနိုင်ကြောင့် ခက်မှာ အာစေးမိနေသလို ဘာစကားမှထွက်မလာ။
မင်းခန့်ကတော့
'စေ့စပ်တော့မယ့်အကြောင်းကြေငြာမယ်ဆိုရင်
စစ်ရဲ့မိဘတွေရောက်လာရမှာပေါ့၊ အခုကဘယ်ရောက်နေကြလို့လဲ? ဧကန္တ မင်းတို့ ၂ယောက်က စစ်မိဘတွေသဘောမပါပဲနဲ့ ကိုယ့်သဘောနဲ့ကိုလုပ်ကြတာလား?' မင်းခန့်ရဲ့အမေးကို ဟန်နီမဖြေနိုင်။ တကယ်တော့ ခက်ကိုခနဲ့ချင်လို့ပြောလိုက်တာ။ သူနဲ့စစ်နဲ့က တကယ်စေ့စပ်တော့မှာမဟုတ်။ ဒါပေမယ့် မယူမဖြစ်ယူရတော့မယ်အခြေအနေကိုရောက်လာတော့မှာ သိပ်မကြာတော့ပါဘူး။
ဟန်နီ ကိုယ့်အတွေးနဲ့ကိုပြုံးလိုက်မိရင်း
'အင်း သိပ်မကြာတော့ပါဘူး။ အဲ့ဒီအချိန်ကျရင် ခက်ကအသိသက်သေလုပ်ပေးနော်' ပြောပြီး စစ်ရှိရာကိုထွက်သွားလေသည်။ လက်ထဲက၀ိုင်က မထိရသေး။
'ကိုကို ဒီမယ် ဟန်နီ ကိုကို့အတွက်၀ိုင်ယူလာတယ်'
'အာ ကိုကို့မှာလဲ တစ်ခွက်ရှိတယ်လေဟန်နီရဲ့'
'ကိုကိုကလဲ ဟန်နီက သောက်စေချင်လို့ယူလာပေးတာလေ' မျက်နှာငယ်လေးနဲ့ပြောတော့
'ဟုတ်ပါပြီ ဟန်နီယူလာတာပဲသောက်ပါ့မယ်' ပြောပြောဆိုဆိုနှင့် ဟန်နီ့လက်ထဲက၀ိုင်ခွက်ကိုယူကာ သောက်လိုက်လေတော့သည်။ ဟန်နီနိုင်ကတော့ စစ်မသိအောင်တစ်ဖက်ကိုလှည့်ပြုံးရင်း
( အဟက် first mission completed
တကယ်တော့ စစ်သောက်လိုက်တဲ့ ၀ိုင်ခွက်ထဲမှာ စိတ်ကြွဆေးကို ၃ ပြားတောင်ထည့်ထားတာ။ ပွဲမပြီးသေးခင် လက္ခဏာပြလာလိမ့်မယ် အဟက် *)
စိတ်ထဲမှာပြောနေသော်လည်း
အပြင်မှာတော့ ခြားနားစွာ
'ကိုကို ခက်တို့ကိုသွားနှုတ်မဆက်ဘူးလားဟင်?'
'No. ကိုယ်သွားပြီးနှုတ်မဆက်ချင်ဘူး
သူတို့ ၂ယောက် ဟန်နီ့အပေါ်ကျူးလွန်ထားတဲ့အပြစ်တွေကို ဟန်နီခွင့်လွှတ်ပေးနိုင်ပေမယ့် ကိုကိုကတော့ခွင့်မလွှတ်ဘူး။ ပြီးတော့ သူတို့နဲ့က သူငယ်ချင်းတွေမှမဟုတ်တော့တာ'
'အင်းပါ ဒါဆို ဟန်နီသူတို့နဲ့စကားသွားပြောလိုက်အုံးမယ်။ ကိုကိုကဒီမှာပဲနေခဲ့နော်' ဟုဆိုကာ ခက်တို့ရှိတဲ့ဘက်ကိုထွက်လာလိုက်သည်။
To be continued.....
Advertisement
.
.
.
2016 February
'Hello ဟန်နီပြောလေ'
'Hello daddy'
'အင်း သမီးပြောလေ'
'ဘယ်လို??'
Night Party
မင်းခန့်ကတော့
To be continued.....
Advertisement
- In Serial26 Chapters
Cycle of Ruin - Arrival: A LitRPG Series
Cycle of Ruin - Book One They say Arrivals choose to come here, but Leo has no recollection of ever choosing such a fate. Thrust into the harsh wilds of a world where one's strength is measured and recorded, a single mistake here can cost him his life.As a shrouded danger begins to unfurl, if Leo ever hopes to survive the cycle and reclaim the life he left behind, he must quickly learn the rules of this new reality. A reality where Arrivals are hunted, murder is the fastest way to power, and trust is an ideal long forgotten.Welcome to the land of Asylum.
8 198 - In Serial7 Chapters
Astral Attachment
#anime #urbanfantasy #magic #ecchi James lived as little more than a magical weapon of war until his awakening. The controlled him like a puppet, but he's taken control of his life and is learning to live for the first time. This world is much like ours, but magic users known as Clients are controlling major world events from behind the scene. His family, the Landos, are magical Clients and are known as one of the powerful and shadowy rulers of the planet. They usually pull the strings from behind the curtains, but that has started to change. There is an invasion of superpowered blood-sucking ghouls known as Lamia. These Lamia are master Clients as well and have set their sights on the Lando family. Follow James as he tackles magic users, falls in love, slays vampires, is tormented by terrifying monsters and is driven nearly to the depths of hell.
8 101 - In Serial8 Chapters
South in the Flowers, North in the Birds, Book 1: The Cabbie and the New Moon Killer
Set in the 1980's. Mickie, a cab driver who has visions, and Emily, her fae cat, must solve a series of disappearances. When women working driving jobs start disappearing, Mickie's visions help her find clues to what's going on. The cops get suspicious when she keeps beating them to the scene. Things get hairy when she and Emily end up in danger themselves.
8 104 - In Serial26 Chapters
The Isekai
This is the story of a boy that suffered a lot in his other life, he got bullied at the highschool and his father always beat him up, cut him making him suffer, and one day he died because his father killed him. After being killed he found himself reincarnated as a baby in another world with a special mission to do. Do you think that it can get any crazier than that? Wait and see. Hello, this is the first novel that I have written. I hope you enjoy it. A friend recommended me to write this because he said that it was a good idea. Let me know how I am doing if you can. The story won't bore you. The story is: Adventure, drama, fantasy LitRpg and romance. Cover made by Harumy-kyun Deviantart. Remmember this isn't real.
8 189 - In Serial21 Chapters
A perfect love story {Completed}
Vanessa is 15 year old girl who's life story is pretty simple. She has a twin sister Lori that's a life guard. She has a major crush on Adam baker. One problem Adam likes Lori her sister. But when adam clones himself accidentally he might but the world in danger
8 67 - In Serial19 Chapters
Wings (Eremika AU)
Highest ranks, no.8 on EreMika, no.1 on ErenxMikasa, no.56 on attackontitanAOT does not belong to me it is the brain child of Hajime Isayama.Even though the story in technically complete I may insert the occasional after story since I believe it probably deserves a little more. Would be great if you gave it a go and please excuse my "french".
8 101