《Let Me Start Again [Completed]》LMSA 18
Advertisement
'စစ်...ငါ...ငါ' ခက်စိတ်ကိုတင်းထားကာ မျက်စိစုံမှိတ်ပြီးအော်လိုက်သည်။
'ငါ မတောင်းပန်နိုင်ဘူး!'
'ဘာပြောလိုက်တယ် မတောင်းပန်ဘူး ဟုတ်လား'
'ဟုတ်တယ်စစ် ငါ့အမှားတစ်ခုမှမရှိတာ။ ငါကဘာကိုတောင်းပန်ရမှာလဲ' ခက်စကားကြောင့် စစ်စိတ်တိုလာကာ
'မင်းက ဟန်နီ့ကိုချူစားတယ်လို့ပြောနေတာကရော? အဲ့ဒါအမှားမဟုတ်ဘူးလား?'
'ငါ ဘယ်တုန်းက...' ခက်စကားမဆုံးခင်မှာပင်
'တော်ပါတော့ ကိုကိုရယ် ခက်မတောင်းပန်လဲ ဟန်နီကခွင့်လွှတ်ပြီးသားပါ။ ကိုကိုတို့သူငယ်ချင်းတွေ ရန်မဖြစ်ကြနဲ့တော့နော်' ဟန်နီနိုင်က ကြားဖြတ်ပြီး မျက်ရည်ခံထိုးလေသည်။ ထိုအခါမှ
'ခက် မင်းကတကယ်အောက်တန်းကျတဲ့ကောင်ပဲ။ အပြစ်လုပ်ထားပြီးမတောင်းပန်တတ်ဘူး မင်းကိုငါ
ဒီနေ့ကစပြီး သူငယ်ချင်းအဖြစ်က စွန့်လွှတ်လိုက်ပြီ'
ဟုပြောကာ ကားကိုမောင်းပြီးထွက်သွားလေသည်။ စစ်ထွက်သွားတော့မှ
'ဘယ်လိုလဲ ခက်? ကိုကိုက နင့်ကိုတောင် ခေါ်မသွားတော့ဘူးနော်။ နင်အိမ်ကိုဘယ်လိုပြန်မှာလဲ?'
'ငါဘယ်လိုပြန်ပြန်မင်းကိစ္စမဟုတ်ပါဘူး။ အခုမင်းကျေနပ်ပြီမလား။ စစ်ကငါ့ကိုမုန်းသွားအောင်လုပ်ရလို့ မင်းကျေနပ်သွားပြီမလား?'
'ကိုကိုကနင့်ကိုမုန်းအောင် နင်ကိုယ်တိုင်ပဲလုပ်တာလေ။ ငါတောင်းပန်ခိုင်းကတည်းက စကားနားထောင်ခဲ့ရမှာ'
'ငါမမှားတဲ့ကိစ္စတစ်ခုကို ဘာလို့တောင်းပန်ရမှာလဲ။ အခုမင်းဖြစ်စေချင်သလို ဖြစ်သွားပြီမလို့ ငါ့ကိုဆက်ပြီးမနှောက်ယှက်ပါနဲ့တော့ မင်းနဲ့ စစ်ကြားထဲမှာလဲ ငါ၀င်မပါဘူး။' ခက်ပြောရင်း ထွက်လာလိုက်သည်။ နာရီကိုကြည့်မိတော့ ၃နာရီ ၄၅မိနစ်။
(အဲ့လောက်တောင်ကြာသွားတာလား? ငါအိမ်ကိုအချိန်မှီပြန်ရောက်မှရမယ် ငါခွဲစိတ်ရမှဖြစ်မှာ*) သို့သော်လည်း စစ်ကြောင့် ဆိုင်ကယ်က Bar မှာကျန်နေခဲ့သည်လေ။ ခက် မင်းခန့်ဆီဖုန်းဆက်သော်လည်း ဖုန်းကမ၀င်။ လေယာဥ်ချိန်မမှီရင် ဘယ်လိုလုပ်မလဲ တွေးနေရင်းနဲ့ စိုးရိမ်စိတ်က
ဆောင့်တက်လာကာ မေမေ့ဆီကိုဖုန်းခေါ်ကြည့်လိုက်သည်။
'Hello သား အခုဘယ်မှာလဲ လေယာဥ်ချိန်နီးနေပြီ မေမေဖုန်းခေါ်နေတာလဲမကိုင်ဘူး သားအခုဘယ်မှာလဲ' မေမေပြောမှကြည့်မိတော့ silentလုပ်ထားတဲ့ဖုန်းမှာ miss calledများစွာတွေ့ရသည်။ စောစောက သူလောနေလို့ miss calledတွေကိုမမြင်ခဲ့တာပဲ။
'သား အခု ....မှာမေမေ သားကိုလာခေါ်ပေးလို့ရလားဟင်? သားဆိုင်ကယ်က သူငယ်ချင်းတစ်ယောက်အိမ်မှာကျန်နေခဲ့လို့'
'သားက စစ်ဆီကိုသွားတာမဟုတ်ဘူးလား? ဘာပဲဖြစ်ဖြစ်ပါ မေမေလာခေါ်မယ်နော်' ဟုဆိုကာ ဖုန်းချသွားလေသည်။ တကယ်တမ်းမေမေနဲ့ဖေဖေရောက်လာပြန်တော့လည်း လေယာဥ်ချိန်ကမမှီတော့ ။ တံတားဦးလေဆိပ်ကို ၂နာရီနီးပါး ကားမောင်းရ သည်။ စစ်ကြောင့် အိမ်ကထွက်တဲ့အချိန်နောက်ကျသွားကာ လေဆိပ်ကိုရောက်တော့ လေယာဥ်ကထွက်သွားပြီ။
'မေ..မေမေ သားက ဒီနှစ်လည်း မခွဲစိတ်ဖြစ်တော့ဘူးပေါ့နော်'
'ခွဲစိတ်ဖြစ်ပါတယ် သားရယ် ။ အဖေကြီး ဆရာ၀န်တွေကို နောက်တစ်ပတ်ထဲ ထပ်ချိန်းလို့မရတော့ဘူးလား'
'မရလောက်တော့ဘူး ဆရာက အလုပ်အရမ်းများတယ်။ အခုတောင် အချိန်မနည်းလုထားတာ။ ပြီးတော့ အရင်တစ်ခါကလည်း ရက်ကိုနောက်ရွှေ့ထားဖူးတော့ အခုတစ်ခါပါ ရက်ထပ်ရွှေ့လိုက်ရင် မကောင်းတော့ဘူးလေ' ဦးဥက္ကာစကားကြောင့်
'ရပါတယ် ဒီနှစ်မဟုတ်လဲ နောက်နှစ်ပေါ့။ သားဘာမှစိတ်ဓါတ်မကျနဲ့နော်။ မေမေတို့က သေချာပေါက် ခွဲစိတ်ဖြစ်အောင်လုပ်ပေးမယ်' ထို့နောက်မှာတော့ သားအဖသုံးယောက် လေဆိပ်ကနေပြန်ထွက်လာကြလေသည်။ ထိုနေ့ကစပြီး စစ်နဲ့ခက်လည်း အဆက်သွယ်လုံးလုံးပြတ်သွားတာ ခက်တို့ဘွဲ့ယူတဲ့နေ့အထိ။ သူစစ်ကို ဖုန်းဆက်သော်လည်း စစ်က ဖုန်းချပစ်သည်သာ။ အိမ်လိုက်သွားရအောင်လည်း ပေါင်းလာတာကြာသည့်တိုင် စစ်ကအိမ်တစ်ခါမှမခေါ်ဖူးတော့ စစ်အိမ်ကိုမသိ။ စစ်ကိုတွေ့ချင်သဖြင့် စစ်နဲ့တွေ့နိုင်မယ့်နေရာလေးတွေက စောင့်နေသော်လည်း သူ့ကိုမြင်တိုင်း မျက်နှာလွှဲကာ မသိချင်ယောင်ဆောင်နေတတ်တဲ့စစ်ကြောင့် ဘာစကားမှပြောခွင့်မရှိခဲ့။ ကြားနှစ်တွေထဲမှာလဲ ခက်တစ်ယောက်ခွဲစိတ်မယ်လုပ်တိုင်း အဖျက်တွေကတစ်ခုမဟုတ်တစ်ခု
၀င်၀င်လာလေသည်။ ခွဲစိတ်မယ့်နေ့ရောက်တိုင်း ခက်အဖေရဲ့ companyက အရေးကြီးကိစ္စတွေပေါ်လာလိုက်၊ ခက်အမေက မူးလဲလို့ဆေးရုံတင်လိုက်ရနဲ့ ကျောင်းပြီးလို့ ဘွဲ့ယူတဲ့အချိန်ထိ ခက်မှာမခွဲစိတ်ဖြစ်တော့။
ဘာလိုလိုနဲ့ ခက်တို့တောင် ဘွဲ့ယူတဲ့နေ့ကိုရောက်လာပြီ။ စစ်နဲ့အဆက်သွယ်မရပေမယ့် သူတို့အကြောင်းတွေတော့ ကြားနေရပါသည်။ စစ်ကသူ့ကောင်မလေးကို ဘယ်လောက်အလိုလိုက်ကြောင်း၊ companyမှာ MDတစ်ယောက်ဖြစ်သွားကြောင်းတွေပေါ့။ ဘွဲ့ယူလေးတော့ စစ်ကို လာစေချင်သည်မို့ ဖုန်းဆက်သော်လည်း မကိုင်။ အခုခက်တို့က ဘွဲ့ယူရမှာမလို့ မန္တလေးတက္ကသိုလ်ကိုရောက်နေကြသည်။
မဖြစ်နိုင်ပေမယ့်စစ်ဆီက ဂုဏ်ပြုစကားလေးတစ်ခွန်းလောက်တော့ကြားချင်မိသည်။ မင်းခန့်ကတော့ သူရောလာမယ်ဆိုသဖြင့် ဧည့်လက်မှတ်တစ်ဆောင်ပို၀ယ်ပေးထားရသည်။ ခက်တို့ရောက်တော့ သက်နွယ်တို့ အနိုင်တို့ကရောက်နှင့်နေကြသည်။ မင်းခန့်ကိုတော့မမြင်ရသေး။ သက်နွယ်တို့ကတော့ ရောက်ရောက်ချင်း selfie ဆွဲနေကြတယ်။ ခက်တို့လည်း မိသားစု
ဓါတ်ပုံလေးဘာလေးရိုက်ကြတာပေါ့။ ထို့နောက်မှာတော့ ဘွဲ့ယူမယ့်သူတွေကို ခန်းမထဲ၀င်ဖို့ခေါ်သံကြားတာနဲ့ မင်းခန့်ကိုစောင့်မနေကြတော့ပဲ ခန်းမထဲကို
အရင်၀င်လာခဲ့ကြသည်။
ခက်တို့၀င်သွားပြီးအတန်ကြာတော့ မင်းခန့်အပြေးအလွှားရောက်လာလေသည်။ ခန်းမဆီသို့ ရောက်ချင်ဇောကများနေကာ ရှေ့ကလူကိုတောင်မမြင်ပဲ၀င်တိုက်မိသဖြင့် ၂ယောက်သား လုံးထွေးကာ မြေပြင်ပေါ်သို့ကျသွားပြီး နှုတ်ခမ်းချင်း ဂဟေဆက်ကြလေတော့သည်။ နှစ်ယောက်သားကြောင်နေပြီးမှ သတိ၀င်လာပြီး ကုန်းရုန်းထကြလေသည်။ မင်းခန့်က
'ကျစ် သွားပါပြီကွာ ငါတော့ ရှိုးပဲ့ပါပြီ။ မင်းက လူတစ်ယောက်လုံးပြေးလာတာကိုတောင်မမြင်ဘူးလား?'
'ဟ ၀င်တိုက်တာကခများလေ။ ဘာလို့လူကိုလာပြောနေတာတုန်း'
'ငါကမမြင်လို့၀င်တိုက်မိလဲ မင်းကတော့ရှောင်သင့်တယ်လေ အခုမင်းကမရှောင်တော့ ပိုဆိုးပြီပေါ့ မင်းမှာမျက်လုံးမပါဘူးလား ဟမ်?' မင်းခန့်ကအော်လေတော့
'ဒီမှာ မှားတာကခများနော်။ ပြီးတော့လူကိုလဲမျက်လုံးမပါဘူးလားလေးဘာလေးနဲ့ မျက်လုံးပါတယ်ဗျ မကန်းလို့၀င်တိုက်မိတာ'
'အင်..' တစ်ဖက်ကလူအပြောကြောင့် မင်းခန့်ကြောင်သွားကာ
'မင်းစကားကြီးက..'
'ဟုတ်တယ်လေ။ ကန်းနေရင် ကိုယ့်လမ်းကိုပဲအာရုံစိုက်မှာပေါ့။ အခုဟာက မကန်းလို့ မျက်လုံးမြင်နေရလို့ မျက်စိအစာကျွေးရင်းနဲ့ ခများကိုပြေးလာတာကိုမမြင်ဖြစ်သွားတာ။ ပြီးတော့ ကျနော့မျက်လုံးကလည်း မိန်းကလေးသီးသန့်ပဲမြင်ရတာလေ'
(အော် အင်း ငါပဲမှားပါတယ်ကွာ*)
'ထားတော့ မင်းနဲ့စကားဆက်မပြောချင်တော့ဘူး။ တစ်ခုပဲဖြေပေး ဘွဲ့ယူတဲ့ခန်းမက ဘယ်ဘက်မှာလဲ?'
'ခများကဘွဲ့လာယူတာလား? နောက်ကျလိုက်တာ ဟိုမှာ တခြားလူတွေတောင် ခန်းမထဲ၀င်သွားပြီ'
Advertisement
'ငါ့သူငယ်ချင်းဘွဲ့ယူတာမလို့ သူ့ဆီလာတာ ကဲပြောပါ ဘယ်နားမှာလဲ'
'ဟိုး ဘက်မှာတွေ့လား လူစုစု စုစုနဲ့ ရပ်နေကြတယ်၊ အဲ့နေရာပဲ'
'အိုခေ ကျေးဇူးပဲ' ပြောလိုက်ပြီး ခန်းမရှိရာပြေးလာခဲ့လိုက်သည်။ ဟိုရောက်တော့ ခက်တို့က ဘွဲ့တောင်ယူနေပြီ။ အခန်းအနားပြီးဆုံးကြောင်း ကြေညာပြီးနောက်မှာတော့ ခက်တို့လည်း အပြင်ကိုထွက်လာကြသည်။ အပြင်ရောက်တော့မင်းခန့်ကိုတွေ့သဖြင့်
'မင်းခန့် မင်းကအခုမှရောက်တာလား?'
'မဟုတ်ပါဘူး ငါ မင်းတို့ဘွဲ့ယူနေကတည်းကရောက်တာ။ ပြီးတဲ့အထိထိုင်ကြည့်ပါတယ်ဟ'
'အေးပါ သက်နွယ် ဂနိုင်ကဘယ်သွားတာလဲ?'
'သူလား အစိုးကိုသွားခေါ်တယ်လေ'
'အစိုး?' 'အစိုး?' ခက်နဲ့မင်းခန့်ပြိုင်တူမေးကြတော့
'ဟုတ်တယ်လေ။ စိုးစံနိုင်တဲ့ ငါတို့နဲ့ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်း။ သူလည်း ဒီကိုရောက်နေတာလေ ငါတို့ဆီလာတာပေါ့၊ ရောက်တာနဲ့တန်းမ၀င်ခဲ့ဘူး အဲ့ကောင်က ရောက်ကတဲကကျောင်းကိုပတ်ကြည့်အုံးမယ်ဆိုပြီးထွက်သွားတာ
ခုထိပေါ်မလာလို့ အနိုင်ကသွားခေါ်နေတာ'
'သြော်'
'ဟော သူတို့လာကြပြီ။ ငါနင်တို့နဲ့မိတ်ဆက်ပေးမယ်'
မင်းခန့် သက်နွယ်ပြောတဲ့နေရာကိုကြည့်လိုက်တော့ စောစောက သူနဲ့ဟိုဒင်းဖြစ်မိတဲ့တစ်ယောက်။
(ငါပြောတဲ့ဟိုဒင်းက နှုတ်ခမ်းဂဟေဆက်တာကိုပြောတာ၊ မင်းတို့အတွေးတွေပြန်ရုတ်သိမ်းလိုက်ကြ :') *)
'အနိုင် အစိုး ငါတို့ဒီမှာ' သက်နွယ်လက်ကိုဝေ့ရမ်းကာ အော်ပြောလိုက်တော့ သူတို့ဆီကိုလျှောက်လာကြလေသည်။ မင်းခန့်တို့အနားရောက်တော့ မင်းခန့်ကိုတွေ့သွားကာ
'ဟင် ခများ စပ်စလူးကောင်!'
'ဟင် မင်း အကန်းကောင်!'
ပြိုင်တူထွက်သွားလေသည်။ ကြားထဲက ခက်တို့ကတော့ ဘာမှမသိရှာ။ ပြီးမှသက်နွယ်က
'နင်တို့ကသိနေကြတာလား?'
'မဟုတ်ပါဘူး! ' 'မဟုတ်ပါဘူး! '
ပြိုင်တူထွက်ကြပြန်လေသည်။ သက်နွယ်က
'အေးပါ မဟုတ်ဘူးဆိုတော့လဲ မဟုတ်ဘူးပေါ့ ဘာလို့ဇွတ်တွေငြင်းနေကြတာတုန်း အဟဲ'
ထိုအခါမှ အစိုးဆိုသူက
'သက်နွယ် နင့်ရယ်သံကြီးက ကြောက်စရာကောင်းလိုက်တာ။ မိန်းကလေးဖြစ်နေပြီးတော့'
'ဟဲ့အကောင် နင်ကငါ့ကိုတွေ့တာနဲ့ ဖဲ့ဖို့ပဲသိတယ်၊ လာ ငါမိတ်ဆက်ပေးမယ် သူကခက်ထန်တဲ့ ငါတို့နဲ့ majorတူတူပဲ 1st yearကတဲကပေါင်းလာကြတာ သူကတော့မင်းခန့် ဆေးကျောင်းက၊ ခက် မင်းခန့် ဒါက စိုးစံနိုင်တဲ့ မန္တလေးတက္ကသိုလ်ကပဲ။ ငါနင်တို့ကိုပြောဖူးတယ်လေ ငါရယ် အနိုင်ရယ် အစိုးရယ်က ငယ်သူငယ်ချင်းတွေဆိုတာ'
'သြော် အစိုး အစိုးနဲ့ခေါ်နေလို့ မိန်းကလေးထင်နေတာ တွေ့ရတာ၀မ်းသာပါတယ်ဗျ ကျနော်ကခက်ထန်ပါ'
'ဟုတ်ကဲ့' မင်းခန့်ကတော့ မသိသလိုနေလေသည်။မိတ်ဆက်ပြီးတာနဲ့ သက်နွယ်က
'ခက် ငါတို့ group photoရိုက်ရအောင်လေ လာအစိုး လာမင်းခန့်'
'အဲ့ဒီသက်နွယ်ဟာလေ အားရင် selfieဆွဲဖို့ပဲတွေးနေတာပဲ တော်ပြီ ငါမရိုက်ချင်ဘူး' ဟု မင်းခန့်ကပြောတော့
'လာပါဟယ် နင်ကလည်း နောက်ဆိုငါတို့က အလုပ်၀င်ကြတော့မှာဆိုတော့ တွေ့ဖို့ခက်ခဲသွားပြီလေ၊ လာပါဆို အစိုးလာခဲ့' သက်နွယ်ဇွတ်ခေါ်တာနဲ့ မင်းခန့်ရော စိုးစံနိုင်ရော ပါလာလေသည်။ ထို့နောက်မှာတော့ ဓါတ်ပုံတွေရိုက် ဟာသတွေလုပ်ကြပြီး စိုးစံနိုင်နဲ့ ခက်တို့လည်း ရင်းနှီးသွားကြသည်။ မင်းခန့်နဲ့ကတော့ တကျက်ကျက်ပေါ့။ ခက်စိတ်ထဲမှာတော့ မင်းခန့်နဲ့ အစိုးကို သံသယ၀င်နေလေသည်။
'အဲ့နှစ်ယောက်က တစ်ခုခုတော့တစ်ခုခုပဲ စိုးစံနိုင်က မင်းခန့်ကိုဖဲ့လို့ မင်းခန့်က သူ့နားနားကပ်ပြီး တစ်ခုခုပြောလိုက်ရင် နားဖျားတွေနီရဲသွားပြီး ပါးစပ်ပေါက်တန်းပိတ်သွားတာ'
ခက်ကသူထင်နေတာကို သက်နွယ်တို့ကို တိုးတိုးလေးပြောပြတော့ သက်နွယ်တို့ကလည်း
'ဟုတ်တယ်ဟ ငါလဲသတိထားမိတယ် ငါလေ ငယ်ငယ်လေးကတဲက အစိုးနားရွက်ဖျားတွေနီရဲလာတဲ့အထိရှက်တာကို တစ်ခါမှမမြင်ဖူးသေးဘူး၊ အနိုင် နင်ရောဘယ်လိုထင်လဲ?'
'ငါ့အထင်ပြောရရင် သူတို့ ၂ယောက်ညားတော့မှာ'
'အနိုင် နင့်ကိုမေးလိုက်ရင်အဲ့လိုကြည့်ပဲ ခက်နဲ့ စစ်တို့တုန်းကလည်း...' သက်နွယ် ပြောမယ်ပြင်ပြီးကာမှ ခက်ကိုသတိရလို့ လှမ်းကြည့်လိုက်လေသည်။
ခက်ပြုံးပြလိုက်ကာ
'ငါဘာမှမဖြစ်ပါဘူးဟ ပြောစရာရှိတာဆက်ပြောပါ'
'ဘာမှပြောစရာမရှိပါဘူး လာ ငါတို့ပြန်ကြရအောင်လေ။ ဒီနေ့ ငါ့အိမ်မှာ hotpotလုပ်စားကြမယ်။
ခက်အမေကိုလဲ ပြောပြီးသွားပြီ။ မိတ်ကပ်တွေဖျက် ဘွဲ့၀တ်စုံတွေအပ်ပြီးတာနဲ့ ငါတို့သူငယ်ချင်းတွေ စျေး၀ယ်ထွက်ကြတာပေါ့ နော်' ဂနိုင်ကလည်း
'ဟုတ်တယ် လာငါတို့သွားကြမယ်။ ဟိုနှစ်ယောက်
၂ယောက်တစ်ကမ္ဘာတည်မနေကြနဲ့ သွားမယ်။
ဘယ့်နှယ် သူများဘွဲ့ယူတဲ့နေရာထိလာပြီး ချစ်ကြည်နူးတစ်တီတူးနေကြတာ မြင်ပြင်းကပ်လာပြီ'
ဂနိုင်ကပြောတော့ အစိုးရဲ့ နားရွက်ဖျားတွေက ရဲသထက်ရဲလာကာ
'ဘ..ဘာကို ချစ်..ချစ်ကြည်နူး တစ်တီတူးလဲ? ငါ..ငါနဲ့ သူနဲ့ကဘာမှမဆိုင်ဘူး' ဟုဆိုတော့ သက်နွယ်ကပါ
'အေးပါ မဆိုင်ဘူးဆိုတော့လည်း မဆိုင်ဘူးပေါ့။ ငါတို့ကလဲဘာမှမပြောရပါဘူးဟဲ့ ဘာလို့စကားတွေထစ်ပြီး ရှက်နေတာလဲ? ပေါင်းလာတဲ့တစ်လျှောက်လုံး နင်နားရွက်တွေနီတဲ့အထိရှက်တာကိုတွေ့ရတာ ဒါပထမဆုံးပဲ။ အရင်တုန်းကနင့်crushနဲ့စကားပြောရင်တောင်အဲ့လိုမဟုတ်ပါဘူး' မင်းခန့်ကကြိတ်ရယ်နေသဖြင့် မင်းခန့်ကိုမျက်စောင်းထိုးလိုက်ကာ
'ငါကဘာကိုရှက်ရမှာလဲ ရှက်စရာအကြောင်းကိုမရှိဘူး' ဟုဆိုလေသည်။
'သေချာလား?' မင်းခန့် စိုးစံနိုင်နားနားလေးကပ်ခါ တိုးတိုးလေးမေးတော့ ပါးလေးတွေပါနီရဲလာလေသည်။ သက်နွယ်က
'ကဲကဲ သွားကြမယ် လာခဲ့ကြ အချစ်စမ်းမနေကြနဲ့' ဟုဆိုကာ ရှေ့ဆုံးကထွက်သွားလေသည်။
To be continued.....
'စစ္...ငါ...ငါ' ခက္စိတ္ကိုတင္းထားကာ မ်က္စိစုံမွိတ္ၿပီးေအာ္လိုက္သည္။
'ငါ မေတာင္းပန္ႏိုင္ဘူး!'
'ဘာေျပာလိုက္တယ္ မေတာင္းပန္ဘူး ဟုတ္လား'
'ဟုတ္တယ္စစ္ ငါ့အမွားတစ္ခုမွမရွိတာ။ ငါကဘာကိုေတာင္းပန္ရမွာလဲ' ခက္စကားေၾကာင့္ စစ္စိတ္တိုလာကာ
'မင္းက ဟန္နီ႔ကိုခ်ဴစားတယ္လို႔ေျပာေနတာကေရာ? အဲ့ဒါအမွားမဟုတ္ဘူးလား?'
'ငါ ဘယ္တုန္းက...' ခက္စကားမဆုံးခင္မွာပင္
Advertisement
'ေတာ္ပါေတာ့ ကိုကိုရယ္ ခက္မေတာင္းပန္လဲ ဟန္နီကခြင့္လႊတ္ၿပီးသားပါ။ ကိုကိုတို႔သူငယ္ခ်င္းေတြ ရန္မျဖစ္ၾကနဲ႔ေတာ့ေနာ္' ဟန္နီႏိုင္က ၾကားျဖတ္ၿပီး မ်က္ရည္ခံထိုးေလသည္။ ထိုအခါမွ
'ခက္ မင္းကတကယ္ေအာက္တန္းက်တဲ့ေကာင္ပဲ။ အျပစ္လုပ္ထားၿပီးမေတာင္းပန္တတ္ဘူး မင္းကိုငါ
ဒီေန႔ကစၿပီး သူငယ္ခ်င္းအျဖစ္က စြန္႔လႊတ္လိုက္ၿပီ'
ဟုေျပာကာ ကားကိုေမာင္းၿပီးထြက္သြားေလသည္။ စစ္ထြက္သြားေတာ့မွ
'ဘယ္လိုလဲ ခက္? ကိုကိုက နင့္ကိုေတာင္ ေခၚမသြားေတာ့ဘူးေနာ္။ နင္အိမ္ကိုဘယ္လိုျပန္မွာလဲ?'
'ငါဘယ္လိုျပန္ျပန္မင္းကိစၥမဟုတ္ပါဘူး။ အခုမင္းေက်နပ္ၿပီမလား။ စစ္ကငါ့ကိုမုန္းသြားေအာင္လုပ္ရလို႔ မင္းေက်နပ္သြားၿပီမလား?'
'ကိုကိုကနင့္ကိုမုန္းေအာင္ နင္ကိုယ္တိုင္ပဲလုပ္တာေလ။ ငါေတာင္းပန္ခိုင္းကတည္းက စကားနားေထာင္ခဲ့ရမွာ'
'ငါမမွားတဲ့ကိစၥတစ္ခုကို ဘာလို႔ေတာင္းပန္ရမွာလဲ။ အခုမင္းျဖစ္ေစခ်င္သလို ျဖစ္သြားၿပီမလို႔ ငါ့ကိုဆက္ၿပီးမေႏွာက္ယွက္ပါနဲ႔ေတာ့ မင္းနဲ႔ စစ္ၾကားထဲမွာလဲ ငါ၀င္မပါဘူး။' ခက္ေျပာရင္း ထြက္လာလိုက္သည္။ နာရီကိုၾကည့္မိေတာ့ ၃နာရီ ၄၅မိနစ္။
(အဲ့ေလာက္ေတာင္ၾကာသြားတာလား? ငါအိမ္ကိုအခ်ိန္မွီျပန္ေရာက္မွရမယ္ ငါခြဲစိတ္ရမွျဖစ္မွာ*) သို႔ေသာ္လည္း စစ္ေၾကာင့္ ဆိုင္ကယ္က Bar မွာက်န္ေနခဲ့သည္ေလ။ ခက္ မင္းခန္႔ဆီဖုန္းဆက္ေသာ္လည္း ဖုန္းကမ၀င္။ ေလယာဥ္ခ်ိန္မမွီရင္ ဘယ္လိုလုပ္မလဲ ေတြးေနရင္းနဲ႔ စိုးရိမ္စိတ္က
ေဆာင့္တက္လာကာ ေမေမ့ဆီကိုဖုန္းေခၚၾကည့္လိုက္သည္။
'Hello သား အခုဘယ္မွာလဲ ေလယာဥ္ခ်ိန္နီးေနၿပီ ေမေမဖုန္းေခၚေနတာလဲမကိုင္ဘူး သားအခုဘယ္မွာလဲ' ေမေမေျပာမွၾကည့္မိေတာ့ silentလုပ္ထားတဲ့ဖုန္းမွာ miss calledမ်ားစြာေတြ႕ရသည္။ ေစာေစာက သူေလာေနလို႔ miss calledေတြကိုမျမင္ခဲ့တာပဲ။
'သား အခု ....မွာေမေမ သားကိုလာေခၚေပးလို႔ရလားဟင္? သားဆိုင္ကယ္က သူငယ္ခ်င္းတစ္ေယာက္အိမ္မွာက်န္ေနခဲ့လို႔'
'သားက စစ္ဆီကိုသြားတာမဟုတ္ဘူးလား? ဘာပဲျဖစ္ျဖစ္ပါ ေမေမလာေခၚမယ္ေနာ္' ဟုဆိုကာ ဖုန္းခ်သြားေလသည္။ တကယ္တမ္းေမေမနဲ႔ေဖေဖေရာက္လာျပန္ေတာ့လည္း ေလယာဥ္ခ်ိန္ကမမွီေတာ့ ။ တံတားဦးေလဆိပ္ကို ၂နာရီနီးပါး ကားေမာင္းရ သည္။ စစ္ေၾကာင့္ အိမ္ကထြက္တဲ့အခ်ိန္ေနာက္က်သြားကာ ေလဆိပ္ကိုေရာက္ေတာ့ ေလယာဥ္ကထြက္သြားၿပီ။
'ေမ..ေမေမ သားက ဒီႏွစ္လည္း မခြဲစိတ္ျဖစ္ေတာ့ဘူးေပါ့ေနာ္'
'ခြဲစိတ္ျဖစ္ပါတယ္ သားရယ္ ။ အေဖႀကီး ဆရာ၀န္ေတြကို ေနာက္တစ္ပတ္ထဲ ထပ္ခ်ိန္းလို႔မရေတာ့ဘူးလား'
'မရေလာက္ေတာ့ဘူး ဆရာက အလုပ္အရမ္းမ်ားတယ္။ အခုေတာင္ အခ်ိန္မနည္းလုထားတာ။ ၿပီးေတာ့ အရင္တစ္ခါကလည္း ရက္ကိုေနာက္ေ႐ႊ႕ထားဖူးေတာ့ အခုတစ္ခါပါ ရက္ထပ္ေ႐ႊ႕လိုက္ရင္ မေကာင္းေတာ့ဘူးေလ' ဦးဥကၠာစကားေၾကာင့္
'ရပါတယ္ ဒီႏွစ္မဟုတ္လဲ ေနာက္ႏွစ္ေပါ့။ သားဘာမွစိတ္ဓါတ္မက်နဲ႔ေနာ္။ ေမေမတို႔က ေသခ်ာေပါက္ ခြဲစိတ္ျဖစ္ေအာင္လုပ္ေပးမယ္' ထို႔ေနာက္မွာေတာ့ သားအဖသုံးေယာက္ ေလဆိပ္ကေနျပန္ထြက္လာၾကေလသည္။ ထိုေန႔ကစၿပီး စစ္နဲ႔ခက္လည္း အဆက္သြယ္လုံးလုံးျပတ္သြားတာ ခက္တို႔ဘြဲ႕ယူတဲ့ေန႔အထိ။ သူစစ္ကို ဖုန္းဆက္ေသာ္လည္း စစ္က ဖုန္းခ်ပစ္သည္သာ။ အိမ္လိုက္သြားရေအာင္လည္း ေပါင္းလာတာၾကာသည့္တိုင္ စစ္ကအိမ္တစ္ခါမွမေခၚဖူးေတာ့ စစ္အိမ္ကိုမသိ။ စစ္ကိုေတြ႕ခ်င္သျဖင့္ စစ္နဲ႔ေတြ႕ႏိုင္မယ့္ေနရာေလးေတြက ေစာင့္ေနေသာ္လည္း သူ႔ကိုျမင္တိုင္း မ်က္ႏွာလႊဲကာ မသိခ်င္ေယာင္ေဆာင္ေနတတ္တဲ့စစ္ေၾကာင့္ ဘာစကားမွေျပာခြင့္မရွိခဲ့။ ၾကားႏွစ္ေတြထဲမွာလဲ ခက္တစ္ေယာက္ခြဲစိတ္မယ္လုပ္တိုင္း အဖ်က္ေတြကတစ္ခုမဟုတ္တစ္ခု
၀င္၀င္လာေလသည္။ ခြဲစိတ္မယ့္ေန႔ေရာက္တိုင္း ခက္အေဖရဲ႕ companyက အေရးႀကီးကိစၥေတြေပၚလာလိုက္၊ ခက္အေမက မူးလဲလို႔ေဆး႐ုံတင္လိုက္ရနဲ႔ ေက်ာင္းၿပီးလို႔ ဘြဲ႕ယူတဲ့အခ်ိန္ထိ ခက္မွာမခြဲစိတ္ျဖစ္ေတာ့။
2015 February Convocation Day
Mandalay University
ဘာလိုလိုနဲ႔ ခက္တို႔ေတာင္ ဘြဲ႕ယူတဲ့ေန႔ကိုေရာက္လာၿပီ။ စစ္နဲ႔အဆက္သြယ္မရေပမယ့္ သူတို႔အေၾကာင္းေတြေတာ့ ၾကားေနရပါသည္။ စစ္ကသူ႔ေကာင္မေလးကို ဘယ္ေလာက္အလိုလိုက္ေၾကာင္း၊ companyမွာ MDတစ္ေယာက္ျဖစ္သြားေၾကာင္းေတြေပါ့။ ဘြဲ႕ယူေလးေတာ့ စစ္ကို လာေစခ်င္သည္မို႔ ဖုန္းဆက္ေသာ္လည္း မကိုင္။ အခုခက္တို႔က ဘြဲ႕ယူရမွာမလို႔ မႏၲေလးတကၠသိုလ္ကိုေရာက္ေနၾကသည္။
မျဖစ္ႏိုင္ေပမယ့္စစ္ဆီက ဂုဏ္ျပဳစကားေလးတစ္ခြန္းေလာက္ေတာ့ၾကားခ်င္မိသည္။ မင္းခန္႔ကေတာ့ သူေရာလာမယ္ဆိုသျဖင့္ ဧည့္လက္မွတ္တစ္ေဆာင္ပို၀ယ္ေပးထားရသည္။ ခက္တို႔ေရာက္ေတာ့ သက္ႏြယ္တို႔ အႏိုင္တို႔ကေရာက္ႏွင့္ေနၾကသည္။ မင္းခန္႔ကိုေတာ့မျမင္ရေသး။ သက္ႏြယ္တို႔ကေတာ့ ေရာက္ေရာက္ခ်င္း selfie ဆြဲေနၾကတယ္။ ခက္တို႔လည္း မိသားစု
ဓါတ္ပုံေလးဘာေလး႐ိုက္ၾကတာေပါ့။ ထို႔ေနာက္မွာေတာ့ ဘြဲ႕ယူမယ့္သူေတြကို ခန္းမထဲ၀င္ဖို႔ေခၚသံၾကားတာနဲ႔ မင္းခန္႔ကိုေစာင့္မေနၾကေတာ့ပဲ ခန္းမထဲကို
အရင္၀င္လာခဲ့ၾကသည္။
ခက္တို႔၀င္သြားၿပီးအတန္ၾကာေတာ့ မင္းခန္႔အေျပးအလႊားေရာက္လာေလသည္။ ခန္းမဆီသို႔ ေရာက္ခ်င္ေဇာကမ်ားေနကာ ေရွ႕ကလူကိုေတာင္မျမင္ပဲ၀င္တိုက္မိသျဖင့္ ၂ေယာက္သား လုံးေထြးကာ ေျမျပင္ေပၚသို႔က်သြားၿပီး ႏႈတ္ခမ္းခ်င္း ဂေဟဆက္ၾကေလေတာ့သည္။ ႏွစ္ေယာက္သားေၾကာင္ေနၿပီးမွ သတိ၀င္လာၿပီး ကုန္း႐ုန္းထၾကေလသည္။ မင္းခန္႔က
'က်စ္ သြားပါၿပီကြာ ငါေတာ့ ရႈိးပဲ့ပါၿပီ။ မင္းက လူတစ္ေယာက္လုံးေျပးလာတာကိုေတာင္မျမင္ဘူးလား?'
'ဟ ၀င္တိုက္တာကခမ်ားေလ။ ဘာလို႔လူကိုလာေျပာေနတာတုန္း'
'ငါကမျမင္လို႔၀င္တိုက္မိလဲ မင္းကေတာ့ေရွာင္သင့္တယ္ေလ အခုမင္းကမေရွာင္ေတာ့ ပိုဆိုးၿပီေပါ့ မင္းမွာမ်က္လုံးမပါဘူးလား ဟမ္?' မင္းခန္႔ကေအာ္ေလေတာ့
'ဒီမွာ မွားတာကခမ်ားေနာ္။ ၿပီးေတာ့လူကိုလဲမ်က္လုံးမပါဘူးလားေလးဘာေလးနဲ႔ မ်က္လုံးပါတယ္ဗ် မကန္းလို႔၀င္တိုက္မိတာ'
'အင္..' တစ္ဖက္ကလူအေျပာေၾကာင့္ မင္းခန္႔ေၾကာင္သြားကာ
'မင္းစကားႀကီးက..'
'ဟုတ္တယ္ေလ။ ကန္းေနရင္ ကိုယ့္လမ္းကိုပဲအာ႐ုံစိုက္မွာေပါ့။ အခုဟာက မကန္းလို႔ မ်က္လုံးျမင္ေနရလို႔ မ်က္စိအစာေကြၽးရင္းနဲ႔ ခမ်ားကိုေျပးလာတာကိုမျမင္ျဖစ္သြားတာ။ ၿပီးေတာ့ က်ေနာ့မ်က္လုံးကလည္း မိန္းကေလးသီးသန္႔ပဲျမင္ရတာေလ'
(ေအာ္ အင္း ငါပဲမွားပါတယ္ကြာ*)
'ထားေတာ့ မင္းနဲ႔စကားဆက္မေျပာခ်င္ေတာ့ဘူး။ တစ္ခုပဲေျဖေပး ဘြဲ႕ယူတဲ့ခန္းမက ဘယ္ဘက္မွာလဲ?'
'ခမ်ားကဘြဲ႕လာယူတာလား? ေနာက္က်လိုက္တာ ဟိုမွာ တျခားလူေတြေတာင္ ခန္းမထဲ၀င္သြားၿပီ'
'ငါ့သူငယ္ခ်င္းဘြဲ႕ယူတာမလို႔ သူ႔ဆီလာတာ ကဲေျပာပါ ဘယ္နားမွာလဲ'
'ဟိုး ဘက္မွာေတြ႕လား လူစုစု စုစုနဲ႔ ရပ္ေနၾကတယ္၊ အဲ့ေနရာပဲ'
'အိုေခ ေက်းဇူးပဲ' ေျပာလိုက္ၿပီး ခန္းမရွိရာေျပးလာခဲ့လိုက္သည္။ ဟိုေရာက္ေတာ့ ခက္တို႔က ဘြဲ႕ေတာင္ယူေနၿပီ။ အခန္းအနားၿပီးဆုံးေၾကာင္း ေၾကညာၿပီးေနာက္မွာေတာ့ ခက္တို႔လည္း အျပင္ကိုထြက္လာၾကသည္။ အျပင္ေရာက္ေတာ့မင္းခန္႔ကိုေတြ႕သျဖင့္
'မင္းခန္႔ မင္းကအခုမွေရာက္တာလား?'
'မဟုတ္ပါဘူး ငါ မင္းတို႔ဘြဲ႕ယူေနကတည္းကေရာက္တာ။ ၿပီးတဲ့အထိထိုင္ၾကည့္ပါတယ္ဟ'
'ေအးပါ သက္ႏြယ္ ဂႏိုင္ကဘယ္သြားတာလဲ?'
'သူလား အစိုးကိုသြားေခၚတယ္ေလ'
'အစိုး?' 'အစိုး?' ခက္နဲ႔မင္းခန္႔ၿပိဳင္တူေမးၾကေတာ့
'ဟုတ္တယ္ေလ။ စိုးစံႏိုင္တဲ့ ငါတို႔နဲ႔ငယ္ငယ္ကတည္းကေပါင္းလာတဲ့သူငယ္ခ်င္း။ သူလည္း ဒီကိုေရာက္ေနတာေလ ငါတို႔ဆီလာတာေပါ့၊ ေရာက္တာနဲ႔တန္းမ၀င္ခဲ့ဘူး အဲ့ေကာင္က ေရာက္ကတဲကေက်ာင္းကိုပတ္ၾကည့္အုံးမယ္ဆိုၿပီးထြက္သြားတာ
ခုထိေပၚမလာလို႔ အႏိုင္ကသြားေခၚေနတာ'
'ေၾသာ္'
'ေဟာ သူတို႔လာၾကၿပီ။ ငါနင္တို႔နဲ႔မိတ္ဆက္ေပးမယ္'
မင္းခန္႔ သက္ႏြယ္ေျပာတဲ့ေနရာကိုၾကည့္လိုက္ေတာ့ ေစာေစာက သူနဲ႔ဟိုဒင္းျဖစ္မိတဲ့တစ္ေယာက္။
(ငါေျပာတဲ့ဟိုဒင္းက ႏႈတ္ခမ္းဂေဟဆက္တာကိုေျပာတာ၊ မင္းတို႔အေတြးေတြျပန္႐ုတ္သိမ္းလိုက္ၾက :') *)
'အႏိုင္ အစိုး ငါတို႔ဒီမွာ' သက္ႏြယ္လက္ကိုေဝ့ရမ္းကာ ေအာ္ေျပာလိုက္ေတာ့ သူတို႔ဆီကိုေလွ်ာက္လာၾကေလသည္။ မင္းခန္႔တို႔အနားေရာက္ေတာ့ မင္းခန္႔ကိုေတြ႕သြားကာ
'ဟင္ ခမ်ား စပ္စလူးေကာင္!'
'ဟင္ မင္း အကန္းေကာင္!'
Advertisement
- In Serial22 Chapters
Analyze, Create, Control In Another World
Ryo a third year high school student die in a fire trying to save his friend to find himself reincarnated in another world and watch his new parents die in front of his eyes protecting him from a greedy noble after his skils Analyze, Create, Control. After getting adopted by a blacksmith in a small unique village he decide to protect the village using his skills.
8 219 - In Serial31 Chapters
My RPG System
My name is Aug and I died... However, I reincarnated into another world where people with immense power like those from wuxia novels and RPG's existed. I soon found myself with my own system the world has never seen before. I shall rise and overcome everything to become the strongest!
8 268 - In Serial8 Chapters
I should have been the Hero instead
William Valenston had a happy life untill a new demonlord appeared.With the constant threat of the vile creatures he must quickly become a man and defend his Race from the approaching disaster. the synopsis and title will probably change later on And I think it gets better after arc 1 ch 3 The real story won't begin untill the heroes are summoned so you may feel a little bored while Im building the world and te mc' s personality. I wanted to state that this novel will start with a lighter tune but then get dark real fast. For the sexual content: it wont happen untill much longer. And when it happens it wont be overly explicit. Gore and traumatising content: It wont be at the level of nauseous but it may be too so just to be safe. This is my first try on writing novels so I welcome all of your criticism either good or bad. And lastly english isn't my native tounge so expect some grammer mistakes.But I will work on that part I promise.
8 199 - In Serial21 Chapters
3 Hearts
With three hearts in one body, in a world that is inhabited by beings that are trying to kill me. How did I Civitas end up like this, although I was born completely normal... or was I? [NOTE: Ok since I am not able to bring my depressed ass to writing regularly, chapters come when they come. I can't guarantee anything, but I'll try to make chapters more frequent. Btw. In my opinion, my writing gets better after like chapter 6, so I recommend reading at least this far.]
8 95 - In Serial108 Chapters
Liberum Book One: Waste Deep
On the planet of Liberum lies the super-massive city of Boris-Valka. Founded and governed by a body of corporate power houses for the last four hundred years, a much older and darker power lies deep within it's sewer system. Teams of sewer maintenance workers nicknamed waste-walkers remove massive fat-burgs and swarms of invasive insects larger than any found on Earth. Most are convicts, rejects, and the occasional suicidal volunteer. A chance encounter hurls Harvel Gillis and his adoptive sister Dibbuk Valez into a centuries old mystery that will change the meaning of existence itself. I'll be updating every other Friday with a new chapter.
8 111 - In Serial6 Chapters
What if? Ayanokouji of Class C
I'll try and make ayanokouji act like he does in LN and will change a bit of the story such as the manabu confrontation and sudo case and all because he in class c.
8 132

