《Let Me Start Again [Completed]》LMSA 15
Advertisement
..
6:00AM
ခက်တစ်ယောက်အိပ်လို့ကောင်းနေတုန်းမှာ ဖုန်းသံကနှောင့်ယှက်လေသည်။ မကိုင်မချင်းဆက်မြည်နေတာမို့ ခက်အိပ်ချင်မူးတူးနှင့် ဖုန်းနံပါတ်ကိုမကြည့်မိဘဲကိုင်လိုက်သည်။
'Hello' အိပ်ချင်မူးတူးအသံလေးနှင့်ထူးနေသောခက်အား တစ်ဖက်မှကြိတ်ရယ်နေလေသည်။ ဖုန်းခေါ်ပြီးဘာမှမပြောသဖြင့် ခက်ကပဲ
'Hello ဖုန်းခေါ်ထားပြီးတော့ ဘာလို့ဘာမှမပြောတာလဲ? ခွေးတောင်မှအစာစားနေတဲ့အချိန်နဲ့အိပ်နေတဲ့အချိန်ကိုမနှောင့်ယှက်ရဘူးဆိုတာမသိဘူးလား? အခုခများဘက်ကခေါ်နေတာလူနော်။ ဖုန်းခေါ်ပြီးရင်လည်းစကားလေးဘာလေးပြော။ အိပ်ကောင်းနေပြီဆို အနှောက်ကပေါ်လာပြီ' ခက်ဘက်ကရန်တွေ့တော့မှ ထွက်လာတဲ့အသံက
'Happy birthdayခက်'
'ဟင် စစ်လား?'
'ဟုတ်ပါ့ဗျာ ဘာလဲမင်းကမတွေ့တာကြာတော့ ငါ့အသံကိုတောင်မမှတ်မိတော့ဘူးလား'
'မဟုတ်ပါဘူးစစ်ရ ငါကမင်းငါ့မွေးနေ့ကိုသတိမရလောက်ဘူးထင်နေတာ '
'ဘာလို့သတိမရ ရမှာလဲ? မင်းကငါ့အချစ်ဆုံးသူငယ်ချင်းလေးပဲကို'
(မင်းဘက်က သူငယ်ချင်းဆိုပေမယ့် ငါ့ဘက်ကတော့ သူငယ်ချင်းဆိုတဲ့စည်းကို ကျော်မိနေတာကြာပြီ စစ်*)
'အင်း ဟုတ်..ဟုတ်တာပေါ့ ငါကမင်းသူငယ်ချင်းပဲကို သတိရရမှာပေါ့'
'ဟားဟား မင်းသိရင်ပြီးတာပဲ။ မွေးနေ့ကစပြီးဘ၀တစ်လျှောက်လုံး မင်းချစ်တဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ပါစေ ခက်'
(ငါချစ်တဲ့သူက မင်းပဲလေစစ်ရယ်။ မဖြစ်သင့်မှန်းသိပေမယ့် မင်းဆုတောင်းပေးတာကိုတော့ ငါပြည့်ချင်တယ်စစ်*)
'ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကျေးဇူးပဲစစ်။ အာ..ဒါနဲ့ ငါတို့ဒီနေ့လျှောက်လည်ကြမှာ မင်းလိုက်ခဲ့ပါလားဟင်'
'မလိုက်ဖြစ်လောက်ဘူး ဒီနေ့ companyသွားရမှာလေ။ ဒါနဲ့ မင်းတို့သွားရင် ဘယ်သူတွေပါမှာလည်း?'
'ငါရယ် မင်းခန့်ရယ် ဂနိုင်ရယ် သက်နွယ်ရယ် ၄ယောက်။ အခုမင်းပါလိုက်မယ်ဆိုရင်တော့ ၅ယောက်ပေါ့။'
'ဂနိုင်ဆိုတာက သင်္ကြန်လည်တုန်းကပါတဲ့
တစ်ယောက်မလား?'
'အင်းလေ သက်နွယ်ရောပဲလေ ငါတို့တူတူတောင်လည်သေးတာကို ဘာလို့မေးတာလဲ'
'ဘာမှမဟုတ်ပါဘူး။ ဒါဖြင့်ရင် ငါလည်းလိုက်မယ်'
'ဟင်..မင်းပြောတော့ companyသွားရမှာဆို?'
'အာ..အဲ့ဒါက ငါ timetableမှားကြည့်မိတာ ဒီနေ့က offတယ်'
'အင်းပါ ဒါဆိုလည်း မနက်၉နာရီငါတို့ကျောင်းကိုအရောက်လာခဲ့လေ နော်'
'မင်းက ဘယ်သူလိုက်ပို့မှာလည်း'
'ငါ့ဖေဖေလိုက်ပို့မှာပေါ့စစ်ရဲ့'
'ဒါဆိုရင် ဒီနေ့တော့ လိုက်မပို့ခိုင်းနဲ့တော့ ၉နာရီကျ ငါလာခေါ်မယ်။ ပြန်ရင်လည်း ငါပဲပြန်လိုက်ပို့မယ် ဟုတ်ပြီလား' စစ်အပြောကြောင့် ခက်ပျော်သွားကာ
'ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆို ငါစောင့်နေမယ်နော်'
'အင်းပါ ဒါဆို bye'
'အင်းအင်း bye' စစ်ဖုန်းချသွားတော့ ခက်နာရီကိုကြည့်မိသည်။ 6:30AM
Wow..အဲ့လောက်တောင်ကြာသွားတာလား?
ဆက်အိပ်ချင်စိတ်မရှိတော့သဖြင့် ခက် viber groupထဲကို messageပို့ထားလိုက်သည်။
💬ဟိုကောင်တွေ မနက် ၉နာရီအရောက်ကျောင်းကိုလာနော်။ နောက်ကျတဲ့ကောင်ကို မစောင့်ဘူး💬
ခက်ရယ် သက်နွယ်ရယ် ဂနိုင်ရယ် သုံးယောက် သူငယ်ချင်းဖြစ်ကတည်းက viberမှာ group chatလေးဖွဲ့ထားကြတာ။ နောက်ပိုင်း သက်နွယ်တို့နဲ့ မင်းခန့်ပါခင်သွားတော့ ၄ယောက်groupဖြစ်သွားတာပေါ့။ ထို့နောက်တွင်တော့ ခက်တစ်ယောက် conversationတွေကိုပြန်ဖတ်နေမိသည်။ ပြီးတော့ အုပ်စုလိုက်ရိုက်ထားတဲ့ ပုံတွေကိုလည်း
ပြန်ကြည့်နေရင်းပေါ့။ သက်နွယ်တို့နဲ့ မနှစ်ကတည်းကသာပေါင်းလာတာ Imaging majorကိုယူချင်တာတစ်ခုကလွဲပြီး ကျန်တဲ့ ဝါသနာတွေကတော့မတူကြပေ။ ဥပမာ ဓါတ်ပုံရိုက်တာမျိုး။ ခက်ကသာ ဓါတ်ပုံရိုက်ဝါသနာမပါတာ ဂနိုင်ရော သက်နွယ်ရော မင်းခန့်ပါ ဓါတ်ပုံရိုက်ဝါသနာပါကြသည်လေ။ သင်္ကြန်တုန်းကလည်း
ဦးပိန်တံတားသွားတုန်းက မရိုက်ချင်ပါဘူးလို့ပြောနေတာတောင် group photoလေးတော့ရိုက်ရအောင်ပါဆိုပြီးဇွတ်ပြောလို့ ရိုက်ခဲ့ရတာ။ အဲ့ဒီပုံလေးကိုတော့ phone wallpaperထားဖြစ်တယ်။ ရှားရှားပါးပါးပုံလေးမလို့။ ခက်ရဲ့ဖုန်းထဲမှာ သီချင်းတွေရယ် cartoonပုံလေးတွေရယ် cartoonကားတွေရယ်ပဲရှိတယ်။
ဓါတ်ပုံရိုက်ဝါသနာမပါတဲ့သူဖြစ်လို့ သူ့ပုံတွေဆိုတာ လက်ချိုးရေလို့ရတယ်။ ဦးပိန်တံတားကပုံလေးအပါအ၀င်ပေါ့။ သို့ပေမယ့် သူ့ဖုန်းထဲမှာ စစ်ရဲ့ပုံလေးတွေကတော့အများကြီးရှိတာပေါ့။ စစ်ကသူ့ကို ပုစွန်အခွံနွှာပေးနေတဲ့ပုံလေးတွေတို့ ဟင်းရည်တိုက်နေတဲ့ပုံလေးတွေတို့။ စစ်တစ်ယောက်ထဲပုံတွေကအများဆုံး။ ဒါလေးတွေက သေချာပေါက်မင်းခန့်လက်ချက်ပေါ့လေ။ မင်းခန့်ကပဲ စစ် မသိအောင်ရိုက်ပေးထားတာ။ ဘယ်လောက်တောင်တွေးနေမိလဲမသိ နာရီကြည့်တော့ ၇နာရီခွဲနေပြီ။
'သေစမ်း ငါတော့နောက်ကျတော့မှာပဲ' ခက် ရေကိုမြန်မြန်ချိုးလိုက်တယ်။ စစ်လာခေါ်မှာဆိုတော့ သူ့ကိုမစောင့်စေချင်ဘူးလေ။ ကိုယ်ကအရင်အဆင်သင့်ဖြစ်နေမှတော်ကာကျမှာမလား။ ရေချိုးအ၀တ်စားလဲပြီး အဆင်သင့်ဖြစ်လို့နာရီကြည့်လိုက်တော့ ၈နာရီ၁၅မိနစ်။ ခက်လွယ်အိတ်ကိုယူကာအခန်းထဲကထွက်မည်အပြု
'အင်း ဒီနေ့တစ်နေကုန်အတန်းတက်မှာမှမဟုတ်တာ။ လွယ်အိတ်ကြီးကိုအလေးခံပြီးမယူတော့ရင်ကောင်းမလား? အဲ့လိုလဲမဖြစ်သေးဘူး လွယ်အိတ်မပါရင် အတန်းမတက်တာမေမေတို့သိမှာပေါ့' ကိုယ့်ဘာသာပြောနေရင်း မနေ့ကအချိန်စာရင်းတိုက်ပြီးထည့်ထားသမျှစာအုပ်တွေအကုန်ထုတ်လိုက်ကာ ပိုက်ဆံအိတ်ရယ် ဖုန်းအားသွင်းကြိုးရယ်ကိုပဲ လွယ်အိတ်ထဲထည့်လိုက်တော့တယ်။ ဖုန်းကတော့သူ့လက်ထဲကိုင်ထားတာပေါ့။
' ခက်ပြီးပြီလား?' တံခါးခေါက်သံနဲ့အတူ စစ်ရဲ့အသံပေါ်လာလေသည်။
'အင်း ပြီးပြီ ပြီးပြီ' ဟုဆိုကာ လူကထွက်မလာသေးသောခက်ပါလေ။
'ပြီးပြီလဲပြောသေးတယ် အခုထိထွက်မလာသေးဘူး။ ငါအောက်ကပဲစောင့်တော့မယ် မင်းဆင်းလာခဲ့တော့'
'အေးအေး' စစ်အိမ်အောက်ကိုရောက်တော့
ဒေါ်သဇင်က breakfastစားရန်ခေါ်လေသည်။
'သား လာလေ မုန့်စားပြီးမှသွားကြ'
'ရတယ်အန်တီ မစားတော့ဘူး။ ဒီနေ့ကခက်မွေးနေ့ဆိုတော့ သားကိုမနက်စာလိုက်ကျွေးမယ်ပြောထားလို့'
'ဟုတ်ပါပြီကွယ် ဟော ခက်လေးတောင်ဆင်းလာပြီ'
'မေမေ ဒီနေ့က သားမွေးနေ့ဆိုတော့ သူငယ်ချင်းတွေကိုမုန့်လိုက်၀ယ်ကျွေးချင်လို့ အဲ့ဒါ။ အတန်းကတော့တက်မှာပါ အတန်းမလစ်ပါဘူး။ သားကိုမုန့်ဖိုးပေးလိုက်အုံးနော် အဟီး' စာအုပ်ထည့်မထားမှန်းသိသာနေတဲ့လွယ်အိတ်ကိုလွယ်ပြီး သွားလေးဖြီးပြကာ အတန်းတက်မှာပါ နေ့လည်စာပဲ၀ယ်ကျွေးမှာဟုပြောနေသော ခက်ဟာ တစ်စက်ကလေးမှယုံချင်စရာမကောင်း။ လိမ်လဲမလိမ်တတ်ပဲနဲ့ ဒီဖြူလုံးကတော့။
'အေးပါသားရဲ့ ဒါဆို အံဆွဲထဲက လိုသလောက်ယူသွားလေ'
'ဟီး ဟုတ်ကဲ့မေမေ။ သားအတန်းတက်မှာသိလား'
'လာလေ ပြီးရင်သွားကြမယ်။ အန်တီသွားလိုက်ပါအုံးမယ်ခမျ' ခက်ကိုလက်ဆွဲခေါ်လာရင်း ခက်အမေကိုပါတစ်ခါထဲနှုတ်ဆက်လိုက်သည်။
'အေးအေးသား ဆိုင်ကယ်ကိုဖြေးဖြေးမောင်းသွားကြနော် '
'ဟုတ် သွားပြီနော်မေမေ'
နှစ်ယောက်သားဆိုင်ကယ်နဲ့ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးနှစ်ယောက်သား ဘာစကားမှမဆိုဖြစ်ကြ။ ခက်တို့အိမ်နဲ့ ကျောင်းနဲ့က နာရီ၀က်လောက်မောင်းရတာမလို့ ကျောင်းကိုရောက်လို့ အချိန်ကြည့်လိုက်တော့ ၉နာရီ၁၀မိနစ်။ ဂနိုင်တို့ကတော့ ဂုန်းဆင်းရမှာမလို့ စောစောရောက်နေကြတယ်။ ခါတိုင်းဆို တစ်ချိန်ပြီးမှကျောင်းရောက်လာတဲ့ကောင်တွေက။ ခက်တို့ကိုမြင်တာနဲ့ မင်းခန့်က
Advertisement
'ခက် မင်းကလဲ စောင့်ရတာကြာလိုက်တာ။ ငါတို့ကိုgroupထဲမှာ ပြောထားတုန်းကတော့ နောက်ကျရင်မစောင့်ဘူးဆိုပြီး အခုမင်းကိုပြန်စောင့်နေရတယ်'
'မင်းတို့ကအလကားစားချင်တဲ့သူတွေမလား အဲ့တော့ စောင့်ပေါ့။ မင်းဆို ကျောင်းတောင်မတက်နိုင်ပဲ ဒီထိလာပုံထောက်ရင် ဘယ်လောက်တောင်မှ စားချင်နေလဲမသိဘူးနော်။ ပြီးတော့ ငါကမင်းထက်အကြီးနော် ရိုရိုသေသေဆက်ဆံ' ဟုခက်ကဆိုတော့
'မင်းကလဲ ငါကငါ့သူငယ်ချင်းလေးမွေးနေ့မလို့တကူးတကကြီးလာရတာပါဟ။ ပြီးတော့ ငါ့ထက်တစ်လထဲကြီးတာများ'
'ကဲ မင်းတို့ပြောလို့ပြီးရင် သွားရအောင်လေ' ဟုစစ်၀င်ပြောမှ
'အေးသွားမယ်လေ ဂနိုင် သက်နွယ် သွားရအောင်'
'ဒါနဲ့ခက် ဘယ်သွားမှာလဲအခုက' သက်နွယ်ကမေးလေသည်။
'ဘုရားကြီးသွားမယ်၊ ပြီးရင် ကန်တော်ကြီးဘက်သွားမယ်' ဟု စစ်က၀င်ဖြေလေသည်။
(အမလေး ခက်မွေးနေ့လား သူ့မွေးနေ့လားမသဲကွဲဘူး*) သို့နှင့် စစ်ရဲ့အစီစဥ်အတိုင်း ဘုရားကြီးကို
အရင်သွားကြတယ်။ ဆိုင်ကယ်အပ်ပြီးတာနဲ့ စစ်က ဘုရားပန်း ၂စည်း၀ယ်လိုက်ပြီး ခက်ကိုတစ်စည်း သူတစ်စည်းယူကာ ဘုရားကိုလှူကြတယ်။ ရွှေသင်္ကန်းလဲကပ်ကြသေးတာပေါ့။ သက်နွယ်နဲ့ ဂနိုင်ကတော့ ဘုရားရှိခိုးရင်းကျန်နေခဲ့တယ်။ ပန်းလှူ ရွှေသင်္ကန်းကပ်ပြီးတာနဲ့ ပြန်ထွက်ခဲ့ကြပြီး ကန်တော်ကြီးဘက်ကိုရောက်လာကြတယ်။ သူတို့ရောက်တော့ ၁၁နာရီခွဲနေပြီ။ ဒါနဲ့ ကုက္ကိုလ်ကျွန်းမှာ နေ့လည်စာ၀င်စားကြတယ်။ ဒါကလဲ စစ်ရဲ့အစီစဥ်။
စစ်ရဲ့ထုံးစံအတိုင်းသူမစားသေးဘဲ ခက်ကိုအရင်ခွံ့ကျွေးနေတယ်။ ခက်စားလို့ပြီးမှ သူစားတာပေါ့။စစ်ကထမင်းစားနေတုန်း ခက်တို့က စကားပြောနေကြတယ်။ သက်နွယ်ကစပြီး
'မင်းခန့် ဘုရားကြီးမှာရိုက်ထားတဲ့ပုံတွေ ငါ့ကိုပို့ပေးအုံး'
'အေးပါ snapလေးတွေရောပို့ပေးလိုက်မယ်နော်'
'ဟဲ့ groupထဲကိုမပို့ပေးနဲ့နော်'ဟုပြောတော့
ဂနိုင်က
'မရပါဘူး groupထဲပဲပို့နော်မင်းခန့် ဒါမှငါတို့လည်း သက်နွယ်ပုံတွေကြည့်ပြီးခွီလို့ရမှာဟင်းဟင်း'
'မင်းတို့က viber groupဖွဲ့ထားကြတာလား?' စစ်ကခက်ကိုတိုးတိုးမေးလေသည်။
'ဟုတ်တယ်လေစစ်ရဲ့'
'ငါ့ကိုကျဘာလို့မထည့်တာလဲ'
'အစတုန်းက မင်းနဲ့သက်နွယ်တို့ကမရင်းနှီးသေးဘူးလေ။ အဲ့ဒါကြောင့် ငါကမင်းအနေခက်မှာစိုးလို့
မထည့်တာ'
'အခုခင်သွားပြီမလို့ ငါ့ကိုရော groupထဲထည့်ပေး။ မဖြစ်သေးပါဘူး ပေး မင်းဖုန်း ငါ့ဘာသာထည့်လိုက်မယ်' ပြောပြောဆိုဆိုနှင့် ခက်ရဲ့ဖုန်းကိုယူကာ သူ့ဘာသာ groupထဲထည့်လိုက်တော့သည်။
(တော်သေးတာပေါ့ သူနဲ့ငါ ၂ယောက်ထဲရဲ့ snapတွေကို မင်းခန့်က ငါ့ဆီသီးသန့်ပို့ထားလို့ groupထဲသာပို့ထားမိလို့ကတော့ မတွေးရဲစရာ*)
ထမင်းစားပြီးသိပ်မကြာ waiterလေးက မွေးနေ့ကိတ်ကြီးကိုယူလာတယ်။
'အကို မှာထားတာရပါပြီခမျ' ဟုဆိုတော့
'ညီလေး လူမှားနေပြီထင်တယ် အကိုမွေးနေ့ကိတ်
မမှာထားဘူး'
'ငါမှာထားတာ' စစ်ရဲ့အသံထွက်လာလေသည်။
'မင်းအတွက်မှာပေးထားတာ။ ညီလေး ဒီစားပွဲပေါ်တင်ပေးနော်' စစ်ရဲ့အပြောကြောင့် ခက်တစ်ယောက်တကယ်ပျော်ရပါသည်။ စစ်ကသူ့အတွက်သတိတရနဲ့မွေးနေ့ကိတ်မှာပေးထားတယ်မလား။
'ခက် လာလေ မွေးနေ့ကိတ်ခွဲရအောင်။ မင်းခန့်တို့ရောလာကြ'
'အင်းအင်း လာပြီ'
''''Happy birthday to you
Happy birthday to you
Happy birthday dear Khet Htan
Happy birthday to you''''
'ခက် မင်းဖြစ်ချင်တဲ့ဆုတောင်းပြီး ဖယောင်းတိုင်မှုတ်လိုက်တော့'
(ငါဖြစ်ချင်တာက မင်းနဲ့တစ်သက်လုံးနေသွားချင်တာ။ အဲ့လိုမနေရရင်တောင်မှ ဟန်နီနိုင့်လိုမင်းကိုကစားနေတဲ့သူထက် မင်းကိုတကယ်ချစ်တဲ့
မိန်းကလေးတစ်ယောက်နဲ့အတူတူရှိနေစေချင်တာ*)
''ဖူးးးး'' ဖယောင်းတိုင်တွေပြန်ဖယ်လိုက်ပြီး ကိတ်ခွဲကာ စစ်ကိုအရင်ဆုံးခွံ့ကျွေးလေသည်။ စစ်ကတော့ သူ့ကိုအရင်ကျွေးတာမလို့ ဂုဏ်ဆာနေတဲ့အပြုံးကြီးနဲ့။ ထို့နောက် မင်းခန့်၊ သက်နွယ်၊ ဂနိုင် အကုန်လုံးကိုခွံ့ကျွေးပြီးနောက်မှာတော့
'စစ် ငါ့အတွက်မွေးနေ့ကိတ်လုပ်ပေးလို့ကျေးဇူးတင်ပါတယ်'
'မလိုပါဘူး မင်းကငါ့အချစ်ဆုံးသူငယ်ချင်းပဲလေ။ ငါမင်းကိုလက်ဆောင်ပေးစရာရှိသေးတယ်'
'ဘာတွေများ လက်ဆောင်ပေးနေကြတာလဲ??'
To be continued.....
[Akhin's Note... ခက်ရဲ့ဖုန်းထဲမှာရှိတဲ့ cartoonကားဆိုတာကလေ cartoonကားကိုပြောတာပါနော် ဟိုcartoonကားမဟုတ်ပါဘူး။ ဟိုcartoonကားဆိုတာက ဟိုcartoonကားပါ။ ရှင်းကြရဲ့လားမသိဘူး 😝 ]
6:00AM
ခက္တစ္ေယာက္အိပ္လို႔ေကာင္းေနတုန္းမွာ ဖုန္းသံကေႏွာင့္ယွက္ေလသည္။ မကိုင္မခ်င္းဆက္ျမည္ေနတာမို႔ ခက္အိပ္ခ်င္မူးတူးႏွင့္ ဖုန္းနံပါတ္ကိုမၾကည့္မိဘဲကိုင္လိုက္သည္။
'Hello' အိပ္ခ်င္မူးတူးအသံေလးႏွင့္ထူးေနေသာခက္အား တစ္ဖက္မွႀကိတ္ရယ္ေနေလသည္။ ဖုန္းေခၚၿပီးဘာမွမေျပာသျဖင့္ ခက္ကပဲ
'Hello ဖုန္းေခၚထားၿပီးေတာ့ ဘာလို႔ဘာမွမေျပာတာလဲ? ေခြးေတာင္မွအစာစားေနတဲ့အခ်ိန္နဲ႔အိပ္ေနတဲ့အခ်ိန္ကိုမေႏွာင့္ယွက္ရဘူးဆိုတာမသိဘူးလား? အခုခမ်ားဘက္ကေခၚေနတာလူေနာ္။ ဖုန္းေခၚၿပီးရင္လည္းစကားေလးဘာေလးေျပာ။ အိပ္ေကာင္းေနၿပီဆို အေႏွာက္ကေပၚလာၿပီ' ခက္ဘက္ကရန္ေတြ႕ေတာ့မွ ထြက္လာတဲ့အသံက
'Happy birthdayခက္'
'ဟင္ စစ္လား?'
'ဟုတ္ပါ့ဗ်ာ ဘာလဲမင္းကမေတြ႕တာၾကာေတာ့ ငါ့အသံကိုေတာင္မမွတ္မိေတာ့ဘူးလား'
'မဟုတ္ပါဘူးစစ္ရ ငါကမင္းငါ့ေမြးေန႔ကိုသတိမရေလာက္ဘူးထင္ေနတာ '
'ဘာလို႔သတိမရ ရမွာလဲ? မင္းကငါ့အခ်စ္ဆုံးသူငယ္ခ်င္းေလးပဲကို'
(မင္းဘက္က သူငယ္ခ်င္းဆိုေပမယ့္ ငါ့ဘက္ကေတာ့ သူငယ္ခ်င္းဆိုတဲ့စည္းကို ေက်ာ္မိေနတာၾကာၿပီ စစ္*)
'အင္း ဟုတ္..ဟုတ္တာေပါ့ ငါကမင္းသူငယ္ခ်င္းပဲကို သတိရရမွာေပါ့'
'ဟားဟား မင္းသိရင္ၿပီးတာပဲ။ ေမြးေန႔ကစၿပီးဘ၀တစ္ေလွ်ာက္လုံး မင္းခ်စ္တဲ့သူေတြနဲ႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားႏိုင္ပါေစ ခက္'
(ငါခ်စ္တဲ့သူက မင္းပဲေလစစ္ရယ္။ မျဖစ္သင့္မွန္းသိေပမယ့္ မင္းဆုေတာင္းေပးတာကိုေတာ့ ငါျပည့္ခ်င္တယ္စစ္*)
'ေပးတဲ့ဆုနဲ႔ျပည့္ပါေစ ေက်းဇူးပဲစစ္။ အာ..ဒါနဲ႔ ငါတို႔ဒီေန႔ေလွ်ာက္လည္ၾကမွာ မင္းလိုက္ခဲ့ပါလားဟင္'
'မလိုက္ျဖစ္ေလာက္ဘူး ဒီေန႔ companyသြားရမွာေလ။ ဒါနဲ႔ မင္းတို႔သြားရင္ ဘယ္သူေတြပါမွာလည္း?'
'ငါရယ္ မင္းခန္႔ရယ္ ဂႏိုင္ရယ္ သက္ႏြယ္ရယ္ ၄ေယာက္။ အခုမင္းပါလိုက္မယ္ဆိုရင္ေတာ့ ၅ေယာက္ေပါ့။'
'ဂႏိုင္ဆိုတာက သၾကၤန္လည္တုန္းကပါတဲ့
တစ္ေယာက္မလား?'
'အင္းေလ သက္ႏြယ္ေရာပဲေလ ငါတို႔တူတူေတာင္လည္ေသးတာကို ဘာလို႔ေမးတာလဲ'
'ဘာမွမဟုတ္ပါဘူး။ ဒါျဖင့္ရင္ ငါလည္းလိုက္မယ္'
'ဟင္..မင္းေျပာေတာ့ companyသြားရမွာဆို?'
'အာ..အဲ့ဒါက ငါ timetableမွားၾကည့္မိတာ ဒီေန႔က offတယ္'
'အင္းပါ ဒါဆိုလည္း မနက္၉နာရီငါတို႔ေက်ာင္းကိုအေရာက္လာခဲ့ေလ ေနာ္'
Advertisement
'မင္းက ဘယ္သူလိုက္ပို႔မွာလည္း'
'ငါ့ေဖေဖလိုက္ပို႔မွာေပါ့စစ္ရဲ႕'
'ဒါဆိုရင္ ဒီေန႔ေတာ့ လိုက္မပို႔ခိုင္းနဲ႔ေတာ့ ၉နာရီက် ငါလာေခၚမယ္။ ျပန္ရင္လည္း ငါပဲျပန္လိုက္ပို႔မယ္ ဟုတ္ၿပီလား' စစ္အေျပာေၾကာင့္ ခက္ေပ်ာ္သြားကာ
'ဟုတ္ၿပီ ဟုတ္ၿပီ။ ဒါဆို ငါေစာင့္ေနမယ္ေနာ္'
'အင္းပါ ဒါဆို bye'
'အင္းအင္း bye' စစ္ဖုန္းခ်သြားေတာ့ ခက္နာရီကိုၾကည့္မိသည္။ 6:30AM
Wow..အဲ့ေလာက္ေတာင္ၾကာသြားတာလား?
ဆက္အိပ္ခ်င္စိတ္မရွိေတာ့သျဖင့္ ခက္ viber groupထဲကို messageပို႔ထားလိုက္သည္။
💬ဟိုေကာင္ေတြ မနက္ ၉နာရီအေရာက္ေက်ာင္းကိုလာေနာ္။ ေနာက္က်တဲ့ေကာင္ကို မေစာင့္ဘူး💬
ခက္ရယ္ သက္ႏြယ္ရယ္ ဂႏိုင္ရယ္ သုံးေယာက္ သူငယ္ခ်င္းျဖစ္ကတည္းက viberမွာ group chatေလးဖြဲ႕ထားၾကတာ။ ေနာက္ပိုင္း သက္ႏြယ္တို႔နဲ႔ မင္းခန္႔ပါခင္သြားေတာ့ ၄ေယာက္groupျဖစ္သြားတာေပါ့။ ထို႔ေနာက္တြင္ေတာ့ ခက္တစ္ေယာက္ conversationေတြကိုျပန္ဖတ္ေနမိသည္။ ၿပီးေတာ့ အုပ္စုလိုက္႐ိုက္ထားတဲ့ ပုံေတြကိုလည္း
ျပန္ၾကည့္ေနရင္းေပါ့။ သက္ႏြယ္တို႔နဲ႔ မႏွစ္ကတည္းကသာေပါင္းလာတာ Imaging majorကိုယူခ်င္တာတစ္ခုကလြဲၿပီး က်န္တဲ့ ဝါသနာေတြကေတာ့မတူၾကေပ။ ဥပမာ ဓါတ္ပုံ႐ိုက္တာမ်ိဳး။ ခက္ကသာ ဓါတ္ပုံ႐ိုက္ဝါသနာမပါတာ ဂႏိုင္ေရာ သက္ႏြယ္ေရာ မင္းခန္႔ပါ ဓါတ္ပုံ႐ိုက္ဝါသနာပါၾကသည္ေလ။ သၾကၤန္တုန္းကလည္း
ဦးပိန္တံတားသြားတုန္းက မ႐ိုက္ခ်င္ပါဘူးလို႔ေျပာေနတာေတာင္ group photoေလးေတာ့႐ိုက္ရေအာင္ပါဆိုၿပီးဇြတ္ေျပာလို႔ ႐ိုက္ခဲ့ရတာ။ အဲ့ဒီပုံေလးကိုေတာ့ phone wallpaperထားျဖစ္တယ္။ ရွားရွားပါးပါးပုံေလးမလို႔။ ခက္ရဲ႕ဖုန္းထဲမွာ သီခ်င္းေတြရယ္ cartoonပုံေလးေတြရယ္ cartoonကားေတြရယ္ပဲရွိတယ္။
ဓါတ္ပုံ႐ိုက္ဝါသနာမပါတဲ့သူျဖစ္လို႔ သူ႔ပုံေတြဆိုတာ လက္ခ်ိဳးေရလို႔ရတယ္။ ဦးပိန္တံတားကပုံေလးအပါအ၀င္ေပါ့။ သို႔ေပမယ့္ သူ႔ဖုန္းထဲမွာ စစ္ရဲ႕ပုံေလးေတြကေတာ့အမ်ားႀကီးရွိတာေပါ့။ စစ္ကသူ႔ကို ပုစြန္အခြံႏႊာေပးေနတဲ့ပုံေလးေတြတို႔ ဟင္းရည္တိုက္ေနတဲ့ပုံေလးေတြတို႔။ စစ္တစ္ေယာက္ထဲပုံေတြကအမ်ားဆုံး။ ဒါေလးေတြက ေသခ်ာေပါက္မင္းခန္႔လက္ခ်က္ေပါ့ေလ။ မင္းခန္႔ကပဲ စစ္ မသိေအာင္႐ိုက္ေပးထားတာ။ ဘယ္ေလာက္ေတာင္ေတြးေနမိလဲမသိ နာရီၾကည့္ေတာ့ ၇နာရီခြဲေနၿပီ။
'ေသစမ္း ငါေတာ့ေနာက္က်ေတာ့မွာပဲ' ခက္ ေရကိုျမန္ျမန္ခ်ိဳးလိုက္တယ္။ စစ္လာေခၚမွာဆိုေတာ့ သူ႔ကိုမေစာင့္ေစခ်င္ဘူးေလ။ ကိုယ္ကအရင္အဆင္သင့္ျဖစ္ေနမွေတာ္ကာက်မွာမလား။ ေရခ်ိဳးအ၀တ္စားလဲၿပီး အဆင္သင့္ျဖစ္လို႔နာရီၾကည့္လိုက္ေတာ့ ၈နာရီ၁၅မိနစ္။ ခက္လြယ္အိတ္ကိုယူကာအခန္းထဲကထြက္မည္အျပဳ
'အင္း ဒီေန႔တစ္ေနကုန္အတန္းတက္မွာမွမဟုတ္တာ။ လြယ္အိတ္ႀကီးကိုအေလးခံၿပီးမယူေတာ့ရင္ေကာင္းမလား? အဲ့လိုလဲမျဖစ္ေသးဘူး လြယ္အိတ္မပါရင္ အတန္းမတက္တာေမေမတို႔သိမွာေပါ့' ကိုယ့္ဘာသာေျပာေနရင္း မေန႔ကအခ်ိန္စာရင္းတိုက္ၿပီးထည့္ထားသမွ်စာအုပ္ေတြအကုန္ထုတ္လိုက္ကာ ပိုက္ဆံအိတ္ရယ္ ဖုန္းအားသြင္းႀကိဳးရယ္ကိုပဲ လြယ္အိတ္ထဲထည့္လိုက္ေတာ့တယ္။ ဖုန္းကေတာ့သူ႔လက္ထဲကိုင္ထားတာေပါ့။
' ခက္ၿပီးၿပီလား?' တံခါးေခါက္သံနဲ႔အတူ စစ္ရဲ႕အသံေပၚလာေလသည္။
'အင္း ၿပီးၿပီ ၿပီးၿပီ' ဟုဆိုကာ လူကထြက္မလာေသးေသာခက္ပါေလ။
'ၿပီးၿပီလဲေျပာေသးတယ္ အခုထိထြက္မလာေသးဘူး။ ငါေအာက္ကပဲေစာင့္ေတာ့မယ္ မင္းဆင္းလာခဲ့ေတာ့'
'ေအးေအး' စစ္အိမ္ေအာက္ကိုေရာက္ေတာ့
ေဒၚသဇင္က breakfastစားရန္ေခၚေလသည္။
'သား လာေလ မုန္႔စားၿပီးမွသြားၾက'
'ရတယ္အန္တီ မစားေတာ့ဘူး။ ဒီေန႔ကခက္ေမြးေန႔ဆိုေတာ့ သားကိုမနက္စာလိုက္ေကြၽးမယ္ေျပာထားလို႔'
'ဟုတ္ပါၿပီကြယ္ ေဟာ ခက္ေလးေတာင္ဆင္းလာၿပီ'
'ေမေမ ဒီေန႔က သားေမြးေန႔ဆိုေတာ့ သူငယ္ခ်င္းေတြကိုမုန္႔လိုက္၀ယ္ေကြၽးခ်င္လို႔ အဲ့ဒါ။ အတန္းကေတာ့တက္မွာပါ အတန္းမလစ္ပါဘူး။ သားကိုမုန္႔ဖိုးေပးလိုက္အုံးေနာ္ အဟီး' စာအုပ္ထည့္မထားမွန္းသိသာေနတဲ့လြယ္အိတ္ကိုလြယ္ၿပီး သြားေလးၿဖီးျပကာ အတန္းတက္မွာပါ ေန႔လည္စာပဲ၀ယ္ေကြၽးမွာဟုေျပာေနေသာ ခက္ဟာ တစ္စက္ကေလးမွယုံခ်င္စရာမေကာင္း။ လိမ္လဲမလိမ္တတ္ပဲနဲ႔ ဒီျဖဴလုံးကေတာ့။
'ေအးပါသားရဲ႕ ဒါဆို အံဆြဲထဲက လိုသေလာက္ယူသြားေလ'
'ဟီး ဟုတ္ကဲ့ေမေမ။ သားအတန္းတက္မွာသိလား'
'လာေလ ၿပီးရင္သြားၾကမယ္။ အန္တီသြားလိုက္ပါအုံးမယ္ခမ်' ခက္ကိုလက္ဆြဲေခၚလာရင္း ခက္အေမကိုပါတစ္ခါထဲႏႈတ္ဆက္လိုက္သည္။
'ေအးေအးသား ဆိုင္ကယ္ကိုေျဖးေျဖးေမာင္းသြားၾကေနာ္ '
'ဟုတ္ သြားၿပီေနာ္ေမေမ'
ႏွစ္ေယာက္သားဆိုင္ကယ္နဲ႔ထြက္လာခဲ့ၾကသည္။ လမ္းတစ္ေလွ်ာက္လုံးႏွစ္ေယာက္သား ဘာစကားမွမဆိုျဖစ္ၾက။ ခက္တို႔အိမ္နဲ႔ ေက်ာင္းနဲ႔က နာရီ၀က္ေလာက္ေမာင္းရတာမလို႔ ေက်ာင္းကိုေရာက္လို႔ အခ်ိန္ၾကည့္လိုက္ေတာ့ ၉နာရီ၁၀မိနစ္။ ဂႏိုင္တို႔ကေတာ့ ဂုန္းဆင္းရမွာမလို႔ ေစာေစာေရာက္ေနၾကတယ္။ ခါတိုင္းဆို တစ္ခ်ိန္ၿပီးမွေက်ာင္းေရာက္လာတဲ့ေကာင္ေတြက။ ခက္တို႔ကိုျမင္တာနဲ႔ မင္းခန္႔က
'ခက္ မင္းကလဲ ေစာင့္ရတာၾကာလိုက္တာ။ ငါတို႔ကိုgroupထဲမွာ ေျပာထားတုန္းကေတာ့ ေနာက္က်ရင္မေစာင့္ဘူးဆိုၿပီး အခုမင္းကိုျပန္ေစာင့္ေနရတယ္'
'မင္းတို႔ကအလကားစားခ်င္တဲ့သူေတြမလား အဲ့ေတာ့ ေစာင့္ေပါ့။ မင္းဆို ေက်ာင္းေတာင္မတက္ႏိုင္ပဲ ဒီထိလာပုံေထာက္ရင္ ဘယ္ေလာက္ေတာင္မွ စားခ်င္ေနလဲမသိဘူးေနာ္။ ၿပီးေတာ့ ငါကမင္းထက္အႀကီးေနာ္ ႐ို႐ိုေသေသဆက္ဆံ' ဟုခက္ကဆိုေတာ့
'မင္းကလဲ ငါကငါ့သူငယ္ခ်င္းေလးေမြးေန႔မလို႔တကူးတကႀကီးလာရတာပါဟ။ ၿပီးေတာ့ ငါ့ထက္တစ္လထဲႀကီးတာမ်ား'
'ကဲ မင္းတို႔ေျပာလို႔ၿပီးရင္ သြားရေအာင္ေလ' ဟုစစ္၀င္ေျပာမွ
'ေအးသြားမယ္ေလ ဂႏိုင္ သက္ႏြယ္ သြားရေအာင္'
'ဒါနဲ႔ခက္ ဘယ္သြားမွာလဲအခုက' သက္ႏြယ္ကေမးေလသည္။
'ဘုရားႀကီးသြားမယ္၊ ၿပီးရင္ ကန္ေတာ္ႀကီးဘက္သြားမယ္' ဟု စစ္က၀င္ေျဖေလသည္။
(အမေလး ခက္ေမြးေန႔လား သူ႔ေမြးေန႔လားမသဲကြဲဘူး*) သို႔ႏွင့္ စစ္ရဲ႕အစီစဥ္အတိုင္း ဘုရားႀကီးကို
အရင္သြားၾကတယ္။ ဆိုင္ကယ္အပ္ၿပီးတာနဲ႔ စစ္က ဘုရားပန္း ၂စည္း၀ယ္လိုက္ၿပီး ခက္ကိုတစ္စည္း သူတစ္စည္းယူကာ ဘုရားကိုလႉၾကတယ္။ ေ႐ႊသကၤန္းလဲကပ္ၾကေသးတာေပါ့။ သက္ႏြယ္နဲ႔ ဂႏိုင္ကေတာ့ ဘုရားရွိခိုးရင္းက်န္ေနခဲ့တယ္။ ပန္းလႉ ေ႐ႊသကၤန္းကပ္ၿပီးတာနဲ႔ ျပန္ထြက္ခဲ့ၾကၿပီး ကန္ေတာ္ႀကီးဘက္ကိုေရာက္လာၾကတယ္။ သူတို႔ေရာက္ေတာ့ ၁၁နာရီခြဲေနၿပီ။ ဒါနဲ႔ ကုကၠိဳလ္ကြၽန္းမွာ ေန႔လည္စာ၀င္စားၾကတယ္။ ဒါကလဲ စစ္ရဲ႕အစီစဥ္။
စစ္ရဲ႕ထုံးစံအတိုင္းသူမစားေသးဘဲ ခက္ကိုအရင္ခြံ႕ေကြၽးေနတယ္။ ခက္စားလို႔ၿပီးမွ သူစားတာေပါ့။စစ္ကထမင္းစားေနတုန္း ခက္တို႔က စကားေျပာေနၾကတယ္။ သက္ႏြယ္ကစၿပီး
'မင္းခန္႔ ဘုရားႀကီးမွာ႐ိုက္ထားတဲ့ပုံေတြ ငါ့ကိုပို႔ေပးအုံး'
'ေအးပါ snapေလးေတြေရာပို႔ေပးလိုက္မယ္ေနာ္'
'ဟဲ့ groupထဲကိုမပို႔ေပးနဲ႔ေနာ္'ဟုေျပာေတာ့
ဂႏိုင္က
'မရပါဘူး groupထဲပဲပို႔ေနာ္မင္းခန္႔ ဒါမွငါတို႔လည္း သက္ႏြယ္ပုံေတြၾကည့္ၿပီးခြီလို႔ရမွာဟင္းဟင္း'
'မင္းတို႔က viber groupဖြဲ႕ထားၾကတာလား?' စစ္ကခက္ကိုတိုးတိုးေမးေလသည္။
'ဟုတ္တယ္ေလစစ္ရဲ႕'
'ငါ့ကိုက်ဘာလို႔မထည့္တာလဲ'
'အစတုန္းက မင္းနဲ႔သက္ႏြယ္တို႔ကမရင္းႏွီးေသးဘူးေလ။ အဲ့ဒါေၾကာင့္ ငါကမင္းအေနခက္မွာစိုးလို႔
မထည့္တာ'
'အခုခင္သြားၿပီမလို႔ ငါ့ကိုေရာ groupထဲထည့္ေပး။ မျဖစ္ေသးပါဘူး ေပး မင္းဖုန္း ငါ့ဘာသာထည့္လိုက္မယ္' ေျပာေျပာဆိုဆိုႏွင့္ ခက္ရဲ႕ဖုန္းကိုယူကာ သူ႔ဘာသာ groupထဲထည့္လိုက္ေတာ့သည္။
(ေတာ္ေသးတာေပါ့ သူနဲ႔ငါ ၂ေယာက္ထဲရဲ႕ snapေတြကို မင္းခန္႔က ငါ့ဆီသီးသန္႔ပို႔ထားလို႔ groupထဲသာပို႔ထားမိလို႔ကေတာ့ မေတြးရဲစရာ*)
ထမင္းစားၿပီးသိပ္မၾကာ waiterေလးက ေမြးေန႔ကိတ္ႀကီးကိုယူလာတယ္။
'အကို မွာထားတာရပါၿပီခမ်' ဟုဆိုေတာ့
'ညီေလး လူမွားေနၿပီထင္တယ္ အကိုေမြးေန႔ကိတ္
မမွာထားဘူး'
'ငါမွာထားတာ' စစ္ရဲ႕အသံထြက္လာေလသည္။
'မင္းအတြက္မွာေပးထားတာ။ ညီေလး ဒီစားပြဲေပၚတင္ေပးေနာ္' စစ္ရဲ႕အေျပာေၾကာင့္ ခက္တစ္ေယာက္တကယ္ေပ်ာ္ရပါသည္။ စစ္ကသူ႔အတြက္သတိတရနဲ႔ေမြးေန႔ကိတ္မွာေပးထားတယ္မလား။
'ခက္ လာေလ ေမြးေန႔ကိတ္ခြဲရေအာင္။ မင္းခန္႔တို႔ေရာလာၾက'
'အင္းအင္း လာၿပီ'
''''Happy birthday to you
Happy birthday to you
Happy birthday dear Khet Htan
Happy birthday to you''''
'ခက္ မင္းျဖစ္ခ်င္တဲ့ဆုေတာင္းၿပီး ဖေယာင္းတိုင္မႈတ္လိုက္ေတာ့'
(ငါျဖစ္ခ်င္တာက မင္းနဲ႔တစ္သက္လုံးေနသြားခ်င္တာ။ အဲ့လိုမေနရရင္ေတာင္မွ ဟန္နီႏိုင့္လိုမင္းကိုကစားေနတဲ့သူထက္ မင္းကိုတကယ္ခ်စ္တဲ့
မိန္းကေလးတစ္ေယာက္နဲ႔အတူတူရွိေနေစခ်င္တာ*)
''ဖူးးးး'' ဖေယာင္းတိုင္ေတြျပန္ဖယ္လိုက္ၿပီး ကိတ္ခြဲကာ စစ္ကိုအရင္ဆုံးခြံ႕ေကြၽးေလသည္။ စစ္ကေတာ့ သူ႔ကိုအရင္ေကြၽးတာမလို႔ ဂုဏ္ဆာေနတဲ့အၿပဳံးႀကီးနဲ႔။ ထို႔ေနာက္ မင္းခန္႔၊ သက္ႏြယ္၊ ဂႏိုင္ အကုန္လုံးကိုခြံ႕ေကြၽးၿပီးေနာက္မွာေတာ့
'စစ္ ငါ့အတြက္ေမြးေန႔ကိတ္လုပ္ေပးလို႔ေက်းဇူးတင္ပါတယ္'
'မလိုပါဘူး မင္းကငါ့အခ်စ္ဆုံးသူငယ္ခ်င္းပဲေလ။ ငါမင္းကိုလက္ေဆာင္ေပးစရာရွိေသးတယ္'
'ဘာေတြမ်ား လက္ေဆာင္ေပးေနၾကတာလဲ??'
To be continued.....
[Akhin's Note... ခက္ရဲ႕ဖုန္းထဲမွာရွိတဲ့ cartoonကားဆိုတာကေလ cartoonကားကိုေျပာတာပါေနာ္ ဟိုcartoonကားမဟုတ္ပါဘူး။ ဟိုcartoonကားဆိုတာက ဟိုcartoonကားပါ။ ရွင္းၾကရဲ႕လားမသိဘူး 😝 ]
Advertisement
- In Serial42 Chapters
Humanity? HELL YEAH!!
After the second rebranding of the entire world, the foreshadowing demands the world may end.But what happens afterwards?Of course everyone goes to hell. The story deals with happenings before, during and after the end of the world after the second rebranding.Mostly it will be about nerds and jocks tho and in a different tone than the Viable 2.
8 1243 - In Serial158 Chapters
Marineros de Aguas tristes (Completo) - Español / Spanish
-) La historia trata de las desventuras de un grupo de marineros tratando de llegar a tierra firme en un mundo desconocido y llenos de misterios. +) La versión en inglés: https://www.royalroad.com/fiction/50676/the-forgotten -) No dude en utilizar la opción 'Texto sugerido' para solucionar problemas gramaticales. +) Celebrando los 100 capítulos , se realizó un cambio de título más acorde a la novela - Olvidados ---> Marineros de Aguas tristes
8 245 - In Serial10 Chapters
EX-Tier Loser (GameLit Fantasy)
The people in this world lived in a few categories. At the top, there are the Winner, the riches, and the successful. While at the bottom, there is the Loser who has nothing. One day, the whole world heard a voice. [Foolish Human. The time has come.] The message came from a God that was dissatisfied with Humans. So, God changed the whole world, creating a new Continent on the sea. The New Continent, called Trial Ground, is full of monsters and Trials from God. The world falls into panic, but I don't care about that. I have no time to panic. Because it's a chance for me to rise up. It's a chance for us, the Losers, to change our lives. Why? Because I am the Loser. So, I will show the world that I, the Loser, is not someone that can be underestimated. [For the last time, entertain me, Humans!] My adventure to become the Winner begins with the last voice of God. 0-------------------------------------0 Disclaimer:The Cover is Commissioned from @just_dit Warning:English is not my first language, please forgive some small grammar mistakes. Comments about fixing the grammar mistake is appreciated! The pace of the first 30 chapters seems to be slow, please understand it! Also, it's for casual read, don't expect too much description in each scene :) This novel has been proofread by wonderful people: Reina, Lilith Arruelle, Swordater, and Ganoush Also uploaded on webnovel and scribblehub
8 158 - In Serial32 Chapters
Good Looking
Summer is filled with hanging out with your best friends, going out, living the summer and doing all the stupid things you wanted to do during the school year but didn't. Usually it's almost permitted since teens don't really have much freedom during school either. But where does summer freedom go when it has taken you to meet the boy of your dreams? I guess Summer Loving does exist. Miguel Cazarez Mora FF Started: July 9th, 2022 Ended: August 2nd, 2022
8 191 - In Serial28 Chapters
Pink and Yellow - Trimberly
The Yellow Ranger, Trini Kwan, struggles with her past and new feelings. Isolating herself from the world and her teammates , she loses sight of what's most important to her.
8 180 - In Serial38 Chapters
Fell For You
The sequel to Bad For You is here ! Fell For You🤍 Welcome ~Fran~ This Bad For You Series is dedicated to my Pookie❤️ Forever.... Always (Some chapters may be private )
8 79

