《Let Me Start Again [Completed]》LMSA 14
Advertisement
Unicode
စားသောက်ပြီးတာနဲ့ ပိုက်ဆံရှင်းကာ မဏ္ဍပ်တွေဘက်ကိုပြန်ထွက်လာခဲ့ကြသည်။ လူတွေကလည်းတဖြေးဖြေးနဲ့များလာကြပြီဆိုတော့ သူတို့လည်း မဏ္ဍပ်အောက်မှာနေရာဦးထားရမယ်လေ။ မဏ္ဍပ်အောက်ရောက်တော့ ခက်က မင်းခန့်ဘေးမှာပဲနေနေတာမို့ စစ် စိတ်မရှည်တော့။ သူ့နားနေရင် ကိုက်စားမှာကျနေတာပဲ။ ခက်ကို သူ့ဘက်ပါအောင် ဆွဲထားလိုက်သည်။ အချိန်က ၈နာရီခွဲဆိုတော့ ပိုက်တချို့ကို ဖွင့်ပေးထားတယ်လေ။ ရေနည်းနည်းတော့ စိုကုန်ကြပြီပေါ့။ စစ်ဘက်ရောက်သွားတဲ့ခက်ကို မင်းခန့်ကပြန်ဆွဲတော့ မင်းခန့်ဘက်ကိုပြန်ပါလာတယ်။ အဲ့လိုနဲ့ ခက်ခမျာ စစ်နဲ့မင်းခန့်တို့ ၂ယောက်ကြား ဘောလုံးလေးလို ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်နဲ့။
သက်နွယ်တို့ကတော့ စစ်ကိုဆိုရင်ဘာမှမပြောရဲကြ။ သူတို့ ၂ယောက်ကြားထဲက ခက်ကိုသာ သနားသလိုကြည့်နေကြသည်။ ကြာလာတော့ စစ်ကစိတ်မရှည်သဖြင့်
'မင်းခန့် ခက်ကိုဇွတ်ဆွဲမနေနဲ့ လက်နာသွားမှာစိုးလို့။
ပြီးတော့ မင်းကလည်းကအုံးမှာဆိုရင် ခက်ကိုထိန်းနိုင်မှာမဟုတ်ဘူး။ သူ့လက်ကိုလွှတ်လိုက်တော့။ ငါပဲထိန်းမယ်'
'ရတယ် ငါမကတော့ဘူး ခက်ကိုပဲလိုက်ထိန်းမယ်'
'ဟုတ်မှပြော။ မနေ့တုန်းကငါကြည့်နေတာ မင်းတို့သုံးယောက်ပေါင်းတာတောင် ခက်ကိုထိန်းနိုင်ကြလို့လား? ပြီးတော့ မင်းတို့ကဘီယာလဲသောက်ကြအုံးမှာ။ ကိုယ့်ကိုယ်ကိုပဲအရင်နိုင်အောင်ထိန်းကြ။ ခက်ကိုငါပဲထိန်းမယ်' ဟုဆိုကာ မင်းခန့်လက်ကိုရိုက်ချလေသည်။ မင်းခန့်တို့လည်း ပြန်ပြောချင်ပေမယ့် စစ်ပြောနေတာအမှန်ဆိုတော့ ဆက်မပြောနိုင်ပေ။
'ခက် မင်းကချင်တယ်မလား? ဟိုဘက်ကိုသွားမယ် လာခဲ့' ဟုဆိုကာ မဏ္ဍပ်ရှေ့ဆုံးရောက်သည်အထိတိုးသွားလေတော့သည်။ စစ်တို့က မဏ္ဍပ်ရှေ့ဆုံးကို
အရောက် ရေပိုက်တွေစအဖွင့်နဲ့ကြုံသဖြင့် ၂ယောက်သား တစ်ကိုယ်လုံးရေရွှဲရွှဲစိုသွားလေတော့သည်။ မင်းခန့်တို့ ၃ယောက်မှာလည်း စစ်တို့ ၂ယောက်နောက်ကိုလိုက်ကာ မဏ္ဍပ်ရှေ့ဆုံးထိရောက်လာကြသည်။ DJစဖွင့်သဖြင့် ခက်တစ်ယောက်ပိုးကထလာပြီ။ ဒါပေမယ့် သူ့ရှေ့မှာစစ်ရှိနေတာကြီးကို။ မကရဲပါဘူး ရှက်ပါတယ်။
'ကလေ။ ဘာလို့လဲ ရှက်နေတာလား' ဟုစစ်ကမေးတော့
'မရှက်ပါဘူး။ ဒီအတိုင်း သီချင်းကိုမကြိုက်လို့'
'ဟုတ်လို့လား အခုဖွင့်ထားတာ မနေ့ကမင်းလိုက်ကတဲ့သီချင်းပါ '
'မနေ့ကနဲ့ ဒီနေ့နဲ့ အကြိုက်ချင်းမှမတူတော့တာ။ မနေ့ကကြိုက်ပေမယ့် ဒီနေ့မကြိုက်တော့ဘူး'
'ဟား..ဟုတ်ပါပြီ မကချင်ရင်လဲဇွတ်မပြောတော့ပါဘူး မင်းသဘော မင်းသဘော။ မကချင်ရင်လဲ ကားပေါ်ပြန်တက်လို့ရတယ်နော် ကားက မဏ္ဍပ်အစနားမှာပဲရှိနေသေးတယ်'
'အဲ့လိုလဲမသွားချင်ပါဘူးဆို' တဖြေးဖြေးနဲ့ ခက်ရဲ့နှုတ်ခမ်းလေးတွေကဆူလာပြန်တယ်။ သူ့ကိုဇွတ်ပြောနေလို့ စိတ်ကောက်ချင်တဲ့သဘော။ စစ်ကတော့ အဲ့နှုတ်ခမ်းဆူဆူလေးနဲ့ဖြူလုံးလေးကို အူတွေယားလာကာ ဆူနေတဲ့နှုတ်ခမ်းလေးကို လက်မနဲ့အသာလေးထိလိုက်ပြီး
'ကဲပါ မကချင်ဘူးဆိုရင်လည်း မကခိုင်းတော့ဘူး။ ကားပေါ်ပြန်မတက်ချင်ရင်လည်း မတက်နဲ့တော့။ ဘာမှမပြောတော့ဘူး ဟုတ်ပြီလား။ အဲ့ဒါကြောင့်
မလို့ ဒီနှုတ်ခမ်းလေးကဆူမနေနဲ့တော့ကွာ နော်' စစ်ရဲ့အသံက တကယ်ကို ရည်းစားကစိတ်ကောက်လို့ ချော့နေတဲ့အသံကြီး။ ဟို ၃ယောက်ကတော့ သေချာပေါက် မတ်တပ်မေ့နေကြတာပေါ့။ ပြီးမှသက်နွယ်က
'မင်းခန့် ငါအထင်တော့ နင်တို့စစ်ကကွေးချင်နေသလိုလိုကြီးနော်။ ပြီးတော့ ခက်ကိုပြောတဲ့လေသံကိုနားထောင်ကြည့်အုံး။ မသိရင် သူ့ကောင်မလေးကစိတ်ကောက်နေလို့ စိတ်ရှည်လက်ရှည်နဲ့ချော့နေတဲ့အတိုင်းပဲ။ မျက်၀န်းကြီးကလည်း အချစ်ရည်တွေရွှမ်းလဲ့နေတာ။ ငါပဲအမြင်မှာနေတာများလား?' ဟုတိုးတိုးပြောလေတော့ မင်းခန့်ကလည်း
'နင်အမြင်မမှားဘူး အဲ့ဒါတကယ်ကြီးနော်။ မနေ့က ဟန်နီနိုင်ကိုတောင် ဒီလောက်လေသံညင်သာပြီးစိတ်မရှည်ဘူးလားလို့ ဂနိုင် မင်းရောဘယ်လိုထင်လဲ'
'ငါထင်တာလား? ငါထင်တာပြောရရင် စစ်ကဟန်နီနိုင်နဲ့မညားပဲ ခက်နဲ့ညားတော့မှာ'
'ဟဲ့ ပေါက်ကရတွေ'
'ဟုတ်ပါတယ်ဆို နင်တို့မယုံရင်သေချာကြည့်။ သူတို့ပုံစံက မသိရင် အတွဲတွေကျနေတာပဲ စစ်ကလည်းခက်ကို သူ့ရင်ခွင်ထဲကကိုအထွက်မခံဘူး။ ခက်က ခဏလေးသူ့ရင်ခွင်ထဲကထွက်မိတာနဲ့ ရင်ခွင်ထဲပြန်ဆွဲသွင်းနေတာ။ ဟော ဟိုမှာ တွေ့လားတွေ့လား'
'အေးဟုတ်တယ်နော် မင်းခန့် နင့်သူငယ်ချင်းက
ဘာကြီးလဲ သူ့စိတ်သူတောင်မသိဘူးလား' သူတို့ ၃ယောက်ကသာ အတင်းပြောနေတာ ဟို ၂ယောက်ကတော့ ၂ယောက်တစ်ကမ္ဘာတည်နေလေရဲ့။ ခက်လည်း DJသံကြားပါများလာတော့ သူ့ခန္ဓါကိုယ်ထဲက
ပိုးပေါင်းသောင်းခြောက်ထောင်ကိုထိန်းမနိုင်တော့။ ခေါင်းလေးတလှုပ်လှုပ် ခါးလေးတရမ်းရမ်းနဲ့ဖြစ်လာတယ်။ စစ်ကတော့ ခက်ကိုထိန်းရမှာမလို့ဟုဆိုကာ မင်းခန့်တို့တိုက်တဲ့ ဘီယာကိုတောင်မသောက်။ သူတို့ရောက်နေတဲ့နေရာက မဏ္ဍပ်ရဲ့ရှေ့ဆုံးလည်းဖြစ်၊ မဏ္ဍပ်ပေါ်ကလူတွေကလည်း ခက်ကိုပဲရွေးပက်နဲ့ ကြာလာတော့ ခက်လည်းရေမွန်းလာလို့ထင်ပါရဲ့။ ရေပိုက်တွေနဲ့လွတ်တဲ့နေရာကိုတိုးနေသဖြင့် စစ်မှာသူ့ရင်ခွင်ထဲဆွဲထည့်ထားလိုက်တယ်။ ခက်ကို
တကြည့်ကြည့်လုပ်နေကြတဲ့သူတွေကိုလည်း ဒါငါ့အပိုင်ဆိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်တယ်လေ။ ရင်ခွင်ထဲကဖြူလုံးလေးကတော့ ဘာမှမသိ အသက်ကိုသာအလုအယက်ရှူနေလေရဲ့။
'ခက် ရေမွန်းလို့လား ဒါဆို ကားပေါ်ကစောင့်မလား'
'ဟင့်အင်း ဒီမှာပဲနေမှာပါဆို ရေမွန်းတာကခဏနေရင်ပြန်ပြီးအဆင်ပြေသွားမှာ မင်းလည်းကချင်ရင်ကလေ ငါ့ကိုပဲလိုက်ထိန်းမနေပါနဲ့'
'ငါကမကတော့ပါဘူး ရတယ် မင်းသာ ၀အောင်က' ဟုဆိုကာ ခက်ကိုရင်ခွင်ထဲပြန်ထည့်ပြီး တင်းတင်းကြပ်ကြပ်လေးဖက်ထားလိုက်တယ်။ ဂွတ်🙂
'စစ် မင်းပြောတော့ ငါ့ကို ၀အောင်ကဆို။ လွှတ်ပေးအုံးလေ'
'ခဏနားအုံးလေကွာ မင်းအခုမောနေတာမလား? ခဏနေမှပြန်ကလေ နော်' မင်းခန့်တို့သုံးယောက်မှာတော့ ကနေရင်း စစ်တို့ဘက်ကိုကြည့်လိုက် တိုးတိုး တိုးတိုးပြောလိုက် မျက်နှာတွေကမဲ့ရွဲ့သွားလိုက်နဲ့ဖြစ်နေကြတယ်။ အဲ့လိုနဲ့ နေ့လည်ခင်း နားတဲ့ချိန်အထိ ခက်တစ်ယောက် စစ်ရဲ့ရင်ခွင်ထဲက မထွက်နိုင်ခဲ့ပေ။ ရေမွန်းမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခက်ကိုသူ့ရင်ခွင်ထဲမှာထည့်ပြီးဖက်ထားတဲ့စစ်တစ်ယောက် သူဖက်ထားတာကြောင့် ခက်ရေမွန်းတာထက်ပိုဆိုးပြီးအသက်ရှူမ၀ဖြစ်နေတာကိုတော့မသိရှာ။ ထမင်းစားနားချိန်ရောက်တော့ ၅ယောက်သား ကားဆီပြန်လာခဲ့ကြတယ်။ ဒီတစ်ခါတော့ ဦးပိန်ထိမသွားပဲ နီးစပ်ရာစားသောက်ဆိုင်ကိုသာ၀င်စားလိုက်ကြတယ်။ ထမင်းကို လူစားမစားတဲ့မင်းခန့်တို့ ၃ယောက်ကိုကြည့်ပြီး ခက်မနေနိုင်စွာပဲ
'မင်းတို့ကလဲ လူနဲ့သူနဲ့တူအောင်စားမှပေါ့ ဘာလို့နောက်ကကျားလိုက်သလိုတွေထိုးသွတ်နေကြတာလဲ? ဘယ်သူမှလဲမင်းတို့ထဲကလုမစားပါဘူး။
ပြီးတော့ မှာထားတာတွေကဒီလောက်အများကြီး ကုန်ကြလို့လား' ခက်ရဲ့အပြောကို မင်းခန့်က
'ကရတာမောတယ်ဟ အဲ့တော့ energyတွေအများကြီးကုန်သွားတာကို အစားအများကြီးစားပြီး
ပြန်ဖြည့်နေရတာ။ မင်းကတော့ ငါတို့လောက်ဘယ်မောပါ့မလဲ ငါတို့လောက်မှမကတာကို။ စစ် မင်းဒီနေ့ထမင်းရောစားဖြစ်အုံးမှာလား' ခက်ကိုဆက်မပြောတော့ပဲ အခုထိထမင်းကိုတစ်စက်မှမထိရသေးတဲ့စစ်ကိုမေးလိုက်လေသည်။
'ငါက ခက်စားပြီးမှစားတော့မယ်။ အခုကသူ့ကို ပုစွန်တွေအခွံနွှာပေးပြီး ကြက်သားကိုအရိုးနွှင်ပေးနေလို့'
တကယ်လည်းပြောတဲ့အတိုင်း ပုစွန်ကိုတစ်ခါအခွံနွှာပြီးခေါင်းဖြုတ်လိုက်၊ ကြက်သားကိုအရိုးနွှင်ပေးလိုက်၊ ၀က်သားကိုအဆီတွေဖယ်ပေးလိုက်နဲ့လုပ်နေကာ ခက်ကထမင်းတစ်ဇွန်းခပ်ရင် သူကဟင်းတစ်မျိုးကိုထမင်းပေါ်တင်ပေးပြီးသား။ ဒါတောင် ဟင်းရည်ကိုပူမှာစိုးလို့ မှုတ်တိုက်ပေးတာ။ ထမင်းကခြောက်ကပ်ကပ်ကြီးဖြစ်နေမှာစိုးလို့ ဟင်းရည်ဆမ်းပေးတာတွေမပါသေး။ ဟို ၃ယောက်ကတော့ ဆွံ့တွေကို အ လို့။
Advertisement
(အခုငါတို့မြင်နေရတာက သူငယ်ချင်းတွေလား ညားခါစလင်မယားတွေလား? ညားကာစလင်မယားတွေဆိုရင်တောင် သူ့လောက်အဖြစ်သည်းမနေဘူးနော်။ နေပါအုံး မနေ့တုန်းကဟန်နီနိုင်ကိုကျတော့ ဒီလိုမဆက်ဆံဘူးလားလို့ပါ။ ဟိုဖြူလုံးကောင်ကလည်း မျက်ခွက်ကြီးကဖြီးနေတာ မသိရင် ယောကျာ်းကသဲသဲလှုပ်အလိုလိုက်တာခံရတဲ့သူကြီးနေတာပဲ။ မြင်ရတာကြီးကအဆင်ပြေမနေဘူးနော်*)
'ငါ့ကိုပဲ ဟင်းတွေထည့်မပေးပါနဲ့ မင်းလည်းစားပါအုံးစစ်ရာ။ တော်ကြာငါစားတာနဲ့ဟင်းတွေကုန်သွားအုံးမယ်'
'ကုန်သွားလဲဘာဖြစ်တုန်း နောက်ထပ် ထပ်မှာလို့ရသားပဲ။ မင်းသာ၀အောင်စား မင်းဗိုက်ပြည့်ဖို့က အဓိကပဲ'
မင်းခန့် ဂနိုင် သက်နွယ်:: (ငါလေးတို့ သုံးယောက်ကို လာမကယ်နိုင်ကြတော့ဘူးလား။ ဒီ ၂ကောင်ကို မြင်နေရတာတကယ် depressionတွေအတုံးလိုက်အတစ်လိုက်၀င်နေပြီ။ ဒါမျိုး ထမင်းမခွံ့ကျွေးရုံတမယ်ကြီးဖြစ်နေတာက သူငယ်ချင်းတွေတဲ့လား ချီးပဲ*)
စားသောက်ပြီးကြတော့ ရေပြန်မဖွင့်ပေးသေးလို့ကားပေါ်ပဲပြန်တက်ခဲ့ကြတယ်။ ကားပေါ်ရောက်တာနဲ့ ဂနိုင်ကတန်းပြီးအိပ်ချလိုက်တယ်။ မင်းခန့်ကတော့
'ဂနိုင် ဟိုဘက်နည်းနည်းတိုးပါအုံး ငါလဲခဏလှဲချင်လို့' ဟုဆိုသဖြင့် ဘေးလေးကပ်ပေးလိုက်တယ်။ သက်နွယ်ကတော့ ဂနိုင်နဲ့မင်းခန့်ကြားမှာ၀င်ထိုင်ပြီးဖုန်းနှိပ်နေလေရဲ့။ မထိုင်လို့ကလည်းမရ သူမရှိလိုက်တာနဲ့ ဒီနှစ်ကောင်ကိုက်တော့မယ်ဆိုတာသိနေတယ်လေ။ဒါက တစ်ချက်ပေါ့။ အဓိကအချက်ကတော့ ဟိုသူငယ်ချင်းလိုလို လင်မယားလိုလိုနှစ်ကောင်
ကြောင့်။ နောက်ဆုံးမှကားပေါ်တက်လာပြီး ခက်ကအိပ်ချင်တယ်ဆိုသဖြင့် စစ်ကသက်နွယ်ထိုင်နေတဲ့နေရာကိုဖယ်ခိုင်းလိုက်တယ်။ ပြီးတော့ သူက၀င်ထိုင်လိုက်ပြီး ခက်ကိုတော့ သူ့ပေါင်ပေါ်ကိုခေါင်းအုံးပြီးအိပ်ခိုင်းတယ်လေ။ သက်နွယ်ကတော့ နေရာမရစွာနဲ့ပဲ မင်းခန့်တို့ ၂ယောက်ကြားမှာလာထိုင်ရတော့တာပေါ့။ poorသက်နွယ်လေး :'(
ရေပြန်ဖွင့်တော့ ထုံးစံအတိုင်း မဏ္ဍပ်အောက်ပဲပြန်ရောက်သွားကြရော။ ဒီတစ်ခါတော့ ရောက်ကတည်းက အိမ်ပြန်ချိန်ရောက်တဲ့အထိ ခက်ခမျာစစ်ရဲ့ရင်ခွင်ထဲကထွက်မရ။ ကလို့လည်းမရရှာပေ။
မင်းခန့်ကတော့တွေးပါတယ် နောက်ရက်တွေကျရင်လည်း ခက်ကိုထိန်းဖို့ စစ်ကိုပဲခေါ်လာမယ်ဆိုပြီးတော့လေ။ ထမင်းစားချိန်တွေမှာအဖြစ်သည်းနေတာကိုအမြင်ကပ်ပေမယ့်လို့ပေါ့။ သို့သော်လည်း မင်းခန့်ရဲ့ စိတ်ကူးတွေ ဆုတောင်းတွေဆိုရင် မပြည့်တဲ့ထုံးစံအတိုင်း အကြတ်နေ့ပြန်ရောက်တဲ့ညနေကတည်းက ခက်တစ်ယောက်နေမကောင်းဖြစ်လိုက်တာ နှစ်ဆန်းတစ်ရက်နေ့အထိ။ သင်္ကြန်လည်တာကိုတော့ ခက်မလိုက်တော့သဖြင့် စစ်ကလည်းမလိုက်တော့ပေ။ မင်းခန့်တို့ကလည်း လူမစုံလို့စိတ်မကောင်းဖြစ်ကာ ကျန်တဲ့ ၂ရက်လုံးကို ခက်တို့ ၂ယောက်အစားပါ ကဲပေးခဲ့ကြတယ်။ သင်္ကြန်ပြီးတာနဲ့ စစ်ကလည်း သက်နွယ်တို့နဲ့ အရင်ကထက်နဲနဲမဆိုစလောက်လေးပိုခင်လာတယ်လေ။ ခက်ပြောပြလို့
ဂနိုင့်ကိုလည်းမိန်းကလေးဆိုတာသိသွားတယ်။ တကယ်ပေါင်းကြည့်တော့လည်း စစ်ကခင်ဖို့ကောင်းတယ်တဲ့ သက်နွယ်ကပြောတာပဲ။ ဒီလိုနဲ့ ခက်တို့ကျောင်းပြန်ဖွင့်တဲ့အချိန်ထိအဆက်သွယ်မပြတ်ကြပေ။ စစ်ကလည်း အလုပ်ရှုပ်နေတဲ့ကြားက ခက်တို့နဲ့အဆက်သွယ်မပြတ်သလို၊ ဟန်နီနိုင်နဲ့လည်းအတွဲမပြတ်ပေ။
To be continued.....
[Akhin's note... ဟုတ်ကဲ့ သင်္ကြန်အကြောင်းက ဒီအပိုင်းကနောက်ဆုံးပါနော်။ ဘာလို့ ၃ပိုင်း ၄ပိုင်းတင်လဲဆိုတော့ အပြင်မှာမလည်ရလို့ မကျေပွဲနွှဲတာပါရှင့် ]
Zawgyi
'ဟဲ့ ပေါက်ကရတွေ'
Advertisement
To be continued.....
Advertisement
- In Serial97 Chapters
The King of Desires
Escana is a world where war is but another round of a game, the Reign of Chaos, a game that the Gods have been playing for eons. On Escana, war is merely a form of entertainment for the Demon Lords to sate their hunger for destruction and their thirst for power. Escana is a place where peace is but an illusion, a calm before a storm, and the short breaks between the games. All mortals, human, dwarves, elves and the other races living on Escana, they are consigned to live inside that living hell from the moment of their birth.It should be just another unspectacular round of The Reign of Chaos. It should be just another dulled war among the great many that have been fought before this. It should be just another day and another year. And yet, in this newest round, appeared a prince who is prophesized to bring about an end to everything. Fearless is his name, a man of many identities. A jokester. A charlatan. A lover. An Ender. He is a self-proclaimed the-world-biggest-fool among the most foolish. He is the Prince among princes.
8 95 - In Serial7 Chapters
Age of Blackstone - The Spawn of Apophis
When an elven princess is kidnapped, Blackstone finds himself aligning a mission of rescue with a bloody pursuit of vengeance. Can the stoic armored adventurer save the young royal from a horrid fate at the scaled clutches of the Spawn of Apophis?
8 243 - In Serial8 Chapters
Sanguine
The Coles are probably the definition of a small dysfunctional family, even if they weren’t the worst in existence; they would probably be lauded as an example of the term. The Coles were a small family though. The father, Oliver Cole, was an asshole ex-football jock who bounced around in small paying jobs after wasting most of his life drinking, drugging and whoring. The daughter, Stacy Cole, was smart, but had many issues including anger, trouble with authority, and occasional suicidal thoughts, and was kicked out of many a school for disruptive behaviour. The son, Mike Cole, was innocent, and tried his best to be kind to anyone and everyone, however his own speech impediment, and slow nature only aided people to bully and belittle him, including his own father. The Coles were indeed a dysfunctional family. At least they were, until they got to the small town near the border between the United States and Canada, Sanguine. Welcome to Sanguine. You will stay. With the exception of the first chapter, each chapter only follows one character. The first chapter is the only chapter in which I will include 'Sides' where it follows a different character. This is a short Lovecraftian story, it won't go above seventeen chapters. Note: the book cover is my first attempt, it might not even remain like it is, I was just tired of seeing the standard 'no cover' thing on it.
8 161 - In Serial123 Chapters
Faceclaims
❝The face is a picture of the mind with the eyes as its interpreter.❞ in which I show you people you could use as faceclaims for your stories | #1 in faceclaim
8 178 - In Serial53 Chapters
Dungeon of books
Jacob when rip from his world by radiation sickness, and brought to nothingness. Finds himself wandering into a world of magic and wonders. Yet when he arrives in that world he finds himself as a book with the power to create Demi-planes. With this newfound power to create worlds inside books he gets classified as a dungeon, well he was a dungeon, but now the people recognize him as a dungeon. Plus, is there any good adventure without the chance of death? So then why would Jacob baby the experience of exploring his Demi-planes? Yeah, sure, he may be slightly insane from the nothingness, but that is for another time. Yet, If anyone wants to take away his creation and passion, he will do far worse than just killing them would. The earlier chapters in the story have yet to be rewritten, and just from this brief stunt so far I have improved by a mile and more. So don't be surprised when you see the worst grammar of your life in them. But I must say I am terrible at grammar but amazing at coming up with a story. The minimum word count is, 1250 My schedule is really all over the place, so don't expect consistency. I will at least post 2 chapters per week. Cover art brought to you by kingdedede11
8 253 - In Serial56 Chapters
Vikings imagines
imagines for the Saxon and Danes on the show history channel's Vikingsthe amazing cover was made by my amazing friend @stranger_caffeine
8 242