《Let Me Start Again [Completed]》LMSA 13
Advertisement
ဟန်နီဒေါသထွက်လွန်း၍ စစ်တစ်ယောက်များသူ့ကိုကူပြောပေးလိုပေးငြား စစ်ကိုကြည့်လိုက်လေသည်။
သို့သော်လည်း စစ်ရဲ့အာရုံက သူတို့ဆီမှာရှိမနေ။ ခက်အတွက် ပုစွန်ခေါင်းတွေကိုသာ သေသေချာချာခွာပေးနေတယ်။ ခက်က ပင်လယ်စာကြိုက်တယ်ဆိုပေမယ့် ပုစွန်ခေါင်းကိုတော့ မစားရဲဘူးလေ။
'ခက် ထမင်းပဲစားမနေနဲ့ ပုစွန်လဲစားအုံး။ ဒီမှာ မင်းအတွက် ပုစွန်တွေအခွံခွာပေးထားတယ်' ဟုဆိုကာ
ခက်ရဲ့ဇွန်းထဲကို ပုစွန်တစ်ကောင်ထည့်ပေးလိုက်တယ်။ ဟန်နီ့မျက်နှာကြီးကတော့ တစ်ယောက်ထဲကွက်ပြီးမိုးချုပ်လို့။
(အခုဟာက ဟန်နီကသူ့ရည်းစားလား ခက်ကသူ့ရည်းစားလားမသဲကွဲဘူး။ ခက်ကိုပဲဂရုစိုက်နေတာများ သူ့ရည်းစားကျနေတာပဲ။ ဒီကောင် သူ့စိတ်ကိုသူမသိဘူးလား။ ဘယ်သူငယ်ချင်းက အခုလိုကြီးပုစွန်တွေ ခေါင်းဖြုတ်ပြီး အခွံခွာကျွေးလို့တုန်း။ ဘေးလူဖြစ်တဲ့ငါတို့တောင် ဟန်နီနဲ့ခက်ယှဥ်လိုက်ရင် ဒီကောင်ဘယ်သူ့ကိုပိုအလေးပေးလဲဆိုတာသိတယ်။
ဒါပေမယ့်မပြောရဲဘူး။ တော်ကြာ သူ့ရဲ့ gayမုန်းပါတယ်ဆိုတဲ့ ဓါတ်ပြားဟောင်းကြီးပြန်ဖွင့်ပြီး ခက်ကိုကြက်ဟင်းခါးသီးစားပြီး စိမ်းစိမ်းကြီးနဲ့ကားသွားရင် ငါတို့ဖြူလုံးလေးပဲစိတ်မကောင်းဖြစ်ရမှာ*) ဆိုသောအတွေးကိုတော့ သက်နွယ် ဂနိုင် မင်းခန့်တို့
မတိုင်ပင်ရပါပဲတူတူတွေးမိကြလေသည်။ အပြင်ကိုတော့ထုတ်မပြောကြ။ ဟန်နီတစ်ယောက်ကတော့ ခက်ကိုသူ့ထက်ပိုပြီးအရေးပေးနေတာတွေ့တော့
မနာလိုစိတ်တွေ၀င်ကာ..
'ကိုကိုက ကိုကို့သူငယ်ချင်းကိုပဲဂရုစိုက်နေတာပဲ။ ဟန်နီ့ကိုတော့ရှိတယ်လို့တောင်မသတ်မှတ်ဘူး။ ခက်ကိုများ ကိုကိုက အင့်' ဟန်နီစကားကိုတောင်ဆုံးအောင်မပြောလိုက်ရ။ သက်နွယ်က ဟန်နီ့ပါးစပ်ထဲကို တစ်ခုခုလှမ်းထည့်လိုက်တာလေ။
(ဒီကောင်မကတော့ ငါတို့တောင်အပြင်ထုတ်မပြောပါဘူးဆို တော်တော်အတင့်ရဲနေတာပဲ။ တော်သေးတယ် ဟိုက ပုစွန်နဲ့အလုပ်ရှုပ်နေလို့ သူပြောတာ
မကြားဘူး*) ဟန်နီတစ်ယောက် သူ့ပါးစပ်ထဲရောက်လာတာကဘာမှန်းတော့မသိသေး။
မာမာကြီး။
'သက်နွယ် နင်ငါ့ပါးစပ်ထဲဘာထည့်လိုက်တာလဲ' ပါးစပ်ထဲကဟာကိုမထုတ်နိုင်သေး။ သက်နွယ်ကို
အရင်ရန်တွေ့လေသည်။
'ငါက နင့်ကိုစားစေချင်လို့ ငါ့ပန်းကန်ထဲကကြက်သားလေးခွံ့လိုက်တာပါဟယ်' ထိုအခါမှဟန်နီသူ့ပါးစပ်ရှိတာကိုပြန်ထုတ်ကြည့်တော့ သက်နွယ်ပြောသလိုပင်။ ဒါပေမယ့် ကြက်သားတော့မဟုတ်။ ကြက်ရိုး 😆...
'နင်ပြောတော့ ကြက်သားဆို အခုဟာကကြက်ရိုးကြီး ငါ့ကိုခွေးများမှတ်နေလား? နင်ငါ့ကိုသက်သက်ရန်လာစနေတာလား?'
'မဟုတ်ပါဘူးဆိုဟယ်။ ငါ့မျက်လုံးထဲမှာကြက်သားလို့မြင်နေလို့ နင့်ကိုကျွေးမိတာပါဆို'
'နင်..နင်'
'ကဲတော်ကြပါတော့ဟ ဘာလို့ဘာမဟုတ်တဲ့ကိစ္စလေးကိုအကျယ်ချဲ့နေတာလဲ။ သက်နွယ်ကနင့်ကိုကြက်ရိုးမှားကျွေးမိတယ်မလား။ အခုနင်ကပြန်ထွေးထုတ်လိုက်တော့ပြီးပြီပေါ့။ ဘာလို့အရစ်လာရှည်နေတာလဲ' ဂနိုင်ကမနေနိုင်စွာ၀င်ပြောလေသည်။ ဟန်နီ့မှာပြန်ပြောချင်သော်လည်း ကိုယ့်ရည်းစားကိုယ်တိုင်က ကိုယ့်ကို ဂရုတောင်မစိုက်သဖြင့် ငြိမ်နေလိုက်ရသည်။ စစ်သာသူ့ဘက်ကလိုက်ပြောပေးရင် သေချာပေါက် အဲ့ ၃ကောင်ကို ချဲတော့မှာ။ ခုတော့ စစ်က ခက်တစ်မျက်နှာတစ်ရွာထင်နေသဖြင့် ဟန်နီ
မင်းခန့်တို့ကိုဘာမှမပြောတော့။ စားသောက်ပြီးတော့ အုပ်စုလိုက်ဓါတ်ပုံရိုက်ကြသည်။ သေချာပေါက် ဟန်နီနိုင်က photographerလုပ်ရတာပေါ့။ သူ့ကိုလဲဘယ်သူကမှ တူတူရိုက်ရအောင်ဆိုပြီးမခေါ်ကြဘူးလေ။ ခက်ကတော့ စစ်ရဲ့ရင်ခွင်ထဲရောက်မတတ်။ ဟန်နီနိုင်ဒေါသထွက်နေလဲ ဘယ်သူကမှအရေးလုပ်မနေကြ။ ထို့နောက်မှာတော့ ကျုံးဘက်ကိုပြန်ထွက်လာကြသည်။ အနောက်ကျုံးကိုတော့ မသွားဖြစ်ကြတော့ပဲ တောင်ကျုံးမှာသာပြန်တိုးကြလေတယ်။
သူတို့ပြန်ရောက်တော့ မဏ္ဍပ်တွေက ရေတောင်ပြန်ပက်နေပြီ။ စစ်က
'မင်းတို့မိန်းကလေးတွေက အထဲ၀င်ကကြလေ။
ငါတို့သုံးယောက်က စက်၀ိုင်းပုံလုပ်ပြီးကာပေးထားမယ်'ဟုဆိုတော့
(နေပါအုံး ငါမိန်းကလေးဆိုတာ ဒီကောင်သိသွားတာလား။ မင်းခန့်ရယ် သက်နွယ်ရယ် ခက်ရယ်ပဲသိတာပါ*) ဂနိုင်အတွေးများစွာနဲ့ စက်၀ိုင်းအတွင်း၀င်မယ်လုပ်တော့ စစ်ကပြန်ဆွဲထားတာ
'မင်းကဘာကိစ္စ၀င်မှာလဲ။ သူတို့ကို ကာပေးရမယ်လေ'
'အင်.. မင်းပဲမင်းတို့က အပြင်ကကာပေးမှာဆို'
'ဟုတ်တယ်လေ။ ငါက ခက်ရယ် သက်နွယ်ရယ်
ဟန်နီရယ် သုံးယောက်ကို၀င်ကခိုင်းတာ။ မင်းကအပြင်ကကာပေးရမှာ' ဟုဆိုတော့
(သြော် ဒီကောင်က ငါ့ကိုမိန်းကလေးမှန်းမသိဘူးပဲ ခက်ကို၀င်ကခိုင်းတာကိုး*)
'ငါလဲ အပြင်မှာပဲ၀ိုင်းမယ်လေစစ်ရဲ့။ သက်နွယ်တို့မိန်းကလေး ၂ယောက် ကပါစေ။ ငါလဲယောကျာ်းလေးပဲကို ဘာလို့အတွင်းထဲ၀င်ကရမှာလဲ' ဟုခက်ကဆိုကာ မင်းခန့်နဲ့ ဂနိုင်တို့ ၂ယောက်ကြားထဲ၀င်လေသည်။ စစ်ကတော့ ခက်ရဲ့လက်ကိုပြန်ဆွဲလိုက်ပြီး သူ့ရှေ့မှာထားကာ
'မရပါဘူး မင်းလဲ၀င်ကလေ မနက်ကတည်းကမင်းကနေတာပဲကို'ဟုဆိုလေသည်။ ခက်လည်းဘာမှဆက်မပြောတော့ပဲ မင်းခန့်တို့၀ိုင်းပေးထားတဲ့အထဲမှာပဲနေလိုက်တော့တယ်။
'ကိုကို ဟန်နီချမ်းနေပြီ' ဟန်နီ့စကားကို စစ်မကြားသေး။ သူ့ရှေ့တည့်တည့်ကိုရောက်နေတဲ့ဖြူလုံးလေးကိုသာကြည့်နေမိသည်။ တလက်စတည်း စစ်
တွေးမိသည်က နောက်ရက်တွေကျရင် ဟန်နီနဲ့
မလည်တော့ပဲ ခက်တို့နဲ့သာလည်မည်ဟု။
ညနေစောင်းတော့ မင်းခန့်တို့ ၃ယောက်က ခက်ကိုလိုက်ပို့လေသည်။ စစ်ကတော့ ဟန်နီ့ကိုပို့ရမှာမလို့ ဆိုင်ကယ်အပ်တဲ့နေရာကတည်းက တစ်ယောက်
တစ်လမ်းဆီထွက်လာခဲ့ကြတာ။ ခက်အိမ်ကိုပြန်ရောက်တာနဲ့ ရေပြန်ချိုးပြီး အိပ်လိုက်လေတော့သည်။
က ထားရတာ ပင်ပမ်းတယ်လေ။
ပင်ပမ်းလို့လားမသိ ည ၇နာရီကတည်းက
အိပ်ကောင်းကောင်းနဲ့အိပ်လိုက်တာ အကြတ်နေ့မနက် ၅နာရီခွဲမှ alarmသံကြားလို့နိုးလာခဲ့တယ်။
၅ခွဲထမှအတော်ပဲ။ မင်းခန့်တို့က ဒီနေ့ကို ၆နာရီလောက်ကတည်းကအိမ်ကထွက်မယ်ပြောထားကြတာ။ မနေ့က အနောက်ကျုံးဘက်မရောက်လိုက်လို့ ဒီနေ့တော့ စောစောထပြီးတိုးကြမလို့တဲ့။ ခက်ဖုန်းကိုကြည့်မိတော့ miss calledပေါင်းများစွာကိုတွေ့ရသဖြင့် ပြန်ခေါ်လိုက်တယ်။
'Hello' တစ်ဖက်က အိပ်ချင်မူးတူးအသံနဲ့ပြန်ထူးလေသည်။
'Hello စစ် ငါ့ကိုမနေ့တုန်းကဖုန်းခေါ်ထားလို့'
'အင်း ဟုတ်တယ် ဘာလို့အခုမှပြန်ဆက်တာလဲ။
ငါမနေ့တုန်းကခေါ်နေတာခဏခဏပဲကို'
'Sorryကွာ။ ငါမနေ့က ရောက်တာနဲ့ရေချိုးပြီးတန်းအိပ်လိုက်တာအခုမှနိုးတယ်။ ပြီးတော့ ဖုန်းကလည်း silentလုပ်ထားလို့ မကြားဘူးလေ'
'အင်း ထားပါတော့။ အခုအစောကြီးနိုးနေတာလား'
'အင်း ဟုတ်တယ် မင်းခန့်တို့က ဒီနေ့ ၆နာရီကတည်းကထွက်ပြီးအနောက်ကျုံး တိုးမလို့တဲ့'
'သြော် ငါလည်းလိုက်မယ်။ မင်းတို့အိမ်ကခဏစောင့်နေနော်'
'ဟိုလေ မင်းက ဟန်နီနဲ့မလည်ဘူးလားဟင်?'
'အင်း ဒီနေ့ကတော့ မင်းတို့နဲ့လည်မလို့လေ။ ခဏစောင့် ငါကားယူလာခဲ့မယ်။ ကားနဲ့လည်ကြတာပေါ့'
'အင်းပါ ဒါဆို ဒါပဲနော်။'
'အင်းအင်း ငါ၆နာရီအမှီမရောက်ရင် စောင့်ကြအုံးနော်'
'အေးပါဆို' စစ်ဖုန်းချသွားတော့ ခက်တစ်ယောက် မျက်နှာသစ် အင်္ကျီလဲပြီး မင်းခန့်တို့အလာကိုစောင့်နေလိုက်သည်။ ခဏနေတော့ မင်းခန့်တို့ ၃ယောက်ရောက်လာကြသည်။
'မင်းတို့ကလဲ ကြာလိုက်တာ ငါတောင်ပြင်ဆင်ပြီးနေပြီ' ဟုခက်ကဆိုတော့ မင်းခန့်က
'သူတို့ကြာနေတာ။ ငါကပြီးတာကြာပေါ့' ဟုဆိုလေသည်။
'နေပါအုံး မင်းခန့် မင်းပြီးရင်လည်း ငါ့အိမ်ကိုလာလို့ရတယ်လေ။ အိမ်ကနီးနေတာပဲကို'
Advertisement
'ပြီးတာနဲ့ သက်နွယ်ကိုသွားခေါ်ရသေးတယ်လေကွာ။ သက်နွယ်အိမ်က ဒီနေ့တော့ မလည်ကြနဲ့ဆိုလို့ ဂနိုင်ကလည်းသူတစ်ယောက်ထဲပြောမပေးရဲတော့ ငါ့ကိုဖုန်းဆက်ခေါ်လို့သွားပြောပေးရတာ။ ငါတို့မနေ့ညက groupထဲမှာပြောထားတာ မတွေ့ဘူးလား?'
'အဟီး ငါမနေ့က တန်းပြီးအိပ်ပျော်သွားတာလေ လိုင်းပေါ်တောင်တက်ဖြစ်ဘူး'
'ခွေးကောင်။ သွားကြမယ်လေ လာ'ဟုဆိုကာ
မင်းခန့်ကထွက်မည်ပြင်တော့
'ခဏလေးမင်းခန့် စစ်ကသူရောလိုက်မယ်တဲ့။ ခဏစောင့်ကြအုံးတဲ့'
'သူကဘာလိုက်လုပ်မှာလဲ သူလိုက်ရင် ဟိုမြေခွေးမရောပါမှာပေါ့ဟ' မင်းခန့်မကျေမနပ်ပြောလေသည်။
ပြောနေတုန်း အမိုးဖွင့်ထားတဲ့ ဂျစ်ကားတစ်စီးက ခက်တို့ခြံထဲ၀င်လာသည်။ ကားထဲမှာပါလာတာကတော့ စစ်ပေါ့။ စစ် အပြင်ကိုထွက်လိုက်ကာ
'ဒီနေ့တော့ ငါတို့ကားနဲ့လည်ရအောင်လေ။
အနောက်ကျုံးကိုတိုးမှာဆိုရင် အရမ်းတိုးရမှာ။
ဆိုင်ကယ်နဲ့တိုးရင်အဆင်မပြေဘူး အဲ့ဒါကြောင့် ငါdriverခေါ်လာတာ။ လာ တက်ကြ' ဟုဆိုတော့ မင်းခန့်တို့လည်း ဘာမှမပြောတော့ပဲ ဆိုင်ကယ်တွေကိုခက်တို့အိမ်မှာထားခဲ့ကာ ကားပေါ်တက်လိုက်ကြတော့တယ်။ တော်သေးတာပေါ့ စောစောထွက်ထားလို့။ ဒါတောင် ကားသုံးလေးစီးလောက်က အရင်ရောက်နေသေးတယ်။ သူတို့လည်း ကိုယ်တွေလို နေရာမရမှာစိုးလို့ အစောကြီးထလာကြတာထင်တယ်။ ခက်တို့ကားက အနောက်ကျုံးဘက်ကိုရောက်လာတော့ မနက် ၇နာရီရှိလေပြီ။ မဏ္ဍပ်ကတော့ စောသေးသဖြင့်ရေဖွင့်မပေးသေး။ ခက်တို့လည်း ကားပေါ်ကဆင်းကာ မဏ္ဍပ်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ စားသောက်ဆိုင်ကို၀င်လာခဲ့ကြတယ်။
'ခက် ဘာစားမှာလဲ။' စစ်ကမေးတော့
'ငါကဘာဖြစ်ဖြစ်ရပါတယ်။ မင်းအဆင်ပြေတာမှာလိုက်'
'ဒါဆို နွားနို့တစ်ခွက်၊ စတော်ဘယ်ရီတစ်ခွက်၊ ပေါင်မုန့်ကြက်ဥကြော်နှစ်ပွဲချပေး' ထို့နောက် မင်းခန့်တို့ဘက်ကို menu cardပေးလိုက်သည်။
'စစ် မင်းကဟန်နီနဲ့ဘာလို့မလည်တာလဲ?' မင်းခန့်ကသိချင်စွာမေးလေသည်။
'ဒီနေ့တော့ ငါမင်းတို့ကိုအချိန်ပေးမလို့လေ။ ခက်ကလည်း ဒီနှစ်မှသူငယ်ချင်းတွေနဲ့လည်ရတာမလား
အဲ့ဒါကြောင့်မလို့'
(သေချာတာကတော့ မင်းတို့နဲ့ဆိုရင် ခက်ကိုစိတ်မချလို့ပေါ့*) ဟူသောစကားကိုတော့ စိတ်ထဲကသာပြောလိုက်တယ်။ စားစရာတွေလာချပေးတာ ခက်က
စတော်ဘယ်ရီခွက်ကိုလှမ်းယူသဖြင့် ပြန်လုလိုက်ကာ
'ခက် မင်းကနွားနို့ပဲသောက်ရမှာ။ စောစောစီးစီး အအေးမသောက်ရဘူး' ဟု ခပ်တည်တည်နဲ့ဟောက်လိုက်လေသည်။ orange juiceမှာထားကြတဲ့
မင်းခန့်တို့သုံးယောက်ကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့။ သူတို့ခမျာ ဆက်သောက်ရမှာလိုလို ပြန်ပဲချရမှာလိုလို။ ပြီးတော့မှ
'စစ် မင်းကလည်း မင်းကျစတော်ဘယ်ရီသောက်ပြီးတော့။ အဲ့ဒါကျတော့ အအေးမဟုတ်လို့ ရေနွေးနဲ့ဖျော်ထားတာလား?' မင်းခန့်ကမေးလေသည်။
'မင်းခန့် မင်းမသိရင် ၀င်မပြောနဲ့။ ကိုယ့်ဘာသာကိုနေ' ဟု ဘုတောလိုက်ပြီး ခက်ဘက်ကိုပြန်လှည့်ကာ
'ခက်က လိမ္မာတယ်ကွာ နွားနို့ပဲသောက်လိုက်နော်။ ခဏနေရင် မင်း ကအုံးမှာမလား? အဲ့အခါကျအားရှိနေဖို့လိုတယ်လေ။ မနက်အစောကြီးအအေးသောက်ရင်ဗိုက်အောင့်လိမ့်မယ်။ နော်'
(အင် ငါ့ကိုပြောတုန်းက ဘီလူးဆိုင်းတီးနေပြီး ခက်ကိုကျတော့ ချက်ချင်းကိုလေသံပြောင်းသွားတော့တာပဲနွားက။ ခက်ကမနက်ခင်းအအေးသောက်ရင်ဗိုက်အောင့်တတ်တယ်ဆိုတာတောင် ငါပြောမှသိတဲ့ကောင်က*)
'အင်းပါစစ်ရဲ့ ငါနွားနို့ပဲသောက်ပါ့မယ်'
သက်နွယ်တို့ ၂ယောက်ကတော့ ဘာမှ၀င်မပြောနိုင်။ သူတို့ကိုသာကြည့်နေလေသည်။
To be contined.....
မနာလိုစိတ်တွေဝင်ကာ..
မာမာကြီး။
အရင်ရန်တွေ့လေသည်။
'နင်..နင်'
Advertisement
'ဟုတ်တယ်လေ။ ငါက ခက်ရယ် သက်နွယ်ရယ်
က ထားရတာ ပင်ပမ်းတယ်လေ။
'အင်းပါ ဒါဆို ဒါပဲနော်။'
'ခက် ဘာစားမှာလဲ။' စစ်ကမေးတော့
အဲ့ဒါကြောင့်မလို့'
To be contined.....
Advertisement
- In Serial79 Chapters
Good Guy Necromancer
Necromancers are murderous, repulsive, utterly ungodly creatures. And then there's Jerry. Jerry is a novice necromancer who treats his undead warmly, seeks to befriend people instead of harvest their bodies, and doesn't mind cracking a skull or two when needed. He genuinely is a good guy—too bad nobody believes him. Jerry tries to settle down, wanting nothing but a peaceful life for him and his undead—and, when that doesn't quite work out, he sets out to adventure. He will make friends, each unique in their own way, and together, they will travel through a variety of striking environments; from a tiny village, to the land of the dead, to a jolly archipelago, to a kingdom on a beanstalk. To save a world that shuns him, Jerry must stand against a large organization of arrogant, mighty wizards. He strives to become stronger while maintaining his kindness, only to realize that, maybe, gentle hearts make the greatest necromancers. This is the story of a delightful man in a harsh world—full of warmth, action, and wise-cracking bone puns. Chapters are usually 2-3k words, and updates are 3/week: Mon, Wed, Fri. If you're looking for another fun, action-packed adventure, check out Cultivator vs. System by yours truly, available on Kindle, KU, and Audible. But read Good Guy Necromancer first.
8 143 - In Serial10 Chapters
Monolith World
Warning: VERY slow paced. I want this to be my best novel, so I will shelve it while I work on other projects to improve my writing. If you want to read the very first (cringe and unfinished) draft, here it is: Volume 1 Volume 2 Jon is a fairly intelligent, ordinary high schooler who loves physical and mental challenges, but only if they’re in the form of games. One day, it seems like the world suddenly ends; he and his best friend are taken to a new world by a mysterious white light after school. How is this world different? Who is watching him? Why is he here? What is his goal? What is a “monolith”? Find out next episode on dragon ballzzzz Join my Discord server to discuss this web novel and recieve chapter updates! Discord link Do not read if you despise monologues. Unravel the mysteries of this new world alongside the main character, as well as truths about him and his family. What can you determine? This is an isekai written by me. Inspired by a wide variety of isekai stories. All my stories have a mathematical/philosphical theme. This story's theme: A lot... TBD - rz
8 317 - In Serial15 Chapters
፡፧Only Earth Survived፧፡
"To Kay, I will never forget what you taught me. Thank You." ፡፧Only Earth Survived፧፡ Book of Death "The United Planets Coalition rules across many worlds.The Outer Space Fleet Command rules the UPC…Our lives are controlled by those with absolute military power.Those that defy their will are enslaved.The worst of them become scrubbers...The best of us become Spacers." For hundreds of years Humanity brought the light of civilisation to dozens of worlds, across multiple stars. The rule of the OSFC is absolute. Their fleet is glorious, their paranoia of revolution developed defences unrivalled.Their leaders are cold and remorseless.Their warriors bound to die for their cause... What would dare threaten such a force? ... Only the Darkness they pushed away. An unknown enemy has come forth. Defeat is as sure as the turn of worlds... Nothing last's in it's shadow.But on the edge of the frontier; One lone gunboat has what could be the secret to the defence of their cruel world...The cold hand of extinction stands in their way...This is their mission... This is the story of the Phoenix
8 170 - In Serial42 Chapters
Me? Dragon
Synopsis The life of a baby dragon, from birth to unknown heights. Born as a red dragon Rue will experience the benefits of such a prestigious race and the downsides. Dragon hunters, surviving in the wild, the journey will be difficult, but when you can breathe fire and weigh in at a couple of tones, pointy sticks don't do much… The world they live in is magical with many different beasts and races, and hopefully, our young dragon will live to “taste” all of the finer points of life. The story contains a litRPG element but I still like to have a natural feel to the way the world works. Please forgive me for mistakes and kindly point them out. I'm still new to writing. The Basics: Spoiler Magic: Yes Smartphones: No (Dragons Can't Use Them) Martial Arts: No (Ever Seen a dragon Punch?) Monsters: Yes Adventure: Yes Basic Physics: Yes (Fire….lots of Fire) Dialogue Boxes: Yes Updates: Well, we will have to see, at least once a week though. most likely every day for the first little while. I have a backlog of chapters I will release to kickstart the story. Author : This is my first attempt at writing a fiction from a female point of view, even if it is a dragon. I hope I get the tone right, please be lenient. Content: The MC will be a fauking dragon, that's all you really need to know. Please give it a shot. Notes: (I do not own the art for the cover of this novel if someone wants it removed I will do so promptly)
8 209 - In Serial17 Chapters
Deathwatch Team Fluff: A Warhammer 40k Story
The 41st Millennium, a time of darkness and war. The Imperium of Man stands alone against a tide of enemies, not all of them human.To combat these alien threats an organisation was formed, made of the best Space Marines known to humankind. This organisation is known as the Deathwatch. This is the story of one Space Marine in particular and the squad he led into battle.
8 93 - In Serial4 Chapters
My Annoying Babysitter || BTS FANFIC
"I want you here beside me" "But---"he cut me off.He hugged me tightly like there's no end of the world.
8 92