《Let Me Start Again [Completed]》LMSA 7
Advertisement
'Hello စစ်'
'ခက် ငါဒီနေ့ မင်းနဲ့တူတူနေ့လည်စာလာမစားနိုင်တော့ဘူးနော် ဟန်နီစာမေးပွဲပြီးလို့ လျှောက်လည်ကြမှာမလို့'
'အေးပါ ရပါတယ် ငါကျောင်းကသူငယ်ချင်းတွေနဲ့ပဲစားလိုက်တော့မယ်'
'အိုခေအိုခေ ဒါဆိုငါဖုန်းချလိုက်တော့မယ် ဪမေ့နေတာ လက်ဖက်ထမင်းမစားနဲ့နော်ကြားလား'
'အေးပါ ငါသိပါတယ် ဒါပဲနော် ငါကျောင်းသွားဖို့ပြင်ဆင်ရအုံးမှာမလို့'
'အေးအေး' စစ်ဖုန်းချသွားတော့ ခက်ရေချိုးရန်ထွက်လာခဲ့သည်။ ခါတိုင်း အလုပ်သွားဖို့တောင်သူဖုန်းဆက်နှိုးမှထတတ်တဲ့စစ်က အခုတော့ ၇နာရီတောင်မထိုးသေးဘူး နိုးနေပြီ။ ဟန်နီနဲ့တူတူကျောင်းတက်ချင်လို့ဆိုပြီး တစ်နှစ်နားထားတဲ့စစ်က သူ့daddyပိုင်တဲ့ M.T companyမှာ အစမ်းခန့်၀န်ထမ်းဘ၀ကနေစပြီးအလုပ်လုပ်နေခဲ့တာ အခုဆို permanent staff ဖြစ်သွားပြီ။ ခက်နဲ့မင်းခန့်ကတော့ အခု 1st yearတက်နေကြတုန်းပေါ့။
'သား ခက်လေးရေ ကျောင်းသွားရမှာထတော့လေ' ဒေါ်သခင်ခက်ရဲ့အသံကြားမှ ခက်အတွေးစတို့ ပြတ်တောက်သွားကာ
'ဟုတ် သားထပြီမေမေ ရေချိုးမလို့'
'အေးအေး ရေကိုအကြာကြီးချိုးမနေနဲ့အုံးနော် အအေးမိလိမ့်မယ် ခေါင်းလျှော်တယ်ဆိုရင် ခေါင်းကိုရေပြောင်အောင်သုတ် ကြားလား' တစ်နေ့တစ်နေ့ ဒီစကားတွေပဲပြောပြောနေတာ မေမေတော့မသိ သူကတော့အလွတ်ရနေပြီ။
'ဟုတ်ကဲ့ပါမေမေရ ဒီနေ့တော့ သားခေါင်းလျှော်လို့မရတော့ပါဘူး' ခက်ရဲ့ညီးညူညူစကားကိုကြားတော့
'ဒါဆို သားအတွက် မေမေနွားနို့ပဲလုပ်ထားလိုက်တော့မယ်နော် coffeeမဖျော်တော့ဘူး'
'ဟုတ်ကဲ့ မေမေ' ဒေါ်သဇင်ခက် အောက်ရောက်တာနဲ့ ခက်အတွက် စောစောက၀ယ်ထားတဲ့နွားနို့ကိုပြန်နွှေးနေလေသည်။ ခက်က တစ်လကို ၅ရက် တစ်ပတ်လောက် နွားနို့သောက်ပေးရသည်လေ။
'သဇင် ဒီနေ့ကကိုယ်တို့ရောနွားနို့သောက်ရမှာပေါ့ ဟုတ်လား' ဦးဥက္ကာရဲ့အမေးကို
'ဟုတ်တယ် အဖေကြီးရေ သားလေးကဒီတစ်ပတ်လုံး နွားနို့ပဲသောက်ရမှာဆိုတော့ သဇင်လည်း breakfastကို ပေါင်မုန့်ကြက်ဥကြော်နဲ့နွားနို့ပဲ လုပ်လိုက်တော့တာ'
'ကောင်းသားပဲကွာ ငါ့သားလေးကျေးဇူးကြောင့် ဒီအဖေက နွားနို့သောက်ပြီးအားတွေရှိတော့ အလုပ်များများလုပ်နိုင်တာပေါ့။ ကိုယ့်ဘာသာဆိုရင် တစ်လနေလို့ တစ်ခါတောင်နွားနို့သောက်ဖြစ်မှာမဟုတ်ဘူး'
ဦးဥက္ကာစကားကိုကြားတဲ့ ဒေါ်သဇင်ခက်မှာ မျက်ရည်ဝဲလာပြီး
'အကိုကတော့ အရမ်းအကောင်းမြင်တတ်တာပဲ ဒီတစ်နှစ်ပါပဲအကိုရယ် နောက်တစ်နှစ်ကျရင်တော့ သားလေးလဲ အသက်ပြည့်ပြီးပြီဆိုတော့ ခွဲစိတ်လို့ရပါပြီ။ အဲ့ဒီအခါကျရင်တော့ အကိုမုန်းနေတဲ့နွားနို့တွေသောက်စရာမလိုတော့ပါဘူး'
'ကိုယ့်သားကျေးဇူးနဲ့ နွားနို့ကိုအရင်ကလောက်မမုန်းတော့ပါဘူးကွာ' ခက် ထမင်းစားခန်းထဲမ၀င်မိပဲ မိဘတွေစကားပြောတာကိုနားထောင်နေမိသည်။ (တောင်းပန်ပါတယ်ဖေဖေ။ ဒီလိုချို့ယွင်းချက်ရှိနေတဲ့သားကြောင့် ဖေဖေမကြိုက်တာတွေစားနေရလို့။ ပြီးတော့ကျေးဇူးလဲတင်ပါတယ် သားကို၀ိုင်းပြီးဂရုစိုက်ပေးကြလို့*) ဟုတ်သည်။ ဦးဥက္ကာနွားနို့ကိုလတိုင်းလိုလိုသောက်လာရတာ ခက်အသက် ၁၃နှစ်ကတည်းက။ အခု ခက်က၁၈ပြည့်တော့မှာဆိုတော့ ၅နှစ်လောက်ရှိရောပေါ့။ ဦးဥက္ကာနဲ့ဒေါ်သဇင်ခက်တို့က လက်ထပ်ပြီး၁၀နှစ်ကျော်သည်အထိကလေးမရကြ။ ကလေးအရမ်းလိုချင်သူတွေဖြစ်တာကြောင့် ဆေးမျိုးစုံစမ်းသုံးကြည့်ကြကာမှ နောက်ဆုံးခက်ကိုမွေးလာခဲ့သည်။ ဆေးရဲ့ side effectတွေကြောင့်ရော အသက်ကြီးမှကလေးမွေးတာပါပေါင်းပြီး ခက်မှာ ချို့ယွင်းချက်တစ်ခုပါလာလေသည်။ ဒါကိုလဲ ခက်အသက် ၁၃နှစ်မှာ ခက်မေ့လဲပြီးဆေးရုံတက်တဲ့နေ့မှ သိကြရခြင်း။ သိသိချင်း မိဘနှစ်ပါးလုံး ဖြေမဆယ်နိုင်ဖြစ်ခဲ့ကြသည်။ ခက်ဆေးရုံကဆင်းတဲ့နေ့ကစပြီး
မိဘနှစ်ပါးလုံး ခက်ကိုမျက်စိအောက်ကအပျောက်မခံတော့။ သူငယ်ချင်းတောင်မှ မင်းခန့်နဲ့ စစ် နှစ်ယောက်ကိုသာပေါင်းစေသည်။ ခက်ကလည်း ငယ်ငယ်ကတည်းက တစ်ယောက်ထဲနေတတ်တာများပြီး မင်းခန့်တို့ကိုသာပေါင်းလာတော့ သိပ်ပြသနာမရှိ။ အစားအသောက်ဆိုရင်လည်း သားငယ်လေးတစ်ယောက်ထဲနွားနို့သောက်ရရင် အီနေမှာစိုးလို့ ဆိုပြီး သူမကြိုက်တဲ့နွားနို့ကို ကြိတ်မှိတ်သောက်ပေးခဲ့တဲ့
ဖေဖေ့ကိုလည်း အားနာလို့မဆုံး။ သူတကယ်ကိုပဲ သာမန်ယောကျာ်းလေးတစ်ယောက်လို နေချင်ပါသည်။
'သား လာလေ မေမေဒီမှာပေါင်မုန့်ကြက်ဥကြော်နဲ့နွားနို့လုပ်ပေးထားတယ်။ လာစားလှည့် လာ။ ကျောင်းသွားခါနီးကျရင်တော့ ဆေးသောက်သွားအုံးနော်'
'ဟုတ်မေမေ။ သားအသက် ၁၈နှစ်ပြည့်ပြီးရင်တော့ ခွဲစိတ်ပြီး သာမန်လူတစ်ယောက်လိုပဲပြန်နေလို့ရပြီပေါ့နော် မေမေ'
'သားရယ် ဒါပေါ့ သားကသာမန်လူလိုပဲပြန်နေနိုင်မှာပေါ့။ အခုတော့ဘာမှမတွေးနဲ့နော် စားစရာရှိတာစား ဟုတ်ပြီလား'
'ဟုတ်ကဲ့မေမေ'
'သား မုန့်ဖိုးသုံးစရာကျန်သေးလား'ဦးဥက္ကာကမေးတော့
'ကျန်သေးတယ်ဖေဖေ။ ဒါနဲ့မေမေ နောက်ရက်တွေကျ သားကိုထမင်းချိုင့်ထည့်ပေးလိုက်တော့နော်'
'ဘာလို့လဲသားရဲ့ စစ်လေးက စားမပေးတော့ဘူးတဲ့လား'
'သူ့ကောင်မလေးပြန်ရောက်နေပြီလေ။ သားသူတို့ကိုမနှောင့်ယှက်ချင်လို့ပါ'
'ဟုတ်ပါပြီ သားလေးသဘောပါပဲ'
'ဒါဆို သားသွားပြီနော် မေမေ'
'အေးအေးသား။ အဖေကြီး ကားကိုဖြေးဖြေးမောင်းနော် သားကနေကောင်းတာမဟုတ်ဘူး'
'ဟုတ်ပါပြီကွာ။ သူ့သားကိုပဲဂရုစိုက်ပေးနေတာ
ဟွန့်' ဦးဥက္ကာက စိတ်ဆိုးသလိုပြောလေတော့ သားအမိနှစ်ယောက်စလုံး ရယ်မိလေသည်။ ခက်တို့ထွက်သွားတော့မှ ဒေါ်သဇင်ခက် မင်းခန့်ကိုဖုန်းခေါ်ကာ
'သား ခန့်လေးလား'
'ဟုတ်တယ် အန်တီ သားကိုဘာပြောမလို့ဖုန်းခေါ်လိုက်တာလဲခမျ'
'သားရယ် အကူညီတောင်းရမှာတော့အားနာပါတယ်။ နေ့လည်ပိုင်းကျရင်လေ ခက်လေးတို့ကျောင်းကို ထမင်းတူတူသွားစားပေးလို့ရလားသား'
'ဟုတ် ရပါတယ်အန်တီရဲ့ ။ ဒါနဲ့လေ ခက်ကို စစ်ကပဲထမင်းတူတူသွားစားပေးတာမဟုတ်ဘူးလား'
'ဒီနေ့က စစ်ရဲ့ကောင်မလေးပြန်လာမှာမလို့ လာမစားဖြစ်လောက်တော့ဘူးထင်တာပဲသားရဲ့ ခက်ကလဲခေါ်ရမှာအားနာလို့တဲ့'
'သြော် ရပါတယ်အန်တီ သားသွားစားပေးလိုက်ပါ့မယ်'
'သားတို့ကျောင်းချိန်ကိုများ အနှောင့်အယှက်ဖြစ်နေမလား'
'မဖြစ်ပါဘူးအန်တီ ရပါတယ် သားတို့က ဒီနေ့ practical၀င်ရမှာဆိုတော့ နေ့လည်ပိုင်းစောစောဆင်းမှာ'
'အေးအေးသား ဒါဆိုကူညီပါအုံးကွယ်'
'ဟုတ်ကဲ့ပါဗျ ဒါဆိုဒါပဲနော်အန်တီ'
'အေးအေးသား ကျေးဇူးပါကွယ်'ဒေါ်သဇင်ခက်ဖုန်းချလိုက်သည်။
(ဒီတစ်နှစ်ပဲသည်းခံလိုက်ပါသား။ သားအသက်ပြည့်လို့ခွဲစိတ်ပြီးသွားရင် သားကြိုက်တာအကုန်လုပ်လို့ရပြီ။ သူငယ်ချင်းအများကြီးထားချင်လည်းရတယ် ။သူငယ်ချင်းတွေနဲ့ခရီးတူတူထွက်ချင်လည်းရတယ်။ ဒီတစ်နှစ်..ဒီတစ်နှစ်လေးပါပဲသားရယ်*)
UMTMရဲ့ နေ့လည် ထမင်းစားဆင်းချိန်ဖြစ်၍ ခက်တစ်ယောက် canteenသို့ ထွက်လာလေသည်။ ဒီနေ့ကတော့ ကိုယ့်ဘာသာတစ်ယောက်ထဲ၀င်တိုးရတော့မှာပေါ့။ ခါတိုင်းဆိုရင် စစ်ကပဲ စားချင်တာလေးတွေသွားမှာပေးနေကျ သူကတော့နေရာမှာပဲထိုင်စောင့်ရုံ။ ဒီနေ့ကျမှ စစ်ကလည်းမလာ သူကလည်းနေမကောင်းဖြစ်တာနဲ့တိုက်ဆိုင်နေသဖြင့် စာသင်တဲ့ထဲလဲစိတ်မပါသလို စိတ်ကလည်းမကြည်။
(မင်းက မင်းရည်းစားနဲ့ပျော်နေတဲ့အချိန် ငါကတော့
စိတ်ညစ်နေရပြီ စစ်*)
'ခက် တစ်ယောက်ထဲလား ခါတိုင်းလာလာနေတဲ့ နင့်သူငယ်ချင်းမပါဘူးလား' သူငယ်ချင်းမလေး၂ယောက်ကမေးတော့
'အင်း ဟုတ်တယ် သူမအားလို့'
'အဲ့ဒါကြောင့် နင့်မျက်နှာက အီးမှန်ထားသလိုဖြစ်နေတာပေါ့လေ ဟုတ်လား?'
'ငါတအားသိသာနေလို့လား?'
Advertisement
'ဒီလောက်သိသာနေတာကို အရင်နေ့တွေဆို နင်က မြင်းတွေဟီသလိုမျိုး တဟီးဟီးနဲ့သွားကြီးဖြီးလို့ အခုကတော့ လဒမှိုင် မှိုင်နေတာလေ' ဂနိုင်ပြောလိုက်မှပဲ လူလဲတိရစ္ဆာန်ပေါင်းကိုစုံလို့။
'ဂနိုင်ရာ နင်ကလည်းပြောလိုက်ရင် နင့်ခနဲပဲ အဲ့လိုအပြောတွေကြောင့်ရည်းစားမရတာ'
'အံမယ် နင်ကျတော့ရှိတာကျလို့ ငါ့ကိုလာနှိမ်နေတယ်' နောက်ဆုံး မနေနိုင်တော့တဲ့ သက်နွယ်ကပဲ
'နင်တို့ကလည်းတော်ကြပါတော့ဟယ်။ နင်တို့ကိုက်နေကြတာနဲ့ canteenကိုရောက်မှာမဟုတ်တော့ဘူး'
'ကိုက်ရအောင်ငါတို့ကခွေးတွေလား!!'
'ကိုက်ရအောင်ငါတို့ကခွေးတွေလား!!'
'အမလေး ဒါမျိုးကြတော့ ပြန်ပက်လိုက်ကြတာ တော၀က်တွေကျလို့။ထားပါ ခက် နင့်သူငယ်ချင်းမလာဖြစ်ဘူးဆိုရင် ငါတို့နဲ့တူတူလိုက်စားလေ။
တစ်ယောက်ထဲဖြစ်နေလိမ့်မယ်။'
'ရပါတယ် ငါကနင်တို့ကိုအားနာလို့'
'ဘာအားနာစရာရှိလဲ ခက်ရာ ငါတို့က သူငယ်ချင်းတွေပဲကို လာလာသွားကြမယ်။ နင့်သူငယ်ချင်းလာတုန်းက ငါတို့မှာနင့်အနားတောင်မကပ်ရဲဘူး
ဂျိုကြည့်ကြည့်နေလိုက်တာများ သူ့အရိုးလုမှာစိုးနေတဲ့ bulldog ကြီးကျနေတာပဲ'
'အင်' ဂနိုင့်ပြောသံကြားတော့ ခက်တောင် နင်သွားသလို။ စစ်သာကြားလို့ကတော့လား။
(သူပြောမှပဲ စစ်တစ်ယောက်လည်း ခွေးလုံးလုံးဖြစ်လို့ တကယ့်ဂနိုင်ကောင် မင်းခန့်နဲ့တွဲပေးထားရမယ်*)
'ဟုတ်တယ်နော် ခက် နင့်သူငယ်ချင်းလာရင် ငါတို့မှာအလိုလိုနေရင်းကိုရှိန်နေရတာ။ မသိရင် ငါတို့ကသူ့ရည်းစားကို ဖြတ်လုတော့မယ့်ဆိုက်ကြီးနဲ့ တကယ်ကျောချမ်းတယ်' ဟုပြောကာ သက်နွယ်က ကြက်သီးထသလိုပုံစံမျိုးလုပ်ပြလိုက်လေတော့ သုံးယောက်လုံးရယ်မိလေသည်။ ထိုစဥ်..
'ဟေး အထန်လေး' ခေါ်သံကြားရာလှည့်ကြည့်မိတော့ Laboratoryခန်းရှေ့မှာ သူတို့ကိုလက်လှမ်းပြနေတဲ့ မင်းခန့်။ နာမည်ကြီးကတစ်မျိုးကြီးဖြစ်နေတာမို့ ခက်မထူးမိ။ (သူ့ရဲ့တခြားသူငယ်ချင်းကိုခေါ်တာနေမှာပါလေ ငါ့ကိုခေါ်ရင် ခက်လို့ခေါ်မှာပေါ့*)
'ဟေး အထန်လေး ထန်ထန်လေးရေ ခက်ထန်ရေ' ခက်ထန်ဆိုသောနာမည်ကြားမှ (ဟင် ငါ့ကိုခေါ်နေတာဟ နေပါအုံး ဘာလို့လူကြားထဲထန်ထန်လို့ခေါ်တာလဲ ဒီခွေးကောင်ကတော့သေချင်လို့*) အတွေးထက် လူကအရင် မင်းခန့်နားရောက်သွားကာ ညို့သကျီးနေရာကိုဖြတ်ကန်လိုက်လေသည်။
'အားယိုး နာလိုက်တာ ခွေးကောင် ကျောင်းကိုထမင်းအတူလာစားပေးတဲ့သူကို အဲ့လိုဆက်ဆံတယ်ပေါ့လေ'
'မင်းခေါ်တဲ့နာမည်ကိုပြန်ကြည့်အုံးနွားရဲ့ '
'ဘာလဲ ချစ်စနိုးနဲ့ အရင်းစွပ်ခေါ်တာလေ'
'အဖျားစွပ်တာလို့ပြောခွေးကောင်'
'အဖျားပဲစွပ်စွပ် အရင်းပဲစွပ်စွပ်။ မင်းကိုသူများတွေကလဲ ခက်လို့ခေါ်နေကြတော့ ငါကသူတို့နဲ့မတူ တမူထူးခြားအောင်လို့လဲခေါ်ရသေးတယ်'
'ခေါ်စရာမလိုဘူး ရတယ် ခက်လို့ပဲခေါ် နွား'
'ပြီးတာပဲ ပြီးတာပဲ ထမင်းသွားစားမလို့လား။ ငါလည်းလိုက်မယ်လေ'
'အွန်း သက်နွယ်လာ ငါတို့သွားရအောင်' ဟုဆိုကာ canteenဘက်ကိုထွက်လာခဲ့ကြသည်။
To be continued.....
'Hello စစ်'
Advertisement
'ဟုတ်ကဲ့မေမေ'
'သား ခန့်လေးလား'
စိတ်ညစ်နေရပြီ စစ်*)
'ငါတအားသိသာနေလို့လား?'
To be continued.....
Advertisement
- In Serial53 Chapters
Synapsis (Liber Telluris Book 2)
Ancient biotechnologies, psychotic satellites, and incomprehensible enemies… The weaponized strain of the genophage—the disease that ravaged the world, turned men into monsters, and ended the Last Era—is in remission, but the effects of its attack on the genes of the Nethress family linger… Tvorh, an adopted Nethress biomage with everything to prove, is tasked by his liege Dorsin to invent a permanent inoculation against infection. At Tvorh’s disposal is an unprecedented resource: a princess of the Last Era, recently released from cryostasis. In this diminished age, her knowledge and power are unmatched. So are her psychoses and power-hunger. When the quest for answers drives Dorsin, Tvorh, and their companions into the deepest wilds of Tellus and the blackest voids beyond it, they will learn the single terrible secret binding synapse to synapse, biomage to genophage, man to Chimera… Past to present. Land to sky. And prey to predator. Because while fractious bloodlines war across Tellus’s surface, the true threat glides unrecognized through the void of space… Heading straight toward Tellus. *** Synapsis is the second book of a biopunk science-fantasy epic inspired by the altered philosophies and weird technologies of Dune, the ever-present familial machinations present in Exalted's Scarlet Empire, and the endless conflict of Warhammer 40K. The first book, Genophage, may be found on Royal Road.
8 215 - In Serial13 Chapters
KAL BLADE
Newfound valley, not only known for it's beautiful forestery and waterfall, harbors all kinds of beings from ghosts to vampires. For centuries, the town is protected by a secret organization that scouts the night, hunting mythical beings down and eliminating them. They are known as Kal Blade.
8 78 - In Serial12 Chapters
Umbrum
“Hahaha.” A laughter. Umbrum seemed to be like any other… actually, he didn’t, he was the unusual type.A mage coming from likely nowhere, to join the Esoteric Syndicate, one that did not even have an invitation, who bypassed the formalities by accident, who inconvenentiently stomped on unspoken rules.Despite living in troubling times where anyone could enter history, he never did, or perhaps, he was forgotten from the era itself.Isolated from the world. Why is it so ? Unfortunately, his true story is one that is untold to people and is deformed as a fiction to scare little children after his death, despite everything, he was not completely forgotten.
8 83 - In Serial17 Chapters
SWTOR: The Alpha Legacy - 'Sides'
This is the 27th Epic Story in the Alpha Legacy Series. It’s been a year since the galaxy felt the sting of the Inferno virus. The Galaxy still reels from the devastation. Though the shadowy ‘Organization’ responsible for the Inferno Virus has been defeated, they are not vanquished. Vestiges of the remnants of the ‘Organization’ still exist in every sector of business and government galaxy wide. Threatening to reorganize and to reemerge stronger. Galactic War has been renewed with the invasion of the Sith Empire on the former Jedi Enclave of Ossus and incursion back into Republic Territory. Both major factions heading back to war, the galaxy stands still as the Sith Empire and the Republic solidify holds on their current territory. And a power struggle emerges within the Empire with the death of Empress Acina and the unexplained resurrection of Darth Malgus. With the Alliances formed during the time of the Eternal Empire dissolving; the heroes must decide which side they will fall on. It is a time of uncertainty. Mirial has reapplied for membership within the Republic with the end of their Civil War. And Karolin will be forced to make a choice. Mrysti’s disappearance throws the lineage of the De’nabre into question. The spoils of the Civil War must be safeguarded; technology acquired from the Generational Mirialans who started the Civil War, secured. Hard choices all around. And those making them will not always have the time to explain what it is they have to do. Some will be left behind to decide for themselves which way they will fall as the search for answers continues. And others struggle to return to the life they once knew and stop those who threaten to change the galaxy forever. New Heroes emerge on all sides. New Villains, join old ones as new technology gives them an edge in their quest to bring about a change in regime. And affect the balance of power between the two major sides in the growing galactic conflict.
8 461 - In Serial28 Chapters
Cursed Anti-Hero Against the Gods
I died... that's easy to understand. I am going to be reincarnated based on what that registration lady said, that's also easy to understand. Apparently a Hero is going to be reincarnated into the new world, it's not me so I don't care. BUT WHY DID I GET CURSED BY ALL THE GODS BEFORE REINCARNATING!
8 224 - In Serial18 Chapters
Fortnite: Golden Skyes
Skye and her friends, as well as some new faces, return in the C2S4 installment of Fortnite: Quest Buddies!When a girl claiming to be Skye's little sister turns up at Catty Corner, Skye begins to wonder if her past is what she thinks it is. And when superheroes begin to pop up around the Island, it is clear that something is up. Will Skye be able to juggle her life and her job, or will she fall under the pressure?The Fortnite: Quest Buddies Series:Book 1 - Fortnite: Quest BuddiesBook 2 - Fortnite: ALTER EGOBook 3 - Fortnite: The Great FloodBook 4 - Fortnite: Golden SkyesBook XX - Fortnite: The Agent Files
8 74