《Let Me Start Again [Completed]》LMSA 5
Advertisement
Unicode
စစ် အိမ်ပြန်လာတော့ ဦးစစ်သော်တစ်ယောက်ကိုသာတွေ့လေသည်။
'သား သားကို papaမေးစရာလေးရှိတယ် ခဏလောက်ထိုင်ပါအုံး'
'ဘာမေးမှာလဲ'
'သားဘာလို့ ၁နှစ်နားမှာလဲ papaကို အရွဲ့တိုက်ချင်လို့ဆိုရင်တော့ အဲ့လိုမလုပ်ပါနဲ့ကွာ'
'ခများနဲ့ဘာမှမဆိုင်ပါဘူး အခုဟာက တခြားအကြောင်းကြောင့်'
'တခြားအကြောင်းကဘာလဲဆိုတာ papaသိခွင့်ရှိမလား'
'ဟန်နီ့ကိုစောင့်နေတာ'
'ဟန်နီ.. ဟန်နီဆိုတာက?'
'ကျနော့ချစ်သူ အနာဂတ်မှာကျနော်လက်ထပ်မယ့်မိန်းကလေး ဘာလဲ ကျနော့ကို ခများလိုမျိုး ယောကျာ်းယူပီးကလေးမွေးမယ်ထင်နေတာလား' စစ်ရဲ့စကားကို ဘာမှပြန်မချေပနိုင်ခင်မှာပဲ ဦးမင်းထက်ရောက်လာကာ
'စစ် မင်းပြန်ပြောလိုက်စမ်း အခုက ဘယ်သူ့ကြောင့်ကျောင်းနားမှာ ဟန်နီ ဟုတ်လား'
'ဟုတ်တယ် daddyက ဟန်နီ့ကိုသိလို့လား'
'နေအုံး အဲ့ဒီဟန်နီဆိုတဲ့ကလေးမက Zwe Companyက CEO ဦးဇွဲနိုင်ရဲ့တစ်ဦးတည်းသောသမီး ဟန်နီနိုင်ဆိုတာလား'
'ဟုတ်'
'သူနဲ့ဆိုရင် သဘောမတူနိုင်ဘူး။ သူ့အဖေကဘယ်လိုလူမျိုးလဲမင်းသိလို့လား ဟင်?'
'မသိဘူး သိစရာလဲမလိုဘူးထင်တာပဲ'
'မင်းစစ်မောင်! မင်းတဖြည်းဖြည်းမိုက်ရိုင်းမလာနဲ့'
'အဟက် ရိုင်းမှာပေါ့ ငယ်ငယ်လေးကတည်းက ဆုံးမမယ့်အမေမှမရှိတာ'
'မင်း....မင်း'
'ခများကိုလက်ခံပေးမယ်လို့စဥ်းစားလိုက်တိုင်း ခများက ကျနော်နဲ့ daddyကို ပြသနာတက်အောင်လုပ်လုပ်နေတော့ ဘယ်လိုလုပ်ရမလဲ'
'သား papaကတမင်လုပ်တာမဟုတ်ပါဘူး'
'တော်ပါတော့! ကျနော်ဒီနှစ်နားမယ်ဆိုတာပဲ သိထားပေးကြရင်ရပြီ ကျနော်နားတော့မယ်' ပြောပြီးတာနဲ့ အပေါ်တက်သွားလေးတော့သည်။ ထိုအခါမှ
'အကို ဦးဇွဲနိုင်ဆိုတာက ဘယ်လိုလူမျိုးမလို့လဲဟင် သားလေးနဲ့ သူ့သမီးကို သဘောတူပေးလို့မရဘူးလား'
'မရဘူး သဘောမတူနိုင်ဘူး အဲ့ဒီဇွဲနိုင်ဆိုတဲ့ကောင်က ကောင်းတာရောမကောင်းတာရောအကုန်လုပ်တဲ့ကောင်။ ချမ်းသာနေပင်မယ့် သူပိုင်တဲ့ငွေတွေက ငွေမည်းတွေများနေတာ ဒီကြားထဲ ဒုစရိုက်ဂိုဏ်းတွေနဲ့ဆက်သွယ်ပြီး လူမိုက်ကမွေးထားသေးတယ် အဲ့လိုလူမျိုးရဲ့သမီးနဲ့ သဘောတူစရာလား'
'သူ့သမီးက သူ့အဖေနဲ့မတူဘဲ စိတ်ရင်းကောင်းနေရင်ရော?'
'အသော်ရာ မင်းက သားလေးစိတ်မဆင်းရဲအောင် သဘောတူခိုင်းနေတာကို အကိုနားလည်တယ်။ ဒါပင်မယ့် ဒီအဖေကမွေးတဲ့သမီးက အဖေနဲ့လုံးလုံးအကျင့်စရိုက်မတူဘူးဆိုတာဖြစ်နိုင်လို့လား။ အနည်းနဲ့အများတော့ သူ့မှာစဥ်းလဲတဲ့စရိုက်ရှိမှာပဲလေ'
'ဒါပင်မယ့်'
'ဒါပင်မယ့်တွေလုပ်မနေနဲ့အသော် သားလေးကိစ္စကို ကိုယ့်တာ၀န်ထားလိုက်။ နော် ဒီကိစ္စကြောင့်
အသော့်ကိုသားလေးပိုမုန်းမသွားစေချင်ဘူး အဲ့ဒီတော့ သူတို့ ၂ယောက်ကိုခွဲဖို့ ကိုယ်ပဲအမုန်းခံပြီးလုပ်မယ် ဟုတ်ပီလား'
'အကို့သဘောအတိုင်းပါပဲဗျာ'
'လိမ္မာတယ်'ဟုဆိုကာ ဦးစစ်သော်၏ခေါင်းလေးကိုဖွဖွလေးပုတ်သွားလေးသည်။ ယောကျာ်းလေး ၂ယောက်ကတည်ဆောက်ထားတဲ့အိမ်ထောင်ရေးဖြစ်သော်လည်း ဘယ်သောအခါမှရိုးအီသွားတယ်ဟူ၍မရှိ။ အသက်တွေကြီးလာလေ အချစ်တွေတိုးလာလေသာပင်။
'Hello'
'Hello ခက်လားဟင်' တဖက်က ရုံးပတီသီးထက်ချွဲပျစ်နေသောအသံကိုကြားတော့ ခက်ကြက်သီးတွေတောင်ထသွားလေသည်။
'မခက်ဘူး လွယ်တယ် မင်းဘာကိစ္စနဲ့ငါ့ဆီဖုန်းဆက်ပြန်တာလဲ ဟန်နီ။ တကယ်ဆို ဒီအချိန်က စစ်ဆီကိုပဲဖုန်းဆက်ရမယ့်အချိန်မဟုတ်ဘူးလား'
ရင်နာနာနဲ့ပြောမိသည်။ သူစစ်ကိုဖုန်းဆက်လိုက်ရင် စစ်ပျော်သွားမှာမလား။ တကယ်တော့ ဟန်နီနဲ့စစ်ကို မနီးစပ်စေချင် သို့သော်လည်း ယခုလို စစ်ကိုအဆက်သွယ်မလုပ်ပဲ မိမိအားအဆက်သွယ်လုပ်ခြင်းကိုလဲမနှစ်သက်။ (မင်းဘာဖြစ်ချင်နေတာလဲ ဟန်နီ*)
'ခက်ကလည်းကွာ ဟန်နီကခက်နဲ့ပဲပြောချင်တာလေ'
'ဒါပင်မယ့်ငါမပြောချင်ဘူးလေ မင်းကဘာဖြစ်ချင်နေတာလဲ ဟင် စစ်ကိုတကယ်မချစ်ပဲ ကစားနေတာလား?'
'အိုး အဲ့လိုလဲမဟုတ်ပါဘူးခက်ရယ် ဒီအရွယ်ကစိတ်ကစားတဲ့အရွယ်လေ အဲ့တော့ ဟန်နီလဲ စိတ်ကစားမိတာဆန်းလား။ ဒါပင်မယ့် ခက်ကိုတော့တကယ်ချစ်တာပါ'
'ငါကတော့မင်းကိုရွံတယ်ဟန်နီ ငါကမင်းကောင်လေးရဲ့သူငယ်ချင်းနော် မင်းမရှက်တတ်ဘူးလား
ဟမ်?'
'အဲ့ဒါတွေဟန်နီမသိဘူး ဟန်နီသိတာက ခက်ကိုချစ်တယ်။ ဟန်နီ ခက်ကိုစစ်မိတ်ဆက်ပေးတဲ့နေ့ကတည်းက မြင်မြင်ချင်းချစ်မိသွားတာ'
'တော်တော့ဟန်နီ မင်းဆက်မပြောနဲ့ မင်းဘယ်လိုပဲပြောပြော ငါ့သူငယ်ချင်းကိုသစ္စာမဖောက်ဘူး'
'စဥ်းစားပါအုံးခက်ရယ် အခုဟန်နီ December ကျောင်းပိတ်ရက်မလို့ပြန်လာတာတောင် ခက်ကိုအရင်ဆုံးဆက်သွယ်တာနော် စစ်တောင်ဟန်နီကျောင်းပိတ်တာမသိသေးဘူး'
'တော်စမ်းပါ မင်းရူးနေတာ ငါကတော့ ငရံ့ ၂ကောင်ဖမ်းချင်တဲ့မင်းကို အရမ်းမုန်းတယ် အရမ်းလဲရွံတယ်'
(အဓိက ကတော့ ငါအရမ်းချစ်ရတဲ့စစ်ကို တကယ်မချစ်ပဲ ကစားနေလို့*)ထိုစကားကိုတော့ စိတ်ထဲတွင်သာပြောလိုက်ကာ
'ငါမင်းကို ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး ဟန်နီ' ပြောပြီးတာနဲ့ဖုန်းချပစ်လိုက်တဲ့ ခက်တစ်ယောက်
'အဟက် ခွင့်မလွှတ်ဘူးဟုတ်လား။ ဒီနေ့ပြောခဲ့တာတွေအတွက် နင်နောင်တရစေရမယ် ခက်'ဆိုသော ဟန်နီ့ရဲ့ကြိမ်းဝါးသံကိုတော့မကြားနိုင်တော့ပေ။
'Hello'
'Hello ဟန်နီလား'
'ကိုကိုကဟန်နီ့အသံကိုမှတ်မိသားပဲနော်'
'မှတ်မိတာပေါ့ ဟန်နီရဲ့ ကဲပြောဟန်နီဘာလုပ်ချင်လို့လဲ'
'ဟန်နီကကျောင်းပိတ်လို့အိမ်ခဏပြန်လာတာကိုကိုရဲ့ အဆောင်မှာရုပ်ရှင်မကြည့်ရဘူးလေ အဲ့ဒါကြောင့် ကိုကို့ကို ရုပ်ရှင်လိုက်ပြခိုင်းမလို့'
'အိုခေလေ ကိုကို့ချစ်ချစ်လေးကို ရုပ်ရှင်လိုက်ပြရမှာပေါ့ နက်ဖြန်လာခေါ်မယ်နော်'
'ဟုတ် ကိုကို ဟန်နီအဆင်သင့်ပြင်ထားလိုက်မယ်နော် အရမ်းချစ်တယ် မွမွ'
'ကိုကိုကလဲချစ်ပါတယ်ကွာ'ဟန်နီဖုန်းချသွားတော့ စစ်တစ်ယောက်အရမ်းပျော်နေလေသည်။
(ဟန်နီကငါ့ကိုတကယ်ချစ်တာပဲ အဆောင်၀င်ပြီး ၆လလောက်ကြာတာတောင် ငါ့ကိုမေ့မသွားရှာဘူး ရောက်တာနဲ့ချက်ချင်းဖုန်းဆက်တယ်*)
'ကိုကိုရောက်လာပြီလား လာအိမ်ထဲ၀င်လေ အိမ်မှာတော့ဘယ်သူမှမရှိဘူး'
[ A/N စျေးဗန်းကခင်းလိုက်သေးတယ် : ) ]
'ရပါတယ်မ၀င်တော့ပါဘူး ကိုကိုတို့သွားရအောင်လေ ရုပ်ရှင်နောက်ကျလိမ့်မယ်။ သြော် ဟန်နီ ဟန်နီကြည့်ချင်တဲ့ကားက ၀င်းလိုက်ရုပ်ရှင်ရုံမှာပဲလက်မှတ်ရတော့တာ အဆင်ပြေတယ်မလား'
'ပြေတာပေါ့ ကိုကိုနဲ့တူတူရှိနေရရင် ဘယ်နေရာဖြစ်ဖြစ်အဆင်ပြေတယ်'
'အဟားးး အချွဲလေးကွာ'
ရုပ်ရှင်ပြီးသော်..
'ကိုကို ဟန်နီဗိုက်ဆာတယ်'
'အိုခေလေ ဘာစားချင်လဲ'
'၀က်သားပေါင်းစားချင်တာ'
'ဒါဆိုလာခဲ့ ဟိုနားမှာ မန်းမြို့တော်ရှိတယ်'
'ဟုတ် ဟယ်ကိုကို ဟိုမှာ ကိုကို့သူငယ်ချင်း ၂ယောက်မလား?'
ဟန်နီပြတဲ့နေရာကိုကြည့်လိုက်တော့ ခက်နဲ့မင်းခန့်
'ဟုတ်သားပဲ ကိုကိုသူတို့ကိုပါဒီခေါ်လိုက်မယ်နော် ဟန်နီအဆင်ပြေတယ်မလား'
ဒီရက်ပိုင်းတွေမှာ ခက်နဲ့မင်းခန့်ကို ၂ယောက်ထဲတွဲမြင်နေရရင်ကို သူ့စိတ်ထဲဘယ်လိုဖြစ်လာမှန်းမသိပေ။
'ပြေပါတယ်ကိုကိုရဲ့' ဟန်နီ့ဆီကခွင့်ပြုချက်ရတာနဲ့ ခက်တို့ရှိတဲ့နေရာကိုထွက်လာခဲ့လိုက်သည်။
'ဟေ့ကောင်တွေ'
'သြော် စစ် မင်းကဒီကိုဘာလာလုပ်တာလဲ'
'ငါနဲ့ဟန်နီ ရုပ်ရှင်လာကြည့်ရင်း ဗိုက်ဆာလို့ မုန့်၀င်စားတာ' စစ်အဖြေကြောင့် မင်းခန့် ခက်ကိုတစ်ချက်ကြည့်လိုက်တော့ မျက်နှာလေးညှိုးနေရှာသည်။
Advertisement
'ဟုတ်လား ငါတို့လဲ ဒီကိုရုပ်ရှင်လာကြည့်ကြတာလေ'
'ကြည့်ပြီးပြီလား ငါတို့နဲ့ဘာလို့မတွေ့ရတာလဲ'
'မကြည့်ရသေးပါဘူးကွာ ခဏနေမှလက်မှတ်၀ယ်မလို့ အခုကဗိုက်ဆာလို့မုန့်အရင်လာစားကြတာ'
'ဒါဆို ငါတို့နဲ့တစ်၀ိုင်းထဲလာထိုင်လေ'
'မထိုင်တော့ပါဘူး ရပါတယ်' ခက်ကပြောတော့ စစ်မျက်မှောင်ကျုံ့ကြည့်ကာ
'ဘာလဲ ခက် မင်းက ဟန်နီ့ကိုမခင်ချင်လို့လား'
'အဲ..အဲ့လိုမဟုတ်ပါဘူး ထိုင်မယ်ကွာ ထိုင်မယ်'
'အဲ့လိုလုပ်ပါဟ လာသွားမယ်'ဟုဆိုကာ ခက်နဲ့
မင်းခန့် ၂ယောက်ကြားမှာနေရာယူပြီး ခုံတွေဘက်ကိုလျှောက်လာလေသည်။
'Hi ခက် တွေ့ ပြန်ပြီနော်'
'ဟင် ခက်နဲ့တွေ့သေးတာလား။ ဟန်နီပြောတော့ မနေ့ကမှပြန်ရောက်တာဆို ဘယ်လိုလုပ်ပြီး...'
'ကိုကိုကလဲ စာမေးပွဲဖြေပြီးတဲ့နေ့တုန်းက ကိုကိုပဲမိတ်ဆက်ပေးပြီးတော့'
'အဟား ဟုတ်သားပဲ ကိုကို့ဟန်နီလေးက ဥာဏ်ကောင်းလိုက်တာ'
'ဥာဏ်ကောင်းတယ်လည်းမဟုတ်ပါဘူး ခက်က ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာလေးဆိုတော့ တစ်ခါမြင်ဖူးရုံနဲ့မှတ်မိနေတာလေ အဟင်း'
မင်းခန့်ရဲ့စိတ်ထဲတွင်တော့ (ဟွန်း ဒါကျတော့ တစ်ခါမြင်ဖူးရုံနဲ့မှတ်မိတယ် စာများသာအဲ့လိုမှတ်မိလို့ကတော့ အခုလိုတောင်ဆယ်တန်းကို တစ်နှစ်ထပ်မနေရဘူး သိပ်သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ*) တကယ်တော့ မင်းခန့်က ဟန်နီနဲ့ခက်ရဲ့အကြောင်းကို ခက်ပြောပြလို့သိထားပြီးသား။ စစ်ကိုဖွင့်ပြောမယ်ဆိုတာတောင် ခက်ကတားနေလို့သာ။ (လျှာနှစ်ခွ မျက်နှာနှစ်ဖက်နဲ့ မြွေခွေးမ*)
[Me ....ဟဲ့ မြေခွေးမဟုတ်ဘူးလား?
မင်းခန့် ....ဘယ်မြေခွေးကလျှာနှစ်ခွပါလို့လဲ မြွေတွေပဲပါတာလေ ပြီးတော့သူကမြေခွေးလိုဥာဏ်များလို့ မြွေနဲ့မြေခွေး ၂ကောင်ပေါင်းပြီး မြွေခွေးမလို့ခေါ်တာ ခေါင်းသုံးစမ်း အားနေနှာပဲဘူးမနေနဲ့
Me.... Speechless 😑 ]
ဟန်နီ့ရဲ့အပြောကို စစ်ကတော့သိပ်ပြီးဘ၀င်မကျပေ။ ခက်ကိုချစ်စရာလေးလို့ပဲပြောလို့လား အဲ့လိုပြောတဲ့သူက ဟန်နီဖြစ်နေလို့လားတော့ သူလဲမခွဲခြားတတ်တော့။ သေချာတာကတော့ ဟန်နီက ခက်ကိုချစ်စရာလေးလို့ပြောရင် သူမကြိုက်တာပင်။ (ငါဟန်နီ့ကို သ၀န်တိုနေတာပဲဖြစ်မှာပါ)တွေးရင်းနဲ့ စိတ်ရှုပ်လာသဖြင့်
'ငါ toilet သွားလိုက်အုံးမယ်' ဟုပြောကာ စစ် ထွက်လာခဲ့သည်။
To be continued.....
[A/N...ဖတ်ရတာအဆင်ပြေကြရဲ့လားဟင်။ အဆင်မပြေတာရှိရင် ပြောပေးလို့ရတယ်နော်။]
Zawgyi
'ဘာမေးမှာလဲ'
'ဟန်နီ့ကိုစောင့်နေတာ'
'ဟန်နီ.. ဟန်နီဆိုတာက?'
'ဟုတ်'
'မင်း....မင်း'
'ဒါပင်မယ့်'
'Hello'
ဟမ်?'
'Hello'
'Hello ဟန်နီလား'
[ A/N ဈေးဗန်းကခင်းလိုက်သေးတယ် : ) ]
'အဟားးး အချွဲလေးကွာ'
ရုပ်ရှင်ပြီးသော်..
'အိုခေလေ ဘာစားချင်လဲ'
'ဟေ့ကောင်တွေ'
Me.... Speechless 😑 ]
To be continued.....
Advertisement
- In Serial224 Chapters
I Just Want A Peaceful Life
What if the strongest person reincarnated to another world.
8 11312 - In Serial11 Chapters
My Shapeshifting Life
Following what many people described as the 'Whispering of the Sirens', the entire world shifted ever so slightly. A dozen or so individuals through the world awakened unimaginable powers, beginning what would later be known as the 'Metahuman Revolution'. Lilith, a woman who'd always thought of herself as a normal, down-to-earth kind of person, suddenly found herself caught up in all of the drama and changes. With the military wishing to pick her up and force her into becoming a supersoldier, the media obsessing over her, and the scientists salivating to get their hands on her, she really could use any help she could get. Thankfully, while the world still didn't make much sense, at least she gained some sweet powers that could help her survive, if nothing else.
8 149 - In Serial6 Chapters
Sleep Walkers
When a set of disturbingly realistic dreams haunting a man become all too real how will he react? How far is he willing to go to figure out what his dreams really meant and those responsible for their devious nature. Take a journey with our sleep walker as he travels into a world of etherial danger and wondrous adventures. ----------------------------------------------------------------------------------- [One chapter every seven days as this is my secondary project, currently working on a sci-fi novel. (Long Chapter)][Grammar corrections and story advice is always welcomed! I got a-lot planned out so I can't change too much but I'm always open to suggestions for the future.]
8 100 - In Serial14 Chapters
A Man Led by the Heart of Another World
Note: original novel is written by me on ranobelib. me (RUS website), and is translated by me from Russian to English. So, if there will be mistakes — tell me. The Heart of the World is the most mysterious, but at the same time beautiful phenomenon. The epitome of the cyclical nature of being. Hidden from eyes of even the most desperate explorers deep in the bowels of the planet, it waited for the moment when the "vein" would bring it the soul of a certain person. A man to whom this world was alien also wanted to meet Heart again to tell it his story. That story will be about the very beginning of Everything, about the Observer and his sacrifice, but most of all that Scientist wanted to tell his story. The story of a Man Led by the Heart of Another World, full of contradictions, dialectics, heuristics and corpses.
8 104 - In Serial33 Chapters
Queen pin
What happens when people find out the plug and who everyone is afraid of is female When Dior starts running the city Sin wants to know who she is or what she have will she be as bad as they say or it's just talk Read to find out more *needs editing
8 193 - In Serial24 Chapters
World of swords: a new beginning.
WWII is nearing its close, people are rejoicing as they can finally start to relive a life free of war for a time, however a new world one riddled with war, will envolope earth in a conflict it never thought was possible. This world, the world of swords, is the spark of a new age. One of both science and magic.
8 109