《Let Me Start Again [Completed]》LMSA 4
Advertisement
At University of Medical Technology
'ကဲ ဒီ​နေ့​တော့ ဒီ​လောက်ပဲ​နော် ​ကျောင်းစဖွင့်တဲ့​နေ့မလို့အများကြီးမသင်​တော့ဘူး နှုတ်ဆက်ကြ'
'မင်္ဂလာပါ ဆရာမ ​ကျေးဇူးတင်ပါတယ်ဆရာမ'
ဆရာမထွက်သွား​တာနှင့်တပြိုင်နက် ခက်ရဲ့ဖုန်းက အသံမြည်လာ​လေသည်။
'Hello'
'Hello ခက် မင်းအဆင်​ပြေလား သူငယ်ချင်း​တွေ​ရော ရပီလား'
'မရ​​သေးပါဘူးကွာ ငါ့​မေမေက သူငယ်ချင်းသိပ်မထားနဲ့လို့​ပြောထားတာကို'
'​အေးပါ ထားပါ​တော့ ​နေ့လည်ကျရင် ငါမင်းတို့​ကျောင်းလာခဲ့မယ်'
'ဘာလာလုပ်မှာလဲ'
'​စော်ရှိုး အဲ​လေ မင်းနဲ့ထမင်းလာစား​ပေးမလို့​လေ အဟဲဟဲ'
'​ခွေး​ကောင် အပို​တွေ​ပြောမ​နေနဲ့ ငါ့​ကျောင်းကကောင်မ​လေး​တွေကိုလာ​ကြောင်မလို့မလား'
'မဟုတ်ပါဘူးဆိုကွာ မင်းတစ်​ယောက်ထဲထမင်းစား​နေရမှာစိုးလို့ပါ​ဆို'
'​တော်စမ်းပါ မလာနဲ့ရတယ်'
'ခက် မင်းကအဲ့လို​နော် ငါ့မှာ​တော့ ​ဆေး​ကျောင်းက​နေ ပုသိမ်ကြီးထိလာရမှာကို'
'​ဟေ့​ကောင် မင်းကိုဘယ်သူမှမလာခိုင်းဘူး မင်းဘာသာမင်း ဖွန်​ကြောင်ချင်လို့ အ​​ဝေးကြီးလာမှာ​လေ မလာနဲ့ရတယ် ငါတစ်​ယောက်ထဲလဲစားတတ်တယ်'
'ဒါနဲ့ခက် မင်းတို့​ကျောင်းကလှလား'
'လှတာ​ပေါ့ဟ ​ကျောင်းအလယ်မှာလဲ ပန်းခြံ​လေးရှိတယ် ​ကျောင်း​ရှေ့ ၀င်​ပေါက်နားမှာလဲ ပန်းခြံ​လေးရှိတယ်'
'အဲ့ဒါ​ကြောင့် ငါလာခဲ့မယ်လို့'
'​ခွေး​​ကောင် ဒီဘူတာပဲလာလာစိုက်​နေတာ မလာနဲ့'
'လုပ်ပါ ခက်ခက်​လေးကလဲ ခန့်ခန့်ကလာချင်လို့ပါဆို'
'​အော့​အော့ ရွံလိုက်တာမင်းခန့်ရာ မလာပါနဲ့ဆို လာရင်မင်းနဲ့ငါနဲ့ရှင်ခမ်းပြတ်​နော်'
'​သေခန်းပြတ်မဟုတ်ဘူးလား'
'​အေး မင်းလာရင် ​သေခန်း​ရော ရှင်ခန်း​ရော မ​သေမရှင်ခန်း​ရော ရှိသမျှအခန်း​တွေအကုန်ပြတ်မှာ'
'ပြီးတာပဲ မလာဘူး မလာဘူး ​နောက်ကျမှ ခန့်ခန့်​လေး​ရေ ခက်ခက်တို့​ကျောင်းကိုလာပါအုံးဆိုရင် ​sorryပဲ​နော်'
'အမ​လေး တစ်သက်လုံးမ​​ခေါ်ဘူး နှာဘူး​ကောင်'
'​​ခွေး​ကောင် ဒါပဲ' မင်းခန့်​ဆောင့်​အောင့်ပြီးဖုန်းချသွား​တော့ ခက်ရယ်လိုက်​​လေသည်။ တ​အောင့်အကြာ 'ဘာလဲကွာ ငါမင်းကိုမလာနဲ့လို့​ပြောထားတယ်​လေ'
'ဟင် ခက် မင်းကငါမင်း​တို့​ကျောင်းလာမှာဘယ်လိုလုပ်သိတာလဲ'
'ဟမ်.. စစ်လား'
'​အေး စစ်တယ် ​ရေမ​​ရောရ​သေးဘူး'
'စစ် အဟီး...'မမြင်ရမှန်းသိပင်မယ့် ခက်သွားဖြီးပြမိ​လေသည်။
'ငါက မင်းခန့်ထပ်ဆက်တယ်ထင်လို့ ဖုန်းနံပါတ်ကို​သေချာမကြည့်မိဘူး'
'မင်းခန့်ဆက်​သေးတာလား'
'​အေး​လေ ငါတို့​ကျောင်းကိုလာမလို့တဲ့'
'ဘာလာလုပ်မှာတဲ့လဲ?'
'ငါ့မှာ သူငယ်ချင်းမရ​သေးလို့ ငါနဲ့ထမင်းတူတူလာစား​ပေးမလို့တဲ့ ငါ​တော့မထင်ပါဘူး အဲ့​ကောင်ဖွန်လာ​​ကြောင်မှာသိသားပဲ'
'ဟုတ်လား လာဖြစ်တယ်တဲ့လား'
'မလာပါဘူး ငါကမလာနဲ့​တော့လို့​ပြောလိုက်တာ မင်းက​ရောဘာလို့ဆက်တာလဲ'
'ငါလဲမင်းနဲ့တူတူ ထမင်းလာစား​ပေးမလို့ မင်းအ​မေကသူငယ်ချင်းမထားခိုင်း​တော့ မင်းတစ်​ယောက်ထဲဖြစ်​နေမှာစိုးလို့' စစ်စကား​ကြောင့် ခက်ပြုံးလိုက်မိပြီး
'အင်း လာခဲ့​လေ ငါလဲတစ်​ယောက်ထဲပျင်း​နေတာ'
[ A/N မျက်နှာလိုက်မှုတစ်သိန်း :( ]
'​အေး​အေး ဒါဆိုခဏ​စောင့်​နော် ​ကျောင်းမဆင်း​သေးဘူးမလား'
'​အေး မဆင်း​သေးဘူး ၁၁နာရီခွဲမှဆင်းမှာ အခုက တစ်ချိန်ပြီးသွားလို့ ခဏ​နား​နေတာ'
'​အေးပါ ငါ၁၁ခွဲအမှီလာခဲ့မယ်​နော်'
'အွန်း ဒါဆိုငါ ဖုန်းချလိုက်​တော့မယ်'
'အွန်း Bye'
ဖုန်းချသွား​တော့ ခက်ပြုံးမိပြန်သည်။ မင်းကငါတစ်​ယောက်ထဲ ဖြစ်မှာကိုစိုးရိမ်​နေတာလား စစ်။
'Helloခက် ငါမင်းတို့​ကျောင်း​ပေါက်မှာ​ရောက်​နေပြီ '
'အင်း ငါလာပြီ'​ကျောင်း​ပေါက်​ရောက်​တော့ ဆိုင်ကယ်တစ်စီးနဲ့စစ်ကို​တွေ့​လေသည်။
'​​ရောက်​နေတာကြာပြီလားစစ်?'
'အခုမှ​ရောက်တာ မင်း​ရော ဆင်းတာကြာပြီလား'
'သိပ်မကြာ​​သေးပါဘူး ဒီ​နေ့ကကျောင်းစဖွင့်တဲ့​နေ့မလို့စာသိပ်မသင်ဘူး​လေ'
'ဒါနဲ့ မင်းတို့ကဘယ်နှဘာသာသင်ရတာလဲ'
'ရှိတာက ၇ဘာသာ ဒါပင်မယ့် မြန်မာ အင်္ဂလိပ် သင်္ချာကလွဲရင် ကျန်တဲ့ chemistry physics botany zool ၄ဘာသာက practical​ရောရှိ​တော့ ၁၁ဘာသာလိုဖြစ်သွားတာ​ပေါ့'
'ဟင် မင်း​​ပြော​တော့ Imagingဆို'
'ဟုတ်တယ်​လေ ဒါပင်မယ့် 2nd yearမှ major​တွေခွဲတာ​လေ 1st yearမှာ​​တော့ အကုန်လုံးတူတူပဲ ၇ဘာသာသင်ရတာ'
'​သြော် ဒါဆို မင်း​ပြောတဲ့ ဓါတ်မှန်တို့ဘာတို့က 2nd yearမှသင်ရမှာ​ပေါ့'
'​အေး​ပေါ့ ငါတို့​ကျောင်းမှာ major ၃ခုရှိတယ်လို့​တော့ဆရာမ​တွေက​ပြောတယ် medical laboratory technologyရယ် medical imaging technologyရယ် physiotherapyရယ်။ MLT​က​တော့ ဓါတ်ခွဲ​ပေါ့ကွာ ​သွေးစစ် ဆီးစစ်ပြီး​ရောဂါရှာ​ဖွေတာ​ပေါ့။ MITကကျ ဓါတ်မှန်ရိုက်ပြီး​ရောဂါရှာတာ။ Pကကျ​တော့ ​​ရောဂါကုထုံး​တွေ​ပေါ့ ​ကာယ​လေ့ကျင့်ခန်း​တွေလုပ်​ပေးပီးကုတာတို့chronic patient​တွေ ဥပမာ ​လေဖြတ်​နေတဲ့လူနာ​တွေကိုဘယ်လိုကုရမလဲဆိုတာ​တွေကကျ Pနဲ့ဆိုင်သွားတာ​ပေါ့။ ​နောက်၁လ ၂လ​လောက်​နေရင်​တော့ ငါတို့ကို hospital visitလွှတ်မယ်တဲ့ ကိုယ်ဘာဝါသနာပါလဲသိ​အောင်လုပ်ပြီး​တော့ ပထမနှစ်ကုန်ခါနီးရင် major formဖြည့်ရ​အောင်လို့တဲ့'
[ A/N အခု ဒီဘက်ခေတ်မှာ​တော့ major​တွေထပ်တိုးလာပါပြီ ကျန်းမာ​ရေးသတင်းအချက်အလက်နှင့်နည်းပညာ(HIT)တို့ ဓါတ်​ရောင်ခြည်တို့ ​ခြေတုလက်တုပြုလုပ်ခြင်းနည်းပညာတို့​ပေါ့ အရင် ၂၀၁၀​လောက်တုန်းက​တော့ major ၃ခု​လား ၄ခုလားပဲရှိတာပါ HITက​တော့ မနှစ်ကမှထပ်တိုးလိုက်တဲ့major​ပေါ့ ]
'ဒါဆို အခုကတည်းက ​major​လျှောက်လို့မရဘူးလား'
'မရ​​သေးဘူး​လေ ပထမနှစ်ကုန်ခါနီးမှ ​လျှောက်ရမှာ အဲ့လိုကိုယ်လိုချင်တဲ့​ majorရဖို့ဆိုတာကလဲ test​တွေနဲ့ finalမှာ အမှတ်​ကောင်းထားမှရမှာတဲ့'
'မင်းတို့က testဘယ်နှခု​ဖြေရမှာလဲ'
'1st 2nd 3rdဆိုပြီး test သုံးခု​ဖြေရမယ် testတစ်ခုနဲ့တစ်ခုကြားမှာ​တော့ practical test နှစ်ခုရှိ​သေးတယ် ပြီးရင် final exam'
'များလိုက်တာ'
'အွန်း အဲ့ဒီ test​တွေအကုန်လုံးမှာအမှတ်​ကောင်းခဲ့မှ ကိုယ်ဦးစား​ပေး​လျှောက်တဲ့ majorရမှာ မဟုတ်ရင်​ သူတို့ချ​ပေးတဲ့ majorတက်ရမှာ'
'ဒါဆို မင်းတို့ဘယ်majorရလဲဆိုတာ ဘယ်လိုသိမှာလဲ အမှတ်​တွေ​ပြောမှာလား'
'Test​တွေမှာ​တော့ အမှတ်​ပြောမှာတဲ့ ဒါပင်မယ့် final resultမှာ​တော့ Dပါရင် Dပါတဲ့ဘာသာပဲသိရမှာ အမှတ်​တွေမသိရဘူးတဲ့ ကိုယ်ဘယ်majorရလဲဆိုတာ​တော့ ​နောက်နှစ်​ကျောင်းပြန်မဖွင့်ခင် ​​ကြေငြာမှာတဲ့'
Advertisement
'​သြော် ဒါဆို ကျရင်​ရော'
'ကျရင်​​အောင်စာရင်းထဲဘယ်ပါမှာလဲဟ ဒါပင်မယ့် suppleထိတဲ့သူ​တွေက​တော့ သူတို့suppleထိတဲ့ဘာသာ​နေရာ​လေး​တွေမှာ ကွက်လပ်​လေး​တွေဖြစ်​နေမှာ​ပေါ့'
'Supple?'
'အွန်း ငါတို့က ၇ဘာသာ​ဖြေရမှာမလား အဲ့၇ဘာသာမှာ ၃ဘာသာထိ suppleထိလို့ရတယ်​လေ ၄ဘာသာနဲ့အထက်ဆိုရင်​တော့ roundလို့ယူဆပြီး ပထမနှစ်​နောက်တစ်ခါပြန်​နေ​ပေါ့'
'ဒါဆို suppleထိတဲ့သူ​တွေကျ​တော့​ရော?'
'ငါတို့ final examက 10လပိုင်း​ဖြေရမှာ​လေ ​​ဖြေပြီး​နောက်တစ်ရက်နှစ်ရက်​နေရင် resultထွက်မှာ။ clear passတဲ့သူ​တွေက ​၁၂လပိုင်းအကုန်မှ​နောက်တစ်နှစ်တက်ရမှာ။ suppleထိတဲ့သူ​တွေက​တော့ သူများ၂လပိတ်တဲ့အချိန်​ကျောင်းပြန်လာတက်ရပြီး ပြန်​ဖြေရမှာ​ပေါ့။ အဲ့မှာ​အောင်သွားရင် ၁လပိုင်း​ကျောင်းပြန်ဖွင့်တာနဲ့​နောက်တစ်တန်းတက်လို့ရပြီ'
'အဲ့မှာထပ်ကျရင်​ရော'
'ထပ်ကျရင် super supple​ပေါ့ဟ အဲ့ဒါဆိုရင်​တော့ ​ကျောင်းထွက်​ပြီး အ​ဝေးသင်​ပြောင်း​ပေါ့'
​'​သြော် အဲ့လိုလဲရှိတာလား'
'အင်း ရှိတယ်​လေ ငါတို့​တွေကို 3rd year​နဲ့ Final year(4th year)မှ ​ဆေးရုံ​တွေဆင်းခိုင်းမှာတဲ့။ 1st yearကအ​ခြေခံ 2nd yearတစ်နှစ်လုံးက​တော့ ကိုယ်ယူတဲ့majorကို စာ​တွေ့​သင်ရမှာပေါ့။ မင်းကိုရှင်းပြရတာ​မောလာပြီ ထမင်းသွားစားရ​အောင်​​လေ'
'အင်းပါ ငါလဲ မင်းစကား​တွေထဲ​မျော​နေ​တော့ ထမင်းစားဖို့​တောင်​မေ့​နေပြီ ထမင်းထုတ်ခဲ့တာလား'
'ဟင့်အင်း ဒီ​နေ့တစ်ရက်​တော့ ​ကျောင်း canteenမှာစားလိုက်မယ်လို့အိမ်ကို​ပြောလာခဲ့တာ'
'ဒါဆိုလဲ canteenသွားရ​အောင်​လေ ငါ့ကိုလမ်းပြ'
'အင်း လာ​လေ' စကားတ​ပြော​ပြောနဲ့ ၂​ယောက်သားထွက်လာခဲ့ကြသည်။
'ခက်'
'ဟင်'
'မင်းတို့​ကျောင်းကြီးကတိတ်ဆိတ်​နေတာပဲ ထမင်းစားဆင်းရင် ဆူညံ​နေရမှာမဟုတ်ဘူးလား'
'ငါတို့ 1st year​တွေပဲရှိတာ​လေ'
'ကျန်တဲ့နှစ်​တွေက​ရော'
'2nd 3rd final year​တွေက ၁လပိုင်းမှ​ကျောင်းဖွင့်မှာ'
'​​သြော် ဟိုဟာက canteenလား'
'အွန်း ဟုတ်တယ်။ ​တော်​​သေးတာ​ပေါ့ 1st year​တွေပဲရှိတာ​တောင် လူ​တွေရှုပ်​နေ​သေးတယ်'
'လာပါကွာ ငါတိုး​ပေးပါ့မယ် မင်းပုံစံနဲ့တိုးလို့မရပါဘူး ဘာစားချင်လဲ​သာပြော'
'လက်ဖက်ထမင်း'
'မစားရဘူး ဗိုက်​အောင့်လိမ့်မယ်' စစ်အ​ပြော​ကြောင့် ခက်နှုတ်ခမ်း​လေးဆူ ပါး​လေး​ဖောင်းလာကာ
'လက်ဖက်ထမင်းပဲစားချင်ပါတယ်ဆို' ခက်အပြုအမူ​တွေ​ကြောင့် စစ်အူယားလာသဖြင့် ကိုယ့်နှုတ်ခမ်းကိုသာနာနာကိုက်ထားမိသည်။ မဟုတ်ရင် သူ ခက်ရဲ့ပါး​ဖောင်း​ဖောင်း​လေးကို ဆွဲကိုက်မိ​တော့မှာ (အခုတ​လော ငါ့စိတ်​တွေဘာများဖြစ်​နေတာလဲ*)
'မရဘူး ခက်ကွာ မဆိုးစမ်းနဲ့ ထမင်းဆီဆမ်းပဲစား​တော့​နော်'
'အဲ့ဒါဆို ထမင်းဆီဆမ်းနဲ့တွဲစားဖို့ လက်ဖက်သုပ်မှာ​ပေး'
'ဟ လက်ဖက်မစား​စေချင်လို့ ထမင်းဆီဆမ်းပဲစားခိုင်းပါတယ်ဆိုကွာ ​ပြောရမခက်စမ်းနဲ့ခက်ရာ ​နော်'
'ငါ့နာမည်က ခက်ထန်​လေကွာ ​လွယ်လွယ်​လေးနဲ့စကားနား​ထောင်ရင် လွယ်ထန်လို့​ပေးထားမှာ​ပေါ့ နာမည်စီးတာ​လေ ဇမ္ဗူဒီပါ လယျာ်​တောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ မကြားဖူးဘူးလား'
[ A/N ငါ့ခန့်ခန့်​လေးစကား​တွေ :( ]
တခွန်းမကျန်ပြန်​ပြော​နေ​သော ဖြူလုံး​လေးကို စစ်အူ​​ရော အသဲ​ရော ကလီစာ​တွေပါယား​နေပြီ။
'ခက်​ရေ စကားနားမ​ထောင်ရင် ​နောက်တစ်ခါငါမင်းကိုထမင်းလာကူစားမ​ပေး​တော့ဘူး' ခပ်တည်တည်နဲ့​ငေါက်​လိုက်​တော့ ခက်မျက်နှာ​လေးငယ်သွားကာ
'မင်းကလဲ ငါကစတာ​လေကွာ ​မင်းစကားနား​ထောင်မယ်​လေ ​နော် ​နော်'
'အင်း အဲ့ဒါဆို ထမင်းဆီဆမ်းနဲ့ ဟင်းကသင့်​တော်တာပဲမှာခဲ့မယ် ဒီမှာငြိမ်ငြိမ်​လေးထိုင်​စောင့်​နေ ဟုတ်ပြီလား'
'ဟုတ်' ခက်က​ခေါင်း​လေးတညိမ့်ညိမ့်နဲ့​ပြော​တော့ ခက်ဆံပင်​လေး​တွေကိုဆွဲဖွကာ 'လိမ္မာတယ်'ဟု​ပြောပြီး လူသွားတိုး​လေ၏။
(ငါ့အ​ပေါ်အရမ်း​ကောင်း​နေရင် ငါမင်းကိုဖွင့်​ပြောမိ​တော့မယ်စစ် မ​ကောင်းဘူးဆိုတာသိပင်မယ့် အခုချိန် မင်းဟန်နီ့ကိုခဏ​မေ့​နေသလိုဖြစ်တာ ငါအရမ်း​ပျော်တာပဲ*)
To be continued.....
Zawgyi
At University of Medical Technology
'Hello'
'ဘာလာလုပ်မှာလဲ'
'ဟမ်.. စစ်လား'
'မင်းခန့်ဆက်​သေးတာလား'
'ဘာလာလုပ်မှာတဲ့လဲ?'
Advertisement
'အွန်း Bye'
'များလိုက်တာ'
'​သြော် ဒါဆို ကျရင်​ရော'
'Supple?'
'အဲ့မှာထပ်ကျရင်​ရော'
'ခက်'
'ဟင်'
'ကျန်တဲ့နှစ်​တွေက​ရော'
'လက်ဖက်ထမင်း'
To be continued.....
    people are reading<Let Me Start Again [Completed]>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click