《Let Me Start Again [Completed]》LMSA 2
Advertisement
Unicode
ဒီနေ့ အောင်စာရင်းထွက်သည့်နေ့
ကျောင်းတော်ကြီးအတွင်းရော အပြင်ပါ လူပြည့်နေသည်။ အောင်သောသူများကပျော်ရွှင်နေကြသလို ကျရှုံးသူများကိုလည်း မိဘများကအားပေးစကားပြောနေကြသည်။ ကျောင်း၀န်းထဲရှိ ပန်းခြံလေးထဲတွင်တော့ ကျောင်းသားသုံးယောက်ထိုင်နေကြသည်။ သူတို့ကား... မင်းခန့် မင်းစစ်မောင် ခက်ထန်။
'စစ် မင်းဘာတက်မှာလဲ' မင်းခန့်မေးသောအခါ
'ငါလား distanceယူပီး ငါ့daddyရဲ့ companyမှာ၀င်လုပ်ရင်ကောင်းမလားလို့ ညနေပိုင်းတော့ Eng Diplomaတက်မယ်'
'အင်း ကောင်းသားပဲ မင်းကရော ခက်'
'ငါကဆေးမှတ်မမှီဘူးဆိုရင်တော့ ဆေးဘက်ဆိုင်ရာတက်မယ် မင်းကတော့ ဆေးကျောင်းတက်မှာမလား'
'အေး ငါကတော့ဆေးကျောင်းပဲတက်တော့မယ် ငါက မင်းနဲ့တူတူဆေးကျောင်းတက်ချင်တာကွ'
'မင်းခန့်ရာ မင်းကလဲ ငါက အမှတ်မမှီလောက်ဘူးကွ အဲ့ဒါဆို ငါတို့သုံးယောက် ဘွဲ့တူတူမယူရတော့ဘူးပေါ့နော်' ခက်ကတွေးဆဆလေးဖြင့်ပြောတော့
'သုံးယောက်ဘွဲ့တူတူယူချင်ရင် မင်းတို့သုံးနှစ်လောက်အကျခံလိုက်လေ အဲ့ဒါဆို ငါတို့၃ယောက်
ဘွဲ့တူတူယူလို့ရတယ်'
'ခွေးကောင် အမှတ်ကဖြင့်မထွက်သေးဘူး။ နေစမ်းပါအုံး ငါတို့ကသုံးနှစ်အကျခံရင်တောင် မင်းကတစ်နှစ်တစ်တန်းအောင်မှာမလို့လား'
'......'ခက်၏အပြောကို မင်းခန့်ပြန်မချေပနိုင်တော့
ဟုတ်တယ်လေ တစ်နှစ်တစ်တန်းအောင်ရအောင် stageကျောင်းမှမဟုတ်တော့တာ ပြီးတော့ စာတွေကလဲလွယ်တာကျလို့ အာမ မခံနိုင်ပေါင်။
'ဒါနဲ့စစ် မင်းရော ဟန်နီနဲ့အဆင်ပြေရဲ့လား'
'အင်း ပြေပါတယ် ဟန်နီကတောင် မင်းကိုမေးနေသေးတယ်ခက်'
'အမ် ငါ့ကို ဘာလို့လဲ '
'မင်းကချစ်စရာကောင်းလို့တဲ့ မင်းနဲ့ခင်ချင်ပါတယ်တဲ့လေ'
'အင် မင်းကရောခင်စေချင်လို့လား'
'ဟန်နီ့သဘောက ငါ့သဘောပဲလေ ငါကဟန်နီ့ကိုသိပ်ချစ်တာကို' စစ်ရဲ့အပြောကို ငေးကြည့်နေစဥ်မှာပဲ
'အဟမ်း... မင်းတို့ကလဲ သူ့အကြောင်းပဲပြောနေကြတော့တာပဲ တခြားအကြောင်းပြောရအောင်ပါ ဒါနဲ့ စစ် သူရောအောင်လား'
'ဟ မင်းပဲပြောတော့ တခြားအကြောင်းပြောမှာဆို'ခက်ကပြောတော့
'မင်းအသာနေစမ်းပါ ဟမ်လို့ စစ် သူရောအောင်လား'
'သူက ကျတယ် အဲ့ဒါကြောင့် သူ့အိမ်က အပြင်ပေးမထွက်ဘူးလေ'
'သြော် သြော် အဲ့တော့ မင်းဟာလေးအပြင်မထွက်ရလို့ မင်းကဒီနေ့ ငါတို့နဲ့လိုက်လည်မှာပေါ့ ဟုတ်လား'
'အဲ့လိုလဲ မဟုတ်ပါဘူးကွာ မင်းတို့ကလဲ ငါလဲမင်းတို့နဲ့မတွေ့တာကြာပီလေ အဲ့ဒါကြောင့် ဒီနေ့တော့မင်းတို့ကိုအချိန်ပေးမလို့ပါ'
'ဟုတ်သားပဲ မင်းခန့်ရာ မင်းကလဲ စစ်ကို ကြပ်မနေပါနဲ့ ငါတို့လျှောက်လည်ရအောင်လေ လာပါကွ'
'အေးပါ ငါပဲမှားပါတယ်'ဟုဆိုကာ ခက်ကို ဂျိုကြည့်ကြည့်ပြီး ရှေ့ဆုံးမှထွက်သွားလေသည်။
'မင်းမျက်နှာလဲမကောင်းပါလား ဘာဖြစ်လာတာလဲ စစ်'
'ဟန်နီ ငါ့ဖုန်းကိုမကိုင်ဘူးကွာ ပြီးတော့ သူနဲ့အဆက်သွယ်မရတာကြာလှပြီ' ပြောနေရင်းနဲ့ စစ်ရဲ့မျက်နှာမှာ မိုးပြိုတော့မလို...
'မင်းကလဲ မင်းဟန်နီက ဆယ်တန်းပြန်တက်နေရတာလေကွာ ဘယ်အားပါ့မလဲ' ခက်ကနှစ်သိမ့်ပေးလေသည်။
'ဟုတ်သားပဲ ငါမေ့သွားတာ'
'နောက်လကျရင် ငါတို့တောင် Uniတက်ရတော့မှာနော်'မင်းခန့်ပြောတော့ ခက် ခေါင်းညိမ့်ထောက်ခံကာ စစ်အား
'စစ် မင်းကဘာလို့ ၁နှစ်နားမှာလဲ'ခက်ရဲ့အမေးကို
'ငါ ဟန်နီ့ကိုစောင့်မလို့ ဟန်နီနဲ့တူတူ Uniတက်ချင်လို့လေ'
(သူ့ကိုအဲ့လောက်တောင်ချစ်ရလား စစ်ရာ ငါမင်းကိုသူ့အကြောင်းဘယ်လိုပြောပြရမလဲ*)
'ခက်...ခက်'
'ဟင် ဘ..ဘာလဲ'
'မင်းကလဲ ငုတ်တုတ်များမေ့နေတာလား သြော်ဒါနဲ့ငါကမင်းကို စီးပွားရေးနဲ့ဆိုင်တာတစ်ခုခုယူမယ်မှတ်နေတာ စစ်'
'အင်း ဟုတ်တယ် ငါလဲမင်းခန့်ပြောသလိုထင်နေတာ မင်းဘာလို့ Lawယူလိုက်တာလဲ စစ်' မင်းခန့်စကားကို ခက်ကထောက်ခံတော့
'ငါ Lawယူတယ်ဆိုတာက ငါကငါ့ Daddy companyမှာလုပ်တော့မှာဆိုတော့ ဥပဒေနဲ့ဆိုင်တာတွေတော့ သိထားသင့်တယ်လေ ပြီးတော့ ငါ Lawယူတာ မင်းတို့ ၂ကောင်ကြောင့်လဲပါတယ်'
'ငါတို့ ၂ယောက်ကြောင့်?'
'ငါတို့ ၂ယောက်ကြောင့်?'
'အင်း'
'ငါတို့နဲ့ဘာဆိုင်လို့လဲ'
'ဆိုင်တာပေါ့ မင်းပဲစဥ်းစားကြည့်လေ မင်းကဆရာ၀န်ဖြစ်မှာ ခက်ကကျတော့ ဆေးဘက်ဆိုင်ရာကိုမှ Imagingပိုင်းကိုစိတ်၀င်စားတာဆို'
'အေးလေ ဒါပင်မယ့်မင်းပြောတာကို ငါတို့နားမလည်ဘူး စစ်'ဟု ခက်ကထောက်ပေးတော့ ပိန်းလိုက်တာဟူသောအကြည့်ဖြင့်ကြည့်ကာ
'ဟ မင်းကဓါတ်မှန်ရိုက်ရင် ဘယ်နဲ့ညာမှားမရိုက်မိဘူးလို့အာမ မခံနိုင်ဘူးလေ။ မင်းအဲ့လိုဘက်မှားရိုက်မိတဲ့ ဓါတ်မှန်ကို မင်းခန့်ကိုပေး မင်းခန့်က မှားကုမိ
အဲ့လိုနဲ့ လူနာဒုက္ခရောက်လို့ မင်းတို့ ၂ကောင် တရားစွဲခံရရင် ငါက Lawယူထားတော့ မင်းတို့ကို ရှေ့နေလိုက်ပေးလို့ရတယ်လေ'ခပ်တည်တည်နဲ့စစ်ရဲ့အပြောကို မင်းခန့်နဲ့ခက် ကြောင်ကြည့်နေရင်းက သဘောပေါက်ကာ
'ခွေးကောင်' 'ခွေးကောင်'
'ဟားဟားဟား'
(အဲ့လိုပဲရယ်နေပါ စစ် မင်းကရယ်လိုက်ရင် ချောတာမို့။ ငါတို့ ၂ယောက်ကြောင့် Lawယူတာ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းစိတ်ထဲမှာ ငါတို့အတွက် စဥ်းစားပေးတာကို ငါကျေနပ်လှပါပြီ*)
[A/N ရည်မှန်းချက်ကြီးလွန်းသော ကိုကိုစစ် :( ]
'ခက် မင်းတစ်ခုခုဖြစ်နေတယ်မလား' မင်းခန့်ကမေးတော့
'မဖြစ်.. မဖြစ်ပါဘူး ဘာလို့လဲ'
'ဘာ မဖြစ်ရမှာလဲ မင်းပုံကတအားသိသာနေတာကို ပြောငါ့ကို ဘာဖြစ်တာလဲ စစ် ကြောင့်လား' မင်းခန့်ဇွတ်အတင်းမေးတော့မှ သက်ပြင်းချကာ
'ဟန်နီ့ကြောင့် မင်းခန့်'
'ဟန်နီ? သူကဘာလို့လဲ'
'ငါလဲ သူဘာဖြစ်ချင်နေလဲမသိတော့ဘူး စစ်နဲ့တွဲနေရင်းနဲ့ကို ငါ့ကို ရေလာမြောင်းပေးတွေလာလာပြောတယ်'
'သူမင်းကိုကြွေနေလို့များလား'
'မဖြစ်နိုင်ပါဘူး သူကစစ်နဲ့ရည်းစားတွေလေကွာ'
'စစ်ကိုပြောပြရအောင်လေ'
'ဟင့်အင်း မပြောချင်ပါဘူး စစ်ကသူ့ကိုအရမ်းချစ်တာမင်းလဲသိသားနဲ့ ငါပြောလိုက်ရင်တောင် စစ်ကယုံမှာမဟုတ်ဘူးလေ ငါ့ကိုမုန်းသွားရင်ဘယ်လိုလုပ်မလဲ'
'ခက်ရာ ထားပါတော့ မင်းမပြောစေချင်လဲ ဒါနဲ့ ကျောင်းတက်ရင် မင်းဘယ်သူနဲ့ပေါင်းမှာလဲ'
'ငါလဲအဲ့ဒါစဥ်းစားနေတာ ငါ့မေမေက ယောကျာ်းလေးသူငယ်ချင်းတောင်မထားခိုင်းဘူး မိန်းကလေးသူငယ်ချင်းဆိုပိုဆိုး မင်းတို့ ၂ယောက်တောင် ငယ်ငယ်ကတည်းကပေါင်းလာလို့'
'ဘာလို့သူငယ်ချင်းမထားခိုင်းတာတဲ့လဲ'
'ဟင်... ငါမပြောချင်သေးဘူး အချိန်တန်ရင် မင်းတို့ကိုပြောပြမှာပါ'
'အေးပါ မင်းမပြောချင်လဲထားလိုက်တော့ နောက်လထဲကျောင်းတက်ရတော့မှာ ပြင်ဆင်းစရာရှိတာပြင်ထား သူကယ်ချင်းမရှိလဲဘာဖြစ်လဲ ငါတို့ရှိတာပဲ ဟိုမှာပျင်းရင် ငါ့ကိုဖုန်းလှမ်းဆက် ကြားလား'
'အေးအေး ကျေးဇူးပဲသူငယ်ချင်း'
'ငါတို့ကြားမှာ ကျေးဇူးဆိုတာ လိုလို့လား ဒါနဲ့ မင်းကိုမေးစရာရှိတယ်'
'မေးလေ'
'မင်းနာမည်ကခက်ထန်နော်'
'ခွေးကောင်ရေ ပေါင်းလာတာကြာလှပြီ ခုမှငါ့နာမည်လာမေးရလား'
'ငါမေးတာဖြေစမ်းပါ'
'အေး ဟုတ်တယ် ငါ့နာမည်ကခက်ထန်'
'မင်းအမေကဘာလို့အဲ့နာမည်ပေးတာလဲ'
'မင်းဘာကြောင်နေတာလဲ'
'မဟုတ်သေးဘူးလေ ငါပြောတာသေချာနားထောင် ဆိုရိုးရှိတယ်ကွာ ''ဇမ္ဗူဒီပါ လယျာ်တောင်ကျွန်း သြဘာနိမိတ်ထွန်း'' ဆိုပြီးတော့လေ'
'အေး ထားပါတော့ မင်းဘာကိုဆိုလိုချင်တာလဲ ငါခုထိနားမလည်သေးဘူး'
'မင်းချီးစားကြည့်'
'စဥ်းစားကြည့်လို့ပြော ခွေးကောင်'
'အေး စဥ်းစားကြည့်စမ်း တကယ်ဆို နာမည်နဲ့လူနဲ့လိုက်နေရမှာလေ အခုမင်းဟာက နာမည်ကသာခက်ထန် လူကတော့ဖြူဖတ်ပြီးမိန်းကလေးကျနေတာပဲ နာမည်နဲ့လူနဲ့မလိုက်တာ'
'ငါ့အမေက ငါ့ကိုအဲ့လိုနွဲ့နွဲ့လျလျဖြစ်မှာစိုးလို့ ခက်ထန်ဆိုပြီးပေးထားတာ'
'အေးလေ အဲ့လိုပေးထားတာလဲကောင်းပါတယ် မင်းတစ်ကိုယ်လုံးမှာ နာမည်လေးကတော့ ယောကျာ်းဆန်သွားတာပေါ့ အဟေးဟေး'
'ခွေးကောင် $&&&&*$*$$#%%$#'
'ဟားဟား ငါသွားပီ'
'အေးအေး ဂရုစိုက်ပြန်နော်'
'အေးပါဟ' ခက်က အိမ်အပြင်ထိလိုက်ပို့လေသည်။
ထိုကောင်လေး ၂ယောက်ကို အဝေးကနေ မကျေမနပ်ကြည့်နေတဲ့ တခြားကောင်လေးတစ်ယောက်လဲ ရှိနေသည်။
To be continued.....
Zawgyi
Advertisement
- In Serial8 Chapters
The Games We Play
Bonds are what binds us all together. the unsaid and unmentioned bond between a mother and a child, the deeply rooted and yet silent bond between two survivors and the bond that runs so deeply one cannot live without the other. the bond between two Brothers. Winston and Brian, two twins, bound by blood have such a bond. they have several differences, however, these differences only bind them together tighter. they play many games together, but soon, Winston and Brian will play a game together that leaves only one to tell the tale.
8 208 - In Serial6 Chapters
Tangent Villainy
We all know the cycle, good beats evil, people will get reincarnated into another world, only good guys get another chance. But what if someone who didn't have the best track record got reincarnated into another world? And they totally screwed up. And now the heroes are knocking at their castle door. Maybe they'll get another, another shot.
8 158 - In Serial11 Chapters
Entertainment Cafe
Mostly Inspired from Black Tech Internet Cafe, with a hint of Almighty Videogame Designer In a semi-modern world where cultivation reigns supreme, join June as she opens up a store for relaxation and gaming in this new world.
8 189 - In Serial108 Chapters
The Path of The Monster King
In a world of fantasy and magic, Kazius’ life is turned upside down when he discovers that not only must he become what he was taught to hate and worse, but that everything he thought to be true was a lie. He must make allies, survive, and fight as he finds the meaning behind his purpose for himself. Will he be able to run away from his fate? Or is his life already planned? Come experience his journey, the path to become The Monster King. This story is inspired heavily by DnD with anime style undertones. Hope you enjoy and please leave a review!
8 270 - In Serial24 Chapters
My Sons Tutor || Jayceon Taylor & Amber Riley
When Harlem starts having trouble with his math homework, single father Jayceon Taylor is forced to hire a full time tutor. Through his bestfriend Kendrick he meets Amber Riley, a college math professor who takes on a liking to Harlem. Jayceon starts to grow feelings for Amber that he just can't seem to shake but doesn't want to complicate things and disrespect his deceased ex wife.
8 91 - In Serial16 Chapters
|| witch love || JORDAN PHILLIPS
Y/n smalls moves to a new Neighborhood with her family and meets a baseball team and become friends then they meet the enemy but he wasn't just a enemy to her he was........
8 143

