《S T R A N G E R》Part 23
Advertisement
ဒီဇင္ဘာရဲ႕ ေဆာင္းည..။
အခ်ိန္ကားျဖင့္ ည ၈ နာရီ ျဖစ္သည္ ။
ရာသီဥတုရဲ႕ ေအးစိမ့္ေနမႈ႕က
ပတ္ဝန္က်င္တခုလံုးကို တိတ္ဆိတ္ေနေစ၏
ခပ္ျဖည္းျဖည္းအရွိန္ျဖင့္ ပြင့္လာေသာ
ကၽြန္းတံခါး၏ ျမည္သံသည္ Baekhyun
ေနရာ အခန္းအတြင္း ပဲတင္ထပ္သြားေခ်သည္ ။
အေမွာင္ခ်ထားေသာ အခန္းတြင္းသို႔
ေအးစက္ေသာေျခသံတခု ဦးတည္လာ၏
ေျခသံပိုင္ရွင္သည္ကား
ရွည္လ်ားေသာ အရပ္ေမာင္းရွိသူ။
မဲနက္ေနသည့္ ဝတ္စံုကိုဆင္ယင္၍
အခန္းထဲလွမ္းဝင္လာသည့္ ထိုလူ႔ အရိပ္က
ေျခာက္ျခားဖြယ္အတိ ။
တခ်ိန္လံုး ေတာင္ၾကည့္ေျမာက္ၾကည့္ျဖင့္
စူးစမ္းေနခဲ့သည့္ မ်က္ဝန္းငယ္ေလးသည္
အခုမွ သူအမွန္တကယ္ျပဳလုပ္ရမည့္
အလုပ္အား သိသြားေခ်သည္ ။
ဤသည္ကား.. ေၾကာက္ရြံျခင္းအလုပ္ပင္ ။
Baekhyun ကုတင္ရွိရာ မွိန္ျပျပ မီးေရာင္ေအာက္
Chanyeol ေအးစက္စြာျဖင့္ လွမ္းဝင္လာသည္ ။
ေအးခဲေနခဲ့သည့္ Baekhyun လက္ဖ်ားမ်ားသည္
Chanyeol ရဲ႕ အံေသေနသည့္ စိတၱဆန္ အျပံဳးေၾကာင့္
လႈပ္ရွားရန္ပင္ မဝံ့ေတာ့ ။
ကုတင္ေပၚမွာတင္ ေက်ာက္႐ုပ္ငယ္ေလးသဖြယ္
ေၾကာက္ရြံစြာျဖင့္ ၿငိမ္သက္ေနမိ၏
" မင္း ထမင္းစားလို႔ရၿပီ "
မ်က္ႏွာထပ္က ပံုေသ အျပံဳးနဲ႔
ခပ္ၾသၾသ ေလသံက Baekhyun ေက်ာတစ္ခုလံုး
စိမ့္တက္သြားေစသည္ ။
ပန္းကန္လံုးထဲမွာ ပူေႏြးစြာ ထည့္ထားတဲ့
ဆန္ျပဳတ္က ျဖဴဖပ္ဖပ္..
ၾကက္သားအႏွစ္မ်ားျဖင့္စားခ်င္ေအာင္လုပ္ထားေသာ္လည္း Baekhyun အဖို႔ ျမင္တာနဲ႔ ပ်ဳိ့တက္ေစသည္
သူ႔ မ်က္လံုးထဲ အႀကိမ္ႀကိမ္ျပန္ျမင္ေနတာက
အေလာင္းက ထြက္လာတဲ့ ေသြးနီရဲရဲတခ်ဳိ့..။
Baekhyun တကိုယ္လံုး ေအးစက္ကာ
တုန္ေနသည္ကို ျမင္ေတာ့..
Chanyeol က အနားကို တိုးကပ္လာ၏
ထို႔ေနာက္.. ပန္းကန္ျပားထဲက အဆင္သင့္
ထည့္ထားေသာ ဇြန္းကို ယူကာ
သူ႔လက္ထဲ ေသခ်ာထည့္ေပးေလသည္
သူ႔ကို စားဆိုသည့္ သေဘာ..
Baekhyun ထိုသူက ေၾကာက္ရြံစြာ
ျပန္ၾကည့္ေနမိ သည္
သူ..သူ ဒါႀကီးကို တကယ္စားရမွာလား။
ဒီလူ လက္နဲ႔ထိထားတဲ့ ဆန္ျပဳတ္ကိုေလ..?
Chanyeol အနားကို တဆင့္ ထပ္ကပ္လာျပန္သည္
အေနထားက နီးကပ္လြန္း၏
မ်က္ႏွာခ်င္းဆိုင္ မဟုတ္တာေတာင္
Chanyeol ရဲ႕ ရင္ဘတ္နဲ႔ Baekhyun ပါးနဲ႔
ကပ္ေတာ့မည့္ အေျခေန ။
တြန္႔ဆုတ္ တြန္႔ဆုတ္အမူယာ ျဖစ္ေနေသာ သူ႔ကို
ထိုလူက ျပံဳးလ်က္ စိုက္ၾကည့္ေန၏
မစားခ်င္ဘူးလဲမေျပာရဲ..။
အနားမကပ္နဲ႔လဲမေျပာရဲ..။
တခုခု လုပ္မွာလဲ ေၾကာက္ေနသည့္ပံုစံျဖင့္
တုန္ေနေသာ လူေကာင္ေသးေသးေလးကို
Chanyeol ေသခ်ာစြာ စိုက္ၾကည့္ေန၏
ပါးလွပ္ေနတဲ့ နႈတ္ခမ္း..
သူ႔ကိုျပန္ျပန္ေမာ့ၾကည့္တဲ့ မ်က္လံုးေမွးေလးနဲ႔
ခပ္လံုးလံုးေလး ျဖစ္ေနတဲ့ ႏွာဖ်ားေလး ။
ေဘးတိုက္ ျမင္ေနရတဲ့ Baekhyun ဆိုသည့္
အေကာင္ေပါက္ေလးက ျမင္ေနရယံုျဖင့္
သေဘာက်ဖြယ္ေကာင္းလြန္းသည္
ပံုမွန္အေနထားထပ္ ေခါင္းအနည္းငယ္ေစာင္းကာ
မ်က္ႏွာအစိတ္ပိုင္း တခုခ်င္းစီကို မ်က္စိမလႊဲပဲ
ေသခ်ာ ထိုင္ၾကည့္ေနတဲ့ Chanyeol ေၾကာင့္
Baekhyun ဘာလုပ္ရမွန္းမသိ ။
ပိုဆိုးသည္က စကားတခြန္းမွမေျပာပဲ
ေၾကာက္စရာေကာင္းေအာင္ အ႐ုပ္တ႐ုပ္လို
ျပံဳးေနျခင္းပင္..။
Baekhyun ဒီအေျခေနက ႐ုန္းထြက္ရန္အတြက္
ေရွ႕မွာ ခ်ထားတဲ့ ဆန္ျပဳတ္ကို ႀကိတ္မွိတ္ကာ
ပါးစပ္ထဲ ထိုးသြင္းလိုက္၏
လည္ေခ်ာင္းထဲေလ်ာခနဲ ဝင္သြားတဲ့ ဆန္ျပဳတ္အရသာက ပံုမွန္ထပ္ပင္ ထူးကဲၿပီး အရသာရွိေန၏
သူ မယံုႏိုင္စြာ ေဘးက လူကို လွည့္ၾကည့္မိေတာ့ Chanyeol မ်က္လံုးေတြက သူ႔ဆီမွ တဖဝါးမွ မခြာေသး
Baekhyun မ်က္စိကို ခ်က္ခ်င္းျပန္လႊဲကာ
ပန္းကန္လံုးထဲက ဆန္ျပဳတ္ကို သာ ခပ္ျမန္ျမန္
စားလိုက္၏
ဒီဟာကုန္မွ ဒီလူ ၾကည့္ေနတာ
ရပ္မည့္ပံု ေပၚတာေၾကာင့္ပင္ ။
ဆန္ျပဳတ္ ကုန္စင္သြားေတာ့
သူ႔ေဘးမွာထိုင္ေနတဲ့ Chanyeol
ထထြက္သြား၏
အခန္းထဲက ထြက္သြားတာ ေသခ်ာမွ ရင္ဘတ္ကို တဘုန္းဘုန္းထုလ်က္ Baekhyun သက္ျပင္းခ်ႏိုင္ေတာ့သည္
ဒါ.. ဘယ္လို အေျခေနႀကီးလဲ ။
ဒီလူက သူ႔ကို ဘာျဖစ္ေစခ်င္ေနသည္လဲ ။
အေတြးပင္မဆံုးေသး chanyeol က
လက္ထဲမွာ ေရခြက္တခြက္ကို ကိုင္၍
သူ႔ဆီသို႔ ေလွ်ာက္လာျပန္ ၏
ထို႔ေနာက္ သူ႔လက္တဖက္ကို ဆြဲယူကာ
ေဆးလံုးတခ်ဳိ့ကိုထည့္ေပးလာသည္
ဒါ.. ဘာေဆးလဲ ။
သူ႔ကို ေသေစမယ့္ေဆးမ်ိဳးလား
ဒါမွမဟုတ္...
Baekhyun ေမာ့ၾကည့္မိေတာ့
Chanyeol က ခပ္ေအးေအးပင္
သူ႔ကို စိုက္ၾကည့္ေန၏
" ခင္ဗ်ားေပးတဲ့ ေဆး..
မေသာက္ ခ်င္ဘူး "
အားတင္ကာ ထြက္လာတဲ့ အသံေလးေၾကာင့္
Chanyeol အျပံဳးတို႔က ပိုပီျပင္လာ၏
ျငင္းေနတဲ့ပံုစံက ေဆးေၾကာက္တဲ့ကေလးတေယာက္ ေဆးမေသာက္ခ်င္၍ ဂ်ီက်ေနသည့္ပံုစံမ်ိဳးေလး ။
Advertisement
အနည္းငယ္ ငံု႕ေနဟန္ရွိေတာ့
Baekhyun ေခါင္းကို ေမာ့ေစလ်က္
မ်က္လံုးမ်ားကို စိုက္ၾကည့္ရင္း
ေအးစက္စြာ ေျပာ၏
" ေသာက္လိုက္ "
ႏွစ္ခြန္းထပ္ မပိုတဲ့ စကားက
အမိန္႔ ဆန္လွသည္ ။
ခဏၾကာသည္အထိ မေသာက္ပဲ
ၿငိမ္ေနသည့္ သူ႔ကို Chanyeol ဘာမွမေျပာေသး
ထပ္မံ၍ ျပံဳးရင္း ဆိုလာျပန္သည္
" ေသာက္ လိုက္ လို႔.."
ေလသံ ပထမ အႀကိမ္ထပ္ပင္
ေအးစက္၍ အာဏွာဆန္သည္
ေျခာက္ကပ္ေနသည့္ ကႏၲာရမွာ
သဲေတြ မ်ိဳခ်ေနရသလိုပင္..
ေၾကာက္ရြံစိတ္ေၾကာင့္
အာေခါင္ေတြပါ ေျခာက္လာသည္
သူ.. ေသာက္လို႔ တကယ္ျဖစ္ပါ့မလား ။
ဒါ.. ေပမယ့္ မေသာက္လည္း
ေဒါသျဖင့္ အသတ္ခံရမယ့္အတူတူ
ေဆးေသာက္ၿပီး ေအးေဆးေသ
လိုက္တာကမွ ပိုေအးခ်မ္းမလား ?
ဖန္ခြက္ကို ကိုင္ထားတဲ့ Baekhyun လက္တို႔
တုန္ရီလာသည္
သူ ေျပးလို႔လဲ လြတ္မွ မလြတ္ႏိုင္ေတာ့တာ ။
ေရြးစရာ ဒီတလမ္းအျပင္ တျခား မရွိေတာ့
လက္ဝါးထဲ က်စ္က်စ္ပါေအာင္ ဆုပ္ထားမိတဲ့
ေဆးလံုးေတြကို လက္ျဖန္႔ၾကည့္ရင္း
သက္ျပင္းခ်လိုက္မိသည္
ဒီေရာင္စံု ေဆးလံုးေတြက
သူ႔အတြက္ ဒီက်ဥ္းၾကပ္တဲ့ဘဝႀကီးထဲက
ထြက္ေပါက္တခုလဲ ျဖစ္သြားႏိုင္မလား..။
မ်က္ရည္ေတြဝိုင္းေနတဲ့ မ်က္လံုးေသးေသးေလးတို႔ တဖ်က္ဖ်က္ခတ္ကာ အတန္ၾကာ စဥ္းစားေနၿပီးသည့္ေနာက္ တစံုတခုကို ဆံုးျဖတ္လိုက္ပံုရသည္
ေသေဆး ရွင္ေဆး ဆိုတာကိုသူမမႈ႕ပါပဲ
လက္ထဲက ေဆးကိုသာ မ်က္စိစံုမႈိတ္၍
ေသာက္ခ်လိုက္ေတာ့၏
အစိုင္အခဲ အေသးစုတို႔လည္ေခ်ာင္းထဲ
ေရနဲ႔ေျမာက်သြားၿပီး မိနစ္ပိုင္းေလာက္မွာ
သူ မ်က္လံုးမ်ား ေလးလံလာသည္
အသိစိတ္ကို မထိန္းခ်ဳပ္ႏိုင္ခင္မွာပဲ
သူ အိပ္ယာထပ္ ႏူးညံစြာ အိပ္ေပ်ာ္သြား၏
ႏွင္းလံုးေလးလို ေကြးေကြးေလးအိပ္ေပ်ာ္သြားတဲ့
Baekhyun အား အ႐ုပ္ေလးတစ္႐ုပ္သဖြယ္
ေဆာင္ေတြနဲ႔ ေသခ်ာျခံဳေပးရင္း
ေႏြးေထြးေစလိုက္သည္ ။
ေဆာင္ ပံုၾကားထဲမွ ထြက္ေနတဲ့ ေခါင္းေလးက
ပြေယာင္းေနတဲ့ ဆံႏြယ္မ်ားေၾကာင့္
အံုးေမႊးလံုးေလးလိုႏူးညံ႕လ်က္ ။
Chanyeol ျပံဳးရင္း ထို ဆံႏြယ္ေလးမ်ားကို
သပ္ဖယ္ ေပးလိုက္သည္ ။
ဝင္သက္ထြက္သက္ ကို မွန္မွန္ေလး႐ွဴသြင္းရင္း
ၿငိမ္သက္ေနေသာ ထိုခႏၶာကိုယ္ေလးကို
သူ ေပြ႕ထားခ်င္စိတ္က တဖြားဖြား ။
ဝါဂြမ္းစ သဖြယ္ ႏူးညံေနတဲ့ ပါးအိအိကို
သူ လက္ျဖင့္ အုပ္ကိုင္ရင္း အိပ္ေပ်ာ္ေနသည့္
ထို အ႐ုပ္ငယ္ေလးအား ျမတ္ႏိုးစြာ ၾကည့္ေနမိ၏
ဆိုးဆိုးရြားရြား အျဖစ္ပ်က္ေတြၾကားမွာ
ငါမင္းကို ရွာေတြ႕ခဲ့တယ္..
ငါျမတ္ႏိုးတာေတြ အကုန္ဆံုးရွံဳးလိုက္ရေပမယ့္
ႏွစ္သိမ့္ဆုအျဖစ္ ငါမင္းကို ရခဲ့တယ္
လက္မလႊတ္ဘူး Baekhyun..
ငါ ခက္ခက္ခဲခဲ ရယူထားတဲ့မင္းက
ေနာက္တႀကိမ္ငါ လက္လႊတ္ေပးရမယ့္
အ႐ုပ္ေလးမဟုတ္ေတာ့ဘူး ။
_____________\\\\\______________
ဒီဇင်ဘာရဲ့ ဆောင်းည..။
အချိန်ကားဖြင့် ည ၈ နာရီ ဖြစ်သည် ။
ရာသီဥတုရဲ့ အေးစိမ့်နေမှု့က
ပတ်ဝန်ကျင်တခုလုံးကို တိတ်ဆိတ်နေစေ၏
ခပ်ဖြည်းဖြည်းအရှိန်ဖြင့် ပွင့်လာသော
ကျွန်းတံခါး၏ မြည်သံသည် Baekhyun
နေရာ အခန်းအတွင်း ပဲတင်ထပ်သွားချေသည် ။
အမှောင်ချထားသော အခန်းတွင်းသို့
အေးစက်သောခြေသံတခု ဦးတည်လာ၏
ခြေသံပိုင်ရှင်သည်ကား
ရှည်လျားသော အရပ်မောင်းရှိသူ။
မဲနက်နေသည့် ဝတ်စုံကိုဆင်ယင်၍
အခန်းထဲလှမ်းဝင်လာသည့် ထိုလူ့ အရိပ်က
ခြောက်ခြားဖွယ်အတိ ။
တချိန်လုံး တောင်ကြည့်မြောက်ကြည့်ဖြင့်
စူးစမ်းနေခဲ့သည့် မျက်ဝန်းငယ်လေးသည်
အခုမှ သူအမှန်တကယ်ပြုလုပ်ရမည့်
အလုပ်အား သိသွားချေသည် ။
ဤသည်ကား.. ကြောက်ရွံခြင်းအလုပ်ပင် ။
Baekhyun ကုတင်ရှိရာ မှိန်ပြပြ မီးရောင်အောက်
Chanyeol အေးစက်စွာဖြင့် လှမ်းဝင်လာသည် ။
အေးခဲနေခဲ့သည့် Baekhyun လက်ဖျားများသည်
Chanyeol ရဲ့ အံသေနေသည့် စိတ္တဆန် အပြုံးကြောင့်
လှုပ်ရှားရန်ပင် မဝံ့တော့ ။
ကုတင်ပေါ်မှာတင် ကျောက်ရုပ်ငယ်လေးသဖွယ်
ကြောက်ရွံစွာဖြင့် ငြိမ်သက်နေမိ၏
" မင်း ထမင်းစားလို့ရပြီ "
မျက်နှာထပ်က ပုံသေ အပြုံးနဲ့
ခပ်သြသြ လေသံက Baekhyun ကျောတစ်ခုလုံး
စိမ့်တက်သွားစေသည် ။
ပန်းကန်လုံးထဲမှာ ပူနွေးစွာ ထည့်ထားတဲ့
ဆန်ပြုတ်က ဖြူဖပ်ဖပ်..
ကြက်သားအနှစ်များဖြင့်စားချင်အောင်လုပ်ထားသော်လည်း Baekhyun အဖို့ မြင်တာနဲ့ ပျို့တက်စေသည်
သူ့ မျက်လုံးထဲ အကြိမ်ကြိမ်ပြန်မြင်နေတာက
အလောင်းက ထွက်လာတဲ့ သွေးနီရဲရဲတချို့..။
Baekhyun တကိုယ်လုံး အေးစက်ကာ
တုန်နေသည်ကို မြင်တော့..
Chanyeol က အနားကို တိုးကပ်လာ၏
ထို့နောက်.. ပန်းကန်ပြားထဲက အဆင်သင့်
ထည့်ထားသော ဇွန်းကို ယူကာ
သူ့လက်ထဲ သေချာထည့်ပေးလေသည်
သူ့ကို စားဆိုသည့် သဘော..
Baekhyun ထိုသူက ကြောက်ရွံစွာ
ပြန်ကြည့်နေမိ သည်
Advertisement
သူ..သူ ဒါကြီးကို တကယ်စားရမှာလား။
ဒီလူ လက်နဲ့ထိထားတဲ့ ဆန်ပြုတ်ကိုလေ..?
Chanyeol အနားကို တဆင့် ထပ်ကပ်လာပြန်သည်
အနေထားက နီးကပ်လွန်း၏
မျက်နှာချင်းဆိုင် မဟုတ်တာတောင်
Chanyeol ရဲ့ ရင်ဘတ်နဲ့ Baekhyun ပါးနဲ့
ကပ်တော့မည့် အခြေနေ ။
တွန့်ဆုတ် တွန့်ဆုတ်အမူယာ ဖြစ်နေသော သူ့ကို
ထိုလူက ပြုံးလျက် စိုက်ကြည့်နေ၏
မစားချင်ဘူးလဲမပြောရဲ..။
အနားမကပ်နဲ့လဲမပြောရဲ..။
တခုခု လုပ်မှာလဲ ကြောက်နေသည့်ပုံစံဖြင့်
တုန်နေသော လူကောင်သေးသေးလေးကို
Chanyeol သေချာစွာ စိုက်ကြည့်နေ၏
ပါးလှပ်နေတဲ့ နှုတ်ခမ်း..
သူ့ကိုပြန်ပြန်မော့ကြည့်တဲ့ မျက်လုံးမှေးလေးနဲ့
ခပ်လုံးလုံးလေး ဖြစ်နေတဲ့ နှာဖျားလေး ။
ဘေးတိုက် မြင်နေရတဲ့ Baekhyun ဆိုသည့်
အကောင်ပေါက်လေးက မြင်နေရယုံဖြင့်
သဘောကျဖွယ်ကောင်းလွန်းသည်
ပုံမှန်အနေထားထပ် ခေါင်းအနည်းငယ်စောင်းကာ
မျက်နှာအစိတ်ပိုင်း တခုချင်းစီကို မျက်စိမလွှဲပဲ
သေချာ ထိုင်ကြည့်နေတဲ့ Chanyeol ကြောင့်
Baekhyun ဘာလုပ်ရမှန်းမသိ ။
ပိုဆိုးသည်က စကားတခွန်းမှမပြောပဲ
ကြောက်စရာကောင်းအောင် အရုပ်တရုပ်လို
ပြုံးနေခြင်းပင်..။
Baekhyun ဒီအခြေနေက ရုန်းထွက်ရန်အတွက်
ရှေ့မှာ ချထားတဲ့ ဆန်ပြုတ်ကို ကြိတ်မှိတ်ကာ
ပါးစပ်ထဲ ထိုးသွင်းလိုက်၏
လည်ချောင်းထဲလျောခနဲ ဝင်သွားတဲ့ ဆန်ပြုတ်အရသာက ပုံမှန်ထပ်ပင် ထူးကဲပြီး အရသာရှိနေ၏
သူ မယုံနိုင်စွာ ဘေးက လူကို လှည့်ကြည့်မိတော့ Chanyeol မျက်လုံးတွေက သူ့ဆီမှ တဖဝါးမှ မခွာသေး
Baekhyun မျက်စိကို ချက်ချင်းပြန်လွှဲကာ
ပန်းကန်လုံးထဲက ဆန်ပြုတ်ကို သာ ခပ်မြန်မြန်
စားလိုက်၏
ဒီဟာကုန်မှ ဒီလူ ကြည့်နေတာ
ရပ်မည့်ပုံ ပေါ်တာကြောင့်ပင် ။
ဆန်ပြုတ် ကုန်စင်သွားတော့
သူ့ဘေးမှာထိုင်နေတဲ့ Chanyeol
ထထွက်သွား၏
အခန်းထဲက ထွက်သွားတာ သေချာမှ ရင်ဘတ်ကို တဘုန်းဘုန်းထုလျက် Baekhyun သက်ပြင်းချနိုင်တော့သည်
ဒါ.. ဘယ်လို အခြေနေကြီးလဲ ။
ဒီလူက သူ့ကို ဘာဖြစ်စေချင်နေသည်လဲ ။
အတွေးပင်မဆုံးသေး chanyeol က
လက်ထဲမှာ ရေခွက်တခွက်ကို ကိုင်၍
သူ့ဆီသို့ လျှောက်လာပြန် ၏
ထို့နောက် သူ့လက်တဖက်ကို ဆွဲယူကာ
ဆေးလုံးတချို့ကိုထည့်ပေးလာသည်
ဒါ.. ဘာဆေးလဲ ။
သူ့ကို သေစေမယ့်ဆေးမျိုးလား
ဒါမှမဟုတ်...
Baekhyun မော့ကြည့်မိတော့
Chanyeol က ခပ်အေးအေးပင်
သူ့ကို စိုက်ကြည့်နေ၏
" ခင်ဗျားပေးတဲ့ ဆေး..
မသောက် ချင်ဘူး "
အားတင်ကာ ထွက်လာတဲ့ အသံလေးကြောင့်
Chanyeol အပြုံးတို့က ပိုပီပြင်လာ၏
ငြင်းနေတဲ့ပုံစံက ဆေးကြောက်တဲ့ကလေးတယောက် ဆေးမသောက်ချင်၍ ဂျီကျနေသည့်ပုံစံမျိုးလေး ။
အနည်းငယ် ငုံ့နေဟန်ရှိတော့
Baekhyun ခေါင်းကို မော့စေလျက်
မျက်လုံးများကို စိုက်ကြည့်ရင်း
အေးစက်စွာ ပြော၏
" သောက်လိုက် "
နှစ်ခွန်းထပ် မပိုတဲ့ စကားက
အမိန့် ဆန်လှသည် ။
ခဏကြာသည်အထိ မသောက်ပဲ
ငြိမ်နေသည့် သူ့ကို Chanyeol ဘာမှမပြောသေး
ထပ်မံ၍ ပြုံးရင်း ဆိုလာပြန်သည်
" သောက် လိုက် လို့.."
လေသံ ပထမ အကြိမ်ထပ်ပင်
အေးစက်၍ အာဏှာဆန်သည်
ခြောက်ကပ်နေသည့် ကန္တာရမှာ
သဲတွေ မျိုချနေရသလိုပင်..
ကြောက်ရွံစိတ်ကြောင့်
အာခေါင်တွေပါ ခြောက်လာသည်
သူ.. သောက်လို့ တကယ်ဖြစ်ပါ့မလား ။
ဒါ.. ပေမယ့် မသောက်လည်း
ဒေါသဖြင့် အသတ်ခံရမယ့်အတူတူ
ဆေးသောက်ပြီး အေးဆေးသေ
လိုက်တာကမှ ပိုအေးချမ်းမလား ?
ဖန်ခွက်ကို ကိုင်ထားတဲ့ Baekhyun လက်တို့
တုန်ရီလာသည်
သူ ပြေးလို့လဲ လွတ်မှ မလွတ်နိုင်တော့တာ ။
ရွေးစရာ ဒီတလမ်းအပြင် တခြား မရှိတော့
လက်ဝါးထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတဲ့
ဆေးလုံးတွေကို လက်ဖြန့်ကြည့်ရင်း
သက်ပြင်းချလိုက်မိသည်
ဒီရောင်စုံ ဆေးလုံးတွေက
သူ့အတွက် ဒီကျဉ်းကြပ်တဲ့ဘဝကြီးထဲက
ထွက်ပေါက်တခုလဲ ဖြစ်သွားနိုင်မလား..။
မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးသေးသေးလေးတို့ တဖျက်ဖျက်ခတ်ကာ အတန်ကြာ စဉ်းစားနေပြီးသည့်နောက် တစုံတခုကို ဆုံးဖြတ်လိုက်ပုံရသည်
သေဆေး ရှင်ဆေး ဆိုတာကိုသူမမှု့ပါပဲ
လက်ထဲက ဆေးကိုသာ မျက်စိစုံမှိုတ်၍
သောက်ချလိုက်တော့၏
အစိုင်အခဲ အသေးစုတို့လည်ချောင်းထဲ
ရေနဲ့မြောကျသွားပြီး မိနစ်ပိုင်းလောက်မှာ
သူ မျက်လုံးများ လေးလံလာသည်
အသိစိတ်ကို မထိန်းချုပ်နိုင်ခင်မှာပဲ
သူ အိပ်ယာထပ် နူးညံစွာ အိပ်ပျော်သွား၏
နှင်းလုံးလေးလို ကွေးကွေးလေးအိပ်ပျော်သွားတဲ့
Baekhyun အား အရုပ်လေးတစ်ရုပ်သဖွယ်
ဆောင်တွေနဲ့ သေချာခြုံပေးရင်း
နွေးထွေးစေလိုက်သည် ။
ဆောင် ပုံကြားထဲမှ ထွက်နေတဲ့ ခေါင်းလေးက
ပွယောင်းနေတဲ့ ဆံနွယ်များကြောင့်
အုံးမွှေးလုံးလေးလိုနူးညံ့လျက် ။
Chanyeol ပြုံးရင်း ထို ဆံနွယ်လေးများကို
သပ်ဖယ် ပေးလိုက်သည် ။
ဝင်သက်ထွက်သက် ကို မှန်မှန်လေးရှူသွင်းရင်း
ငြိမ်သက်နေသော ထိုခန္ဓာကိုယ်လေးကို
သူ ပွေ့ထားချင်စိတ်က တဖွားဖွား ။
ဝါဂွမ်းစ သဖွယ် နူးညံနေတဲ့ ပါးအိအိကို
သူ လက်ဖြင့် အုပ်ကိုင်ရင်း အိပ်ပျော်နေသည့်
ထို အရုပ်ငယ်လေးအား မြတ်နိုးစွာ ကြည့်နေမိ၏
ဆိုးဆိုးရွားရွား အဖြစ်ပျက်တွေကြားမှာ
ငါမင်းကို ရှာတွေ့ခဲ့တယ်..
ငါမြတ်နိုးတာတွေ အကုန်ဆုံးရှုံးလိုက်ရပေမယ့်
နှစ်သိမ့်ဆုအဖြစ် ငါမင်းကို ရခဲ့တယ်
လက်မလွှတ်ဘူး Baekhyun..
ငါ ခက်ခက်ခဲခဲ ရယူထားတဲ့မင်းက
နောက်တကြိမ်ငါ လက်လွှတ်ပေးရမယ့်
အရုပ်လေးမဟုတ်တော့ဘူး ။
Advertisement
- In Serial7 Chapters
Diasori Dynasty: The World's Last Heroes
In the world of fantasy, children are born with the ability to become a warrior, mage, and thief. When you become three you have to take a test to see what class you are and then you start training in that class. Chen Diasori, a man who has been reincarnated to this strange world accidentally merged his body with two other people who had the ability to become a warrior and thief while he already had the ability to become a mage. So when the world was introduced to a child not with two but all three classes, all of the seventeen kingdoms starts fighting for him. Chen however doesn't have any plan of helping any one of them since considering the way he died was by betrayal. What will happen to Chen in the future, read more to join his adventure and story.
8 156 - In Serial44 Chapters
The Three Realms
Follow Aureus Astrea as he journeys across the three realms, Gathering a Team, Building a Kingdom, Fighting Demons while facing internal strife. Join him, as he struggles through it all.
8 410 - In Serial29 Chapters
Attack On Titan: The Peace I Desire
Vincent, an Assassin from Earth reincarnated to a world filled with mystery. From Walls that covered the entire kingdom to Vincent surprised, since the people of this world are not that advanced for this kind of thing. To Giant-Devil eating monsters. A Titan as the people in this world called them. Vincent, a person tired from killing and just want PEACE, didn't bother about them since they were protected by the Walls, but a tragedy happened as the Wall had been breached and his loved ones died. Anger, Sadness, and 'Emptiness?'. Vincent will continue his dream and achieve, The Peace He Desires. ***** "Let's get ready to rumble?" --------------------------------------------------- Patreon link: https://www.patreon.com/CanYouMakeItClear -------------------------
8 240 - In Serial74 Chapters
Flame-Eyed Immortal
A day that changed the world forever, mythical beasts descended and tore the world asunder. They showed humans the path of an immortal. Those who would walk it would reach the center of the world. Those who couldn't would be stepped on by others. This is the tale of the a blind boy, who found fortune from his disability and stepped on the path of ascension....[Rated 15+ For Gore]
8 233 - In Serial32 Chapters
Return to the Fairies
In the time when legends were reality and myths were true, the humans and fairies were at peace. When the humans sought after the fairies' longevity, they paid the price, and lost their connection to the fairy race and ultimately, magic itself. But those pure of heart can see the fairies still. Those whose eyes are clear can see the magic in the air. Those pure of heart can use magic.
8 198 - In Serial26 Chapters
Roommates // killugon
-KILLUA X GON KILLUA X GON KILLUA X GON. this story is where killua and Gon become collage roommates and yeah. -[note]This story is actually shit 💀-cover art is by @//Matsumoto_zo on Twitter
8 156

