《S T R A N G E R》Part 18
Advertisement
Omma ကို ရင္ထဲခြင္ပိုက္လ်က္
ၿငိမ္သက္ေနေသာ Appa သည္
အခ်ိန္ေတာ္ၾကာသည္ထိ
အရာအားလံုးႏွင့္ အဆက္သြယ္ျဖတ္ခံထားရတဲ့
လူတစ္ေယာက္လို နႈတ္ဆိတ္၍ ေန၏
ထိုေနာက္ ႐ုတ္တရက္
မတ္တပ္ရပ္ လိုက္ေသာ Appa..
သူ ေၾကာင္အ စြာ ေမာ့ၾကည့္လိုက္မိ၏
နီရဲေနေသာ Appa ရဲ႕မ်က္ဝန္းမ်ားက
နာက်င္မႈ႕မ်ားကို ပံုေဖာ္ေနသည္..။
တခါမွ မျမင္ဖူးခဲ့တဲ့ Appa ရဲ႕ ပံုစံက
ထင္တာထပ္ စိုးရြားလို႔ေနသည္..။
ခပ္ေျဖးေျဖးေလွ်ာက္လာတဲ့ Appa က
အခန္းေရွ႕တြင္ ရပ္ေနေသာ သူ႔ကို
မျမင္သည့္ဟန္ ေက်ာ္သြားခဲ့သည္
ေဘးမွ ျဖတ္တိုက္သြားတဲ့ေလထုက
သူ႔ ႏွလံုးအိမ္တစ္ခုလံုးကို စို႔နစ္လာေစတယ္
"Appa "
ခပ္တိုးတိုး သူ႔ေလသံက
ေလထုထဲမွာတင္ ေပ်ာက္ကြယ္သြားရတယ္
သူ႔ေခၚသံေတြကို လ်စ္လွ်ဴရွဴ႕လ်က္
ေလွကားကို ေျဖးညႇင္းစြာ ဆင္းသြားတဲ့
Appa ကို သူ ေငးေမာၾကည့္ေနရင္း..
ခဏအၾကာမွာ သူ သတိ တခ်က္ဝင္လာခဲ့သည္..
႐ုတ္တရက္ က်ယ္ေလာင္တဲ့ မိုးၿခိမ္းသံက
သူ႔ အေတြးေတြးကို အစ ေဖ်ာက္ပစ္လိုက္သည္
" Appa.."
ေခၚသံႏွင့္အတူ သူ Appa ေနာက္ကို ေျပးလိုက္မိတယ္..
ေလွကားထစ္မ်ားကို ေက်ာ္ျဖတ္ကာ
ေျပးလိုက္မိရင္း တံခါးဝအေရာက္..
သူလွမ္းျမင္ေနရတဲ့ Appa က
ျခံထဲသို႔ ထီးမပါပဲ ဆင္းသြားခဲ့ေလၿပီ..
"Appa.."
သူ႔အသံေတြက သည္းမဲစြာ ရြာေနတဲ့
မိုးသံမ်ားကို မဖံုးလႊမ္းႏိုင္ခဲ့ပါ..
Appa က ကားစက္ကိုနႈိးေနခဲ့သည္..
လက္သီးကို က်စ္က်စ္ပါေအာင္ဆုတ္ရင္း
မိုးေရထဲက Appa ကို သူ အသံမ်ားကြဲတဲ့ထိ
ေနာက္တႀကိမ္ ေအာ္ေခၚလိုက္မိသည္..။
ထို အခိုက္တန္႔...
တကယ္ကို ခဏေလးမွ ခဏေလးပါ..။
မ်က္ေတာင္ တခတ္ေလာက္အခ်ိန္ပိုင္းျခားေလးတြင္
Appa သူ႔ ေခၚသံေတြကို အသိမွတ္ျပဳခဲ့တယ္..
Appa သူ႔ကို လွည့္ၾကည့္ေပးခဲ့တယ္..
ကားျပတင္းေပါက္မွ တဆင့္
မိုးေရထဲတြင္ ရပ္ေနေသာ သူ႔ထံ
ေလ်ာ့ရဲစြာ ျပံဳးျပလာခဲ့တယ္
နာက်င္ေနသည္..
ၿပီးေတာ့ မ်က္ဝန္းမ်ားက အရည္လဲေနသည္..။
ပင္ပန္းေနသည့္ ၾကားမွ အတတ္ႏိုင္ဆံုး
Appa က သူ႔ကိုျပံဳးျပေနသည္..။
ေတာင္းပန္ပါတယ္..
စကားတခြန္းထပ္ မပိုႏိုင္တဲ့ စြန္လႊတ္ျခင္းအေၾကာင္း
မ်က္လံုးမွ တဆင့္ Appa ေျပာျပေနသည္..
မဟုတ္ဘူး.. မျပံဳးပါနဲ႔..
သူ အဲ့အျပံဳးေတြကိုမႀကိဳက္ဘူး..
ဘာလို႔ ျပံဳးတာလဲ
ဘာလို႔ ျပံဳးတာလဲ..
သိပ္မၾကာခင္မွာ..
Appa မ်က္ႏွာလႊဲသြားခဲ့သည္
စီယာတိုင္ကို တင္းၾကပ္စြာ စုပ္ကိုင္ထားတဲ့
Appa ရဲ႕ လက္ေတြကို သူေငးၾကည့္ရင္း..
Appa သူ႔နားက ထြက္သြားမွာ..
Omma လိုပဲ သူတို႔ေမာင္ႏွမ ႏွစ္ေယာက္ကိုထားခဲ့မွာ..ကို
သူ ေသမတတ္ ေၾကာက္ရြံလာခဲ့သည္..။
"Appa.."
ေခၚသံ မဆံုးခင္မွာ ျခံထဲေမာင္းထြက္သြားတဲ့
အျဖဴေရာင္ကား..။
သည္းမဲစြာ ရြာေနတဲ့ မိုးမ်ားၾကား
သူ သတိမထားမိလိုက္တဲ့ အခ်ိန္မွာတင္
ထြက္သြားတဲ့ ကားေနာက္ကို ေျပးလိုက္ေနမိၿပီ..
တိုက္ခတ္ေနတဲ့ ေလျပင္းမ်ားက ဦးတည္ရာမဲ့ေနသလို
Appa ေမာင္းေနတဲ့ ကားေလးကလည္း အတားစီးမဲ့ေနသည္
မိုးသည္း ထဲမွာ ေျပးလိုက္ေနတဲ့
သူ႔အတြက္လည္း ညႇာတာမႈ႕ ကင္းမဲ့ေနသည္..။
စီးက်ေနတဲ့ မ်က္ရည္မ်ားကေတာ့
ေျခေထာက္က နာက်င္မႈ႕ေၾကာင့္ေတာ့ ဟုတ္မယ္မထင္..
ႏွလံုးသားေလးရဲ႕ ဒဏ္ရာေတြေၾကာင့္သာ
ျဖစ္ေပလိမ့္မည္..။
သူ အားကုန္ ေျပးလိုက္ေနေပမယ့္..
အရွိန္နဲ႔ ေျပးေနတဲ့ ကားေလးက
သူနဲ႔ ပို၍ ပို၍ ကြာေဝးလာခဲ့သည္..။
သူ ေျခကုန္လက္ပမ္းက်ေလ၏..
စို႔တက္ေနေသာ ေမာပမ္းမႈ႕ႏွင့္အတူ
အျဖဴေရာင္ကားေလးကလည္း..
သည္းမဲေနသည့္ မိုးမ်ားၾကားတြင္
မီးေရာင္ပင္ မျမင္ရေတာ့ပါ..။
မိုးစက္မ်ားက သူ႔ ခႏၶာကိုယ္မွ တဆင့္..
သူ႔ အေသြးသြားမ်ား ကိုပင္ ေအးစက္သြားေစခဲ့ၿပီ..။
သူ တကယ္ကို ရွံဳးနိမ့္ခဲ့ၿပီ..။
ေမွာင္မဲေနတဲ့ ညမ်ိဳးမွာ သူတေယာက္ထဲ
လမ္းေပၚမွာ က်န္ရစ္ခဲ့ရၿပီ..။
ေလလြင့္တဲ့ တိရိစာၧန္တေကာင္လို
လမ္း မ ေပၚတြင္ သူ လွဲခ်လိုက္မိ၏
ခႏၶာကိုယ္ရဲ႕ နာက်င္မႈ႕ထပ္
ရင္ဘတ္ထဲက နာက်င္မႈ႕က
အစ တစ္ရာမက ဆိုးလြန္းသည္
တဆစ္ဆစ္ျဖင့္ ထိုးကိုက္ေနသည့္
ေျခေခ်ာင္းမ်ားက သူ ဖိနပ္မပါပဲ ေျပးခဲ့လို႔ျဖစ္မည္..
သူ နာက်င္စြာ ျပံဳးလိုက္မိ၏..
ထို အျပံဳးႏွင့္အတူ..
လိုက္ဖက္လြန္းတဲ့ မ်က္ရည္ေတြက
သူ႔မ်က္ႏွာေပၚ ပူေႏြးစြာျဖင့္ စီးက်လာသည္
သူ မ်က္ရည္ က်ေနသည္ပဲ..
ဒါဟာ ဒီေန႔ အတြက္ ဒုတိယ အႀကိမ္ေျမႇာက္မ်က္ရည္..။
Advertisement
ခက္ခဲလြန္းတဲ့ တေန႔တာအတြက္
သူ ေနာက္တႀကိမ္ က်မိတဲ့ နာက်င္မႈ႕ သက္ေသ..
နာက်င္ေနတဲ့ ဒူး ႏွစ္ဖက္ကို အားျပဳ၍
ေနာက္တႀကိမ္ သူ ကုန္းထ မိျပန္၏..
သူ သြားမွ ျဖစ္မယ္..။
သူ နာက်င္ေနပါေစ..
သူ ပင္ပန္းေနပါေစ..
ထြက္ခြာသြားတဲ့ Appa အတြက္
သူ ဒီခရီးကို မဆက္ခ်င္လည္း
ဆက္ရဦးမယ္..
-
-
-
မိုးသည္ထဲတြင္ ညမီးေရာင္က
ဝိုးတိုးဝါးတား..
ေမွာင္မဲေနတဲ့ ကတၱရာလမ္းေပၚမွာ
သူ တစ္ေယာက္ထဲသာ..
အားနည္းလြန္းတဲ့ ခႏၶာကိုယ္က
ေျခလွမ္းတလွမ္း ထပ္လွမ္းဖို႔ေတာင္
ခက္ခဲေစတယ္..
နာက်င္လြန္းတဲ့ ရင္ဘတ္က
အသက္တခါ ႐ွဴသြင္းဖို႔ေတာင္
ပင္ပန္းေစတယ္..
ဒီတခါ ေနာက္ဆံုးပါ..။
ဒါ ေနာက္ဆံုးအႀကိမ္ နာက်င္ျခင္း
ဒါ ေနာက္ဆံုးအႀကိမ္ မ်က္ရည္က်ျခင္း
ေနာက္..
ဘာအေၾကာင္းပဲ ျဖစ္ျဖစ္..
မ်က္ရည္ မက်ခ်င္ေတာ့ပါ..။
ဘာအေၾကာင္းပဲ ျဖစ္ျဖစ္..
ဘာအေၾကာင္းပဲ ျဖစ္ျဖစ္..
...
မလွမ္းမကမ္းက ျမင္ေနရတဲ့
ကားေလးကို သူ အခ်ိန္အေတာ္ၾကာတဲ့ထိ
ေငးၾကည့္ေနမိတယ္..
သူ ဆက္သြားဖို႔ ခြန္းအားမရွိသလို
ထားရစ္ခဲ့ဖို႔လည္း ခြန္းအားမရွိ..။
ေပ်ာ့ညံ႕လြန္းလိုက္တာ..
တစ္ကိုယ္လံုး စိုရႊဲေနတဲ့ အမႈ႕ကို
လ်စ္လွ်ဴရွႈ႕ရင္း သူ ကားအနားကို
ခပ္ေျဖးေျဖးခ်ဥ္းကပ္လာခဲ့လိုက္တယ္..
အျဖဴေရာင္ စလြန္းကားေလး..။
ဒီကားေလးက Appa သိပ္ႀကိဳက္လြန္းလို႔
အႏွစ္ႏွစ္လလ ရွာက်န္ စုေဆာင္းၿပီး
ဝယ္ခဲ့ရတာ..။
အခုေတာ့ သူ႔မ်က္စိေရွ႕မွာ အစိတ္စိတ္အမႊာမႊာ..။
လမ္းမ ေပၚသို႔ ျပန္႔ၾကားေနေသာ မွန္စ ေတြက
သူ႔ ေျခေထာက္အသားေတြကို ထိုးခြဲပစ္ေနတယ္..
ဒါေပမယ့္ သူ ထိုကားေလးထံကို
ေခါင္းမာစြာနဲ႔ ဆက္ေလွ်ာက္လာမိသည္..။
ေနာက္တြင္ေတာ့..
သူလက္ခံဖို႔ ခက္ခဲလြန္းတဲ့ အမွန္တရားတစ္ခုကို
အရံွဴးမ်ားႏွင့္အတူ သူလက္ခံလိုက္ရျပန္ၿပီ..။
ကား ေခါင္းထဲ မွာ ၿငိမ္သက္စြာ
ရွိေနတဲ့ Appa ကို သူ အသက္မဲ့စြာ
စိုက္ၾကည့္ေနမိတယ္..
ဘာလို႔လဲ.. Appa ရယ္
ကၽြန္ေတာ္ ေမးတာကို ထ ေျဖဦး..
ဘာလို႔လဲလို႔..
တူညီတဲ့ ေမးခြန္းကိုသာ သူ Appa ကို
ေသခ်ာၾကည့္ရင္း အထပ္ထပ္ ေမးေနခဲ့တယ္..
ခါးပတ္ မပတ္ထားတဲ့ Appa ခႏၶာကိုယ္က
စီယာတိုင္နဲ႔ ခံုၾကားထဲမွာ ညႇပ္ေနခဲ့တာ..
အင္း.. Appa သိပ္ကို နာေနမွာပဲ..
ပိုဆိုးတာက ကားမွန္တစ္ခ်ဳိ႕က Appa ရဲ႕
ရင္ဘတ္ တည့္တည့္မွာ စိုက္ဝင္ေနတာ..
ေသြးေတြ ေတာင္ နီရဲလို႔..
သူ အဲ့ျမင္ကြင္းကိုပဲ မမွိတ္မသုန္ စိုက္ၾကည့္ေနမိ၏
သူ႔ရင္ထဲက တင္းၾကပ္ ပိတ္ဆို႔မႈ႕တခုက
ခံစားခ်က္မ်ာကို ဗလာနတၱိျဖစ္ေစခဲ့တယ္..
သူ သည္ မ်က္ရည္က်ဖို႔ ေမ့ေလ်ာ့ေနခဲ့မိတယ္
ငိုေႂကြးျခင္းဆိုတဲ့ ပူေလာင္မႈ႕ကို
ဒီေန႔ တေန႔ထဲနဲ႔ သူ အထပ္ထပ္ ခံစားၿပီးၿပီ
ေသြးထြက္ေနတဲ့ ဒဏ္ရာတခုကို
အထပ္ထပ္ ဆားသိပ္ခဲ့ၿပီးၿပီ..။
နာက်င္မႈ႕ ဆိုတဲ့ ေဝဒနာေတြ
ခံစားရပါ မ်ားလာတဲ့အခါ
သူ ထင္သလို မ်က္ရည္ မ်ားက က်မလာခဲ့ေတာ့
ရင္ဘတ္တခုလံုး နာက်င္ရာမွ
ထံုက်င္သည့္ အဆင့္သို႔ ေရာက္ေခ်ၿပီ
ေၾကမြေနေသာ ကား တံခါးေလးကို
ခပ္တင္းတင္းဆုပ္ကိုင္ရင္း
သူ အားကိုးရာ မဲ့ေနခဲ့တယ္..။
သိပ္မၾကာခင္..
သူ႔ဘက္သို႔ တိုက္ခတ္လာတဲ့ ေလထုထဲမွာ
မီးခိုးနံ႕ တခ်ဳိ႕ ေရာေႏွာပါဝင္လာေခ်၏
တစံုတစ္ခုကို သူသေဘာေပါက္မိေတာ့
အျဖဴေရာင္ မီးခိုးေငြ႕တို႔ၾကား
သူ နာက်င္စြာ ျပံဳးလိုက္မိသည္။
အရွိန္နဲ႔ တိုက္မိထားတဲ့ Appa ရဲ႕ကားဟာ
သိပ္မၾကာခင္မွာ တစစီ ေပါက္ကြဲထြက္ေတာ့မည္..။
ဒါေပမယ့္ ဘယ္လိုလုပ္ရမလဲ..။
သူ ဒီနားက ဘယ္မွ မသြားခ်င္ဘူး..
သူ Appa ကိုပဲ ၾကည့္ေနခ်င္ေသးတာ..
ေခါင္းမာလြန္းတဲ့ အေတြးတခုနဲ႔အတူ
သူ Appa နားမွာ တစ္လွမ္းမွမေရြ႕ပဲ
ဆက္၍ ရပ္ေနခဲ့သည္။
*သား ဘာလို႔ ငိုေနရတာလဲ..
ေယာက်ာ္းဆိုတာ မငိုရဘူးလို႔ Appa မွာထားတယ္ေလ
*Appa.. ဒါေပမယ့္ေလ *soob သူတို႔ကေလ ဟင့္..
သားကို နာေအာင္ လုပ္တယ္ေလ soob
*သား.. Appa ကို ေသခ်ာၾကည့္စမ္း..
သားမွာ Appa တေယာက္လံုးရွိေနတယ္.. သားေဘးမွာ
Appa တေယာက္လံုး ရွိေနတယ္ေလ..
သား ဘာကို ေၾကာက္ေနတာလဲ.. ဘာကိုပူပန္ေနတာလဲ
သားကို Appa အျပည့္ဝ ကာကြယ္ေပးမွာေပါ့..
Appa ကို သား ယံုတယ္မလား..
*ဟုတ္.. Appa မႀကိဳက္ရင္ သား
Advertisement
ေနာက္ဘယ္ေတာ့မွ မငိုေတာ့ဘူးေနာ္
မ်က္ရည္မ်ားနဲ႔ ေကာင္ေလးကို
Appa က လႊမ္းျခံဳ၍ ဖက္ေပးထားသည္..
ရင္ခြင္ထဲက ေကာင္ေလးကလဲ မ်က္ရည္မ်ားႏွင့္ ျပံဳးလ်က္..
ေခါင္းကို ခပ္ဖြဖြ ပုတ္ေပးေနတဲ့ Appa ရဲ႕ လက္မ်ားကို
ၿငိမ္သက္စြာ ခံယူေနေလသည္..။
-
အဆံုးသတ္သြားၿပီ..။
တျဖည္းျဖည္းနဲ႔ ေလထဲမွာ ေပ်ာက္ကြယ္သြားတဲ့
အတိတ္က ျဖစ္ရပ္ေတြ..။
သူ နာက်င္စြာ ေအာ္ရီလိုက္မိတယ္..
စို႔နစ္ေနတဲ့ ရင္ဘတ္ကို အဆက္မျပတ္ ထုရင္း
မိုးေရ ထဲမွာ တေယာက္ထဲ ေအာ္ရီေနမိသည္..
ေျခာက္ကပ္ေနတဲ့ လည္ပင္းက
ရီရလြန္းလို႔ ကြဲထြက္ကုန္၏
ကားထဲမွာ ရွိေနတဲ့ Appa ၾကားေစရန္
သူ႔ကို ထားသြားတဲ့ Appa ၾကားေစရန္..
စီးက်ေနတဲ့ မ်က္ရည္မ်ားကို မသိက်ိဳးကၽြန္ျပဳရင္း
ေခါင္းေမာ့ကာ အသံထြက္တဲ့ထိ ရီေနမိ၏
ငိုလို႔မွ ႏွစ္သိမ့္ေပးမယ့္သူ မရွိတဲ့အေျခေနမ်ိဳးမွာ
ျပံဳးထားစမ္း Chanyeol.. ဆိုတဲ့ စကားကိုသာ
သူ႔ရင္ထဲက အႀကိမ္ႀကိမ္ ေရရြတ္ေနမိေတာ့သည္..။
....
ဆံုးရွံဳးျခင္းကိုမခံစားဖူးတဲ့လူက
သူ႔ေဘးမွာရွိတဲ့အရာေတြကို
တန္ဖိုးထားတတ္မွာမဟုတ္ဘူး။
ဘာလို႔လဲဆိုေတာ့
သူ႔ဘဝမွာဆံုးရွံဴးျခင္းဆိုတဲ့သင္ခန္းစာကို
မေလ့လာခဲ့ဖူးလို႔ပဲ။
ဆံုးရွံဴးျခင္းကိုခံစားဖူးတဲ့လူကလည္း
သူ႔ဘဝမွာငိုေႂကြးျခင္းဆိုတာရွိေတာ့မွာမဟုတ္ဘူး။
ဘာလို႔လဲဆိုေတာ့
သူဆံုးရွံဴးခဲ့ရတဲ့အရာေတြက
သူ႔ကိုမ်က္ရည္မက်ေအာင္သင္ၾကားေပးသြားလို႔ပဲ။
Omma ကို ရင်ထဲခွင်ပိုက်လျက်
ငြိမ်သက်နေသော Appa သည်
အချိန်တော်ကြာသည်ထိ
အရာအားလုံးနှင့် အဆက်သွယ်ဖြတ်ခံထားရတဲ့
လူတစ်ယောက်လို နှုတ်ဆိတ်၍ နေ၏
ထိုနောက် ရုတ်တရက်
မတ်တပ်ရပ် လိုက်သော Appa..
သူ ကြောင်အ စွာ မော့ကြည့်လိုက်မိ၏
နီရဲနေသော Appa ရဲ့မျက်ဝန်းများက
နာကျင်မှု့များကို ပုံဖော်နေသည်..။
တခါမှ မမြင်ဖူးခဲ့တဲ့ Appa ရဲ့ ပုံစံက
ထင်တာထပ် စိုးရွားလို့နေသည်..။
ခပ်ဖြေးဖြေးလျှောက်လာတဲ့ Appa က
အခန်းရှေ့တွင် ရပ်နေသော သူ့ကို
မမြင်သည့်ဟန် ကျော်သွားခဲ့သည်
ဘေးမှ ဖြတ်တိုက်သွားတဲ့လေထုက
သူ့ နှလုံးအိမ်တစ်ခုလုံးကို စို့နစ်လာစေတယ်
"Appa "
ခပ်တိုးတိုး သူ့လေသံက
လေထုထဲမှာတင် ပျောက်ကွယ်သွားရတယ်
သူ့ခေါ်သံတွေကို လျစ်လျှူရှူ့လျက်
လှေကားကို ဖြေးညှင်းစွာ ဆင်းသွားတဲ့
Appa ကို သူ ငေးမောကြည့်နေရင်း..
ခဏအကြာမှာ သူ သတိ တချက်ဝင်လာခဲ့သည်..
ရုတ်တရက် ကျယ်လောင်တဲ့ မိုးခြိမ်းသံက
သူ့ အတွေးတွေးကို အစ ဖျောက်ပစ်လိုက်သည်
" Appa.."
ခေါ်သံနှင့်အတူ သူ Appa နောက်ကို ပြေးလိုက်မိတယ်..
လှေကားထစ်များကို ကျော်ဖြတ်ကာ
ပြေးလိုက်မိရင်း တံခါးဝအရောက်..
သူလှမ်းမြင်နေရတဲ့ Appa က
ခြံထဲသို့ ထီးမပါပဲ ဆင်းသွားခဲ့လေပြီ..
"Appa.."
သူ့အသံတွေက သည်းမဲစွာ ရွာနေတဲ့
မိုးသံများကို မဖုံးလွှမ်းနိုင်ခဲ့ပါ..
Appa က ကားစက်ကိုနှိုးနေခဲ့သည်..
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း
မိုးရေထဲက Appa ကို သူ အသံများကွဲတဲ့ထိ
နောက်တကြိမ် အော်ခေါ်လိုက်မိသည်..။
ထို အခိုက်တန့်...
တကယ်ကို ခဏလေးမှ ခဏလေးပါ..။
မျက်တောင် တခတ်လောက်အချိန်ပိုင်းခြားလေးတွင်
Appa သူ့ ခေါ်သံတွေကို အသိမှတ်ပြုခဲ့တယ်..
Appa သူ့ကို လှည့်ကြည့်ပေးခဲ့တယ်..
ကားပြတင်းပေါက်မှ တဆင့်
မိုးရေထဲတွင် ရပ်နေသော သူ့ထံ
လျော့ရဲစွာ ပြုံးပြလာခဲ့တယ်
နာကျင်နေသည်..
ပြီးတော့ မျက်ဝန်းများက အရည်လဲနေသည်..။
ပင်ပန်းနေသည့် ကြားမှ အတတ်နိုင်ဆုံး
Appa က သူ့ကိုပြုံးပြနေသည်..။
တောင်းပန်ပါတယ်..
စကားတခွန်းထပ် မပိုနိုင်တဲ့ စွန်လွှတ်ခြင်းအကြောင်း
မျက်လုံးမှ တဆင့် Appa ပြောပြနေသည်..
မဟုတ်ဘူး.. မပြုံးပါနဲ့..
သူ အဲ့အပြုံးတွေကိုမကြိုက်ဘူး..
ဘာလို့ ပြုံးတာလဲ
ဘာလို့ ပြုံးတာလဲ..
သိပ်မကြာခင်မှာ..
Appa မျက်နှာလွှဲသွားခဲ့သည်
စီယာတိုင်ကို တင်းကြပ်စွာ စုပ်ကိုင်ထားတဲ့
Appa ရဲ့ လက်တွေကို သူငေးကြည့်ရင်း..
Appa သူ့နားက ထွက်သွားမှာ..
Omma လိုပဲ သူတို့မောင်နှမ နှစ်ယောက်ကိုထားခဲ့မှာ..ကို
သူ သေမတတ် ကြောက်ရွံလာခဲ့သည်..။
"Appa.."
ခေါ်သံ မဆုံးခင်မှာ ခြံထဲမောင်းထွက်သွားတဲ့
အဖြူရောင်ကား..။
သည်းမဲစွာ ရွာနေတဲ့ မိုးများကြား
သူ သတိမထားမိလိုက်တဲ့ အချိန်မှာတင်
ထွက်သွားတဲ့ ကားနောက်ကို ပြေးလိုက်နေမိပြီ..
တိုက်ခတ်နေတဲ့ လေပြင်းများက ဦးတည်ရာမဲ့နေသလို
Appa မောင်းနေတဲ့ ကားလေးကလည်း အတားစီးမဲ့နေသည်
မိုးသည်း ထဲမှာ ပြေးလိုက်နေတဲ့
သူ့အတွက်လည်း ညှာတာမှု့ ကင်းမဲ့နေသည်..။
စီးကျနေတဲ့ မျက်ရည်များကတော့
ခြေထောက်က နာကျင်မှု့ကြောင့်တော့ ဟုတ်မယ်မထင်..
နှလုံးသားလေးရဲ့ ဒဏ်ရာတွေကြောင့်သာ
ဖြစ်ပေလိမ့်မည်..။
သူ အားကုန် ပြေးလိုက်နေပေမယ့်..
အရှိန်နဲ့ ပြေးနေတဲ့ ကားလေးက
သူနဲ့ ပို၍ ပို၍ ကွာဝေးလာခဲ့သည်..။
သူ ခြေကုန်လက်ပမ်းကျလေ၏..
စို့တက်နေသော မောပမ်းမှု့နှင့်အတူ
အဖြူရောင်ကားလေးကလည်း..
သည်းမဲနေသည့် မိုးများကြားတွင်
မီးရောင်ပင် မမြင်ရတော့ပါ..။
မိုးစက်များက သူ့ ခန္ဓာကိုယ်မှ တဆင့်..
သူ့ အသွေးသွားများ ကိုပင် အေးစက်သွားစေခဲ့ပြီ..။
သူ တကယ်ကို ရှုံးနိမ့်ခဲ့ပြီ..။
မှောင်မဲနေတဲ့ ညမျိုးမှာ သူတယောက်ထဲ
လမ်းပေါ်မှာ ကျန်ရစ်ခဲ့ရပြီ..။
လေလွင့်တဲ့ တိရိစ္ဆာန်တကောင်လို
လမ်း မ ပေါ်တွင် သူ လှဲချလိုက်မိ၏
ခန္ဓာကိုယ်ရဲ့ နာကျင်မှု့ထပ်
ရင်ဘတ်ထဲက နာကျင်မှု့က
အစ တစ်ရာမက ဆိုးလွန်းသည်
တဆစ်ဆစ်ဖြင့် ထိုးကိုက်နေသည့်
ခြေချောင်းများက သူ ဖိနပ်မပါပဲ ပြေးခဲ့လို့ဖြစ်မည်..
သူ နာကျင်စွာ ပြုံးလိုက်မိ၏..
ထို အပြုံးနှင့်အတူ..
လိုက်ဖက်လွန်းတဲ့ မျက်ရည်တွေက
သူ့မျက်နှာပေါ် ပူနွေးစွာဖြင့် စီးကျလာသည်
သူ မျက်ရည် ကျနေသည်ပဲ..
ဒါဟာ ဒီနေ့ အတွက် ဒုတိယ အကြိမ်မြှောက်မျက်ရည်..။
ခက်ခဲလွန်းတဲ့ တနေ့တာအတွက်
သူ နောက်တကြိမ် ကျမိတဲ့ နာကျင်မှု့ သက်သေ..
နာကျင်နေတဲ့ ဒူး နှစ်ဖက်ကို အားပြု၍
နောက်တကြိမ် သူ ကုန်းထ မိပြန်၏..
သူ သွားမှ ဖြစ်မယ်..။
သူ နာကျင်နေပါစေ..
သူ ပင်ပန်းနေပါစေ..
ထွက်ခွာသွားတဲ့ Appa အတွက်
သူ ဒီခရီးကို မဆက်ချင်လည်း
ဆက်ရဦးမယ်..
-
-
-
မိုးသည်ထဲတွင် ညမီးရောင်က
ဝိုးတိုးဝါးတား..
မှောင်မဲနေတဲ့ ကတ္တရာလမ်းပေါ်မှာ
သူ တစ်ယောက်ထဲသာ..
အားနည်းလွန်းတဲ့ ခန္ဓာကိုယ်က
ခြေလှမ်းတလှမ်း ထပ်လှမ်းဖို့တောင်
ခက်ခဲစေတယ်..
နာကျင်လွန်းတဲ့ ရင်ဘတ်က
အသက်တခါ ရှူသွင်းဖို့တောင်
ပင်ပန်းစေတယ်..
ဒီတခါ နောက်ဆုံးပါ..။
ဒါ နောက်ဆုံးအကြိမ် နာကျင်ခြင်း
ဒါ နောက်ဆုံးအကြိမ် မျက်ရည်ကျခြင်း
နောက်..
ဘာအကြောင်းပဲ ဖြစ်ဖြစ်..
မျက်ရည် မကျချင်တော့ပါ..။
ဘာအကြောင်းပဲ ဖြစ်ဖြစ်..
ဘာအကြောင်းပဲ ဖြစ်ဖြစ်..
...
မလှမ်းမကမ်းက မြင်နေရတဲ့
ကားလေးကို သူ အချိန်အတော်ကြာတဲ့ထိ
ငေးကြည့်နေမိတယ်..
သူ ဆက်သွားဖို့ ခွန်းအားမရှိသလို
ထားရစ်ခဲ့ဖို့လည်း ခွန်းအားမရှိ..။
ပျော့ညံ့လွန်းလိုက်တာ..
တစ်ကိုယ်လုံး စိုရွှဲနေတဲ့ အမှု့ကို
လျစ်လျှူရှှု့ရင်း သူ ကားအနားကို
ခပ်ဖြေးဖြေးချဉ်းကပ်လာခဲ့လိုက်တယ်..
အဖြူရောင် စလွန်းကားလေး..။
ဒီကားလေးက Appa သိပ်ကြိုက်လွန်းလို့
အနှစ်နှစ်လလ ရှာကျန် စုဆောင်းပြီး
ဝယ်ခဲ့ရတာ..။
အခုတော့ သူ့မျက်စိရှေ့မှာ အစိတ်စိတ်အမွှာမွှာ..။
လမ်းမ ပေါ်သို့ ပြန့်ကြားနေသော မှန်စ တွေက
သူ့ ခြေထောက်အသားတွေကို ထိုးခွဲပစ်နေတယ်..
ဒါပေမယ့် သူ ထိုကားလေးထံကို
ခေါင်းမာစွာနဲ့ ဆက်လျှောက်လာမိသည်..။
နောက်တွင်တော့..
သူလက်ခံဖို့ ခက်ခဲလွန်းတဲ့ အမှန်တရားတစ်ခုကို
အရှူံးများနှင့်အတူ သူလက်ခံလိုက်ရပြန်ပြီ..။
ကား ခေါင်းထဲ မှာ ငြိမ်သက်စွာ
ရှိနေတဲ့ Appa ကို သူ အသက်မဲ့စွာ
စိုက်ကြည့်နေမိတယ်..
ဘာလို့လဲ.. Appa ရယ်
ကျွန်တော် မေးတာကို ထ ဖြေဦး..
ဘာလို့လဲလို့..
တူညီတဲ့ မေးခွန်းကိုသာ သူ Appa ကို
သေချာကြည့်ရင်း အထပ်ထပ် မေးနေခဲ့တယ်..
ခါးပတ် မပတ်ထားတဲ့ Appa ခန္ဓာကိုယ်က
စီယာတိုင်နဲ့ ခုံကြားထဲမှာ ညှပ်နေခဲ့တာ..
အင်း.. Appa သိပ်ကို နာနေမှာပဲ..
ပိုဆိုးတာက ကားမှန်တစ်ချို့က Appa ရဲ့
ရင်ဘတ် တည့်တည့်မှာ စိုက်ဝင်နေတာ..
သွေးတွေ တောင် နီရဲလို့..
သူ အဲ့မြင်ကွင်းကိုပဲ မမှိတ်မသုန် စိုက်ကြည့်နေမိ၏
သူ့ရင်ထဲက တင်းကြပ် ပိတ်ဆို့မှု့တခုက
ခံစားချက်မျာကို ဗလာနတ္တိဖြစ်စေခဲ့တယ်..
သူ သည် မျက်ရည်ကျဖို့ မေ့လျော့နေခဲ့မိတယ်
ငိုကြွေးခြင်းဆိုတဲ့ ပူလောင်မှု့ကို
ဒီနေ့ တနေ့ထဲနဲ့ သူ အထပ်ထပ် ခံစားပြီးပြီ
သွေးထွက်နေတဲ့ ဒဏ်ရာတခုကို
အထပ်ထပ် ဆားသိပ်ခဲ့ပြီးပြီ..။
နာကျင်မှု့ ဆိုတဲ့ ဝေဒနာတွေ
ခံစားရပါ များလာတဲ့အခါ
သူ ထင်သလို မျက်ရည် များက ကျမလာခဲ့တော့
ရင်ဘတ်တခုလုံး နာကျင်ရာမှ
ထုံကျင်သည့် အဆင့်သို့ ရောက်ချေပြီ
ကြေမွနေသော ကား တံခါးလေးကို
ခပ်တင်းတင်းဆုပ်ကိုင်ရင်း
သူ အားကိုးရာ မဲ့နေခဲ့တယ်..။
သိပ်မကြာခင်..
သူ့ဘက်သို့ တိုက်ခတ်လာတဲ့ လေထုထဲမှာ
မီးခိုးနံ့ တချို့ ရောနှောပါဝင်လာချေ၏
တစုံတစ်ခုကို သူသဘောပေါက်မိတော့
အဖြူရောင် မီးခိုးငွေ့တို့ကြား
သူ နာကျင်စွာ ပြုံးလိုက်မိသည်။
အရှိန်နဲ့ တိုက်မိထားတဲ့ Appa ရဲ့ကားဟာ
သိပ်မကြာခင်မှာ တစစီ ပေါက်ကွဲထွက်တော့မည်..။
ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ..။
သူ ဒီနားက ဘယ်မှ မသွားချင်ဘူး..
သူ Appa ကိုပဲ ကြည့်နေချင်သေးတာ..
ခေါင်းမာလွန်းတဲ့ အတွေးတခုနဲ့အတူ
သူ Appa နားမှာ တစ်လှမ်းမှမရွေ့ပဲ
ဆက်၍ ရပ်နေခဲ့သည်။
*သား ဘာလို့ ငိုနေရတာလဲ..
ယောကျာ်းဆိုတာ မငိုရဘူးလို့ Appa မှာထားတယ်လေ
*Appa.. ဒါပေမယ့်လေ *soob သူတို့ကလေ ဟင့်..
သားကို နာအောင် လုပ်တယ်လေ soob
*သား.. Appa ကို သေချာကြည့်စမ်း..
သားမှာ Appa တယောက်လုံးရှိနေတယ်.. သားဘေးမှာ
Appa တယောက်လုံး ရှိနေတယ်လေ..
သား ဘာကို ကြောက်နေတာလဲ.. ဘာကိုပူပန်နေတာလဲ
သားကို Appa အပြည့်ဝ ကာကွယ်ပေးမှာပေါ့..
Appa ကို သား ယုံတယ်မလား..
*ဟုတ်.. Appa မကြိုက်ရင် သား
နောက်ဘယ်တော့မှ မငိုတော့ဘူးနော်
မျက်ရည်များနဲ့ ကောင်လေးကို
Appa က လွှမ်းခြုံ၍ ဖက်ပေးထားသည်..
ရင်ခွင်ထဲက ကောင်လေးကလဲ မျက်ရည်များနှင့် ပြုံးလျက်..
ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးနေတဲ့ Appa ရဲ့ လက်များကို
ငြိမ်သက်စွာ ခံယူနေလေသည်..။
-
အဆုံးသတ်သွားပြီ..။
တဖြည်းဖြည်းနဲ့ လေထဲမှာ ပျောက်ကွယ်သွားတဲ့
အတိတ်က ဖြစ်ရပ်တွေ..။
သူ နာကျင်စွာ အော်ရီလိုက်မိတယ်..
စို့နစ်နေတဲ့ ရင်ဘတ်ကို အဆက်မပြတ် ထုရင်း
မိုးရေ ထဲမှာ တယောက်ထဲ အော်ရီနေမိသည်..
ခြောက်ကပ်နေတဲ့ လည်ပင်းက
ရီရလွန်းလို့ ကွဲထွက်ကုန်၏
ကားထဲမှာ ရှိနေတဲ့ Appa ကြားစေရန်
သူ့ကို ထားသွားတဲ့ Appa ကြားစေရန်..
စီးကျနေတဲ့ မျက်ရည်များကို မသိကျိုးကျွန်ပြုရင်း
ခေါင်းမော့ကာ အသံထွက်တဲ့ထိ ရီနေမိ၏
ငိုလို့မှ နှစ်သိမ့်ပေးမယ့်သူ မရှိတဲ့အခြေနေမျိုးမှာ
ပြုံးထားစမ်း Chanyeol.. ဆိုတဲ့ စကားကိုသာ
သူ့ရင်ထဲက အကြိမ်ကြိမ် ရေရွတ်နေမိတော့သည်..။
....
ဆုံးရှုံးခြင်းကို မခံစားဖူးတဲ့လူက
သူ့ဘေးမှာ ရှိတဲ့အရာတွေကို
တန်ဖိုးထားတတ်မှာမဟုတ်ဘူး..။
ဘာလို့လဲဆိုတော့..
သူ့ဘဝမှာ ဆုံးရှံူးခြင်းဆိုတဲ့ သင်ခန်းစာကို
မလေ့လာ ခဲ့ဖူးလို့ပဲ..။
ဆုံးရှံူးခြင်းကို ခံစားဖူးတဲ့ လူက လည်း
သူ့ဘဝ မှာ ငိုကြွေးခြင်းဆိုတာ ရှိတော့မှာမဟုတ်ဘူး..။
ဘာလို့လဲဆိုတော့..
သူဆုံးရှံူးခဲ့ရတဲ့ အရာတွေက
သူ့ကို မျက်ရည်မကျအောင် သင်ကြားပေးသွားလို့ပဲ..။
Advertisement
- In Serial10 Chapters
Psycho in a fantasy world
Psycho reborn in a fantasy world attempts to make himself the most infamous killer. Game like elements and other magical stuff to help the character.
8 138 - In Serial9 Chapters
I might be Overpowered
Shou Matsuri, a math teacher, dies and wakes up in a young boy's body in a different world. What will happen next? Find out next time on.. Oops my tongue slipped. Enjoy!
8 227 - In Serial11 Chapters
For February's Rain
Once hailed as a worthy sole successor to the famously righteous Immortal Master Ning Shan, the disgraced Immortal Chen Xi, Wan Yu, finds his end in the hands of justice, after the demonic sect betrayed him and handed him to the disappointed masses. Supreme Leader of the Frozen Dragon Sect Ye Xiyang opened his eyes 17 years in the past and smiled. "Aren't you going to help me?" Wan Yu raised an eyebrow and continued to chop wood. "Aren't you asking for a bit too much? You're a man older and stronger than me, if you really want my help then help me with these logs first." "Ah, but you're the sole disciple of the just Immortal Master, why do you pick and choose who to help?" Clear eyes twinkled with amusement and exasperation. "Because people like you exist, what do you think? So, are you helping or not?" This work contains LGBT characters and gay main leads.
8 317 - In Serial147 Chapters
Eternal Rest
The novel follows the chronicles of a soul mage and his utmost desire not to die. In his most desperate time, nearing the end, his attempt to evade the inevitable went awry and he found himself in quite the peculiar situation. His wish, granted but at what cost? What path would he follow given a second chance? He didn’t know, nor did the author, but they would make sure to get the most out of it!
8 198 - In Serial16 Chapters
Paved With Good Intentions
Jacob thought he had his life all figured out. While many of his peers dreamt of grand adventures Jacob envisioned a more mundane lifestyle for his future. Unfortunately his idyllic life fell apart one day with the sudden appearance of a Valkyrie. Suddenly he is thrown headfirst into a thousand year war between humans and monsters that is not at all as black and white as the church would paint it. As he struggles to do what he thinks is the right thing he soon learns that the road to hell is often paved with good intentions.
8 119 - In Serial10 Chapters
the last kingdom ♡ oneshots
reuploaded tlk oneshots/requests from my tumblr @/osferth
8 205

