《S T R A N G E R》Part 15
Advertisement
"ဒါဆိုသူက မသေဘူးပေါ့.."
"ဟုတ်ပါ့ဟယ်.."
...........
................
Advertisement
........
............
"Byun... Baek..Hyun"
Advertisement
______________________
ပတ်ဝန်းကျင်ကို မေ့ပျောက်၍ နှစ်ခြိုက်စွာ
အိပ်ပျော်ခဲ့ချိန်က တစ်ရက်ခွဲလောက်ရှိပြီဖြစ်သည်။
ခြေထောက်က အနာရှိန်နှင့် မိုးမိပြီး အပျင်းဖျားထားသည့်ဒဏ်တွေက Baekhyun ကို ယခင်ကထပ် ပို၍ အားနည်းသွားစေသည်။ နလန်ထူစ အချိန်ကာလမှာလည်း လိုအပ်တာ အားလုံးကို Kai ကသာ အစဆုံး ကူညီပေးခဲ့သည်။
အချိန်တခု ကြာသည်အထိ လုံလောက်စွာ အနားယူပြီးနောက်တွင် မပြီးပြတ်သေးတဲ့ သမိုင်းပေးတာဝန်များကြောင့်
Baekhyun ကျောင်းကို ချိနဲ့စွာဖြင့် လာခဲ့ရပြန်သည်။
"ဒါဆိုသူက မသေဘူးပေါ့.."
"အေး.. ၄ထပ်တိုက်ပေါ်က ပြုတ်ကျပြီး အကြာကြ်ီး သတိလစ်နေလို့ အားလုံးက သေပြီထင်ထားတာ။ ဆရာဝန်တွေကတောင် လက်လျော့ထားတာ"
"သူ သေဖို့ ကံမပါသေးလို့ပဲနေမှာပေါ့.. ဒါမယ့်လည်း
အောက်ပိုင်းသေသွားတဲ့ မိန်းမတယောက်က အသက်ရှင်နေလည်း ဆက်ရပ်တည်ဖို့က ခက်ခဲသွားပြီမလား"
"ဟုတ်ပါ့ဟယ် သနားပါတယ်.. ငယ်ငယ်ချောချောလေးနဲ့ ဒီလိုအဖြစ်ဆိုးမျိုးကြုံရတာ"
"ဟုတ်ပါ့ဟယ်.."
ဘေးတွင် ကြားနေရသော စကားသံများအရ
Kang Yuri အသက်ရှင်သေးသည်ဆိုတာ
သေချာသလောက်ရှိနေပြီဖြစ်သည်။
ထို မိန်းကလေး တိုက်ပေါ်က ခုန်ချသည့်ကိစ္စကို Kai ပြောပြထားတာကြောင့် Baekhyun သိခဲ့ပြီး ဖြစ်သည်။
သို့သော်.. အခုချိန်ထိ မရှင်းသေးသည့်
ကိစ္စများက ရှိနေဆဲပင်..
ဒီမိန်းကလေးက ဘာလို့ တိုက်ပေါ်က ခုန်ချခဲ့တာလဲ...
အဲ့နေ့တုန်းက ဒီမိန်းကလေးမှာ အန္တရာယ်ရှိနေတယ်လို့
Sehun က ဘာလို့ အတပ်ပြောနိုင်ခဲ့ရတာလဲ..
နောက်နေ့မနက် ကျောင်းဆောင်သစ်မှာ Baekhyun
ကိုယ်တိုင်ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ လူကရော ဘယ်သူလဲ...
ဒီကိစ္စအားလုံးကို သေချာ ရှင်းပေးနိုင်မည့်သူက နှစ်ဦးသာရှိသည်။ တယောက်က Sehun ဖြစ်ပြီး..
နောက်တယောက်က အန္တရာယ်နှင့်ကြုံတွေ့ခဲ့ပြီး အသက်ရှင်လျက် ကျန်နေသေးတဲ့ Kang Yuri ပဲဖြစ်သည်။
...........
................
ဆေးရုံကြီးတခု၏ အနည်းငယ် အမှောင်ကျနေသော
အခန်းတခန်းတွင် ဖြစ်သည်။
ဆေးနံ့များ ပျော်ဝင်နေသော အခန်းသည်
အေးစက်နေသော အဲယားကွန်းငွေ့များနှင့်အတူ
အဖြူရောင် မီးချောင်းတချောင်းက အခန်းလယ်တည့်တည့်တွင် ခပ်မှိုင်မှိုင်ဖြင့် အလင်းပေးနေသည်။
မီးရောင် အောက် လူနာကုတင်ပေါ်တွင်
လက်နှင့်ခြေထောက်များကို ကြိုးများဖြင့်
အခိုင်အမာ ချုပ်နှောင်ခြင်းခံထားရသော
လူတယောက်သည် မေ့ဆေးအရှိန်ဖြင့် သတိလစ်နေသည်
ထိုသူ၏ ဘေးတွင် ငြိမ်သက်စွာ
ထိုင်နေသူ တစ်ဦးလည်းရှိသည်။
"Doctor Oh.. ကျွန်တော်တို့
ဒီလူနာကို ဘာဆက်လုပ်ကြမလဲ"
အခန်းထဲသို့ ဝင်လာသော ဂျူတီကုတ် အဖြူရောင်နှင့်
ဆရာဝန်သည် ထိုင်နေသူ Oh Sehun အား
ဘာဆက်လုပ်ရမှန်းမသိတာကြောင့် အကူညီတောင်းသည့်ဟန်ဖြင့် မေးလာခြင်းဖြစ်သည်။
အသံတိတ်စွာ ငြိမ်နေသော Sehun သည်လည်း
အတွေးများဖြင့် ရောက်ယှက်ခတ်နေသည်။
သူဒီ အချိန်မှာ ဘာလုပ်သင့်လဲ.....
ထိန်းချုပ်ထားခြင်း ခံထားရသည့် Chanyeol သည် သိပ်မကြာခင်အချိန်တခုတွင် သတိရလာတော့မည်ဖြစ်သည်။
သူသတိရလာတာနဲ့ အခုလို ချုပ်နှောင်ထားတာကြောင့်
အကြီးကျယ်ပေါက်ကွဲတော့မည်ဖြစ်သည်။
အားကြီးလွန်းသော Chanyeol ကို ဆက်ချုပ်ထားဖို့ဆိုတာ ထင်သလောက်မလွယ်.. လွှတ်ပေးလိုက်လျှင်လည်း
Baekhyun နှင့် မသေသေးသည့် Kang Yuri ကို
သေချာပေါက် အန္တရာယ်ပေးလိမ့်မည်။
ဆေးပညာအရဆိုလျှင်တော့ Chanyeol ကို ဆက်ချုပ်ထိန်းထားနိုင်ဖို့ နည်းလမ်းတခုသာရှိသည်။
ထိုနည်းလမ်းကတော့ အိပ်ငွေ့ချသည့်ကုထုံးပင်...
ချိန်သီးကို အသုံးပြု၍ ကုသခြင်းနည်းလမ်းက
Chanyeol အခုဖြစ်နေသည့် ပြင်းထန်သည့်စိတ်ဆန္ဒများကို အချိန်တခုထိ ကောင်းစွာထိန်းချုပ်နိုင်မည်ဆိုသော်လည်း
ကုသနေသည့်အချိန်ကာလအတွင်း
ChanYeol ကိုယ်တိုင် မေ့ပျောက်ထားသည့် အတိတ်က ဆိုးရွားတဲ့ ဖြစ်ရပ်တွေက သေချာပေါက် ပြန်ပေါ်လာလိမ့်မည်
ထို ဖြစ်ရပ်တွေက မေ့မြောနေသော Chanyeol ရဲ့
စိတ်အာရုံကို ပြင်းထန်စွာ တိုက်ခိုက်ကြလိမ့်မည်။
အားလုံးရဲ့ အဆုံးသတ်မှာ အထိခိုက်ဆုံးက
Chanyeol ပဲ ဖြစ်ချေလိမ့်မည်။
သို့သော်.. ထိုနည်းလမ်း တခုတည်းကသာ
ယခုလက်ရှိဖြစ်နေတဲ့ Chanyeol ရဲ့
အစွန်းရောက်ခံစားချက်များနှင့် ခန္ဓာကိုယ်ကိုပါ
ငြိမ်သက်စွာ ထိန်းချုပ်နိုင်မည့် နည်းလမ်းဖြစ်သည်။
ကျွန်တော် ဘာလုပ်ရမလဲ Hyung..
အခုချိန် Hyung ကိုလွှတ်ပေးလိုက်ရင်
မဖြစ်သင့်တာတွေ ထပ်ဖြစ်ကုန်မှာ...
ကုထုံးကို အသုံးပြုလိုက်ရင်လည်း Hyung အရမ်းခံစားရမှာ..
ကျွန်တော့မှာ ရွေးချယ်စရာနှစ်လမ်းပဲရှိတယ်
တကယ်ပဲ ကျွန်တော် ဘာလုပ်ရမလဲ Hyung..
Flash back...
Sehun လည်ပင်းကို လက်နှစ်ဖက်ဖြင့် အားကုန် ညစ်နေသော Chanyeol သည် အမှန်တကယ်ပင် သတ်ပစ်တော့မည်ဟု ဆုံးဖြစ်ချက်ချထားပုံပေါ်သည်။
ကြမ်းပြင်နှင့် မထိပဲမြောက်တက်နေသည့် Sehun ခြေထောက်များက အသက်ရှူမရသည့်ဝေဒနာကြောင့် ဆောက်တည်ရာမရ ရုန်းကန်နေသည်။
လက်များကလည်း Chanyeol ရဲ့ လက်များကို ဆွဲဖယ်ရိုက်ချနေသည်။ သို့သော် အားသန်လွန်းလှသော
Chanyeol အတွက်တော့ နည်းနည်းလေးမှ အနှောင့်ယှက်မဖြစ်စေခဲ့ပါ။
" မင်း ဒီနေ့ သေရမယ် Sehun "
အံကြိတ်ရင်း ပြောနေသော Chanyeol ကို
Sehun သေချာ မမြင်ရတော့..
ခန္ဓာကိုယ် တခုလုံး သွေးမလျှောက်တော့သည့်ဟန် မျက်နှာတခုလုံးဖြူဖွေးလာပြီး မျက်လုံးများက ရဲပတောင်းခတ်ကာ မြင်ကွင်းအားလုံး မှုန်မှိုင်းနေပြီဖြစ်သည်။
မျက်ရည်များဖြင့် ဝေဝါးနေသည့်ကြားက Chanyeol ရဲ့ ဘေး စားပွဲခုံလေးပေါ်တွင် တင်ထားသော ပန်းအိုးတစ်လုံးကို Sehun လှမ်းမြင်နေရသည်။
လက်များကို ဆန့်တန်းကာ ပန်းအိုးကို လက်ထဲအရယူရန် ကြိုးပမ်းနေသည်ကို လည်ပင်းညစ်ထားသော Chanyeol သတိမထားမိပါ.. အဘယ့်ကြောင့်ဆိုသော် ChanYeol ရဲ့ အာရုံများအားလုံးကို Sehun အား သေစေချင်သည့် စိတ်ဆန္ဒတခုကသာ ဖုံးလွှမ်းနေခြင်းကြောင့်ဖြစ်သည်။
စက္ကန့်ပိုင်းလောက် အားထုတ်ပြီး လက်ထဲသို့ ရောက်ရှိလာသော ပန်းအိုးကို အသုံးချ၍ Chanyeol ရဲ့ ခေါင်းတည့်တည့်ကို အရှိန်ဖြင့် Sehun ရိုက်ချပစ်ခဲ့သည်။
ဦးခေါင်းမှ နာကြင်မှု့ကြောင့် Chanyeol လက်များ ရုတ်တရက် ပြေလျော့သွားသော်လည်း စိတ်ဆောင်နေတာကြောင့် ချက်ခြင်း သတိမေ့မသွား..
ဦးခေါင်းမှ တစိမ့်စိမ့်ကျလာသော ခပ်ပျစ်ပျစ်အရည်များသည် Chanyeol မျက်နှာတလျှောက် ဖြတ်သန်းစီးဆင်းလာသည်
Chanyeol ခဏတွေဝေနေစဉ်တွင် Sehun က လျင်မြန်စွာဖြင့် ဧည့်ခန်းစားပွဲသို့ ပြေးသည်။ ထို့နောက်တွင်တော့ စားပွဲခုံပေါ်တွင်တင်ထားသည့် အသင့်ဆောင်ယူသော ဆေးထိုးအပ်ဖြင့် Chanyeol ရဲ့ လည်ပင်း သွေးကြောစုံရာ တနေရာသို့ ထိုးစိုက်လိုက်တော့သည်။
ခဏအကြာတွင် မေ့ဆေးအရှိန်ဖြင့် Chanyeol မေ့မြောသွားတော့မှ Sehun အသက်ဝအောင် ရှူနိုင်တော့သည်။
ဒီအခြေနေတွေကိုကြိုသိလို့ ပါးနပ်စွာ မေ့ဆေးနှင့် အပ်ကို ကြိုတင်ဆောင်ထားမိသည်က ကံကောင်းသွားသည်ဟုပင်ဆိုရပေတော့မည်။
........
............
များပြားလှသော ဆေးရုံအခန်းများကြားတွင် Baekhyun မူးချာရမ်းနေသည်။ Kang Yuri အား လူနာလာမေးရင်း သိချင်တာများကို မေးရမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဆေးရုံကိုလိုက်လာခဲ့သော်လည်း အသိမိတ်ဆွေမရှိတာကြောင့် အခန်းရှာတွေ့ရန်ပင် မနည်းကြိုးစားနေရသည်။
လမ်းတွင်တွေ့သော Nurse တစ်ယောက်အား လူနာ နာမည်ပြောပြီး အကူညီတောင်းမှသာ အဆင်ပြေသွားတော့သည်။
"ဒီအခန်းက လူနာက နည်းနည်းတော့ အခြေနေဆိုးတယ်ရှင့်.. သတိရထဲက အော်ဟစ်ရုန်းကန်နေလို့ ဆရာဝန်တွေတောင် ဝိုင်းချုပ်ထားရတဲ့ထိပဲ.. "
"ဗျာ.. အော်ဟစ်ရုန်းကန်တယ်??"
Baekhyun နားမလည်စွာ မေးလိုက်တော့
Nurse က စိတ်ရှည်စွာဖြင့်ရှင်းပြသည်။
"ဟုတ်တယ်.. သူ သတိရလာထဲက ကျွန်မကို အသက်ရှင်ခွင့်ပေးပါ ဆိုတဲ့စကားကိုပဲ ထပ်ခါထပ်ခါ ငိုယိုပြီးပြောနေတာ.. ဘယ်သူ့ကိုတောင်းပန်နေတာလဲလို့ မေးတာလည်း မေးလို့မရ တချိန်လုံး အော်ဟစ်နေတာ.. အခုမှ ဆရာဝန်ကြီးတွေက စိတ်ငြိမ်ဆေးပေးထားလို့ ငြိမ်သွားတာ.. ကြည့်ရတာ တိုက်ပေါ်ကပြုတ်ကျတော့ ခေါင်းထိသွားတယ် ထင်ပါတယ်"
Nurse ပြောပြသည့် စကားကြောင့် Kang Yuri အတွက် စိတ်မကောင်းဖြစ်မိသွားသည်။
ဘယ်လို အခြေနေဆိုးမျိုးတွေနဲ့ ကြုံခဲ့လို့ ဒီလောက်တောင် ဖြစ်သွားရတာလဲ ဆိုတာ Baekhyun တကယ်သိချင်မိသည်။
တိုက်ပေါ်က ပြုတ်ကျလို့ ခုလိုအောာ်ဟစ်နေတယ်ဆိုတာကို Baekhyun အနေနဲ့ သိပ်ယုတ္တိမရှိဘူးဟု ထင်သည်...
ခန့်မှန်းရသလောက်တော့ သူတိုက်ပေါ်က မပြုတ်ကျခင် ကြောက်စရာကောင်းတာ တခုခုနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့သာ ခုလို ငိုယိုပြီးတောင်းပန်နေခြင်းဖြစ်ပေလိမ့်မည်။
"Nae.. ဒါဆို ကျေးဇူးတင်ပါတယ် ကျွန်တော့ကို ခွင့်ပြုပါဦး"
Nurse အား နှုတ်ဆက်ပြီးနောက် သူမ ညွှန်ပြသည့် အခန်းသို့ Baekhyun ဦးတည်၍ လမ်းလျှောက်လာခဲ့သည်။
အဖြူရောင် ဆေးသုတ်ထားသော ဆေးရုံခန်းလေးသည် သာမန်ခန်းများကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။
အခန်းထဲတွင် အိပ်ယာထပ်၌ လဲလျောင်းနေသော Kang Yuri နှင့် သူမရဲ့ အမေဖြစ်သူလည်းရှိသည်။
သူမ ၏ သူငယ်ချင်းဖြစ်ကြောင်း ပြောပြတော့ အမေဖြစ်သူက Kang Yuri အား အသိပေးသည့်ဟန်ဖြင့် လှုပ်နှိုးနေသည်။
"Yuri.. သမီးငယ် ဒီမှာ ဧည့်သည်လာတယ်..
သမီးသူငယ်ချင်းတဲ့ .. သမီးကို သတင်းလာမေးတာထင်တယ် ထတွေ့လိုက်ပါဦး"
အမေဖြစ်သူက လှုပ်နိုးနေသည့်တိုင် ထိုမိန်းကလေးက မျက်လုံးဖွင့်မလာပါ.. တဖက်လှည့်၍ ပင် ပြန်အိပ်သွားသည်။
"သားရယ် အားနာလိုက်တာ.. သမီးက အိပ်ဆေးပေးထားတော့ အရမ်းအိပ်ချင်နေတယ်ထင်တယ်.."
"ရတယ် အန်တီ ကိစ္စမရှိဘူး ကျွန်တော် နောက်တခေါက်မှပဲ လာတော့မယ် အနှောင့်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်"
"ရပါတယ်.. ဒါနဲ့ သားနာမည်က..?
သမီးလေး နိုးလာရင် ပြောပေးထားရအောင်လို့"
"ဟုတ်.. ကျွန်တော့ နာမည်က Byun Baekhyun ပါ"
"Byun... Baek..Hyun"
ကျွန်တော့ နာမည်ကို ကြားသည်နှင့်
ဆက်ခနဲ နိုးလာသော Kang Yuri..
ကုတင်ပေါ်တွင် လှဲနေရာကနေ Baekhyun ဘက်ကို လှည့်ကြည့်ပြီးနောက်...
"ထွက်သွားး.. မလာနဲ့ အခုချက်ခြင်း ထွက်သွားးး"
နားနှစ်ဖက်ကို လက်အုပ်ရင်း အသံကုန်ခြစ်၍ အော်လာသော Kang Yuri ကြောင့် Baekhyun ရော အမေဖြစ်သူပါ လန့်ဖြန့်သွားရသည်။
နာမည်ကို ကြားသည်နှင့် ပြောင်းလဲသွားသော
သူမရဲ့ ပုံစံက လွန်ခဲ့သောမိနစ်ပိုင်းလောက်ကနှင့် မတူပဲ ကွဲပြားလွန်းသည်။
*ထွက်သွား ဆိုသော စကားလုံးကို ကြိမ်ဖန်များစွာ သွေးရူးသွေးတန်းဖြင့် အော်ပြောရင်း သူမ ကုတင်အောက်သို့ ပြုတ်ကျသွားသည်။
Baekhyun အနားသို့ ကပ်သွားမိတော့ Kang Yuri က ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် နံရံသို့ ကပ်ကာ အနားမလာရန် အော်ဟစ်နေသည်။
"နင်မလာနဲ့... နင်.. နင် ငါ့နားလာရင်
သူငါ့ကို သ..သတ်လိမ့်မယ် ထွက်သွားးး"
လက်က ဆေးပိုက်တွေကို ဆွဲဖြုတ်ကာ အခန်းထောင့်တွင် ကပ်၍ ငိုယိုနေသော Kang Yuri သည် ကြောက်လန့်စိတ်ကြောင့် တစ်ကိုယ်လုံး တဆက်ဆက်တုန်နေသည်။
ဘယ်သူ့ကိုမှ အနားကပ်မခံပဲ သောင်းကျန်းနေသော Kang Yuri ကြောင့် အမေ ဖြစ်သူ ပင် မနိုင်တော့..
"အန်တီ.. ဆရာဝန် ခေါ်မှ ဖြစ်မယ် ဆရာဝန်ခေါ်"
ကုတင်ခေါင်းရင်းတွင် ရှိသော အပြာရောင် အရေးပေါ်ခလုတ်ကို နှိပ်ပြီး သိပ်မကြာမီ ဆရာဝန် များ အခန်းထဲသို့ ပြေးဝင်လာကြသည်။
"ထွက်သွားးး.. မလာနဲ့ ငါ.. ငါ့ကို သူသတ်လိမ့်မယ်
မသတ်ပါနဲ့ တောင်းပန်ပါတယ် တောင်းပန်ပါတယ် အားးးးး"
ဆရာဝန်လေးငါးယောက် ဝိုင်းဖိကာ မေ့ဆေးပေး နေသည့်ကြားမှ အော်ဟစ်ရုန်းကန် နေသည့် သူမ ပုံစံသည် တကယ်ကို သွေးပျက်ဖွယ်ဖြစ်သည်။
ရုတ်တရက်မို့ Baekhyun ကိုယ်တိုင်သည်လည်း
သတိလက်လွတ် ငေးကြည့်နေမိသည်။
ဘယ်လောက်တောင် ဆိုးရွားတာတွေ ကြုံခဲ့တာလဲ..
အဲ့လူက ဒီလောက်တောင်ပဲကြောက်ဖို့ကောင်းတာလား..?
______________________
Sehun ကို လည်ပင်းညစ်တဲ့ အခန်းက မဖြစ်မနေမို့ထည့်လိုက်ရတာပါ.. Sehun bias တွေ အကုန်လုံးကိုတောင်းပန်ပါတယ်... ❤️
Advertisement
- In Serial43 Chapters
Castlebound
A young scullery maid bound to a slumbering castle must embrace her innate powers to wake the castle and save the townsfolk from a fiery dragon. When Sleeping Beauty’s spell sweeps through the castle, putting everyone to else to sleep, Hailey is the last girl standing. While she watches everyone she cares about fall to the ground asleep, mages outside the castle battle to keep the spell from growing to cover the entire kingdom, giving their lives and their magic to keep everyone else safe. The legacy of the mages must be passed on and Hailey finds herself stepping in to shoes that she doesn’t think she can fill. Note this is a Work in Progress and hasn't been through any editing.
8 715 - In Serial12 Chapters
Albert's Summer
Albert is a middle school kid who accidentally found a way to step into the world of his favorite MMORPG. Inside the world of 'Deaths of the Gods', he meets an elven girl named Lily who asks him help to her find her origin. With his strong desire to explore and a need to go off into new adventures, follow Albert's undertaking as he lives the life of an adventurer inside the world of favorite game.
8 190 - In Serial10 Chapters
Slayerbat's Monster Manual
Due to feedback, and readers actively enjoying the monsters and beasts in my stories. I shall be taking the overviews within the story, and fleshing them out more. This will not make the overviews disappear entirely, and no body will be expected to read this to enjoy any of my other stories. This is merely here for those of you that want to know every nook and cranny about a certain monster, their lore, what they eat, and so on. This is planned to be my gift to you wonderful people on Valentines day 2021. Anyone can use these monsters in their campaigns, their own stories, and just about anything else. Keep in mind that you should not claim any of the monsters as your own, or try to sell them as your own. While I would appreciate it if you were to tell others were you found them. I won't be disappointed if you do not. I'm truly just happy to have someone enjoy them enough and to get the idea out there. Cover drawn by Rose Dragon
8 264 - In Serial26 Chapters
Help, It's Seven Wives For One Duchess, And That Duchess Is Me!!!
When you're reincarnated into a fantasy world, there's a lot you can be expecting. But I wasn't expecting a perverted goddess who wanted to sneak a yuri harem fic into the Hall Of Eternal Records! And I definitely wasn't expecting the Demon Lord to be in on it as well! I'm perfectly fine with kissing girls, but seven of them, all wanting to dominate my attention (and me)? My body wouldn't be able to take it! HELP!!!
8 125 - In Serial23 Chapters
Plaguesbane
'Daisy is our only hope!'Red Plague has broken out in the kingdom of Frailing, introduced by dark sorcerer and Wise Woman hater, Morwain. The only cure is the Plaguesbane fruit that grows in a forbidden garden in the heart of enemy territory. Trainee Wise Woman and Shape-Shifter, Daisy must undertake a perilous journey to retrieve it and save her kingdom. Before it's too late.Book Two of the Annifer Trilogy but you don't have to have read the first book to understand it#19 in Fantasy 1st March 2021#1 in Action 3rd October 2020, 1st February 2021#3 in Unicorn 3rd April 2020#10 in Mystery 4th October 2020
8 148 - In Serial8 Chapters
Logicality
Logicality, prinxiety already exists
8 114

