《S T R A N G E R》Part 14
Advertisement
"Kai Baekhyun ကိုရွာလို႔ေတြ႕ၿပီလား"
စိုးရိမ္ေနေသာ Sehun ရဲ႕ ေလသံကို ဖုန္းထဲမွ
တဆင့္ Kai ၾကားေနရသည္။
Sehun နည္းတူ Kai လည္း စိတ္ပူေနၿပီျဖစ္သည္။
Kang Yuri ကိစၥ ၿပီးကတည္း ေပ်ာက္ေနေသာ
Baekhyun ကို အခုခ်ိန္ထိ ဆက္သြယ္လို႔မရေသး
*ဒီမိန္းကေလးမွာ အႏၲရာယ္ရွိေနတယ္
ဆိုတဲ့ Sehun စကားကို အပိုေျပာသည္ဟု ထင္ခဲ့ေသာ္လည္း ဒီေန႔မနက္ ျမင္လိုက္ရေသာ ျမင္ကြင္းက
အပိုမဟုတ္ေၾကာင္း သက္ေသျပခဲ့သည္။
ေသြးအိုင္ထဲတြင္ ႐ုပ္ပ်က္စြာ
လဲေလ်ာင္းေနတဲ့ ထိုမိန္းကေလး..
ဝတ္ဆင္ထားေသာ အျဖဴေရာင္ တီရွပ္ေပၚတြင္
ေသြးမ်ားက ရဲရဲနီေနသည္
ေက်ာင္းေဆာင္ အေပၚမွ ျပဳတ္က်သည္ဟု
ယူဆရေသာ ထိုမိန္းကေလး၏
ေသြးပ်က္ဖြယ္ျမင္ကြင္းသည္
သာယာလွေသာမနက္ခင္းတြင္
ျမင္ရသူတိုင္းအတြက္ စိတ္မခ်မ္းေျမ႕စရာျဖစ္ခဲ့သည္
"အႏၲရာယ္ရွိတယ္" ဆိုတဲ့ Sehun စကားကို
အစထဲကသာ အဲ့မိန္းကေလးယံုခဲ့ရင္
ဒီလိုဆိုးရြားတဲ့အေျခေနေတြျဖစ္မွာမဟုတ္ဘူး...
မေကာင္းတဲ့လကၡဏာတခုကို အစထဲက သက္ဝင္ယံုၾကည္ခဲ့ရင္ ဒီမိန္းကေလး ဒီလို အေသဆိုးခဲ့မွာ မဟုတ္ဘူး...
"ငါ အခု သူ႔အိမ္က ျပန္လာတာ သူ႔အိမ္မွာလည္းမရွိဘူးတဲ့.. Baekhyun က တျခားေနရာေတြလည္း သြားတတ္တဲ့သူမဟုတ္ဘူး ေက်ာင္းမွာပဲ ေသခ်ာရွာ Kai.. သူ ေက်ာင္းမွာပဲရွိလိမ့္မယ္"
စိတ္ပူေနေသာ Sehun ၏ အသံသည္
ပံုမွန္ထပ္ ျမန္ေနသည္။
လီဗာ တဆံုးနင္းကာ အရွိန္ျဖင့္ေမာင္းေနေသာ
Sehun ရဲ႕ ကားသံကို
တဖက္က Kai ပင္ ၾကားေနရသည္။
"Sehun.."
"အင္း.. "
"Baekhyun မွာ ေရာ.... Kang yuri လို
အႏၲရာယ္မ်ဳိး ရွိေနတာမဟုတ္ဘူးမွတ္လားဟင္...? "
အခ်ိန္တခု ယူၿပီးေနာက္ ေျပာလာေသာ
Kai ရဲ႕ အသံကေဖ်ာ့ေတာ့လြန္းလွသည္။
အေျဖမရွိ နႈတ္ဆိတ္ေနျခင္းျဖင့္
*အႏၲရာယ္ရွိေနေၾကာင္းကို
သြယ္ဝွိုက္ေသာ နည္းျဖင့္ Sehun ေျပာျပခဲ့သည္...
ဒီကစားနည္းက ေပ်ာ္စရာမေကာင္းဘူး Baekhyun
မင္း ပုန္းေနတာဆိုရင္ေတာင္
အခုခ်ိန္ေလာက္ဆို ျပန္ေတာ့လာသင့္ေနၿပီ
.......
............
သည္းမဲစြာ ရြာေနေသာ မိုးေၾကာင့္
ပတ္ဝန္းက်င္တခုလံုး မဲေမွာင္ေနသည္။
ေၾကာက္စိတ္တခုျဖင့္ ဦးတည္ရာမရွိ
ထြက္ေျပးလာခဲ့မိတဲ့ Baekhyun သည္
အခုခ်ိန္မွာ ေက်ာင္းရဲ႕ ဘယ္ေနရာကို
ေရာက္လို႔ ေရာက္ေနမွန္းမသိ...
ျမင္သမွ်အားလံုးက ေဝဝါးကာ
အာရံုထဲတြင္ မိုးသံႏွင့္အတူ
အေနာက္က ကပ္ပါလာေသာ
ထိုသူရဲ႕ ေျခသံကသာ ပဲ့တင္ထပ္ေနသည္
အသည္းသန္ ေျပးေနေသာ Baekhyun အား
အေနာက္ဘက္မွ ေျခသံပိုင္ရွင္သည္
သားေကာင္ကို လိုက္ေနေသာ မုဆိုးသဖြယ္
ေသြးေအးစြာ လိုက္ပါေနသည္။
အ့!
ေျခကုန္ ေျပးလာခဲ့ျခင္းေၾကာင့္
စိုစြတ္ေနေသာ ၾကမ္းျပင္ေပၚတြင္
အရွိန္ျဖင့္ ပစ္လွဲခဲ့သည္။
နာက်င္ေနေသာ ေျခခ်င္းဝတ္ႏွင့္အတူ
ေမာဟိုက္မႈ႕ေၾကာင့္ ေခြ်းစီးမ်ားျပန္လာသည္
ေရထဲတြင္ ေခ်ာ္လဲေနေသာ Baekhyun ခႏၶာကိုယ္သည္ မိုးပက္သည့္အရွိန္ေၾကာင့္ စိုရႊဲေနသည္
အေဝးက ေျခသံသည္ တေျဖးေျဖး
နီးကပ္လာၿပီျဖစ္သည္။
ေၾကာက္စိတ္ေၾကာင့္ တုန္လႈပ္ေနေသာ
ႏွလံုးအိမ္သည္ ေဆာက္တည္ရာမရ...
ေဘးတြင္ ရွိရာကို ဆြဲကိုင္အားယူ၍
ေျခေထာက္နာေနသည့္ ၾကားမွ ထကာ
ဆက္ေျပးေနမိသည္။
ထိခိုက္မိထားေသာ ေျခေထာက္အနာေၾကာင့္
ေျပးေနေသာ္လည္း ထင္သေလာက္ခရီးမေပါက္
တလွမ္းလွမ္းတိုင္း အသည္းခိုက္မတတ္
နာက်င္ေနသည့္ ေျခေထာက္ဒဏ္ရာက
မီးစျဖင့္ ထိုးေနသလိုပင္..
အေနာက္မွ ကပ္ပါလာေသာ ထိုသူ၏ ပံုရိပ္သည္ Baekhyun အတြက္ေတာ့
အိပ္မက္ဆိုးတခုပဲျဖစ္သည္။
အသက္မဲ့ေနေသာ မ်က္ႏွာထား..
ေအးစက္စက္ အျပံဳးႏွင့္..
ေၾကာက္မက္ဖြယ္ ေျခသံေတြက
ဆူညံစြာ ရြာသြန္းေနေသာ မိုးသံေတြႏွင့္အတူ
ေသမင္းတမန္ ေခၚသံေတြလိုပင္...
ေၾကာက္စိတ္ေၾကာင့္ ေျခေထာက္က နာက်င္ေနသည့္တိုင္ ေျပးသည့္ေျခလွမ္းမ်ားကို မရပ္တန္႔ရဲ
စူးစူးရြားရြားနာက်င္ေနသည့္ေျခေထာက္သည္လည္း
ျပတ္ထြက္ေတာ့မည့္အလား..
မိုးေရမ်ား စိုရႊဲေနေသာ ခႏၶာကိုယ္သည္
ေမာပန္းမႈ႕ေၾကာင့္ အားအင္မရွိေတာ့သလို
ပစ္လွဲျပစ္ခ်င္လာသည္။
ဆက္ေျပးဖို႔ အားအင္မ်ားကုန္ခမ္းလုနီးပါး...
*တ..တကယ္ မခံစားႏိုင္တာ့လို႔
ေက်းဇူးျပဳၿပီး ဒီ အိမ္မက္ဆိုးႀကီးထဲက
လြတ္ေျမာက္ခြင့္ေပးပါ ေက်းဇူးျပဳၿပီး....*
Ahhhhh!!!
ေလွကား ေကြ႕နားေလးတေနရာတြင္
အေမွာင္ထဲမွ လွမ္းဆြဲေသာ
ေအးစက္စက္လက္တစံုေၾကာင့္
မ်က္စိမွိတ္ကာ အသံကုန္ျခစ္ေအာ္လိုက္မိသည္။
"Baekhyunn.. baekhyun !!
ငါ.. Kai သတိထားဦး Baekhyun !! "
ေၾကာက္လန္႔တၾကား ႐ုန္းကန္ေနေသာ Baekhyun သည္ Kai ရဲ႕ အသံေၾကာင့္ ခ်က္ခ်င္းၿငိမ္က်ကာ
ေမာ့ၾကည့္လာသည္။
တကိုယ္လံုး ေအးစက္ကာ မ်က္ရည္မ်ားျဖင့္
နီရဲေနေသာ Baekhyun သည္ တစံုတခုကို
အလြန္တရာ ထိတ္လန္႔ခဲ့သည့္ဟန္
နႈတ္ခမ္းမ်ားပင္ တဆက္ဆက္တုန္ေနသည္။
"သူ..သူ ငါ့အေနာက္ကို လိုက္ေနတယ္
သူ ငါ့ကိုသတ္မလို႔ထင္တယ္ Kai..
ငါ ေသရေတာ့မယ္ထင္တယ္"
တကိုယ္လံုး ေအးစက္ကာ တုန္ရီေနေသာ Baekhyun သည္ Kai ရဲ႕ ရင္ခြင္ထဲသို႔ အားကိုးတႀကီး တိုးဝင္လာသည္။
Advertisement
ေတာ္ယံုဆို မငိုျပတတ္ေသာ Baekhyun က
အခုလို ရႈိက္ႀကီးတငင္ ငိုေနသည္ကို ၾကည့္ျခင္းျဖင့္
ေသခ်ာေပါက္ ဆိုးရြားတဲ့ အရာတခုႏွင့္ ၾကံဳခဲ့လို႔ပဲ
ျဖစ္မည္ဆိုတာ Kai သေဘာေပါက္လိုက္သည္။
"အခု ဘာမွ မျဖစ္ေတာ့ဘူး Baekhyun ငါရွိတယ္
စိတ္မပူနဲ႔ေတာ့"
ထိတ္လန္႔ေနေသာ Baekhyun ရဲ႕ ေက်ာျပင္အား ခပ္ဖြဖြ ပုတ္ေပးရင္း အေနာက္ ေကာ္ရဒါအား Kai
စူးစမ္းစြာ လွမ္းၾကည့္ေနသည္။
အနည္းငယ္ ေမွာင္ေနေသာ ေလွ်ာက္လမ္းႏွင့္
အလင္းေရာင္မရွိေသာ အခန္းမ်ား...
မ်က္စိတဆံုးျမင္ေနရေသာ ေက်ာင္းေဆာင္တြင္
Baekhyun ေျပာသည့္ *သူ* ဆိုတဲ့လူက
ေပ်ာက္ကြယ္သြားပီျဖစ္သည္။
Kai ရဲ႕ ေခါင္းထဲမွာ အေတြးစမ်ား
အတိုင္းဆမရွိ ျပန္႔ႀကဲသြားရသည္။
ပထမအႀကိမ္က Jeon Shin...
ဒုတိယအႀကိမ္က Kang Yuri...
အခုလည္း ... Baekhyun.....
အဆက္ဆက္မရွိ ဆက္တိုက္ျဖစ္ေနေသာ
ေက်ာင္းထဲက မေတာ္တဆမႈ႕ေတြက
ေသြး႐ိုးသား႐ိုးဟုတ္ရဲ႕လား.........
_____________________
နီညိဳေရာင္ ေနမင္း ၊
အလင္းေရာင္ မႈိင္ျပျပျဖင့္
အထီးက်န္ေနေသာ ညေနခင္း...
အခ်ိန္ကား ညေန ေလးနာရီဝန္းက်င္ျဖစ္သည္။
အိမ္ေရွ႕ ဧည့္ခန္းေနရာမွ လွမ္းျမင္ေနရေသာ
တိတ္ဆိတ္ေနသည့္ ျခံအျပင္ဘက္အား
Sehun လွမ္းၾကည့္ေနသည္။
အာရံုထဲတြင္လည္း ဗေလာင္ဆူေနေသာ
စိုးရိမ္မႈ႕ေၾကာင့္ ၿငိမ္ၿငိမ္ထိုင္၍မရ...
Sehun ဒီအိမ္ႀကီးကိုေရာက္ေနတာ
အေတာ္ၾကာၿပီျဖစ္သည္
Baekhyun ကို ဘယ္လိုမွ ရွာမေတြ႕တာေၾကာင့္
Chanyeol ကို လာရွာျခင္းျဖစ္သည္
သို႔ေသာ္... အိမ္ထဲတြင္ ရွိမေနေသာ Chanyeol ေၾကာင့္ Sehun ရဲ႕ စိုးရိမ္စိတ္မ်ား ျမင့္တတ္ခဲ့ရသည္။
လြန္ခဲ့ေသာ ႏွစ္ရက္ေလာက္က Kang Yuri က Baekhyun အား ဖက္ခဲ့သည့္ကိစၥ...
ထိုကိစၥသည္ Sehun တြက္ထားသလိုပင္
Chanyeol အား အႀကီးက်ယ္ေဒါသထြက္ေစခဲ့သည္
Chanyeol ရဲ႕ ခံစားခ်က္မ်ားကို
အဆံုးစြန္ထိ ဆိုးရြားသြားေစခဲ့သည္။
သူသိပ္သေဘာက်တဲ့ Baekhyun ကို
သူ႔မ်က္စိေရွ႕မွ ဖက္ျပလိုက္တာက
အဲ့မိန္းမ ကိုယ့္အႏၲရာယ္ကိုယ္
လက္ယက္ေခၚလိုက္သလိုပင္...
တခုခုလုပ္ေတာ့မယ္ဆိုတာႀကိဳသိတာေၾကာင့္
Sehun သတိထားေနသည့္ၾကားမွ
ထို Kang Yuri ဆိုသည့္မိန္းမကို
Chanyeol မရရေအာင္ သတ္ခဲ့သည္။
တားမရေသာ အေျခေနတြင္
အျဖစ္ပ်က္က ျမန္ဆန္လြန္းလွသည္။
အိမ္ျပင္မထြက္ရန္ အတန္တန္တားေနသည့္ၾကားမွ
Baekhyun က ထပ္မံ၍ ေပ်ာက္သြားခဲ့သည္။
အရင္က အႏၲရာယ္မေပးခဲ့ေသာ္လည္း
Kang Yuri ေၾကာင့္ ျဖစ္လာတဲ့
Chanyeol ရဲ႕ ေဒါသအရွိန္က
Baekhyun အေပၚပံုက်သြားမွာစိုးသည္။
စိတ္အေျခေန မတည္ၿငိမ္ေသးေသာ Chanyeol သည္ Baekhyun အတြက္ လံုးဝ စိတ္မခ်ရပါ
အဆိုးဆံုးေသာ အေျခေနတြင္ Baekhyun အတြက္ အသက္အႏၲရာယ္ပါ ေပးႏိုင္သည္။
အေတြးနယ္လြန္စဥ္ ျခံေရွ႕မွ တိုးဝင္လာေသာ ကားမီးေရာင္ေၾကာင့္ Sehun မတ္တပ္ ထရပ္လိုက္မိသည္။
ျခံတံခါးကို မဖြင့္ပဲ ျဖတ္တိုက္ကာ ျခံထဲသို႔
အရွိန္ျဖင့္ ေမာင္းဝင္ခ်လာေသာ ကားတစစီး။
ကားရဲ႕ ေမာင္းႏွင္ပံုကိုၾကည့္ျခင္းျဖင့္
chanyeol ၏ စိတ္အေျခေနကို
Sehun ခန္႔မွန္းလို႔ရသည္။
Chanyeol အမွန္တကယ္ပင္ တစ္စံုတခုကို
အႀကီးက်ယ္ စိတ္တိုလာပံုရသည္။
"Chanyeol hyung"
Sehun ကိုျမင္ေတာ့ ထူးဆန္းသည့္ဟန္
တခ်က္ၾကည့္ၿပီးေနာက္ အိမ္ထဲသို႔
ဝင္သြားေသာ Chanyeol ပံုစံသည္
ေအးစက္လြန္းသည္
"ကၽြန္ေတာ္ ဒီေရာက္ေနတာ ၾကာၿပီ
တေယာက္ထဲ ဘယ္ေတြသြားေနတာလဲ Hyung"
"....."
"Hyung ကၽြန္ေတာ္ ေမးစရာရွိလို႔
ခဏေလာက္ အခ်ိန္ေပးပါလား"
"....."
"Hyung ကၽြန္ေတာ္ ေျပာတာ ျပန္ေျဖဦး"
"..."
တိတ္ဆိတ္ေနလြန္းေသာ Chanyeol သည္
Sehun ဘယ္ေလာက္ေခၚေခၚ တခြန္းျပန္မေျပာ
သူ႔ဦးတည္ရာ အေပၚထပ္သို႔သာ ေအးေဆးစြာ
ေလွ်ာက္လွမ္းေနသည္။
"Hyung Baekhyun ကို အႏၲရာယ္မေပးပါနဲ႔"
ျပတ္ေတာင္းသြားေသာ စကားသံအဆံုးတြင္
Chanyeol ေျခလွမ္းမ်ားရပ္တန္႔သြားသည္။
ထို႔ေနာက္ အၾကည့္တို႔က Sehun အေပၚသို႔
စူးရဲစြာ က်ေရာက္လာသည္။
"Baekhyun ဆိုတဲ့ နာမည္ကို ဘယ္လိုသိတာလဲ"
ေျခာက္ကပ္ေနေသာ Chanyeol ရဲ႕အသံသည္
ေဒါသရိပ္ အနည္းငယ္ဖံုးလႊမ္းလ်က္...
"ကၽြန္ေတာ္..."
*Duuu Duu Duuu*
ေျပာမည့္ဆဲဆဲတြင္ အခ်ိန္ကိုက္ဝင္လာေသာ ဖုန္းေၾကာင့္ Sehun စကားမ်ားရပ္တန္႔ကာ Chanyeol ႏွင့္ ခပ္လွမ္းလွမ္းတစ္ေနရာသိို႔သြားကာ ဖုန္းကို ကိုင္လိုက္ရသည္။
"Hello.. Kai ေျပာ..."
"ငါ Baekhyun ကိုရွာေတြ႕ၿပီ.."
"ရွာေတြ႕ၿပီလား.. Baekhyun အဆင္ေျပရဲ႕လား ဒဏ္ရာ ရတာေတြဘာေတြေရာရွိေသးလား"
"အေၾကာက္လြန္ၿပီး ေခ်ာ္လဲထားလို႔ထင္တယ္ ေျခက်င္းဝတ္ ထိခိုက္မိထားတယ္"
"ငါ့အသိဆရာဝန္တေယာက္ လႊတ္ေပးဖို႔လိုလား"
"မလိုေတာ့ဘူး ငါ့သူ႔ကို အနားမွာရွိတဲ့
ေဆးခန္းတခုမွာ ျပေပးထားတယ္"
Advertisement
"ေကာင္းၿပီ"
ဖုန္းခ်ၿပီးေနာက္တြင္ ေဘးတြင္ ေရာက္ေနေသာ Chanyeol ေၾကာင့္ Sehun လန္႔သြားရသည္။
ဖုန္းမလာခင္အခ်ိန္ထိ ေလွကားနားတြင္ ရွိေနေသးေသာ Chanyeol သည္ ဘယ္အခ်ိန္က ေဘးနား ေရာက္ေနခဲ့သည္ကို Sehun မသိလိုက္..
ဖုန္းထဲက ေျပာသမွ်ကို ေဘးက နားေထာင္ထားေသာ Chanyeol ၏ ပံုစံသည္ လြန္ခဲ့သည့္ မိနစ္ပိုင္းကထပ္ပင္ ပို၍ တည္ၿငိမ္သြားသေယာင္..
"မင္း တကယ္ကို အလုပ္မရွိ အလုပ္ရွာေနတာပဲ Sehun.."
မည္သည့္ အေၾကာင္းေၾကာင့္ ဒီစကားကို ေျပာလည္းဆိုတာ Sehun မသိေပမယ့္ Chanyeol ၏ ေအးစက္ေနေသာ ေလသံႏွင့္ စူးရွရွ အၾကည့္တို႔က သူ႔ရဲ႕ ေဒါသအရိပ္ေယာင္ေတြ ကို ခပ္ပါးပါးသ႐ုပ္ေဖာ္ေနသည္။
"ဘာကိုေျပာေနတာလဲ hyung"
"မလိုအပ္ဘူး"
မ်က္လံုးကို စိုက္ၾကည့္၍ ေျပာလာေသာ Chanyeol စကားလံုးမ်ားက ျပတ္သားသည္ထပ္ပင္ ပို၍ ျပတ္သားေနသည္။
"မင္း အေနနဲ႔ Baekhyun ကို ကာကြယ္ေပးဖို႔ မလိုအပ္ဘူူး"
"ကၽြန္ေတာ္ ဘယ္တုန္းကမွ Baekhyun ကို
မကာကြယ္ခဲ့ဘူး Hyung"
အဟက္..
ေျခာက္ကပ္ကပ္ ရီသံ၏ အဓိပၸါယ္က သူ၏ ေျပာစကားမ်ားကို မယံုၾကည့္၍ ေလွာင္ေျပာင္ ျခင္းဆိုတာ ကို Sehun ခ်က္ျခင္းသေဘာေပါက္သည္။
" Kai ဆိုတဲ့ ေကာင္နဲ႔ ေပါင္းၿပီး Baekhyun ကို ငါ့ဆီကေန ကာကြယ္ေပးဖို႔ ၾကံေနတာ ငါမသိဘူးမ်ားထင္ေနလား Sehun"
ျပံဳးေနေသာ အျပံဳးမ်ားက Sehun အေပၚမယံုၾကည္ျခင္း အသြင္ကို အျပည့္ဝေဆာင္ၾကဥ္းသည္။
ေအးစက္ေနေသာ မ်က္ဝန္းမ်ားက Baekhyun ႏွင့္ပက္သက္လွ်င္ ညီငယ္ေပၚတြင္မွာပါ ရက္စက္ရဲသည္ ဟူသည့္ အနက္အဓိပၸါယ္..
"ငါပိုင္ဆိုင္တဲ့အ႐ုပ္ကို ငါ ႏွိပ္စက္ခ်င္ႏွိပ္စက္မယ္
ဖ်က္စီးခ်င္ ဖ်က္စီးပစ္မယ္...
မင္းတို႔မွာ တားပိုင္ခြင့္မရွိဘူး..
ဟိုးအရင္ခ်ိန္ထဲက Baekhyun က
ငါထားရာေန ေစရာသြား ငါ ႀကိဳးဆြဲရာ ကတဲ့ အ႐ုပ္တ႐ုပ္ပဲ"
"ဒါေပမယ့္ အခု မဟုတ္ေတာ့ဘူးေလ Hyung"
ပက္ခနဲျပန္ေျပာလာေသာ Sehun ၏ စကားသံက Chanyeol ၏ အျပံဳးမ်ားကို ရပ္တန္႔ေစခဲ့သည္။
အႏၲရာယ္ရွိမွန္း ရိပ္မိေပမယ့္ Sehun စကားကို
ၿပီးျပတ္သည္အထိ ေခါင္းမာစြာျဖင့္ဆက္ေျပာခဲ့သည္။
"အရင္ က Hyung အတြက္ သူက အ႐ုပ္ျဖစ္ခဲ့ရင္ေတာင္
အခုသူက အေတာင္ပံစံုတဲ့ ငွက္တစ္ေကာင္ျဖစ္ေနၿပီ
သူ႔မွာ ကိုယ္ပိုင္ဆံုးျဖတ္ခြင့္ရွိတယ္ သူႀကိဳက္တဲ့ေနရာမွာ ေနခြင့္ရွိတယ္ သူစိတ္ႀကိဳက္ရွင္သန္ခြင့္ရွိတယ္
သူ႔အလို မပါပဲ အတင္းၾကပ္ စိတ္ဒုကၡမေပးပါနဲ႔Hyung
Baekhyun က သနားဖု႔ိေကာင္းပါတယ္"
စကားအဆံုးတြင္ တင္းၾကပ္စြာ ညစ္ျခင္းခံလိုက္ရတဲ့လည္ပင္းႏွင့္အတူ Sehun တစ္ကိုယ္လံုး ေလေပၚသို႔ ေျမာက္တတ္သြားသည္။ ခႏၶာကိုယ္ျခင္းသိပ္မကြာေသာ္လည္း
အားသန္လွေသာ Chanyeol သည္ Sehun ၏ ခႏၶာကိုယ္ကို နံရံတြင္ ကပ္၍ လက္တဖက္ထဲႏွင့္ ဆြဲမ ႏိုင္ခဲ့သည္။
"မင္း ပါး စပ္ ပိတ္ထားခဲ့သင့္တာ"
Chanyeol ၏ မ်က္လံုးမ်ားက ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ကို နီရဲကာ လည္ပင္းညစ္ထားေသာလက္က ပို၍ အားျပင္းလာသည္။
ႀကိတ္ခဲထားေသာ ေမး႐ိုးမ်ားက ေဒါသအဟုန္ေၾကာင့္ တုန္ရီေနၿပီး နီရဲေနေသာ မ်က္ဝန္းမ်ားၾကားမွ မ်က္ရည္မ်ား နာက်င္စြာ စီးက်ေနသည္။
"မင္း ကို ငါ ေကာင္းေကာင္းေျပာေနထဲက ေနာက္ဆုတ္သင့္တာ.. မင္း ငါ့စကားကို နာခံခ့ဲသင့္တာ Sehun"
လည္ပင္းက ဆိုးရြားစြာ နာက်င္လာ၍ အသက္႐ွဴရန္ပင္ ခက္ခဲလာသည့္ၾကားက Sehun မေတာင္းပန္ပဲ ေခါင္းမာစြာ ေတာင့္ခံေနသည္။
ေတာင္းပန္ဖို႔ ခက္ခဲတယ္ Hyung..
ဘာလို႔လဲဆိုေတာ့ ဒီကိစၥမွာ
ကၽြန္ေတာ္ အမွားမလုပ္ခဲ့မိလို႔ပဲ
.....
.........,...
သန္႔စင္ေနတဲ့ ပတ္ဝန္းက်င္မွာ
ေဒါသဆိုတဲ့ မီးခိုးမႈိင္းတခုက
အနီးမွာရွိတဲ့ လူေတြအားလံုးကို
မ်က္ရည္က်ေအာင္ လုပ္ႏိုင္စြမ္းရွိတယ္
ဒီခ်ိန္မွာ လုပ္ႏိုင္တာ ႏွစ္ခုပဲရွိတယ္..
လြတ္ရာကို ထြက္ေျပးမလား.... ဒါမွမဟုတ္
ဒီေနရာမွာပဲ အသက္႐ွဴၾကပ္ၿပီး အေသခံမလား...
_________________________
"Kai Baekhyun ကိုရှာလို့တွေ့ပြီလား"
စိုးရိမ်နေသော Sehun ရဲ့ လေသံကို ဖုန်းထဲမှ
တဆင့် Kai ကြားနေရသည်။
Sehun နည်းတူ Kai လည်း စိတ်ပူနေပြီဖြစ်သည်။
Kang Yuri ကိစ္စ ပြီးကတည်း ပျောက်နေသော
Baekhyun ကို အခုချိန်ထိ ဆက်သွယ်လို့မရသေး
*ဒီမိန်းကလေးမှာ အန္တရာယ်ရှိနေတယ်
ဆိုတဲ့ Sehun စကားကို အပိုပြောသည်ဟု ထင်ခဲ့သော်လည်း ဒီနေ့မနက် မြင်လိုက်ရသော မြင်ကွင်းက
အပိုမဟုတ်ကြောင်း သက်သေပြခဲ့သည်။
သွေးအိုင်ထဲတွင် ရုပ်ပျက်စွာ
လဲလျောင်းနေတဲ့ ထိုမိန်းကလေး..
ဝတ်ဆင်ထားသော အဖြူရောင် တီရှပ်ပေါ်တွင်
သွေးများက ရဲရဲနီနေသည်
ကျောင်းဆောင် အပေါ်မှ ပြုတ်ကျသည်ဟု
ယူဆရသော ထိုမိန်းကလေး၏
သွေးပျက်ဖွယ်မြင်ကွင်းသည်
သာယာလှသောမနက်ခင်းတွင်
မြင်ရသူတိုင်းအတွက် စိတ်မချမ်းမြေ့စရာဖြစ်ခဲ့သည်
"အန္တရာယ်ရှိတယ်" ဆိုတဲ့ Sehun စကားကို
အစထဲကသာ အဲ့မိန်းကလေးယုံခဲ့ရင်
ဒီလိုဆိုးရွားတဲ့အခြေနေတွေဖြစ်မှာမဟုတ်ဘူး...
မကောင်းတဲ့လက္ခဏာတခုကို အစထဲက သက်ဝင်ယုံကြည်ခဲ့ရင် ဒီမိန်းကလေး ဒီလို အသေဆိုးခဲ့မှာ မဟုတ်ဘူး...
"ငါ အခု သူ့အိမ်က ပြန်လာတာ သူ့အိမ်မှာလည်းမရှိဘူးတဲ့.. Baekhyun က တခြားနေရာတွေလည်း သွားတတ်တဲ့သူမဟုတ်ဘူး ကျောင်းမှာပဲ သေချာရှာ Kai.. သူ ကျောင်းမှာပဲရှိလိမ့်မယ်"
စိတ်ပူနေသော Sehun ၏ အသံသည်
ပုံမှန်ထပ် မြန်နေသည်။
လီဗာ တဆုံးနင်းကာ အရှိန်ဖြင့်မောင်းနေသော
Sehun ရဲ့ ကားသံကို
တဖက်က Kai ပင် ကြားနေရသည်။
"Sehun.."
"အင်း.. "
"Baekhyun မှာ ရော.... Kang yuri လို
အန္တရာယ်မျိုး ရှိနေတာမဟုတ်ဘူးမှတ်လားဟင်...? "
အချိန်တခု ယူပြီးနောက် ပြောလာသော
Kai ရဲ့ အသံကဖျော့တော့လွန်းလှသည်။
အဖြေမရှိ နှုတ်ဆိတ်နေခြင်းဖြင့်
*အန္တရာယ်ရှိနေကြောင်းကို
သွယ်ဝှိုက်သော နည်းဖြင့် Sehun ပြောပြခဲ့သည်...
ဒီကစားနည်းက ပျော်စရာမကောင်းဘူး Baekhyun
မင်း ပုန်းနေတာဆိုရင်တောင်
အခုချိန်လောက်ဆို ပြန်တော့လာသင့်နေပြီ
.......
............
သည်းမဲစွာ ရွာနေသော မိုးကြောင့်
ပတ်ဝန်းကျင်တခုလုံး မဲမှောင်နေသည်။
ကြောက်စိတ်တခုဖြင့် ဦးတည်ရာမရှိ
ထွက်ပြေးလာခဲ့မိတဲ့ Baekhyun သည်
အခုချိန်မှာ ကျောင်းရဲ့ ဘယ်နေရာကို
ရောက်လို့ ရောက်နေမှန်းမသိ...
မြင်သမျှအားလုံးက ဝေဝါးကာ
အာရုံထဲတွင် မိုးသံနှင့်အတူ
အနောက်က ကပ်ပါလာသော
ထိုသူရဲ့ ခြေသံကသာ ပဲ့တင်ထပ်နေသည်
အသည်းသန် ပြေးနေသော Baekhyun အား
အနောက်ဘက်မှ ခြေသံပိုင်ရှင်သည်
သားကောင်ကို လိုက်နေသော မုဆိုးသဖွယ်
သွေးအေးစွာ လိုက်ပါနေသည်။
အ့!
ခြေကုန် ပြေးလာခဲ့ခြင်းကြောင့်
စိုစွတ်နေသော ကြမ်းပြင်ပေါ်တွင်
အရှိန်ဖြင့် ပစ်လှဲခဲ့သည်။
နာကျင်နေသော ခြေချင်းဝတ်နှင့်အတူ
မောဟိုက်မှု့ကြောင့် ချွေးစီးများပြန်လာသည်
ရေထဲတွင် ချော်လဲနေသော Baekhyun ခန္ဓာကိုယ်သည် မိုးပက်သည့်အရှိန်ကြောင့် စိုရွှဲနေသည်
အဝေးက ခြေသံသည် တဖြေးဖြေး
နီးကပ်လာပြီဖြစ်သည်။
ကြောက်စိတ်ကြောင့် တုန်လှုပ်နေသော
နှလုံးအိမ်သည် ဆောက်တည်ရာမရ...
ဘေးတွင် ရှိရာကို ဆွဲကိုင်အားယူ၍
ခြေထောက်နာနေသည့် ကြားမှ ထကာ
ဆက်ပြေးနေမိသည်။
ထိခိုက်မိထားသော ခြေထောက်အနာကြောင့်
ပြေးနေသော်လည်း ထင်သလောက်ခရီးမပေါက်
တလှမ်းလှမ်းတိုင်း အသည်းခိုက်မတတ်
နာကျင်နေသည့် ခြေထောက်ဒဏ်ရာက
မီးစဖြင့် ထိုးနေသလိုပင်..
အနောက်မှ ကပ်ပါလာသော ထိုသူ၏ ပုံရိပ်သည် Baekhyun အတွက်တော့
အိပ်မက်ဆိုးတခုပဲဖြစ်သည်။
အသက်မဲ့နေသော မျက်နှာထား..
အေးစက်စက် အပြုံးနှင့်..
ကြောက်မက်ဖွယ် ခြေသံတွေက
ဆူညံစွာ ရွာသွန်းနေသော မိုးသံတွေနှင့်အတူ
သေမင်းတမန် ခေါ်သံတွေလိုပင်...
ကြောက်စိတ်ကြောင့် ခြေထောက်က နာကျင်နေသည့်တိုင် ပြေးသည့်ခြေလှမ်းများကို မရပ်တန့်ရဲ
စူးစူးရွားရွားနာကျင်နေသည့်ခြေထောက်သည်လည်း
ပြတ်ထွက်တော့မည့်အလား..
မိုးရေများ စိုရွှဲနေသော ခန္ဓာကိုယ်သည်
မောပန်းမှု့ကြောင့် အားအင်မရှိတော့သလို
ပစ်လှဲပြစ်ချင်လာသည်။
ဆက်ပြေးဖို့ အားအင်များကုန်ခမ်းလုနီးပါး...
*တ..တကယ် မခံစားနိုင်တာ့လို့
ကျေးဇူးပြုပြီး ဒီ အိမ်မက်ဆိုးကြီးထဲက
လွတ်မြောက်ခွင့်ပေးပါ ကျေးဇူးပြုပြီး....*
Ahhhhh!!!
လှေကား ကွေ့နားလေးတနေရာတွင်
အမှောင်ထဲမှ လှမ်းဆွဲသော
အေးစက်စက်လက်တစုံကြောင့်
မျက်စိမှိတ်ကာ အသံကုန်ခြစ်အော်လိုက်မိသည်။
"Baekhyunn.. baekhyun !!
ငါ.. Kai သတိထားဦး Baekhyun !! "
ကြောက်လန့်တကြား ရုန်းကန်နေသော Baekhyun သည် Kai ရဲ့ အသံကြောင့် ချက်ချင်းငြိမ်ကျကာ
မော့ကြည့်လာသည်။
တကိုယ်လုံး အေးစက်ကာ မျက်ရည်များဖြင့်
နီရဲနေသော Baekhyun သည် တစုံတခုကို
အလွန်တရာ ထိတ်လန့်ခဲ့သည့်ဟန်
နှုတ်ခမ်းများပင် တဆက်ဆက်တုန်နေသည်။
"သူ..သူ ငါ့အနောက်ကို လိုက်နေတယ်
သူ ငါ့ကိုသတ်မလို့ထင်တယ် Kai..
ငါ သေရတော့မယ်ထင်တယ်"
တကိုယ်လုံး အေးစက်ကာ တုန်ရီနေသော Baekhyun သည် Kai ရဲ့ ရင်ခွင်ထဲသို့ အားကိုးတကြီး တိုးဝင်လာသည်။
တော်ယုံဆို မငိုပြတတ်သော Baekhyun က
အခုလို ရှိုက်ကြီးတငင် ငိုနေသည်ကို ကြည့်ခြင်းဖြင့်
သေချာပေါက် ဆိုးရွားတဲ့ အရာတခုနှင့် ကြုံခဲ့လို့ပဲ
ဖြစ်မည်ဆိုတာ Kai သဘောပေါက်လိုက်သည်။
"အခု ဘာမှ မဖြစ်တော့ဘူး Baekhyun ငါရှိတယ်
စိတ်မပူနဲ့တော့"
ထိတ်လန့်နေသော Baekhyun ရဲ့ ကျောပြင်အား ခပ်ဖွဖွ ပုတ်ပေးရင်း အနောက် ကော်ရဒါအား Kai
စူးစမ်းစွာ လှမ်းကြည့်နေသည်။
အနည်းငယ် မှောင်နေသော လျှောက်လမ်းနှင့်
အလင်းရောင်မရှိသော အခန်းများ...
မျက်စိတဆုံးမြင်နေရသော ကျောင်းဆောင်တွင်
Baekhyun ပြောသည့် *သူ* ဆိုတဲ့လူက
ပျောက်ကွယ်သွားပီဖြစ်သည်။
Kai ရဲ့ ခေါင်းထဲမှာ အတွေးစများ
အတိုင်းဆမရှိ ပြန့်ကြဲသွားရသည်။
ပထမအကြိမ်က Jeon Shin...
ဒုတိယအကြိမ်က Kang Yuri...
အခုလည်း ... Baekhyun.....
အဆက်ဆက်မရှိ ဆက်တိုက်ဖြစ်နေသော
ကျောင်းထဲက မတော်တဆမှု့တွေက
သွေးရိုးသားရိုးဟုတ်ရဲ့လား.........
_____________________
နီညိုရောင် နေမင်း ၊
အလင်းရောင် မှိုင်ပြပြဖြင့်
အထီးကျန်နေသော ညနေခင်း...
အချိန်ကား ညနေ လေးနာရီဝန်းကျင်ဖြစ်သည်။
အိမ်ရှေ့ ဧည့်ခန်းနေရာမှ လှမ်းမြင်နေရသော
တိတ်ဆိတ်နေသည့် ခြံအပြင်ဘက်အား
Sehun လှမ်းကြည့်နေသည်။
အာရုံထဲတွင်လည်း ဗလောင်ဆူနေသော
စိုးရိမ်မှု့ကြောင့် ငြိမ်ငြိမ်ထိုင်၍မရ...
Sehun ဒီအိမ်ကြီးကိုရောက်နေတာ
အတော်ကြာပြီဖြစ်သည်
Baekhyun ကို ဘယ်လိုမှ ရှာမတွေ့တာကြောင့်
Chanyeol ကို လာရှာခြင်းဖြစ်သည်
သို့သော်... အိမ်ထဲတွင် ရှိမနေသော Chanyeol ကြောင့် Sehun ရဲ့ စိုးရိမ်စိတ်များ မြင့်တတ်ခဲ့ရသည်။
လွန်ခဲ့သော နှစ်ရက်လောက်က Kang Yuri က Baekhyun အား ဖက်ခဲ့သည့်ကိစ္စ...
ထိုကိစ္စသည် Sehun တွက်ထားသလိုပင်
Chanyeol အား အကြီးကျယ်ဒေါသထွက်စေခဲ့သည်
Chanyeol ရဲ့ ခံစားချက်များကို
အဆုံးစွန်ထိ ဆိုးရွားသွားစေခဲ့သည်။
သူသိပ်သဘောကျတဲ့ Baekhyun ကို
သူ့မျက်စိရှေ့မှ ဖက်ပြလိုက်တာက
အဲ့မိန်းမ ကိုယ့်အန္တရာယ်ကိုယ်
လက်ယက်ခေါ်လိုက်သလိုပင်...
တခုခုလုပ်တော့မယ်ဆိုတာကြိုသိတာကြောင့်
Sehun သတိထားနေသည့်ကြားမှ
ထို Kang Yuri ဆိုသည့်မိန်းမကို
Chanyeol မရရအောင် သတ်ခဲ့သည်။
တားမရသော အခြေနေတွင်
အဖြစ်ပျက်က မြန်ဆန်လွန်းလှသည်။
အိမ်ပြင်မထွက်ရန် အတန်တန်တားနေသည့်ကြားမှ
Baekhyun က ထပ်မံ၍ ပျောက်သွားခဲ့သည်။
အရင်က အန္တရာယ်မပေးခဲ့သော်လည်း
Kang Yuri ကြောင့် ဖြစ်လာတဲ့
Chanyeol ရဲ့ ဒေါသအရှိန်က
Baekhyun အပေါ်ပုံကျသွားမှာစိုးသည်။
စိတ်အခြေနေ မတည်ငြိမ်သေးသော Chanyeol သည် Baekhyun အတွက် လုံးဝ စိတ်မချရပါ
အဆိုးဆုံးသော အခြေနေတွင် Baekhyun အတွက် အသက်အန္တရာယ်ပါ ပေးနိုင်သည်။
အတွေးနယ်လွန်စဉ် ခြံရှေ့မှ တိုးဝင်လာသော ကားမီးရောင်ကြောင့် Sehun မတ်တပ် ထရပ်လိုက်မိသည်။
ခြံတံခါးကို မဖွင့်ပဲ ဖြတ်တိုက်ကာ ခြံထဲသို့
အရှိန်ဖြင့် မောင်းဝင်ချလာသော ကားတစစီး။
ကားရဲ့ မောင်းနှင်ပုံကိုကြည့်ခြင်းဖြင့်
chanyeol ၏ စိတ်အခြေနေကို
Sehun ခန့်မှန်းလို့ရသည်။
Chanyeol အမှန်တကယ်ပင် တစ်စုံတခုကို
အကြီးကျယ် စိတ်တိုလာပုံရသည်။
"Chanyeol hyung"
Sehun ကိုမြင်တော့ ထူးဆန်းသည့်ဟန်
တချက်ကြည့်ပြီးနောက် အိမ်ထဲသို့
ဝင်သွားသော Chanyeol ပုံစံသည်
အေးစက်လွန်းသည်
"ကျွန်တော် ဒီရောက်နေတာ ကြာပြီ
တယောက်ထဲ ဘယ်တွေသွားနေတာလဲ Hyung"
"....."
"Hyung ကျွန်တော် မေးစရာရှိလို့
ခဏလောက် အချိန်ပေးပါလား"
"....."
"Hyung ကျွန်တော် ပြောတာ ပြန်ဖြေဦး"
"..."
တိတ်ဆိတ်နေလွန်းသော Chanyeol သည်
Sehun ဘယ်လောက်ခေါ်ခေါ် တခွန်းပြန်မပြော
သူ့ဦးတည်ရာ အပေါ်ထပ်သို့သာ အေးဆေးစွာ
လျှောက်လှမ်းနေသည်။
"Hyung Baekhyun ကို အန္တရာယ်မပေးပါနဲ့"
ပြတ်တောင်းသွားသော စကားသံအဆုံးတွင်
Chanyeol ခြေလှမ်းများရပ်တန့်သွားသည်။
ထို့နောက် အကြည့်တို့က Sehun အပေါ်သို့
စူးရဲစွာ ကျရောက်လာသည်။
"Baekhyun ဆိုတဲ့ နာမည်ကို ဘယ်လိုသိတာလဲ"
ခြောက်ကပ်နေသော Chanyeol ရဲ့အသံသည်
ဒေါသရိပ် အနည်းငယ်ဖုံးလွှမ်းလျက်...
"ကျွန်တော်..."
*Duuu Duu Duuu*
Advertisement
- In Serial49 Chapters
Spire Dweller
The 1st floor of the World Spire has been humanity’s home for as long as anyone can remember. With cities and towns scattered across several million square miles, most residents live out their years within protective walls. Simultaneously guarded and oppressed by powerful cultivators—people who can utilize qi to perform superhuman feats—the average citizen learns early on to both respect and fear those that keep the deadly Spirit Beasts away. When Samantha receives a quest notification to become a cultivator herself, she goes against her family’s wishes and leaves the relative safety of her town to complete it. She knows that becoming a cultivator will change her life, but she has no idea how much the journey will cost her.
8 261 - In Serial39 Chapters
Harry Potter and the Dark Phoenix [Rewritten as a new Book]
After losing Hedwig while escaping from Voldemort, Harry found it hard to come to terms with her death. Filled with grief, rage and hatred, Harry swears to take revenge on every single death eater and especially on Voldemort himself. Receiving power from unexpected sources, Harry sets out on his mission to bring the dark lord and his followers to their knees. ============ This novel has been posted on Webnovel, Scribblehub, Fanfiction and RoyalRoad. During the final rewrite, the plot changed so much that it was nothing like this one. So I posted it as a new story instead. Please go read that instead. It is called Harry Potter and the Dark Phoenix. If I have time, I might finish this book with the current plot, but I don't have any plans as of now.
8 253 - In Serial11 Chapters
The Dungeon of Potential
there are many legends, some myth and some truth, of dragons and princesses, of demons and hero’s, and granted, many are true, but not everything is as it seems, for when you lift the veil many so called heroes are more demonic then their enemy, many princess more wicked and greedy then any dragon. Within the world of Alesia (formally known as earth), not everything is as it seems, and yet the one topic that can never be agreed upon is dungeons. dungeons, a place of wonder, a place of treasure, a place of love and passion, filled with the most beautiful and mystical creatures and landscapes ever seen. dungeons, a place of horror, a place of death, a place of heartache and despair, filled with the most menicing and soul-destroying creatures and landscapes ever seen. as for an adventurer to seek treasure, is it not fair that they have to be challenged, and should the challenge be to great for them, this is their own fault, no? well, decide now or later, it matters not, but do not view my child with prejudice, as he is only trying to protect himself. So here you go my cruel followers, life’s cruelty, a smart, and yet oh so foolish boy, Here, is The Dungeon of Potential.
8 134 - In Serial54 Chapters
Wanted: Dead or Alive
John 'J.J. Cool' Jennings is a reformed criminal aiming to isolate himself within the state of Sloan in the rugged Western Halfland. Growing up within the notorious street gang known as The Sharks, he innately possesses the skill set for becoming a fearful ice Agist, or magic user. His dismissive attitude often runs him into trouble in this Wild West inspired fantasy web-series. With his talking horse named Poni as company, Jennings will need to overcome a dark past to create a bright future for himself, now made more difficult, with the added stress of maturation. [[ Season 2 returning soon ]] Visit Koijoi Ent. website for further information or to contact directly.
8 131 - In Serial26 Chapters
Halloweenish Project Time Lapse
Karatsu left his old school and start his new life at St. Lucario AcademyAs he wants to forget about his past he tries to join the Music Club and to make friends.What will happen to him after joining that Club?
8 88 - In Serial46 Chapters
The Hivemind Project: A Super Progression Adventure
A Hivemind is born into the chance of a lifetime, a Hero is desperate to better herself, and a social worker is trying to keep a dysfunctional nursing home working. Stress is not enough to describe the life of the modern world but all three will try their best to achieve their goals, no matter how much blood they have to walk through. The path to success was never an innocent one. Book 1 has been fully written and is being published. One chapter every day of the week. Typography by Astria. Art by Zyfran
8 244

