《S T R A N G E R》Part 13
Advertisement
ဖုန္းမွ ျမည္လာေသာ alarm သံေၾကာင့္
Baekhyun အိပ္ယာမွႏိုးလာခဲ့သည္။
ျပတင္းေပါက္ကိုျဖတ္ေက်ာ္ကာ ဝင္ေရာက္လာသည့္ ေနေရာင္က မ်က္ႏွာကိုထိုးေနသည္။
ညဘက္ ႏွစ္ျခဳိက္စြာ အိပ္မေပ်ာ္ခဲ့ျခင္းရဲ႕
ရလဒ္က ေခါင္းကို စူးရြာ ထိုးကိုက္ေစသည္။
မ်က္ႏွာ သစ္ၿပီး သိပ္မၾကာခင္ အခန္းတံခါးေခါက္သံနင့္အတူ အေမ့ရဲ႕ အသံကိုပါ ၾကားလိုက္ရသည္။
"Baekhyun နင္ အခုခ်ိန္ထိ မထေသးဘူးလား
ဘယ္အခ်ိန္ရွိၿပီလဲ.. အခုခ်က္ျခင္း ေအာက္ဆင္းလာခဲ့... ငါ့ကို မနက္စာ လာျပင္ေပး"
"Nae.."
အိမ္ေအာက္သို႔ ျပန္ဆင္းသြားၿပီျဖစ္ေသာ အေမ့ေျခသံကို နားေထာင္ၿပီးေနာက္ Baekhyun သက္ျပင္းခ်လိုက္မိသည္။
အျပင္ထြက္ရင္ အႏၲရာယ္ရွိတယ္ဆိုေပမယ့္လည္း
ေက်ာင္းက မသြားလို႔မွမျဖစ္တာ..
.......
...........
တိမ္ထူထပ္၍ ေနေရာင္ပင္
ေကာင္းစြာမျမင္ရေသာ မနက္ခင္း။
ေအးစက္ေသာ ေလေျပမ်ားက
တရိပ္ရိပ္တိုက္ခတ္ေနသည္။
ခ်မ္းစိမ့္ေနေသာ ရာသီဥတုက
ပတ္ဝန္းက်င္ကို မႈိင္းညႇိဳ႕ေနေစသည္။
ေနာက္က်ေနၿပီဆိုေသာ အသိႏွင့္
ခပ္ျမန္ျမန္ေလွ်ာက္ခဲ့ေသာ ေျခလွမ္းမ်ားက
Baekhyun ကို ေက်ာင္းသို႔
အခ်ိန္တိုအတြင္းေရာက္ေစခဲ့သည္။
Baekhyun ေဘးမွ အရွိန္ျဖင့္
ျဖတ္ေမာင္းသြားေသာ ရဲကားမ်ား..
တခုခုကို အေလာႀကီး ေနပံုရသည္။
နားမလည္ေသာ မ်က္ဝန္းမ်ားျဖင့္သာ
Baekhyun လိုက္ၾကည့္ေနမိသည္။
ေက်ာင္းထဲမွာ ရဲကားေတြက ဘာျဖစ္လို႔..?
ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္မိေတာ့
ေက်ာင္းထဲက လူမ်ားက ပံုမွန္ထပ္
ဆူညံလႈပ္ရွားေနၾကသည္။
ဒီေလာက္ ေအးေနတဲ့ အခ်ိန္မ်ိဳးမွာ
ေလလံုသည့္ အခန္းထဲတြင္ မေနပဲ
အျပင္မွာ ေျပးလႊားေနၾကသည္က
နည္းနည္းေတာ့ ထူးဆန္းေနသည္။
အေတြးစ တခုျဖင့္ Baekhyun လမ္းေလွ်ာက္လာရင္း
ေက်ာင္းေဆာင္ေရွ႕တြင္ စုအံုေနၾကေသာ
လူအစုအေဝးတခုကို Baekhyun
လွမ္းျမင္လိုက္ရသည္။
ေနရာတခုကို အဝါေ႐ာင္ ႀကိဳးတန္းမ်ားျဖင့္
တားျမစ္ထားၿပီး လူအမ်ားက တစံုတခုကို
စူးစမ္းလိုေနၾကသည္
ရဲမ်ားကလည္း ထိုလူအုပ္ႀကီးကို
အခင္းျဖစ္သည့္ေနရာသို႔ မလာရန္
တင္းၾကပ္စြာတားျမစ္ေနၾကသည္။
ဆူညံေနေသာ လူအုပ္ႀကီးႏွင့္
မ်ားျပားလွေသာ ရဲမ်ား..
ေအးခ်မ္းေသာ မနက္ခင္းသည္
ေဆးရံုကားသံ ၊ လူသံမ်ားျဖင့္ ဆူညံေနသည္။
ဒီေလာက္ ဆူညံေနပံုေထာက္ရင္
ဆိုးရြားတာတခုခုျဖစ္ေနသည္ ထင္သည္။
လူသတ္မႈ႕ေတာ့ မဟုတ္ပါေစနဲ႔ ဟု ႀကိတ္ဆုေတာင္းရင္း Baekhyun ေက်ာ္လာခဲ့လိုက္သည္။
အခုခ်ိန္ထိ ဘယ္သူဘာျဖစ္တယ္ဆိုတာကို
Baekhyun အတိက်မသိေသး..
သိစရာလည္း မလိုေလာက္ဘူးဟု ထင္တာေၾကာင့္
မေမးခဲ့ျခင္းျဖစ္သည္။
....
.......
အတန္းထဲဝင္ေတာ့ အခန္းထဲတြင္ လူမရွိ..
လူေတြအကုန္လံုး အမႈ႕ျဖစ္တဲ့ေနရာကို
သြား၍ စပ္စုေနၾကပံုရသည္။
ကိုယ္နဲ႔လည္း သိပ္မဆိုင္တာေၾကာင့္
လုပ္စရာရွိတဲ့ စာကို လုပ္ရင္း
စာသင္မည့္ ဆရာမ အလာကိုသာ
ထိုင္ေစာင့္ေနလိုက္သည္။
သိပ္မၾကာခင္ေတာ့ လာၾကပါလိမ့္မယ္... ဟူေသာ
အေတြးတခုျဖင့္သာ။
တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ကို စတင္ျဖဳိခြဲလိုက္သည္က အေနာက္ဘက္မွ ၾကားရေသာ ေျခသံသဲ့သဲ့ပင္...
စာအုပ္ဖတ္ရင္း ေျခသံေၾကာင့္ Baekhyun လွည့္ၾကည့္လိုက္ေသာ္လည္း လွမ္းျမင္ေနရေသာ တံခါးေပါက္တြင္ မည္သူ တစ္ဦးတေယာက္မွ ရွိမေနခဲ့ပါ..
ဖြင့္ထားတဲ့ ျပတင္းေပါက္က
ငွက္ေတြ ဘာေတြမ်ားလား...?
မသိုးမသန္႔ခံစားခ်က္ႏွင့္အတူ Baekhyun တဖက္သို႔ ျပန္လွည့္ကာ စာဆက္လုပ္ေနလိုက္သည္
ထိုင္ေနၿပီးသိပ္မၾကာမီ ေက်ာဘက္မွ တစ္စံုတေယာက္က စိုက္ၾကည့္ေနသည္ဟူေသာ ခံစားခ်က္က သိသိသာသာ ေက်ာခ်မ္းလာေစသည္၊
႐ုတ္တရက္ ေအးခနဲ ျဖတ္ေျပးသြားေသာ အေအးလႈိင္းေၾကာင့္ လက္ဖ်ားမ်ားက ထူးဆန္းစြာ ေအးစက္လာသည္။
အသက္႐ွဴလိုက္တိုင္း ထြက္လာသည့္ အေအးေငြ႕ႏွင့္အတူ မ်က္ဝန္းမ်ားက ျပာေဝလာသည္။
က်ယ္ဝန္းေသာ ေကာ္ရဒါႏွင့္ တံခါးေပါက္ အကြယ္ေလးနားက ရွိေနသည့္ အရိပ္ကို လက္ထဲက စာအုပ္ကို ခ်၍ ေၾကာင္အစြာျဖင့္ Baekhyun လွမ္းၾကည့္ေနမိသည္။
-
-
-
"Baekhyun"
အေနာက္ဘက္တံခါးသို႔ အာရံုေရာက္ေနစဥ္ ႐ုတ္တရပ္ေခၚသံေၾကာင့္ Baekhyun ဆက္ခနဲ လွည့္ၾကည့္လိုက္မိသည္။
အတန္းေရွ႕နားကေန လွမ္းေခၚေနသည့္ Sam..
အေနာက္ဘက္တံခါးကို အာရံုစိုက္ေနသည့္ Baekhyun အား ထူးဆန္းစြာ ၾကည့္ေနသည္
"ဘာကို အဲ့ေလာက္ အာရံုစိုက္ေနလို႔ ငါေခၚတာေတာင္ မၾကားရတာလဲ"
"ဘ..ဘာမွ မဟုတ္ပါဘူး "
Baekhyun ရဲ႕ အေျဖကို မယံုသကၤာျဖင့္
စူးစမ္းၿပီးေနာက္...
"ေအး.. ဘာမွမလုပ္ရင္ ဒီနားခဏလာဦး။
Sam မင္းကို ခိုင္းစရာေလးရွိလို႔"
"N..naee"
စာအုပ္ေတြစီေနေသာ Sam စီသို႔မသြားခင္
Baekhyun အေနာက္တံခါးဘက္ကို
ေနာက္တႀကိမ္ၾကည့္လိုက္ေသးသည္
သို႔ေသာ္... ေစာနက ေတြ႕ခဲ့ေသာ
အရိပ္ကေတာ့ ထိုေနရာတြင္ ရွိမေနေတာ့ပါ...
"Sam ကို ဒီစာအုပ္ေလးေတြ ေက်ာင္းေဆာင္သစ္က Library ကို သြားပို႔ေပးပါလား.. ဒီေန႔ စာသင္တဲ့လူကလည္း သားတေယာက္ပဲ ရွိတာဆိုေတာ့ အတန္းခ်ိန္ဖ်က္လိုက္ေတာ့မယ္"
" ေက်ာင္းေဆာင္ အသစ္က Library က စာအုပ္
မစံုေသးလို႔ မဖြင့္ေသးဘူး မဟုတ္လား Sam"
"မဖြင့္ေသးဘူးေလ အဲ့တာေၾကာင့္ ဒီမွာေသာ့ေပးလိုက္မယ္.. ကိုယ့္ဟာကိုယ္ ဖြင့္ၿပီးဝင္လိုက္ေတာ့။
ေနာက္ၿပီး ေက်ာင္းေဆာင္သစ္ဆိုေတာ့ လူရွိမွာမဟုတ္ေသးဘူး သား တေယာက္ထဲသြားရတာ ေၾကာက္ရင္ သူငယ္ခ်င္းတေယာက္ေယာက္ေခၚသြားလိုက္ ၾကားလား"
Advertisement
သူငယ္ခ်င္းကိုေခၚသြား ဆိုေသာ္
အတန္းထဲမွာမရွိတဲ့ Kai ကိုလည္း
ဖုန္းဆက္ေခၚပီး ဒုကၡေပးခ်င္ပါ...
Kai ကလြဲရင္လည္း
တျခားအကူညီေတာင္းစရာ သူငယ္ခ်င္း က မရွိ...
"ရတယ္ Sam.. ကိုယ့္ဟာကိုယ္ပဲသြားလိုက္ပါ့မယ္"
စာအုပ္ထုပ္ကို ပိုက္ကာ သြားရန္ျပင္ေနေသာ Baekhyun အား..
"ေနဦး Baekhyun"
"ဗ်ာ.."
" မင္း ေက်ာင္းကို အျပင္လူေတြ ေခၚမလာရဘူးလို႔ စည္းကမ္းထုတ္ထားတာသိတယ္မလား"
" ဟုတ္ သိပါတယ္"
" မင္းသိတယ္ဆိုရင္ ဘာလို႔ အျပင္လူကို
ေက်ာင္းကို ေခၚေခၚလာရတာလဲ"
Sam ရဲ႕ ထူးဆန္းေသာအေမးေၾကာင့္
Baekhyun ေၾကာင္စီစီျဖစ္သြားသည္
"ကၽြန္ေတာ္ တခါမွ ေခၚမလာဖူးပါဘူး Sam.."
"မင္း လူတေယာက္ကို ေခၚေခၚလာပါတယ္
ငါ အၿမဲအဲ့လူတေယာက္ကို
မင္းအေနာက္မွာေတြ႕တယ္။
ဟိုးတေခါက္ထဲက ငါ ေျပာမလို႔
မအားလို႔ မေျပာျဖစ္တာ"
Sam ၏ အသံက ေနာက္ေနသည့္ဟန္မဟုတ္..
သူတကယ္ျမင္ခဲ့သည္ကို ျပန္ေျပာျပေနသည့္ပံု
"ကၽြန္ေတာ္ တကယ္ ဘယ့္ကိုမွ မေခၚလာဘူး..Sam
ကၽြန္ေတာ့မွာ ေခၚရမယ့္သူလဲမရွိဘူး"
"မင္းမလိမ္နဲ႔ baekhyun .. ငါ မနက္ကေလးတင္ အဲ့လူကို မင္းအေနာက္မွာကပ္လိုက္လာတာ ေတြ႕လိုက္ေသးတယ္။ ငါက မင္း အကိုလို႔ေတာင္ ထင္တာ... မင္း တကယ္ မသိဘူးလား"
"ဗ်ာ... မ..မနက္က?"
Baekhyun ေခါင္းကို မိုးႀကိဳးပစ္ခံ ရသလို
တုန္လႈပ္သြားမိသည္။
မနက္က ဆိုေတာ့..
Jeon Shin က္ို သတ္သည့္သူမ်ားလား..?
*အိမ္ထဲက အိမ္ျပင္မထြက္နဲ႔ Baekhyun..
မင္းအတြက္ အႏၲရာယ္ရွိတယ္*
႐ုတ္တရပ္ ၾကားေယာင္လာေသာ
Sehun ရဲ႕စကားသံမ်ား။
Baekhyun ေျခလွမ္းမ်ား အလိုေလ်ာက္
ေနာက္သို႔ ဆုတ္လိုက္မိသည္။
ဒ..ဒီလူ ေက်ာင္းအထိေတာ့
မလိုက္လာႏိုင္ေလာက္ဘူးမလား..
........
............
အေနာက္ဘက္သို႔ မ်က္ႏွာမူထားေသာ
ေက်ာင္းေဆာင္ အသစ္ႀကီးသည္ ထင္ထားသည္ထပ္
ပို၍ လူရွင္းကာ တိတ္ဆိတ္ေနသည္
Baekhyun ျပန္ထြက္ေတာ့ အခ်ိန္က
ေန႔လည္ ၃ နာရီဝန္းက်င္ ရွိၿပီျဖစ္သည္။
အံုမႈိင္းေနေသာ ရာသီဥတုေၾကာင့္
ေနေရာင္ကိုေကာင္းစြာ မျမင္ရေခ်။
Baekhyun စာအုပ္မ်ားကို ေနရာခ်ၿပီေနာက္
Library ထဲမွ ခပ္သြက္သြက္ျပန္ထြက္လာခဲ့သည္
လူ တဦးတေယာက္မွ မရွိတဲ့ ေက်ာင္းေဆာင္ႀကီးက ေသခ်ာေပါက္ အႏၲရာယ္ရွိတယ္ ဆိုတာကို Baekhyun သိေနတာေၾကာင့္ျဖစ္သည္။
Library မွ ေကာ္ရဒါဆီသို႔ သြားသည့္လမ္းသည္
မီးမထြန္းထားတာေၾကာင့္ အနည္းငယ္ေမွာင္သည္
ပံုမွန္အခ်ိန္ဆို မသိသာေပမယ့္
အံုမႈိင္းေနေသာ ပတ္ဝန္းက်င္ႏွင့္
တစံုတခုကို ႀကိဳတင္ထိတ္လန္႔ေနေသာ
Baekhyun လို သူအတြက္ေတာ့ ေက်ာခ်မ္းစရာ ေနရာမ်ိဳးျဖစ္ေနမည္မွာ အေသခ်ာပင္...
႐ုတ္တရက္ ေလမ်ား တိုက္ခတ္လာသည္။
သစ္ပင္မ်ား လႈပ္ရမ္းသံႏွင့္အတူ
ဂ်က္မခ်ထားေသာ ျပတင္းေပါက္တခါးမ်ားက
တကၽြီကၽြီျဖင့္ လႈပ္ရွားကုန္ၾကသည္...
ေကာ္ရဒါေပၚမွ လွမ္းျမင္ေနရေသာ
ေဘာလံုးကြင္းသည္လည္း လူသူမရွိ
မဲတတ္လာေသာ ေကာင္းကင္ကို
ေမာ့ၾကည့္လိုက္မိေတာ့
အံု႕မႈိင္းေနေသာ တိမ္ညိဳတိမ္မဲမ်ားက
ေနေရာင္ကို အျပည့္ဝဖံုးကြယ္ေနၿပီျဖစ္သည္။
မိုးမရြာခင္ ကိုယ့္အေဆာင္ကိုယ္
ျပန္ေရာက္မွျဖစ္မည္ ဆိုေသာ အသိက
ေျခလွမ္းမ်ားကို လ်င္ျမန္ေစသည္
အတိုင္းအဆ မရွိ ရြာသြန္းလာေသာ
မိုးသည္ ပ်က္စီးျခင္း အသြင္ကိုေဆာင္သည္။
ေကာ္ရဒါေလွ်ာက္လမ္းရွိ အမဲေရာင္ခင္းထားေသာ ေႂကြျပားမ်ားသည္ မိုးပက္သည့္ဒဏ္ေၾကာင့္ စိုရႊဲကာ ေရအိုင္ေနသည္။
ေနအလင္းေရာင္မဲ့ကာ မိုးသည္းမဲစြာ ရြာေနေသာ ေကာင္းကင္ယံသည္ သိပ္မၾကာမီ အခ်ိန္တြင္ ဆက္တိုက္ လွ်ပ္စီးမ်ား လက္လာခဲ့သည္။
မိုးႀကိဳးပစ္သံမ်ားကလည္း မိုးသားတခုလံုး ၿပိဳက်ေတာ့မည့္အလား ကမာ႓ေျမတခြင္ ဖိန္႔ဖိန္႔တုန္ျခင္းကို စြမ္းႏိုင္ခဲ့သည္
စကၠန္႔ဝက္မွ်ပင္မၾကာေသာ လွ်က္စီးလပ္ျခင္း၏
အလင္းေရာင္သည္ Baekhyun အား
မျမင္သင့္သည့္ အရာတခုကို ျပသခဲ့သည္။
ထိုအရာက...
အေမွာင္ဘက္အျခမ္းတြင္ ရပ္ေနသည့္
လူရိပ္တခုပင္ ျဖစ္သည္....
_______________________________
ဖုန်းမှ မြည်လာသော alarm သံကြောင့်
Baekhyun အိပ်ယာမှနိုးလာခဲ့သည်။
ပြတင်းပေါက်ကိုဖြတ်ကျော်ကာ ဝင်ရောက်လာသည့် နေရောင်က မျက်နှာကိုထိုးနေသည်။
ညဘက် နှစ်ခြိုက်စွာ အိပ်မပျော်ခဲ့ခြင်းရဲ့
ရလဒ်က ခေါင်းကို စူးရွာ ထိုးကိုက်စေသည်။
မျက်နှာ သစ်ပြီး သိပ်မကြာခင် အခန်းတံခါးခေါက်သံနင့်အတူ အမေ့ရဲ့ အသံကိုပါ ကြားလိုက်ရသည်။
"Baekhyun နင် အခုချိန်ထိ မထသေးဘူးလား
ဘယ်အချိန်ရှိပြီလဲ.. အခုချက်ခြင်း အောက်ဆင်းလာခဲ့... ငါ့ကို မနက်စာ လာပြင်ပေး"
"Nae.."
အိမ်အောက်သို့ ပြန်ဆင်းသွားပြီဖြစ်သော အမေ့ခြေသံကို နားထောင်ပြီးနောက် Baekhyun သက်ပြင်းချလိုက်မိသည်။
အပြင်ထွက်ရင် အန္တရာယ်ရှိတယ်ဆိုပေမယ့်လည်း
ကျောင်းက မသွားလို့မှမဖြစ်တာ..
.......
...........
တိမ်ထူထပ်၍ နေရောင်ပင်
ကောင်းစွာမမြင်ရသော မနက်ခင်း။
အေးစက်သော လေပြေများက
တရိပ်ရိပ်တိုက်ခတ်နေသည်။
ချမ်းစိမ့်နေသော ရာသီဥတုက
ပတ်ဝန်းကျင်ကို မှိုင်းညှို့နေစေသည်။
နောက်ကျနေပြီဆိုသော အသိနှင့်
ခပ်မြန်မြန်လျှောက်ခဲ့သော ခြေလှမ်းများက
Advertisement
Baekhyun ကို ကျောင်းသို့
အချိန်တိုအတွင်းရောက်စေခဲ့သည်။
Baekhyun ဘေးမှ အရှိန်ဖြင့်
ဖြတ်မောင်းသွားသော ရဲကားများ..
တခုခုကို အလောကြီး နေပုံရသည်။
နားမလည်သော မျက်ဝန်းများဖြင့်သာ
Baekhyun လိုက်ကြည့်နေမိသည်။
ကျောင်းထဲမှာ ရဲကားတွေက ဘာဖြစ်လို့..?
ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိတော့
ကျောင်းထဲက လူများက ပုံမှန်ထပ်
ဆူညံလှုပ်ရှားနေကြသည်။
ဒီလောက် အေးနေတဲ့ အချိန်မျိုးမှာ
လေလုံသည့် အခန်းထဲတွင် မနေပဲ
အပြင်မှာ ပြေးလွှားနေကြသည်က
နည်းနည်းတော့ ထူးဆန်းနေသည်။
အတွေးစ တခုဖြင့် Baekhyun လမ်းလျှောက်လာရင်း
ကျောင်းဆောင်ရှေ့တွင် စုအုံနေကြသော
လူအစုအဝေးတခုကို Baekhyun
လှမ်းမြင်လိုက်ရသည်။
နေရာတခုကို အဝါရောင် ကြိုးတန်းများဖြင့်
တားမြစ်ထားပြီး လူအများက တစုံတခုကို
စူးစမ်းလိုနေကြသည်
ရဲများကလည်း ထိုလူအုပ်ကြီးကို
အခင်းဖြစ်သည့်နေရာသို့ မလာရန်
တင်းကြပ်စွာတားမြစ်နေကြသည်။
ဆူညံနေသော လူအုပ်ကြီးနှင့်
များပြားလှသော ရဲများ..
အေးချမ်းသော မနက်ခင်းသည်
ဆေးရုံကားသံ ၊ လူသံများဖြင့် ဆူညံနေသည်။
ဒီလောက် ဆူညံနေပုံထောက်ရင်
ဆိုးရွားတာတခုခုဖြစ်နေသည် ထင်သည်။
လူသတ်မှု့တော့ မဟုတ်ပါစေနဲ့ ဟု ကြိတ်ဆုတောင်းရင်း Baekhyun ကျော်လာခဲ့လိုက်သည်။
အခုချိန်ထိ ဘယ်သူဘာဖြစ်တယ်ဆိုတာကို
Baekhyun အတိကျမသိသေး..
သိစရာလည်း မလိုလောက်ဘူးဟု ထင်တာကြောင့်
မမေးခဲ့ခြင်းဖြစ်သည်။
....
.......
အတန်းထဲဝင်တော့ အခန်းထဲတွင် လူမရှိ..
လူတွေအကုန်လုံး အမှု့ဖြစ်တဲ့နေရာကို
သွား၍ စပ်စုနေကြပုံရသည်။
ကိုယ်နဲ့လည်း သိပ်မဆိုင်တာကြောင့်
လုပ်စရာရှိတဲ့ စာကို လုပ်ရင်း
စာသင်မည့် ဆရာမ အလာကိုသာ
ထိုင်စောင့်နေလိုက်သည်။
သိပ်မကြာခင်တော့ လာကြပါလိမ့်မယ်... ဟူသော
အတွေးတခုဖြင့်သာ။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို စတင်ဖြိုခွဲလိုက်သည်က အနောက်ဘက်မှ ကြားရသော ခြေသံသဲ့သဲ့ပင်...
စာအုပ်ဖတ်ရင်း ခြေသံကြောင့် Baekhyun လှည့်ကြည့်လိုက်သော်လည်း လှမ်းမြင်နေရသော တံခါးပေါက်တွင် မည်သူ တစ်ဦးတယောက်မှ ရှိမနေခဲ့ပါ..
ဖွင့်ထားတဲ့ ပြတင်းပေါက်က
ငှက်တွေ ဘာတွေများလား...?
မသိုးမသန့်ခံစားချက်နှင့်အတူ Baekhyun တဖက်သို့ ပြန်လှည့်ကာ စာဆက်လုပ်နေလိုက်သည်
ထိုင်နေပြီးသိပ်မကြာမီ ကျောဘက်မှ တစ်စုံတယောက်က စိုက်ကြည့်နေသည်ဟူသော ခံစားချက်က သိသိသာသာ ကျောချမ်းလာစေသည်၊
ရုတ်တရက် အေးခနဲ ဖြတ်ပြေးသွားသော အအေးလှိုင်းကြောင့် လက်ဖျားများက ထူးဆန်းစွာ အေးစက်လာသည်။
အသက်ရှူလိုက်တိုင်း ထွက်လာသည့် အအေးငွေ့နှင့်အတူ မျက်ဝန်းများက ပြာဝေလာသည်။
ကျယ်ဝန်းသော ကော်ရဒါနှင့် တံခါးပေါက် အကွယ်လေးနားက ရှိနေသည့် အရိပ်ကို လက်ထဲက စာအုပ်ကို ချ၍ ကြောင်အစွာဖြင့် Baekhyun လှမ်းကြည့်နေမိသည်။
-
-
-
"Baekhyun"
အနောက်ဘက်တံခါးသို့ အာရုံရောက်နေစဉ် ရုတ်တရပ်ခေါ်သံကြောင့် Baekhyun ဆက်ခနဲ လှည့်ကြည့်လိုက်မိသည်။
အတန်းရှေ့နားကနေ လှမ်းခေါ်နေသည့် Sam..
အနောက်ဘက်တံခါးကို အာရုံစိုက်နေသည့် Baekhyun အား ထူးဆန်းစွာ ကြည့်နေသည်
"ဘာကို အဲ့လောက် အာရုံစိုက်နေလို့ ငါခေါ်တာတောင် မကြားရတာလဲ"
"ဘ..ဘာမှ မဟုတ်ပါဘူး "
Baekhyun ရဲ့ အဖြေကို မယုံသင်္ကာဖြင့်
စူးစမ်းပြီးနောက်...
"အေး.. ဘာမှမလုပ်ရင် ဒီနားခဏလာဦး။
Sam မင်းကို ခိုင်းစရာလေးရှိလို့"
"N..naee"
စာအုပ်တွေစီနေသော Sam စီသို့မသွားခင်
Baekhyun အနောက်တံခါးဘက်ကို
နောက်တကြိမ်ကြည့်လိုက်သေးသည်
သို့သော်... စောနက တွေ့ခဲ့သော
အရိပ်ကတော့ ထိုနေရာတွင် ရှိမနေတော့ပါ...
"Sam ကို ဒီစာအုပ်လေးတွေ ကျောင်းဆောင်သစ်က Library ကို သွားပို့ပေးပါလား.. ဒီနေ့ စာသင်တဲ့လူကလည်း သားတယောက်ပဲ ရှိတာဆိုတော့ အတန်းချိန်ဖျက်လိုက်တော့မယ်"
" ကျောင်းဆောင် အသစ်က Library က စာအုပ်
မစုံသေးလို့ မဖွင့်သေးဘူး မဟုတ်လား Sam"
"မဖွင့်သေးဘူးလေ အဲ့တာကြောင့် ဒီမှာသော့ပေးလိုက်မယ်.. ကိုယ့်ဟာကိုယ် ဖွင့်ပြီးဝင်လိုက်တော့။
နောက်ပြီး ကျောင်းဆောင်သစ်ဆိုတော့ လူရှိမှာမဟုတ်သေးဘူး သား တယောက်ထဲသွားရတာ ကြောက်ရင် သူငယ်ချင်းတယောက်ယောက်ခေါ်သွားလိုက် ကြားလား"
သူငယ်ချင်းကိုခေါ်သွား ဆိုသော်
အတန်းထဲမှာမရှိတဲ့ Kai ကိုလည်း
ဖုန်းဆက်ခေါ်ပီး ဒုက္ခပေးချင်ပါ...
Kai ကလွဲရင်လည်း
တခြားအကူညီတောင်းစရာ သူငယ်ချင်း က မရှိ...
"ရတယ် Sam.. ကိုယ့်ဟာကိုယ်ပဲသွားလိုက်ပါ့မယ်"
စာအုပ်ထုပ်ကို ပိုက်ကာ သွားရန်ပြင်နေသော Baekhyun အား..
"နေဦး Baekhyun"
"ဗျာ.."
" မင်း ကျောင်းကို အပြင်လူတွေ ခေါ်မလာရဘူးလို့ စည်းကမ်းထုတ်ထားတာသိတယ်မလား"
" ဟုတ် သိပါတယ်"
" မင်းသိတယ်ဆိုရင် ဘာလို့ အပြင်လူကို
ကျောင်းကို ခေါ်ခေါ်လာရတာလဲ"
Sam ရဲ့ ထူးဆန်းသောအမေးကြောင့်
Baekhyun ကြောင်စီစီဖြစ်သွားသည်
"ကျွန်တော် တခါမှ ခေါ်မလာဖူးပါဘူး Sam.."
"မင်း လူတယောက်ကို ခေါ်ခေါ်လာပါတယ်
ငါ အမြဲအဲ့လူတယောက်ကို
မင်းအနောက်မှာတွေ့တယ်။
ဟိုးတခေါက်ထဲက ငါ ပြောမလို့
မအားလို့ မပြောဖြစ်တာ"
Sam ၏ အသံက နောက်နေသည့်ဟန်မဟုတ်..
သူတကယ်မြင်ခဲ့သည်ကို ပြန်ပြောပြနေသည့်ပုံ
"ကျွန်တော် တကယ် ဘယ့်ကိုမှ မခေါ်လာဘူး..Sam
ကျွန်တော့မှာ ခေါ်ရမယ့်သူလဲမရှိဘူး"
"မင်းမလိမ်နဲ့ baekhyun .. ငါ မနက်ကလေးတင် အဲ့လူကို မင်းအနောက်မှာကပ်လိုက်လာတာ တွေ့လိုက်သေးတယ်။ ငါက မင်း အကိုလို့တောင် ထင်တာ... မင်း တကယ် မသိဘူးလား"
"ဗျာ... မ..မနက်က?"
Baekhyun ခေါင်းကို မိုးကြိုးပစ်ခံ ရသလို
တုန်လှုပ်သွားမိသည်။
မနက်က ဆိုတော့..
Jeon Shin က်ို သတ်သည့်သူများလား..?
*အိမ်ထဲက အိမ်ပြင်မထွက်နဲ့ Baekhyun..
မင်းအတွက် အန္တရာယ်ရှိတယ်*
ရုတ်တရပ် ကြားယောင်လာသော
Sehun ရဲ့စကားသံများ။
Baekhyun ခြေလှမ်းများ အလိုလျောက်
နောက်သို့ ဆုတ်လိုက်မိသည်။
ဒ..ဒီလူ ကျောင်းအထိတော့
မလိုက်လာနိုင်လောက်ဘူးမလား..
........
............
အနောက်ဘက်သို့ မျက်နှာမူထားသော
ကျောင်းဆောင် အသစ်ကြီးသည် ထင်ထားသည်ထပ်
ပို၍ လူရှင်းကာ တိတ်ဆိတ်နေသည်
Baekhyun ပြန်ထွက်တော့ အချိန်က
နေ့လည် ၃ နာရီဝန်းကျင် ရှိပြီဖြစ်သည်။
အုံမှိုင်းနေသော ရာသီဥတုကြောင့်
နေရောင်ကိုကောင်းစွာ မမြင်ရချေ။
Baekhyun စာအုပ်များကို နေရာချပြီနောက်
Library ထဲမှ ခပ်သွက်သွက်ပြန်ထွက်လာခဲ့သည်
လူ တဦးတယောက်မှ မရှိတဲ့ ကျောင်းဆောင်ကြီးက သေချာပေါက် အန္တရာယ်ရှိတယ် ဆိုတာကို Baekhyun သိနေတာကြောင့်ဖြစ်သည်။
Library မှ ကော်ရဒါဆီသို့ သွားသည့်လမ်းသည်
မီးမထွန်းထားတာကြောင့် အနည်းငယ်မှောင်သည်
ပုံမှန်အချိန်ဆို မသိသာပေမယ့်
အုံမှိုင်းနေသော ပတ်ဝန်းကျင်နှင့်
တစုံတခုကို ကြိုတင်ထိတ်လန့်နေသော
Baekhyun လို သူအတွက်တော့ ကျောချမ်းစရာ နေရာမျိုးဖြစ်နေမည်မှာ အသေချာပင်...
ရုတ်တရက် လေများ တိုက်ခတ်လာသည်။
သစ်ပင်များ လှုပ်ရမ်းသံနှင့်အတူ
ဂျက်မချထားသော ပြတင်းပေါက်တခါးများက
တကျွီကျွီဖြင့် လှုပ်ရှားကုန်ကြသည်...
ကော်ရဒါပေါ်မှ လှမ်းမြင်နေရသော
ဘောလုံးကွင်းသည်လည်း လူသူမရှိ
မဲတတ်လာသော ကောင်းကင်ကို
မော့ကြည့်လိုက်မိတော့
အုံ့မှိုင်းနေသော တိမ်ညိုတိမ်မဲများက
နေရောင်ကို အပြည့်ဝဖုံးကွယ်နေပြီဖြစ်သည်။
မိုးမရွာခင် ကိုယ့်အဆောင်ကိုယ်
ပြန်ရောက်မှဖြစ်မည် ဆိုသော အသိက
ခြေလှမ်းများကို လျင်မြန်စေသည်
အတိုင်းအဆ မရှိ ရွာသွန်းလာသော
မိုးသည် ပျက်စီးခြင်း အသွင်ကိုဆောင်သည်။
ကော်ရဒါလျှောက်လမ်းရှိ အမဲရောင်ခင်းထားသော ကြွေပြားများသည် မိုးပက်သည့်ဒဏ်ကြောင့် စိုရွှဲကာ ရေအိုင်နေသည်။
နေအလင်းရောင်မဲ့ကာ မိုးသည်းမဲစွာ ရွာနေသော ကောင်းကင်ယံသည် သိပ်မကြာမီ အချိန်တွင် ဆက်တိုက် လျှပ်စီးများ လက်လာခဲ့သည်။
မိုးကြိုးပစ်သံများကလည်း မိုးသားတခုလုံး ပြိုကျတော့မည့်အလား ကမာ႓မြေတခွင် ဖိန့်ဖိန့်တုန်ခြင်းကို စွမ်းနိုင်ခဲ့သည်
စက္ကန့်ဝက်မျှပင်မကြာသော လျှက်စီးလပ်ခြင်း၏
အလင်းရောင်သည် Baekhyun အား
မမြင်သင့်သည့် အရာတခုကို ပြသခဲ့သည်။
ထိုအရာက...
အမှောင်ဘက်အခြမ်းတွင် ရပ်နေသည့်
လူရိပ်တခုပင် ဖြစ်သည်....
No more waiting baekhyun..
I need to see you
Park Chanyeol
_______________________________
Advertisement
- In Serial33 Chapters
Piper
"It was one thing to find a harbor in a storm, and a complete other to expect that harbor to be safe." Piper Hayes has made it through three years of college at the University of Rhode Island basically unscathed - until the day her best friend, Molly, disappears from a job meant for Piper. Distraught, Piper lets herself fall into the company of a basically-unknown acquaintance, the impressive and charming Bash Rivera. Turns out, Molly's situation is the least of Piper's worries, and Bash doesn't quite manage to keep up his suave and sophisticated facade when events turn difficult. Mostly because, while he is trying to save her life, she spends all of her time afraid of him. Once Piper realizes her real enemy, she might find herself alone in her fight. If she manages to survive, just maybe she can graduate on time; more importantly, maybe she won't have driven away the one person who cares about her the way she cares about everyone else. IF YOU LIKE PIPER, READ THE OTHER FINISHED BOOKS IN THE EPIPHANIES SERIES: MARISSA AND AYLEE. OR COME READ THE COUNTERSIGN SERIES: NIGHTENGALE, [email protected], AND ALTAR EGO. PLEASE REVIEW - I VALUE YOUR INPUT!
8 76 - In Serial21 Chapters
A Castle in a Teacup
One might say that to anger forces beyond the ken of fragile breakable mortals is a bad idea, others might say that meddling in dark forces with little chance of gain is also a bad idea, they would both be right by on all counts but they forget to mention also how incredibly stupid combining both of those things are. Stupid people don’t last so long on the mystic side of things, normal folks who wander over to the other side have a tendency to do one of two things, either A. figure out that the best thing to do is keep their head down and not draw attention from any entity that refers to humanity as “you mortals” , or B. something horrifying happens to them. As you may have guessed I fell into the second category, mostly because I thought there was a third option. See I though there must be an option C, an option where I got to end up not as some shitty back ally wizard cowering at the chance of discovery, praying that one of my wards or spells wouldn’t be noticed by something that goes bump in the night. No I would be the one who rose above all that. I would never have to be afraid. Well I made a good attempt at it that’s for damn sure, but unfortunately for me it turns out there is not an option C. At least not for me…
8 99 - In Serial7 Chapters
The Voice in the Woods
Franca, daughter of a small noble family, has it all except for beauty. To gain it, she might strike a bargain with something she does not truly understand... nor might she understand the full extent of the price. A twisted fable about a deal with the devil - seven chapters to accompany us to Halloween.Updated daily.
8 135 - In Serial33 Chapters
Levia Codex
A VRMMORPG! The first volume of a book i wrote last year in a mixed style of Japanese Light Novel and Western young adult. I wrote the entire book in one shot, so I apologize for the chapters not being standard web novel length. On the bright side, it's a complete novel, so if you're F5, waiting for updates will be good ;) Plot: Oh no, our MC is stuck in a game! Quickly, gather a harem, explore the intricacies of a fantasy setting, find love, and escape! What do you mean the games difficulty is set to Nightmare + 1,000,000?
8 104 - In Serial5 Chapters
(On Hiatus - We'll Be Back) I will give up my heart for you - Pennywise x Reader
That day changed her life forever.That day a little 8 years old girl lost her father, her worst nightmare.That day she found a friend.That day she found love.(Warning: This won't be a real/normal love story)
8 59 - In Serial23 Chapters
Tu Itna Zaroori Kaise Hua??
peek into know it ....
8 95

