《S T R A N G E R》Part 12
Advertisement
တခြားလူတွေနဲ့မတူဘူး "
တယောက်ထဲသာ ကြိတ်ငိုရင်ငိုမယ် သူခံစားနေရတာတွေကို တခြားလူတွေကို မပြောပြတတ်ဘူး
နားထောင်နေသည်။
တကယ်လည်း Sehun အနေနဲ့
Baekhyun အကြောင်းက
ထပ်တော့ မမေးဖြစ်တော့...
"Kai အရှေ့က တယောက်က
Baekhyun မဟုတ်လား"
မေ့သွားလောက်တဲ့အထိ
မာကျောနေတတ်သည်။
ထိရှလွယ်သည်။ ခံစားလွယ်သည်။
"Kai "
မိန်းကလေးတယောက်က
Advertisement
......
အားဖြင့် ဆွဲဖယ်ခံလိုက်ရတာကြောင့်
ထိုမိန်းကလေး ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ရပ်လဲကျသွားသည်။
Baekhyun မျက်နှာပေါ်က မျက်ရည် အချို့တို့ကို ခပ်သွက်သွက် ဖယ်ရှားပစ်လိုက်ပြီးနောက်..
"မင်း ဘယ်လိုလုပ်ရောက်လာတာလဲ Kai"
"ငါ ရောက်နေတာတော့ ကြာပြီဟေ..
လမ်းမပေါ်မှာ လူမြင်မကောင်းအောင်
ရိုက်နေတဲ့ Love scene ကြောင့်
ကားပေါ်ကနေ ငုတ်တုတ်ထိုင်ကြည့်နေတာ"
Baekhyun ဘာမှ ဆက်မပြောတော့တာကြောင့်
Kai က ဟိုမိန်းကလေးဘက်ကို မေးငေါ့ပြကာ
"မင်းက သူနဲ့တွဲနေတာလား"
"မတွဲပါဘူး"
"ဒါဆိုသူက ဘာလို့.."
"ဒီအတိုင်းပဲ.. ဘာမှမဟုတ်ဘူး"
စကားစကို ဖြတ်ကာ မျက်နှာလွှဲသွားသော Baekhyun ကြောင့် Kai ဘာမှဆက်မပြောတော့..
မပြောချင်တော့တဲ့ ကိစ္စကြီးကို အတင်းကြပ်ထပ်မမေးချင်တော့တာကြောင့်ဖြစ်သည်။
ကြမ်းပြင်တွင် လဲကျနေသော Yuri ကို
Oh sehun က လက်မောင်းရင်းမှ
ဆွဲမ ကာ ထူပေးနေသည်။
" မင်းအခု လမ်းလျှောက်နိုင်သေးလား "
" ဟုတ် လျှောက်နိုင်ပါတယ်"
" မင်း အိမ်ကို တယောက်ထဲပြန်မှာလား "
Kang yuri ထံသို့ ဦးတည်၍ မေးလိုက်သော
အမေးသံ ကြောင့် Kai နဲ့ Baekhyun ရဲ့ အကြည့်တို့က
Sehun ဆီသို့ ကျရောက်သွားရသည်။
လွဲစရာမရှိ.. ဧကန်ပင် Sehun က
ထိုကောင်မလေးအား မေးနေခြင်းဖြစ်သည်။
"တ.. တယောက်ထဲပြန်မှာပါ"
Sehun ရဲ့ မျက်နှာထားကို ကြောက်လို့ထင့်..
ထိုမိန်းကလေးက အသံတုန်ရီစွာဖြင့် ပြန်ဖြေလေသည်
" တယောက်ထဲ မပြန်နဲ့..
ငါပြန်လိုက်ပို့ပေးမယ် "
"ရှင်.."
"ဟမ်.."
"ဟေ့ကောင်.."
ထိုမိန်းကလေး၏ အာမေဋိတ်အသံနှင့်အတူ
အနောက်မှ တပြိုင်နက်ထွက်လာသော
Baekhyun နှင့် Kai ရဲ့ အသံကြောင့်
Oh sehun မျက်နှာသေဖြင့် လှည့်ကြည့်လာသည်။
" မင်းကားနဲ့ သူ့ကို ခေါ်လာလို့ ရမလား Kai "
"မရဘူး.."
ပြတ်သားလှသော Kai ရဲ့ အဖြေကြောင့် အနောက်က မိန်းကလေးးမျက်နှာ ရှုံ့မဲ့သွားသည်။
"အင်း.. အဲ့တာဆို ငါ ဒီနေရာမှာပဲ ဆင်းနေခဲ့လိုက်မယ်။
မင်း Baekhyun ကိုပဲ အိမ်ပြန်ပို့ပေးလိုက်တော့..
ဒီမိန်းကလေးကို ငါ့ဟာငါပဲ ပြန်လိုက်ပို့ပေးလိုက်မယ်"
လျင်မြန်သော Sehun က ထိုမိန်းကလေးကို လိုက်ပို့ရန် Taxi ပင်ငှားဖို့ လုပ်နေပြီဖြစ်တာကြောင့်..
"နေပါဦး သူ့အိမ်ကို သူ့ဟာသူ လမ်းလျှောက်ပြန်မှာပေါ့ မင်းက ဘာလို့ ပို့ချင်နေရတာလဲ"
" သူ့ကို ဒီမှာတယောက်ထဲ ထားခဲ့လို့ မဖြစ်လို့"
" ဘာလို့မဖြစ်ရမှာလဲ"
စကားရှည်လှသော Kai ကြောင့် Oh sehun စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
"ဒီမိန်းကလေးမှာ အန္တရာယ်ရှိနေတယ်"
အေးစက်နေသော Sehun ရဲ့ အဖြေက ပတ်ဝန်းကျင်ကို ယုတ်ချည်းတိတ်ဆိတ်သွားစေသည်။
လေပြေအေးတို့ကလည်း
ငြိမ်သက်လျက်...
" အဲ့မိန်းကလေးက အန္တရာယ်များတဲ့အရာတစ်ခုကို စ လိုက်မိပြီ...တခုခုဖြစ်တော့မှာ ငါကြိုသိနေတယ်။
အဲတာကို ငါ ရအောင်တားရမယ် Kai..
ပထမ တကြိမ်ကို ငါ မတားလိုက်နိုင်ပေမယ့်
ဒီတခေါက်တော့ ငါသေချာပေါက်တားမှဖြစ်မယ်"
အံကြိတ်ရင်း ပြောနေသော Sehun ရဲ့စကားသံကို
အနောက်က မိန်းကလေး မကြားနိုင်လောက်ပေမယ့်
ဘေးတွင် ရှိသော Baekhyun ကတော့ ပြတ်သားစွာကြားနေရသည်။
ဒီနေ့မှ Sehun ရဲ့ မျက်ဝန်းတွေက
ထူးဆန်းစွာ နီရဲနေသည်။
သူ့ပုံစံက တစုံတခုကို စိုးရိမ်နေသည့်ဟန်..
"ဘာက အန္တရာယ်ရှိတာလဲ Doctor"
Baekhyun အမေးကြောင့် ဆက်ခနဲ လှည့်ကြည့်လာသော Sehun ရဲ့ အကြည့်တို့သည် စူးရှလွန်းသည်။
ခပ်ယဲ့ယဲ့ အပြုံးတခုနှင့်အတူ ပြောလာသော
Sehun ရဲ့ အဖြေသည် Baekhyun ကို
တွေဝေသွားစေသည်။
Sehun ပြောခဲ့သော အဖြေက...
"မင်း သိပ်မကြာခင် သိလာရတော့မှာပါ" တဲ့...
.........
................
လူတစ်ယောက်ပေါင်ပေါ်တွင် ခွလျက်
မျက်နှာချင်းဆိုင် ထိုင်နေသော Baekhyun..
ထိုသူက အဝတ်မဲ့နေသော Baekhyun ခန္ဓာကိုယ်ကိုရမ္မက်ကြီးစွာ စိုက်ကြည့်ရင်း နက်နက်နဲနဲပြုံးနေသည်။
သိပ်မကြာခင် ထိုသူ၏ နှုတ်ခမ်းများက Baekhyun တကိုယ်လုံးအနှံ ခပ်ပြင်းပြင်း နမ်းရှိုက်လာပြီး
လက်များက Baekhyun ခါးအား
နူးညံ့စွာ ဖက်တွယ်ထားသည်။
စွဲလန်းစရာကောင်းသော အထိအတွေ့...
လျှာဖျားလေးများ၏ ခပ်နွေးနွေးအထိတွေ့က
ခန္ဓာကိုယ် အနှံ ဖြတ်ပြေးနေတာကြောင့် Baekhyun ခေါင်းမော့၍ ခပ်တိုးတိုး ငြီးမိသည်။
ရုန်းထွက်ရန် ခက်ခဲသော သူ့ နွေးထွေးမှု့များက
အသွေးသားများကို စိတ်ကြိုက်ခြယ်လှယ်နေသည်
သူ့လက်များဖြင့် ညစ်ကိုင်ခြင်း ခံထားရတဲ့
တင်စိုင်များက နီရဲကာ နာကျင်နေပေမယ့်
လွှတ်ပေးဖို့ Baekhyun မတောင်းဆိုမိ.
ကျွမ်းကျင်လှသော သူ့အထိတွေ့ကြောင့် Baekhyun စိတ်က တိမ်စိုင်များထဲ လွှင့်မြောနေရသည့်နှယ်..
ဘာလို့ အဲ့လောက်တောင် ရူးသွပ်စေရတာလဲ..?
Advertisement
သူ့ ကိုယ်ပေါ်ကနေ လည်ပင်းကို သိုင်းဖက်ကာ
ခါး ဆန့်ရင်း ငြီးနေသော ကျွန်တော့အား
သူက သဘောကျသည့်ဟန် ပြုံး၍
ကျွန်တော့ မျက်နှာ အမူရာကို အသေးစိတ်
လိုက်ကြည့်နေသည်
ကျွန်တော် ရှက်ရွံစွာ မျက်နှာလွဲမိတော့
ထိုသူက စိုက်ကြည့်ရင်း အသံတိတ်ပြုံးသည်..
ကြားနေရသည့် သူ့အသက်ရှူသံ ပြင်းရှရှများကြား
မျက်လုံးများကို ပြန်မှိတ်လိုက်ရင်း
လှုပ်ရှားနေသော စိတ်အစဉ်ကို
အတတ်နိုင်ဆုံးထိန်းချုပ်ဖို့ အားစိုက်နေရင်း....
ရုတ်တရက် ခံစားလိုက်ရသော
အေးစက်စက် အထိအတွေ့..
ကျွန်တော် မျက်လုံးများကို ဖွင့်ကြည့်လိုက်မိသည်..
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နှင့်အတူ
ပိုင်ရှင်မရှိ ဘယ်ကရောက်လာမှန်းမသိသော
သွေးများ ကျွန်တော်ရော သူ့ ကိုယ်ပေါ်မှာပါ
လောင်းချခြင်းခံထားရသည့်နှယ် နီရဲနေသည်။
နှာခေါင်းထဲတိုးဝင်လာသော ညှီစို့စို့အနံနှင့်အတူ
ချွဲပြစ်ပြစ်အရည်တွေ..
မသဲကွဲသော မြင်ကွင်းတွင်
သူကသွေးများ စိုရွှဲနေသည့်ကြားမှ
ကြောက်မက်ဖွယ်ပြုံးနေသည်
ကျွန်တော်က တုန်လှုပ်သွားသော်လည်း
သူက ဂရုမစိုက်ဟန် သွေးများပေကျံနေသော
ကျွန်တော့ ခန္ဓာကိုယ်အား ဆက်၍နမ်းရှိုက်နေသည်..
ဒီတခါတော့ ကျွန်တော် ငြိမ်မခံမိ..
ကျွန်တော် သူ့ရင်ဘတ်များကို တွန်းပြီး
တားနေသော်လည်း သူ့ မျက်ဝန်းသေများက
ကျက်သီးထဖွယ်ကောင်းအောင် အေးစက်ဆဲပင်..
အပြုံးနုနုဖြင့် မလိုက်ဖက်အောင်ကို
တင်းကြပ်စွာ ဖက်ခံထားရသော ခါးက
သူ့ကြောင့် နာကျင်စ ပြုတာလာသည်။
"ခ..ခဏလေး..အ့"
အခြေနေက မြန်ဆန်စွာပင်..
ကျွန်တော် တွန်းထားသည့်ကြားမှ သူက
နှုတ်ခမ်းများကို ပြတ်ထွက်လုမတတ် ငုံခဲလာသည်။
နာတယ်...
ကြမ်းတမ်းလွန်းသော သူ့ အနမ်းများကြောင့် ကျွန်တော့ နှုတ်ခမ်းများ နာကျင်လာရသည်။
ဟင့်အင်း.. ဒီအခြေနေကြီးကို မကြိုက်ဘူး..
သူ..သူ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ...
"တော်ပါတော့ အားး!!"
ငုံခဲခံထားရသော နှုတ်ခမ်းများအား
သွားကိုအသုံးချကာ ကိုက်ပစ်လိုက်တာကြောင့်
ငယ်သံပါအောင် အော်မိသူက ကျွန်တော်..
အသည်းခိုက်လု မတတ် နာကျင်မှု့နဲ့အတူ
နှုတ်ခမ်းက သွေးများကလည်း
လည်ပင်းတလျှောက်စီးကျလာသည်။
မျက်ရည်များဝဲကာ ရပ်ပေးရန် ရုန်းကန်နေသော်လဲ
သူကတော့ အေးစက်စွာ ကျွန်တော့ လက်များကို ဖိချုပ်ရင်း သူ့အလုပ်သူ ဆက်လုပ်နေသည်..
နာကျင်လှပါပြီ ရပ်တန့်ပေးပါတော့..
ကျေးဇူးပြုပြီး...............
"ဂျိမ်းးး!!"
ရုတ်တရက် ကြားလိုက်ရသော မိုးခြိမ်းသံကြောင့် Baekhyun အိပ်ယာကနေ လန့်နိုးလာခဲ့သည်။
ကြောက်လန့်စရာကောင်းသော အိပ်မက်ဆိုးကြောင့် Baekhyun တကိုယ်လုံးချွေးများရွှဲနစ်ကာ
မောဟိုက်နေသည်။
ဘယ်လိုအိပ်မက်မျိုးက သူ့ကို အိပ်ယာကနိုးသည့်တိုင် မောဟိုက်စေသည်တဲ့လဲ..
Baekhyun ခန္ဓာကိုယ်ပေါ်က ဆောင်ကို ဆွဲခွါပစ်ပြီး
ခေါင်းရင်းတွင်ရှိသော ရေပုလင်းကို တဝ မော့သောက်ပစ်မိသည်။
တရေးရေးပြန်ပေါ်လာသော အိပ်မက်ထဲက ပုံရိပ်များက ပြတ်သားလွန်းနေသည်။
လူတစ်ယောက်...
သွေးပျက်ဖွယ်အပြုံးနဲ့...
ထိတ်လန့်ဖွယ် သွေးညှီနံ့တွေ...
စိတ်ရှုပ်စွာ ဆံပင်များကို ဆွဲဖွခဲ့သော်လည်း
လေးပင်နေသည့် စိတ်များက ပေါ့ပါးမသွား..
သွေးတွေ....
သွေးတွေ ခန္ဓာကိုယ်အနှံပေကျံနေသော ထိုလူကို
Baekhyun တနေရာရာမှာ သေချာစွာရင်းနှီးနေသည်
ထိုသူရဲ့အပြုံးကိုလည်း Baekhyun ရင်းနှီးနေသည်။
ဘယ်တုန်းက ရင်းနှီးခဲ့တယ်ဆိုတာကို
Baekhyun စဉ်းစားမရ..
အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ သွေးတွေနဲ့ လူက
Baekhyun အတွက် အန္တရာယ်တခုခု ဖြစ်တော့မယ်ဆိုတာကို ရည်ညွှန်းနေတာများလား...?
Baekhyun နာရီကို ကြည့်လိုက်တော့
အချိန်က ည ၁၂နာရီခွဲ..
မှောင်မဲနေသော ညအချိန်နှင့်အတူ
အပြင်ဘက် ပတ်ဝန်းကျင်မှာလည်း
မိုးများသည်းထန်စွာ ရွာသွန်းနေသည်။
ဒီနေ့ကျမှ Baekhyun အမေဖြစ်သူကလည်း
ကိစ္စရှိလို့ အိမ်ပြန်မလာချေ..
ပုံမှန်ညမျိုးဆို အိမ်မှာ တယောက်ထဲ
ကျန်ရစ်ခဲ့တာ အဆန်းမဟုတ်သော်လည်း
ယခုညကျမှ Baekhyun စိတ်က
ထူးဆန်းစွာ တစုံတခုကို ကြောက်လန့်နေမိသည်
အိပ်မက်ကြောင့်များလား..?
"Duuu Duuu Duuu"
မမျှော်လင့်ပဲ မြည်လာသော ဖုန်းသံကြောင့်
Baekhyun လက်ဖျားများ တုန်ရီသွားသည်။
သေချာနေတာတခုက ဒီလိုညအချိန်ကြီး
Baekhyun ဖုန်းကို ဆက်မည့်သူမရှိပါ..
ဒါဆို ဘယ်သူကများ...
တုန်ရီနေသော လက်များဖြင့် ဖုန်းကို ခပ်တင်းတင်းဆုပ်ကာ Answer ခလုတ်ကို အားတင်း၍နှိပ်လိုက်သည်
"Hello Baekhyun"
တဖက်လူရဲ့ အသံသည် မောဟိုက်နေပြီး တစုံတခုကို အကြီးကျယ် စိုးရိမ်နေသည့် ပုံပေါ်သည်။
"Hello.. ဘယ်သူလဲ"
Baekhyun အသံများလည်း ထိန်းထားသည့်ကြားမှ အနည်းငယ် တုန်ရီနေသည်။
"Baekhyun.. ငါ Oh sehun.."
"Doctor ဒီအချိန်ကြီးကျမှ ဘာကိစ္စရှိလို့..."
"Baekhyun မင်းအခု အိမ်မှာမလား"
"N..Nae အိမ်မှာပါ"
"ဟုတ်ပြီ.. အိမ်မှာဆိုရင် ကျေးဇူးပြုပြီး အိမ်ထဲကအိမ်ပြင်လုံးဝမထွက်နဲ့ Baekhyun.. တံခါးတွေ သေချာပိတ် အခန်းမီးပိတ်ပြီး အခန်းထဲမှာပဲ တိတ်တိတ်လေးနေနော် Baekhyun အပြင်လုံးဝမထွက်နဲ့နော် Baekhyun.. ငါပြောတာ နားလည်လား"
အသက်ကို အလုယက်ရှူကာ သတိပေးနေသော
Sehun သည် တခုခုကို ကြိုသိထားသည့်ဟန်..
"ဘာလို့လည်း Doctor.. ဘာလို့ ကျွန်တော်က အခန်းထဲမှာ ပုန်းနေရမှာလဲ။ Doctor ဘာတွေ သိထားတာလဲ ကျွန်တော့ကိုပြောပြပါ"
"ငါ မင်းကို အခုရှင်းပြဖို့ အချိန်မရှိသေးဘူး Baekhyun အရေးကြီးတာက သူ အခုမင်း အဲ့အိမ်မှာ ရှိနေတယ်ဆိုတာ မသိဖို့အရေးကြီးတယ်.. baekhyun
သူ မင်းကို လိုက်ရှာနေတယ် "
"သူ ဆိုတာ ဘယ်သူလဲ "
" သူ ဆို တာက Jeon Shin ကို သတ်တဲ့...... "
ပြတ်တောင်း ပြတ်တောင်းဖြစ်နေသော ဖုန်းလိုင်းသည် ရုတ်တရပ် ပြတ်တောက်သွားခဲ့သည်။
နောက် တကြိမ် ဖုန်းပြန်ခေါ်သော်လည်း Sehun ရဲ့ ဖုန်းက ဆက်သွယ်လို့ မရတော့ချေ...
Baekhyun ဖုန်းကို ကိုင်၍ ထိုနေရာတွင်သာ
မတ်တပ်ရပ်နေမိသည်။
Sehun နောက်ဆုံးပြောခဲ့သည့်စကားက နားထဲတွင် အကြိမ်ပေါင်းများစွာ ပဲ့တင်ထပ်လျက်...
ကျွန်တော့ကို ရှာနေတဲ့ သူဆိုတာက
Jeon Shin ကိုသတ်ခဲ့သည့်သူတဲ့..
ဘာဖြစ်လို့ သူက ကျွန်တော့ကို ရှာနေရသည်လဲ..?
Doctor ကကော ဘာလို့ ထိုသူ့ကို သိနေရသည်လဲ..?
ဘာကြောင့်လဲ...?
ပူထူနေအောင် စဉ်းစားပြီး သိပ်မကြာခင်
ခေါင်းထဲမှ ပေါ်လာသော အဖြေတခုက
နှလုံးခုန်နှုန်းအားလုံးကို ရပ်တန့်သွားစေခဲ့သည်။
ကျွန်တော်တယောက်ထဲသာ အကုန်သိနေခဲ့တာ..
ဟုတ်တယ်.. Jeon Shin သေဆုံး သည့်ည က
ကျွန်တော် အဲ့နေရာမှာရှိနေခဲ့တာကြောင့်
ကျွန်တော် တယောက်ထဲသာ လူသတ်သမားနဲ့
ထိပ်တိုက်တွေ့ခဲ့တာ..
ကျွန်တော် တယောက်ထဲသာ......
Jeon Shin ကိုသတ်တဲ့ လူသတ်သမား
အစစ်မှန်ကိုသိနေခဲ့တာ....
အဓိက မျက်မြင်သက်သေက
ကျွန်တော် တယောက်ထဲသာ..
အကုန်လုံးကို သိနေခဲ့တာက
ကျွန်တော် တယောက်ထဲသာ...
ဒါကြောင့် ဒ..ဒီလူ ကျွန်တော့ ကို နှုတ်ပိတ်ဖို့...
ဆက်မတွေးရဲလောက်အောင် တုန်လှုပ်မှု့နဲ့ တဆက်ထဲ ရက်စက်စွာ အသတ်ခံခဲ့ရသော
Jeon Shin ရဲ့ သွေးပျက်ဖွယ်ပုံရိပ်တွေက
မျက်လုံးထဲ တန်းစီပေါ်လာခဲ့သည်။
မဟုတ်မှလွဲရော
သ..သူ ကျွန်တော့ကိုလည်း Jeon Shin လို...............
"ဂျိမ်းး!!"
လျှပ်စီးလက်သံပြီး သိပ်မကြာမှီ
ကျယ်လောင်သော မိုးကြိုးပစ်သံက
ကောင်းကင်တခုလုံး လင်းထိန်သွားစေသည်။
မှောင်မဲနေသော ညအချိန်မှာ လေပြင်းများကလည်း
မုန်တိုင်းရှိသည့်အလား အပြင်းထန်တိုက်ခတ်နေသည်
သည်းထန်စွာ ရွာနေသော မိုးများကလည်း
ရပ်စဲသွားခြင်းအလျင်းမရှိ..
ညဉ့်နက်နက်ရဲ့ အခန်းငယ်လေးထဲမှာ ကြောက်လန့်နေသာ ကောင်လေးတယောက်ရှိခဲ့သလို......
မိုးများကြားထဲမှာ စိုရွှဲနေသော ခန္ဓာကိုယ်နှင့်အတူ
ခပ်ပြပြမီးလင်းနေသော အခန်းလေးကို
စူးရဲစွာ စိုက်ကြည့်ရင်း ပြုံးနေသော
သူတယောက်လည်း ရှိနေခဲ့သည်....
...........
အချိန်အခါမဟုတ်မိုးရွာတာဟာ
ရာသီဥတု ဖောက်ပြန်ခြင်းတမျိုးဆိုရင်..
သတ်ပစ်ချင်လောက်အောက် မုန်းနေရက်နဲ့
လက်ဖျားနဲ့တောင် မထိရက်တာက
ငါ့ရဲ့ စိတ်ဖောက်ပြန်ခြင်းတမျိုးပဲလား..
မင်း သိပ်ကံကောင်းတယ် Byun baekhyun..
အရမ်းဆိုးရွားတာ တခုကို မင်းငါ့မျက်စိရှေ့မှာ
ကျူးလွန်ခဲ့ပေမယ့် မင်း သေဒဏ်မကျခဲ့ဘူး..
ဒါက မင်းသိပ်တော်လွန်းလို့မဟုတ်ဘူး
ငါကိုယ်တိုင်က မင်းအပေါ်ရူးသွပ်သွားခဲ့မိလို့ပဲ..
Park Chanyeol
ဟောပြောပွဲအပြီးမှာ Sehun ကို
Kai ကားနှင့်ပြန်လိုက်ပို့ရသည်။
Kai ရဲ့ အဖေ Oversea ထွက်သွားသော အချိန်တခုအတွင်း ကျောင်းဟောပြောပွဲဖြစ်မြောက်ရေးအတွက် ကိစ္စအားလုံးကို Kai က သာ ဦးဆောင်၍ ဖြေရှင်းခဲ့ရသည်
ဟောပြောမည့်အချက်လက်များ၊ ဟောပြောမည့် ဆရာဝန်တွေရဲ့ ကိစ္စအရပ်ရပ်များကို Oh sehun က ကူညီတာဝန်ယူပေးခဲ့သည်။
ကြည့်မရတာမှန်ပေမယ့် ဟောပြောပွဲကိစ္စတွင် Sehun ကြောင့် Kai အတော်ပင် အဆင်ပြေချောမွေ့ခဲ့သည်။
ဟောပြောပွဲအစအဆုံး Kai နှင့် Sehun သာ ဦးဆောင်ခဲ့ရတာကြောင့် Kai နည်းတူ Sehun လည်းပင်ပန်းခဲ့သည်။ သို့သော် တခြားဆရာဝန်များကဲ့သို့ Sehun ဘက်က ရပိုင်ခွင့်ဟူ၍ တောင်းဆိုခြင်းတခုမရှိ ခဲ့..
အလုပ်တူတူလက်တွဲလုပ်ရင်း Kaiသိလိုက်ရတာက
ခပ်တင်းတင်းမျက်နှာထားနှင့် Sehun သည်
ရွှင်ရွှင်ပြပြ မပြုံးပြတတ်သည်ကလွဲလျှင်
သဘောထားပြည့်သောသူမျိုးဖြစ်သည်ဆိုတာကိုပင်..
အခုလည်း ကျောင်းမှာ လိုအပ်တဲ့အချက်လက်တွေကို စုရင်း ညနေစောင်းသွားတာကြောင့် Sehun ကို Kai အပြန်လိုက်ပို့ဖြင်းဖြစ်သည်။
"Baekhyun က မင်းနဲ့ ခင်တာ ကြာပြီလား"
ငြိမ်သက်နေသော နှစ်ဦးကြားတွင် ပထမဆုံး စကားဆိုလာသူက Sehun..
"မကြာသေးဘူး ငါ တရုတ်က ဒီကို ပြောင်းလာတော့မှ စခင်တာ လပိုင်းလောက်ပဲရှိသေးတယ်"
"Baekhyun ပုံစံက တမျိုးပဲနော်
တခြားလူတွေနဲ့မတူဘူး "
" Baekhyun က တော်တော်အနေအေးတာ..
အတန်းထဲမှာလည်း ဘယ်သူနဲ့မှစကားမပြောပဲ သူ့ဟာသူတယောက်ထဲပဲ နေနေတတ်တာ..
ငါနဲ့တောင် တခွန်းနှစ်ခွန်းလောက်ပဲပြောပြီး ကျန်တဲ့အချိန်က စာပဲလုပ်နေတာ "
"သူ အဲ့လောက် လူတွေနဲ့ ဝေးဝေးမှာ နေနေတာ သူ့မှာ စိတ်ဒဏ်ရာ တခုခုရှိမယ်ထင်တယ်.."
"အင်း Baekhyun က ခန့်မှန်းရခက်တယ်..
တယောက်ထဲသာ ကြိတ်ငိုရင်ငိုမယ် သူခံစားနေရတာတွေကို တခြားလူတွေကို မပြောပြတတ်ဘူူး
အနေအေးလွန်းတော့ ဘေးရောက်နေသလိုဖြစ်နေတာ.. သူ့ပုံစံလေးက အထီးကျန်ပြီး သနားဖို့လည်းကောင်းတယ်။ စကားနည်းပေမယ့် စိတ်ရင်းလေးတော့ ကောင်းရှာပါတယ် "
Sehun ခေါင်း တဆက်ဆက်ငြိမ့်ကာ
နားထောင်နေသည်။
"Baekhyun မှာ ရည်းစားရှိတယ်လို့ မင်းကြားမိလား"
Chanyeol hyung အတွက် လေ့လာထားသင့်သည်ဟု ထင်တာကြောင့် မေးလိုက်သော်လည်း
သူ မေးလိုက်တဲ့ မေးခွန်းက ထူးဆန်းသွားလို့ထင့်
Kai က နားမလည်သည့် ဟန်ဖြင့် လှည့်ကြည့်လာသည်။
တကယ်လည်း Sehun အနေနဲ့
Baekhyun အကြောင်းက
အဲ့လောက် စိတ်ဝင်စားစရာ အကြောင်းမရှိဘူးမလား...
" မရှိဘူးလို့တော့ ထင်တာပဲ.. သူ မိန်းကလေးနဲ့ ဆက်သွယ်တာတော့ တခါမှမမြင်ဖူးဘူး..."
Kai ရဲ့ အဖြေကို ခေါင်းငြိမ့်ပြလိုက်သည်။
ထပ်တော့ မမေးဖြစ်တော့...
လမ်းသွယ်လေးတခုကို ကားကွေ့ဝင်လိုက်တော့
Platform ပေါ်မှာ အနီရောင် အနွေးထည်ဝတ်ဆင်၍ လမ်းလျှောက်နေသော Baekhyun ကို လှမ်းတွေ့လိုက်ရသည်။ ပြီးတော့ မိန်းကလေးတစ်ဦး...
"Kai အရှေ့က တယောက်က
Baekhyun မဟုတ်လား"
Kai ကားကို အရှိန်လျော့လိုက်ပြီး
Sehun လက်ငြိုးထိုးပြရာသို့ လှမ်းကြည့်လိုက်သည်။
မိန်းကလေးတယောက်နှင့် မျက်နှာချင်းဆိုင်
စကားပြောနေသော Baekhyun..
သိပ်မကြာသော အခြေနေတခုတွင် Baekhyun က ထိုကောင်မလေးကို ကျောခိုင်းပြီး ထွက်သွားသည်။
ကောင်မလေးကတော့ အနောက်မှာ
ငိုယိုလျက်ကျန်ခဲ့လေသည်။
အဝေးက လှမ်းမြင်နေရသော ပုံစံအရ
Kai စိတ်ထင် baekhyun မျက်ရည်ဝဲနေသည်။
ဒီအချိန်မှာ ဘာအကြောင်းကြောင့်မှန်းမသိ ငိုနေသော Baekhyun ကို သူငယ်ချင်းတယောက်အနေနဲ့ သွားနှစ်သိမ့်ပေးသင့်လား..?
ဒါမှမဟုတ် သူ့မျက်ရည်တွေကို မမြင်ခဲ့သလိုဟန်ဆောင်ပြီး ကျော်သွားပေးသင့်လား..?
အတွေးတချို့ကြောင့် ခပ်လှမ်းလှမ်းက Baekhyun ကို ငေးကြည့်ရင်း Kai ငြိမ်နေမိသည်..
ဘေးတွင်ရှိသော Sehun ကိုတောင်
မေ့သွားလောက်တဲ့အထိ
Kai ရဲ့ စိတ်က Baekhyun ဆီသို့ရောက်နေသည်။
မျက်စိရှေ့က ဖြူဖွေးပြီး အကောင်သေးလွန်းတဲ့
သူငယ်ချင်းဖြစ်သူ Baekhyun...
စကားနည်းပြီး အနေအေးတဲ့ ကောင်လေးသည်
အပြုံးလှသလောက် အထီးကျန်ဆန်သည်။
နူးညံသည်ဟု ထင်ရသော ကောင်လေးသည်
တခါတရံမှာ Kai နားမလည်နိုင်လောက်တဲ့မထိ
မာကျောနေတတ်သည်။
ထိရှလွယ်သည်။ ခံစားလွယ်သည်။
သို့သော်... မျက်ရည်ကျမပြတတ်သူ
အဆိုးရွားဆုံးအခြေနေမှာတောင်
ဘာမှမဖြစ်သလို နေနိုင်သည်အထိ
Baekhyun က ဟန်ဆောင်ကောင်းလွန်းသည်။
"Kai "
ဘေးက Sehun ရဲ့ သတိပေးသံကြောင့်
Kai အတွေးစတို့ ပြတ်တောက်ကာ
လက်ရှိအခြေနေသို့ပြန်ရောက်သွားသည်။
Sehun မေးငေါ့ပြရာ နေရာသို့
လှည့်ကြည့်လိုက်တော့ မြင်ကွင်းက သိပ်မလှ..
မိန်းကလေးတယောက်က
Baekhyun ရဲ့ ခါးကို တင်းကြပ်စွာ ဖက်ထားပြီး Baekhyun ကလည်း ထိုကောင်မလေးရဲ့ လက်ကို ခါးမှဆွဲဖြုတ်နေသည်။
လမ်းလယ်ကောင်မှာတောင် အရှက်အကြောက်မရှိ လုပ်ရဲသော ထို မိန်းကလေးကိုလည်း အတော်ပင် ချဉ်သွားသည်။
စိတ်ပျက်ဖို့ကောင်းလွန်းသော မြင်ကွင်းကြောင့်
Kai မနေနိုင်တော့ဘဲ ကားပေါ်မှ ဆင်းကာ
အရှက်မရှိ အတင်းဖက်နေသော ထိုမိန်းမကို
ဂုတ်မဆွဲကိုင်၍ Baekhyun ထံမှ ဖယ်ထုတ်လိုက်ရတော့သည်။
......
Advertisement
- In Serial25 Chapters
Art book??
go look at the ugly art already
8 85 - In Serial34 Chapters
a piece of moon and the sunflower star
Just some poems, prose and thoughts. Whatever read it!!!I own all the drawings of this book.And please be ready to find some amazing mistakes because I'm not Shakespeare or Rupi Kaur.Thank you :)Btw cover is designed by me.#1 poetry#1 poetrybook#1 poetrycollection 27 June 2022#1 poem 18 Aug 2022
8 175 - In Serial42 Chapters
A little Kitty's journey though a random world
Hello - this story has been completly stopped for a long time, and while I had planned to continue - I have chosen to stop adding on to this story here. But FEAR NOT. For I have quite literally came back from the dead to write another story that will tie in a good portion of this story that I had already written - just, you know differently. So if any of you people still liked this story .... I HIGHLY RECOMMEND YOU NOT TO READ THE OTHER ONE. Because well reasons... So for those who have never read this crap story here, please proceed to my other story that may or may not come out. But seriously, the other story is not written the same way I was writing this one. You have been warned.
8 108 - In Serial16 Chapters
✨【DETOUR SEVEN】✨ // JJBA Villains
7 men from different timelines (and universes) took a slight detour at the end of their lives. Fate had taken an unexpected turn for them, transporting them to an entirely different time and world.Is this a second chance? Do second chances even exist in the first place?Read to find out how they adapt to their new lives, figuring out ways to blend into society in an entirely different universe.How will they survive in this society?ON HIATUS FOR NOW----[ A JJBA Villains fanfic]---JJBA and its characters belong to Hirohiko Araki.
8 114 - In Serial53 Chapters
Mr. Perfectly Fine ⚊ Enhypen Sunghoon Text AU [ #5 ]
"Hello, who is this?""I want a girlfriend that is perfectly fine and gorgeous as me""....""Well, as far as I can remember this is not a love hotline"".....""And as far as I also can remember, this is a hotline for Baskin Robbins, an ice cream shop, not for fucking boys who can't keep their hormones to themselves"☏ ⚊ ☏In which a famous idol grew jealous of his friends' love lives and tried to see his own luck by calling the first number their maknae had given to him.The girl who answered just came from a terrible break up and scared him at her never ending bitterness to the world and beyond.And this is the story for Ms. Miserable who may learn to say goodbye at Mr. Change of Heart with the arrival of Mr. Perfectly Fine in her life.
8 167 - In Serial24 Chapters
As Real As You And Me | Jordan Poole
In which 22 year old model, Renee Powers finds out that love is as real as her.In which 22 NBA player, Jordan Poole comes to the fact that he has another chance.
8 213

