《S T R A N G E R》Part 11
Advertisement
ကၽြီ.....!!
မြက်ပင်ရှည်များ...
"Ting Tong!!"
"Ting Tong!!"
ကြောက်သည်တော့မဟုတ်..
"မင်း ရောက်လာပြီလား.."
"Chanyeol hyung.."
"Chanyeol hyung"
တောင်းပန်ပါတယ် Hyung
ပြန်လာလို့မရဘူးလား"
နည်းတူ ပြတ်သားနေသည်။
"ဘာအတွက်လဲ.."
Advertisement
"မင်း သွားတော့.."
"Hyung.."
အတွက် အန္တရာယ်ရှိတယ်..
သဘောပေါက်လိုက်သည်..
Hyung အဆင်ပြေနေပေးပါ..
___________🦅____________
"Baekhyun sunbae"
လွယ်အိတ်ကို ဆွဲတင်ကာ
အဝေးမှ မိန်းကလေး တဦး
"ဟုတ်တယ်"
ဖြစ်နိုင်လျှင် Baekhyun ထိုကောင်မလေးနှင့် မပက်သက်ချင်ပါ..
"Yuri yaa"
"Nae"
"ကိုယ်တောင်းပန်ပါတယ်"
"Cha..yuu"
C h a n y e o l !! "
"C h a.. y u u"
အဲ့ ရီသံတွေ..
Advertisement
ဆိုးရွားလွန်းသည်။
ခါးသီးလွန်းသည်။
သို့သော်... တရိပ်ရိပ်တိုက်စားသွားသော အချိန်များကဒီရေလှိုင်းများကဲ့သို့ Baekhyun ရဲ့ မျှော်လင့်ချက်များကို အရောင်မှေးမှိန်သွားစေခဲ့သည်..
တဖြည်းဖြည်း သေချာလာတာတခုက
သူ Baekhyun ဆီကို ပြန်မလာတော့ဘူး.......
နင့်ခနဲ အောင့်တတ်လာသော
ဘယ်ဘက်ရင်အုံက နာကျင်မှု့ ကြောင့်
Baekhyun ရင်ဘက်ကို ခဏဖိထားလိုက်ရသည်။
ခပ်နွေးနွေးကျလာတဲ့ မျက်ရည်များက
ပါးပြင်တလျှောက် စိုရွှဲသွားစေသည်
၁၀နှစ်... ၁၀နှစ်ဆိုသည့်
အချိန်တခု ကြာသည့်တိုင်အောင်
Baekhyun ဘယ်လိုပဲကြိုးစားမေ့ခဲ့ မေ့ခဲ့
ထိုသူက Baekhyun ကို စိုးမိုးဆဲပင်ဖြစ်သည်...
"ဟင့်"
ငိုသံနှင့်အတူ Baekhyun ကို ခါးကို
ဖက်ထားသော လက်တစုံ..
Baekhyun လှည့်ကြည့်လိုက်တော့
ခုနက ကောင်မလေး Kang yuri..
"Yuri မင်းဘာလုပ်.."
"Sunbae Yuri တောင်းပန်ပါတယ်..
Yuri ကို ထပ်စဉ်းစားပေးလို့မရဘူးလား"
ခါးကို မလွှတ်ပဲ ငိုယိုကာ တောင်းပန်နေသော
ထိုမိန်းကလေးကြောင့် Baekhyun အတော်လေး စိတ်ပျက်မိသွားသည်။
"Kang Yuri မင်းကိုငါ စိတ်မတိုခင်
မင်းလက်ကို အခုချက်ချင်းလွှတ်ပါ.. "
လမ်းလယ်ကောင်တွင် လူမြင်မကောင်းအောင် ဖက်ထားတာကြောင့် Baekhyun အသံသည်
ရှက်စိတ်ဖြင့် တင်းမာစ ပြုနေပြီဖြစ်သည်။
"Sunbae nim.. Yuri တောင်းပန်.. အာာ့"
Baekhyun ခါးကို ဖက်ထားသော
ထိုမိန်းကလေး အား ဂုတ်မှာ ကိုင်၍
ဆွဲဖယ်လိုက်သူ တစ်ဦးရှိသည်..
ထိုသူကတော့ Kim Kai...
ကျွီ.....!!
ဖြည်းဖြည်းချင်း ပွင့်သွားသော ခြံတံခါးနှင့် အတူ
မှောင်မဲနေသော အိမ်ကြီးက Sehun အား
စောင့်ကြိုလျက်ရှိသည်။
ဒါက Park မိသားစု ရဲ့ စံအိမ်တော်ကြီးအား
ဆယ်နှစ်ကြာပြီးမှ Sehun ပထမဆုံးအကြိမ်
ပြန်ရောက်ခြင်းဖြစ်သည်။
ခြံအနှံ့ ထူထဲစွာပေါက်ရောက်နေသော
မြက်ပင်ရှည်များ...
ပြုပြင်မည့်သူမရှိ ကျိုးပဲ့နေသော ဒန်းငယ်လေး..
နေသူမရှိသည့်ဟန် သံကြိုးများဖြင့် သော့ခတ်ပြီး ပိတ်ထားသော တံခါးပေါက်များ...
လွန်ခဲ့သော ဆယ်နှစ်တုန်းက ကဲ့သို့ပင် ခမ်းနားစွာအထီးကျန်နေလျက်ရှိသည်...
မဟုတ်ဘူး လွန်ခဲ့သော ဆယ်နှစ်က Sehun ရောက်ခဲ့သော အိမ်ကြီးသည် အထီးကျန်နေခဲ့ယုံသာ..
ယခု အိမ်ကြီးက အထီးကျန်ခြင်းအပြင်
ခြောက်လှန့် ခြင်းတွေကပါ လွှမ်းမိုးနေသည်...
ဦးတည်ရာမဲ့ တိုက်ခတ်လာသော လေပြင်းများ
မှောင်ရီ ပြ နေမင်း နှင့်အတူအချိန်က ညနေ ၄နာရီခွဲ..
"Ting Tong!!"
အိမ်ရှေ့ တံခါးဝမှ Sehun တီးခတ်လိုက်သော
လူခေါ်ဘဲလ် အသံသည် အိမ်ကြီး၏ ပတ်ဝန်းကျင်အနှံ ပဲတင်ထပ်သွားသည်။
မိနစ် အတော်ကြာသည်အထိ အိမ်ကြီးထဲမှ တုန့်ပြန်မည့်သူမရှိ တိတ်ဆိတ်စွာ...
"Ting Tong!!"
နောက် တကြိမ် ထပ်မံ တီးခတ်လိုက်သည့်နောက်တွင် ဂလောက်ခနဲ ပွင့်သွားသော တံခါးကြောင့်
Sehun ကျောစိမ့်သွားသည်။
ကြောက်သည်တော့မဟုတ်..
မထင်မှတ်ထားတာကြောင့် လန့်သွားမိခြင်းသာ..
ပွင့်သွားသော တံခါးအား Sehun တွန်းဖွင့်ကာ
မှောင်မဲနေသော အိမ်ကြီးထဲသို့
တစ်လှမ်းခြင်းဝင်လာခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်က မှောင်မဲနေသော ဤအိမ်ထဲသို့ဝင်ရန် ကြောက်ရွံ့နေခဲ့ဖူးသော ကောင်လေးသည်
အခုချိန်မှာတော့ ခြေလှမ်းတို့က တွန့်ဆုတ်ခြင်း အလျင်းရှိမနေ..
ဧည့်ခန်းဘက်သို့ ဝင်လာခဲ့သည့်အလျောက် အလင်းရောင် ခပ်ပြပြကို Sehun လှမ်းမြင်နေရသည်။
အမဲရောင် စန္ဒာယားကြီးတစ်လုံးနှင့်
အနီရောင် ကထ္ထီပါဖြင့်ပြုလုပ်ထားသော
ရှေးဟောင်း ထိုင်ခုံများ.....
မြင့်မားသော ပြတင်းပေါက်မှ လိုက်ကာအမဲများက
ကြမ်းပြင်ထိ တွဲလောင်းချထားသည်။
ကြီးမားသော မိသားစု ဓါတ်ပုံကြီးက
ဧည့်ခန်းထဲတွင် ခန့်ညားစွာ...
"မင်း ရောက်လာပြီလား.."
အမှောင်ထဲမှ ထွက်လာသော အသံတစ်ခု..
လူကို ရှာမတွေ့သေးသော်လည်း အသံကိုကြားသည်နှင့် ဘယ်သူလဲဆိုတာ Sehun သိသည်။
"Chanyeol hyung.."
အခန်းရဲ့ ပြတင်းပေါက်ဘက်သို့မျက်နှာမူပြီး ဧည့်ခန်းကို ကျောပေးမတ်တပ်ရပ်နေသည့် Chanyeol...
Sehun ၏ ခေါ်သံကြောင့် လှည့်ကြည့်ရင်း..
လက်ထဲတွင် ဝိုင်ခွက်တခုကို ကိုင်ကာ အမှောင်ထဲမှ မီးရောင်အောက်သို့ ဝင်လာသည်။
"Chanyeol hyung"
မတွေ့တာ နှစ်ပေါင်းစွာကြာပြီဖြစ်တဲ့ အကိုဖြစ်သူကို
Sehun နောက်တကြိမ် ထပ်မံခေါ်မိသည်။
ထင်ထားတာထပ် Sehun အသံများ တုန်နေသည်။
တဦးတည်းသော သားဖြစ်သည့် Sehun အတွက် အသက်နည်းနည်းသာ ကြီးသော Chanyeol တို့ မောင်နှမ နှစ်ယောက်သည် Sehun ဘဝအတွက် အခင်တွယ်ရဆုံးသူ နှစ်ဦးဖြစ်ခဲ့သည်။
သို့သော် ဆိုးရွားသော အခြေနေကြောင့်
Noona ကို ဆုံးရှုံးခဲ့ရသည့် အပြင် Chanyeol hyung အတွက် ပါ ဘာမှ မကူညီပေးနိုင်ခဲ့သည့်အတွက် လွန်ခဲ့သော ဆယ်နှစ်လုံး နောင်တတွေနဲ့ Sehun ဖြတ်သန်းခဲ့ရသည်။
မိသားစု ကို ဆုံးရှုံးပြီးထဲက Chanyeol hyung ရဲ့ ဆိုးရွားသွားသော စိတ်အခြေနေကြောင့် မိဘတွေက Sehun ကို hyung နဲ့ တွေ့ခွင့်မပေးခဲ့..
တနေ့ကျရင် Hyung ရဲ့ စိတ်ရောဂါက ပျောက်အောင် ကုနိုင်ရမည်ဆိုတဲ့ ဆုံးဖြတ်ချက်တခုထဲနှင့်
မိဘနဲ့ ခွဲပြီး စိတ်ရောဂါဆရာဝန်တစ်ယောက်အဖြစ် ပြည်ပမှာ နှစ်ပေါင်းများစွာ အခြေချခဲ့သည်။
တောင်းပန်ပါတယ် Hyung
ခက်ခဲနေတဲ့ အချိန်တွေမှာ
ကျွန်တော် မရှိနေပေးနိုင်ခဲ့လို့..
အခု.. အခု ကျွန်တော် Hyung ကို ကူညီနိုင်ပြီ
ကျွန်တော် hyung ဘေးမှာ ရပ်တည်နိုင်တဲ့
ခွန်အားတွေ ရှိနေပြီ hyung..
ကျွန်တော် ငယ်ငယ်က ညီတစ်ယောက်အနေနဲ့
Noona အပေါ်မှာရော hyung အပေါ်မှာပါ
မကျေခဲ့တဲ့ တာဝန်အကြွေးတွေကို
ကျွန်တော် အခုပြန်ဆပ်ပါ့မယ်..
တခုပဲ.. hyung ကျွန်တော့ကို အရင်ကလို
ညီတစ်ယောက်အနေနဲ့ ပြန်လက်ခံပေးပါ..
"မင်း ဘာလို့ပြန်လာတာလဲ"
ပြတ်သားစွာ ထွက်လာသော အသံက Sehun ရဲ့ အတွေးစအားလုံးကို ပြတ်တောက်သွားစေခဲ့တယ်..
"ဘာလို့လဲ Hyung.. ကျွန်တော်
ပြန်လာလို့မရဘူးလား"
Sehun ရဲ့ အသံသည်လည်း Chanyeol
နည်းတူ ပြတ်သားနေသည်။
ဝိုင်ခွက်ထဲက အနီရောင်ဝိုင်များနဲ့ ထပ်တူညီစွာ
အဝေးတနေရာသို့ ငေးကြည့်နေသော
Chanyeol ရဲ့ မျက်ဝန်းများကလည်းနီဆွေးနေသည်။
"Hyung ကျွန်တော် တောင်းပန်ပါတယ်"
"ဘာအတွက်လဲ.."
အပြုံးတခုနဲ့ အတူ မေးလာသော Chanyeol..
မထီမဲ့မြင်ပြုံးသည့် အပြုံးမျိုးမဟုတ်..
လှောင်ပြောင်သယော်သည့် အပြုံးမျိုးလဲမဟုတ်..
ဖျော့တော့စွာ ခပ်ဆွေးဆွေးအပြုံးမျိုး..
"ကျွန်တော် Hyung ကို တစ်ယောက်ထဲ အမှောင် ထဲမှာ ထားခဲ့မိတဲ့အတွက်.."
အဖျားခတ်သွားသော စကားသံနှင့်အတူ..
ပြုံးနေသော Chanyeol နှုတ်ခမ်းများက
ယုတ်ချည်းရပ်တန့်သွားခဲ့သည်။
Chanyeol မျက်လုံးများ
အရောင်ပြောင်းသွားသည်ကို
Sehun သတိထားမိလိုက်သည်။
"မင်း သွားတော့.."
"Hyung.."
"ငါ မင်းကို သွားတော့လို့ ပြောနေတယ်လေ.."
စူးခနဲ လှည့်ကြည့်ရင်း ပြောလိုက်သော
Chanyeol အသံသည် တည်ငြိမ်နေသော်လည်း
မျက်ဝန်းတို့က ဒေါသရိပ် ဖုံးလွှမ်းနေသည်။
Sehun အခြေနေ တခုကို သဘောပေါက်သွားသည်..
Park Chanyeol ကို ဒီလို ကိုင်တွယ်လို့ မရပါ..
သူ့ စိတ်ရောဂါက တစ်ယောက်ထဲ ဖောက်ပြန်နေရာကနေ တခြားလူတွေကိုပါ ထိခိုက်စေတဲ့အထိ
ဆိုးရွားလာပြီဟု ဆိုနိုင်သည်။
ဒီတိုင်းဆို.. Baekhyun ဆိုတဲ့ကောင်လေး
အတွက် အန္တရာယ်ရှိတယ်..
မဟုတ်ဘူး.. Baekhyun ကိုတော့
သူ အန္တရာယ်ပေးမှာမဟုတ်ဘူး..
တကယ် အန္တရာယ်ရှိတာက Baekhyun ဘေးက
လူတွေသာဖြစ်တယ်ဆိုတာ Sehun
သဘောပေါက်လိုက်သည်..
မဖြစ်နိုင်မှန်းသိတယ် Hyung..
ဒါပေမယ့် ကျွန်တော် ခေါင်းမာစွာနဲ့ တောင်းဆိုပါရစေ
Hyung အဆင်ပြေနေပေးပါ..
Oh Sehun
___________🦅____________
နီညိုရောင် နေလုံးက အနောက်အရပ်မှ
မှိုင်ပြပြအလင်းပေးနေသည်။
Bus ကားဂိတ်မှ ဆင်းတိုင်း လျှောက်နေကြဖြစ်သည့်ဤ လူရှင်းနေသော လမ်းသည် Baekhyun အတွက်တော့ အဆန်းမဟုတ်..
သစ်ပင်တွေ ကြားများ တိုးဝှေ့တိုက်ခတ်လာသော ညနေလေပြေလေးနှင့်အတူ ဘေးမှ အရှိန်ဖြင့် ဖြတ်သွားသော ကားများကို Baekhyun ငေးကြည့်ရင်း ဖြေးညှင်းစွာ လမ်းလျှောက်လာမိသည်။
"Baekhyun sunbae"
အနောက်ဘက်မှ ခပ်သဲ့သဲ့ ခေါ်သံကြောင့်
Baekhyun လှည့်ကြည့်လိုက်မိသည်။
ကျောမှ ကျလုနီးပါးဖြစ်နေသော
လွယ်အိတ်ကို ဆွဲတင်ကာ
အဝေးမှ မိန်းကလေး တဦး
Baekhyun ထံသို့ ဦးတည်၍ပြေးလာသည်။
ထိုမိန်းကလေးက အခြားသူတော့မဟုတ်..
လွန်ခဲ့တဲ့တပတ်လောက်က
ကန်တင်းမှာ တွေ့ခဲ့သော Kang yuri ပင်..
" Sunbae က ဒီနားမှာ နေတာလား"
"ဟုတ်တယ်"
Baekhyun ရဲ့ စကားအဆုံးတွင်
ထိုမိန်းကလေးက မူပိုစွာဖြင့် တခစ်ခစ်ရီလေသည်။
"Yuri မာမီ့ စကားကိုနားထောင်ပြီး ဒီရပ်ကွက်ကို ပြောင်းလာတာမှန်သွားပြီထင်တယ်"
ဘာလို့လဲ ဟု ပြန်မေးသင့်မှန်း သိပေမယ့်
Baekhyun ပြန်မမေးခဲ့ပါ..
အပြုံးမမြည်သော အပြုံးဖြင့် သူမ အားခေါင်းငြိမ့်ပြ၍
လမ်းဆက်လျှောက်လာလိုက်သည်။
ဖြစ်နိူင်လျှင် Baekhyun ထိုကောင်မလေးနှင့် မပက်သက်ချင်ပါ..
လူငယ်သဘာဝ စိတ်ကစားတာဟာ
ထိုကောင်မလေးရဲ့ အမှားမဟုတ်ပေမယ့်
ထိုကောင်မလေးနှင့် အရောတဝင်
ပက်သက်နေရသည်ကို အပြစ်တခု
ကျူးလွန်နေရသကဲ့သို့ ခံစားနေရသည့်
ကိုယ့်စိတ်ကိုယ်သာ သိသည်။
"အချိန် တပတ်ပြည့်သွားပြီနော် Sunbae
Yuri ပြောထားတဲ့ကိစ္စ Sunbae
စဉ်းစား ပြီးပြီလားဟင်"
အဆက်ဆက်မရှိမေးချလာသော မေးခွန်းကြောင့်
Baekhyun ခြေလှမ်းများရပ်တန့်သွားရသည်။
"Yuri အဖြေတောင်းထားတဲ့ ကိစ္စကို
sunbae မေ့နေတာတော့ မဟုတ်ဘူးမလားဟင်"
အသနားခံသည့်ဟန်ဖြင့် မျက်ရည်ဝဲကာမေးနေသော ထိုကောင်မလေးကို မြင်တော့ Baekhyun နည်းနည်းတော့ အားနာသွားမိသည်။
အမှန်တကယ်လည်း Baekhyun
မေ့နေခဲ့ခြင်းဖြစ်သည်
လွန်ခဲ့သော တပတ်လောက်က
ကန်တင်းတွင် နောက်ဆုံးတွေ့ခဲ့သော
ထိုမိန်းကလေးသည် တပတ်လုံးလုံး
Baekhyun ခေါင်းထဲတွင် ရှိမနေခဲ့ပါ
အဖြေတောင်းထားသည့် ကိစ္စကိုတောင်
အခု ထိုကောင်မလေး ပြောမှ သတိရခြင်းဖြစ်သည်
အခုကဲ့သို့ နောက်တကြိမ် တည့်တိုးကြီး အဖြေလာတောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားမိခဲ့..
သို့ပေမယ့်.. ဘယ်လိုပဲ အချိန်ယူပြီး စဉ်စားစဉ်းစား
ထိုမိန်းကလေးအတွက်အဖြေက တခုထဲသာ..
"Yuri yaa"
"Nae"
"ကိုယ်တောင်းပန်ပါတယ်"
ခပ်တိုးတိုး လေသံကြောင့် Yuri
ဆက်ခနဲ မော့ကြည့်လာသည်။
"ဘာလို့လဲ sunbae.. ဘာလို့တောင်းပန်တာလဲ"
"ကိုယ် မင်းကို ညီမလေးတယောက်ထပ်
မပိုနိုင်ဘူး မင်းလိုချင်တဲ့ အဖြေမပေးနိုင်ခဲ့လို့တကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်
ကိုယ့်ကိုသွားခွင့်ပြုပါဦး"
မျက်ရည်များဝဲကာ မော့ကြည့်နေသော
ထိုကောင်မလေးအား ဥပက္ခာပြုလျက်
အေးစက်စွာ ကျောခိုင်းထွက်လာခဲ့သည်။
ထိုမိန်းကလေးကို ကျောခိုင်းထွက်လာသည်နှင့် တပြိုင်နက် Baekhyun အတွေးထဲသို့ မေ့ပြစ်ခဲ့တာကြာပြီဖြစ်သော အသံတချို့က ကြားယောင်လာခဲ့သည်...
"Cha..yuu"
"အာ.. Chayuu မဟုတ်ဘူးး လေကွာ
ကိုယ်ပြောသလို သေချာလိုက်ပြောကြည့်
C h a n y e o l !! "
"C h a.. y u u"
မပီတပီနှင့် ထွက်လာသော အသံလေးကြောင့်
Chanyeol ခေါင်းမော့ကာ အသံထွက်ရီလေသည်။
အဲ့ ရီသံတွေ..
ခပ်ထူထူ နှုတ်ခမ်းများကြားမှ ထွက်လာသော
သြရှရှ ရီသံသည် Baekhyun ၏
နှလုံးအိမ် အနက်ဆုံးအပိုင်းအထိ
နွေးထွေးသွားစေနိုင်စွမ်းရှိသည်။
ဘဝမှာ ပထမဆုံး စွဲလန်းမိသော အသံပိုင်ရှင်ကို
Baekhyun ကြိုးစားပမ်းစား ရှာဖွေခဲ့ဖူးသည်
ထို အသံပိုင်ရှင်ကို သတိရလွန်းလို့ ညတိုင်း ကြိတ်ကာ အသံတိတ် ငိုကြွေးခဲ့ဖူးသည်
ဆံသားများထဲသို့ ထိုးသွင်းဆွဲဖွတတ်သော
လက်ချောင်းများ၏ အထိအတွေ့ကို
Baekhyun နှစ်သက်ခဲ့ဖူးသည်။
ဝမ်းနည်းစရာတွေ ကြုံတိုင်း ထိုသူများ
Baekhyun အနား အရောက်လာပြီး
နှစ်သိမ့်လေမလားဆိုတဲ့
မျှော်လင့်ချက်နဲ့ ရူးမတတ်တဲ့ နာကျင်ခဲ့ဖူးသည်။
ငယ်စဉ်က စွဲလန်းခဲ့ဖူးသော
ထိုသူ၏ ရီသံတွေက Baekhyun ရဲ့
အိပ်မက်များထဲတွင် ယခုချိန်ထိတိုင်
ပါဝင်နှောက်ယှက်လေ့ရှိသည်
ဆိုးရွားလွန်းသည်။
ခါးသီးလွန်းသည်။
Chanyeol ဆိုတဲ့ နာမည်နှင့်
မပြတ်သားသော ရီသံတခုသာ..
ထိုမျှလောက်သော အမှတ်တရမျိုးနဲ့
Baekhyun ထိုသူကို ၁၀ နှစ်ကြာသည့်တိုင်
ခေါင်းမာစွာ မျှော်လင့်ခဲ့သည်
တချိန်ကျရင် ထိုသူ့ကို ပြန်ရှာတွေ့ရမယ် ဆိုတဲ့
မျှော်လင့်ချက်တခုထဲနှင့် ရက်ပေါင်းများစွာကို
ခက်ခဲစွာ အသက်ရှူရင်း အားတင်းဖြတ်ကျော်ခဲ့သည်
Advertisement
- In Serial54 Chapters
Shaper: New Beginnings
George was a young college student just coasting through life when an accident sent him to reincarnate in another world similar to the online games he used to play. Suddenly life is very interesting as he struggles to learn the rules of the System that governs everything in this new universe. This is a LITRPG with game mechanics, but you can skip the game aspects and just enjoy the story if that's not your thing :)
8 235 - In Serial44 Chapters
When Life Stands Still (bxb)
[participant in the Royal Road Writathon challenge] The world came to an end very unexpectedly. A scientific invention gone wrong. The virus spread through a being that was being modified and experimented on. Within two month the human population on the earth reduced to a mere 35%. The rest?? Cold, Unfeeling, emotionless, and dead walking corpses. This is the beginning of hell on earth. Ash Kage (20):Has a very guarded personality. He doesn't easily let others too close to his heart. Doesn't know how to really hide his expressions. Has a very valued unique ability that everyone seeks during the apocalypse. He made one mistake which turned his entire life into a living nightmare - he pushed Rhys Grant. After one life of torture he is reborn but the moment he is reborn is still after he made the mistake.Is he fated to go through the same hellish life again? Rhys Grant (23):Was part of a gang so has lots of fighting experience. Becomes one of the major figures of the northern base. The kind of person who hates you until death if you cross him but loves you to heaven and back if you are dear to him. Stubborn as a bull doesn't listen to anyone once he makes up his mind.Hates Ash Kage. Remembers his past life and still hates Ash. This story is also published on Wattpad. Disclaimer: this is a BL story that means both the main characters are boys. Its also tagged as 18+ so be warned. This might not just include sex but also violence, gore, abuse and rape because that's how a real apocalypse is. If you are uncomfortable with that I advice you not to read. And finally, I haven't decided if the ending is a happy one or not so don't expect me to change the plot just because you want a happy ending.
8 92 - In Serial23 Chapters
Burra: Short Stories In the Shaper Universe
This is a collection of short story set in the Shaper Universe. These stories are used to world build and flesh out various parts of the Shaper Universe. Also, to explore some characters with abilities that are not directly combat related. These stories are LitRPG, but they will be light on game mechanics versus the Shaper book, which is game mechanic heavy.
8 143 - In Serial71 Chapters
IAT
TO BE REBOOTED ELSEWHERE.
8 168 - In Serial3 Chapters
Unusual Occurrence
A universe hopping green been who travels through different anime to save the world. Helping those in need while also using the power he gains along the way.Watch as he gains tones of friends and a potential lover. (:I'm gonna add more tabs along the way! Plz give me ideas of what anime I should do next, but, do to me having not watched all the anime, I need time to watch so I can have a general idea of what's it about before writing.
8 68 - In Serial24 Chapters
Heaven, or Max's Special Hell? (Dadvid)
This story will be about Max's new life living with David as his son. The new life where they live in a Blockbuster storeroom, in the mall where dreams go to die. At least all the campers live around there too and they don't cause too much trouble......at least he still has David, something Max is coming to appreciate more and more as time goes on. This is a sequel to my other story 'Adopt me, you son of a bitch!'. Fair warning this story is at this point 46,267 words, so if your gonna go on this journey get a blanket, a pillow, and some hot chocolate, and enjoy all the laughs and the feels to come. Also remember, comments give me life!
8 166

