《S T R A N G E R》Part 9
Advertisement
ဒီမြေ.. ဒီရေ.. ဒီလေ...
အစိမ်းသက်သက်
တိုးဝင်လာခဲ့သည်။
ပြောလာသော အင်္ကျီခပ်နွမ်းနွမ်းဖြင့် လူသည် အသက် ၄၀ လေးဆယ် ဝန်းကျင်လောက်
ရှိမည်ထင်ရသည်
"ဟုတ်ပါတယ်"
"...."
"ဟုတ်ကဲ့"
"ဒါဆို ကျွန်တော်
.......
...........
ငယ်ထိပ်ရောက်နေရသည်။
ရေဆင်းဝယ်သည့် အချိန်..
တစစီဖြစ်တော့မည်။
"ဒီမှာ.."
"..."
"ဒီမှာ ...!! "
"ပြသနာရှိလို့လား"
မရဘူးမြင်လား... "
Kai ဒေါသထွက်သွားရသည်
ဘာအချိုးချိုးတာလဲ..
Advertisement
မဟုတ်ဘူးလား"
မေးနေသော Sehun..
"အကိုလေး.."
"ဦးလေးကြီး က ဘယ်သူလဲ"
ဟို.. ဘာ ပြသနာရှိလို့လဲ"
အခု ဦးလေးကားပဲ ဖယ်ပေး
ငါပဲ မှားသွားတာလား...
.....
.........
"Baekhyun !! "
"အ့.."
"အင်း.."
ဘယ်သွားမလို့လဲ မင်းက"
"စာကြည့်တိုက်ကို..."
"ဒါပေမယ့်.."
"ဘာမှ ဒါပေမယ့် မနေနဲ့
( Kai နဲ့ပေါင်းတာ မေမေသာသိရင် ဆူတော့မှာပဲ အက်လယ် )
....
........
" ရော့.. ဒီမှာ ဘာမှ မစားရင်တောင် အအေးတော့သောက်.. ငါတစ်ယောက်ထဲစားပြီး မင်းက ထိုင်ကြည့်နေရင် ငါစားရတာ မျိုမကျလို့ "
ဆူပုတ်ပုတ်နှင့် ပြောလိုက်သော Kai စကားကြောင့်
Baekhyun တချက်ပြုံးကာ အရှေ့က အအေးကို
ယူပြီးသောက်နေမိသည်။
"မင်း အခု ဘယ်မှာနေလဲ.. "
"အိမ်မှာပဲလေ ဘာလို့လဲ.."
"ငါသတင်းကြားပါတယ်.. မင်း Jeon shin ကိစ္စနဲ့ ထောင်ထဲ ခဏဝင်ရတုန်းက မင်းကို မင်းအမေက စိတ်ဆိုးပြီး အိမ်ပြန်မလာနဲ့လို့ပြောတယ်ဆို..?"
စကားအဆုံးမှာ Baekhyun မျက်နှာပျက်သွားသည်ကို Kai သတိထားမိလိုက်သည်။
"အင်း.. ငါ့ကို သူတို့ပြန်လက်ခံတယ်လေ"
"အော် ပြန် အဆင်ပြေသွားပြီပေါ့"
"အင်း"
အပြုံးမမြည်သော အပြုံးတခုဖြင့် တိတ်ဆိတ်စွာ အအေးဆက်သောက်နေသော baekhyun ရဲ့
ခံစားချက်ကို Kai နားလည်မည်တဲ့လား..
Baekhyun မပြောပြခဲ့ပါဘူး..
အခုလို မိဘတွေ ပြန်လက်ခံဖို့ အိမ်ရှေ့မှာ တစ်ရက် တိတိ ဒူးထောက် အသနားခံခဲ့ရတယ်ဆိုတာကို..
Advertisement
Baekhyun မပြောပြခဲ့ပါဘူး..
ကိုယ့်သားလေး နေစရာမရှိလို့ ဒုက္ခရောက်နေမည်ကို စိုးရမ်တာထပ် သူတို့ သားတစ်ယောက်အနေနဲ့ လမ်းဘေးမှာ သေနေရင် သူတို့ သိက္ခာကျမည်ကို စိုးတာကြောင့် ပြန်လက်ခံခဲ့တယ်ဆိုတာကို...
Baekhyun မပြောပြခဲ့ပါဘူး..
ကိုယ်နဲ့ မသက်ဆိုင်တဲ့ Jeon Shin ကိစ္စကို ပက်သက်မိလို့ မိဘတွေဆီက ပြစ်ဒဏ်အနေနဲ့ မနက်တိုင်း မနက်စာစားခွင့်ပိတ်ခံထားရသည်ကို..
Baekhyun ပြောမပြခဲ့သလို.. ပြောပြစရာလဲမလိုဘူးဟု ထင်သည်။ ကိုယ့် အပူတွေကို ပြောပြတော့ တခြားလူပါ ဝမ်းနည်းရသည်ပဲ အဖက်တင်မည်..
ကိုယ့် ဒုက္ခတွေကိုလဲ တခြားလူကို ဝေမမျှချင်ပါ
သနားတဲ့မျက်လုံးနဲ့ ကြည့်ခံရတာကိုမုန်းသလို ကိုယ့်ဟာနှင့်ကိုယ် ဒုက္ခတွေက အသားကျနှင့်ပြီးသား။
"ဟို.. ဒီမှာ ထိုင်လို့ရမလားမသိဘူး "
ညှောင်စိစိ ဖြင့် ခွင့်တောင်းနေသော အသံကြောင့် Kai မော့ကြည့်လိုက်တော့
အသံပိုင်ရှင်က ဆံပင် နှစ်ခွစည်းကာ အကောင်သေးသေးလေးနှင့် ဖြူဖြူဖွေးဖွေးကောင်မလေး တစ်ဦး..
ကျယ်ဝန်းသော ကန်တွင်းအတွင်းရှိ စားပွဲဝိုင်းပေါင်းများစွာ ခုံပေါင်းများစွာ ရှိသည်ထဲက Baekhyun ဘေးတွင်မှ ထိုင်ခွင့်တောင်းနေသော ထိုမိန်းကလေးကို Kai ကြောင်ကြည့်နေမိသည်။
ထိုင်စရာနေရာတွေ အဲ့လောက်တောင် ရှားနေပြီလား
Kai ကြောင်အ စွာ ခုံ အလွတ်များကို လှည့်ကြည့်ပြီး..
"ဟို... တခြားဝိုင်းတွေ အများကြီး လွတ်နေတယ်လေ ညီမလေး"
(ကိုယ့်ထပ် ငယ်တဲ့ပုံပေါက်တာကြောင့် ညီမလေးဟု သုံးလိုက်ခြင်းဖြစ်သည်)
Baekhyun ကလဲ ဘာပြောရမှန်းမသိ Kai ကို
ပြန်မော့ကြည့်လျက်..
"မဟုတ်ဘူး Baekhyun sunbae nim
နားမှာပဲထိုင်ချင်တာ.."
Baekhyun ဘေးက ခုံကိုသာ လက်ညှိုးထိုးပြပြီး
ထိုင်ခွင့်တောင်းနေတာကြောင့်
"အမ်.. အော် အော် ထိုင်ပါ"
Kai ဘေးက Baekhyun ကို တံတောင်နှင့်တွက် ကာ
မင်းနဲ့သိလား ဟု ကပ်မေးလိုက်တော့
Baekhyun ကလဲ ဘုမသိဘမသိ ခေါင်းခါပြနေသည်
ဒီမိန်းကလေး သူနဲ့ မသိတဲ့ ယောက်ျားလေးနှစ်ယောက်ကြား လာထိုင်ရဲတာ နည်းတဲ့ သတ္တိတော့မဟုတ်..
"ညီမက Kang Yuri ပါ.. ဒီတက္ကသိုလ် အနုပညာမေဂျာမှာ ပထမနှစ်တတ်နေတာပါ.. ဟို Baekhyun sunbae nim ကို သတိထားမိတာ ကြာပါပြီ ဒါမယ့် စပြီး မနှုတ်ဆက်ရဲလို့"
ရှက်သွေးဖြာနေသည့်ဟန် ပန်းရောင်သန်းနေသော ပါးလေးဖြင့် မူပိုကာ ပြောနေသော မိန်းကလေး..
သူမ ဆွဲယူပြီး ထိုင်လိုက်သော နေရာက Baekhyun နှင့် အရမ်းနီးကပ်လွန်းနေသဖြင့်
Baekhyun မသိမသာ အနောက်သို့ ဆုတ်ကာ Kai အနားသို့ ကပ်လိုက်ရသည်။
လာမနှုတ်ဆက်ရဲလို့ပဲ နှုတ်များ နှုတ်ဆက်ရဲရင် စတွေ့ထဲက ပေါင်ပေါ်များ တတ်ထိုင်မလားမသိ
ဟု Kai ခပ်ချဉ်ချဉ်တွေးလိုက်မိသည်။
ခေတ်ကာလာ သားသမီးတွေများ မလွယ်လိုက်တာ..
"အာာ ဟုတ်ကဲ့ အခုက ဘာကိစ္စရှိလို့လဲမသိဘူး"
Baekhyun အမေးစကားကို သူမက ရှက်ပြုံးလေးဖြင့်
(Kai မျက်လုံးထဲတွင် ပဲများနေသည်ဟုသာမြင်သည်)
"ဟို... Baekhyun sunbae ကို စိတ်ဝင်စားလို့ပါ"
ဟမ်....!!
ထိုကောင်မလေး၏ စကားကြောင့် Kai စားလက်စ ထမင်း လုတ်တောင်လည်ပင်းထဲ နင် သွားရသည်။
Baekhyun ကတော့ ပြူးကြောင်ကြောင်ဖြင့်..
"ဟုတ်တယ် ဒီကျောင်းစတတ်ထဲက Baekhyun ကိုသတိထားမိခဲ့တာပါ.. အနေအေးပြီး တစိမ်းတွေနဲ့ သိပ်စကားမပြောတဲ့ ပုံစံလေးတွေ.. အားတဲ့အချိန် စာပဲလုပ်နေတတ်တဲ့ အကျင့်လေးတွေ.. သူများကို အားနာတတ်တဲ့ အမူယာလေးတွေ.. ချစ်ဖို့ကောင်းအောင် ပြုံးတဲ့အပြုံးလေးတွေက လုံးဝကို ညီမ type ပဲ"
မျက်စိစုံမှိတ်ရင်း သဘောကျကြောင်းပြောနေသော သူမနှင့် ဘာပြောရမှန်းမသိ ကြောင်အနေသော Baekhyun...
သူတို့ နှစ်ယောက်ကြားတွင် ထိုင်၍ ပါးစပ်အဟောင်းသားဖြင့် စွံအ နေသော Kai..
သူတို့နှစ်ယောက်မျက်နှာကို တစ်ယောက်တစ်လှည့် လိုက်ကြည့်ရင်း Kai ခေါင်းတွေပါ မူးလာရသည်။
စားလက်စ ထမင်းတောင် ဆက်စားချင်စိတ်မရှိတော့
"အဲ့တာ ညီမကို စဉ်းစားပေးပါ..
တပတ်ပြည့်တဲ့နေ့ကျရင် ညီမ
အဖြေလာတောင်းမယ်နော်
အခု အတန်းတတ်ရတော့မှာမို့လို့ သွားတော့မယ်"
ပြောစရာရှိတာပြောပြီး ထွက်သွားသော
ကောင်မလေးသည် ပေါ့ပါးစွာ..
Kai နဲ့ baekhyun သာ ကြက်ကြီးလည်လိမ် ထားသကဲ့သို့ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ခြင်းဖြစ်သည်။
......
...........
နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရသည့် ကိုရီးယား မြေသို့
ဆင်းဆင်းချင်း စောင့်ကြိုသူမရှိပေမယ့်
ထွက်ခွာခဲ့တုန်းက အချိန်တချို့ကို ပြန့်မြင်ယောင်ကာ ရင်ထဲမှာတော့ဆွေးမြေ့မြေ့...
ဒီမြေ.. ဒီရေ.. ဒီလေ...
ပတ်ဝန်းကျင်အားလုံးက မိမိထွက်သွားခဲ့တုန်းက နှင့်
ခြားနားစွာ ပြောင်းလဲတိုးတက်နေသည်ကို
မြင်တော့ ရင်ထဲက လွမ်းဆွတ်မှု့ ရသ တချို့က
အစိမ်းသက်သက်
ဓါတ်လှေကားက ဆင်းလာတော့ မှန်တဖက်ကနေ
တစ်စစ ဖြင့် လှမ်းမြင်နေရသော လူအုပ်ကြီး..
အင်း.. နိုင်ငံရပ်ခြားကိုရောက်နေတဲ့ သူတို့ဆွေမျိုးသားချင်းတွေကို လာစောင့်ကြိုနေတယ် ထင်ပါရဲ့..
ဂိတ်များ တဆင့်ပြီး တဆင့် ဖြတ်ကျော်ပြီး
ကိုယ့်အထုပ်ကိုယ်ဆွဲကာ လူအုပ်ကြားထဲ
တိုးဝင်လာခဲ့သည်။
အဖေများ လာကြိုလေမလားဆိုတဲ့
မျှော်လင့်ချက်က ခပ်သဲ့သဲ့...
"Doctor Oh Sehun လား မသိဘူးခင်ဗျ"
လက်ထဲက ဆိုင်းဘုတ်လေးကို ထောင်ပြကာ
ပြောလာသော အကျႌခပ်နွမ်းနွမ်းဖြင့် လူသည် အသက် ၄၀ လေးဆယ် ဝန်းကျင်လောက်
ရှိမည်ထင်ရသည်
"ဟုတ်ပါတယ်"
"ကျွန်တော်က အကိုလေးရဲ့ အဖေ Company က လွှတ်လိုက်တဲ့ ဒရိုက်ဘာပါ.. အကိုလေးကို စောင့်ပြီး ကြိုခိုင်းထားလို့ပါ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါဗျ"
"...."
လက်ထဲက အိတ်ကို လာဆွဲပေးနေတာမို့
"ရတယ် ကိုယ့်ဟာ ကိုယ်သယ်လိုက်မယ်"
"ဟုတ်ကဲ့"
အရိုသေပေးကာ ကားရှိရာသို့
ဦးဆောင်သွားသော ဦးလေးကြီး နောက်သို့
Oh sehun လိုက်လာခဲ့လိုက်သည်
"အကိုလေး ဒီ တည့်တည့်က သွားပြီး ညာဘက်
ကား parking မှာ အဖြူရောင် super custom လေး ရပ်ထားပါတယ် ဒီမှာ ကားသော့ပါ ဟို.. ကျွန်တော် Toilet လေး ခဏသွားချင်လို့"
"ဒါဆို ကျွန်တော်
ကားပေါ်မှာထိုင်စောင့်နေလိုက်မယ်"
တိုက်ခတ်လာသော လေပူတချက်နှင့်အတူ
အနည်းငယ် ကိုက်နေသောခေါင်းကို အနားပေးချင်တာကြောင့် Oh sehun ကားရှိရာသို့ ခပ်မြန်မြန်ပဲ လျှောက်လာခဲ့လိုက်သည်။
.......
...........
"တောက်!! ဘယ်ကောင်က ကားကို
အရှေ့မှာ ပိတ်ရပ်သွားတာလဲမသိဘူး "
ပူလောင်နေသော ရာသီဥတုနှင့်အတူ
မိမိကားရှေ့တွင် အလိုက်ကမ်းဆိုးမသိ
ပိတ်ရပ်ထားသော ကားကြောင့် Kai ဒေါသတို့
ငယ်ထိပ်ရောက်နေရသည်။
ဒီနေရာမှ မတ်တပ်ရပ်စောင့်နေတာ
တစ်နာရီနီးပါးလောက်ရှိပြီဖြစ်သည်၊
လမ်းသွားရင်း store ဆိုင်တွေ့သဖြင့်
ရေဆင်းဝယ်သည့် အချိန်..
ငါးမိနစ်လောက်တောင် မကြာလိုက်သော
အချိန်လေးတွင် ဘယ်ကမှန်းမသိ ရောက်လာသော ကားက မိမိကားအရှေ့ ပိတ်ရပ်ထားတာကြောင့် ထွက်လို့လဲမရ.. ကားပိုင်ရှင်ကို လိုက်ရှာတော့လဲ မတွေ့နှင့်.. ဒီကြားထဲ ဆီက ကုန်ခါနီးမို့ ကား အဲယားကွန်းကလဲဖွင့်မရတာကြောင့် ချွေးဒီးဒီးကျကာ ဒေါသက ပိုပိုထွက်လာရသည်။
ဘယ်လို လူက ဒီလို သူများကားရှေ့ပိတ်ရပ်ရတာလဲ
အဲ့လောက်တောင် လူလိုမသိဘူးလား
စိတ်ရှိတိုင်းသာ ရိုက်ခွဲရရင် အရှေ့ကကား
တစစီဖြစ်တော့မည်။
သိပ်မကြာခင် ပိတ်ရပ်ထားသော ကားဆီက အချက်ပေးသံ နှင့်အတူ ကားမီးများလင်းလာသည်။
ကြည့်ရတာ ကားပိုင်ရှင်လာပြီထင်တယ်..
ဆက်ခနဲ ခေါင်းထောင်ကြည့်လိုက်တော့
မြင်ရသည်က အသားဖြူဖြူနှင့် လူတစ်ဦး..
တီရှပ်အဖြူရောင်ကို လက်ခေါက်၍
အမဲရောင်နေကာမျက်မှန်ကို တပ်ကာ
မျက်ခုံးများ ကျုံ့ထားသည်မှာ တစ်နိုင်ငံလုံး သူ့လုပ်စာ ထိုင်စားနေသည့်ရုပ်
ခပ်တင်းတင်း စေ့ထားသော နှုတ်ခမ်းများက
သူ့အချေရုပ်ကို ပို၍ ပေါ်လွင်စေသည်။
ခပ်တည်တည်နှင့် ကားနောက်ခန်းတံခါးကို ဖွင့်ကာ အထုပ်များ ထည့်နေသော Sehun ကို
Kai ကြောင်ကြည့်နေမိသည်။
အရေးကြီးကိစ္စရှိလို့ သူများကားရှေ့ပိတ်ရပ် ထားမိတယ်ဆိုရင်တောင် ပြန်လာရင် ကားပိုင်ရှင်ကို တောင်းပန်စကား အနည်းကျဉ်းလောက်တော့ ပြောသင့်တယ်မဟုတ်လား..
အခု ဒီလူ့မျက်နှာထားက ရပ်ချင်လို့ရပ်တာ
မကျေနပ်လဲ သေလိုက်ဆိုတဲ့ ရုပ်မျိုး..
Kai သည်းမခံနိုင်စွာ လူလုံးပြရန် ကားပြင်သို့ ထွက်၍ သူ့ဘေးနား သွားရပ်ရင်း..
"ဒီမှာ.."
"..."
ထိုလူက လုပ်လက်စ အလုပ်ကို ဆက်လုပ်နေသည်
"ဒီမှာ ...!! "
ခေါ်သည့် အသံသာ မြင့်သွားတယ် အိတ်တွေ
ကားထဲသို့ စီထည့်နေသည့် ထိုလူက လှည့်မလာ
နည်းနည်းတော့ များသွားပြီ...
"ဒီမှာ.. မင်း ကို ခေါ်နေတာ !!"
လက်ဖျံကို ဖျက်ခနဲ ရိုက်ချလိုက်တာကြောင့် Sehun အိတ်ကို ချပြီး Kai ဘက်ကို လှည့်ကြည့်လာသည်။
တန်းတူ ဖြစ်နေသော အရပ်မောင်းတွင်
မျက်လုံးများက တန်းတူကျလျက်...
ချွေးများ ရွှဲကာ ဒေါသဖြစ်နေဟန် ရှိသော Kai ကို
Sehun ပြော ဆိုသည့်သဘောနဲ့
ခေါင်းငြိမ့်လိုက်သည်။
ဘယ်သူ့ကိုမဆို ခေါင်းတချက်ငြိမ့်ပြကာ
ပြောစေသည်က Sehun ၏ အကျင့်ဖြစ်သော်လဲ
အခုမှ စ တွေ့သော Kai အတွက်တော့ မက်ရိုင်းသည်ဟုသာ မြင်သည်။
"မင်း ကားကို ဘယ်လိုရပ်ထားတာလဲ"
Kai ခါးကို အနည်းငယ် မတ်ကာ အသံမာ၍ မေးလိုက်သော်လည်း Sehun က ခပ်အေးအေး မျက်နှာဖြင့်
"ပြသနာရှိလို့လား"
"မင်း ကားပိတ်ရပ်ထားလို့ ငါ့ကားထွက်လို့
မရဘူးမြင်လား... "
"အခုထွက်ပေးမယ် ခဏစောင့် "
နောက်ခန်းတံခါးဆွဲပိတ်ကာ ကားဖယ်ပေးရန်
ကားပေါ်သို့ တတ်နေသော Sehun ကြောင့်
Kai ဒေါသထွက်သွားရသည်
ဘာအချိုးချိုးတာလဲ..
သူကလည်း မှားသေးတယ် အဲ့လိုလုပ်လို့ရမလား
"နေဦးး.. မင်း ငါ့ကို တောင်းပန်သင့်တယ်
မဟုတ်ဘူးလား"
"တောင်းပန်ရမယ် ... ဘာအတွက်လဲ.."
မျက်ခုံးနှစ်ဘက်ကို ချိုးကာ နားမလည်ဟန်ဖြင့်
မေးနေသော Sehun..
"မင်း ကား မဖယ်ပေးလို့ ငါ့ အချိန်တွေ တစ်နာရီနီးပါးလောက် ပုပ်သွားတယ်လေ.. အဲ့အတွက် မင်း ပြန် တောင်းပန် ရမယ် မဟုတ်ဘူးလား"
တင်းမာစ ပြုနေပြီဖြစ်သော Kai ရဲ့ အသံကြောင့်
ဘေးလူများ ကလည်း ရန်ဖြစ်တော့မည်ထင်ကာ ကွက်ကြည့် ကွက်ကြည့်နှင့်...
"ကောင်းပြီလေ အဲ့တာဆို ခဏစောင့်
ဒရိုက်ဘာလာရင် တောင်းပန်ခိုင်းပေးမယ်"
"မင်းက မတောင်းပန် နိုင်ရအောင်
မင်းပါးစပ်က အ နေလို့လား"
Sehun ပြန်ကြည့် လာသော မျက်ဝန်းများက မီးဟုန်းဟုန်း တောက်နေသလို Kai သည်လည်း ဒေါသကြောင့် စူးရဲနေသည်။
အပြန်လှန် စိုက်ကြည့်နေသော လူနှစ်ယောက်သည်
သိပ်မကြာရန် ရန် ထဖြစ်တော့မည့် ပုံစံ..
"အကိုလေး.."
Sehun နှင့် Kai ၏ တင်းမာနေသော အခြေနေကြောင့် နောက်မှရောက်လာသော ဒရိုက်ဘာ ဦးလေးကြီး မျက်လုံး ပြူးသွားရသည်။
ပြသနာ မတတ်စေရန် သူတို့နှစ်ယောက်ကြား အတင်းဝင်ကာ အသံပေးလိုက်တော့မှ
လက်သီးများကို တင်းတင်းဆုပ်ကာ
Sehun တဖက်သို့ မျက်နှာလွှဲသွားသည်။
စိတ်ကို အတတ်နိုင်ဆုံး ထိန်းနေသည့်ဟန်..
ကောင်းကောင်းတောင်းပန်လိုက်ရင် အဆင်ပြေနေသည့် ကိစ္စကို မတောင်းပန်ပဲ လူပါးဝနေသော Sehun ကို Kai မကျေကြည့် ကြည့်ပြီးနောက်
"ဦးလေးကြီး က ဘယ်သူလဲ"
"ဦးလေးက ဒီကား ဒရိုက်ဘာပါ
ဟို.. ဘာ ပြသနာရှိလို့လဲ"
"ကျွန်တော့်ကားရှေ့မှာ ပိတ်ရပ်ထားတာ တစ်နာရီလောက်ရှိတော့မယ် ဖုန်းနံပါတ်လဲမချိတ်ထားတော့ ဘယ်လို ဆက်သွယ်ရမှာလဲ.. ကျွန်တော် ကိစ္စရှိလို့ ထွက်ချင်တာတောင် ကားက ပိတ်ရပ်ထားတော့ ထွက်လို့မရဘူးဖြစ်နေတယ်လေ ရပ်ထားတဲ့အချိန်ကလဲ ခဏလေးမဟုတ်ဘူး တစ်နာရီတောင်"
"ဟို.. ဟို ဦးလေးတောင်းပန်ပါတယ် ငါ့တူရယ်
ဦးလေး အပြစ်ပါ ဦးလေး ပုံမှန်ဆို ကား မှန်မှာ ဖုန်းနံပါတ် ကပ်ထားနေကြပါ ဒီနေ့က လောနေတာနဲ့ ဖုန်းနံပါတ် ချန်ခဲ့ဖို့မေ့သွားတာ.. အကိုလေးက အခုမှ လာတာဆိုတော့ ဘာမှသိမှာမဟုတ်ဘူး ဦးလေးမှားတာပါ တောင်းပန်ပါတယ်"
"သူ ဘာမှ မသိရင်တောင် လူပါးမဝနဲ့လေ အခုဟာက.. ကျစ်... ရတယ် ဦးလေး ထားလိုက်တော့
အခု ဦးလေးကားပဲ ဖယ်ပေး
ကျွန်တော်သွားစရာရှိသေးလို့"
"ကော.. ကောင်းပါပြီ ဖယ်ပေးပါ့မယ်"
ကားအရှေ့နည်းနည်းတိုးပြီး လမ်းဖယ်ပေး လိုက်သည်နှင့် ဝူးခနဲ အရှိန်နှင့် မောင်းထွက်သွားသော
ကား အပြာလေးကို နောက်ကြည့်မှန်မှ တဆင့် Sehun လှမ်းကြည့်နေမိသည်...
ငါပဲ မှားသွားတာလား...
.....
.........
"Baekhyun !! "
"အ့.."
နာမည်ခေါ်သံ ကြားသည်နှင့် လှည့်ကြည့်ချိန်တောင် မရလိုက် မိမိဆီ အရှိန်နဲ့ပြေးဝင်ကာ ပခုံးကို ဖက်လိုက်သော Kai...
"မင်း ကျောင်းပြန်တတ်ပြီပေါ့ ဟုတ်လား"
"အင်း.."
မျက်နှာကို မဲ့ရွဲ့ပြုံးပြကာ ပခုံးပေါ်တင်ထားသော လက်ကို Baekhyun ဆွဲချနေရသည်။
လူကောင်ချင်း မမျှပါဘူးဆို သူ့ကိုယ်လုံးကြီးနဲ့
လက်အပြင် တစ်ကိုယ်လုံးပါ ဖိထားတာကြောင့်
အဖက်ခံရသော Baekhyun မှာ မသက်သာလှ..
လက်မောင်းကြားထဲကနေ ရုန်းနေသော Baekhyun ကြောင့် Kai ပြန်လွှတ်ပေးလိုက်ပြီး
Baekhyun မနိုင်မနင်း သယ်ထားသော
စာအုပ်ထုပ်ကြီးကို ကြည့်၍...
"အခု အဲ့ စာအုပ်ထုပ်ကြီးပိုက်ပြီး
ဘယ်သွားမလို့လဲ မင်းက"
"စာကြည့်တိုက်ကို..."
"ဟမ်.. ဒီချိန်ကြီး စာကြည့်တိုက် ဘာသွားလုပ်မှာလဲ"
"ကျောင်းပျက်ထားတုန်းက လွတ်ထားတဲ့
စာတွေ ပြန်ကျက်ရအောင်လို့လေ"
"လခွမ်း.. မင်းတတ်နေတာ အထက်တန်းကျောင်းမဟုတ်ဘူးနော် တက္ကသိုလ်သိလား baekhyun... တနေ့စာတနေ့ပုံမှန်ကျက်ပြီး Roll 1 ရလဲ ဘယ်သူမှ မင်းကို နိုဘယ်ဆုလာမပေးဘူး"
"ဒါပေမယ့်.."
"ဘာမှ ဒါပေမယ့် မနေနဲ့
ငါနဲ့လိုက်ခဲ့လာ ကန်တင်းသွားမယ်"
ဂုတ်ကနေ အတင်းဆွဲကာ ခေါ်သွားသော Kai ကြောင့် Baekhyun ယက်ကန်ယက်ကန် နဲ့ ပါသွားရသည်
Advertisement
- In Serial183 Chapters
Apostle of the Gods
The one single goal in life of the Strongest Old Sage is to subjugate the Demon King. In an epic final battle, both of them met their mutual destruction at each other’s hands. However, the Demon King was not completely destroyed! In order to destroy the Demon King once and for all; post-death, the Old Sage trains in the World of Gods and reincarnates as the Apostle of the Gods, Will. In the reincarnated future, the Old Sage had become a legend and his former disciples hold the supreme authority in the world. The disciples had created an organization to oppose the Demon King and an academy to nurture the new generation of Heroes. Thus the Apostle of the Gods, Will (8 year old), enrols into that Academy of Heroes. This is the story of a boy on a mission to save the world through epic battles while enjoying Academy life.
8 559 - In Serial6 Chapters
The Monster Slayers
John recently had a job offer, one he had no intention of picking up. With his complicated past, John doesn't play well with others, all he wants to do is live a normal life, but when the past comes back to haunt him, he decides he doesn't have a choice. Taking up the job offer, he joins a monster slaying team, he will have to learn to play well with others, while making sure his past doesn't get revealed. Will John succeed with the team, or will they see him for the demon he really is. This is the first book that I have every written, I hope yo enjoy, I plan on updating it as much as my schedule allows. The first chapter is just a prologue chapter to introduce people to the characters, to avoid confusion, I will mark some of the chapter as PAST, which will be in the chapter name, this will go over Johns backstory, as well as some of the other characters backstories as well.
8 142 - In Serial60 Chapters
A Path to Crown
A young man, who lived a horrible life, died, killed by the man he once admired. But life didn't forsake him and granted him a second chance on life.Plagued by his past, living with low self-esteem, can he succeed like this? Will he change to fight his inner demons, or will he fall at their hands?--------------------------------------------------Every Journey will begin with a single step into the unknown. We walk our path to reveal the darkness covering our Journey.At the end of our path, we will see a crown, the crown we created with our own hands. We shall crown ourself as Kings. Now is the time to decide if it will be a shabby crown full of regrets, or a glorious one! Choose, how will your's be?We can be proud we have walked our path in a way we desired.There shall be no fear of death, only the fear of the regrets we have at the end of our path.
8 278 - In Serial200 Chapters
Meet the authors showcase edition volume #2 Est. 6/5/2020
Another edition of behind-the-scenes interviews, which are meant to provide readers with an insider look at the writer's creations of their favorite stories. So, please take a look and learn how these stories came to be.Looking for the stories promoted in these interviews? Check my profile for the meet the authors showcase reading lists.6/11/2020 accomplishments. #2 in meet the authors and #19 in showcase6/21/2020 accomplishments. #1 in Meet the Authors and #10 showcase10/25/2020 accomplishments #1 meettheauthors, #6 in showcase, 4 in responses and #20 in spotlight6/2/2021 reached 3K views3/31/22 reached 4K viewsHow do I get featured? - send me a private message and I'll provide the interview
8 187 - In Serial4 Chapters
night and day//taekook
gece ve gündüz hep aklımdaydın..:')
8 213 - In Serial13 Chapters
Otome Game System On Naruto
Y/N is an orphan from Konohagakure. She has no Bloodline limit or talent for being a Ninja, not until she awaken the Otome Game System.Since then, the future powerhouses in the world of Naruto have started to become obsessive over Y/N.~~~~~~~~~~~Disclaimer: I do not own any of the Naruto characters or the plot. I only own Y/N and other OCs.Credits to Masashi KishimotoCover not mine.Credits to the ownerAuthor's Note: This is my first time writing a story so if you find any grammatical errors, please correct me🤗
8 114

