《S T R A N G E R》Part 5
Advertisement
ဝူးး!!
လူလေးဆယ်လောက် စာသင်သည့်ကျယ်ဝန်းသောအခန်းထဲတွင် ပြတင်းပေါက်မှဝင်လာသော လရောင်က လုံလောက်သော အလင်းရောင်ကိုမပေးနိုင်။
မှောင်မဲနေသော အခန်းကျယ်ကြီးနှင့်
စာသင်သူမရှိ လွတ်နေသော စားပွဲခုံများ။
အခန်းထဲမှ ညှီစို့စို့ အနံ့တခု baekhyun နားခေါင်းသို့ ဖြတ်ပြေးသွားသည်။
Baekhyun စိတ်ထင် သွေးညှီနံ့ မျိုးပင်..
တရိပ်ရိပ် တိုးပွားလာသော ကြောက်စိတ်ကြောင့် baekhyun လက်ဖျားများ အေးစက်လာသည်။
ဖြစ်နိုင်လျှင် baekhyun ဒီနေရာမှ အမြန်ဆုံးပြန်ချင်လှပြီ။ ဒီလို ကျောချမ်းစရာနေရာကြီးမှာ တစ်ယောက်ထဲ ဆက်မနေရဲတော့..
စာရွက်ကို အမြန်သွားယူမှဖြစ်မည်။
Baekhyun သိပ်တွေ ဝေ မနေတော့ပဲ အခန်းထဲသို့ ခပ်သွက်သွက်လျှောက်ဝင်လာလိုက်သည်။
မှောင်မဲနေသော အခန်းကျယ်ထဲတွင် များပြားလှသော ပုံစံတူ စားပွဲခုံများ။
အလင်းရောင် မလုံလောက်တာကြောင့် Baekhyun
ကိုယ့်ခုံကိုပင် ရှာရန် ခက်ခဲလှသည်။
လက်ထဲမှ မှိန်ပြပြ ဖုန်းမီးရောင်ဖြင့် baekhyun အမှောင်ထဲသို့ တိုးဝင်လာခဲ့သည်။
"အာ့"
ဒုန်း!!
Baekhyun အမှောင်ထဲမှာ မမြင်မစမ်း ဖြင့်
လမ်းလျှောက်ရင်း တစုံတစ်ခုနဲ့ တိုက်မိတာကြောင့်
ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားသည်။
ရုတ်တရက် ခံစားမိလိုက်တာ စိုထိုင်းထိုင်း အထိအတွေ့နှင့်အတူ ညှီစို့စို့ အနံ့တစ်ခုက နှာခေါင်းထဲသို့ စူးစူးရွားရွား တိုးဝင်လာသည်။
ချော်လဲမှု့ကြောင့် အောင့်တတ်လာသော ခါးကို မျက်ကွယ်ပြုကာ လှုပ်ရှားသွားသော ရင်အစုံကိုလက်နှင့်ဖိထားမိသည်။
Baekhyun စိတ်အာရုံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထား၍ မိမိ ခလုတ်တိုက်မိသော မဲမဲသဏ္ဍာန် အရာကြီးအား ကြည့်လိုက်သည်။
မှောင်နေသာ အခန်းထဲတွင် ထိုအရာအား သဲကွဲစွာ မမြင်ရ။ ဘေးတွင် ပြုတ်ကျနေသော ဖုန်းကို Baekhyun ကောက်ကိုင်၍ ထိုအရာအား ဖုန်းမီးဖြင့် ထိုးကြည့်လိုက်သည်။
ဖွင့်ချလိုက်သော ဖုန်းမီးရောင်နှင့်အတူ ဘွားခနဲ ပေါ်လာသည်က....
သွေးအိုင်ထဲတွင် မြင်မကောင်းအောင်ရုပ်ပျက်ဆင်းပျက်သေနေသော အလောင်းတစ်လောင်း။
မျက်စိများပွင့်ကာ မရှူ့မလှသေဆုံး နေသူမှာ အခြားသူတော့ မဟုတ် Baekhyun ကိုအမြဲ ရန်စခဲ့သော
Jeon Shin..
ခေါင်းထဲက သွေးများ ခန်းခြောက်သွားသလို ဆောင့်တက်လာသော ကြောက်လန့်မှု့နှင့်အတူ Baekhyun ကြက်သီးမွှေးညှင်းများထောင်တတ်လာသည်။
ထိတ်လန့်မှု့ကြောင့် Baekhyun လက်ထဲမှ ဖုန်းက မြေပြင်ပေါ်သို့ လွတ်ကျသွားပြီး
Baekhyun ဖင်ထိုင်ရက် ဖြင့် တရွတ်တိုက် အနောက်ကို ဆုတ်မိသည်။
ဟင်!!
Baekhyun လက်မှတဆင့် ထပ်မံခံစားလိုက်ရသော
ချွဲပြစ်ပြစ်အရည်များ။
Baekhyun မီးအမှောင် ထဲတွင် ကိုယ့်လက်ကိုယ် ပြန်ကြည့်မိလိုက်သည်။
သွေးများး..
ထို အလောင်းမှ ထွက်လာသော သွေးများက baekhyun လက်များတွင် ပင် ပေကျံနေသည်။
တဆက်ထဲမြင်လိုက်ရသည်က Baekhyun ထိုင်နေမိသော ကြမ်းပြင်တွင် သွေးများအိုင်နေခြင်းပင်။
ဒါ.. ဒါဆို ငါ ဒီ သွေးအိုင်ထဲမှာ ထိုင်နေမိတာလား
Advertisement
ကြမ်းပြင်မှ အေးစက်နေသော အထိအတွေ့နှင့်အတူ
ထို သွေးများ၏ အနံ့က သွေးပျက်ထိတ်လန့်ဖွယ်
Baekhyun စိတ်တို့ ဆောက်တည်ရာမရတော့
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
တကိုယ်လုံး အေးစက်ကာ ချွေးစေး ပြန်လာသည်။
ဟင့်အင်း.. ဒီနေရာကြီးမှာ ဆက်မနေရဲတော့ပါ
ဒီမနှစ်မြို့ဖွယ် နေရာကြီးမှာ ဆက်မနေရဲတော့ပါ
Baekhyun တုန်ရီကာ ခြေလှမ်းများဖြင့် ထိုနေရာမှ သွေးရူးသွေးတန်းဖြင့် ပြေးထွက်လာမိသည်။
မောသည်။
ပြေးနေရ၍ မောခြင်းမဟုတ်ဘူး ကြောက်လန့်မှု့ကြောင့် နှလုံးအိမ်မှ စို့တတ်လာသည့် မောပန်းမှု့မျိုး။ ကိုယ့်အသက်ရှူသံကိုပင် ကိုယ်ပြန်ကြားနေရသည့် အခြေနေမျိုးတွင် ခြေဖျားလက်ဖျားများ ထုံကြဉ်အေးစက်လာသည်အထိ Baekhyun ခြေလှမ်းများ မရပ်မိ။
ကော်ရဒါတစ်လျှောက်မှောင်မဲနေသော အခန်းများကို ဖြတ်ကျော်ကာ လှေကားတစ်ထစ်များမှ တဆင့် အောက်ထပ်သို့ Baekhyun ပြေးဆင်းလာခဲ့သည်။
Baekhyun ၏ ဖုန်းကလဲ အလောင်းနားတွင် ကျကျန်ခဲ့သည်။
ဒီအချိန်တွင် Baekhyun ကို လမ်းမြင်ရရန် အလင်းကူနိုင်မည့်အရာကား တိမ်များကြားတွင် ပျောက်ကွယ်နေသော အနံကာလမင်း၏ အလင်းရောင်တခုသာ
Baekhyun ပြေးလာရင်း ချောင်ကျသော လှေကား အချိုးကွေ့နားတွင် တစ်စုံတစ်ယောက်၏ အားနှင့် ဆောင့်ဆွဲခြင်းခံလိုက်ရသည်။
ထိုလူ၏ လက်မောင်းရင်းမှ ဆွဲယူပစ်လိုက်သော
အရှိန်က ပြင်းလွန်းတာကြောင့် Baekhyun နံရံနှင့် ကျောပြင်ကား ကပ်သွားရသည်။
တိုက်မိသော ဒဏ်က ကျောပြင်မှ စူးရွားစွာ အောင့်တတ်သွားစေသဖြင့် Baekhyun မျက်ရည်များပင်ဝဲသွားရသည်။
ပြင်းထန်သော ကျောပြင်မှ အောင့်ခနဲနာကျင်မှု့နှင့်အတူ Baekhyun မော့ကြည့်လိုက်မိသည်။
အမှောင်ထုထဲတွင် သူမြင်လိုက်ရသည်က အမှောင်ထုထပ် ကြောက်ဖို့ကောင်းနေသော လူတစ်ဦး။
ရှည်လျားသော အရပ်နှင့်အတူ Long coat အမဲကို ဝတ်ဆင်ထားပြီး လက်ထဲတွင် တူတစ်ချောင်းကို ကိုင်ကာ ပြုံးနေသည့် ထိုသူ့ပုံစံမှာ ကြောက်မယ်ဖွယ်။
လရောင် မထွန်းလင်းသော ည မှောင်ထဲတွင်
ထိုသူ၏ မျက်လုံးများက လက်နေသည်။
ထိုသူ ကိုင်ထားသော တူမှ တစက်စက်ကျနေသော
သွေးများက အပေါ်ထပ်တွင် baekhyun မြင်ခဲ့ရသော Jeon Shin အလောင်း၏ တရားခံမှာ ထိုသူဆိုတာကို သက်သေပြနေသည်။
တူကိုကိုင်ကာ ချဉ်းကပ်လာသော ထိုသူ၏ ခြေသံမှအပ အားလုံးက ပကတိငြိမ်သက်လျက်။
လွတ်လမ်းမရှိ။
လှေကားအောက် နံရံနှစ်ဖက်ကြားတွင် Baekhyun အတွက် ပြေးပေါက်မရှိ ပိတ်မိနေသည်။
ထိုသူကလဲ မမြင်သင့်တာကို မြင်လိုက်သော Baekhyun အား အဆုံးသတ်ပေးချင်နေပုံပေါ်သည်။
တရိပ်ရိပ် နီးကပ်လာသော ထိုသူ၏ ခြေသံများက သေခြင်းအတွက် နီးကပ်လာစေသည့် ခေါ်သံများအလား။
ထိုသူ၏လက်ထဲမှ တူကို Baekhyun တုန်လှုပ်စွာ ငေးကြည့်မိလိုက်သည်။
မဟုတ်မှလွဲရော...
ငါ..ငါ လဲ Jeon Shin လို....
Baekhyun အာရုံထဲတွင် ကြောက်စိတ်လှိုင်းများက တဝုန်းဝုန်းတိုက်ခတ်လာသည်။ ခန္ဓာကိုယ်မှာလဲ လဲပြိုကြတော့မတတ် တဆက်ဆက်တုန်ရီလာသည်။
တကယ်ပဲ သေရတော့မည်လား
Baekhyun အံကြိတ်ကာ မေးလိုက်သည့်မေးခွန်းအား ဖြေမယ်သူမရှိ။
မှောင်မဲနေသော ကျောင်းဆောင်ကြီးတွင် ထိုလူသတ်သမား၏ လက်ထဲမှ လွတ်ရန် ဆိုသည်မှာ မဖြစ်နိုင်သည့် အခြေနေ။
Baekhyun စို့တတ်လာသော ရင်အစုံနှင့် အတူ မျက်လုံးများကို စုံမှိတ်ကာ မိမိအပေါ်ကျလာမည့် နာကျင်မှု့ကို ငြိမ်သက်စွာနှင့်ပဲ ခံယူရန်ဆုံးဖြတ်လိုက်သည်။
တစ်လှမ်း
နှစ်လှမ်း
သုံးလှမ်း
အာ့!!
ရုတ်တရက် Baekhyun ခေါင်းအား အကြမ်းပတမ်း မော့စေ၍ နှုတ်ခမ်းများအား ဖိကပ်နမ်းရှိုက်ခြင်းခံလိုက်ရသည်။
မထင်မှတ်ပဲ အနမ်းခံလိုက်ရတာ ကြောင့် Baekhyun
ပါးပြင် နှစ်ခုလုံး ရဲတတ်သွားသည်။
ရှက်စိတ် နှင့်ကြောက်စိတ် လျောယှက်ကာ Chanyeol ရင်ဘတ်အား Baekhyun လက်များဖြင့် ရုန်းကန် တွန်းထုတ်နေမိသည်။
"အင့်"
ရုန်းမှ ပိုကြမ်းသလိုပင်။
Baekhyun လက်များကို ဖိချုပ်ကာ အုပ်မိုး၍ နမ်းရှိုက်လာသည်။
အပေါ် နှုတ်ခမ်း၊ အောက်နှုတ်ခမ်းများကို သူ့ စိတ်ကြိုက် ခြယ်လှယ်ပြီး လျှာဖျားလေးများက Baekhyun
နှုတ်ခမ်းပါးများကြား ကျွမ်းကျင်စွာ တိုးဝင်လာသည်
"ခ.. ခင်ဗျား ... အ့"
Baekhyun ပြောလဲပြော ခေါင်းများကို လဲ အတင်းစောင်းကာ ငြင်းနေတာကြောင့်
"တော်တော့ Baekhyun မင်းကို ငါ ဘာမှ ထပ်မလုပ်မိခင် ဒီအတိုင်း ငြိမ်နေပေးတာ ကောင်းမယ်ထင်တယ်"
လေသံ အေးအေးနှင့် ခြိမ်းခြောက်လာသော စကားကြောင့် Baekhyun ခန္ဓာကိုယ်လေး တောင့်သွားရသည်။ နောက်တွင် ခါးသေးသေးလေးများကို နောက်တစ်ကြိမ် ဆွဲယူကာ ထပ်မံ ထိကပ်လာသော ထိုသူ၏ နှုတ်ခမ်းများ။
နူးညံ့ခြင်းအလျဉ်းမရှိ။
လက်တဖက် Baekhyun ခါးကို တင်းကြပ်စွာ သိုင်းဖက်၍ ကျန်တစ်ဖက်က Baekhyun ပါးလေးများကို ညစ်ကာခေါင်းမေ့ထားစေသည်။ Baekhyun တစ်ကိုယ်လုံးကို ရင်ခွင်ထဲ တင်းကြပ်နေအောင် ထည့်၍ နှုတ်ခမ်းများကို နက်နဲစွာ စုပ်ယူ နမ်းရှိုက်နေသည်။
Baekhyun အသက်ရှူမဝတော့တာကြောင့် လက်သေးသေးလေးများဖြင့် Chanyeol ရင်ဘတ်များအား တွန်းနေသည်။ သို့သော် အရမ်းကြီးတော့ မရုန်းရဲ။
မုန်းသည်။
ပူတတ်နေသော နှုတ်ခမ်းပါးများသည် ယောက်ျားတစ်ယောက်ထံမှ ဖြစ်သည်ဟူသော အတွေးက ခန္ဓာကိုယ်ထဲရှိ သွေးများကို ယောက်ယက်ခတ်စေသည်။
Advertisement
ပထမဆုံးအကြိမ်။ ပထမဆုံးအနမ်း။
ပထမဆုံး ရင်ခုန်သံ က ဘာလို့ ဒီလောက် နိုင့်ထက်စည်းနင်းနိုင်နေရတာလဲ။
ယောကျာ်း တစ်ယောက်ထံတွင် အခုလို အရှက်မရှိ အနမ်းခံရတာတောင် မရုန်းရဲပဲ ငြိမ်နေရသော ကိုယ့်ဟာကိုယ်လဲ စိတ်ပျက်လွန်းလို့ မျက်ရည်ဝဲမိသည်အထိ။
အဆက်မပြတ်နမ်းရှိုက်ခံနေရသော နှုတ်ခမ်းပါးများက ပူလောင်လာတာတောင် Chanyeol အနမ်းများ မရပ်တန့်ပေး။
တအိအိနှင့် စုပ်ယူခြင်းခံနေရသော နှုတ်ခမ်းများသည်
နာကျင်လာသည်အထိ..
"တော်.. တော်ပါတော့"
နမ်းခံနေရသည့်ကြားထဲမှ အလုယက် အသက်ရှူရင်း ပြောနေသော Baekhyun စကားသံလေးကြောင့် Chanyeol တစ်ချက်ငြိမ်သွားသည်။
နောက်ဆုံးအနေနှင့် ခပ်ဖွဖွ ဖိနမ်းပြီးနောက်
နှုတ်ခမ်းသေးသေးလေးများကို Chanyeol လွှတ်မြောက်ခွင့်ပေးလိုက်သည်။
အလွှတ်ပေးလိုက်သည်နှင့် Baekhyun မောဟိုက်မှု့ကို သက်သာစေရန် အသက်ကို အသည်းသန်ရှူနေရသည်။
အပြင်းထန် နမ်းခံထားရတာကြောင့် နီဆွေးနေသော နှုတ်ခမ်းလေးများနှင့် မပွင့်တပွင့်မျက်လုံးလေးများက
Chanyeol စိတ်ကို မသက်မသာဖြစ်စေသည်။
ဘာလို့ အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရသည်လဲ
လုံလောက်သော အောက်စီဂျင်ကို ရရန် ပါးစပ်လေးများဟ ကာ အသက်ရှူနေသော Baekhyun အား
Chanyeol မျက်နှာမှ ကိုင်၍ ခေါင်းမော့စေပြီးနောက်
နှာခေါင်းနှင့် ပါးများ များ နီရဲသည်အထိ မောပန်းနေသော ထိုကောင်လေးကို Chanyeol စိုက်ကြည့်နေသည်။
Chanyeol လက်များကြားတွင် နစ်မြုပ်နေသော မျက်နှာသေးသေးလေး။
မျက်ဝန်းထဲတွင် မျက်ရည်လေးများဝိုင်းကာ ရင်ခွင်ထဲမှ ကြောင်အ စွာ မော့ကြည့်နေသည့်ပုံစံလေး။
ဖြူစင်လွန်းသည်။
ခဏလေး ထိမိရုံနဲ့တင် နီရဲသွားသော ထိုကောင်လေး၏ ပါးလေးများသည် ဝါဂွမ်းဆိုင်လေးများကဲ့သို့ နူးညံ့ ကာ ကလေးတစ်ယောက်သဖွယ် ဖြူစင်သည်။
သဘောကျလွန်းသည်။
ကြွေရုပ်လေးသဖွယ် မထိရက်သည်အထိ လှပလွန်းသော ထိုကောင်လေးအား တစ်သတ်လုံး အနားမှာ ဖမ်းချုပ်၍ ခေါ်ထားချင်သည်အထိ သဘောကျသည်။
အချိန်တခုပဲ စောင့်ပါ Baekhyun ငါမင်းကို မရရအောင် လာခေါ်မယ်
.........
.............
..................
တရုတ်နိုင်ငံ Hong Kong မြို့ပေါ်ရှိ နာမည်ကြီး စိတ်ရောဂါကု ဆေးရုံကြီးတစ်ခုတွင်..
"အခန်း ၂၆ က လူနာကို စိတ်ငြိမ်ဆေး ပေးထားတယ်
နောက်နှစ်နာရီလောက်ကျရင် သတိရလာလိမ့်မယ်
ဆေးသေချာတိုက်ထားလိုက်ပါ။
အခန်း ၁၂ က လူနာက မနေ့ညက ဆရာဝန်တွေနဲ့ ရုန်းရင်းဆံခတ် ဖြစ်ပြီး ဆရာဝန်တစ်ယောက်ထိခိုက်မိသွားတယ် အဲ့တာကြောင့် သူ့ကို ထိန်းချုပ်တဲ့အနေနဲ့ ဒီနေ့တစ်နေ့လုံး ချုပ်ထားတဲ့ကြိုးတွေ မဖြည်ပေးနဲ့
အခန်း ၉ က လူနာကို သေချာစောင့်ကြည့်နေပါ
သူအခုချိန်အရမ်းစိတ်အားငယ်နေတယ် မဟုတ်တာတခုခု ထမလုပ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး ဒါကြောင့် သတိထားစောင့်ကြည့်ထားပါ..."
အခန်းနံပါတ်များနှင့် ဖြစ်နိုင်ချေရှိသော ပြသနာများ၊
လူနာအခြေနေများနှင့် လိုအပ်သည်များကို
အလုပ်သင် ဆရာဝန်လေးများအား
ပါးစပ်မှ ညွှန်ကြားကာ
လူနာကြပ်မတ်ဆောင်သို့
လျင်မြန်သောခြေလှမ်းများဖြင့် ဦးတည်ကာ
လမ်းလျှောက်နေသော Doctor Oh sehun..
လက်တစ်ဖက်ကို ဘောင်းဘီထဲသို့ထည့်ကာ
မဲနက်နေသော ဆံပင်ကို ဂျယ်ဖြင့်သက်ရပ်စွာလှန်တင်ထားပြီး အဖြူရောင် duty coat ကို ခန့်ညားစွာဝတ်ဆင်ထားသော Oh sehun သည်
ဆေးရုံထဲရှိ တခြားဆရာဝန်များနှင့်ခြားနားစွာ
တောက်ပြောင်လွန်းနေသည်။
အနောက်မှ ပြေးလိုက်နေသော အလုပ်သင်ဆရာဝန်လေးများကလည်း
Doctor oh sehun ပြောကြားနေသော
များပြားလှသည့် အခန်းများမှ
ရှုပ်ထွေးလှသော လူနာအခြေနေများအား
တလုံးမကျန် note လိုက်မှတ်နေရသည်။
မမှတ်၍လဲမရပါ။
ဤမျှလောက် ကျယ်ဝန်းသော ဆေးရုံကြီးထဲတွင် ဤမျှလောက်များပြားလှသော အခန်းများမှ
လူနာတစ်ဦးချင်းစီ၏ အခြေနေများအား လက်တန်း မှတ်မိနေရလောက်သည်ထိ Oh sehun ကဲ့သို့
ဆရာဝန်လေးများ မှတ်ဉာဏ်မှာ မကောင်း။
လမ်းလျှောက်ရင်း တလမ်းလုံး ပြောလာသည်များကို
အသည်းသန်လိုက်မှတ်နေရသဖြင့် ကြပ်မတ်ဆောင်သို့ ရောက်သော် ဆရာဝန်လေးများ အတော်ပင်မောနေပြီဖြစ်သည်။
သို့သော တစ်ချက်မညည်းရဲ။
Doctor oh sehun အရှေ့တွင် ညည်းဖို့မပြောနှင့် မျက်နှာတစ်ချက်ပျက်လျှင်ပင် doctor က သိသည်။
စကားများများပြောကာ ဆူပူတတ်သော doctor မျိုး မဟုတ်တာ သိကြသော်လည်း doctor စိတ်ငြိုငြင်သွားမည်ကို ကြောက်သည်အထိ ဆရာဝန်လေးများက Oh sehun အား ချစ်ကြောက်ရိုသေကြသည်။
Oh sehun သည် မလိုအပ်ပဲစကားအပိုမပြောတတ်၍ အချိန်ပြည့် မျက်နှာ တည်ထားတတ်သည်ကလွဲလျှင်
စေတနာ ကောင်း၍ တပည့်များအပေါ်အနစ်နာခံကာ
လိုအပ်သည့်အချိန်တွင် ကူညီဖေးမပေးတတ်သော ဆရာကောင်းမျိုးဖြစ်သည်။ ဒါကြောင့်လည်း ဤဆေးရုံတွင် တာဝန်ကျသော အလုပ်သင် ဆရာဝန်များ အားလုံးက Oh sehun ၏ တပည့်ခံလိုကြသည်။
"Doctor ဒီလူနာက အိမ်ပြန်ချင်လို့တဲ့"
လူနာအခြေနေ စစ်ဆေးနေသော oh sehun အား
အလုပ်သင် ဆရာဝန်မလေး တစ်ဦးမှ မေးလိုက်ခြင်းဖြစ်သည်။
"...."
Oh sehun ဆက်ပြောဆိုသည့်သဘောဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်တော့
"ညတိုင်း အမေကို လွမ်းတယ်လို့ အော်နေတယ် doctor ။ ဆေးစစ်ချက်တွေ ကြည့်တာလဲ အဲ့လောက်အခြေနေမဆိုးဘဲ အားလုံး ပုံမှန်နည်းပါးဖြစ်နေပါပြီ
အဲ့တာ ပြန်ခိုင်းလိုက်ရမလားဆရာ"
"သူ ဘာ အကြောင်းပြချက်နဲ့ ဒီဆေးရုံကို ရောက်လာတာလဲ ဆိုတာရော မင်းသိလား"
Oh sehun မေးလိုက်သော မေးခွန်းကြောင့် အလုပ်သင်ဆရာဝန်မလေး မျက်လုံးပြူးသွားသည်။
သူသိသည်လေ Doctor Oh sehun က အကြောင်းမရှိပဲ ဒီကိစ္စကို မေးမည်မဟုတ်ဘူးဆိုတာ..
"မ.. မသိပါဘူး Doctor ဒါ..ဒါပေမယ့်"
"မင်းမသိသေးရင် တစ်ချက်သွားပြန်ကြည့်လိုက်ပါ
ငါပြီးမှ မင်းနဲ့ စကားဆက်ပြောမယ်"
ဆရာဝန်မလေး လူနာမှတ်တမ်းသို့ ပြေးလှန်ရတော့သည်။ လူနာမှတ်တမ်းကို ကြည့်လိုက်မှ ဆရာဝန်မလေး ကြောင် အ စွာ ပါးစပ်ပင် ဟ မိသွားသည်။
အကြောင်းက.. ခုနက အမေကို လွမ်းလို့ အိမ်ပြန်မည်ဟု ပြောသော လူနာသည် မိသားစုတစ်စုလုံးကိုသတ်ကာ ဤဆေးရုံသို့ရောက်လာခြင်းဖြစ်သည်။
"ဒါ.. ဒါ ဆို ခုနက သူ ပြောတဲ့ အမေကို
လွမ်းလို့ဆိုတာ..."
"မင်း အလိမ်ခံလိုက်ရတာ!!"
အနောက်မှ ပြောလိုက်သော Oh sehun အသံကို ကြားသည်နှင့် အလုပ်သင်ဆရာဝန်မလေး ခေါင်းငုံ့ထားမိသည်။
"မင်းတို့ တစ်သက်ဆုံး စိတ်ရောဂါဆရာဝန် တစ်ယောက်အဖြစ် ရပ်တည်ဖို့ စဉ်းစားထားတယ်ဆိုရင်
လူနာရဲ့ အလှည့်စားကို နားမယောင်မိဖို့
မင်းတို့ အရင်ဆုံး လေ့ကျင့်ရလိမ့်မယ်
ငါတို့ ကုသပေးနေတာ ဗိုက်အောင့်လို့ ခေါင်းကိုက်လို့ လာပြတဲ့ လူနာမျိုးမဟုတ်တဲ့အတွက်
ကုသတဲ့နေရာမှာလဲ ဆေးပေးပြီး
အိမ်ပြန်ခိုင်းလိုက်လို့ရတဲ့ထိ မရိုးရှင်းဘူး
စိတ်ဝေဒနာရှင်တွေက သာမန်လူတွေထပ်
IQ ပိုမြင့်သလို ခွန်အားအနေနဲ့လဲ
ငါတို့ထပ် အများကြီးသာလွန်တယ်။
ဒါကို ငါတို့က အူကြောင်ကြောင် သွားလုပ်နေမယ်ဆိုရင်တော့ မင်းတို့ ဒီအလုပ်ကို ရွေးချယ်ခဲ့တာ
မင်းတို့သေတွင်း မင်းတို့တူးလိုက်တာနဲ့တူတူပဲ
အားလုံးငါပြောတာနားလည်လား"
Oh sehun အရှေ့မှ ဆရာဝန်မလေးအား ရှင်းပြရင်း ဘေးမှ နားထောင်နေသော အလုပ်သင်လေးများ အားလုံးကိုပါ ရောပြီး သတိပေးလိုက်သည်။
"ဟုတ်ကဲ့ နားလည်ပါပြီ Doctor "
အလုပ်သင်များစီမှ တစ်ပြိုင်ထဲထွက်လာသော
အသံနှင့်အတူ အလုပ်သင်ဆရာဝန်မလေး
တစ်ချက်ပြုံးလိုက်မိသည်။
ဒီလို ဆရာကောင်းတစ်ယောက်ရဲ့ လက်အောက်မှာ အလုပ်ဝင်နေရခြင်းအတွက် ပီတိဖြစ်ခြင်းအပြုံးမျိုး..
"ဟုတ်ကဲ့ ပါ doctor ကျွန်မ နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဆင်ခြင်ပြီး အကောင်းဆုံးကြိုးစားပါ့မယ်"
အသိမှတ်ပြုသည့်ဟန် ခေါင်းတစ်ချက်ညိမ့်ပြ၍
လုပ်လက်စ အလုပ်ကို ဆက်လုပ်နေသော
Oh sehun အား အလုပ်သင်လေးများက
လေးစားသော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်
-
-
-
-
Oh sehun ဂျူတီချိန်ပြီးသွားသဖြင့် အဝတ်စားလဲပြီးအိမ်ပြန်ရန် ဆရာဝန်များ နားနေဆောင်သို့ လမ်းလျှောက်လာသည်။
Duty coat ကို ချွတ်၍ လက်တစ်ဖက်ပေါ်တင်ကာ
အောက်မှ ဝတ်ဆင်ထားသော Shirt အင်္ကျီအဖြူရောင်လက်ရှည်အား
တံတောင်ဆစ်နားအထိ ခေါက်တင်ထားသည်။
အမဲရောင်လည်သာကြောင့် ပြောင်လက်နေသော
ရှူဖိနပ်နှင့်အတူ Oh sehun မျက်နှာသည်လဲ
တည်ကြည်နေပြီး
မျက်ဝန်းများကလည်း ဖြောင့်တန်းနေသော
မျက်ခုံးနှစ်ဖက်နှင့်အတူ လေးနက်ပြတ်သားသည့် အသွင်ကိုဆောင်နေသည်။
Oh sehun ၏ ခန့်ညားသော သွင်ပြင်ကို ဘေးမှ ဖြတ်လျှောက်သွားသော သူများ လှည့်မကြည့်ပဲမနေနိုင်။
"Duuu Duu duu"
Contact name မှာပေါ်နေတာက
"Appa" ဖြစ်သည်.
Oh sehun အဖေသည် ကိုရီးယားတွင် အငြိမ်းစားစိတ်ရောဂါအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်သည်။
တစ်လနေလို့မှ တစ်ခါအကြောင်းမရှိပဲ ဆက်လေ့မရှိသော အဖေက ဖုန်းဆက်လာသည်မို့ Sehun အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
ထို့နောက်တွင်..
"Hello"
"Oh sehun..."
အဖေ့အသံက ပုံမှန်မဟုတ်။
တခုခုကို အလေးနက်ပြောချင်ဟန်
"အင်း ကျွန်တော်ပြောနေတယ်.."
"....."
အဖေ က စကားပြောဖို့ အတော်အချိန်ယူနေသဖြင့်
Oh sehun က
"အဖေ ပြောလေ..."
"Chanyeol လူတွေ ပြန်စသတ်နေပြီ Sehun.."
ဖုန်းထဲမှ ထွက်လာသော Sehun အဖေ၏ အသံသည် တိုးညှင်းစွာ..
အဖေပြောလိုက်သောစကားကြောင့် Sehun လှမ်းနေသော ခြေလှမ်းများလည်း ရပ်တန့်သွားသည်။
"......."
Sehun ဘာမှမပြောပဲ နှုတ်ဆိတ်ကာ စဉ်းစားနေသည်။
"Chanyeol လူတွေမသတ်တာကြာပြီ အခုက.."
ထပ်ဆင့်ပြောလိုက်သော Sehun အဖေ၏စကားက
Sehun အတွေးများကို ပို၍ နစ်မြောသွားစေသည်။
အမှန်ပင်။ ထို အချိန်က ဖြစ်ပွားခဲ့သော
Chanyeol ရဲ့ အတိတ်မှ ကြောက်စရာကောင်းသော ဖြစ်ရပ်ဆိုးကြီးသည် Chanyeol စိတ်အခြေနေ ကို
အဆုံးစွန်ထိ ဆိုးရွားစေခဲ့သည်။
ထို အဖြစ်ဆိုးကြီးကြောင့်လဲ Chanyeol မိသားစု တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။
ငယ်စဉ်ကထဲက တစစဖြင့် နာကျင်ခဲ့ရသော ခံစားချက်များအပြင်
တစ်ချိန်ထဲမှာ မိသားစုဝင်တွေကို ရှေ့ဆင့်နောက်ဆင့် ဆုံးရှုံးလိုက်ရတဲ့ Chanyeol သည်
စိတ်ထွက်ပေါက်အနေဖြင့်
လူသတ်မှု့များ ဇာတ်တိုက်ပြုလုပ်လာခဲ့သည်။
လူသတ်မှု့များကလဲ သာမန်မဟုတ်ပဲ ရက်စက်လွန်းသည်။ဆိုးရွားလွန်းသည်။
ထို သတ်ဖြတ်မှု့များကို Chanyeol ၏ ဦးလေးဖြစ်သူ Sehun အဖေ ကိုယ်တိုင်ပင်မထိန်းချုပ်နိုင်ခဲ့။
(အဲ့တုန်းက Sehunက အထက်တန်းကျောင်းသားပဲရှိသေးတယ်)
သို့သော် ထိုသတ်ဖြတ်မှု့များအားလုံးက တစ်စုံတစ်ခုကြောင့် ရုတ်ချည်းရပ်တန့်သွားခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရသော် Chanyeol ခံစားခဲ့ရသမျှ နာကျင်မှု့များအားလုံးကို ပျောက်ကွယ်စေနိုင်မည့်သူ၊
Chanyeol ၏ အတိတ်ဆိုးများအားလုံးကို
ဖျောက်ဖျက်ပေးနိုင်မည့်သူအား
Chanyeol ရှာတွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်....
Sehun အလေးနက်စဉ်းစားပြီးနောက်
ပြတ်သားသော အဖြေတစ်ခုကိုပြောခဲ့သည်။
"ကျွန်တော် korea ကို ပြန်လာခဲ့မယ် အဖေ"
-
-
-
...........
................
May 30,2016
(Jeon Shin အသတ်ခံရသော အချိန်)
Kai ထားခဲ့သော စားသောက်ဆိုင်မှ ကျောင်းသို့ သွားသည့်လမ်းတွင် bus များ မရှိတော့တာကြောင့် Baekhyun လမ်းလျှောက် လာခဲ့ရသည်။
ကျောင်း ရှေ့ရောက်တော့ ည၈နာရီထိုးနေပြီဖြစ်သည်
ကျောင်းအဝင် လမ်းတစ်လျှောက်ရှိ သစ်ပင်များသည် နေ့ခင်းဘက်တွင် မသိသာသော်လဲ ညအချိန်တွင် မှောင်မဲကာ ခြောက်ခြားမှု့ကို လမ်းစပြပေးနေသည်။
မှိန်ပြပြလရောင်နှင့် ပိန်းပိတ်နေသော အမှောင်ထုကြောင့် ဝန်းကျင်တခုလုံး အသက်မဲ့နေသည့်အလား
Baekhyun ခြေလှမ်းများကို အရှိန်တင်ကာ ကျောင်းထဲသို့ ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်။
မီးရောင် တစ်စွန်းတစမရှိ မှောင်မဲ နေသော ကျောင်းဆောင်ကြီးရှေ့တွင် Baekhyun ခြေလှမ်းများ ခေတ္တရပ်တန့်ပြီး ကျောင်းဆောင်ကို မော့ကြည့်မိလိုက်သည်။
တဒုန်းဒုန်း ခုန်နေသော နှလုံးခုန်သံနှင့်အတူ
Baekhyun စိတ်ထဲတွင် မသိုးမသန့်ဖြစ်လာသည်။
ညအချိန်မှာတောင် မီးထိန်ထိန်လင်းနေတတ်သော ကျောင်းဆောင်ကြီးသည် ဒီနေ့မှ ဘာလို့ အဲ့လောက် မှောင်မဲနေရသည်လဲ။
ဘာလို့ အဲ့လောက် တိတ်ဆိတ်နေရသည်လဲ။
ငါ တစ်ယောက်ထဲ ဝင်လာမိတာမှားပြီလား
Baekhyun နောက်သို့ လှည့်ပြန်ချင်သော ခြေလှမ်းများကို ဘရိတ်အုပ်လိုက်ရသည်။
မဖြစ်.. မနက်ဖြန် project ထပ်ရဦးမည်။ အရင်ထဲက အထင်သေးခံရသော
Baekhyun တွင် အထင်ကြီးစရာဆိုလို့ စာတော်သည်ဟူသော ဂုဏ်ပုဒ်တစ်ခုသာရှိသည်။
အခု စာဘက်တွင်ပါ ထပ်မံယုတ်လျော့လို့ လုံးဝမဖြစ်
Baekhyun နဖူးတွင် ကျနေသော ချွေးစလေးများ လက်ဖမိုးဖြင့် ခဖွဖွ သုတ်ကာ သက်ပြင်းချလိုက်သည်
ဒီအထိ ရောက်လာပြီးတော့မှ အပေါ်တတ်ပြီး ယူလိုက်ပါတော့မည် ဟူသော ဆုံးဖြတ်ချက်နှင့်အတူ ကျောင်းဆောင် လှေကားထစ်များကို အားယူ၍ တတ်လှမ်းလာခဲ့သည်။
တိတ်ဆိတ်နေသော ကျောင်းဆောင်ထဲတွင် Baekhyun ရဲ့ ခြေသံများက ကျယ်လောင်နေသည်။
လကွယ်ညမျိုးတွင် ပတ်ဝန်းကျင်က မှောင်မဲနေတာကြောင့် Baekhyun ဖုန်းမှ မီးကို ဖွင့်ကာ စမ်းတဝါးဝါးနှင့် ကျောင်းဆောင်လှေကားများကို ဖြတ်ကျော်လာခဲ့သည်။
ဝူးး!!
ဒုတိယထပ် ကော်ရဒါသို့တတ်စဉ် ရုတ်တရပ် တိုက်ခတ်လာသော လေပြင်းသံက Baekhyun အရိုးများထဲပင် အေးစိမ့်သွားစေသည်။
Baekhyun လက်ထဲမှ ဖုန်းအား တင်းကြပ်စွာ ဆုပ်ကိုင်၍ စာသင်ခန်းရှိရာသို့ ဖြေးညှင်းစွာ ဆက်လျောက်လာခဲ့သည်။
တွေ့ပါပြီ Baekhyun စာသင်နေကြဖြစ်သည့် အခန်း
Advertisement
- In Serial56 Chapters
The Legend Of The Insanely Overpowered Mage
Set in a fantasy realm, a mage is blessed with a unique primary attribute - fertility! Our story revolves around a young mage who uses his affinity to the maximum and tries to create his own Magnum Opus, but soon, others are drawn towards his insane power to bring fertility into all! Will the mage be able to create his very own Magnum Opus? Or will he fail in creating it? (I wrote this for fun, so there's probably going to be some weird stuff here and there. Plus, I'm no professional) (No chapts for this week in favor for some thinking time)
8 184 - In Serial46 Chapters
The Prank Caller Is An Idol!? ⚊ Enhypen Sunoo Text AU [ #2 ]
In which a college student accidentally leaves her number on a sticky note in an ice cream shop and an idol decides to prank call her after being dared by their maknae.
8 188 - In Serial6 Chapters
A secret life of a hamster
Learn about a hamster's life from Leo the hamster's POV
8 181 - In Serial98 Chapters
the unwanted twin
Emilia and Lexi were twins but they couldn't be more oppersite if they tried.Emilia was selective mute, she was taught not to speak unless spoken to as time went on she stopped talking to people all together. Her mother and step father abused her since she was 5 causing her to grow cold and distant. Lexi was the favourite child, her mother and step father gave her everything she ever wanted, she was bubbly and made friends quick however she was used to the attention and never wanted anyone but her to have the attention.both girls had a strong dislike for each other, Emilia hated that Lexi let their parents abuse her whilst she stood by laughing , she hated how bitchy Lexi could be and how she bullied her. Lexi couldn't stand that she had a twin, especially how weird she thought Emilia to be.16 years ago was one of the happiest days of the Rosso family lives, their princesses were born but only two years later Alice Russo ran off with the twins, leaving behind her husband Alessandro and their 4 boys. Alessandro was heartbroken and being the Mafia boss, he spared no resources looking for his twin girls but Alice was good, she had help and managed to hide from mafia boss himself.As time went on, Alessandro and his sons gave up hope, until he received a call he never thought he would have.Book 1 completed
8.69 348 - In Serial14 Chapters
The way of life - Edser Fan fiction
This a book about the story of Edser, this is completely fictional. I don't own any of the characters they belong to MF Yapim. This is just how I thought the story would go. Eda and Ferit are siblings who live in Istanbul while Eda has a secret crush on the famous architect Serkan Bolat, see what happens in their life and how destiny will bring them together or not..
8 102 - In Serial36 Chapters
Please...
Harry Potter is five years old now, though he does not look it. He looks more like a small four or three year old. But, that's not the end of it.The fact that none of his neighbors know he exists, that he sleeps in a cupboard, even that his parents are dead, is not the end, nor the worst of it. No, the worst, is his uncle. The reason he doesn't speak, look at anyone, barely even breathe. Each night, he hopes for someone to come and save him, but they never come. No matter how hard he wishes, how hard he hopes, it seems he will be stuck there forever, or until his slow, agonizing march to death ends.One night, after hoping and hoping, he starts to realize he will never get saved, helped, even comforted, for his entire life.What if he's wrong, and what if a certain Slytherin can heal this broken child?What if, in turn, this broken child can heal him?THIS IS NOT SNARRY!! If that's your thing that's fine, but HARRY IS FIVE IN THIS FANFIC!! NOT SNARRY!!Do not repost on any other website/account without my permission.
8 128

