《S T R A N G E R》Part 2
Advertisement
သာယာနေသော ရာသီဥတု၊ စိမ်းဆိုနေသော ပတ်ဝန်းကျင်၊ တက်ကြွနေသောကျောင်းသားကျောင်းသူများနှင့် လားလားမှ မသက်ဆိုင်စွာ ဆန့်ကျင်ဘက်
"အင်္ကျီရင်ဘတ်မှာ ဝက်ဝံအရုပ်လေးကပ်ထားပြီးဘာတွေအလိုမကျဖြစ်နေလဲ မသိဘူး နှုတ်ခမ်းကဆူထားသေးတယ် Hahaa "
.......
..........
......
...........
လွယ်အိတ်ကို တစ်ဖက်ပဲလွယ်ကာ အင်္ကျီ ဖရိုဖရဲနှင့် ဆူဆောင့်အောင့်၍ အခန်းထဲဝင်လာနေသည်မှာ အိပ်ရေးမဝသေးသည့်ဟန်
"ဟင်?"
..........
..............
......
..........
"Duuu Duu Duuuu Duu!!"
Advertisement
"Unknown number
+8297..."
တစ်အိမ်ထဲနေသော အမေကလဲ ဒီအချိန်ကြီး ဖုန်းထခေါ်စရာ အကြောင်းမရှိ။
"hello"
"......"
"hello..."
-
-
-
-
ကောင်းသောညပါ
အသံမျိုးမဟုတ်ပဲ
အေးစက် တည်ငြိမ်နေသည်။
"ခင်.. ခင်ဗျား ဘယ်သူလဲ"
"Tili Tili bom
Close your eyes now
And knocks on the door
Tili Tili bom
He is inside the house
To visit who can't sleep
He walks....
He is coming.....Closer.."
-
-
ဖုန်းအား မကြည့်မိသေး
"Tong!!"
-Someone is walking outside the door
(တစ်စုံ တစ်ယောက်က အိမ်ပြင်မှာ လမ်းလျှောက်နေတယ်)
-And knocks on the door
(ပြီးတော့ တံခါးကို လာခေါက်နေတယ်)
(ညဥ့်ငှက်များက ကျီကျီကျာကျာ အော်မြည်နေတယ်)
-He is inside the house
To visit who can't sleep
(တစ်စုံတစ်ယောက်က မအိပ်သေးတဲ့သူတွေစီကို လာရန်အတွက် အိမ်ထဲကို ရောက်နှင့်နေပြီ)
Advertisement
-Can you hear him closing in
(တစ်စုံတစ်ယောက်က မင်းနဲ့ အရမ်းနီးကပ်လာတာကို ခံစားမိလား)
-Lurcking around the coner
staring right at you
(တစ်စုံတစ်ယောက်က အခန်းထောင် တစ်နေရာကနေ မင်းကို စိုက်ကြည့်နေတယ်)
video ထဲတွင် ပါသော စာသားများက baekhyun အား ခြောက်လှန့်နေသည်။
baekhyun ပြတင်းပေါက် အပြင်ဘက်အား လှမ်းကြည့်မိလိုက်တော့..
လပြည့်ညဖြစ်သဖြင့် လမင်း၏ အလင်းရောင်ကြောင့်
ပြတင်းပေါက်မှန် အပြင်ဘက်ရှိ
သစ်ပင်ကိုင်းများ၏ အရိပ်သည်
baekhyun အခန်းတွင်းသို့ကျနေသည်။
ထိုစဉ် လေပြေ တစ်ချက်နှင့်အတူ
ကြားလိုက်ရသည်က ဆွဲဆွဲငင်ငင်နှင့်
အူနေသော ခွေးအူသံများ။
ပြတင်းပေါက် ဘောင်နှင့်
တဖက်အိမ်ခေါင်မိုးပေါ်တွင်
နားနေသော ကျီးကန်းများကလည်း
တစ်စုံတစ်ယောက်က အချက်ပေးခြင်း
ခံလိုက်ရသည့်ဟန်
တစ်ပြိုင်နက် ထပျံကုန်ကြသည်။
ခွေးများကလည်း baekhyun တို့ အိမ်ဘက်သို့ လှည့်ကာ စူးစူးရွားရွားထိုးဟောင်နေကြသည်မှာ တစ်စုံတစ်ယောက်အား တွေ့သည့်နှယ်။
အဖြစ်အပျက်များမှာ baekhyun အား ခြောက်လှန့်ရန် တမင် အကွက်ကျကျ စီစဉ်ထားသလိုပင်..
baekhyun ဒီရေကဲ့သို့ တရိပ်ရိပ်တတ်လာသော ကြောက်စိတ်ကြောင့် ဒူးများကို ကွေး၍
လက်နှစ်ဖက်ဖြင့် နားကိုပိတ်ကာ
မျက်စိများကို စုံမှိတ်ထားမိသည်။
"ဟင့်အင်း ဘာမှမဖြစ်ဘူး baekhyun အဆင်ပြေတယ်"
baekhyun ခန္ဓာကိုယ်အား တတ်နိုင်သမျှ ကွေးကာ ကိုယ့်ကိုယ်ကို အားပေးနေသည်။
မည်သို့ပင် နားပိတ်ထားသော်လဲ နားထောင်ထားသော သံစဉ်က အကြိမ်ကြိမ်မြည်ဟီးနေသည်။
မည်သို့ပင် မျက်စိမှိတ်ထားသော်လဲ ဖတ်ထားသော စာသားများက အကြိမ်ကြိမ်မြင်ယောင်နေသည်။
ဘယ်လိုပင် အပြင်မှာ အေးစက်နေပါသော်လဲ ကြောက်လန့်စိတ်ကြောင့် baekhyun တစ်ကိုယ်လုံး တဆက်ဆက်တုန်ကာ မှောင်မဲနေသော အခန်းငယ်လေးထဲတွင် baekhyun တစ်ယောက်ထဲ ကမ္ဘာပျက်နေသည်။
အထီးကျန်လာသည်။ အားငယ်လာသည်။
ကူရာကယ်ရာမဲ့နေသော စိတ်နှင့် ထိတ်လန့်ခြင်းတို့
ပေါင်းစပ်ကာ မျက်ရည်များပင် အဆက်မပြတ်စီးဆင်းလာသည်။
"Tong!!"
အချိန်ကိုက်စွာပင် ထပ်မံ၍ဝင်လာသော
Msg တစ်စောင်..
စာကိုမြင်လိုက်သည်နှင့် တစ်ပြိုင်နက် baekhyun မိုးကြိုးပစ်ချ ခံလိုက်ရသော လူတစ်ယောက်သဖွယ် ကြက်သီးမွှေးများထောင်လာကာ မျက်လုံးများပြာဝေလာပြီး လက်ထဲမှဖုန်းအား ချက်ချင်းလွှတ်ချလိုက်မိသည်။
ဆောင့်တတ်လာသော ကြောက်စိတ်ကြောင့်
လက်များတစက်စက်တုန်လာကာ
မျက်ရည်များကြောင့် ပတ်ဝန်းကျင်ကိုပင်
သေချာမမြင်ရတော့
*ဒီ.. ဒီလူ ဘာ သဘောနဲ့ ဒီစာကို ပို့ရတာလဲ
ဘာလို့ငါ့ကိုမှ....ဘာလို့လဲ !!! ဘာလို့လဲ !!!
" Ahhhhhh !!!!!! "
ဘယ်ကမှန်းမသိသော ဖုန်း call တစ်ခုကြောင့်
သွေးပျက်ကြောက်လန့်ကာ
ဆောက်တည်ရာမရဖြစ်နေသော မိမိကိုယ်မိမိ
ဒေါသထွက်မှု့၊ အလိုမကျမှု့၊ သိမ်ငယ်မှု့များစုပြုံပြီး
သက်သာလို သက်သာငြား
နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်၍
အသံကုန်ခြစ်အော် လိုက်တော့သည်...
......
.........
မင်းရဲ့မသိစိတ်ကနေတဆင့် မင်းဆီကို တရိပ်ရိပ်တိုးဝင်ခဲ့မယ် Baekhyun ...
မင်း စောင့် နေ ပါ ~
>>>>>>>>>>>>>>>>>>>>>>>>>>
AN - ထပ်မံပြီး တောင်းဆိုပါရစေ အပေါ်မှာ ပြထားတဲ့သီချင်းလေးကို ပြန်နားထောင်ပေးပါနော်။ အဲ့တာမှ baekhyun ခံစားရတဲ့ ကြောက်လန့်မှု့ကို ထပ်တူခံစားရမှာမို့ပါ ❤️
တက္ကသိုလ်ဝင်း အတွင်း ကျောင်းသားကျောင်းသူများနှင့် စည်ကားလျက်ရှိသည်။ ခါတိုင်းကဲ့သို့ ချမ်းစိမ့်မနေပဲ သာယာနေသောရာသီဥတုနှင့် ဖြည်းညှင်းစွာ တိုက်ခတ်နေသော လေပြေလေးများက စိတ်ကို ကြည်လင်စေသည်။
ကျောင်းအဝင်ဂိတ်ဝမှစ၍ ကျောင်းထဲသို့ ဝင်သည့် လမ်းတစ်လျှောက် သစ်ပင်ကြီးများဖြင့် စိမ်းဆိုနေပြီးသစ်ရွက်များကြားမှ ထိုးဝင်နေသော နေအပူရှိန်သည် အရမ်းမပူပဲ လမ်းလျှောက်ရန် အလွန်ကောင်းသော အခြေနေမျိုးဖြစ်သည်။
အရောင်သွေးစုံလင်စွာဖြင့် ကျောင်းတော်ကြီးအတွင်း ဝင်ရောက်လာကြသော ကျောင်းသားကျောင်းသူများအားလုံးက တတ်ကြွလန်းဆန်းနေကြသည်။
သာယာနေသော ရာသီဥတု၊ စိ်မ်းဆိုနေသော ပတ်ဝန်းကျင်၊ တက်ကြွနေသောကျောင်းသားကျောင်းသူများနှင့် လားလားမှ မသက်ဆိုင်စွာ ဆန့်ကျင်ဘက်
တစ်ယောက်ထဲ မိုးအုံ့ကာ စိတ်ပျက်နေသော ခြေလှမ်းများဖြင့် ကျောင်းတော် ကြီးသို့ လှမ်းလာခဲ့သူတစ်ဦးတော့ရှိသည်။ ထိုသူက Kim Kai...
"ဟဲ့ ဟိုမှာ ကြည့်စမ်း ဟိုတစ်ယောက်ကို.."
"အိပ်ငိုက်နေတာလား မသိဘူး မျက်လုံးတောင်မပွင့်ဘူး ချစ်စရာလေး"
"အကျႌရင်ဘတ်မှာ ဝက်ဝံအရုပ်လေးကပ်ထားပြီးဘာတွေအလိုမကျဖြစ်နေလဲ မသိဘူး နှုတ်ခမ်းကဆူထားသေးတယ် Hahaa "
" ကျောင်းသား သစ်လားမသိဘူးဟဲ့ တစ်ခါမှ မမြင်ဖူးဘူးနော် သူ့ကို "
"ဟဲ့ ဂျစ်ကန်ကန် နဲ့ သူ့ပုံလေးက လုံးဝ ငါ့ type ပဲဟ icess"
ဘေးနားမှ မိန်းကလေးများရဲ့ တစ်ယောက်တစ်ပေါက် တီးတိုးကြားသံများကို ကြားနေရသော်လဲ kai တစ်ယောက် ဘာမှမပြောမိ။
မနက်ထဲက အိပ်ရေးမဝလို့ စိတ်တိုနေရသည့်ကြားထဲ သူတို့အသံတွေကြားရတာ ပို၍အာရုံနောက်စေသဖြင့် နားကြပ် တစ်ဖက်ကို နားမှာတပ်ရပ်ကာ လှမ်းဆက်လျှောက်လာလိုက်သည်။
.......
..........
"လမ်းလျှောက်ရတဲ့သူတွေကို အားမနာလျှာမကြိုး ဘယ်သူကများ ဒီလောက် လမ်းအရှည်ကြီး ဆောက်ထားရတာလဲမသိဘူး"
Kai တစ်ယောက် တစ်လမ်းလုံး cool guy image ပျက်မှာ စိုးသဖြင့် အောင့်အီးသည်းခံခဲ့သမျှ စာသင်ခန်းထဲရောက်မှ မကျေနပ်ချက်တွေ ကို ပွစိပွစိလုပ်ကာ ဘယ်ကမှန်းမသိသော ကျောင်းဆောက်သူအား အပြစ်တင်နေခြင်းဖြစ်သည်။
"ဒီလောက် ပူတဲ့ရာသီဥတုမှာ နေ့တိုင်း ဒီလိုသာ လမ်းလျှောက်ပြီးကျောင်းတတ်ရမယ်ဆိုရင် ငါ့အသားတွေတော့ မဲကုန်တော့မှာပဲ ကျစ် "
ရင်ထဲမှ ပေါက်ကွဲသံစဉ်များအား ဖွင့်ချနေရသဖြင့် အရှေ့ဆုံးတန်းတွင် ထိုင်နေသော baekhyun အားမမြင်နိုင်သေး။
"ahhh.. စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာာ အဲ့တာကြောင့် မတတ်ချင်ပါဘူးလို့ပြော.. ပြော.."
kai ပြောမယ့် စကားများ လည်ချောင်းထဲမှ အတောင့်လိုက်ပြန်ဝင်သွားရသည်။ တရားခံမှာတော့ အရှေ့တန်းမှ မိမိအား ပါးစပ်အဟောင်းသားနှင့် လှည့်ကြည့်နေသော ကောင်လေးကြောင့်ပင်...
......
...........
baekhyun ဒီနေ့ ကျောင်းကို အစောကြီး ရောက်နေသဖြင့် စာသင်ခန်းထဲသို့ဝင်ကာ နောက်နေ့ထပ်ရမည့် project အတွက် ယခုထဲက ပြီးအောင် ကြိုလုပ်နေခြင်းဖြစ်သည်။
ကျောင်းစတတ်ချိန်ဖြစ်သည့်အပြင် ပထမချိန်သည် minor ချိန်ဖြစ်သောကြောင့် ကျောင်းသား တော်တော်များများက ကန်တင်းတွင် အချိန်ကုန်သည်က များသည်။
baekhyun မှာသာ ကန်တင်းထိုင်ရန် သူငယ်ချင်းမရှိသဖြင့် စာသင်ခန်းထဲတွင် တစ်ယောက်ထဲစာလာလုပ်နေခြင်းဖြစ်သည်။
စာသင်ခန်းမှာ အတော်ပင်ကျယ်ဝန်းပြီး ပြတင်းပေါက်များဖွင့်ထားသဖြင့် အပြင်ဖက်မှ ငှက်လေးများ တကျီကျီ အော်သံမှ အပ တခြား မည်သည့်အသံမှ မကြားရပဲ အခန်းတွင်း တိတ်ဆိတ်နေသည်။
ထိုစဉ်.... ဝုန်းဒိုင်းကြဲကာ ဝင်လာသောလူတစ်ဦး။
"လမ်းလျှောက်ရတဲ့သူတွေကို အားမနာလျှာမကြိုး ဘယ်သူကများ ဒီလောက် လမ်းအရှည်ကြီး ဆောက်ထားရတာလဲမသိဘူး"
*ဟင်.. ဒီလူ ဘယ်သူ့ကို ရန်တွေ့နေတာလဲ
တိတ်ဆိတ်နေသောအခန်းတွင်း ရန်တွေ့ပြောနေသံကြောင့် baekhyun အူကြောင်ကြောင်ဖြင့်နောက်လှည့်ကြည့်မိတော့... ကျောင်းသားတစ်ဦး
လွယ်အိတ်ကို တစ်ဖက်ပဲလွယ်ကာ အကျႌ ဖရိုဖရဲနှင့် ဆူဆောင့်အောင့်၍ အခန်းထဲဝင်လာနေသည်မှာ အိပ်ရေးမဝသေးသည့်ဟန်
မျက်လုံးများကလည်း မပွင့်သေး..
"ဒီလောက် ပူတဲ့ရာသီဥတုမှာ နေ့တိုင်း ဒီလိုသာ လမ်းလျှောက်ပြီးကျောင်းတတ်ရမယ်ဆိုရင် ငါ့အသားတွေတော့ မဲကုန်တော့မှာပဲ ကျစ် "
"ဟင်?"
baekhyun စွန့်အ သွားရသည်။ အေးလွန်းသဖြင့် baekhyun တောင် နေ့တိုင်း အနွေးထည် ထပ်ဝတ်လာရသော ရာသီဥတုမှာ ထိုလူက ပူသည်ဟုအော်နေသည်။
ပြီးတော့ အသားမဲကုန်မည် စိုးရလောက်အောင်လဲ baekhyun သေချာ ပြူးပြဲကြည့်ပြန်တော့ ထိုသူ အသားက ထပ်၍မဲစရာမရှိတော့။ (အမဲ ဂိတ်ဆုံးနေသည်ကို ဆိုလိုသည် 😂)
baekhyun ပါးစပ် အဟောင်းသားဖြင့်သာ ထိုသူအား လူထူးဆန်းသဖွယ် ကြည့်နေမိသည်။
"ahhh.. စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာာ အဲ့တာကြောင့် မတတ်ချင်ပါဘူးလို့ပြော.. ပြော.."
ရှုပ်ပွနေသော ခေါင်းအား ထပ်မံ၍ ဖွကာ ညည်းညူနေသော ထိုသူသည် ရုတ်တရပ် အသံရပ်ကာ baekhyun အား မော့ကြည့်လာသည်။
ဘာလဲ ဆိုသည့် ပုံစံဖြင့် မေးငေါ့ပြတော့ baekhyun မျက်လုံးများဝိုင်းသွားရသည်။
*ငါ ဘာလို့သွားကြည့်နေမိတာလဲ ကျစ်!
baekhyun ထိုသူအား မသိချင်ယောင်ဆောင်ကာ မျက်နှာသေဖြင့် အကြည့်လွှဲပြီး အရှေ့သို့ပြန်လှည့်ခဲ့သည်။
..........
..............
......
..........
May 21, 2016
အမှောင်ထုကြောင့် ပတ်ဝန်းကျင်တခုလုံး အသက်မဲ့နေသည့်အလား မဲမှောင်တိတ်ဆိတ်နေသည်။
"Duuu Duu Duuuu Duu!!"
လူခြေတိတ်၍ ချမ်းစိမ့် နေသော ညသန်းခေါင်ယံ အချိန်တွင် မှောင်မည်းနေသော အခန်းလေးအတွင်း
ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှု့ကိုဖြိုခွင်းကာ
ကျယ်လောင်စွာထွက်ပေါ်လာသော ဖုန်းမြည်သံတစ်ခု။
baekhyun အိပ်ယာနားဘေး
စားပွဲပေါ်တွင် ထမြည်နေသော
ဖုန်းသံကြောင့် အိပ်နေရာမှ နိုးလာခဲ့သည်။
ဖုန်းမှ ထွက်ပေါ်နေသော အလင်းရောင်များကလဲ မီးပိတ်ထားသော baekhyun ၏အခန်းလေးအား လင်းသွားစေသည်။
baekhyun အိပ်ရေးမဝသဖြင့် ကျိမ်းစပ်နေသော မျက်လုံးများအား လက်နှင့်ပွတ်ကာ
မြည်နေသော ဖုန်းအား လှမ်းယူစဉ်
ဖုန်းက call end ဖြစ်သွားချေပြီ။
ကျန်ခဲ့သော miss call အားဖွင့်ကြည့်လိုက်တော့
"Unknown number
+8297..."
ဖုန်း screen ပေါ်နေသော
နံပါတ်အား baekhyun မမြင်ဖူး။
ပုံမှန်ဆို baekhyun ဖုန်းသည် ကျောင်းက ဆရာမများမှ လွှဲ၍ ဆက်မည့်သူမရှိပါ။
အဖေ့ ဖုန်းနံပါတ်ကိုလဲ baekhyun အလွတ်ရသည်။
တစ်အိ်မ်ထဲနေသော အမေကလဲ ဒီအချိန်ကြီး ဖုန်းထခေါ်စရာ အကြောင်းမရှိ။
*ဒီအချိန်ကြီး ငါ့ကိုဖုန်းခေါ်မယ့်သူ ဘယ်သူရှိလို့လဲ.. ဖုန်းများမှားတာလားမသိဘူး
baekhyun စဉ်းစားနေချိန်တွင် လက်ထဲမှ ဖုန်းက ထပ်မံမြည်လာသည်။ baekhyun စဉ်းစားမနေပဲ ဖုန်းကိုင်ကာ..
"hello"
"......"
"hello..."
ဖုန်းကိုင်ပြီး စက္ကန့်အနည်းငယ်ကြာသည်ထိ တစ်ဖက်လူ၏ စကားသံကို မကြားရသေး။
"hello ဘယ်သူလဲမသိဘူး ခင်ဗျ"
-
-
-
-
"ကောင်းသောညပါ BYUN BAEKHYUN"
ဖုန်းထဲမှ ဖြေးညှင်းစွာနဲ့ ထွက်ပေါ်လာသော အသံသြသြတစ်ခု။
ယောကျာ်းတစ်ယောက်၏ အသံဖြစ်ပြီး
ထိုသူ၏အသံမှာ baekhyun ကြားဖူးသော
အသံမျိုးမဟုတ်ပဲ
အေးစက် တည်ငြိမ်နေသည်။
ထိုသူ၏ အသံကို ကြားလိုက်သည်နှင့်
အသံပိုင်ရှင်၏နောက်ကွယ်က
အထီးကျန်ခြင်း၊ ခြောက်လှန့်ခြင်း၊ ငိုကြွေးခြင်းများကို baekhyun ထူးဆန်းစွာ ခံစားမိသည်။
"ခင်.. ခင်ဗျား ဘယ်သူလဲ"
baekhyun ဘက်မှ မေးလိုက်သော်လည်း
တစ်ဖက်လူမှ ပြန်လည်ဖြေကြားခြင်းမရှိ။
နောက်တွင်တော့ တိုးညှင်းစွာ ထွက်ပေါ်လာသော တေးသွားတစ်ပုဒ်.....
[There should be a GIF or video here. Update the app now to see it.]
( AN- ကျေးဇူးပြုပြီး ဒီသီချင်းလေးကို အပြီးထိဆုံးအောင် သေချာနားထောင်ပြီးမှ အောက်ကစာတွေကို ဆက်ဖတ်ပေးပါနော်။ အဲ့တာမှ အောက်မှာ ရေးထားတဲ့ စာတွေကို နားလည်မှာမို့ပါ ❤️ )
"Tili Tili bom
Close your eyes now
Someone is walking outside the house and
And knocks on the door
Tili Tili bom
The nightbirds are chirping
He is inside the house
To visit who can't sleep
He walks....
He is coming.....Closer.."
(ဒီသီချင်းလေးက Russian Lullaby ရဲ့ အထင်ရှားဆုံး သားချော့တေး တစ်ပုဒ်ဖြစ်ပြီး ရှေးခေတ် ရုရှား အမျိုးသမီးတွေက သူတို့ရဲ့ သားသမီးများကို ညအိပ်ခါနီးတိုင်း ဒီသီချင်းလေးကို ဆိုပြပြီး အိပ်ခိုင်းလေ့ရှိပါတယ်..)
-
-
တိတ်ဆိတ်နေသော ညသန်းခေါင်ယံတွင် ဖုန်းထဲမှ ထွက်ပေါ်လာသော သံစဉ်အား baekhyun တစ်ယောက်ထဲ ငြိမ်သက်စွာ နားထောင်နေမိသည်။
ရုရှား ဘာသာဖြင့်သီဆိုထားသောကြောင့် သီချင်း၏ အဓိပ္ပါယ်ကို နားမလည်သော်လဲ သီချင်းသံစဉ်ကို နားထောင်နေရင်းနှင့်ပင် baekhyun ကြက်သီးများ ထလာသည်။
သီချင်းဆုံးသွားသောအခါ ဖုန်းက သူ့ဟာသူ အော်တိုပိတ်သွားကာ အခန်းတစ်ခန်းလုံးပြန်၍ မှောင်မိုက်သွားသည်။
အခုချိန်ထိ baekhyun လက်ထဲမှ
ဖုန်းအား မကြည့်မိသေး
နားထဲတွင် ခုနက နားဆင်ခဲ့သော သံစဉ်ကိုသာ ထပ်ခါထပ်ခါ ကြားယောင်နေသည်။
"Tong!!"
ထိုစဉ် ဝင် လာသော Noti တစ်ခု ..
ခုနက ခေါ်သော ဖုန်းနံပါတ်ကပင် video တစ်ခု
ထပ်မံ ပို့ထားခြင်းဖြစ်သည် ။
baekhyun ဖွင့်ကြည့်လိုက်တော့
ဖုန်းခေါ်တုန်းက နားထောင်လိုက်ရသော
သီချင်းအား အင်္ဂလိပ်လို ဘာသာ ပြန်ပေးထားသော video ဖြစ်သည်။
Advertisement
- In Serial19 Chapters
Reborn as a Dragon Tamer
Meet Harmony: A canny duelist in the world’s most popular monster fighting video game. When she receives a message promising fame and adventure through dragon taming, she jumps at the chance. Getting in on the ground level of a new hot game is the opportunity of a lifetime. What could go wrong? The next thing Harmony knows, she’s been transported to a world where she is the character, dragons are real, and the duels have become life or death. Ding! Travelers from other realms have changed the course of our world's history before — for good and ill. Now the world has become stagnant and a new voice is needed. How will you place your stamp?
8 184 - In Serial17 Chapters
A Tower Of Dreams
In a world recovering from the devastation brought by a great plague, a girl with more issues than sense is muddling her way through life. Until she unwittingly sets her foot into a tangled mess of problems that will change her life forever. Disclaimer: Characters, organizations, and objects depicted are fictional. The author will not take responsibility for the loss of any sanity or causation of mental trauma, physical injuries, nightmares, existential crisis, or spontaneous combustion of ducks resulting from reading this work.
8 188 - In Serial31 Chapters
Loot Sisters
Loot Sisters is a light-hearted flash fiction serial of 100-word episodes inspired by RPGs and hunting for quests. I don't have a set plan for where the story goes, as each week, I write my story around three random words posted weekly on The Prediction (an online flash fiction challenge group). I hope you enjoy the story! :) My characters include Maya (the narrator and a bit of a rogue-like character), Vera (our healer/mage), Felicia (resident navigator and lover of gadgets), and Rach (a fighter/brawler). Cover illustration is of Maya by Luminita Pham.
8 94 - In Serial44 Chapters
Children Of The Deep
The last of humanity lives within cities surrounded by walls said to reach outer space. The Deep roams the outside, spewing out monsters and raising mountains. The only ones capable of hunting it and freeing humanity are called Rankers, but they refuse to do it, for on top of those mountains are Bosses. Killing them gives power. To kill the Deep is to kill their power. But everything changes when a child figures out how to use the Deep to destroy the most powerful city in what is known as the 4th Fall. Terror spreads. A senseless war is brewing. Nico's parents died in the 4th fall. Faced with the prospects of having what's left of his family evicted out of the city walls for not being able to pay rent anymore, he attempts to become a Ranker, only to fail because he refused to forfeit a match. Now, he must fight with the very person said to cause the 4th Fall for any chance at survival.
8 137 - In Serial27 Chapters
I have so much to say, but you're so far away (Synyster Gates sequel)
Okays here's the sequel to I'd rather trade it all while somehow saving you! Bare with me (:
8 190 - In Serial14 Chapters
Perfect Child| Platonic Yandere Vampire Father x Reader
Luis is a vampire who can't have children, however, a human girl, you, happens to fit his description of the perfect child of his dreams, so he (kidnaps) adopts you.(Don't own pictures)
8 89