《S T R A N G E R》Part 1
Advertisement
တီ တီ တီ!!!
"ဟူး..!"
ဒီနေ့က baekhyun အတွက်
အဆင်ပြေလိမ့်မည်....
......
...........
"ပြန်လာပြီလား.. ဒီနေ့ နင့်အဖေပြန်လာမယ် အဲ့တာ နင် ရေချိုးပြီးတာနဲ့ အောက်ပြန်ဆင်းခဲ့"
"ဟုတ်ကဲ့ပါ အမေ"
>>>>>>>>>>>>>>>>>>>>>>
ကျွန်တော့အခန်းး... ဟုတ်တယ် ကျွန်တော့အခန်းဆိုတာက ကျွန်တော့အတွက်တော့ အနှစ်သက်ဆုံးသော ကမ္ဘာငယ်လေးတစ်ခု။
အခုဆို ကျွန်တော် အတွက် လူသား အပေါင်းသင်းဆိုတာ မရှိပဲ ကျွန်တော် ရပ်တည်နေနိုင်ပြီဖြစ်သည်။
......
အားတော့နာမိသား
ဘာ အချိုးလဲ baekhyun.."
မိသားစုထမင်းဝိုင်းး???
"baekhyun ဒီနေ့ မင်းကို ခိုင်းထားခဲ့တဲ့ ကိစ္စ အဆင်မပြေဘူးဆို??"
"ဟုတ်တယ်အဖေ"
အဟက်...အကြောင်းပြချက်??
"မရှိပါဘူး"
Advertisement
ကျွန်တော်ကတော့ ကျွန်တော့ကို လက်ညှိုးထိုးပြီး လှောင်ရီနေသော အဖေ့အား မျက်နှာသေဖြင့်သာ ကြည့်နေမိသည်။
မဟုတ်လား..
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
May 6 , 2016
အတော်ကြာပြီဖြစ်သည် ။
အကြည့်စူးစူးတစ်ချက်။
လိုက်ဖက်စွာ ၀တ်ဆင်၍ လျှာထိုးဦးထုပ်အမဲကို
ရှည်လျားအရပ်မောင်း၊ အချိုးစားကျသော ခန္ဓာကိုယ် နှင့် ယောကျာ်းပီသသော ရင်အုပ်....
ကာလိုက်ရသနည်း ?
Advertisement
တီ တီ တီ!!!
"ဟူး..!"
အနောက်ဘက်က ကျယ်လောင်စွာတီးနေသော ဟွန်းသံများ။
ဘေးဘက် ပြတင်းပေါက်မှ တိုးဝင်ကာ
မျက်နှာပေါ်သို့ကျလာသော နေ အပူရှိန်ကြောင့် baekhyun စိတ်ပျက်စွာ သက်ပြင်းချမိသည်။
နေ့လည် နှစ်နာရီထဲက ကားပိတ်ဆို့မှု့ကြောင့် ရပ်နေရသော ဒီကားတန်းသည် အခုချိန်ထိ မရွေ့သေး။
ထို့ပြင် တစ်နေ့လုံး လုပ်ခဲ့သမျှ
ဘာတစ်ခုမှ အဆင်မပြေမှု့ ၊
အဖေရဲ့ ဆူပူကြိမ်းမောင်းမှု့ တို့နှင့် ပေါင်းစပ်ကာ
ဒီနေ့က baekhyun အတွက်
ပြသဒါးနေ့ဟုပင် သတ်မှတ်လို့ရသည်။
မနက်မိုးလင်းထဲက အဖေရဲ့
ကြိုတင်အသိပေးထားခြင်းမရှိသော
ရုတ်တရက် ခိုင်းစေမှု့ကြောင့်
ရေတောင်ကောင်းကောင်းမချိုးနိုင်ပဲ
company သို့ လာခဲ့ရသည်။
နိုင်ငံခြားသားဧည့်ခံစကားပြောသည့်ပွဲမျိုးဖြစ်သဖြင့် လူများသောနေရာများကို မနှစ်သက်သော baekhyun အဖို့ အတော်ပင် ခက်ခဲသော အချိန်များပင်ဖြစ်ခဲ့သည်။
ဒါတောင် အဖေရဲ့ နောက်ကျရန်ကောဟူ၍
ငြိုငြင်မှု့ကို ခံခဲ့ရသဖြင့် ဒီနေ့အတွက်
စိတ်အခြေနေကား ဘယ်နည်းနှင့်မှ မကောင်းနိုင်။
မနက်ထဲက ဘာမှ ဟုတ်တိပက်တိ မစားရသေးသော ဗိုက်ကလဲ ယခုချိန်တွင် ဆန္ဒပြချေပြီ။
ဗိုက်ကို ဖိ၍ ကျောမှီကာ
မျက်လုံးများတဖန်ပြန်မှိတ်လိုက်ရသည်။
မတတ်နိုင် အိမ်အမြန်ပြန်ရောက်မှသာ
အဆင်ပြေလိမ့်မည်....
......
...........
Kim Nana တစ်ယောက် အိမ်ရှေ့မှ ကားသံကြားသဖြင့် ခင်ပွန်းသည်အထင်နှင့် အိမ်ရှေ့သို့ အပြေးထွက်ကြိုမိသည်။ သို့သော် ပြန်လာသူမှာ မိမိထင်သလို ခင်ပွန်းသည်မဟုတ်ပဲ သားဖြစ်သူ Baekhyun ဖြစ်နေသဖြင့် စိတ်ပျက်သွားဟန်ဖြင့်....
"ပြန်လာပြိီလား.. ဒီနေ့ နင့်အဖေပြန်လာမယ် အဲ့တာ နင် ရေချိုးပြီးတာနဲ့ အောက်ပြန်ဆင်းခဲ့"
ပြောစရာရှိတာပြောပြီး လှည့်ထွက်သွားသော မိခင်၏ ကျောပြင်အား baekhyun ကြည့်နေမိသည်။
"အော်... နောက်ပြီးတော့.. အနေအထိုင်ဆင်ခြင်ပါ နင့်ကြောင့် ဘာပြသနာမှ မဖြစ်ချင်ဘူး "
Kimnana ကျောဘက်တွင် baekhyun အား လှည့်မကြည့်ပဲ ပြောလိုက်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့ပါ အမေ"
baekhyun ၏ အဖြေကိုတောင်
အသိမှတ်မပြုပဲ ထွက်သွားပြီဖြစ်သော
Kim nana အား baekhyun ခေါင်းငုံ့ကာ အရိုသေပေးလိုက်သည်။
အခုမှပဲ baekhyun ကောင်းစွာ သဘောပေါက်သွားတော့သည် ။
ပုံမှန်ဆို မနက်မိုးလင်းထဲက
အိမ်တွင် ရှိမနေတတ်သော အမေကဘာလို့
ဒီနေ့မှ သန့်ရှင်းရေးတွေလုပ်
ကိုယ်တိုင် ဟင်းတွေထချက်နေရတာလဲဆိုသည့်အကြောင်းကို...
ထို့နောက်တွင်တော့ သက်ပြင်းဖွဖွချကာ ဦးတည်ခဲ့သည်ကတော့ Baekhyun ရဲ့ တစ်ခုထဲသော ကိုယ်ပိုင် အခန်းလေးဆီသို့..
>>>>>>>>>>>>>>>>>>>>>>
ကျွန်တော့အခန်းး... ဟုတ်တယ် ကျွန်တော့အခန်းဆိုတာက ကျွန်တော့အတွက်တော့ အနှစ်သက်ဆုံးသော ကမာ႓ငယ်လေးတစ်ခု။
တစ်ဦးတည်းသော သားဖြစ်သည့်အပြင်
ငယ်ငယ်ထဲက မိဘတွေရဲ့ 'အလုပ်ရှုပ်နေတယ်' ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ
ကျွန်တော့ရဲ့ အထီးကျန်ခြင်းတွေ
စတင်မွေးဖွားလာခဲ့တယ်။
ကျွန်တော့မှာ တခြားလူသားစကားပြောဖော်မရှိခဲ့သည့်အတွက် ကျွန်တော့ဘေးက အရာဝတ္ထုလေးတွေကို ချစ်တတ်လာတယ်။ တိရိစ္ဆာန်လေးတွေနဲ့ စကားပြောရတာက်ို နှစ်သက်လာတယ်။ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ပန်းချီဆွဲခြင်းတို့နှင့်သာ ကျွန်တော့ရဲ့ အချိန်တွေကို ဖြတ်သန်းတတ်လာတယ်။
တိုးတတ်လာတယ်ပဲ ဆိုရမလားမသိ..
အခုဆို ကျွန်တော် အတွက် လူသား အပေါင်းသင်းဆိုတာ မရှိပဲ ကျွန်တော် ရပ်တည်နေနိုုင်ပြီဖြစ်သည်။
အထီးကျန်မှု့တွေ၊ အားငယ်မှု့တွေ နဲ့ ကြုံလာရင် ငယ်ငယ်ကလို မိဘတွေကို ငိုယိုပြီး မပြောပြဖြစ်တော့။
လူတွေက ကျွန်တော့ကို တဖြည်းဖြည်းဖယ်ကျဉ်လာသလို ကျွန်တော်ကလဲ သူတို့ရဲ့ အပယ်ခံရခြင်းတွေအတွက် အထူးတလည်မခံစားမိတော့...
ကျွန်တော့ ဘဝနဲ့ကျွန်တော်က အထီးကျန်ခြင်းတွေနဲ့နေသားကျနှင့်ပြီးသားပဲလေ....
......
ရေချိုးအဝတ်စားလဲကာ အောက်ထပ်သို့ ဆင်းတော့ အောက်ထပ်မှာ အမေနှင့်အဖေရဲ့ ရယ်မောကာစကားပြောနေသံများကို အတိုင်းသားကြားနေရသည်။
အားတော့နာမိသား
ကျွန်တော်သာခုချိန်သူတို့ နားသွားရင်
သူတို့မမြင်ချင်သောမျက်နှာကိုမြင်လိုက်ရသဖြင့် စိတ်ပျက်သွားကြရမည်ထင်သည်။
အင်း....သူတို့စကားပြောပြီးတဲ့ ထိ တော့
လှေကားအကွယ်နားမှာ ခဏရပ်စောင့်နေမှပါ
မဟုတ်ရင်သူတို့အပျော်တွေ ကျွန်တော့ကြောင့်ပျက်သွားပါ့မယ်..
ခဏအကြာ ကျွန်တော်ဝင်သွားတော့ အဖေက ထမင်းစားလို့ပင်ပြီးနေပြီဖြစ်သည်။
" နင့်ကို ရေချိုးပြီးတာနဲ့ အောက်ဆင်းခဲ့ပါလို့
ပြောထားတာကို ချက်ချင်း ပြန်ဆင်းမလာတာ
ဘာ အချိုးလဲ baekhyun.."
ဒါကတော့ အမေ့ရဲ့ မိသားစု ထမင်းဝိုင်းအား စတင်လိုက်တဲ့ အဖွင့်စကား..
စကားရှည်ရှည်ဝေးဝေးရှင်းပြရမှာ စိတ်ပျက်တတ်သော ကျွန်တော့အဖို့တော့..
"ဟုတ်ကဲ့ ကျွန်တော်တောင်းပန်ပါတယ်"
မိသားစုထမင်းဝိုင်းး???
အင်း ကျွန်တော်သေချာမသိဘူး ငယ်ငယ်ထဲက တစ်ယောက်ထဲ စားခဲ့နေကျဆိုတော့
မိသားစုထမင်းဝိုင်းဆိုတာ
ကျွန်တော့အတွက်တော့အစိမ်းသက်သက်။
"baekhyun ဒီနေ့ မင်းကို် ခိုင်းထားခဲ့တဲ့ ကိစ္စ အဆင်မပြေဘူးဆို??"
"ဟုုတ်တယ်အဖေ"
"အဆင်မပြေခဲ့ရတဲ့ အကြောင်းပြချက်ရှိလား ?"
အဟက်...အကြောင်းပြချက်??
ခေါင်းတွေကိုက်လွန်းလို့
အိပ်ယာထဲကတောင်မထနိုင်ပဲ
ဖျားနေတဲ့လူတစ်ယောက်ကို
အဖေဆိုတဲ့ အာဏာသုံးပြီး
"ငါကားလွှတ်ထားတယ် အခုငါ့ကုမဏီ ကိုလာခဲ့" ဆိုတဲ့ တစ်ချက်လွှတ်အမိန့်နဲ့ ခိုင်းစေခဲ့တာကိုက
အဆင်မပြေခဲ့ခြင်းရဲ့ခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ဘူးလား အဖေ??
"မရှိပါဘူး"
ကျွန်တော့ ဖြေဆိုသံ အဆုံးမှာ အဖေ့ရဲ့ လှောင်ရီသံ တစ်ခု ထွက်လာခဲ့သည်။
"ဟားဟား မိန်းမ မင်းပြောတော့
မင်းရဲ့သားက သိပ်ကို တော်ပါတယ်ဆို ??
ငါမှာတော့ မင်းစကားကို ယုံပြီး ဒီကောင့်ကို ခိုင်းမိတာငါးပါးကိုမှောက်ရော..
ငါမပြောဘူးလားကွာာ မင်းရဲ့သားက လူရာသွင်းပြီး အားကိုးလို့ရမယ့်အကောင်မဟုတ်ပါဘူးလို့
အထင်မကြီးပါနဲ့ဆို.. ဟားဟားးး"
အမေကတော့ ကျွန်တော့ကို စိတ်ပျက်တဲ့ ပုံစံဖြင့် လှမ်းကြည့်နေသည်။
ကျွန်တော်ကတော့ ကျွန်တော့ကို လက်ညှိိုးထိုးပြီး လှောင်ရီနေသော အဖေ့အား မျက်နှာသေဖြင့်သာ ကြည့်နေမိသည်။
ဒီလိုပါပဲ.. အဖေဆိုတာကလဲ
ကျွန်တော့ အိမ်မက်တွေ ကျွန်တော့မာနတွေကို
လှောင်ပြောင်သရော်ရတာကို နှစ်သက်တဲ့လူမျိုး။ ဒါလဲသိပ်တော့အထူူးအဆန်းဟုတ်ပါဘူး။
ငယ်ငယ်က ပန်ချီပြိုင်ပွဲမှာ ပထမရလို့
အားကြိုးမာန်တတ်ဖြင့် အဖေ့ကိုသွားပြခဲ့တုန်းကလဲ
"ဒီလို သုံးစားမရတဲ့ဟာတွေနဲ့ ငါ့ရှေ့မှာ ငါဂုဏ်ယူပြမနေနဲ့ BAEKHYUN" ဆိုပြီး
ကျွန်တော့ ဆုတံဆိပ်လေးကို
ကျွန်တော့မျက်စိရှေ့မှာတင် ဖျက်စီးပြီး
ကျွန်တော့ အိမ်မက်တွေကို ရိုက်ချိုးခဲ့ဖူးတယ်
မဟုတ်လား..
ကျွန်တော် ဆက်ပြောစရာစကားမရှိတော့တာကြောင့်..
"ထမင်းစားလို့ပြီးပါပြီ"
ကျွန်တော် အဖေနဲ့အမေအား ဦးညွှန့် နှုတ်ဆက်ပြီး
ထမင်းပန်းကန်သိမ်းကာ ကျွန်တော့အခန်းထဲသို့ပြန်ဝင်ခဲ့သည်။
ဒါတောင် နောက်က စကားသံတွေကို အိမ်ပေါ်ထပ်ရောက်သည့်တိုင် ကြားနေရတုန်းဖြစ်သည်။
ဘာတဲ့.. "မင်း သားရဲ့စောက်ချိုးကို တွေ့တယ်မှတ်လား" တဲ့လေ ။
အခန်းထဲရောက်တော့ မီးမဖွင့်ပဲ
ပြတင်းပေါက်ရှေ့ကြမ်းပြင်တွင်းထိုင်ကာ
အပြင်ဘက်သို့ငေးမောနေမိသည်။
ညနေ နေဝင်ချိန်ဖြစ်သဖြင့်
နီညိုရောင်ရှိသော နေမင်း၏ အလင်းရောင်က
ပြတင်းပေါက်မှတဆင့် မှောင်နေသော baekhyun အခန်းထဲသို့ ဖြာကျနေသည်။
ပတ်ဝန်းကျင်မှာ အလင်းရောင်လျော့ကာ
မှောင်မိုက်၍ တိတ်ဆိတ်နေသည်။
နှစ်ထပ်တိုက်ပုလေး၏ အပေါ်ထပ်မှ
ကြည့်နေရသော baekhyun အတွက်
တိုက်များကြားတွင် တရိပ်ရိပ်နှင့် တိုးဝင်ပျောက်ကွယ်နေသော နေလုံးကြီးသည်
လွမ်းမောဖွယ်ကောင်းနေသည်။
Baekhyun သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"ငါ ဒီလောကကြီးက ပျောက်ကွယ်သွားရင် အားလုံးအဆင်ပြေသွားမယ်ထင်ပါရဲ့..."
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
May 6 , 2016
baekhyun ပန်းခြံလေးထဲမှာ ထိုင်နေသည်မှာ အတော်ပင်ကြာပြီဖြစ်သည်။
စိမ်းဆိုနေသော မြက်ခင်း၊ကျယ်ပြန့်သောရေပြင်နှင့် လေတိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော သစ်ပင်ယိမ်းသံများသည် စိတ်ကို လန်းဆန်းသွားစေသည်။
တစ်ယောက်ထဲကျင်းပပြီး
တစ်ယောက်ထဲဆင်နွှဲနေတဲ့
baekhyun ရဲ့ ၁၉ နှစ်ပြည့်မွေးနေ့လေးသည်
အထီးကျန်ခြင်းဖြင့်သာ ပြည့်နှက်နေသည်။
ရေပြင်ကျယ်ကိုကျော်လွန်ပြီး မျက်နှာကို နုညံ့စွာ ထိတွေ့လာတဲ့ လေပြေတစ်ချက်။
သာယာနေတဲ့ကောင်းကင်ပြာကို မော့ကြည့်ပီး baekhyun တစ်ယောက်ထဲစကားတွေပြောနေမိသည်။
" ဒီနေ့က ငါ့မွေးနေ့လေ။ ငါဒီနေရာလေးကို အရမ်းကြိုက်တယ်သိလား။ ပတ်ဝန်းကျင်က ငြိမ်းချမ်းပီး ငါ့ကို စိတ်အနှောင့်အယှက်ပေးမယ့်သူ ဘယ်သူမှမရှိဘူး။ ပီးတော့ မင်းကိုလဲ အရမ်းကျေးဇူးတင်တယ်
ငါ အထီးကျန်နေတဲ့အချိန်တိုင်း မင်းကိုမော့ကြည့်ပီး
ငါ့အထီးကျန်မှု့တွေကို သက်သာစေခဲ့တဲ့အတွက် "
Baekhyun နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေမိသည်။
မိုးသားပြာထဲမှ နေမင်းကြီးကလဲ
baekhyun အား နွေးထွေးစွာ လွှမ်းခြုံထား၍လားမသိ လုံခြုံနေသည်ဟု baekhyun ခံစားနေရသည်။
Baekhyun ဒီနေရာလေးမှာ ထိုင်နေတာ
အတော်ကြာပြီဖြစ်သည် ။
ညောင်းလဲ ညောင်းလာသလို
ရေလဲ ဆာလာသဖြင့် စာပွဲထိုးကောင်လေးအား
ရေတစ်ဗူးမှာဖို့ ဆိုင်ထဲသို့ လှည့်လိုက်စဉ်.....
အကြည့်စူးစူးတစ်ချက်။
baekhyun ခန္တာကိုယ်အား ပေါက်ထွက်သွားတော့မည့်အလား စိုက်ကြည့်နေသောမျက်ဝန်းတစ်စုံ..
baekhyun မျက်ဝန်းပိုင်ရှင်ကို လှမ်းကြည့်လိုက်တော့ ထိုသူက ခေါင်းကို မသိမသာစောင်းလိုက်သည်။
လူရှင်းနေသော ဆိုင်လေး၏
ထောင့်ကျသော ၀ိုင်းတွင်ထိုင်နေသော
ထိုသူ၏ပုံမှာ ထူးဆန်းနေသည်။
hoodie အမဲ နှင့် ဘောင်းဘီအမဲကို
လိုက်ဖက်စွာ ၀တ်ဆင်၍ လျှှာထိုးဦးထုပ်အမဲကို
ခပ်ငိုက်ငိုက်စောင်းထားသဖြင့်
မှောင်နေသော ဆိုင်အတွင်းတွင် ထိုသူ၏ ဖြူဖွေးနေသော အသားရောင်သည် ထင်းထွက်နေသည်။
မျက်နှာကို တစ်ဘက်သို့လှည့်ထားသည့်အပြင်
လျှာထိုး ဦးထုပ်ကို ဆောင်းထားသဖြင့်
ထိုသူ၏ မျက်နှာအားသေချာမမြင်ရ။
သို့သော် ဘေးတိုက်မြင်နေရသော သွယ်ချွန်နေသာ နှာတံ၊ အနည်းငယ်ကားနေသောမေးရိုးနှင့် ထူထဲ၍
သွေးရောင်လွှမ်းနေသော နှုတ်ခမ်းတို့ကြောင့်
ထိုသူ၏ပုံစံကို ခန့်မှန်းလို့ရသည်။
Baekhyun ကြောင်ကြည့်နေပြီး သိပ်မကြာခင်
ထိုသူက မတ်တပ်ထရပ်လိုက်သည်။
ရှည်လျားအရပ်မောင်း၊ အချိုးစားကျသော ခန္ဓာကို်ယ် နှင့် ယောကျာ်းပီသသော ရင်အုပ်....
သေချာသည် beakhyun ထိုသူကိုတစ်ခါမှမတွေ့ဖူးပါ။
-ဒါဆို ဘာကြောင့် ထိုလူက
baekhyun အားစိုက်ကြည့်နေခဲ့သနည်း ?
-ဘာရည်ရွယ်ချက်နှင့် သူမျက်နှာအား
ကာလိုက်ရသနည်း ?
baekhyun အတွေးများနှင့် ချာချာလည်နေရာမှ အနည်းငယ် ကြာသွားသိထင်။
သတိဝင်လို့ ထိုသူအားလှမ်းကြည့်မိလိုက်တော့
ဆိုင်အပြင်သို့ ထွက်သွားပြီဖြစ်သော
ထိုသူ၏ ကျောပြင်ကိုသာ မြင်လိုက်ရသည်...
ထိုနောက်တွင်တော့ baekhyun သက်ပြင်းချကာ ပြန်ထိုင်နေမိလိုက်သည်...
[ ဆိုင်ပြင်သို့ရောက်မှ ခြေစုံရပ်ကာ
ဆိုင်ထဲတွင် အူကြောင်ကြောင်နှင့်
ကျန်ခဲ့သော ကောင်လေးအား chanyeol
တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။
"ငါ တွေ့ခဲ့ဖူးတဲ့ မင်းက အခုချိန်ထိမပြောင်းလဲသေးပါလား byun baekhyun"
ထို့နောက်တွင်တော့ chanyeol နှုတ်ခမ်း
တစ်ချက်ကွေးရုံမျှ ပြုံး လိုက်သည်။ ]
*ထိုအပြုံးက ကြည်နူး၍ ပြုံးသော အပြုံးမျိုးမဟုတ်၊ စိတ်လိုလက်ရပြုံးသောအပြုံးမျိုးမဟုတ်
Joker တစ်ကောင်ကမိမိနှစ်သက်သောအရုပ်လေးအား ပြန်တွေ့လိုက်ရသဖြင့် ကျေနပ်သွားသော အေးစက်စက်အပြုံးတစ်ခုသာ...
Advertisement
- In Serial36 Chapters
Gaia's little Gamer
The planet is under attack and Gaia is in desperate need of help. Evil gods, demonic corporations, and devils in human form. All that stands against them is...Pef.
8 125 - In Serial20 Chapters
Shadow in the Snow
To live in a circus, to run away to one; this is the dream of many. The shining lights and the music and the cheering of the crowds are appealing to some. How little they know! This is the story of two brothers who were raised in a circus. One, a slave to the Master -- his most brilliant performer and a boy of pure white who has never been allowed to see the sun, nor feel the grass beneath his feet, nor the touch of rain upon his skin. The other, a slave to his brother -- a guardsman, trapped there not by chains but by love and loyalty. When fate proves unexpectedly kind to them on an otherwise cruel day, they find themselves free along with the girl they have been raised with and must find their way in a broken world, all the while being hunted without pause and without mercy. The Master has lost his prize. He is determined to reclaim it.
8 221 - In Serial25 Chapters
Blade Quest Vol.1
In a world run by RPG logic a pair of childhood friends set out to start a guild hoping to make a name for themselves in the world. Chancing upon a legendary sword the two are fast tracked on a mysterious path involving an ancient war with the Gods and the future of their world.
8 239 - In Serial9 Chapters
The Sacred Sorceress
When Hyrule Kingdom is thrown into peril by mysterious dark forces, it's up to the top three students at Chalice's Elite Knighthood Academy to find the missing Princess Zelda and restore peace once again. Are they up for the task? AMAZING COVER BY @PikaGirl260 PLEASE FOLLOW HER!! (:
8 133 - In Serial78 Chapters
A Skill Whore's Journey
Joat, a hobgoblin in the new AR (Augmented Reality) game ARIA beta test has one and only one purpose to being there...To get as many skills as possible. why? because he likes skills and he likes to be able to do everything, absolutely everything. And he will do whatever it takes to get them too. Join him on his journey to gain every skill possible and become a true Skill Whore
8 155 - In Serial6 Chapters
Amethyst x Reader (Steven Universe)
A human and a gem.
8 57