《S T R A N G E R》Intro
Advertisement
မိုးသည္းမဲစြာ ရြာေနေသာ ညတစ္ည။
လူသူကင္းမဲ့၍ ပတ္ဝန္းက်င္တစ္ခုလံုး တိတ္ဆိတ္ျခင္းကသာ ႀကီးစိုးေနသည္။
က်ယ္ဝန္းေသာ ျခံႀကီးထဲတြင္ မိုးစက္မ်ားသည္းႀကီးမဲႀကီး ရြာသြန္းေနပံုမွာ ေျခာက္ျခားဖြယ္..
ထို မိုးစက္မ်ားထဲတြင္ မီးေယာင္ ျပျပႏွင့္ ေပၚေနေသာ အိမ္ႀကီးတစ္လံုး....
ေရွးေခတ္ အိမ္အို အိမ္ေဟာင္းႀကီးျဖစ္၍ အိမ္တြင္းပရိေဘာဂမ်ားမွာ သန္႔ရွင္းေရးလုပ္မည့္သူမရွိပဲ ပင့္ကူအိမ္မ်ားက အိမ္ႀကီးအား အထီးက်န္ေစသေယာင္။
အိမ္ႀကီးအတြင္းပိုင္းတြင္ ေရွးေဟာင္း ပန္းကႏုတ္ အႏြယ္မ်ားႏွင့္ ႀကီးမ်ားေသာ ပန္းခ်ီကားႀကီးမ်ားကို ေလွ်ာက္လမ္း တစ္ေလွ်ာက္ ခ်ိတ္ဆြဲထားသည္။
အေပၚထပ္ ေမွာင္ေနသာ အခန္းတစ္ခန္း၏ ေထာင့္တစ္ေနရာတြင္ အ႐ုပ္တစ္႐ုပ္ကို ရင္ခြင္ထဲပိုက္ကာ အထီးက်န္စြာ ထိုင္ေနေသာ လူတစ္ဦး။
"အ႐ုပ္ကေလး ကိုယ္မင္းကိုအရမ္းလြမ္းေနတယ္
သိလား"
ထိုလူက ရင္ခြင္ထဲမွ အ႐ုပ္ေလးအား အားငယ္ေနသည့္အသံျဖင့္ တိုင္တည္ကာ ေျပာေနသည္။
အခန္းတစ္ခန္းလံုး တြင္ ဝါက်င့္က်င့္ အေရာင္ရွိေသာ မီးသီးတစ္လံုးကိုသာ ထြန္းထားသည္။ ထိုသူရဲ႕ ပံုစံမွာ ဆံပင္မ်ားဖြာလန္ႀကဲေန၍ မ်က္လံုးမ်ား နီေဆြးေနသည္မွာ အျပင္းထန္ ငိုေႂကြးထားသည့္ဟန္ ။
"ကိုယ္ မင္းကို ေနရာအႏွံလိုက္ရွာပါတယ္ အ႐ုပ္ေလးရယ္.. မင္းအရမ္းအပုန္းေတာ္တယ္ ကိုယ္လံုးဝ ရွာလို႔မေတြ႕ခဲ့ဘူး"
ရင္ခြင္ထဲက အ႐ုပ္ကေလးေတြ ၿငိမ္သက္စြာပင္..
"ေနာက္တခါ မင္းနဲ႔ ျပန္ေတြ႕ရင္ မင္းကို ကိုယ့္အနားကေန ဘယ္ကိ္ုမွ ထြက္သြားခြင့္္မျပဳေတာ့ဘူး မင္းကို ကိုယ့္အနားမွာပဲ တစ္သက္လံုး ခ်ဳပ္ေႏွာင္ထားေတာ့မွာသိလား ဟားဟားး"
ထိုသူသည္ လြန္ခဲ့ေသာ မိနစ္ပိုင္းေလာက္က အခန္းေထာင့္တြင္ တစ္ေယာက္ထဲ ႀကိတ္ငိုေနေသာ သူႏွင့္ ျခားနားစြာ မ်က္လံုးမ်ားမွာ အေရာင္ေျပာင္းစျပဳလာသည္။ အတၱမ်ားလႊမ္းျခံဳလာသည့္ သဖြယ္ မ်က္ႏွာမွာ ေၾကာက္မက္စရာေကာင္းေသာ စိတၱဇ ဆန္သည့္အျပံဳးမ်ိဳးကို ခ်ိတ္ဆြဲလာသည္။
ထို႔ေနာက္ လက္ထဲမွ တယုတယ ကိုင္ထားေသာ အ႐ုပ္ကေလးအား အနားမွာ ရွိေသာ ကတ္ေၾကးျဖင့္ အၿငိဳးႀကီးစြာ ထိုးစိုက္ဖ်က္စီးေနသည္။
"မင္း ဘာလို႔ ထြက္သြားရတာလဲ ?? အစထဲက မေနႏိုင္ဘူးဆို ဘာလို႔ ငါ့ဘဝထဲကို ဝင္လာေသးလဲ ?? မင္းကို ငါ အရမ္းလိုအပ္ေနတယ္ဆိုတာ မင္းမသိဘူးလား ဟမ္?? "
ေဒါသတႀကီး ေအာ္ေျပာရင္း လက္ထဲမွ ကတ္ေၾကးႏွင့္အျပစ္မရွိေသာ အ႐ုပ္ကေလးအား အဆက္မျပတ္ ထိုးစိုက္ေနသည္။
ဝုန္းး!!
အခန္းအျပင္ဘက္မွာ တခုခု ျပဳတ္က်သံ။
ထိုသူက အ႐ုပ္ကေလးအား ပစ္ခ်၍ အသံလာရာသို႔ ေျဖးညႇင္းစြာလွည့္ၾကည့္လာသည္။
တံခါးေပါက္မွ ေခ်ာင္းၾကည့္ေနေသာ ေကာင္ေလးတစ္ေယာက္။ ေကာင္ေလး၏ မ်က္ႏွာမွာ ေၾကာက္လန္႔တုန္လႈပ္ကာ ေသြးမရွိေတာ့။ တံခါးအျပင္မွ ေခ်ာင္းၾကည့္ရင္း မေတာ္တဆ အသံျပဳမိရာမွ ယခု ထိုသူရဲ႕ စူးရဲေသာအၾကည့္သည္ သူ႔လက္ထဲက အ႐ုပ္ထံတြင္မဟုတ္ေတာ့ပဲ အခန္းျပင္မွ ေခ်ာင္းေနေသာ ေကာင္ေလးဆီသို႔ က်ေရာက္လာၿပီမဟုတ္ပါလား။
ထိုသူ စိုက္ၾကည့္ပံုအရ ေကာင္ေလးအား တခုခုကို အႏၲရာယ္ေပးေတာ့မည္ထင္ရသည္။
ေကာင္ေလးေၾကာက္လန္႔စြာ ပင္အေနာက္ကို ဆုတ္မိသည္။
ထိုသူက ေကာင္ေလးအနားကို ကတ္ေၾကးကိုင္၍ ခ်ဥ္းကပ္လာၿပီျဖစ္သည္။ ေကာင္ေလးေျပးခ်ိန္ပင္ မရလိုက္။ ထိုလူက သူ႔ခႏၶာကိုယ္ႏွင့္ ေကာင္ေလးအား ေဂ်ာင္ပိတ္ကာ မ်က္ႏွာကို စူးရဲစြာ စိုက္ၾကည့္ရင္းး
"ေနာက္ဆံုးေတာ့ မင္းကိုကိုယ္ရွာေတြၿပီ အ႐ုပ္ေလး"
ကတ္ေၾကးကိုင္ထားေသာ လက္သည္ တျဖည္းျဖည္း ေျမႇာက္တတ္လာသည္။ ေဂ်ာင္တြင္ပိတ္မိေနေသာ ေကာင္ေလးက ထိုသူအား အလန္႔တၾကား ေမာ့ၾကည့္လာသည္။ လက္ပိုင္ရွင္ကေတာ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ပင္ အသံထြက္ေအာ္ရီရင္းထိတ္လန္႔စြာ ေမာ့ၾကည့္ေနေသာ မ်က္ဝန္းမ်ားကို လ်စ္လွ်ဴရွဴ႕ကာ လက္ထဲမွ ကတ္ႀကီးျဖင့္ ေရွ႕က ေကာင္ေလးအား ထိုးစိုက္ခ်လိုက္ေတာ့သည္.........
-
"အာားး မလုပ္နဲ႔ !!!!"
baekhyun အိပ္ေနရာမွ ဆက္ကနဲ လန္႔ႏိုးလာသည္။ တစ္ကိုယ္လံုးေခြ်းဆီးမ်ားျပန္ကာ အိပ္ယာ ေခါင္းရင္းတြင္ရွိေသာ ေရအား အသည္းသန္ ေမာ့ေသာက္ေနမိသည္။
အေမာေျပသြားမွ အိပ္ယာေလးမွ နာရီကို ၾကည့္လိုက္ေတာ့ ည ႏွစ္နာရီပင္ခြဲေနၿပီ။ ယခင္က ကၽြန္ေတာ္ အိပ္မက္ဆိုးမ်ား မက္ေလ့မရွိပါ။ တျခားအေၾကာင္းရာမ်ားကို မမက္ပဲ ထိုအိပ္မက္ကို မၾကာခဏ မက္ေနသည္။ မက္တိုင္းလည္း အရင္ကႏွင့္ ျခားနားစြာ အျပင္မွာ တကယ္ျဖစ္ေန သေယာင္ အားလံုးကို တိတိက်က်မွတ္မိေနတတ္သည္။
ထို အိပ္မက္ထဲက လူက ဘယ္သူလဲ??
သူက ဘာလို႔ တစ္ေယာက္ထဲ အ႐ုပ္နဲ႔ စကားေတြ ေျပာေနရတာလဲ??
ဘာလို႔ ကြ်န္ေတာ့ကို ကတ္ေၾကးနဲ႔ ထိုးသတ္ခ်င္ရတာလဲ??
ကၽြန္ေတာ္ကေရာ ဘာလို႔ ထိုသူကို အခန္းေပါက္ဝမွာ ေခ်ာင္းၾကည့္ေနရတာလဲ??
>>>>>>>>>>>>>>>>>>>>>>
မိုးသည်းမဲစွာ ရွာနေသော ညတစ်ည။
လူသူကင်းမဲ့၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေသည်။
ကျယ်ဝန်းသော ခြံကြီးထဲတွင် မိုးစက်များသည်းကြီးမဲကြီး ရွာသွန်းနေပုံမှာ ခြောက်ခြားဖွယ်..
ထို မိုးစက်များထဲတွင် မီးယောင် ပြပြနှင့် ပေါ်နေသော အိမ်ကြီးတစ်လုံး....
ရှေးခေတ် အိမ်အို အိမ်ဟောင်းကြီးဖြစ်၍ အိမ်တွင်းပရိဘောဂများမှာ သန့်ရှင်းရေးလုပ်မည့်သူမရှိပဲ ပင့်ကူအိမ်များက အိမ်ကြီးအား အထီးကျန်စေသယောင်။
အိမ်ကြီးအတွင်းပိုင်းတွင် ရှေးဟောင်း ပန်းကနုတ် အနွယ်များနှင့် ကြီးများသော ပန်းချီကားကြီးများကို လျှောက်လမ်း တစ်လျှောက် ချိတ်ဆွဲထားသည်။
Advertisement
အပေါ်ထပ် မှောင်နေသာ အခန်းတစ်ခန်း၏ ထောင့်တစ်နေရာတွင် အရုပ်တစ်ရုပ်ကို ရင်ခွင်ထဲပိုက်ကာ အထီးကျန်စွာ ထိုင်နေသော လူတစ်ဦး။
"အရုပ်ကလေး ကိုယ်မင်းကိုအရမ်းလွမ်းနေတယ်
သိလား"
ထိုလူက ရင်ခွင်ထဲမှ အရုပ်လေးအား အားငယ်နေသည့်အသံဖြင့် တိုင်တည်ကာ ပြောနေသည်။
အခန်းတစ်ခန်းလုံး တွင် ဝါကျင့်ကျင့် အရောင်ရှိသော မီးသီးတစ်လုံးကိုသာ ထွန်းထားသည်။ ထိုသူရဲ့ ပုံစံမှာ ဆံပင်များဖွာလန်ကြဲနေ၍ မျက်လုံးများ နီဆွေးနေသည်မှာ အပြင်းထန် ငိုကြွေးထားသည့်ဟန် ။
"ကိုယ် မင်းကို နေရာအနှံလိုက်ရှာပါတယ် အရုပ်လေးရယ်.. မင်းအရမ်းအပုန်းတော်တယ် ကိုယ်လုံးဝ ရှာလို့မတွေ့ခဲ့ဘူး"
ရင်ခွင်ထဲက အရုပ်ကလေးတွေ ငြိမ်သက်စွာပင်..
"နောက်တခါ မင်းနဲ့ ပြန်တွေ့ရင် မင်းကို ကိုယ့်အနားကနေ ဘယ်ကိ်ုမှ ထွက်သွားခွင့််မပြုတော့ဘူး မင်းကို ကိုယ့်အနားမှာပဲ တစ်သက်လုံး ချုပ်နှောင်ထားတော့မှာသိလား ဟားဟားး"
ထိုသူသည် လွန်ခဲ့သော မိနစ်ပိုင်းလောက်က အခန်းထောင့်တွင် တစ်ယောက်ထဲ ကြိတ်ငိုနေသော သူနှင့် ခြားနားစွာ မျက်လုံးများမှာ အရောင်ပြောင်းစပြုလာသည်။ အတ္တများလွှမ်းခြုံလာသည့် သဖွယ် မျက်နှာမှာ ကြောက်မက်စရာကောင်းသော စိတ္တဇ ဆန်သည့်အပြုံးမျိုးကို ချိတ်ဆွဲလာသည်။
ထို့နောက် လက်ထဲမှ တယုတယ ကိုင်ထားသော အရုပ်ကလေးအား အနားမှာ ရှိသော ကတ်ကြေးဖြင့် အငြိုးကြီးစွာ ထိုးစိုက်ဖျက်စီးနေသည်။
"မင်း ဘာလို့ ထွက်သွားရတာလဲ ?? အစထဲက မနေနိုင်ဘူးဆို ဘာလို့ ငါ့ဘဝထဲကို ဝင်လာသေးလဲ ?? မင်းကို ငါ အရမ်းလိုအပ်နေတယ်ဆိုတာ မင်းမသိဘူးလား ဟမ်?? "
ဒေါသတကြီး အော်ပြောရင်း လက်ထဲမှ ကတ်ကြေးနှင့်အပြစ်မရှိသော အရုပ်ကလေးအား အဆက်မပြတ် ထိုးစိုက်နေသည်။
ဝုန်းး!!
အခန်းအပြင်ဘက်မှာ တခုခု ပြုတ်ကျသံ။
ထိုသူက အရုပ်ကလေးအား ပစ်ချ၍ အသံလာရာသို့ ဖြေးညှင်းစွာလှည့်ကြည့်လာသည်။
တံခါးပေါက်မှ ချောင်းကြည့်နေသော ကောင်လေးတစ်ယောက်။ ကောင်လေး၏ မျက်နှာမှာ ကြောက်လန့်တုန်လှုပ်ကာ သွေးမရှိတော့။ တံခါးအပြင်မှ ချောင်းကြည့်ရင်း မတော်တဆ အသံပြုမိရာမှ ယခု ထိုသူရဲ့ စူးရဲသောအကြည့်သည် သူ့လက်ထဲက အရုပ်ထံတွင်မဟုတ်တော့ပဲ အခန်းပြင်မှ ချောင်းနေသော ကောင်လေးဆီသို့ ကျရောက်လာပြီမဟုတ်ပါလား။
ထိုသူ စိုက်ကြည့်ပုံအရ ကောင်လေးအား တခုခုကို အန္တရာယ်ပေးတော့မည်ထင်ရသည်။
ကောင်လေးကြောက်လန့်စွာ ပင်အနောက်ကို ဆုတ်မိသည်။
ထိုသူက ကောင်လေးအနားကို ကတ်ကြေးကိုင်၍ ချဉ်းကပ်လာပြီဖြစ်သည်။ ကောင်လေးပြေးချိန်ပင် မရလိုက်။ ထိုလူက သူ့ခန္ဓာကိုယ်နှင့် ကောင်လေးအား ဂျောင်ပိတ်ကာ မျက်နှာကို စူးရဲစွာ စိုက်ကြည့်ရင်းး
"နောက်ဆုံးတော့ မင်းကိုကိုယ်ရှာတွေပြီ အရုပ်လေး"
ကတ်ကြေးကိုင်ထားသော လက်သည် တဖြည်းဖြည်း မြှောက်တတ်လာသည်။ ဂျောင်တွင်ပိတ်မိနေသော ကောင်လေးက ထိုသူအား အလန့်တကြား မော့ကြည့်လာသည်။ လက်ပိုင်ရှင်ကတော့ ကြောက်စရာကောင်းလောက်အောင်ပင် အသံထွက်အော်ရီရင်းထိတ်လန့်စွာ မော့ကြည့်နေသော မျက်ဝန်းများကို လျစ်လျှူရှူ့ကာ လက်ထဲမှ ကတ်ကြီးဖြင့် ရှေ့က ကောင်လေးအား ထိုးစိုက်ချလိုက်တော့သည်.........
-
"အာားး မလုပ်နဲ့ !!!!"
baekhyun အိပ်နေရာမှ ဆက်ကနဲ လန့်နိုးလာသည်။ တစ်ကိုယ်လုံးချွေးဆီးများပြန်ကာ အိပ်ယာ ခေါင်းရင်းတွင်ရှိသော ရေအား အသည်းသန် မော့သောက်နေမိသည်။
အမောပြေသွားမှ အိပ်ယာလေးမှ နာရီကို ကြည့်လိုက်တော့ ည နှစ်နာရီပင်ခွဲနေပြီ။ ယခင်က ကျွန်တော် အိပ်မက်ဆိုးများ မက်လေ့မရှိပါ။ တခြားအကြောင်းရာများကို မမက်ပဲ ထိုအိပ်မက်ကို မကြာခဏ မက်နေသည်။ မက်တိုင်းလည်း အရင်ကနှင့် ခြားနားစွာ အပြင်မှာ တကယ်ဖြစ်နေ သယောင် အားလုံးကို တိတိကျကျမှတ်မိနေတတ်သည်။
ထို အိပ်မက်ထဲက လူက ဘယ်သူလဲ??
သူက ဘာလို့ တစ်ယောက်ထဲ အရုပ်နဲ့ စကားတွေ ပြောနေရတာလဲ??
ဘာလို့ ကျွန်တော့ကို ကတ်ကြေးနဲ့ ထိုးသတ်ချင်ရတာလဲ??
ကျွန်တော်ကရော ဘာလို့ ထိုသူကို အခန်းပေါက်ဝမှာ ချောင်းကြည့်နေရတာလဲ??
>>>>>>>>>>>>>>>>>>>>>>
Advertisement
- In Serial23 Chapters
Mosquito Hivemind Hell-Bent on World Domination (or Annoyance)
A villain unlike any other is granted a body weak enough to be killed by the wind. But he will cause mayhem, no matter his size! Armed with skills allowing him to create more mosquitos which he can control and the ability to evolve and raise his stats, he will surely cause destruction never before seen! Though, as it turns out, living as a mosquito in a city might be a bit harder than previously thought. Especially so when super-heroes pop up out of nowhere. In short, a villainous man who really wants to destroy everything and anything he can is turned into a mosquito by powers beyond him. His powers, being that of evolution and stat-increasing, combined with his power to create more mosquitos, will eventually lead to him becoming just like... a swarming mass of mosquitos. Isekai reincarnated as a monster fic x villain in a superhero world fic
8 181 - In Serial7 Chapters
Jurassic Safari: book 2 in the juassic series
A pair of Safari-loving real estate titans set their sights on Isla Sorna. Disaster strikes. It'll be up to Soaring Star Rescue to get the unfortunate survivors home in one piece.
8 175 - In Serial51 Chapters
Accidental dungeon
A man, reincarnated into a magic world, fought his way to the very top, only to have to start again after an accident. He find's himself turned into a dungeon core and now he has to do it all over again. Maybe this time, he can even rise higher than he climbed before. On his side he has his trusted partner Luna - a dungeon fairy, for him she was more like a deus ex machina. The story is written in the third person and contains multiple points of view. At the moment this would be the mc, Luna and a young starting adventurer. The story will not be continued. If you're interested in thereasons, you can read the last chapter.
8 177 - In Serial14 Chapters
Camp Creepasta
A 17 year old boy gets sent to a summer camp for troubled kids but realises that the other kids are more troubled then he thinks
8 118 - In Serial12 Chapters
The Owl House: Wolfwalkers on the Boiling Isles
Takes place after Young Blood, Old Souls; Luz suddenly has gain the power of a Wolfwalker. A being that posseses the power to talk to wolves, and turn into one when they sleep. Now, with this new power, she must learn how to be a wolf, and keep this power a secret from her friends, including Amity. If she can be able to keep it a secret...
8 190 - In Serial35 Chapters
Lovely Sky
"I felt like I was the sky but they only ever see me as the moon."Jeileurv Samantha Nicolette Gerona Robredo, the youngest of the Robredos, thought that she'll only face one big problem in her life.The feeling of feeling unloved.But guess what, life has something big to offer to her. That's how life is, yes. But will SJ manage to face what the future holds? Try to get through it and get it fixed. You know, since she already faced something big. Or... Not.Will she manage to heal after, after facing it? No? Yes? Let's all find out together.-Robredo AUPublished: June 22, 2022Finished: July 28, 2022DISCLAIMER: THIS IS A WORK OF FICTION-
8 210

