《First Frost (Myanmar Translation)》Extra(The Last)
Advertisement
First Frost ရဲ့နောက်ဆုံး Extra ကို ကိုယ် အတိအကျဆိုတာထက် ဒီအတိုင်းအဆင်ပြေသလိုပဲရေးသွားပါမယ်
>>>>
လက်ထပ်ပြီးနှစ်နှစ်အကြာ ပထမဆုံးနှင်း(ရွှမ်းကျန့်)တွေကျတဲ့တစ်နေ့မှာ ဝိန်းရိဖန် ကိုယ်ဝန်ရှိမှန်း သိခဲ့ရပါတယ်။ အဲ့နေ့က ဝိန်းရိဖန်ရဲ့မွေးနေ့လည်းဖြစ်တော့ စန်းရန်က နှင်းဆီပန်းစည်းကြီးတွေ လက်စွပ်တွေအစား ဘဲလေးအက,ဝတ်စုံတစ်စုံကို လက်ဆောင်ပေးခဲ့ပါတယ်။
အဖြူရောင်ငန်းငယ်လေးလိုလှပတဲ့ဝတ်စုံဟာ သူ့အားကျန့်ရဲ့ အိပ်မက်တွေကို သူ အကောင်အထည်ဖော်ပေးချင်တဲ့ဆန္ဒ ၊ ကျိုးသွားတဲ့အတောင်ပံတွေကို ပြန်ဖာထေးပေးချင်တဲ့ သူ့ရဲ့ဆန္ဒပါ။
စန်းရန် : "ဝိန်းရွှမ်းကျန့်..မွေးနေ့ကိတ် ဝယ်လာခဲ့တယ်"
အဲ့နေ့က သူ အလုပ်ပြန်တာ နောက်ကျနေခဲ့တာမလို့ ဝိန်းရိဖန်က သူ ပြန်မလာဖြစ်လောက်တော့ဘူးလို့ ထင်မိသွားခဲ့ပါတယ်။ ဒါပေမယ့် စန်းရန် ပြန်ပြောခဲ့တဲ့စကားတစ်ခွန်းက
"မင်းရဲ့ဆန္ဒတိုင်းက ကိုယ့်ရဲ့ဆန္ဒတွေမလို့ မင်း လိုချင်ရက်နဲ့မရလိုက်တာမျိုး မရှိစေရပါဘူး"
"အခုလိုမျိုး ငါ့ကို အများကြီးချစ်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဝိန်းရိဖန် မျက်နှာက ပုံမှန်အတိုင်းမဟုတ်မှန်း စန်းရန် သတိထားမိလိုက်တော့ အလုပ်မှာအဆင်မပြေလို့လား ၊ တစ်နေရာရာနေထိုင်မကောင်းလို့လားလို့ မေးမြန်းတော့ ဝိန်းရိဖန်က အရမ်းပျော်နေတာပါလို့ ဖြေပါတယ်။ ပြီးတော့ ကိုယ်ဝန်စစ်တံကို ပြေးယူပြီး စန်းရန်ရဲ့လက်ထဲ ထည့်ပေးလိုက်တယ်။
ဝိန်းရိဖန်က မသေချာသေးတာမလို့ ဆေးရုံမှာသွားစစ်ကြည့်ဦးမယ်လို့ဆိုပေမယ့် စန်းရန်က ပါးချိုင့်တွေပေါ်တဲ့ထိပြုံးပြီး စိတ်ထဲကနေ ပြောမိလိုက်တဲ့စကားက :
'သူ့ရဲ့ အားကျန့်ကိုကာကွယ်ပေးမယ့် သူရဲကောင်းလေးတစ်ယောက် ထပ်ရှိလာမယ့်အတွက် အရမ်းပျော်ရပါတယ်..တကယ်လို့များ ကိုယ် မင်းကိုထားသွားပြီး အရင်ထွက်သွားရမယ့်တစ်နေ့ရောက်လာခဲ့ရင် မင်း တစ်ယောက်တည်းအထီးကျန်နေရတော့မှာ မဟုတ်ဘူး'
နောက်တစ်နေ့မှာ နှစ်ယောက်သားက ဆေးရုံမှာ ဆေးစစ်ဖြစ်ခဲ့ကြပါတယ်။
"ဂုဏ်ယူပါတယ်..မိန်းကလေးဝိန်း..ကိုယ်ဝန် သုံးပတ်ရှိနေပါပြီ"
အပြင်ဘက်မှာထိုင်စောင့်နေတဲ့ စန်းရန်ရဲ့လက်ဖဝါးတွေက ချွေးစို့နေခဲ့မှန်း ဝိန်းရိဖန် ပြန်ထွက်လာပြီး လက်တွဲလိုက်တဲ့အချိန်မှာ သိလိုက်ရပါတယ်။ နေရောင်က မပြင်းတပြင်းလေး ဆောင်းရာသီအစရဲ့လေညှင်းလေးက တဖြူးဖြူးတိုက်နေပြီး တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး အချင်းချင်းမျက်ဝန်းချင်း ဆုံမိလိုက်တဲ့အခိုက်မှာ စန်းရန်ရဲ့ပါးချိုင့်ကို ဝိန်းရိဖန်က လှမ်းထိလိုက်ပြီး
"နင်ပြောကြည့်ကြည့်..သူ့မှာရော ပါးချိုင့်လေးတွေ ပါလာလောက်မလား"
"အင်း"
-မင်း လိုချင်သမျှအရာအားလုံးက ဖြစ်လာမှာ
အိမ်ပြန်ရောက်တော့ စန်းရန်က ဆေးစစ်အဖြေစာရွက်ကိုဓါတ်ပုံရိုက်ပြီး ပို့စ်တင်လိုက်ပါတယ်။
သွမ့်ကျားရွှီ ; [ ဂုဏ်ယူပါတယ် ]
စန်းကျီ ; [ ဂုဏ်ယူပါတယ်..ငါ့တူမလေးက ရိဖန်ကျဲနဲ့ပိုတူပါစေ..ကိုကို့လိုမျိုး ရုပ်မဆိုးစေချင်ဘူး ]
ချန်ဖေး ; [ မိန်းကလေးရပါစေ ! ! ! ] (ချန်ဖေးကောက သားလေးနှစ်ယောက် အမွှာမွေးထားပါတယ်)
စန်းရန်မှ သွမ့်ကျားရွှီထံ ပြန်စာ ; [ လစ်စမ်း! ]
စန်းရန်မှ စန်းကျီထံ ပြန်စာ ; [ မင်းအစ်ကို ငါက သွမ့်ကျားရွှီခွေးကောင်ထက် အများကြီးပိုချောတယ်! နားလည်လား? ]
စန်းကျီမှ ပြန်စာ ; [ နားမလည်ဘူး (ပြောင်စပ်စပ်emoji) ]
စန်းရုံ ; [ နောက်ရက်ကျရင် အိမ်လာခဲ့ဦး..မင်းအမေက ဒီအကြောင်းကိုသိပြီး ရင်ပြင်မှာတောင် သွားမက,နိုင်တော့ဘူး ]
လီဖင် ; [ အေ့..ဒီလူကြီး....]
လီဖင် ; [ အိမ်လာခဲ့ကြနော် ]
စုဟောက်အန်း ; [ ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်ကွာ ]
ဝိန်းရိဖန်က ဘယ်လိုမက်ဆေ့မျိုးမှ ဝင်မရေးတော့ဘဲ မနက်ခင်းကတည်းကနေပြီး စန်းရန်တစ်ယောက်တည်းမြင်ရမယ့် ပို့စ်တစ်ခုကို တင်ထားခဲ့ပါတယ်။
-နေရောင်ခြည်ကိုရိုက်ထားတဲ့ဓါတ်ပုံ
ကိုယ်ဝန်ဆောင်ကာလမှာ ဝိန်းရိဖန် ချဥ်ခြင်းအတက်ဆုံးကတော့ စန်းရန်ရဲ့ပါးချိုင့်ပါ။ မနက်လင်းလည်း ပြုံးခိုင်း ၊ နေ့လည်လည်း ပြုံးခိုင်း ၊ သန်းခေါင်မှာလည်း ပြုံးခိုင်း။
ဒေါသကလည်း အရမ်းကြီးတတ်တာမလို့ စန်းရန်တို့ ကုတ်ပြီးငြိမ်နေရပါတယ်။
"မင်းဒေါသကလည်း အရမ်းကြီးတာပဲကွာ"
"အင်း ကြီးတယ် ဘာဖြစ်လဲ..နင် သတိထားနေ..နောက်ဘဝ နင် ငါ့ကို လိုက်ပိုးပမ်းတဲ့အခါကျ ဒီထက်တောင်ဆိုးဦးမှာ"
------
တစ်နေ့ စန်းရန် ထမင်းချက်နေတုန်း ဝိန်းရိဖန်က အော်ငိုတဲ့အသံကြောင့် စန်းရန်မှာ လန့်ဖြန့်ပြီး ပန်းရောင်အေပရွန်ကြီးနဲ့ ဝိန်းရိဖန်ဘေးကို ရောက်လာခဲ့ပါတယ်။
"ဝိန်းရွှမ်းကျန့် ဘာဖြစ်တာလဲ"
"ကလေးမွေးတော့မှာထင်တယ်"
"ဟမ်..မွေးတော့မှာလား..ချိန်းထားတဲ့ရက်ရောက်ဖို့ တစ်ပတ်တောင်လိုသေးတယ်လေ"
"ငါလည်း ဘယ်သိမှာလဲလို့!"
"ကိုယ် ဘယ်လိုလုပ်ပေးရမှာလဲ"
"ပစ္စည်းတွေပြင်ပြီး ဆေးရုံကားခေါ်လေ!"
အဲ့အချိန်တုန်းက စန်းရန် ဘာဆိုဘာမှမတွေးနိုင်တော့ဘဲ ဝိန်းရိဖန် ခိုင်းသမျှကိုပဲလုပ်နိုင်ခဲ့ပါတယ်။
---------
ဒီလိုနဲ့ပဲ 'စန်းရယ်'လေး မွေးလာခဲ့ပါတယ်။ ဒီနာမည်ကလည်း စန်းရန်ပေးထားတာပါ။ နာမည်တစ်လုံးမရခင် စန်းရန်နဲ့ဝိန်းရိဖန်တို့ ခေါင်းခြောက်မတတ် ဆွေးနွေးခန်းဝင်ရပါသေးတယ်။
ဝိန်းရိဖန် ; "နင် စဥ်းစားလို့ရပြီလား"
"ယောက်ျားလေးဆိုရင် 'စန်းယဲ့' ( စန်းသစ်ရွက် ) လို့ပေးမယ် မိန်းကလေးဆိုရင် 'စန်းရွှယ်ဟွား' (စန်းနှင်းပွင့်)"
( ယဲ့ နဲ့ ရွှယ်ဟွားက သူတို့နှစ်ယောက်ရဲ့ စုံတွဲလက်ပတ်တွေ )
"နင် ဒီထက်ပိုပြီးအဓိပ္ပါယ်ရှိရှိလေး ပေးလို့မရဘူးလား"
စန်းရန် ; "အို့ မင်းပြောချင်တာက ကိုယ်က အဓိပ္ပါယ်မရှိတာတွေပြောနေတယ်လို့လား"
"မဟုတ်ဘူးလေ စန်းရွှယ်ဟွားဆိုတော့ နာမည်ကြီးကျတော့....."
Advertisement
စန်းရန် ; "ဒါဆိုလည်း 'စန်းရွှမ်းကျန့်'လို့ ခေါ်မလား"
ဝိန်းရိဖန် ; "......"
နောက်တော့ ဝိန်းရိဖန်က စန်းရန်ကို ယောက်ျားဆန်တဲ့နာမည်မျိုးဖြစ်အောင်မှည့်ပေးရမယ်ဆိုတဲ့တောင်းဆိုချက်အရ ယောက်ျားဆန်ဆိုတဲ့စကားလုံး 'ရယ်' ကို အခြေတည် ၊ အသံထွက်ချင်းဆင်တူတဲ့ 'ရယ်' (ထပ်တူ) စကားလုံးကို မှည့်ပေးလိုက်ပါတော့တယ်။
မိန်းကလေးနာမည် 'ရွှယ်ဟွား' ကို ဝိန်းရိဖန် စိတ်တိုင်းမကျမှန်းသိတာမလို့ စန်းရန်က ရွှယ်ဟွားရဲ့အခြားနာမည် အဓိပ္ပါယ်တူတဲ့ 'စန်းလျို့ချူး' လို့ခေါ်မယ့်အကြောင်း ပြောင်းခဲ့ပါတယ်။
--------
စန်းရယ်လေး ငိုလို့ဝိန်းရိဖန် ချော့နေတဲ့တစ်နေ့မှာ အမြဲတမ်းမေ့နေတဲ့ကိစ္စတစ်ခုကို ရုတ်တရက်သတိရသွားခဲ့ပါတယ်။ ဟုတ်ပါတယ် ပါးချိုင့်ကိစ္စ။ စန်းရယ်ရဲ့မျက်နှာပေါ်မှာ ပါးချိုင့်မတွေ့သေးလို့ အဲ့နေ့ညမှာ ဝိန်းရိဖန်က စိတ်ကောက်ပါတော့တယ်။
"ဝိန်းရွှမ်းကျန့် ဘာလို့ ကိုယ့်ကိုအပြစ်တင်နေတာလဲကွာ"
"နင် ငါ့ကို မကူညီဘူး..ဒီလိုကိစ္စသေးသေးလေးမှာတောင် နင် ကူညီဖော်မရဘူး"
"ဝိန်းရွှမ်းကျန့်..ဒီကိစ္စအတွက်နဲ့လည်း စိတ်ကောက်တာပဲလား..ဒီလိုကိစ္စမျိုးဆိုတာ အချိန်ယူရတယ်လေ..အရမ်းငယ်သေးလို့ မပေါ်သေးတာနေမှာပါ"
"ဘာပဲဖြစ်ဖြစ်..ပါးချိုင့်ပါမှ"
"မင်းနဲ့တစ်သက်လုံး တူတူနေသွားမယ့်လူက ကိုယ်နော်..ကိုယ့်ဆီမှာရှိရင် ရပြီလေ"
ဝိန်းရိဖန်က သူ့ကို တစ်ညလုံးအရေးမလုပ်ဘဲ တီဗွီကြည့်နေတော့တာမလို့ ကွယ်ရာမှာ ကလေးချော့သိပ်နေတဲ့စန်းရန်က ဒီလိုစကားဆိုပါတယ်။
"သားလေး..တစ်ခုလောက် ကူညီစမ်းပါ..မင်းအဖေက မင်းအမေကို စိတ်ဆိုးအောင်လုပ်မိသွားလို့ ဒီနှစ်ရက်အတွင်း ကိုယ့်ဘာသာကိုယ်နည်းလမ်းရှာပြီး ပါးချိုင့်ထွက်အောင်လုပ်ပေးစမ်းပါ"
အပြင်ဘက်မှာရပ်ပြီး နားထောင်နေတဲ့ဝိန်းရိဖန် ; "...."
--------
တစ်နေ့ ဝိန်းရိဖန် အလုပ်ကိစ္စနဲ့ခရီးထွက်သွားတော့ စန်းရန်နဲ့ စန်းရယ်လေးဘဲ အိမ်ထဲမှာ ကျန်နေခဲ့ပါတယ်။ ဝိန်းရိဖန်က စန်းရယ်လေးကို ကစားစရာမျိုးစုံဝယ်ထားပေးတာကြောင့် လေးဘက်ထောက်သွားရင်း စန်းရယ်လေးက အိမ်ထဲမှာကစားနေတဲ့အချိန် စန်းရန်ရဲ့ခြေထောက်ကိုဖက်ပြီး မတ်တပ်ထရပ်လိုက်ပါတော့တယ်။ စန်းရန်က စန်းရယ်လေးရဲ့အင်္ကျီကိုဆွဲမပြီး
"ဟိုဘက်မှာ လေးဘက်ထောက်သွားနေ..မင်းအမေလိုမျိုးမလုပ်နဲ့..ယောက်ျားရင့်မာကြီးတွေက လူမကပ်ရဘူး နားလည်လား?"
စန်းရယ်လေးက စကားကိုနားမလည်တလည်လေးနဲ့ ပြောတတ်နေတဲ့အချိန်။ ပြီးတော့ ဝိန်းရိဖန်က ကလေးလေးတွေသင်ပေးရမယ့်နည်းတွေအတိုင်း သင်ပေးထားတာမလို့ စန်းရယ်လေးက 'ပါးချိုင့်' ဆိုတဲ့စကားလုံးကို အရမ်းရင်းနှီးပါတယ်။
"ပါပါး...ပါပါး...ပါပါးရဲ့ ဒါ ဒါ က"
"ဘာဖြစ်တယ်"
"ဒါ ဒါ"
စန်းရယ်လေးက ပါးချိုင့်ရှိတဲ့နေရာကို လက်ညှိုးထိုးပြလိုက်တယ်။
စန်းရန် : "အို့...ပါးချိုင့်"
"အွန်း အွန်း"
စန်းရန် : "ဘာဖြစ်လဲ အဲ့ဒါက"
"ရုပ်ဆိုး ရုပ်ဆိုး"
စန်းရန် : "ဘာပြောလိုက်တာ"
"ပါးချိုင့်က ရုပ်ဆိုး ရုပ်ဆိုး"
စန်းရန် : "မင်းကို ဘယ်သူသင်ပေးလိုက်တာလဲ"
"တီတီလေး..."(စန်းကျီ)
စန်းရန် : "အန်တီလေးက သင်ပေးလိုက်တာလား"
"တီတီလေး..တီတီလေးက မှာလိုက်တယ်...မပြော...မပြောပြရဘူးတဲ့"
"....."
ဝိန်းရိဖန် ပြန်ရောက်လာတဲ့အချိန်ကျတော့ စန်းရယ်လေးကို လီဖင်ဘွားဘွားတို့က လာခေါ်သွားခဲ့ပါပြီ။ စန်းရန် အိပ်နေမလားလည်းမသိတာကြောင့် ဝိန်းရိဖန်က အသာအယာလေး ဝင်လာတဲ့အချိန်မှာ စန်းရန်က ရုတ်တရက်ကြီးစကားထပြောပါတော့တယ်။
"မင်းရဲ့သားက ကိုယ့်ရဲ့ပါးချိုင့်ကို ရုပ်ဆိုးတယ်တဲ့"
"အမ်?..နင် နားကြားမှားတာနေမှာပါ..တကယ်တော့ နင် ငါ့ကိုမကူညီပေးလို့လေ..နင်သာကူညီပေးရင် အခုချိန်ဆို အားရယ်မှာလည်း ပါးချိုင့်လေးရှိနေမှာ..အဲ့ချိန်ကျ သူတစ်ခွန်း ငါတစ်ခွန်းပြန်ချေပလို့ရပြီ"
"ကောင်းပြီလေ..ဒါဆို ကိုယ့်ရဲ့အကူအညီကို ယူဦးမလား"
နှစ်ယောက်သားက အနမ်းတွေဖလှယ်နေကြတဲ့အချိန်မှစ စန်းရန် ပြုံးလိုက်မိတဲ့ပါးချိုင့်အဆုံးမှာ 'စန်းလျို့ချူး'လေး ရောက်လာခဲ့ပါတော့တယ်။
----------
(T/N ; First Forst ရဲ့ extra တွေ အကုန်ပြီးသွားခဲ့ပါပြီ။ တရုတ်ရဲ့စံတော်ချိန်အရ ဒီနေ့ဟာ ရွှမ်းကျန့်ရဲ့မွေးနေ့ပါ။
မွေးနေ့မှာပျော်ရွှင်ပါစေ ရိဖန်ကျယ်ကျဲရေ...ကလေးတွေနဲ့ မွေးနေ့ကိုလည်း စည်စည်ကားကားဖြတ်သန်းနေမယ်ဟုတ်
ဟာသတစ်ခု ပြောပြရဦးမယ် - ကျူးယိသာ့သာ့ပြောတဲ့ စန်းမိသားစုရဲ့ Family Position Ranking (မိသားစုဝင်တွေရဲ့အရေးပါအရာရောက်မှု) မှာ
ပထမက - စန်းကျီ
ဒုတိယက - လီဖင် (စန်းမားမား)
တတိယက - စန်းရုံ ( စန်းပါပါး)
စတုတ္ထက - ဝိန်းရိဖန်
ပဥ္စမက - သွမ့်ကျားရွှီ
ပြီးရင် ထမင်းပေါင်းအိုး ၊ အဝတ်လျှော်စက် ၊ တီဗွီ ၊ ရေခဲသေတ္တာ ဗလာဗလာတွေရဲ့ ဟိုးးးးးးး နောက်ဆုံးမှာမှ စန်းရန်ပါတဲ့(မျက်ရည်နှစ်စက်)
------------
First Frost 難哄 လေး အပြီးမှာ စန်းရန်ရဲ့ချစ်ခြင်းတွေကို ရည်ညွှန်းတဲ့စကားတစ်ခွန်းကို ကျူးယိသာ့သာ့က သူ့စာဖတ်သူတွေအတွက် လက်ဆောင်ပေးခဲ့ပါတယ်
ပိုက်ကျန့်(ရှုံးနိမ့်သွားခြင်း/အရှုံးပေးခြင်း)
~~~ပိုက်ကျန့်ဆိုတာ ရှုံးနိမ့်သွားတဲ့ 'ကျန့်' မဟုတ်ရပါဘူး..မင်းကိုပဲ အရှုံးပေးတာပါ ဝိန်းရွှမ်း'ကျန့်'~~~
-------------
~Zawgyi~
>>>>
Advertisement
"အင်း"
လီဖင် ; [ အေ့..ဒီလူကြီး....]
------
---------
"နင် ဒီထက်ပိုပြီးအဓိပ္ပါယ်ရှိရှိေလး ပေးလို့မရဘူးလား"
စန်းရန် ; "အို့ မင်းပြောချင်တာက ကိုယ်က အဓိပ်ပါယျမရှိတာတွေပြောနေတယ်လို့လား"
ဝိန်းရိဖန် ; "......"
မိန်းကလေးနာမည် 'ရွှယ်ဟွား' ကို ဝိန်းရိဖန် စိတ်တိုင်းမကျမှန်းသိတာမလို့ စန်းရန်က ရွှယ်ဟွားရဲ့အခြားနာမည် အဓိပ်ပါယျတူတဲ့ 'စန်းလျို့ချူး' လို့ခေါ်မယ့်အကြောင်း ပြောင်းခဲ့ပါတယ်။
--------
--------
"ဘာဖြစ်တယ်"
"ဒါ ဒါ"
"အွန်း အွန်း"
"ရုပ်ဆိုး ရုပ်ဆိုး"
"တီတီလေး..."(စန်းကျီ)
"....."
----------
Advertisement
- In Serial41 Chapters
His Personal Secretary | ✓
Cali Wilson desperately needs money. She had her father's gigantic gambling debt and 4 months overdue rent to pay. When she saw a job opening that offered a place to stay and your choice of salary, she immediately applied. She expected her debt to be paid, but what she didn't expect was her life to be turned completely upside down.Meet Christian Wright, the only son and successor of Wright Corporations. Born with the brains, the looks, and the money- he was the total package. Except there was one problem: his personality. Not only was he rude, self-centered and arrogant, he also had an extremely short temper. Employees were fired for little things like being a minute late to a tiny typo in a report. Everyone in the company knew about his horrible personality and avoided him as if he was the devil himself. When his personal secretary is fired for the 3rd time that month and nobody wanted to be the replacement, the Human Resources department had no choice but to give an outrageous offer just to get someone on the job as soon as possible.What will happen when these two are brought together?#3 in Romance [05.03.16]**warning- this story was one of the first ones I've ever written on Wattpad so there is a lot of room for improvements
8 318 - In Serial45 Chapters
▪️Stupid Injection (Yizhan)▪️
This story is inspred to a story entitled "Stupid Injection" by Ms. @Emkeyh. A filipina writer. 😊😊😊I love her story😍😍What will you do when you wake up after a long time and you see your belly is big What will you do when you wake up and found out that you are pregnant Come and let's find out
8 302 - In Serial61 Chapters
The Unspoken Heart
[ Completed ]Zoha's life has been weaved with tragical fate. Her parents died in a tragic car crash, when she was four. Her Dadi, or grandma, raised her with relentless love and care. She bloomed into an ambitious girl, studying to become an architect. Opposite of her was her cousin, Manal, daughter of her Zafar uncle, who lived in California, owning a restaurant. Manal always resented Zoha since the time she was really little. She is a conceited, spoiled girl, always proving to be better than Zoha.One day when Dadi leaves her too, Zoha feels she is forever left alone. There is no one who is close to her as her Dadi was. She feels weak and discouraged without support. And as much she tried to come out of the grief of loss, Manal's enmity intensifies and she has planned to kick her out of the house, by taunting and demeaning her self-esteem. But Manal's brother Shehryaar who comes to Pakistan from California, is a generous, kind person. He treats Zoha rather warmly. When Manal pressurizes Zoha to leave her house, because she stands as a problem to her, Zoha is all broken from inside. She can't move away from a house in which she grew up. She has memories of her childhood with dadi there. She doesn't realize when Manal's hate is that strong to throw her out of the house, so there is a strong pull of Shehryaar's kindness and love that keeps bringing her back. ******************************************************This book is a work of fiction. Names, characters, places, and incidents either are the product of the author's imagination or are used fictiously and any resemblance to actual persons, living or dead, business establishment, events, or locales is entirely coincidental.
8 207 - In Serial8 Chapters
Dear Stranger: Letters to Her
"I am a writer. I should have been able to come up with witty ways to express myself to you. And yet. Here I am, rambling on about everything and nothing. Perhaps it's the nervousness, the possibility, the fear of the unknown holding me back? What if you say no??" It started with a blind date. A date she didn't show up in. They do meet later. He sucks at expressing himself. So he pours out his feelings the only way he knows how. Emotions given words. This is my series of letters written to her. Posted with her consent. I hope you bless me with your support.
8 195 - In Serial57 Chapters
I AM YOURS....ALWAYS❤ (completed)
UNDER VERY SLOW EDITING!READ THIS BOOK AT YOUR OWN RISK!!NOT EDITED!♡♡♡♡Two Souls... Poles Apart .. United by the game of Destiny.. Come and join their journey together ❤❤This story is full of fun, love , heartbreaks..join Dishaan in their wonderful love story ❤❤❤♡♡♡He hated being goody two shoes..he hated clumsiness..but she was an exception..She didn't enter in his life in a bollywood style..she didn't catch his attention first..she was not his first love..but she was the last which is forever..He was the Mr.arrogent for her at first but the journey is from being her Mr.arrogent to her Mr.husband..In this ploy of destiny..she was his and he was her forever and they didn't even knew it ..♡♡♡This story will be in Hinglish and its not a Fan-Fiction..THANK YOU FOR CHOOSING IT AS YOUR READ.. This is my first story and English is not my first language so this book is bound to have a lot of mistakes.. first few chapters are not so good but gradually the story becomes good..don't skip it reading first few chapters..read till last..❤💙
8 90 - In Serial45 Chapters
Badly Broken
We all know the cliché story of the bad boy falling for the nerdy girl, but what about a bad boy falling for another bad boy?Every Friday, Kai Yoon and Lucas Beck fight. Not only for the enjoyment of the sport, but to release the pent-up hatred they have for one another.After a drunken night, their loathe changes into something else, something new, and their school rivalry becomes insignificant. Unforeseen romance blossoms between the two, but broken families and deadly secrets prove to be perilous obstacles.Mix hidden pasts, a thirst for revenge, and an underground fight club with two of the most lethal and dangerous fighters in the state to unravel the mysteries that lay behind the badly broken.(Under editing)
8 90

