《First Frost (Myanmar Translation)》Extra
Advertisement
လက်ထပ်မှတ်ပုံတင်အပြီး တစ်နေ့သောညဝယ် စန်းရန်က ဟန်းနီးမွန်းခရီးအကြောင်းကို ရုတ်တရက် စကားစဆိုလာခဲ့သည်။
ထိုအချိန်တုန်းက ဝိန်းရိဖန်မှာ ရေချိုးပြီး၍ ရေချိုးခန်းထဲမှထွက်လာခါစဖြစ်ကာ သည်စကားကိုကြားလိုက်ရခြင်းကြောင့် စန်းရန်အား လှမ်းကြည့်လိုက်၏။ ခေါင်းငုံ့၍ သူငယ်ချင်းများနှင့် ဂိမ်းကစားနေသည့်စန်းရန်ကို မြင်လိုက်ရသောကြောင့်လည်း ဝိန်းရိဖန်သည် စန်းရန်က သူ့သူငယ်ချင်းများနှင့်စကားပြောနေသည်ဟုသာ ထင်မှတ်ပြီး ပြန်မဖြေလိုက်ပေ။
စက္ကန့်ပိုင်းမျှကြာသွားပြီးသည့်အခါ စန်းရန်က နောက်တစ်ကြိမ် ထပ်ပြောလာခဲ့သည်။
"ခရီးသွားမှာလားလို့?"
ထိုအခါတွင်မှ ဝိန်းရိဖန်လည်း သူမကိုစကားလှမ်းပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရပြီး အလောတလျင်ပြန်ဖြေလိုက်သည်။
"ဘယ်သွားမှာလဲ"
စန်းရန် ; "မင်း ဘယ်သွားချင်လဲ"
ကြိုတင်စဥ်းစားထားခြင်းမဟုတ်သောကြောင့် ဝိန်းရိဖန်အနေဖြင့် ဘယ်နေရာသို့ သွားရမည့်အကြောင်း မစဥ်းစားမိနိုင် ၊ သို့သော် စန်းရန်၏အကြည့်များကြောင့် တစ်ခဏငြိမ်နေရင်း နီးစပ်ရာမြို့များကို အရင်စဥ်းစားကြည့်လိုက်သည်။
"ဒါဆို 'ချွမ်..."
စန်းရန်က နောက်ထပ်စကားလုံးအား ဝင်ဖြတ်ပြောလာ၏။
"အို့..မင်းက ယီဟဲကိုသွားချင်တာလား"
ဝိန်းရိဖန် ; "?"
"ယီဟဲလား..."
စန်းရန်က အသံကိုဆွဲငင်ပြီး စိတ်မပါသလိုလိုလုပ်၍
"မသွားလို့မရတာတော့ မဟုတ်ပါဘူးလေ"
ဤသို့ဤနှယ်စကားဆိုရင်း စန်းရန်က ခေါင်းသဲ့သဲ့စောင်းပြီး သူမအား အသေအချာစိုက်ကြည့်လာခဲ့သည်။
"ဒီနေရာအပြင် အခြားသွားချင်တဲ့နေရာမျိုးရှိသေးလား"
တစ်ခဏကြာကြာတိတ်ဆိတ်လျက်။
"ငါ ယီဟဲကို မသွားချင်...."
စကားပြောနေသည့်အချိန်အတွင်း ဝိန်းရိဖန်မှာ စန်းရန်၏အဓိပ္ပါယ်ပါလှသောအမူအရာကိုကြည့်နေရသဖြင့် သုံးစက္ကန့်နီးပါးအသံတိတ်သွားမိပြီးမှ ချိတုံချတုံဖြင့်ဆက်၍
"....ဘူးမလား?"
စန်းရန်၏အကြည့်များက တစ်ချက်မရွေ့။ ဤမြင်ကွင်းမှာ မှင်သေနေပြီး နှစ်ယောက်သားကလည်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေလျက်သား။ လေထုအခြေအနေမှာ တစ်စုံတစ်ရာမူမမှန်တော့သလို ခံစားမိလာရသဖြင့်လည်း ဝိန်းရိဖန်က စကားလုံးများအား သတိကြီးကြီးထား၍ပြောင်းလိုက်ရတော့သည်။
"ထပ်စဥ်းစားကြည့်လိုက်တော့ နည်းနည်းသွားချင်နေသလိုပဲ"
စန်းရန်၏အမူအရာမှာ တစ်စက်ကလေးမှပြောင်းမသွားသောကြောင့် ဝိန်းရိဖန် ဆက်၍စမ်းတဝါးဝါးပြောပြန်ရလေသည်။
"အင်းပါ..နည်းနည်းပဲ သွားချင်တာမဟုတ်ဘူး"
စန်းရန်က သူမကို စိုက်ကြည့်နေဆဲဖြစ်၍ ဝိန်းရိဖန် ခပ်တည်တည်ဖြင့်သာ ပြန်ဖြေလိုက်တော့၏။
"အရမ်းသွားချင်နေတာ"
စန်းရန်က ထိုအခါတွင်မှ 'အင်း' ဟု ပေါ့ပေါ့ပါးပါးအသံပြုလိုက်ပြီး အကြည့်လွှဲသွားကာ ဂိမ်းဆက်ကစားနေလိုက်သည်။ နောက်ဆက်တွဲ ဘာမှစကားမဆိုတော့သည့်အခြေအနေကြောင့် ဝိန်းရိဖန် ကြောင်အမ်းသွားရင်း လေးလေးနက်နက်ပြန်တွေးကြည့်မည်အပြုတွင် စန်းရန်က အားနေသည့်လက်တစ်ဖက်ဖြင့် သူမအား ရုတ်တရက်လှမ်းဆွဲပြီး သူ့ရင်ခွင်ထဲဆွဲထည့်လိုက်သည်။
ဝိန်းရိဖန်၏ကျောပြင်မှာ သူ့ရင်ဘတ်နှင့် ထိကပ်သွားလေပြီး
"ဘာဖြစ်တာလဲ"
စန်းရန်က နောက်လှည့်ကြည့်လာသည့်ဝိန်းရိဖန်၏ခေါင်းကို ရှေ့ပြန်လှည့်ပေးလိုက်ရင်း
"ကိုယ်နဲ့ ဂိမ်းတူတူကစားပေး"
ဝိန်းရိဖန် မျက်တောင်တဖျက်ဖျက်ခတ်၍
"အို့"
သို့သည့်တိုင် ဝိန်းရိဖန်က စန်းရန်၏အမူအရာအား မနေနိုင်အောင် တိတ်တိတ်လေးခိုးကြည့်လိုက်သေး၏။ သူမ ခေါင်းနည်းနည်းလေးမော့လိုက်ရုံမျှပင် သူ့ညာဘက်နှုတ်ခမ်းထောင့်နားရှိ ပါးချိုင့်ရာလေးအား တန်း၍တွေ့လိုက်ရတော့သည်။
ဝိန်းရိဖန်၏တုံ့ပြန်မှုများက ဘယ်လိုပင်နှေးကွေးနေပါစေ ဤအခြေအနေကိုတော့ ခွဲခြမ်းနိုင်ပါသေးသည်။ စန်းရန်ဘက်မှ ယီဟဲကို သွားချင်နေမှန်းသိသာနေပါသည့်တိုင် တိုက်ရိုက်ဝန်မခံချင်သည့်သူက သူမအပေါ် တမင်သက်သက် ခေါင်းပုံချခြင်းပင်။
ဝိန်းရိဖန်မှာ ထူးဆန်းမိလွန်းသောကြောင့် အကြောင်းပြချက်ကို စန်းရန်အား အကြိမ်ကြိမ်မေးမြန်းကြည့်ပါသေးသည်။ ထူးထူးဆန်းဆန်းဖြစ်နေသည့်လူမှာတော့ မေးလေ မထီမဲ့မြင်ပြုသလိုလုပ်ပြလာလေဖြင့် စကားတစ်ခွန်းတည်းသာ ပြောထုတ်လာ၏။
"ကိုယ့်ဘာသာကိုယ်စဥ်းစား"
နောက်တွင်တော့ ဝိန်းရိဖန်က အသံတစ်စက်မှမထွက်တော့ဘဲ ဘေးနားတွင် အသေအလဲစဥ်းစားကြည့်နေပါတော့သည်။
သိပ်မကြာလိုက်ခင် စန်းရန်က သူမ၏အတွေးကို နားလည်သွားသည့်ဟန်ဖြင့် သူမထံမှစိတ်ဝင်စားမှုကို ရယူချင်သည့်အလား တစ်ခဏတုန်းကလောက် တင်းတင်းကြပ်ကြပ်ဖုံးထားခြင်းမရှိတော့ဘဲ အမှန်အမှားမသဲကွဲသည့် မရေမရာအကြောင်းပြချက်များ ပေးလာခဲ့သည်။
ကြောင်ကလေးကို စနောက်နေသည့်အတိုင်း သူ့စကားသံက တလေးတနက်မရှိသည့်အပြင် ကစားနေသလိုမျိုးပင်ပြုမူနေလေ၏။
ဥပမာ -
ဝိန်းရိဖန် ; "နင် ယီဟဲကိုသွားချင်တာက သွားကြည့်ချင်တဲ့နေရာမျိုးရှိလို့လား"
စန်းရန် ; "မရှိပါဘူး"
ဝိန်းရိဖန် ; "ဒါဆိုလည်း တခြားနေရာကို သွားမယ်လေ"
စန်းရန် ; "ကိုယ် ခုဏတုန်းက ဘာပြန်ဖြေလိုက်တာလဲ"
ဝိန်းရိဖန် ; "နင်ပြောတာ မရှိဘူးတဲ့"
"အို့"
စန်းရန်က ထပ်ကာ ပျင်းတိပျင်းရွဲ
"မှားပြောမိတာ"
ဝိန်းရိဖန်မှာ သီးမလိုပင်ဖြစ်ရသွား၍
"ဒါဆို နင်က ဘယ်နေရာကိုသွားကြည့်ချင်တာလဲ"
စန်းရန်က တစ်ချက်တွေးကြည့်ပြီး အထိုက်အလျောက်ပြန်ဖြေလာ၏။
" 'ကျိုးရှစ်'ရှေးဟောင်းပြတိုက်"
ဝိန်းရိဖန်မှာ ထိုနေရာမျိုးရှိကြောင်း တစ်ခါမျှပင်မကြားခဲ့ဖူးသဖြင့် ယီဟဲမြို့မှ ရှူခင်းတစ်ခုဟုသာ ထင်မှတ်မိလိုက်သည်။ လက်ကိုင်ဖုန်းကိုထုတ်ပြီး Website ထဲဝင်ကာ စာလုံးပေါင်းအမှန်ကိုအတိအကျမေး၍ စာရိုက်ကြည့်လိုက်၏။ ကျလာသည့်အချက်အလက်များမှာ မိုဘိုင်းဂိမ်းတစ်ခုထဲတွင်ပါရှိသည့်နေရာ။
ဝိန်းရိဖန် ကြောင်အမ်းအမ်းနှင့်ရှာကြည့်နေရင်း စန်းရန်၏ ဂိမ်းမျက်နှာပြင်အားတစ်ချက်လှမ်းကြည့်လိုက်ရာ သူ ကစားနေသည့်ဂိမ်းမှာ ဖြစ်ချင်တော့ သူမ ရှာတွေ့ထားသည့်ဂိမ်း။
ဝိန်းရိဖန် ; "...."
စန်းရန်က ဆိုဖာနောက်သို့မှီပြီး ပျင်းတိပျင်းရွဲထိုင်နေကာ သူမ တစ်ခုခုမြင်သွားမည်ကိုလည်း စိုးရိမ်သည့်ဟန်မရှိ။ သူက ခေါင်းလှည့်လာရင်း သူမက သူ့ဖုန်းမျက်နှာပြင်ကိုစူးစိုက်၍ကြည့်နေခြင်းကြောင့် သူသည်လည်း မျက်လွှာချ၍လိုက်ကြည့်လျှင် 'ကျိုးရှစ်' ရှေးဟောင်းပြတိုက်ဆိုသည့် စကားလုံးကြီးမှာ ထင်းခနဲ။
ဝိန်းရိဖန်က သိသိရက်နှင့်ပင် မေးလိုက်တော့၏။
"ဒါက...."
"မမြင်လို့လား?"
စန်းရန်၏မျက်နှာထက်တွင် မသိုးမသန့်ဖြစ်သွားသည့်အရိပ်အခြေမျိုးလုံးဝမရှိ။ သူ့ဘက်မှ ဘာမှမလုပ်ထားမိသလိုပင် နေနေလေပြီး ဖုန်းမျက်နှာပြင်အား လက်ချောင်းဖြင့် နှစ်ချက်ခေါက်လိုက်ရင်း တစ်လုံးချင်းစီအသံထွက်ဖတ်ပြလာလေသည်။
"ဂိမ်းထဲကနာမည်လေ"
"...."
နောက်ထပ် ဥပမာမှာ -
ဝိန်းရိဖန်က သူ့ပါးစပ်ဖျားမှ အဖြေထွက်လာရန်အတွက် အကြမ်းပတမ်းနည်းကိုသုံးမည်ဖြစ်၏။ ထို့ကြောင့် ဝိန်းရိဖန်က တည်ငြိမ်ချင်ယောင်ဆောင်ပြီး
Advertisement
"ငါ စဥ်းစားပြီးသွားပြီ..ငါ ယီဟဲကို အဲ့လောက်ထိသွားချင်နေတာမျိုးမဟုတ်ဘူး"
စန်းရန် ;
"ဟုတ်လား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်ရင်း စန်းရန်က မည်သို့မည်ပုံတုံ့ပြန်လာလိမ့်မည့်အကြောင်း အသည်းအသန်စဥ်းစားနေသည့်အချိန်...
နောက်တစ်စက္ကန့်တွင် စန်းရန်က သူမနှင့်အကြည့်လွှဲသွားပြီး အေးအေးလူလူဖြင့်
"ဒါဆို မင်း မှားပြီးစဥ်းစားမိတာနေမှာ"
"...."
အကြိမ်ကြိမ်ကြိုးစားကြည့်ပြီးသည့်အခါတွင်တော့ စန်းရန် မပြောပြချင်မှန်း ဝိန်းရိဖန် နားလည်လိုက်ကာ သူမဘက်က ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်လိုက်လျှင်တောင် ထိုလူက ပါးစပ်ဟမည့်အစီအစဥ်ရှိပုံမပေါ်ချေ။
အဆုံးတွင်လည်း အကြောင်းပြချက်အား မမေးနိုင်ခဲ့၏။ ဘယ်လိုပင်ဖြစ်စေ ယီဟဲမြို့သို့ရောက်သည့်အခါ အကြောင်းပြချက်ကို မဖြစ်မနေသိရမည်ဖြစ်သောကြောင့်လည်း ဝိန်းရိဖန်က အတင်းကာရော အာရုံစိုက်မနေတော့၏။
----
ထွက်ခွာလာသည့်နေ့တွင် နှစ်ယောက်သားက နေ့လည်ဆယ့်နှစ်နာရီထိုးလောက်မှ ယီဟဲမြို့သို့ ရောက်သည်။
အောက်တိုဘာလကုန်ခါနီးကာလမှာ နန်းဝူမြို့၌ အပူချိန်မသိမသာလေးသာ အေးလာသေးသည့်အချိန် ယီဟဲမြို့တွင်တော့ အပူချိန်ဒီဂရီ ကိန်းဂဏာန်းတစ်လုံးသာ ရှိတော့သည်။ အရင်တစ်ကြိမ် နှစ်ယောက်သား ရောက်လာကြသည့်အချိန်ကနှင့် အကွာကြီးခြားနားနေလေပြီး ရာသီဥတုမှာ နွေရာသီမှ ဆောင်းရာသီသို့ တိုက်ရိုက်ရောက်သွားသလိုပင်။
လေယာဥ်ပေါ်မှ ဆင်းလာသည်နှင့် ဝိန်းရိဖန် ချမ်းစိမ့်စိမ့်ဖြစ်သွားခဲ့ရသည်။ စန်းရန်က သူမအားဆွဲခေါ်ပြီး အနွေးထည်ကိုသေချာစေ့ပေးကာ မာဖလာလည်း ပတ်ပေးရင်း အနွေးလက်အိတ်တစ်စုံကိုလည်း ထုတ်ပေးလာ၏။ ဝိန်းရိဖန်မှာ ရယ်ချင်သလိုလိုဖြစ်လာရ၍
"အဲ့လောက်လည်း မအေးပါဘူး"
စန်းရန်၏မျက်ရစ်များက အောက်သို့သာစိုက်ထားပြီး အိပ်ရေးမဝသေးသည့်ပုံစံ။ စကားတစ်ခွန်းမဆိုလာဘဲ သူ လုပ်လက်စအရာများကို ဆက်၍လုပ်ပေးနေ၏။
လက်အိတ်တစ်ဖက်ဝတ်ပေးပြီးသည့်အခိုက်တွင် ဝိန်းရိဖန်က ကျန်နေသည့်တစ်ဖက်ကိုဆွဲလုပြီး စန်းရန်၏လက်တစ်ဖက်၌ ပြန်ဝတ်ပေးလိုက်သည်။ သူမ၏အခြားလက်တစ်ဖက်မှာ ဗလာချည်းသက်သက် ၊ ချောမွေ့ပြီးသေးသေးရှည်ရှည်လက်ချောင်းလေးများ၏ လက်သန်းကြွယ်ထက်တွင် သူနှင့်တစ်ပုံစံတည်းတူသည့် စုံတွဲလက်စွပ်တစ်ကွင်းကို ဝတ်ထား၏။
စန်းရန်က အအေးမကြောက်သည့်သူဖြစ်ကာ လက်ရှိအချိန်၌ လက်အိတ်ဝတ်ပေးနေသည်ကို လက်သင့်မခံဘဲ
"ဘာလုပ်နေတာလဲ"
"လက်တစ်ဖက်ကို ချန်ထားတာလေ..."
ဝိန်းရိဖန်က စန်းရန်၏လက်ကို သေချာကိုင်လိုက်၍
"လက်တွဲထားဖို့"
"...."
ဤစကားကိုကြားလိုက်သည့်အခါ စန်းရန်၏လှုပ်ရှားနေမှုများရပ်သွားပြီး မငြင်းတော့ချေ။ သူမ လက်အိတ်ဝတ်ပေးပြီးသည်နှင့် စန်းရန်က မတ်တပ်ထရပ်လိုက်သော်လည်း ဝိန်းရိဖန်၏လက်ကိုတော့ မဆုတ်ကိုင်သေး။
ဝိန်းရိဖန်ကလည်း နေရာမှမထသေးဘဲ စောင့်နေလေ၏။
"မင်းဘက်က တောင်းဆိုတာဆိုတော့..."
ဝိန်းရိဖန်၏ စူးစမ်းသလိုကြည့်နေသည့်မျက်ဝန်းများကို လှမ်းကြည့်လိုက်ပြီးလျှင် စန်းရန်က မျက်ခုံးပင့်ပြကာ ကျိုးသင့်ကြောင်းသင့်စကားဆိုလာတော့သည်။
"မင်းအရင်စပြီးလုပ်"
လေဆိပ်ထဲမှထွက်လာပြီး နှစ်ယောက်သားက ခရီးဆောင်အိတ်များထားရန်အတွက် ဟိုတယ်သို့ အရင်ထွက်လာခဲ့ကြသည်။ ဟိုတယ်မှာ စန်းရန် ကြိုတင်မှာထားခြင်းဖြစ်ပြီး တည်နေရာက ယီဟဲတက္ကသိုလ်နှင့်အနီးတဝိုက်တွင်သာဖြစ်သည်။ သို့သော် အရင်တစ်ကြိမ်တည်းခဲ့ကြသည့်ဟိုတယ်တော့မဟုတ်။
ဤတစ်ကြိမ်ခရီးစဥ်တွင် စန်းရန်က သူမအား အစီစဥ်ဆွဲရာ၌လုံးဝမတိုင်ပင်ထားသည့်အတွက် ဝိန်းရိဖန်အနေဖြင့် ဘယ်နေရာသွားကြမည်မှန်း အမှန်တကယ်မသိချေ။ သူမက ထိုင်ခုံနောက်မှီကို မှီထိုင်ထားရင်း
"ငါတို့ ခဏနေကျရင် ဘာသွားစားကြမှာလဲ"
စန်းရန်က ရေသန့်ဘူးဖုံးကိုဖွင့်ပေးပြီး သူမဆီသို့လှမ်းပေးလာရင်း ဆိုင်နာမည်တစ်ခုကို ပြောပြလာ၏။
ရင်းနှီးသလိုလိုရှိသော်ငြား ရုတ်တရက် စဥ်းစားမရသည့်နာမည်မျိုး။ ဝိန်းရိဖန်က ရေတစ်ငုံသောက်ပြီး သန့်စင်ခန်းထဲဝင်သွားသည့်သူ ပြန်ထွက်လာသည်အထိစောင့်ပြီး ထပ်၍မေးလိုက်သည်။
"စားသောက်ဆိုင်လား"
"မဟုတ်ဘူး..အနီးနားလေးက လက်ဖက်ရည်ဆိုင်"
ဝိန်းရိဖန် ခေါင်းထောင်လာမိပြီး ဤဆိုင်နာမည်က အဘယ်ကြောင့်ရင်းနှီးနေရမှန်းကိုလည်း ရုတ်တရက်အဖြေရှာတွေ့သွားခဲ့တော့သည်။ ဤဆိုင်မှာ ယီဟဲတက္ကသိုလ်နားတွင်ရှိသည့် တစ်ခုတည်းသောလက်ဖက်ရည်ဆိုင် ၊ ဝိန်းရိဖန် တက္ကသိုလ်တက်နေစဥ်အတွင်း အကြိမ်ကြိမ်သွားခဲ့ဖူးသည့်နေရာ။
သူမ၏စိတ်ထဲ အတွေးတစ်ခုက ဖြတ်ခနဲဝင်လာပြီး စန်းရန်ကို မော့ကြည့်ကာ အသာအယာမေးမိလိုက်၏။
"နင် ဒီဟိုတယ်မှာ တည်းဖူးတယ်မလား"
စန်းရန်က သူမ၏လက်ထဲမှရေသန့်ဘူးကို လှမ်းယူပြီး တစ်ငုံမော့လိုက်ပြီးမှ 'အင်း' ဟု ပုံမှန်အတိုင်း ပြန်ဖြေလာသည်။
ဝိန်းရိဖန် နှစ်စက္ကန့်နီးပါး ငြိမ်သက်နေမိပြီး
"ဘယ်နှကြိမ်တည်းဖူးတာလဲ"
စန်းရန် ;
"မမှတ်မိတော့ဘူး"
ဤစကားတစ်ခွန်းဟာ ဝိန်းရိဖန်၏ထင်မြင်ချက်များအားလုံးကို အမှန်တရားဖြစ်လာစေခဲ့သည်။ အရင်က ယီဟဲသို့လာသည့်အချိန်တိုင်း စန်းရန်တည်းသည့်ဟိုတယ် ၊ အရင်တစ်ကြိမ် ယီဟဲသို့ရောက်လာကြတုန်းက ဝိန်းရိဖန် ခွင့်ရက်နှစ်ရက်သာရခဲ့သဖြင့် အလောတလျင်နိုင်ပြီး နှစ်ယောက်သားက တစ်ရက်သာနေ၍ ပြန်လာခဲ့ကြရသည်။ ထို့ကြောင့် အနီးနားကလွဲလျှင် အခြားနေရာသို့မသွားဖြစ်ကြသလို သူမသည်လည်း စန်းရန်အား ပတ်ဝန်းကျင်အကြောင်းကို များများစားစားမရှင်းပြဖြစ်ခဲ့။
သည်မှတဆင့် ဝိန်းရိဖန်က အရင်တစ်ကြိမ်လာသည့်အချိန် ဆိုင်ပိုင်ရှင်အန်တီကြီးမှ စန်းရန်ကို မြင်လိုက်သောအခါ ရင်းနှီးသလိုရှိသည်ဟု ပြောဖူးသည့်စကားကိုလည်း ပြန်အမှတ်ရလာမိသည်။
သူမ နှုတ်ခမ်းကိုစေ့ထားပြီး လမ်းတစ်ခုစာမျှလျှောက်လာသည့်နောက်တွင် ဝိန်းရိဖန်သည် တစ်နေရာကို လက်ညှိုးပြ၍
"ဟိုလက်ဖက်ရည်ဆိုင်...."
စန်းရန် ; "အင်း"
ဝိန်းရိဖန် ; "ငါ ပထမနှစ် နဲ့ ဒုတိယနှစ်တုန်းက အဲ့ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ဖူးတယ်"
စန်းရန် ; "ကိုယ် သိတယ်"
အရှေ့သို့ ဆက်လျှောက်လာကြပြီးလျှင်။
ဝိန်းရိဖန်သည် စန်းရန် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ၊ နေရာတိုင်းကို တလေးတနက်ဖြင့်ရှင်းပြနေတော့၏။
"ဟိုရှေ့က ဟော့ပေါ့ဆိုင်..ဆောင်းရာသီဆိုရင် ငါတို့အခန်းဖော်တွေစုပြီး တစ်ပတ်ကိုတစ်ခါသွားစားကြတာ..ဟီယဲတက္ကသိုလ်ရဲ့ကျောင်းသားကဒ်နဲ့ဆို သုံးဆယ်ရာခိုင်နှုန်းတောင် စျေးလျော့ပေးတာလေ"
စန်းရန် ; "အင်း"
"ပြီးတော့ ဟိုနားက ကော်ဖီဆိုင်..တစ်ခါတစ်လေ ကျောင်းစာကြည့်တိုက်ထဲမှာနေရာမလွတ်တော့ရင် ငါ ဒီဆိုင်မှာ စာလာလုပ်တာ..ဒီဆိုင်က ကော်ဖီက စျေးသက်သာပြီးအပိုလည်းရတယ်"
စန်းရန် ; "အင်း"
လမ်းလျှောက်နေရင်း ဝိန်းရိဖန်က တစ်လမ်းလုံးတွင်ရှိသမျှအရာအားလုံးအား ရှင်းပြပေးနေခဲ့သည်မှာ သတင်းစာရောင်းသည့်နေရာတစ်ခုသို့ မရောက်ခင်အထိပင်။ ဤအခိုက်အတန့်တွင် စန်းရန်က အကြောင်းပြချက်မရှိဘဲ ခြေလှမ်းများရပ်သွားခဲ့ကာ ဝိန်းရိဖန်အား သတင်းစာရောင်းသည့်ဆိုင်သို့ ဆွဲခေါ်သွားခဲ့၏။ ဆိုင်ထဲတွင် အသက်အရွယ်ရင့်နေပြီဖြစ်သည့်အန်တီကြီးတစ်ဦးက မျက်လုံးများအာရုံစိုက်ပြီး တီဗွီသေးတစ်လုံးအား စူးစိုက်ကြည့်နေ၏။
Advertisement
စန်းရန်က သတင်းစာတစ်ရွက်ကို ကောက်ယူပြီး
"အန်တီ..'ယီဟဲနေ့စဥ်သတင်းစာ' တစ်စောင်ယူမယ်"
အန်တီကြီးက လှည့်ကြည့်လာ၍
"ယွမ် ၁ကျပ်ပါ"
စကားဆိုလာသည်နှင့်အတူ အန်တီကြီးက စန်းရန်၏မျက်နှာအား လှမ်းမြင်လိုက်တော့သည်။ မျက်လုံးများ မှေးကျဥ်း၍ကြည့်လိုက်ပြီးနောက် မြင်လိုက်ရသည့်သူကြောင့် အံ့အားလည်းသင့်သွားခဲ့သလို ပြုံးလည်းပြုံးပြလာခဲ့၍
"ကောင်ကလေး..မတွေ့ရတောင် ကြာလှပြီနော်! ယီဟဲကို ထပ်ပြီးလာလည်တာလား"
စန်းရန်ကလည်း ပြုံးပြလိုက်သည်။
"ဟုတ်ကဲ့"
"မင်းလိုချင်တဲ့သတင်းစာတွေကို အန်တီ တစ်ချိန်လုံးသိမ်းထားပေးတယ်နော်..မင်းပေးခဲ့တဲ့ပိုက်ဆံတွေက သတင်းစာတွေကို နှစ်ချီပြီးတော့တောင် ယူလို့ရတယ်ရော..ဒါပေမယ့် ဆိုင်လေးကကျဥ်းတော့ အန်တီက အိမ်မှာပဲ သိမ်းထားပေးတာ..ခဏလေးစောင့်နော် အန်တီ့သားဆီဖုန်းဆက်ပြီး လာပို့ခိုင်းလိုက်မယ်"
"ရပါပြီ..နေရာအရမ်းယူတယ်ဆိုရင် ဒီအတိုင်းလွှင့်ပစ်လိုက်ပါတော့နော်..နောက်ဆိုရင် ကျွန်တော့်အတွက် ချန်ထားပေးစရာမလိုတော့ပါဘူး..ဒီအချိန်တွေအတွင်း အန်တီ့ကို တကယ်ပဲအလုပ်ရှုပ်စေခဲ့ပါပြီ"
စန်းရန်က ပြုံးနေရင်း
"ကျွန်တော်က လမ်းကြုံတာနဲ့ အန်တီ့ဆီ ဝင်လာခဲ့တာပါ"
"အဲ့လိုလား.."
အန်တီကြီးက သူ့ဘေးနားတွင်ရပ်နေသည့် ဝိန်းရိဖန်ကို သတိထားမိသွားခဲ့၍
"ဒီတစ်ယောက်က..."
စန်းရန်က ဝိန်းရိဖန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းပါးများကို အသာအယာကွေး၍ပြုံးနေတော့သည်။ သူက သူမ၏လက်ချောင်းလေးများကို ခပ်ဖွဖွလေးညှစ်လိုက်ပြီး စကားလုံးတို့ကိုလည်း အဓိပ္ပါယ်ပြင်းပြင်းပြပြဖြင့် စကားဆိုလာခဲ့သည်။
"ကျွန်တော့်ရဲ့အမျိုးသမီးပါ"
ဝိန်းရိဖန် ကြောင်အမ်းသွားရကာ လက်မှတ်မှတ်ပုံတင်ပြီးကတည်းက စန်းရန်သည် သူမအား 'မိန်းမလေး' ဟုသာ အမြဲသုံးနှုန်းခဲ့သူ။
သူမအနေဖြင့် ဤတရားဝင်စကားလုံး 'အမျိုးသမီး ဇနီး' ဆိုသည့်စကားလုံးကို တစ်ခါမှမကြားခဲ့ရ။
စန်းရန် ထပ်၍ စကားဆိုလိုက်သည်။
"ကျွန်တော်တို့က လက်ထပ်ပြီးခရီးထွက်လာကြတာ"
ရုတ်တရက် သူမ အရက်မူးနေသည့်နေ့တစ်နေ့က စန်းရန်ကိုပြောပြခဲ့ဖူးသည့်စကားတစ်ခွန်းကို သွားအမှတ်ရလိုက်သည်။
--နင် ယီဟဲမြို့ကို လာတယ်လို့ ငါ အိပ်မက်မက်ခဲ့တယ်..နင့်ရဲ့...အင်း..နင့်ရဲ့အမျိုးသမီးကိုလည်း ခေါ်လာခဲ့တာ..နင်က အရမ်းပျော်နေခဲ့ပြီး ငါ့ကိုလည်း ပြုံးပြီးနှုတ်ဆက်နေခဲ့တာ
ထို့နောက် သူ ပြောခဲ့သည်မှာ
--ဟုတ်ပါပြီ..ဒါဆို နောက်ကျရင် ကိုယ်တို့နှစ်ယောက် ယီဟဲကိုခရီးထွက်ကြမယ်
ဤစက္ကန့်အပိုင်းအခြားလေးတွင်တော့ စန်းရန်က အဘယ်ကြောင့် ယီဟဲသို့ ဟန်းနီးမွန်းခရီး ထွက်ကိုထွက်ရမည်ဖြစ်နေခဲ့မှန်း ဝိန်းရိဖန် နားလည်လိုက်ရတော့သည်။
ဝိန်းရိဖန်အနေဖြင့် ထိုအချိန်တုန်းက စကားတစ်ခွန်းချင်းစီတိုင်းကို အတိအကျမမှတ်မိပါတော့သော်ငြား စန်းရန်မှာတော့ မှတ်မိနေခဲ့သည်။ သူ တစ်ကြိမ်တစ်ခါပြုခဲ့သည့်ကတိတိုင်းကို သူ အမြဲမှတ်မိကာ သူမအတွက် ဆန္ဒပြည့်ဝသွားအောင် အမြဲပြုလုပ်ပေးနေမြဲ။ သူမ၏အိပ်မက်ဆိုးကို ကောင်းမွန်သောအမှတ်တရအဖြစ် ပြောင်းလဲပေးကာ သူမ၏ဆန္ဒကိုလည်း အကောင်အထည်ဖော်လာပေးခဲ့သည်။
အန်တီကြီးက သဘောတကျရယ်နေရင်း ဆုမွန်ကောင်းတောင်းပေးလာခဲ့သည်။
"ဟုတ်လား..မင်းတို့အတွက် ဂုဏ်ယူပါတယ်နော်"
"ကျွန်တော် အရင်က အန်တီ့ဆီမှာ သတင်းစာတွေဝယ်နေခဲ့တာကတော့..."
စန်းရန်၏မျက်ခုံးက မသိမသာလေးမြှောက်သွားပြီး တလေးတနက်ဖြင့်
"ကျွန်တော့်အမျိုးသမီးက ယီဟဲနေ့စဥ်သတင်းစာတိုက်ရဲ့သတင်းထောက်ဖြစ်ခဲ့ဖူးလို့ပါ"
ဝိန်းရိဖန်၏နှာခေါင်းထိပ်လေးက ရှင်းပြမရအောင်စူးရဲတက်လာတော့သည်။
အန်တီကြီးက အံ့အားသင့်သလိုဖြစ်သွားရရင်း
"ကောင်မလေးက တကယ်တော်တာပဲနော်"
ဝိန်းရိဖန် မျက်တောင်ခတ်လိုက်ပြီး စန်းရန်၏လက်ကို တင်းတင်းဆုတ်ကိုင်လိုက်တော့၏။
"အန်တီ့ကို ကျေးဇူးတင်ပါတယ်"
နှစ်ယောက်သားက သတင်းစာအရောင်းဆိုင်မှထွက်လာကြပြီး လက်ဖက်ရည်ဆိုင်ဘက်သို့ ဦးတည်လာခဲ့ကြသည်။
ဝိန်းရိဖန်က သူ့အားလှမ်းကြည့်ပြီး မနေနိုင်အောင် မေးလိုက်မိလိုက်သည်။
"အားရန်..နင် အိပ်မက်မက်ခဲ့ဖူးလား"
စန်းရန် ; "ဘာကိုလဲ"
ဝိန်းရိဖန် ; "ယီဟဲကို လာတယ်လို့"
စန်းရန် ; "ဒါပေါ့"
"နင် ဘာတွေမက်ခဲ့ဖူးတာလဲ"
စန်းရန်မှာ ပေါ့တိပေါ့ပျက်နှင့်
"ဘာလဲ..အိပ်မက်မက်တာကအစ လိုက်စစ်ဆေးနေဦးမှာလား"
ဝိန်းရိဖန် စကားမဆိုမိတော့ ၊ သူ၏အဖြေအား သူမ သိနေနှင့်ပြီပင်။ အဘယ်ကြောင့်ဆိုသော် သူမ၏အဖြေနှင့် ထပ်တူညီနေခြင်းကြောင့်။
အဲ့သည်ခုနှစ် အဲ့သည်ကာလတွေထဲမှာ တွေ့ချင်နေခဲ့ပေမယ့် မတွေ့ရဲခဲ့တဲ့လူတစ်ယောက် အမြဲတမ်းရှိနေခဲ့လို့...
အိမ်မက်တွေထဲမှာတောင် သွားမတွေ့ရဲခဲ့တဲ့လူတစ်ယောက်ပေါ့..
တိတ်ဆိတ်နေမှုကြီးအပြီး လက်ဖက်ရည်ဆိုင်အောက်သို့ရောက်လာကြသည့်အခါ ဝိန်းရိဖန်က ခြေလှမ်းများကိုရပ်ပြီး စန်းရန်အား မော့ကြည့်လိုက်သည်။ သူ၏ မရေရာမသေချာသည့်အကြည့်များနှင့် ထိပ်တိုက်ဆုံလိုက်ပြီး သူမ၏လက်ဖဝါးများက လက်သီးဆုတ်များအဖြစ် ခပ်တင်းတင်းဆုတ်ထားလိုက်ကာ လေးလေးနက်နက်စကားဆိုလိုက်တော့သည်။
"တကယ်လို့ နောက်ဆို နင် အိပ်မက်မက်ခဲ့လို့..."
"အမ်?"
"နိုးလာတဲ့အချိန်ကျရင်.."
ဝိန်းရိဖန်က ဆက်၍
"ငါ့ကို ပထမဆုံးလာတွေ့ပေးပါ"
---------
(Zawgyi)
"ခရီးသွားမှာလားလို့?"
"ဘယ်သွားမှာလဲ"
"ဒါဆို 'ချွမ်..."
ဝိန်းရိဖန် ; "?"
"ယီဟဲလား..."
"ငါ ယီဟဲကို မသွားချင်...."
စကားပြောနေသည့်အချိန်အတွင်း ဝိန်းရိဖန်မှာ စနျးရနျ၏အဓိပ်ပါယျပါလှသောအမူအရာကိုကြည့်နေရသဖြင့် သုံးစက္ကန့်နီးပါးအသံတိတ်သွားမိပြီးမှ ချိတုံချတုံဖြင့်ဆက်၍
"....ဘူးမလား?"
"အရမ်းသွားချင်နေတာ"
"ဘာဖြစ်တာလဲ"
"အို့"
Advertisement
- In Serial27 Chapters
The Other Labyrinth
She died. Or maybe she didn't. But something took an interrest in her. So now she is here. The Labyrinth. How will it change her ? I can't wait to see it by myself... "To rise and to fall, sides of the same always spinning coin, just dependent of the point of view. Is this the end of something ? The start ? Both ? In any cases, I’m eager to see what this hive-shaped poisonous insect jar while held. It’s always dangerous to make a Kodoku..." Whispered the voice, but the young woman was already sleeping deeply and didn’t hear her. Those words were lost in the void, auspicious of a uncertain and chaotic future... Warning : Sexual content, with potential gore in it, maybe rape, and general gore and other shocking matters. Sensitive soul abstain. (or try it and see if it's that bad.) Release are whenever i've the time to work on it, which is something very random. I will try to upload something every three days, though. There is a lot of different tag because Labyrinth is designed to be a patchwork of multiple settings clashing into each others ^o^ Cover was made with Silk: http://weavesilk.com/ which is licenced under Creative Common ^^ And by the way, if anyone want to make a fanart of the novel, I would be honored to use it as the cover ^^ I greatly respect illustrator, keep creating amazing piece of art, you're the best ^^ Important Note : This is in Hiatus for now, because I need to focus my mind on something else, but I don't intend to abandon it. When I've the mind for it, I'll take it and rewrite it partially, rearrange it and correct the shit-ton of error I made ^-^
8 269 - In Serial41 Chapters
His Personal Secretary | ✓
Cali Wilson desperately needs money. She had her father's gigantic gambling debt and 4 months overdue rent to pay. When she saw a job opening that offered a place to stay and your choice of salary, she immediately applied. She expected her debt to be paid, but what she didn't expect was her life to be turned completely upside down.Meet Christian Wright, the only son and successor of Wright Corporations. Born with the brains, the looks, and the money- he was the total package. Except there was one problem: his personality. Not only was he rude, self-centered and arrogant, he also had an extremely short temper. Employees were fired for little things like being a minute late to a tiny typo in a report. Everyone in the company knew about his horrible personality and avoided him as if he was the devil himself. When his personal secretary is fired for the 3rd time that month and nobody wanted to be the replacement, the Human Resources department had no choice but to give an outrageous offer just to get someone on the job as soon as possible.What will happen when these two are brought together?#3 in Romance [05.03.16]**warning- this story was one of the first ones I've ever written on Wattpad so there is a lot of room for improvements
8 318 - In Serial9 Chapters
Just a Brawl Stars Game
It's just up because it's my most popular book.Otherwise i don't associate with this fandom anymore and even find it toxic asfPLEASE READ! ---> 1. NO I WONT MAKE MORE BS FANFICS STOP HARASSING ME OR IM LITERALLY ARCHIVING THE FIC / DISABLING THE COMMENTS2. NO I WONT CONTINUE THE BOOK STOP HARASSING ME IN DMS / INSTA3. EVERY PERSON ASKING ME IN DMS OR PERSONALLY ON INSTA WILL BE MASS BLOCKED ON BOTH OF MY INSTA AND WATTPAD.i hope i made myself clear.-Darwin
8 169 - In Serial70 Chapters
His Personal Maid ✔
First, Florence. Second, Kira. Then Josey, Tess, and Meena.Now, it's Lara. His New Personal Maid."Lara, if you're rolling around in his bed-""I'm not-" Lara growled, and Brie went on,"I said if, not when. Well, the point is, you'll be doing yourself more harm than good.""It's like, he has this strange sexual attraction to his personal maids. Like an obsession. He's got a fetish for his personal maids."Lara Keegan, 19 years old, has just been assigned to Mrs. Benson's son, Jayden, who has just graduated from uni- as his new personal maid.Mrs. Benson has set a couple of rules for all ten maids in the house, which Lara intends not to break.As his new personal maid, Lara discovers a lot of hidden information about past personal maids, secrets, and sees things that could get her, the other maids, or the other family members in trouble.She realizes that there's a lot more that goes on behind every innocent smile.***#1 in General Fiction 06-05-18#21 in Romance May 2020#26 in Teen Fiction 20th May 2020Cover by @spratleymac ❤
8 182 - In Serial45 Chapters
My brother's girlfriend
လီလီ: "လီလီကကိုကြီးရဲ့ကောင်မလေးကိုလုတာမဟုတ်ပဲနဲ့ကိုကြီးရဲ့ကောင်မလေးကလီလီ့ကိုရွေးချယ်တာလေ"ခင်လေးနွယ်: " နင်တို့ခင်လေးနွယ်ဆိုတဲ့နာမည်ကိုမကြားဖူးခင်ကတည်းကလီလီနဲ့ငါကလက်ထပ်ပြီးနေပြီးလေ" ကိုစောခဲ : "ငါမင်းကိုအဝေးကေနငေးကြည့်နေရလဲအဆင်ပြေတာမို့လို့ေငးကြည့်ခွင့်တော့ပေးပါ "
8 138 - In Serial44 Chapters
The Boxer {h.s.}
"I got my hopes up" I whisper, softly closing my eyes."About what?" Harry mumbles keeping his distance from me."About you actually loving me back." A single tears runs down my cheek. I pick up my broken heart, and leave behind the only man I have ever loved. *Sexual warning.*
8 151

