《First Frost (Myanmar Translation)》Special Chapter
Advertisement
ကျူးယိလောင်ရှစ် - Weibo Update Mini Extra
~ 《 Hidden Love 》 နှင့် 《 First Frost 》 တို့ ပူးပေါင်းထားသည့်ပြဇာတ်ငယ်
>>>>>
ည ၁၁နာရီ ၅၉ မိနစ်။
ဝိန်းရိဖန်က ကိုင်ထားသည့် လက်တော့ပ်ကိုချပြီး အစောကတည်းက အိပ်ပျော်သွားနှင့်သည့်စန်းရန်၏ဘေးသို့ ရွှေ့လာကာ သူ့ညာဘက်ပါးပြင်အား လက်ညှိုးဖြင့် ထိုးလိုက်သည်။ စန်းရန်က ချက်ချင်းမျက်မှောင်ကျုံ့သွားပြီး မျက်လုံးဖွင့်ကြည့်လာ၏။
နှစ်ယောက်သားမှာ အကြည့်ချင်းဆုံနေကြလျက်။
နောက်တစ်စက္ကန့်တွင် ဝိန်းရိဖန်က နှုတ်ခမ်းပါးကို ကွေး၍ ပြုံးပြလိုက်၏။
"အားရန်..မွေးနေ့မှာ ပျော်ရွှင်ပါစေ"
မည်သည့်အပိုစကားမှ ထပ်မဆိုတော့ဘဲ သူ့နှုတ်ခမ်းထောင့်လေးအား အသာအယာနမ်းလိုက်သည်။
"ရပြီ..နင် ပြန်အိပ်တော့"
သူမက ပြန်ထသွားတော့မည်ကို မြင်လိုက်သည့်အခါ စန်းရန်က ဝိန်းရိဖန်အား လှမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်၏။ အနည်းငယ်မျှသာ နိုးလာပုံရသေးသည့်သူက ခပ်အုပ်အုပ်အသံမျိုးဖြင့်
"ဘာလဲ"
ဝိန်းရိဖန်က စိတ်ရှည်ရှည်ဖြင့် နောက်တစ်ကြိမ်ဆိုလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ"
"အင်း"
စန်းရန်က ဆက်၍
" ၁၂ နာရီထိုးပြီလား"
"အင်းလေ"
နှစ်စက္ကန့်နီးပါး တိတ်ဆိတ်သွားပြီးနောက်တွင် စန်းရန်က သူမ၏ဆံပင်များကြားထဲသို့ တိုးဝေ့လာပြီး စကားထပ်ဆိုလာခဲ့သည်။
"ခြောက်နှစ်တောင်ရှိသွားပြီ"
ဝိန်းရိဖန်က ကြောင်အမ်းသလိုဖြစ်သွားပြီးမှ ပြုံးလိုက်မိ၏။
"အင်း..ခြောက်နှစ်တောင်ရှိသွားပြီ"
လူကို နိုးအောင်လုပ်မိသွားသည့်အကျိုးဆက်မှာ ဝိန်းရိဖန် ရေမချိုးချင်ဘဲ ချိုးလိုက်ရခြင်းပင် ဖြစ်သည်။ နောက်တွင်တော့ စန်းရန်က အိပ်မပျော်တော့သဖြင့် ဖုန်းကိုဖွင့်ပြီး Wechat ထဲဝင်ကြည့်လိုက်ရာ ဒါဇင်နှင့်ချီသည့်မက်ဆေ့ရောက်ကြောင်း အသိပေးသည့်အနီရောင်အစက်များက အပြည့်ရှိနေသည်။
စန်းရန်က အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်လျှင် အားလုံးက သိပ်မရင်းနှီးသည့်သူငယ်ချင်းမိတ်ဆွေလုပ်ဖော်ကိုင်ဖက်များထံမှသာဖြစ်ကာ တစ်ချို့မှာ မှတ်ထားသည့်နာမည်ထဲတွင်ပင် မပါချေ။ သူ သေချာထပ်ပြီးကြည့်လိုက်လျှင် သူနှင့်ရင်းနှီးသည့်သူများ၏အရိပ်အယောင်ပင် မရှိ။
အရင့်အရင်နှစ်များတွင် သတိမထားမိခဲ့ပါသော်လည်း ယခုနှစ်တွင်တော့ 'မိန်းမလေး' ရှိလာသည့်အခြေအနေနှင့် ယှဥ်ကြည့်စရာရှိလာပြီဖြစ်သည့်အတွက် ထိုမက်ဆေ့များ အဖြူချည်းသက်သက်ဗလာကျင်းနေလျှင်တောင် သူ အရေးမလုပ်ပေ။ စန်းရန်က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး ဂိမ်းထဲဝင်လိုက်တော့၏။
မိနစ်နှစ်ဆယ်နီးပါး ကစားပြီးချိန်တွင်!
ဖုန်းတုန်ခါသံတစ်ချက်မြည်သွားသဖြင့် စန်းရန်က ဝင်ကြည့်လိုက်ရာ စာပို့လာသူက စန်းကျီ ;
[ ကိုကို! မွေးနေ့မှာပျော်ရွှင်ပါစေ ! ! ! ]
စန်းရန် ; [ ? ]
စန်းကျီ ; [ ? ]
စန်းရန် ; [ ? ]
စန်းကျီ ; [ ? ? ? ]
စန်းရန်က သူမအား အရေးလုပ်နေရမည်ကို ပျင်းလွန်းလို့...
မိနစ်ပြီးကြာပြီးလျှင် စန်းကျီက မနေနိုင်ဘဲ မေးခွန်းထုတ်လာလေသည်။
[ ကိုကို ဘာဖြစ်နေတာလဲ! ( angry emoji) ]
စန်းကျီ ; [ ညကြီးမိုးချုပ်ကို ဘာစိတ်ရူးထဖောက်နေတာလဲ! ]
စန်းရန်က အသံမက်ဆေ့ပို့လိုက်သည်။
"ဘယ်နှနာရီလဲဆိုတာ ပြန်ကြည့်"
စန်းကျီ ; [ ၁၂ နာရီခွဲလေ..ဘာဖြစ်လို့လဲ? ]
မိနစ်ပိုင်း ကြာလွန်သွားသော်...
စန်းကျီ ; [ ? ]
စန်းကျီ ; [ ..... ]
စန်းကျီ ; [ ဘာလဲ..ကိုကိုက အချိန်အတိအကျမပို့လို့များ ညီမလေးကို...(မျက်နှာပြောင် emoji) ]
စန်းကျီ ; .....
နောက်ထပ်ဆယ်မိနစ်စာတိတိ စန်းကျီက Emoji များအား မရပ်မနားတမ်းပို့လာလေတော့၏။ တစ်ခုနှင့်တစ်ခုလည်း မတူသလို အံ့သြလွန်းလို့ သွေးအန်နေသည့်အမူအရာမျိုးပင် ပါလိုက်သေးသည်။ စန်းရန်က ကြည့်ရင်း စိတ်မရှည်နိုင်တော့သဖြင့် စန်းကျီအား Blacklist ထဲ တန်းထည့်ပစ်လိုက်တော့သည်။
သုံးမိနစ်ကြာပြီးနောက်။
သွမ့်ကျားရွှီက ဖုန်းခေါ်လာ၏။
"ညီအစ်ကို..မွေးနေ့မှာပျော်ရွှင်ပါစေ..ငါနဲ့ အသက်တူတူ ဖြစ်သွားပြီနော်"
နောက်တွင် သွမ့်ကျားရွှီက 'အာ' ဟု တမင်သက်သက်အာမေဍိတ်ပြု၍
"ဘယ်လိုလုပ်မလဲ..သုံးဆယ့်သုံးမိနစ်ကြီးတောင် နောက်ကျသွားတာရော..စိတ်မဆိုးနဲ့နော် ကောကော..ငါ နောက်နှစ်ကျရင် အချိန်အတိအကျပြော....."
စန်းရန် ဖုန်းချပစ်လိုက်သည်။
ငါးမိနစ် ထပ်ကြာပြီးသည့်အခါ။
ချန်ဖေး ; [ ငါတော့ သွားပြီ ]
ချန်ဖေး ; [ သုံးဆယ့်ငါးမိနစ်ကြီးတောင် နောက်ကျသွားတာ..ငါ လာပြောလို့ရသေးလား ]
ချန်ဖေး ; [ ငါရော Blacklist ထဲ ပို့ခံရဦးမှာလား ( တိတ်တိတ်လေးခိုးရယ် Emoji ) ]
စန်းရန် ; .....
ဆယ်မိနစ်ကြာလျှင်။
စုဟောက်အန်း ; [ မိနစ်လေးဆယ်တောင် နောက်ကျတာဟ (အကြောက်လွန်နေသော Emoji) ]
စုဟောက်အန်း ; [ ငါ့အပြစ်တွေဟာ ကြီးလေးလွန်းပါတယ်..အကြိမ်တစ်ရာမက သေသင့်ပါတယ်..အပြစ်ဒဏ်ကို ခံကိုခံသင့်ပါတယ် ]
စုဟောက်အန်း ; [ ငါ အခုချိန်မှာရနေတဲ့နောင်တကို ဘယ်သူမှ နားလည်ကြမှာမဟုတ်ဘူး ]
စုဟောက်အန်း ; [ တကယ်လို့သာ လွန်ခဲ့တဲ့ မိနစ်လေးဆယ်ဆိုတဲ့အချိန်ကာလကို နောက်ပြန်ဆုတ်လို့ရရင် ၊ ဆယ့်နှစ်နာရီထိုးတဲ့စက္ကန့်ပိုင်းကိုသာ ပြန်သွားလို့ရရင် ငါ မင်းကို သေချာပေါက် ပြောမယ့်စကားတစ်ခွန်းက....]
Advertisement
စုဟောက်အန်း ; [ ဒီတစ်လောကလုံးမှာ ငါ-ူးမသား မင်းက ကျက်သရေအတုံးဆုံးကောင်ပဲဟေ့ ]
စန်းရန် ; "...."
စန်းရန် ; "သောက်ရူးတစ်သိုက်..."
--------
( T/N ; နွေးထွေးစွာဖြင့်သတိပေးချက် - စန်းရန် မွေးနေ့ကျရင် ၁၂ အတိလာပြောကြနော် ( အကြောက်လွန်နေသော emoji) )
--------
(Zawgyi)
က်ဴးယိေလာင္ရွစ္ - Weibo Update Mini Extra
~ Hidden Love ႏွင့္ First Frost တို႔ ပူးေပါင္းထားသည့္ျပဇာတ္ငယ္
>>>>>
ည ၁၁နာရီ ၅၉ မိနစ္။
ဝိန္းရိဖန္က ကိုင္ထားသည့္ လက္ေတာ့ပ္ကိုခ်ၿပီး အေစာကတည္းက အိပ္ေပ်ာ္သြားႏွင့္သည့္စန္းရန္၏ေဘးသို႔ ေ႐ႊ႕လာကာ သူ႕ညာဘက္ပါးျပင္အား လက္ညွိုးျဖင့္ ထိုးလိုက္သည္။ စန္းရန္က ခ်က္ခ်င္းမ်က္ေမွာင္က်ဳံ႕သြားၿပီး မ်က္လုံးဖြင့္ၾကည့္လာ၏။
ႏွစ္ေယာက္သားမွာ အၾကည့္ခ်င္းဆုံေနၾကလ်က္။
ေနာက္တစ္စကၠန့္တြင္ ဝိန္းရိဖန္က ႏႈတ္ခမ္းပါးကို ေကြး၍ ၿပဳံးျပလိုက္၏။
"အားရန္..ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ"
မည္သည့္အပိုစကားမွ ထပ္မဆိုေတာ့ဘဲ သူ႕ႏႈတ္ခမ္းေထာင့္ေလးအား အသာအယာနမ္းလိုက္သည္။
"ရၿပီ..နင္ ျပန္အိပ္ေတာ့"
သူမက ျပန္ထသြားေတာ့မည္ကို ျမင္လိုက္သည့္အခါ စန္းရန္က ဝိန္းရိဖန္အား လွမ္းဆြဲလိုက္ၿပီး ရင္ခြင္ထဲထည့္၍ ဖက္ထားလိုက္၏။ အနည္းငယ္မွ်သာ နိုးလာပုံရေသးသည့္သူက ခပ္အုပ္အုပ္အသံမ်ိဳးျဖင့္
"ဘာလဲ"
ဝိန္းရိဖန္က စိတ္ရွည္ရွည္ျဖင့္ ေနာက္တစ္ႀကိမ္ဆိုလိုက္သည္။
"ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ"
"အင္း"
စန္းရန္က ဆက္၍
" ၁၂ နာရီထိုးၿပီလား"
"အင္းေလ"
ႏွစ္စကၠန့္နီးပါး တိတ္ဆိတ္သြားၿပီးေနာက္တြင္ စန္းရန္က သူမ၏ဆံပင္မ်ားၾကားထဲသို႔ တိုးေဝ့လာၿပီး စကားထပ္ဆိုလာခဲ့သည္။
"ေျခာက္ႏွစ္ေတာင္ရွိသြားၿပီ"
ဝိန္းရိဖန္က ေၾကာင္အမ္းသလိုျဖစ္သြားၿပီးမွ ၿပဳံးလိုက္မိ၏။
"အင္း..ေျခာက္ႏွစ္ေတာင္ရွိသြားၿပီ"
လူကို နိုးေအာင္လုပ္မိသြားသည့္အက်ိဳးဆက္မွာ ဝိန္းရိဖန္ ေရမခ်ိဳးခ်င္ဘဲ ခ်ိဳးလိုက္ရျခင္းပင္ ျဖစ္သည္။ ေနာက္တြင္ေတာ့ စန္းရန္က အိပ္မေပ်ာ္ေတာ့သျဖင့္ ဖုန္းကိုဖြင့္ၿပီး Wechat ထဲဝင္ၾကည့္လိုက္ရာ ဒါဇင္ႏွင့္ခ်ီသည့္မက္ေဆ့ေရာက္ေၾကာင္း အသိေပးသည့္အနီေရာင္အစက္မ်ားက အျပည့္ရွိေနသည္။
စန္းရန္က အၾကမ္းဖ်င္းတစ္ခ်က္ၾကည့္လိုက္လွ်င္ အားလုံးက သိပ္မရင္းႏွီးသည့္သူငယ္ခ်င္းမိတ္ေဆြလုပ္ေဖာ္ကိုင္ဖက္မ်ားထံမွသာျဖစ္ကာ တစ္ခ်ိဳ႕မွာ မွတ္ထားသည့္နာမည္ထဲတြင္ပင္ မပါေခ်။ သူ ေသခ်ာထပ္ၿပီးၾကည့္လိုက္လွ်င္ သူႏွင့္ရင္းႏွီးသည့္သူမ်ား၏အရိပ္အေယာင္ပင္ မရွိ။
အရင့္အရင္ႏွစ္မ်ားတြင္ သတိမထားမိခဲ့ပါေသာ္လည္း ယခုႏွစ္တြင္ေတာ့ 'မိန္းမေလး' ရွိလာသည့္အေျခအေနႏွင့္ ယွဥ္ၾကည့္စရာရွိလာၿပီျဖစ္သည့္အတြက္ ထိုမက္ေဆ့မ်ား အျဖဴခ်ည္းသက္သက္ဗလာက်င္းေနလွ်င္ေတာင္ သူ အေရးမလုပ္ေပ။ စန္းရန္က ခနဲ႕တဲ့တဲ့ရယ္လိုက္ၿပီး ဂိမ္းထဲဝင္လိုက္ေတာ့၏။
မိနစ္ႏွစ္ဆယ္နီးပါး ကစားၿပီးခ်ိန္တြင္!
ဖုန္းတုန္ခါသံတစ္ခ်က္ျမည္သြားသျဖင့္ စန္းရန္က ဝင္ၾကည့္လိုက္ရာ စာပို႔လာသူက စန္းက်ီ ;
[ ကိုကို! ေမြးေန႕မွာေပ်ာ္႐ႊင္ပါေစ ! ! ! ]
စန္းရန္ ; [ ? ]
စန္းက်ီ ; [ ? ]
စန္းရန္ ; [ ? ]
စန္းက်ီ ; [ ? ? ? ]
စန္းရန္က သူမအား အေရးလုပ္ေနရမည္ကို ပ်င္းလြန္းလို႔...
မိနစ္ၿပီးၾကာၿပီးလွ်င္ စန္းက်ီက မေနနိုင္ဘဲ ေမးခြန္းထုတ္လာေလသည္။
[ ကိုကို ဘာျဖစ္ေနတာလဲ! ( angry emoji) ]
စန္းက်ီ ; [ ညႀကီးမိုးခ်ဳပ္ကို ဘာစိတ္႐ူးထေဖာက္ေနတာလဲ! ]
စန္းရန္က အသံမက္ေဆ့ပို႔လိုက္သည္။
"ဘယ္ႏွနာရီလဲဆိုတာ ျပန္ၾကည့္"
စန္းက်ီ ; [ ၁၂ နာရီခြဲေလ..ဘာျဖစ္လို႔လဲ? ]
မိနစ္ပိုင္း ၾကာလြန္သြားေသာ္...
စန္းက်ီ ; [ ? ]
စန္းက်ီ ; [ ..... ]
စန္းက်ီ ; [ ဘာလဲ..ကိုကိုက အခ်ိန္အတိအက်မပို႔လို႔မ်ား ညီမေလးကို...(မ်က္ႏွာေျပာင္ emoji) ]
စန္းက်ီ ; .....
ေနာက္ထပ္ဆယ္မိနစ္စာတိတိ စန္းက်ီက Emoji မ်ားအား မရပ္မနားတမ္းပို႔လာေလေတာ့၏။ တစ္ခုႏွင့္တစ္ခုလည္း မတူသလို အံ့ၾသလြန္းလို႔ ေသြးအန္ေနသည့္အမူအရာမ်ိဳးပင္ ပါလိုက္ေသးသည္။ စန္းရန္က ၾကည့္ရင္း စိတ္မရွည္နိုင္ေတာ့သျဖင့္ စန္းက်ီအား Blacklist ထဲ တန္းထည့္ပစ္လိုက္ေတာ့သည္။
သုံးမိနစ္ၾကာၿပီးေနာက္။
သြမ့္က်ား႐ႊီက ဖုန္းေခၚလာ၏။
"ညီအစ္ကို..ေမြးေန႕မွာေပ်ာ္႐ႊင္ပါေစ..ငါနဲ႕ အသက္တူတူ ျဖစ္သြားၿပီေနာ္"
ေနာက္တြင္ သြမ့္က်ား႐ႊီက 'အာ' ဟု တမင္သက္သက္အာေမဍိတ္ျပဳ၍
"ဘယ္လိုလုပ္မလဲ..သုံးဆယ့္သုံးမိနစ္ႀကီးေတာင္ ေနာက္က်သြားတာေရာ..စိတ္မဆိုးနဲ႕ေနာ္ ေကာေကာ..ငါ ေနာက္ႏွစ္က်ရင္ အခ်ိန္အတိအက်ေျပာ....."
စန္းရန္ ဖုန္းခ်ပစ္လိုက္သည္။
ငါးမိနစ္ ထပ္ၾကာၿပီးသည့္အခါ။
ခ်န္ေဖး ; [ ငါေတာ့ သြားၿပီ ]
ခ်န္ေဖး ; [ သုံးဆယ့္ငါးမိနစ္ႀကီးေတာင္ ေနာက္က်သြားတာ..ငါ လာေျပာလို႔ရေသးလား ]
ခ်န္ေဖး ; [ ငါေရာ Blacklist ထဲ ပို႔ခံရဦးမွာလား ( တိတ္တိတ္ေလးခိုးရယ္ Emoji ) ]
စန္းရန္ ; .....
ဆယ္မိနစ္ၾကာလွ်င္။
စုေဟာက္အန္း ; [ မိနစ္ေလးဆယ္ေတာင္ ေနာက္က်တာဟ (အေၾကာက္လြန္ေနေသာ Emoji) ]
စုေဟာက္အန္း ; [ ငါ့အျပစ္ေတြဟာ ႀကီးေလးလြန္းပါတယ္..အႀကိမ္တစ္ရာမက ေသသင့္ပါတယ္..အျပစ္ဒဏ္ကို ခံကိုခံသင့္ပါတယ္ ]
စုေဟာက္အန္း ; [ ငါ အခုခ်ိန္မွာရေနတဲ့ေနာင္တကို ဘယ္သူမွ နားလည္ၾကမွာမဟုတ္ဘူး ]
စုေဟာက္အန္း ; [ တကယ္လို႔သာ လြန္ခဲ့တဲ့ မိနစ္ေလးဆယ္ဆိုတဲ့အခ်ိန္ကာလကို ေနာက္ျပန္ဆုတ္လို႔ရရင္ ၊ ဆယ့္ႏွစ္နာရီထိုးတဲ့စကၠန့္ပိုင္းကိုသာ ျပန္သြားလို႔ရရင္ ငါ မင္းကို ေသခ်ာေပါက္ ေျပာမယ့္စကားတစ္ခြန္းက....]
စုေဟာက္အန္း ; [ ဒီတစ္ေလာကလုံးမွာ ငါ-ူးမသား မင္းက က်က္သေရအတုံးဆုံးေကာင္ပဲေဟ့ ]
စန္းရန္ ; "...."
စန္းရန္ ; "ေသာက္႐ူးတစ္သိုက္..."
--------
( T/N ; ႏြေးေထြးစြာျဖင့္သတိေပးခ်က္ - စန္းရန္ ေမြးေန႕က်ရင္ ၁၂ အတိလာေျပာၾကေနာ္ ( အေၾကာက္လြန္ေနေသာ emoji) )
--------
Advertisement
- In Serial169 Chapters
Tensei Oujo wa Kyou mo Hata o Tatakioru
I was reborn as a princess in the world an otome game with memories of my previous life. Wait, what? I’m the Heroine’s love rival? You’re kidding! I have no intention of falling in love with any of those pathetic guys, because the one I like is a support character, the Commander of the Royal Knights. Except the Heroine, after being reincarnated in this shitty game where the support characters are way better than the love interests, is threatening to bring down my own life with flags, and I am determined to strike them down.Thank you for reading updated Tensei Oujo wa Kyou mo Hata o Tatakioru novel @ReadWebNovels.net
8 450 - In Serial42 Chapters
Living with the Player
*previously called Living SituationsJennie has always been on her own. She stays out of drama, keeps to herself, and hates trouble. Specifically, she hates soft-haired, annoyingly charming, gray-eyed Italian trouble named Nico Accardi. Since the end of their childhood friendship, Jennie has had little to nothing to do with him but after a series of unfortunate events resulting in him getting kicked out of the house and breaking into hers, Nico offers her a deal she can't refuse: a revenge makeover in exchange for a place to stay. Suddenly, the boy she thought was out of her life forever is sleeping in her bedroom, unraveling memories she thought she kept locked and hidden away. And maybe, the mischievous boy next door has his fair share of secrets too. But as they spend more time together, Jennie can't help but notice how this living situation is starting to feel like a home.
8 178 - In Serial27 Chapters
Soulmates
Reverse Harem. Soulmate. Supernatural. #1 of Soulmate Series... "Your soulmate?" Zachary whispers as he looks at Raphael in disbelief. Isaac frowns. "What do you mean your soulmate? She's mine!" Ezra growls. "No." Kairo suddenly speaks up. "She's my soulmate." "The hell?! She is MY soulmate!" Daniel yells. "What the hell are you guys lying about?!" Luca grits his teeth as he watches silently. They continues to argue with each other, the growls are loud enough that the place shakes slightly. Until they eventually started to change form. "Stop." Valentino's deep and strong voice booms in the air. He glares at all his sworn brothers before gestures to Ara. She is slipping away. ***Every human being has been born with a name of their soulmate tattooed on any part of their skin. The black ink will shine in silver after they touches skin or make eye-contact with their soulmate.Arabella has been born with nothing but a letter 'S' on her wrist. Not a complete name. Just a letter. She thought God has made a mistake, and she concludes that she doesn't have a soulmate. Hence why she determined to live her life to the fullest. With unbalance life she lives, she couldn't care less for having a significant other.How wrong is she when not one or two, but eight sexy as hell men enter her life exclaiming they are her mates. There's no record in history about a girl being mated with multiple men when there's exist the other way around. What more unbelievable is the fact that her mates are supernatural beings she never knew about in her entire life.What's gonna happen?Warning! ⚠ Profanities are not censored. May content mature, sexual explicit scenes. P/s : English is not my first language.
8 110 - In Serial32 Chapters
Brahms Heelshire x Y/N
Y/N Y/L/N the daughter of a rich family who inherits the company after her parents died of a car crash, after the funeral she gets a letter to babysit the house of family friends she takes the invitation and makes her way to the house, but upon arrival things don't go as planned and she finds herself in a different situation then she first thought she would be in.Mystery and romance come her way when she meets variation of people who set her world upside down.Will she find a way out of there or will she get consumed by romance or will the dangers that await get to her.DO NOT OWN:mr/msr HeelshireBrahms Heelshire + Doll brahmsMalcom
8 330 - In Serial103 Chapters
ALL MINE (GxG)
When Vina Cabassi's facade of a relationship abruptly ends with her boyfriend Sebastian during a Thanksgiving weekend at his parent's estate, Vina finds herself being driven home by his childhood best friend, Cayden Dela Cruz. Although Cayden is Sebastian's best friend, Vina can't stop thinking about her in such an inappropriate way, and if Vina's being honest, she felt attracted to the woman the moment she first laid eyes on her. Will the discouraging circumstances bring the two together, or will they ignore the clear passion burning between them and stay away from one another?
8 141 - In Serial42 Chapters
How Did I Go To the Beast World in My Pajamas?
Samantha is traumatized, fat, and chronically ill. She's given up hope on a world that she feels gave up on her. But one morning, after awakening from yet another painful slumber, she wakes up outside and in strange surroundings with only the pajamas on her back. However, the people she meets in this so-called Beast World are even stranger; multitudes of hunky beastmen are desperate to find a rare female mate. Who can Samantha trust in this world? Will she find safety? Friends? Lovers? Follow her story to find out!This work contains mature scenes that are not appropriate for younger readers. 18+ warning now, because we've officially got smut!---Hi y'all! This is a project I've just started, and I'd like to gauge interest for it on here. I'm putting some of my OCs into the "Beast World" setting of some of my favorite novels like Beauty and the Beasts, Beast World, Memeda!, and Beast Hubby, XOXO to name a few!My cover was made for me by the amazing plankset of spacenoodlesoup! She's soup-er amazing!
8 229

