《First Frost (Myanmar Translation)》Gift
Advertisement
ပါပါး စန်းရန် + မာမား ဝိန်းရိဖန် = သားသား စန်းရယ် တို့ရဲ့ Short Story လေးတွေပါ။ First Frost Fan တွေက Fan Fiction အဖြစ်ရေးထားတာကို ဘာသာပြန်ခြင်းဖြစ်ပါတယ်။ မူရင်း Source ကတော့ ဘယ်သူရေးမှန်း ကိုယ်မသိလို့ ထည့်မရေးတော့ပါဘူး။
----------
Short Story (1)
စန်းရန်နှင့်ဝိန်းရိဖန် နှစ်ယောက်လုံး စန်းရယ် ကျောင်းဆင်းချိန်ကိုလာကြိုသည်။ ပါပါး နှင့် မာမားကို မြင်လိုက်ရသောကြောင့် စန်းရယ်က သူတို့ရှေ့ရောက်သည့်အထိ ခုန်ပေါက်ပြီးပြေးလာခဲ့၏။ ဝိန်းရိဖန်က စန်းရယ်၏လက်ကိုတွဲထားပြီး စန်းရန်က ဝိန်းရိဖန်၏လက်ကိုတွဲကာ အပြန်လမ်းတွင် ဝိန်းရိဖန်က စ၍
"အားရန်..ငါတို့ စူပါမားကတ်ကနေ စားစရာတစ်ခုခုဝယ်ပြီး အိမ်ပြန်စားရအောင်လေ"
စန်းရန်က ဝိန်းရိဖန်အတွက် ကားတံခါးဖွင့်ပေးလိုက်ရင်း
"ဘာစားချင်တာလဲ"
ဝိန်းရိဖန် တစ်ချက်တွေးကြည့်လိုက်၍
"မစဥ်းစားရသေးဘူး..အရင်ဆုံး စူပါမားကတ်ဘက်ကိုအရင်သွားကြည့်မယ်"
စန်းရန်က သူမအား လုံခြုံရေးခါးပတ် ပတ်ပေးလိုက်၏။
"အင်း"
စန်းရယ်က အနောက်ဘက်၌ ကိုယ့်ဘာသာကိုယ်ဝင်ထိုင်လိုက်ပြီး ကလေးသုံးလုံခြုံရေးခါးပတ်ကိုလည်း ပတ်လိုက်ရင်း သူ့အား အဖတ်မလုပ် ပစ်ထားကြသည်ဟုခံစားမိလိုက်ခြင်းကြောင့်
"ပါပါး မာမား..ဘာလို့ သားကိုကျတော့ ဘာစားချင်လဲလို့မမေးတာလဲ"
စန်းရန်က ကားမောင်းရာ၌အာရုံစိုက်နေပြီး ပြန်မဖြေ။ ဝိန်းရိဖန်က အနောက်လှည့်ကြည့်လာ၍
"ဘာလို့ သားကို မမေးတော့တာလဲဆိုတော့ သားကို ခေါ်သွားပြီး ကိုယ်တိုင်ရွေးခိုင်းမှာမလို့လေ"
စီးပွားရေးရပ်ကွက်ထဲရောက်သည့်အခါ စန်းရယ်အား စျေးခြင်းလှည်းထဲထည့်ထားပြီး စန်းရန်က စျေးခြင်းလှည်းကိုတွန်း ၊ ဝိန်းရိဖန်က စန်းရန်၏လက်တစ်ဖက်ကို တွဲကာ အစားအသောက်များရောင်းသည့်ဘက်သို့ ရောက်လာခဲ့သည်။ စန်းရယ်က ကိုလာဘူးများဘက်သို့ လက်ညှိုးထိုးပြ၍
"ပါပါး မာမား..သား ကိုလာကြက်တောင်ပံကြော်စားချင်တယ်"
စန်းရန်က ကိုလာဘူးကို လှမ်းယူပြီးစျေးခြင်းလှည်းထဲ ထည့်လိုက်၏။
"ကိုလာတော့ ရှိတယ်..ကိုလာကြက်တောင်ပံတော့ မရှိဘူး"
သူတို့နှစ်ယောက် အပေးအယူညှိနှိုင်းနေကြသည်အား ဝိန်းရိဖန်က လှမ်းကြည့်၍ ရယ်နေပြီး
"ငါတို့ ဝက်နံရိုးဝယ်သွားရအောင်..ဝက်နံရိုးကြက်သွန်ဖြူကြော် စားချင်တယ်"
စန်းရန်က ချက်ချင်းသဘောတူလာခဲ့သည်။
"အင်း"
ညစာ ထမင်းဝိုင်းတွင် ဟင်းလေးမျိုးပါပြီး ဝိန်းရိဖန် စားချင်သည့် ဝက်နံရိုးကြက်သွန်ဖြူကြော်လည်း ရှိသလို သေချာပေါက် ရှောင်စန်းရယ် စားချင်နေသည့် ကိုလာကြက်တောင်ပံကြော်လည်း ရှိ၏။
စန်းရန်က ဝိန်းရိဖန်ကို အရမ်းချစ်သလို သားကိုလည်း အရမ်းအလိုလိုက်ပါတယ်...
-----------
Short Story (2)
ဝိန်းရိဖန်က ယနေ့ အလုပ်စောစောဆင်းသဖြင့် မူကြိုကျောင်းမှ စန်းရယ်ကို သွားကြိုသည်။ စန်းရယ်က ကျောပိုးလွယ်အိတ်ကိုလွယ်ပြီး ဝိန်းရိဖန်အရှေ့သို့ ပြေးလာသဖြင့် ဝိန်းရိဖန်က စန်းရယ်နဖူးပေါ်မှ ချွေးများကိုသုတ်ပေးရင်း
"မာမားတို့ ပါပါးကို စောင့်ရအောင်နော်..ပါပါးက လာကြိုမယ့်လမ်းမှာ ရောက်နေပြီ"
ဝိန်းရိဖန်က စန်းရယ်အား ယနေ့ သင်ခဲ့ရသည့်သင်ခန်းစာများအကြောင်း မေးမြန်းရင်း စကားတပြောပြောလုပ်နေခဲ့ကာ သိပ်မကြာလိုက်ခင်ပင် စန်းရန် ရောက်လာခဲ့သည်။ ကားပေါ်ရောက်သည့်အခါ စန်းရန်က ဝိန်းရိဖန်အား သူမကြိုက်သည့် နို့လက်ဖက်ရည်ဘူးကို လှမ်းပေးလာပြီး စန်းရယ်အတွက် နွားနို့တစ်ဘူး။ အိမ်အပြန်လမ်းတွင် စန်းရယ်က
"ပါပါး မာမား..သား သီချင်းဆိုပြမယ်လေ မကောင်းဘူးလား"
စန်းရန် ;
"မကောင်းဘူး"
ဝိန်းရိဖန်က စိတ်ဝင်တစားဖြစ်နေ၍
"ကောင်းတာပေါ့..အားရယ်က ဘာသီချင်းကိုဆိုပြမှာလဲ"
စန်းရယ်က တစ်ချက်တွေဝေသွားခဲ့၏။
"အိမ်ပြန်ရောက်မှပဲ ဆိုပြပါတော့မယ်လေ..ပါပါးက သားကို ကားပေါ်ကနေ ပစ်ချထားခဲ့ပြီး ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြန်ခိုင်းမှာကြောက်တယ်"
ညစာစားပြီးသည့်အခါ ဝိန်းရိဖန်က စန်းရယ် သီချင်းဆိုပြမည့်ကိစ္စကို သတိရနေပြီး
"အားရယ်..သီချင်းဆိုပြမှာဆို"
စန်းရယ်က ခေါင်းငြိမ့်ပြ၏။
"ဟုတ်သားပဲ ဟုတ်သားပဲ"
စန်းရန်က သစ်သီးတစ်ပန်းကန်ကို အခွံနွှာ၍ယူလာပေးရင်း
"ဝိန်းရွှမ်းကျန့်..သစ်သီးစား"
ထို့နောက် သီချင်းဆိုပြရင် ပြင်နေပြီဖြစ်သည့် စန်းရယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"လမ်းကြားလေးထဲ တစ်ကိုယ်တည်းလျှောက်သွားလည်း ချစ်တဲ့သူက ချစ်နေမှာပဲ....."
ဒုတိယတစ်ကြောင်း မဆိုလိုက်ရခင်ပင် စန်းရန်က စကားဖြတ်ပြောလာခဲ့သည်။
"ပါပါးက သားရဲ့ပစ္စည်းတွေကို သွားသိမ်းထားပေးမယ်"
စန်းရယ်က နားမလည်သလိုလေး ကြည့်နေသဖြင့် စန်းရန်က ဆက်၍
"ဘိုးဘိုးနဲ့ဘွားဘွားကတော့ သား သီချင်းဆိုပြမှာကို အရမ်းကြိုက်မှာသေချာတယ်..သားက သူတို့ကို သွားဆိုပြလိုက်"
စန်းရယ် ;
"ဘာလို့လဲ..သား ဆိုတာ နားထောင်လို့မကောင်းလို့လား..ပါပါး..သားက ပါပါးရဲ့ချောမောခန့်ညားထက်မြက်မှုတွေကို မွေးရာပါလက်ခံရထားတဲ့သူပါဗျာ..သီချင်းဆိုတာလည်း သေချာပေါက် ဆိုးမှာမဟုတ်ဘူး..နားလည်လား?"
------------
(Zawgyi)
ပါပါး စန္းရန္ + မာမား ဝိန္းရိဖန္ = သားသား စန္းရယ္ တို႔ရဲ႕ Short Story ေလးေတြပါ။ First Frost Fan ေတြက Fan Fiction အျဖစ္ေရးထားတာကို ဘာသာျပန္ျခင္းျဖစ္ပါတယ္။ မူရင္း Source ကေတာ့ ဘယ္သူေရးမွန္း ကိုယ္မသိလို႔ ထည့္မေရးေတာ့ပါဘူး။
----------
Short Story (1)
Advertisement
စန္းရန္ႏွင့္ဝိန္းရိဖန္ ႏွစ္ေယာက္လုံး စန္းရယ္ ေက်ာင္းဆင္းခ်ိန္ကိုလာႀကိဳသည္။ ပါပါး ႏွင့္ မာမားကို ျမင္လိုက္ရေသာေၾကာင့္ စန္းရယ္က သူတို႔ေရွ႕ေရာက္သည့္အထိ ခုန္ေပါက္ၿပီးေျပးလာခဲ့၏။ ဝိန္းရိဖန္က စန္းရယ္၏လက္ကိုတြဲထားၿပီး စန္းရန္က ဝိန္းရိဖန္၏လက္ကိုတြဲကာ အျပန္လမ္းတြင္ ဝိန္းရိဖန္က စ၍
"အားရန္..ငါတို႔ စူပါမားကတ္ကေန စားစရာတစ္ခုခုဝယ္ၿပီး အိမ္ျပန္စားရေအာင္ေလ"
စန္းရန္က ဝိန္းရိဖန္အတြက္ ကားတံခါးဖြင့္ေပးလိုက္ရင္း
"ဘာစားခ်င္တာလဲ"
ဝိန္းရိဖန္ တစ္ခ်က္ေတြးၾကည့္လိုက္၍
"မစဥ္းစားရေသးဘူး..အရင္ဆုံး စူပါမားကတ္ဘက္ကိုအရင္သြားၾကည့္မယ္"
စန္းရန္က သူမအား လုံၿခဳံေရးခါးပတ္ ပတ္ေပးလိုက္၏။
"အင္း"
စန္းရယ္က အေနာက္ဘက္၌ ကိုယ့္ဘာသာကိုယ္ဝင္ထိုင္လိုက္ၿပီး ကေလးသုံးလုံၿခဳံေရးခါးပတ္ကိုလည္း ပတ္လိုက္ရင္း သူ႕အား အဖတ္မလုပ္ ပစ္ထားၾကသည္ဟုခံစားမိလိုက္ျခင္းေၾကာင့္
"ပါပါး မာမား..ဘာလို႔ သားကိုက်ေတာ့ ဘာစားခ်င္လဲလို႔မေမးတာလဲ"
စန္းရန္က ကားေမာင္းရာ၌အာ႐ုံစိုက္ေနၿပီး ျပန္မေျဖ။ ဝိန္းရိဖန္က အေနာက္လွည့္ၾကည့္လာ၍
"ဘာလို႔ သားကို မေမးေတာ့တာလဲဆိုေတာ့ သားကို ေခၚသြားၿပီး ကိုယ္တိုင္ေ႐ြးခိုင္းမွာမလို႔ေလ"
စီးပြားေရးရပ္ကြက္ထဲေရာက္သည့္အခါ စန္းရယ္အား ေစ်းျခင္းလွည္းထဲထည့္ထားၿပီး စန္းရန္က ေစ်းျခင္းလွည္းကိုတြန္း ၊ ဝိန္းရိဖန္က စန္းရန္၏လက္တစ္ဖက္ကို တြဲကာ အစားအေသာက္မ်ားေရာင္းသည့္ဘက္သို႔ ေရာက္လာခဲ့သည္။ စန္းရယ္က ကိုလာဘူးမ်ားဘက္သို႔ လက္ညွိုးထိုးျပ၍
"ပါပါး မာမား..သား ကိုလာၾကက္ေတာင္ပံေၾကာ္စားခ်င္တယ္"
စန္းရန္က ကိုလာဘူးကို လွမ္းယူၿပီးေစ်းျခင္းလွည္းထဲ ထည့္လိုက္၏။
"ကိုလာေတာ့ ရွိတယ္..ကိုလာၾကက္ေတာင္ပံေတာ့ မရွိဘူး"
သူတို႔ႏွစ္ေယာက္ အေပးအယူညွိႏွိုင္းေနၾကသည္အား ဝိန္းရိဖန္က လွမ္းၾကည့္၍ ရယ္ေနၿပီး
"ငါတို႔ ဝက္နံရိုးဝယ္သြားရေအာင္..ဝက္နံရိုးၾကက္သြန္ျဖဴေၾကာ္ စားခ်င္တယ္"
စန္းရန္က ခ်က္ခ်င္းသေဘာတူလာခဲ့သည္။
"အင္း"
ညစာ ထမင္းဝိုင္းတြင္ ဟင္းေလးမ်ိဳးပါၿပီး ဝိန္းရိဖန္ စားခ်င္သည့္ ဝက္နံရိုးၾကက္သြန္ျဖဴေၾကာ္လည္း ရွိသလို ေသခ်ာေပါက္ ေရွာင္စန္းရယ္ စားခ်င္ေနသည့္ ကိုလာၾကက္ေတာင္ပံေၾကာ္လည္း ရွိ၏။
စန္းရန္က ဝိန္းရိဖန္ကို အရမ္းခ်စ္သလို သားကိုလည္း အရမ္းအလိုလိုက္ပါတယ္...
-----------
Short Story (2)
ဝိန္းရိဖန္က ယေန႕ အလုပ္ေစာေစာဆင္းသျဖင့္ မူႀကိဳေက်ာင္းမွ စန္းရယ္ကို သြားႀကိဳသည္။ စန္းရယ္က ေက်ာပိုးလြယ္အိတ္ကိုလြယ္ၿပီး ဝိန္းရိဖန္အေရွ႕သို႔ ေျပးလာသျဖင့္ ဝိန္းရိဖန္က စန္းရယ္နဖူးေပၚမွ ေခြၽးမ်ားကိုသုတ္ေပးရင္း
"မာမားတို႔ ပါပါးကို ေစာင့္ရေအာင္ေနာ္..ပါပါးက လာႀကိဳမယ့္လမ္းမွာ ေရာက္ေနၿပီ"
ဝိန္းရိဖန္က စန္းရယ္အား ယေန႕ သင္ခဲ့ရသည့္သင္ခန္းစာမ်ားအေၾကာင္း ေမးျမန္းရင္း စကားတေျပာေျပာလုပ္ေနခဲ့ကာ သိပ္မၾကာလိုက္ခင္ပင္ စန္းရန္ ေရာက္လာခဲ့သည္။ ကားေပၚေရာက္သည့္အခါ စန္းရန္က ဝိန္းရိဖန္အား သူမႀကိဳက္သည့္ နို႔လက္ဖက္ရည္ဘူးကို လွမ္းေပးလာၿပီး စန္းရယ္အတြက္ ႏြားနို႔တစ္ဘူး။ အိမ္အျပန္လမ္းတြင္ စန္းရယ္က
"ပါပါး မာမား..သား သီခ်င္းဆိုျပမယ္ေလ မေကာင္းဘူးလား"
စန္းရန္ ;
"မေကာင္းဘူး"
ဝိန္းရိဖန္က စိတ္ဝင္တစားျဖစ္ေန၍
"ေကာင္းတာေပါ့..အားရယ္က ဘာသီခ်င္းကိုဆိုျပမွာလဲ"
စန္းရယ္က တစ္ခ်က္ေတြေဝသြားခဲ့၏။
"အိမ္ျပန္ေရာက္မွပဲ ဆိုျပပါေတာ့မယ္ေလ..ပါပါးက သားကို ကားေပၚကေန ပစ္ခ်ထားခဲ့ၿပီး ကိုယ့္ဘာသာကိုယ္ လမ္းေလွ်ာက္ျပန္ခိုင္းမွာေၾကာက္တယ္"
ညစာစားၿပီးသည့္အခါ ဝိန္းရိဖန္က စန္းရယ္ သီခ်င္းဆိုျပမည့္ကိစၥကို သတိရေနၿပီး
"အားရယ္..သီခ်င္းဆိုျပမွာဆို"
စန္းရယ္က ေခါင္းၿငိမ့္ျပ၏။
"ဟုတ္သားပဲ ဟုတ္သားပဲ"
စန္းရန္က သစ္သီးတစ္ပန္းကန္ကို အခြံႏႊာ၍ယူလာေပးရင္း
"ဝိန္း႐ႊမ္းက်န့္..သစ္သီးစား"
ထို႔ေနာက္ သီခ်င္းဆိုျပရင္ ျပင္ေနၿပီျဖစ္သည့္ စန္းရယ္ဘက္သို႔ လွည့္ၾကည့္လိုက္သည္။
"လမ္းၾကားေလးထဲ တစ္ကိုယ္တည္းေလွ်ာက္သြားလည္း ခ်စ္တဲ့သူက ခ်စ္ေနမွာပဲ....."
ဒုတိယတစ္ေၾကာင္း မဆိုလိုက္ရခင္ပင္ စန္းရန္က စကားျဖတ္ေျပာလာခဲ့သည္။
"ပါပါးက သားရဲ႕ပစၥည္းေတြကို သြားသိမ္းထားေပးမယ္"
စန္းရယ္က နားမလည္သလိုေလး ၾကည့္ေနသျဖင့္ စန္းရန္က ဆက္၍
"ဘိုးဘိုးနဲ႕ဘြားဘြားကေတာ့ သား သီခ်င္းဆိုျပမွာကို အရမ္းႀကိဳက္မွာေသခ်ာတယ္..သားက သူတို႔ကို သြားဆိုျပလိုက္"
စန္းရယ္ ;
"ဘာလို႔လဲ..သား ဆိုတာ နားေထာင္လို႔မေကာင္းလို႔လား..ပါပါး..သားက ပါပါးရဲ႕ေခ်ာေမာခန့္ညားထက္ျမက္မႈေတြကို ေမြးရာပါလက္ခံရထားတဲ့သူပါဗ်ာ..သီခ်င္းဆိုတာလည္း ေသခ်ာေပါက္ ဆိုးမွာမဟုတ္ဘူး..နားလည္လား?"
------------
Advertisement
- In Serial152 Chapters
The Prince's Soulmate | ✔
*Book 1 in the Soulmates Series*》Featured on Wattpad's @TeenFiction Soul Deep Reading List》Featured on Wattpad's @WattpadRoyals Fantastical Kingdoms and Beasts Reading List》Featured on Wattpad's @YA Stardust Reading List 》Featured on Wattpad's @YARomance Love-hate Relationships Reading List When Elizabeth finally decided to go to Ashton's party, she didn't expect that night to change the course of her otherwise regular and predictable life. After all, Ashton Rivera hated her and she wasn't his biggest fan either. She'd steer clear of him.However, when her bracelet catches the eye of the handsome bad boy, secrets start to unravel that make her question whether things existed that defied all science and reasoning.What everyone doesn't know, is that Ashton just so happens to be a son of the royal family, a prince living undercover. And he's not exactly human. He's an Origen, which means he has a soulmate. He is given an ultimatum, accept his soulmate or refuse his role as the next king of Crysauralia.It probably wouldn't have been such a difficult ultimatum, except as fate would have it, he's mated to Elizabeth. Now, it's been discovered that she might be the girl he's been searching for; the one he'd been betrothed to twelve years ago. What happens when these polar opposites who want nothing to do with each other, get swept up in a whirlwind of secrets, lies and jealousy? Will there be love simmering under the surface or will they reject each other to find their own happily ever after?Highest Ranks#1 in Paranormal #1 in Enemies to Lovers #1 in Alpha#1 in Princess#1 in Human #1 in Soulmate #2 in Kingdom #2 in Relationship#2 in School #3 in Teen Fiction #3 in Royalty#5 in Young Adult #8 in New Adult#23 in Romance Started: February 1, 2021Completed: March 24, 2021Cover by @xxsoteria
8.18 898 - In Serial47 Chapters
Mr. Harsh & Her
Alexander Viotto-Ashford is a man of mystery. He goes through life with an intense glare, not caring who he hurts. Constantly on the move to manage his many businesses around the world, he doesn't have a place to call home or a family to call his own. He has all the luxuries a person could dream of, but not a single soul to share it with because of his harsh nature. However, when he sets his eyes on one particular maid in his grandfather's mansion, they don't seem to move. Rachel Harrison is a beauty that has the power to turn harsh to soft. Struggling to lead a fulfilling life after being dumped by her mother, Rachel doesn't have much to lose when the handsome billionaire asks her for a life long commitment.* * * * * *-COMPLETED-This story is rated mature because of the strong language and sexual scenes. -This book is partly edited, not fully edited.
8 349 - In Serial47 Chapters
Nightfall
❝I hurt people; especially pretty girls like you ❞In which an innocent but broken girl foxtrots with insanity. And the music only stops when a demented man says so. ➳Criminal psychology student Tahlia Meyers finds her world in disarray after being assigned to observe an infamous serial killer, who in turn, takes an uncanny interest in the girl. [ © Cluelessdaddy 2017]•Featured in Mystery••#2 in Mystery-Thriller•
8 203 - In Serial30 Chapters
Say That You Want Me
'Mona, the Slut', they call her. She doesn't care. She wont let anyone get to her, or get close to her. Certainly not any man. That is until Aaron comes along. She seems unable to brush off the strange attraction she feels toward him and he seems determined to dig his way into her heart.
8 70 - In Serial40 Chapters
The Boy with the Chestnut Brown Hair
📚 Featured on Teen Fiction Reading List (Head Over Heels)***🥇 1st Place- Upcoming Writer's Awards (Teen Fiction Category)🥇 1st Place- The Musical Awards 2020 (Teen Fiction/New Adult Category)***Eastview #1He's not just her first love. He's also the first one who broke her heart...Katherine Ramos, or Kane as her family and high school friends call her, is attending their high school reunion. It is a night of reminiscing the past and it brings back so much memories. She finds out that not much has changed in her school and in her classmates, including her feelings for her high school sweetheart and former class rival--the boy with the chestnut brown hair.Will she be able to fight back her feelings or will she finally fight for it?***The story is set in the Philippines but written in English.
8 219 - In Serial51 Chapters
Back to You | ✓
#1 in Assistant - 14.12.2019#1 in Billionaire - 20.12.2019#10 in Romance - 23.12.2019#2 in New Adult - 23.12.2019#1 in Hurt - 26.12.2019#5 in Funny - 07.03.2020Your past defines you. This was something unfortunately Mia had to live with. An ugly incident in her past, forced her to change and become a new person. She managed to move away from everything that connected to her past, yet somehow she wound up coming back to the one person that was at the centre of it. Sebastian Carter. Just the sight of Mia irked Sebastian to no extent, he believed her whole innocent routine once, he wasn't going to fall for it again.He wanted her gone, far away from his life, but somehow she came back to him. What happens when both Mia and Sebastian are forced to work together, despite hating each other's guts?
8 237

