《First Frost (Myanmar Translation)》Translator's
Advertisement
First Frost လေး ပြီးသွားပြီဖြစ်ပါတယ်။ လာဖတ်ကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကိုယ်က ကျေးဇူးတင်ပါတယ်။
ထုံးစံအတိုင်း ကိုယ် စကားများဦးမယ့် အခန်းကဏ္ဍကို သွားပါဦးမယ်။
-စန်းရန်ရဲ့ Character ကို နားလည်သွားတဲ့အချိန်မှာ ကိုယ် ဖတ်ဖူးခဲ့တဲ့ စာတစ်ကြောင်းကို တွေးမိသွားခဲ့တယ်။
'နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ကို သိမ်းထားခဲ့မိသွားတယ်' ဆိုတဲ့စာလေး။
သူ့ကို လာချစ်ပေးနိုင်တဲ့သူတွေအများကြီးထဲမှာ ရွှမ်းကျန့်ထက် လှတာ၊တော်တာ၊ထူးချွန်တာ၊ပြည့်စုံတာတွေ ပါကောင်းပါလိမ့်မယ်။ ဒါပေမယ့် နှလုံးသားထဲမှာ သိမ်းထားတဲ့တစ်စုံတစ်ယောက် ရှိနှင့်နေပြီးသားမလို့ အခြားသူတွေကို သူ မလိုချင်တော့ဘူး။ သူ သိမ်းထားမိတဲ့လူဆီကနေ ကောင်းခြင်းဆိုးခြင်းတွေ ယူချင်တယ်။ အဲ့လိုဖြစ်နေရင်တောင် သူ ရှေ့ဆက်တိုးချင်မှလည်း တိုးလိမ့်မယ်။ ဒီအတိုင်းလေး ချစ်နေရရုံနဲ့ ကျေနပ်နေသူမျိုးမို့။
---------
-ကျူးယိလောင်ရှစ်က ပြောပါတယ်
ပထမဆုံးအကြိမ် စန်းရန်ရဲ့ဆယ်ကျော်သက်ဘဝ ထွက်ပေါ်လာတာကို စရေးတဲ့အချိန်မှာ သူမ ဖန်တီးထားတဲ့ဝိန်းရိဖန်က သူမ ပုံဖော်ထားတဲ့ 'ပုံစံခွက်' ထဲကနေ လွတ်ထွက်သွားသလိုပါပဲတဲ့။ လွတ်ထွက်သွားပြီး သူမကို ပြန်ပြောလာတဲ့စကားတစ်ခွန်းက
' ဘယ်သူ့မှာမှ အလင်းရောင်ကို ရှောင်ဖယ်နိုင်တဲ့ခွန်အားမျိုး မရှိပါဘူး ၊ စန်းရန်ရဲ့တည်ရှိမှုဟာ ရွှမ်းကျန့်အတွက်တော့ နေရာမှာဒီအတိုင်းလေးရပ်ပေးနေရုံနဲ့တင် 'ငါက မင်းအတွက် နေမင်းကြီး ဖြစ်ပေးပါမယ်' လို့ ပြောနေသလိုပါပဲ'
သူမက ရွှမ်းကျန့်လေးဖြစ်နေရင်တောင် သူကတော့ နေမင်းကြီး ဖြစ်ပေးမှာပါ။
---------
2004 ခုနှစ် အထက်တန်း ပထမနှစ်မှာ စတွေ့ခဲ့ကြတဲ့နှစ်ယောက်
2007 ခုနှစ်မှာ လမ်းခွဲခဲ့ကြတယ်
2013 ခုနှစ် 'Overtime' ဘားမှာပြန်တွေ့ပြီး
2015 ခုနှစ် 1လပိုင်း 2ရက်နေ့မှာ စတွဲခဲ့ကြပါတယ်
2016 ခုနှစ် 9လပိုင်း 22ရက်နေ့မှာ လက်ထပ်ခွင့်တောင်းပြီး
2016 ခုနှစ် 10လပိုင်း 24ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်
2004 - 2013 ထိ ကိုးနှစ်နီးပါး စန်းရန်က သူ့ရွှမ်းကျန့်တစ်ယောက်တည်းကိုပဲ တိတ်တိတ်လေးခိုးချစ်နေခဲ့တာပါ
---------
အဆုံးထိ ဖတ်ပြီးသွားရင် တွေးကြည့်စရာလေးတွေပေါ်လာလိမ့်မယ်
- မီးရှူးမီးပန်းပွဲတော်နေ့ ရင်ပြင်မှာ ရွှမ်းကျန့်နဲ့ အမှတ်မထင်ဆုံပြီး နှစ်သစ်မှာပျော်ရွှင်ပါစေ ဆိုတဲ့စကားတစ်ခွန်းဟာ တကယ်တော့ 'အမှတ်မထင်' မဟုတ်ပါဘူး။ ကျုံးစစ်ချောင်က Wechat ထဲမှာ ရိဖန်နဲ့နေရာလွဲသွားတဲ့အကြောင်း ပို့စ်တင်ထားတာမလို့ Friend ဖြစ်တဲ့ စန်းရန်က မြင်ပြီးလိုက်သွားခဲ့တာပါ။ ( ကိုယ်က ပွဲတော်တွေဖြတ်သန်းရတာကို သဘောကျတဲ့ပုံပေါက်နေလို့လား? )
- မွေးနေ့မှာ လမ်းကြုံဝယ်ထားတဲ့ စတော်ဘယ်ရီကိတ်မုန့်က 'လမ်းကြုံ' မဟုတ်ရပါဘူး။ ရွှမ်းကျန့်က စတော်ဘယ်ရီကိတ်ကိုပဲ ကြိုက်မှန်းလို့ပါ။ တလောကလုံးလူတွေ ရွှမ်းကျန့်မွေးနေ့ကို မေ့နေခဲ့ရင်တောင် လုံးဝမမေ့မဲ့သူက စန်းရန်ပါပဲ။
- နှစ်ယောက်သား စတွဲတဲ့နေ့က ရွှမ်းကျန့်က သူ့ကို အတိတ်မှာမိုးရေထဲဒီအတိုင်း ပြန်ခိုင်းမိခဲ့လို့ ဝမ်းနည်းပြီး 'ငါ နင့်ကို ထီးပေးလိုက်သင့်တာ' ဆိုတဲ့စကားတစ်ခွန်းမှာ ၊ စန်းရန် ပြန်ပြောတဲ့ 'အဲ့နေ့က မိုးရွာတာလား' ဆိုပြီးပြန်မေးတဲ့မေးခွန်း ၊ အားလုံးက ရွှမ်းကျန့် ပိုပြီးဝမ်းနည်းသွားမှာစိုးလို့ မေ့ချင်ယောင်ဆောင်ခဲ့တာတွေ။
စသည်စသည်....
--------
ကျူးယိလောင်ရှစ်ရဲ့ Note တစ်ချို့-
စန်းရန် နဲ့ ရွှမ်းကျန့်မှာ 'စန်းရယ်' လို့ခေါ်တဲ့သားလေးတစ်ယောက်ရှိလာပါတယ်။ အဖေတူသားလေးပါ။ မာမားနား အရမ်းကပ်လို့ ပါပါးနဲ့မတည့်တဲ့သားလေးက အဘိုးအဘွားအိမ်ကို ခဏခဏပို့ခံရပါတယ်။
သွမ့်ကျားရွှီ နဲ့ စန်းကျီ မှာလည်း 'သွမ့်မုစန်း' လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိလာပါတယ်။ စန်းရယ်ထက်ငယ်တဲ့ ညီမလေးပါ။
စန်းရန် ကြည့်မရဆုံး ကလေးနှစ်ယောက်ဆိုလည်း မမှားပါဘူး။ သူ့ရွှမ်းကျန့်နား အရမ်းကပ်ကြလို့ပါ။ (ဟား ဟား)
-------
အတိတ်ကအရာတွေအားလုံး ရွှမ်းကျန့် သိသွားဖို့လည်း မျှော်လင့်မိသလို စန်းရန်ကလည်း ဖွင့်ပြောလာပါစေလို့ မျှော်လင့်ပါတယ်
စန်း သစ်ရွက် (Mulberry) တွေ ရှိတဲ့နေရာတိုင်း ရွှမ်းကျန့် ( First Frost ) ရှိပါစေ။
Translator ရှောင်ချုန်း
ကျန်းဟူတစ်ခွင် ကံမကုန်ရင် ပြန်ဆုံကြပါဦးမယ်
-----------
(Zawgyi)
First Frost ေလး ၿပီးသြားၿပီျဖစ္ပါတယ္။ လာဖတ္ၾကတဲ့တစ္ေယာက္ခ်င္းစီတိုင္းကို ကိုယ္က ေက်းဇူးတင္ပါတယ္။
ထုံးစံအတိုင္း ကိုယ္ စကားမ်ားဦးမယ့္ အခန္းက႑ကို သြားပါဦးမယ္။
-စန္းရန္ရဲ႕ Character ကို နားလည္သြားတဲ့အခ်ိန္မွာ ကိုယ္ ဖတ္ဖူးခဲ့တဲ့ စာတစ္ေၾကာင္းကို ေတြးမိသြားခဲ့တယ္။
'ႏွလုံးသားထဲမွာ တစ္စုံတစ္ေယာက္ကို သိမ္းထားခဲ့မိသြားတယ္' ဆိုတဲ့စာေလး။
သူ႕ကို လာခ်စ္ေပးနိုင္တဲ့သူေတြအမ်ားႀကီးထဲမွာ ႐ႊမ္းက်န့္ထက္ လွတာ၊ေတာ္တာ၊ထူးခြၽန္တာ၊ျပည့္စုံတာေတြ ပါေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ ႏွလုံးသားထဲမွာ သိမ္းထားတဲ့တစ္စုံတစ္ေယာက္ ရွိႏွင့္ေနၿပီးသားမလို႔ အျခားသူေတြကို သူ မလိုခ်င္ေတာ့ဘူး။ သူ သိမ္းထားမိတဲ့လူဆီကေန ေကာင္းျခင္းဆိုးျခင္းေတြ ယူခ်င္တယ္။ အဲ့လိုျဖစ္ေနရင္ေတာင္ သူ ေရွ႕ဆက္တိုးခ်င္မွလည္း တိုးလိမ့္မယ္။ ဒီအတိုင္းေလး ခ်စ္ေနရ႐ုံနဲ႕ ေက်နပ္ေနသူမ်ိဳးမို႔။
---------
-က်ဴးယိေလာင္ရွစ္က ေျပာပါတယ္
ပထမဆုံးအႀကိမ္ စန္းရန္ရဲ႕ဆယ္ေက်ာ္သက္ဘဝ ထြက္ေပၚလာတာကို စေရးတဲ့အခ်ိန္မွာ သူမ ဖန္တီးထားတဲ့ဝိန္းရိဖန္က သူမ ပုံေဖာ္ထားတဲ့ 'ပုံစံခြက္' ထဲကေန လြတ္ထြက္သြားသလိုပါပဲတဲ့။ လြတ္ထြက္သြားၿပီး သူမကို ျပန္ေျပာလာတဲ့စကားတစ္ခြန္းက
Advertisement
' ဘယ္သူ႕မွာမွ အလင္းေရာင္ကို ေရွာင္ဖယ္နိုင္တဲ့ခြန္အားမ်ိဳး မရွိပါဘူး ၊ စန္းရန္ရဲ႕တည္ရွိမႈဟာ ႐ႊမ္းက်န့္အတြက္ေတာ့ ေနရာမွာဒီအတိုင္းေလးရပ္ေပးေန႐ုံနဲ႕တင္ 'ငါက မင္းအတြက္ ေနမင္းႀကီး ျဖစ္ေပးပါမယ္' လို႔ ေျပာေနသလိုပါပဲ'
သူမက ႐ႊမ္းက်န့္ေလးျဖစ္ေနရင္ေတာင္ သူကေတာ့ ေနမင္းႀကီး ျဖစ္ေပးမွာပါ။
---------
2004 ခုႏွစ္ အထက္တန္း ပထမႏွစ္မွာ စေတြ႕ခဲ့ၾကတဲ့ႏွစ္ေယာက္
2007 ခုႏွစ္မွာ လမ္းခြဲခဲ့ၾကတယ္
2013 ခုႏွစ္ 'Overtime' ဘားမွာျပန္ေတြ႕ၿပီး
2015 ခုႏွစ္ 1လပိုင္း 2ရက္ေန႕မွာ စတြဲခဲ့ၾကပါတယ္
2016 ခုႏွစ္ 9လပိုင္း 22ရက္ေန႕မွာ လက္ထပ္ခြင့္ေတာင္းၿပီး
2016 ခုႏွစ္ 10လပိုင္း 24ရက္ေန႕မွာ လက္ထပ္ခဲ့ၾကပါတယ္
2004 - 2013 ထိ ကိုးႏွစ္နီးပါး စန္းရန္က သူ႕႐ႊမ္းက်န့္တစ္ေယာက္တည္းကိုပဲ တိတ္တိတ္ေလးခိုးခ်စ္ေနခဲ့တာပါ
---------
အဆုံးထိ ဖတ္ၿပီးသြားရင္ ေတြးၾကည့္စရာေလးေတြေပၚလာလိမ့္မယ္
- မီးရႉးမီးပန္းပြဲေတာ္ေန႕ ရင္ျပင္မွာ ႐ႊမ္းက်န့္နဲ႕ အမွတ္မထင္ဆုံၿပီး ႏွစ္သစ္မွာေပ်ာ္႐ႊင္ပါေစ ဆိုတဲ့စကားတစ္ခြန္းဟာ တကယ္ေတာ့ 'အမွတ္မထင္' မဟုတ္ပါဘူး။ က်ဳံးစစ္ေခ်ာင္က Wechat ထဲမွာ ရိဖန္နဲ႕ေနရာလြဲသြားတဲ့အေၾကာင္း ပို႔စ္တင္ထားတာမလို႔ Friend ျဖစ္တဲ့ စန္းရန္က ျမင္ၿပီးလိုက္သြားခဲ့တာပါ။ ( ကိုယ္က ပြဲေတာ္ေတြျဖတ္သန္းရတာကို သေဘာက်တဲ့ပုံေပါက္ေနလို႔လား? )
- ေမြးေန႕မွာ လမ္းႀကဳံဝယ္ထားတဲ့ စေတာ္ဘယ္ရီကိတ္မုန့္က 'လမ္းႀကဳံ' မဟုတ္ရပါဘူး။ ႐ႊမ္းက်န့္က စေတာ္ဘယ္ရီကိတ္ကိုပဲ ႀကိဳက္မွန္းလို႔ပါ။ တေလာကလုံးလူေတြ ႐ႊမ္းက်န့္ေမြးေန႕ကို ေမ့ေနခဲ့ရင္ေတာင္ လုံးဝမေမ့မဲ့သူက စန္းရန္ပါပဲ။
- ႏွစ္ေယာက္သား စတြဲတဲ့ေန႕က ႐ႊမ္းက်န့္က သူ႕ကို အတိတ္မွာမိုးေရထဲဒီအတိုင္း ျပန္ခိုင္းမိခဲ့လို႔ ဝမ္းနည္းၿပီး 'ငါ နင့္ကို ထီးေပးလိုက္သင့္တာ' ဆိုတဲ့စကားတစ္ခြန္းမွာ ၊ စန္းရန္ ျပန္ေျပာတဲ့ 'အဲ့ေန႕က မိုး႐ြာတာလား' ဆိုၿပီးျပန္ေမးတဲ့ေမးခြန္း ၊ အားလုံးက ႐ႊမ္းက်န့္ ပိုၿပီးဝမ္းနည္းသြားမွာစိုးလို႔ ေမ့ခ်င္ေယာင္ေဆာင္ခဲ့တာေတြ။
စသည္စသည္....
--------
က်ဴးယိေလာင္ရွစ္ရဲ႕ Note တစ္ခ်ိဳ႕-
စန္းရန္ နဲ႕ ႐ႊမ္းက်န့္မွာ 'စန္းရယ္' လို႔ေခၚတဲ့သားေလးတစ္ေယာက္ရွိလာပါတယ္။ အေဖတူသားေလးပါ။ မာမားနား အရမ္းကပ္လို႔ ပါပါးနဲ႕မတည့္တဲ့သားေလးက အဘိုးအဘြားအိမ္ကို ခဏခဏပို႔ခံရပါတယ္။
သြမ့္က်ား႐ႊီ နဲ႕ စန္းက်ီ မွာလည္း 'သြမ့္မုစန္း' လို႔ေခၚတဲ့ သမီးေလးတစ္ေယာက္ရွိလာပါတယ္။ စန္းရယ္ထက္ငယ္တဲ့ ညီမေလးပါ။
စန္းရန္ ၾကည့္မရဆုံး ကေလးႏွစ္ေယာက္ဆိုလည္း မမွားပါဘူး။ သူ႕႐ႊမ္းက်န့္နား အရမ္းကပ္ၾကလို႔ပါ။ (ဟား ဟား)
-------
အတိတ္ကအရာေတြအားလုံး ႐ႊမ္းက်န့္ သိသြားဖို႔လည္း ေမွ်ာ္လင့္မိသလို စန္းရန္ကလည္း ဖြင့္ေျပာလာပါေစလို႔ ေမွ်ာ္လင့္ပါတယ္
စန္း သစ္႐ြက္ (Mulberry) ေတြ ရွိတဲ့ေနရာတိုင္း ႐ႊမ္းက်န့္ ( First Frost ) ရွိပါေစ။
Translator ေရွာင္ခ်ဳန္း
က်န္းဟူတစ္ခြင္ ကံမကုန္ရင္ ျပန္ဆုံၾကပါဦးမယ္
Advertisement
- In Serial275 Chapters
Bambi And The Duke
Disowned for being a human, Vivian was taken in as a maid at the age of seven by the Carmichael household. Serving one of the most respected and elite pureblood families in Bonelake, there were rules.
8 2646 - In Serial64 Chapters
Forgotten | TechnoXOC
Technoblade is the king of a fairly notorious kingdom, known for his blood-thirst, he had earned the very fitting name of "Blood king" or, as some would call him, "Blood God". Despite that he's a very good and fair king, always busy taking care of his kingdom, as well as his subjects. The council was been pressing him on finding a bride, seeing that he was the last one of his dynasty, for all his family members and relatives had died during a very well orchestrated attack. He managed to survive thanks to his amazing fighting skills but now he needed to continue his bloodline, weather he liked it or not. Needless to say things would soon start to change, as a very peculiar group of individual made their entrance inside his kingdom.WARNING: THIS STORY WILL CONTAIN, BLOOD, DEATH, AND OTHER TRIGGERS FOR WHICH I'LL PUT WARNING ON THE CHAPTERS AS THEY GO BY.EXTRA WARNING: IMMA TRY TO ADD SOME SMUT SCENES, FOR I WANNA TRY THAT FIELD TOO AND SEE IF I'M GOOD AT IT OR NOT, SO DON'T CUSS ME OUT IF IT SUCK, AND IF YOU DON'T LIKE IT, JUST SKIP THE CHAPTER.=^_^=3° on #technoblade 5/04/20212° on #technoblade 6/04/2021 pog :)
8 234 - In Serial133 Chapters
Pyar Ki Love Story | Short Stories | 1st Book |
Baad mein jo hoga dekha jayegaAbhi ishq mein hain kuch din yahi rehte hain-AmandeepLots of different stories that will take you to another world of imagination.Cover credit @herblackink#1 in Cousin#3 in Muslim#7 in Marriage #4 in Cousin#2 in Shortstorycollection ••"If you are reading this story on any other platform other than Wattpad you are very likely to be at risk of a malware attack. If you wish to read this story in it's original, safe, form, please go to (https://my.w.tt/g4EgwYn9Dbb). Thank you."(Warning, this book have many grammatical errors.(As I am not really good in english.)
8 211 - In Serial41 Chapters
Call it Love
EmiliaI was so sure I'd never see him again. Not that I didn't want to. But not that I did.After all, he was the one that bailed on me. The one who threw away all those years we had for his own future. I shouldn't have been the one left feeling hurt. Yet somehow, I was.Seeing my best friend now, five years later, at my sister's wedding was the last thing I expected. But I never imagined I'd relive the heartache he left in his wake. And I never imagined falling for Adam Blackwell.AdamI wasn't supposed to see her again. Not that I didn't want to. A part of me did. A part of me always will.Emilia Feye was my best friend. Until I left her in my past and threw our friendship away.It was a mistake that haunts me every single day. It was between my best friend and my career. But I'm not the only one guilty. She did the same thing as me.Seeing her now, five years later, at my brother's wedding was unexpected. I never thought I'd have to suffer the consequences for the mess I made and the friendship I shattered.But I never imagined falling in love with her this time. I never imagined falling in love with Emilia Feye....Emilia and Adam meet again, five years after parting and going separate ways for college.They're not eighteen anymore. They're not so selfish anymore. And they're not best friends anymore.They caused each other heartache and now it's time to right their wrongs and make up for those mistakes. Now, in Marbella, Spain. Now, at her sister and his brother's wedding, the two meet again.Except this time, things are different. This time there's anger, frustration, pain, and regret.This time, they're not friends, they're a complicated mess.They call it friendship. We all call it love. ...ALL RIGHTS RESERVED
8 141 - In Serial36 Chapters
BOTH FOR EACH OTHER || J.JUNGKOOK
Two best friends who get tired of trying to find true love. Tired of finding the right person. Tired of always getting cheated and dumped. So they try to start a relationship with each other. Hoping they'll feel true love.
8 185 - In Serial21 Chapters
『 instagram 』 kim junkyu
[COMPLETED] @junkyu.kxx had requested to follow you.accept | decline
8 210

