《First Frost (Myanmar Translation)》Extra 4
Advertisement
2007 ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးအပြီးတွင် စန်းရန်သည် သူ့ဘဝအတွက် အရှည်ကြာဆုံး နွေရာသီပိတ်ရက်များအား ကြိုဆိုဖြတ်သန်းခဲ့ရသည်။ ပေယွီမြို့မှ ပြန်လာပြီးကတည်းက ကြာရှည်လွန်းခဲ့သည့်အချိန်များအတွင်း မည်သူတစ်ဦးတစ်ယောက်ထံကမှ ဝိန်းရိဖန်ဆိုသောလူတစ်ယောက်အကြောင်း ပြောဆိုနေသည်ကိုလည်း သူ မကြားမိခဲ့ပါပေ။
သူက အမှတ်မြင့်မြင့်ဖြေဆိုနိုင်ခဲ့ပြီး နိုင်ငံအဆင့်ထိပ်ဆုံးတက္ကသိုလ်တစ်ခုထံမှလည်း ဝင်ခွင့်အကြောင်းစာကို လက်ခံရရှိခဲ့သေးသည်။ သူ့မိဘများကတော့ အဆုံးအစွန်ထိပျော်ရွှင်ပြီး ဂုဏ်ယူနေခဲ့ကာ ဆွေမျိုးများကလည်း အချိန်နှင့်အမျှ သူ့အား လှမ်းလှမ်းခေါ်၍ ချီးကျူးဂုဏ်ပြုကြရာ သူ့ပတ်ဝန်းကျင်မှလူတိုင်းဟာ ပျော်ရွှင်မှုများကြား နစ်မြှုပ်နေခဲ့ကြသည်။
အသည်းအသန်စာလုပ်ခဲ့သည့်ကာလကြီးမှ လွတ်မြှောက်သွားခဲ့သည့်အခါ စန်းရန်တစ်ယောက် ချမ်းသာပြီးလိုတရနေသည့်ဘဝဆီသို့ ရောက်သွားခဲ့တော့သည်။
စန်းရန်က ဝိန်းရိဖန်နှင့်ရှိခဲ့ဖူးသည့်ဆက်ဆံရေးအား မည်သူတစ်ဦးတစ်လေကိုမှ ပြောပြခြင်းမရှိ။ ပုံမှန်နေ့ရက်များအတိုင်း သူငယ်ချင်းအပေါင်းအပါများနှင့် အပြင်ထွက် ဘတ်စကတ်ဘောကစား ၊ ဂိမ်းကစား ၊ ထုံးစံအတိုင်း စိတ်မရှည်ပါသော်ငြား မိဘများ၏အတင်းကာရောတောင်းဆိုနေမှုကြောင့် ညီမဖြစ်သူကို စာသင်ပြပေးရကာ ၊ အရင်ရက်များအတိုင်း နောက်ကျမှအိပ်ပြီး နေထွက်မှ အိပ်ရာထဖြစ်ခဲ့သည်။
သူ့ဘဝအား အရင်ကလို ပုံမှန်အတိုင်းသာ နေထိုင်ခဲ့ဖြစ်ပြီး..
ဤကိစ္စကြီးက ရိုးရှင်းလွန်းသည့် ဖြစ်စဥ်တစ်ခုလိုပါပင်..
မြို့ငယ်လေးကို ကျောခိုင်းလာခဲ့ပြီး သူ့ဘက်မှ စ၍ မဆက်သွယ်တော့ခြင်းဟာ သူတို့နှစ်ဦးကြားရှိ ပတ်သတ်မှုများကို ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပါပေ။ ရည်ရွယ်ချက်ရှိရှိလုပ်စရာပင် မလိုပါဘဲ သူမ၏ကမ္ဘာထဲမှ သူ လုံးလုံးလျားလျားကို ထွက်လာခဲ့၏။
မည်သည့်အားစိုက်ထုတ်မှုမျိုးမှမပါဘဲနှင့်..
စန်းရန်သည် ဝိန်းရိဖန်ဆိုသောလူတစ်ယောက်၏ဖြစ်တည်မှုကို ဘယ်သောအခါမှ ပြန်လည်တွေးကြည့်ခဲ့ခြင်းမရှိ။
သူ့အနေဖြင့် ကံကောင်းမှုလေးတစ်ခု ရလိုက်ပြီး ထပ်၍ ကံခေသွားသည့်ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်ဟုသာ မှတ်ယူထားခဲ့သည်။
ကံကောင်းမှုမှာ သဘောကျရသည့်သူနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး
ကံခေသွားမှုမှာ သူမက သူ့ကို သဘောမကျခြင်း..
အားလုံးဟာ ပုံမှန်ပါပင်။
ပုံမှန်ကျလွန်းနေသောကြောင့်..
စကားတစ်ခွန်းလောက် ပိုပြောခဲ့သင့်ကြောင်း ခံစားမိခြင်း ၊ စက္ကန့်ဖြစ်ဖြစ် ပိုကြာသွားအောင် ဝမ်းနည်းရခြင်း ၊ သူမအား တစ်ကြိမ်ဖြစ်ဖြစ် ပို၍ သတိရလာခြင်း အားလုံးဟာ..
အလွန်ကိုမှ ပုံမှန်မဟုတ်တော့သည့်ကြောင်သူတော်လုပ်ရပ်များနှင့်ပင် တူလာခဲ့တော့သည်။
------
ဝိန်းရိဖန်အား နောက်တစ်ကြိမ်သတိရမိသည့်အခါမှာ နန်းဝူတက္ကသိုလ်သို့သွားပြီး ကျောင်းရောက်ကြောင်းသတင်းပို့ရသည့်နေ့တွင်ဖြစ်သည်။
စန်းရန်က သူနှင့်အဆောင်တူသည့် သွမ့်ကျားရွှီနှင့်ရင်းနှီးခဲ့ပြီး တစ်ဖက်လူက နန်းဝူမြို့ ဇာတိမဟုတ်ဘဲ ယီဟဲမြို့မှ လာသည့်အကြောင်းကို ကြားလိုက်ရသည့်အခိုက်တွင် သူ စကားတစ်ခွန်း လွှတ်ခနဲပြောထွက်သွားမိခဲ့သည်။
"ယီဟဲက ဘယ်လိုမျိုးလဲ"
"တော်တော်လေးကောင်းပါတယ်..အားတဲ့အချိန်ကျရင် သွားလည်ကြည့်ပါလား"
သွမ့်ကျားရွှီက ပြုံးရင်းစကားဆိုနေခဲ့ပြီး
"ရာသီဥတုကတော့ ဒီဘက်ကမြို့နဲ့ အတော်လေးကွာတယ်..ငါတောင်မှ နန်းဝူကိုရောက်လာတဲ့အချိန် နည်းနည်းနေသားမကျဘူး"
ထိုအချိန်တုန်းက အဆောင်ထဲရှိ အခြားအခန်းဖော်နှစ်ယောက်မှာ တစ်ယောက်က မိသားစုနှင့်ဖုန်းပြောနေခြင်းဖြစ်ပြီး အခြားတစ်ယောက်က ရေချိုးနေခြင်းဖြစ်သည်။
ယောက်ျားလေးနှစ်ယောက်က ဝရံတာလက်ရန်းကိုမှီထားပြီး နွေရာသီညခင်း၏လေညှင်းကို ခံစားကြည့်နေကြ၏။ ဤစကားကိုကြားသည့်အခါ စန်းရန်က မျက်လွှာကိုချပြီး အိတ်ကပ်ထဲမှ စီးကရက်ဘူးကိုထုတ်ယူကာ ပါးစပ်ထဲ တစ်လိပ်ကိုက်ခဲလိုက်ရုံကလွဲ စကားမဆိုပေ။
သွမ့်ကျားရွှီကိုလည်း အသံတိတ်ဖြင့် စီးကရက်ဘူးကို လှမ်းပေးလိုက်သည်။
သွမ့်ကျားရွှီက လှမ်းယူလိုက်သော်ငြား လက်ထဲတွင်သာကိုင်ပြီးကစားနေကာ မည်သည့်အပိုလှုပ်ရှားမှုမျိုးမှမရှိ။
စန်းရန် မီးခြစ်ကိုထုတ်လာပြီး စီးကရက်မီးညှိသွားသည်ကို ကြည့်ရင်း မီးတောက်တစ်ခုကို ပြန်ငြိမ်းသတ်လိုက်၏။ စီးကရက်ငွေ့များကို မှုတ်ထုတ်ပြီး အနည်းငယ်စိတ်လွတ်သွားခဲ့သည့်သူက မဆီမဆိုင်ခြင်းများစွာကြားမှ ဝိန်းရိဖန်သည် စီးကရက်သောက်သည့်သူကို သဘောမကျတတ်ကြောင်း စဥ်းစားမိလိုက်သည်။
လမ်းသွားလမ်းလာလုပ်ရင်း စီးကရက်သောက်နေသည့်လူကို တွေ့သည့်အခါတိုင်းတွင် သူမက သူ့လက်မောင်းကိုဆွဲခေါ်ပြီး အမြန်ဖြတ်လျှောက်သွားတတ်သူမျိုး။
စန်းရန်သည်လည်း သူဟာ ဘယ်အချိန်ကစပြီး စီးကရက်သောက်တတ်သွားခဲ့မှန်းမသိ..
ဘယ်အချိန်ကစပြီး သူမ သဘောမကျသည့်လူစားမျိုးဖြစ်အောင် စိတ်လိုလက်ရပြောင်းလဲပစ်လိုက်ချင်မှန်း မမှတ်မိပါတော့ပေ။
"ဘာဖြစ်လို့လဲ?"
သွမ့်ကျားရွှီက စန်းရန် စကားမဆိုဘဲငြိမ်နေသည့်အတွက် အလျင်းသင့်စကားဆိုလာခဲ့၏။
"အဲ့ဘက်ကို စာမေးပွဲဖြေပြီးရောက်သွားတဲ့သူငယ်ချင်းရှိလို့လား"
"မဟုတ်ဘူး"
စန်းရန်က တစ်ဖက်သို့ ဘေးတိုက်လှည့်လာပြီး သူ့အမူအရာမှာ ခန့်မှန်း၍မရပေ။
"အစက ငါ လျှောက်ချင်ခဲ့လို့"
"ဒါဆို ဘာလို့ မလျှောက်လိုက်တာလဲ"
တိတ်ဆိတ်နေသည့်ညခင်းအချိန် တိုက်ခတ်လာသည့်လေညှင်းများထဲတွင် သစ်တော်ပွင့်ဖြူရနံ့များက ခပ်သင်းသင်း။
စန်းရန်က အနက်ရောင်တီရှပ်တစ်ထည်ကို ဝတ်ထားပြီး မျက်ဝန်းများက မည်းနက်လျက်ရှိကာ ဝရံတာလက်ရန်းပေါ်လက်ထောက်ထားရင်း အပြင်ဘက်မှရယ်သံများကို နားထောင်နေခဲ့သည်။ သူက လုံးဝတိတ်ဆိတ်နေခဲ့ပြီး မည်သည့်အဖြေကိုမှမဖြေဘဲ လက်ထဲမှစီးကရက်ကိုသာ ကုန်အောင်သောက်နေခဲ့သည်။
အချိန်မည်မျှပင် ကြာသွားခဲ့မှန်းမသိ။ သွမ့်ကျားရွှီပင် သူ မဖြေလောက်တော့ဟု ထင်မိသည့်အချိန်တွင်မှ..
စန်းရန်က ဖွဖွလေးရယ်လိုက်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့်စကားဆိုလာခဲ့သည်။
"လျှောက်ထားတာကို ပြောင်းဖို့ အချိန်မမှီတော့လို့"
နေ့ရက်များက တရွေ့ရွေ့နှင့်ကုန်လွန်လာခဲ့သည်။
စန်းရန်က ကိုယ်ကာယလေ့ကျင့်ရေးသင်တန်းအပြီးတွင် အသားရောင်များ နေလောင်သွားခဲ့သလို တက္ကသိုလ်ကျောင်းသားဘဝကိုလည်း စတင်ပြီဖြစ်သည်။ ဤအချိန်များအတွင်း သူ မကြာခဏဆိုသလို မိန်းကလေးများ၏ လိုက်ပိုးပမ်းခြင်း ၊ ဖွင့်ပြောခြင်းကို ခံနေရပါသည့်တိုင် ဤကိစ္စနှင့်ပတ်သတ်ပြီး ဂုဏ်ယူစရာဟုပင် မမြင်နိုင်ခဲ့ပါပေ။ ထို့အစား အနှောင့်အယှက်ဖြစ်လွန်းရသလို စိတ်ညစ်လာရသဖြင့် အဆုံးတွင် ငြင်းပစ်ဖို့ကိုပင် အရေးမစိုက်တော့ဘဲ အစကတည်းက အနားကပ်ခွင့်ပင် မပေးပါတော့၏။
သူဟာ တစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ စောင့်နေခြင်းမျိုး မဟုတ်ရပါပေ...
သူဟာ အလိုက်အထိုက်လေးနေသွားလိုက်ဖို့ရာ ဆန္ဒမရှိရုံသက်သက်..
သူဟာ ဘယ်တော့အခါတွင်မှ ကိုယ့်ကိုကိုယ် အသက်အရွယ်တစ်ခုရောက်လာပြီး သင့်တော်သည့်အချိန်မျိုးတွင် တစ်စုံတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ပါဦးမည်ဆိုသော ကပေါက်တိကပေါက်ချာနိုင်သည့်ဆုံးဖြတ်ချက်မျိုးကို ချမည်မဟုတ်..
သူဟာ လူ့ဘဝသက်တမ်းတစ်လျှောက်စာလုံးအတွက် 'အခြားတစ်ဝက်'ဆိုသည့်အရာအား မဖြစ်မနေလိုအပ်သည်ဟုလည်း မထင်..
Advertisement
ကံတရားများကောင်းမွန်သွားခဲ့ပြီး 'အခြားတစ်ဝက်' နှင့်တွေ့ဆုံလျှင်တော့ သေချာပေါက်ကောင်းမွန်သည့်တစ်ခုဖြစ်ရပြီး..
အကယ်၍များ မတွေ့ဆုံခဲ့လျှင်တောင်..
ဤဘဝတစ်လျှောက်လုံး ယခုလိုအတိုင်းသာ ရှင်သန်ဖြတ်ကျော်သွားရလည်း မခက်ခဲရပါပေ။
ပထမဆုံးဆီးနှင်းများ(ရွှမ်းကျန့်)ကျလာသည့် ထိုနေ့၏မိုးသောက်ချိန်တွင် စန်းရန်သည် အထက်တန်း ပထမနှစ်ကျောင်းဖွင့်ပြီး သိပ်မကြာခင်ကာလတစ်ခုက အတန်းထဲ၌နာမည်မကြီးသေးသော ဝိန်းရိဖန်အား အိပ်မက်မက်ခဲ့သည်။ အခြားသူများက ကွယ်ရာတွင်ပြောနေကြသည့် စိတ်ရှည်ပြီးသဘောကောင်းသော 'ဝိန်းပန်းအိုးလေး' အကြောင်းပင်။
သူ လန့်နိုးလာသည့်အခါ မျက်မှောင်ကျုံ့ပြီး အချိန်ကိုတစ်ချက်ကြည့်လိုက်၏။
မနက်ခင်း နှစ်နာရီ ထိုးပြီး ဆယ်မိနစ်။
24 ရက်နေ့သို့ ရောက်ပြီ။
စန်းရန် အိပ်ရာပေါ်၌ နိုးကြားလာသည်အထိ ထိုင်နေခဲ့သည်။ ညအချိန်တွင် ထကြွလာခဲ့သည့်ခံစားချက်များကြောင့်လားမသိ ၊ လက်ရှိအချိန်တွင် သူ့ခံစားချက်၏တွန်းအားပေးမှုကို လုံးဝထိန်းချုပ်မထားနိုင်တော့ဘဲ လက်ကိုင်ဖုန်းကိုယူကာ အိပ်ရာပေါ်မှဆင်းပြီး ဝရံတာဘက်သို့လျှောက်လာခဲ့သည်။
ဖုန်းခေါ်ဆိုမည့်နံပါတ်များနေရာတွင် သူ မေ့မရနိုင်ခဲ့သော ဝိန်းရိဖန်၏ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်သည်။
ဖုန်းခေါ်ဆိုမည့်နေရာအား မနှိပ်ခင် စက္ကန့်ပိုင်းအလိုတွင် စန်းရန်၏အတွေးထဲ မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ခနဲပေါ်လာခဲ့တော့သည်။
သူ့အသံကိုကြားသည့်အခါ သူမက ဘယ်လိုတုံ့ပြန်လာမလဲ?
ဒီအချိန်တွင် သူမက သေချာပေါက်အိပ်ပျော်နေမည်ဖြစ်ကာ အိပ်ရာအနှိုးခံရခြင်းကြောင့် စိတ်ဆိုးသွားခဲ့မလား?
သူ့ဖုန်းနံပါတ်ကို မြင်ပြီး မကိုင်ဘဲနေမလား?
သူ့ဘက်က ထပ်ပြီးအနှောင့်ယှက်တော့ဘူးလို့ ပြောခဲ့ပြီးပြီမလို့ ဒီဖုန်းခေါ်ဆိုတစ်ခုကို ပြုဖို့ သင့်တော်ရဲ့လား?
သို့သည့်တိုင်အောင် သူမဟာ ပတ်ဝန်းကျင်အသစ်တွင် နေသားကျခြင်းရှိမရှိ သူ သိချင်နေပါသေးသည်။
အနိုင်ကျင့်ခံနေရလောက်မလား?
သို့သော် အတွေးစများအားလုံးသည် ဖုန်းထဲမှထွက်ပေါ်လာသည့် အမျိုးသမီးသံတစ်ခုကြောင့် ရပ်တန့်သွားခဲ့ရတော့၏။
"အားနာပါတယ်ရှင် ၊ လူကြီးမင်း ခေါ်ဆိုသောဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်"
စန်းရန် ပထမဆုံးအကြိမ်အဖြစ် ရှင်းရှင်းလင်းလင်း အသေအချာ ခံစားမိလိုက်သည်မှာ
ဝိန်းရိဖန်က သူ့အား အမှန်တကယ်ကို စွန့်ပစ်သွားခဲ့ပြီပင်။
ကိန်းအောင်းစုပြုံနေခဲ့သည့် ခံစားချက်များအားလုံးဟာ တမုတ်ချည်းထိုးထွက်လာသည့်အလား စန်းရန်က ခက်ခက်ခဲခဲဖြင့်ပင် ဦးညွှတ်ချလိုက်ပြီး လည်စလုတ်ကလည်း အထက်မှအောက်သို့ ရွေ့လျားသွားခဲ့သည်။ နားရွက်နား ကပ်ထားသည့်ဖုန်းကို ချပြီး နောက်တစ်ကြိမ်ထပ်၍ခေါ်ဆိုလိုက်ကာ တူညီသည့်အသံတစ်ခုအား တစ်ကြိမ်ပြီးတစ်ကြိမ် နားထောင်နေခဲ့သည်။
စကားသံ အလိုလိုဆုံးသွားသည့်အခါ သူက နောက်တစ်ကြိမ်ထပ်၍...
ခေါင်းမာလွန်းစွာဖြင့် မရေမတွက်နိုင်အောင် ထပ်ခါထပ်ခါ တစ်ကြိမ်ပြီးတစ်ကြိမ်...
တစ်ညတာလုံးအတွက် ဘယ်နှကြိမ်ပင်နားထောင်နေရပါစေ လုံလောက်ခြင်းမရှိ ၊ ကောင်ငယ်လေးက ဝရံတာကို မှီထားရင်း အဓိပ္ပါယ်မရှိသည့်တူညီသောလုပ်ရပ်ကို လက်မလျော့ဘဲ ဆက်တိုက်လုပ်နေခဲ့သည်မှာ ဖုန်းဘက်ထရီအားကုန်ပြီး အလိုလိုပိတ်သွားခဲ့သည်အထိပင်။ ဝရံတာထက်၌ တစ်ကိုယ်တည်း ထိုင်နေခဲ့ပြီး ကောင်းကင်တစ်ခွင်လင်းလာသည့်အခါမှသာ အဆောင်ထဲ ပြန်ဝင်လာခဲ့သည်။
စန်းရန်ထံ၌ အမြဲတမ်းလိုလို မပြောထွက်နိုင်ခဲ့သည့်စကားများ ရှိခဲ့ဖူးသည်။
ဥပမာ ပေယွီမြို့သို့သွားပြီး သူမအား သွားတွေ့သည့် ထိုတစ်ကြိမ်ကဆိုလျှင်..
သူ အချိန်အကြာကြီးတွေးပြီး အကြိမ်ကြိမ်လေ့ကျင့်သွားပါသည့်တိုင် သူမအား ပြောပြဖို့ရာ မမှီတော့သလို..
ဤတစ်ကြိမ်တွင်လည်း..
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆိုသောစကားတစ်ခွန်းသည်လည်း အဖြစ်ချင်း အတူတူပါပင်..
ကြည့်ရသည်မှာ..
ဤဘဝတစ်လျှောက်လုံးအတွက် သူမကို ပြောခွင့်မရှိနိုင်တော့သည့် စကားတစ်ခွန်း ဖြစ်သွားတော့မည့်သဘောပေ။
တက္ကသိုလ် ပထမနှစ်၏ဆောင်းရာသီပိတ်ရက်တွင် စုဟောက်အန်း၏ဆွဲခေါ်သွားမှုကြောင့် စန်းရန်သည် အထက်တန်းကျောင်းမှသူငယ်ချင်းများ တွေ့ဆုံပွဲသို့ ရောက်လာခဲ့ရသည်။ နှစ်တစ်ဝက်ကြာသွားခဲ့သည့် ကာလအတွင်း သူ ပထမဆုံးအကြိမ်အဖြစ် ဝိန်းရိဖန်၏သတင်းကို ကျုံးစစ်ချောင်ထံမှ ကြားလိုက်ရခြင်းလည်းဖြစ်သည်။
ထိုအချိန်တုန်းက သီးသန့်ခန်းအတွင်ဆူညံနေသောကြောင့် စန်းရန်က ကော်ရစ်တာဘက်ထွက်ပြီး စီးကရက်သောက်နေသည့်အချိန်။
သိပ်မကြာလိုက်ခင် ကျုံးစစ်ချောင်က ဖုန်းဖြေဆိုရန် အပြင်ဘက်သို့ထွက်လာခဲ့သည်။ မီးရောင်မှိန်နေသောကြောင့် အခြားတစ်ဖက်တွင် ရပ်နေသည့် စန်းရန်ကို သတိမထားမိဘဲ
"ဆောင်းရာသီပိတ်ရက်ရတာကိုတောင်မှ တကယ်ကြီးပြန်မလာတော့ဘူးလား?..ငါတောင်မှ နင် နန်းဝူလာရင်လာ မဟုတ်ရင် ငါ ပေယွီကိုလိုက်လာပြီး နင်နဲ့လျှောက်လည်ရင်ကောင်းမလားလို့ စဥ်းစားထားတာ"
ဤစကားကိုကြားလိုက်သည့်အခိုက် စန်းရန် ငြိမ်သက်သွားခဲ့၏။
ကျုံးစစ်ချောင် ;
"ဘာလို့ ပြန်မလာတာလဲဟာ?..ရည်းစားရနေလို့လား?"
စန်းရန် လှမ်းကြည့်သွားမိတော့၏။
"မဟုတ်ရင်လည်း ဘာလို့ပြန်မလာတာလဲ?..နင်တစ်ယောက်တည်း အဲ့မှာနေနေရတာ ဘယ်လောက်ထိသနားစရာကောင်းလိုက်လဲ..."
ကျုံးစစ်ချောင် ;
"ဟုတ်ပါပြီ..ဒါဆိုလည်း အဲ့မှာနေနေတဲ့ချိန် ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး..ဟုတ်သားပဲ ဒါနဲ့..နင် အရင်က ငါ့ကိုပြောဖူးတဲ့ အွန်လိုင်းဂိမ်းလေ ငါ Download ပြီးသွားပြီ..ဒီနေ့ည စပြီးကစားတော့မှာ..နင်က ဘယ်ဒေသ,မှာ ရောက်နေတာ?..ဒေသ-နှစ် ဟုတ်လား?"
"ဒါဆို ငါ အမှတ်မှားသွားတာထင်တယ်..ဒါနဲ့လေ နင် ဂိမ်း စ,ကစားတာနဲ့ပတ်သတ်ပြီး ငါ ထူးဆန်းနေတုန်းပဲ သိလား..နင့် ဂိမ်းထဲကနာမည်က ဘာ?..ငါလည်း နင်နဲ့ ညီအစ်မနာမည်မျိုးမှည့်မလို့"
"နွေးထွေးတဲ့ရေနွေးလေး?"
ကျုံးစစ်ချောင်က တဟားဟားအော်ရယ်ရင်း
"နင့်နာမည်ကလည်းဟာ!! ဟုတ်ပြီ..ဒါဆို ငါ့နာမည်ကိုလည်း 'ရက်စက်တဲ့ရေခဲရေ' လို့ပေးလိုက်မယ်လေ"
------
နောက်တွင် စန်းရန်က ကျုံးစစ်ချောင် ကစားနေသည့်အွန်လိုင်းဂိမ်းအား စုဟောက်အန်းထံမှတဆင့် သိခဲ့ရသည်။ နှစ်သစ်ကူးမတိုင်ခင်ညတွင် သူ အိပ်ရာပေါ်၌လှဲအိပ်နေသည့်အချိန် ရုတ်တရက် ကောက်ခါငင်ခါထထိုင်ပြီး လက်တော့ပ်ကိုဖွင့်လိုက်၏။
မျက်နှာပြင်ကို တစ်ခဏကြာကြာစိုက်ကြည့်နေပြီးနောက် webpage တစ်ခုထဲဝင်ပြီး အွန်လိုင်းဂိမ်းကို Download ဆွဲလိုက်သည်။
စန်းရန်က အလိုလိုနေရင်း ယောက်ျားလေးသုံးအကောင့်ဖွင့်ခါနီးတွင် ဝိန်းရိဖန်၏အကြောင်းကိုတွေးမိရင်း Mouse ကိုရွေ့၍ မိန်းကလေးအကောင့်အဖြစ် ဖွင့်လိုက်၏။ တစ်ခဏကြာကြာစောင့်ပြီးချိန်တွင် မျက်နှာပြင်ပေါ်၌ Game id ဖြည့်ရမည့်ဇယားကွက် ပေါ်လာခဲ့သည်။
Advertisement
ထို့နောက်တွင် သူ စကားလုံးနှစ်လုံးအား ဖြည်းဖြည်းချင်းရိုက်ထည့်လိုက်၏။
--ပိုက်ကျန့်
( ရှုံးနိမ့်/အရှုံးပေးသည့်စကားလုံး 'ပိုက်' ၊ ရွှမ်းကျန့် ရဲ့ 'ကျန့်' )
သူ အရှုံးပေးပါတယ်..
သူ ဘယ်လိုနည်းနဲ့မှ လွှတ်မချနိုင်ခဲ့ဘူး..
စန်းရန်က သုံးလေးရက်ကစားပြီးနောက်တွင်မှ ဝိန်းရိဖန်နှင့် Level တူနီးနီးရောက်လာခဲ့ကာ မိတ်ဆွေများကိုရှာဖွေသည့်နေရာ၌ 'နွေးထွေးသောရေနွေးလေး' ဆိုသည့် စကားလုံးကိုရိုက်ထည့်ပြီး ရှာလိုက်သည်။
ဤအွန်လိုင်းဂိမ်းထဲတွင် မည်သည့် ဂိမ်းဒေသမှ အကောင့်ကိုမဆို Add ၍ရပြီး ဂိမ်း၏Task တစ်ခုမှာလည်း Friend 50 ပြည့်အောင် Add ခိုင်းခြင်းဖြစ်သည်။
အချိန်သိပ်မယူလိုက်ပါဘဲ ဝိန်းရိဖန်က လက်ခံလာခဲ့သည်။
ဂိမ်းအနေအထားအရ စန်းရန်က ဝိန်းရိဖန်၏တည်နေရာကိုရှာဖွေပြီး သူ့ ဂိမ်းCharacter ဖြင့် သူမ အနားသို့လျှောက်သွားလိုက်သည်။ သူမက တစ်ကိုယ်တည်း တိုက်ခိုက်နေသည်ကိုကြည့်ပြီး သူလည်း အလားတူကစားနေလိုက်ကာ တစ်ခဏကြာသွားပြီးချိန်တွင် စန်းရန်က စ၍ စာရိုက်လိုက်သည်။
[ ပိုက်ကျန့် ] ; အသင်းဖွဲ့မလား?
တစ်ချိန်တည်းဆိုသလို ဝိန်းရိဖန် ထိန်းနေသည့် Character ၏လှုပ်ရှားမှုများ ရပ်သွားခဲ့ကာ သူမ၏ခေါင်းပေါ်၌ စာတန်းတစ်ချို့ပေါ်လာ၏။
[ နွေးထွေးတဲ့ရေနွေးလေး ] ; ကောင်းပြီ။
ထိုအခိုက်အတန့်တွင် စန်းရန်က သူ့ကံကြမ္မာကို လိုလိုလားလားလက်ခံလိုက်ပြီး နှစ်တစ်ဝက်စာအချိန်များအတွင်း အလွန်ကိုမှ စိတ်လျော့ပစ်နိုင်ခဲ့သည့်အချိန်တစ်ခုပင်။ သူ နှုတ်ခမ်းများ ကွေးမိလိုက်ရင်း နှစ်ယောက်သား နောက်ဆုံးတွေ့ခဲ့သည့်အချိန်က သူ ပြောခဲ့ဖူးသည့်စကားတစ်ခွန်းကိုလည်း သတိရမိလိုက်သည်။
--' ငါ မင်းကို ထပ်ပြီး နှောင့်ယှက်နေတော့မှာ မဟုတ်ဘူး'
ကတိနှင့်တူသော စကားတစ်ခွန်းက..
သူမအား အရင်ကပြောခဲ့ဖူးသည့် ' ငါ မင်းကို အမြဲတမ်း အဖော်လုပ်ပေးနေမယ်' ဆိုသည့်စကားတစ်ခွန်းနှင့် အတူတူပင်။
သူ့ဘက်မှ သူမအား ကတိပေးခဲ့ပြီးဖြစ်သည့်အတွက် သူ သေချာပေါက် ကတိရလိမ့်မည်။
သို့သည့်တိုင်အောင် သူ မလုပ်နိုင်တော့သဖြင့်..
ပုံစံပြောင်းပြီး သူမ၏ဘေးနားသို့ ပြန်သွားရုံသာ တတ်နိုင်တော့၏။
ဝိန်းရိဖန် အင်တာနက်လိုင်းပေါ်ရောက်လာသည့်အချိန်မှာ မများလှ ၊ တက္ကသိုလ် ပထမနှစ်၏နောက်စာသင်နှစ်ဝက်အတွင်း နှစ်ယောက်သားက တစ်ယောက်နှင့်တစ်ယောက် ပို၍ရင်းနှီးလာခဲ့ကာ စကားတပြောပြောရှိလာကြ၏။
သူမက ကျောင်းဝန်းထဲတွင် စာကြည့်တိုက်ကိုသာ အမြဲတမ်းသွားတတ်ကြောင်း သူ သိခဲ့ရသည်။
သူမက ကျောင်းပြင်ပက နို့လက်ဖက်ရည်ဆိုင်တစ်ခုတွင် အချိန်ပိုင်းအလုပ်လုပ်ကြောင်း သူ သိခဲ့ရသည်။
သူမထံ၌ အမြဲတစေ ချစ်သူကောင်လေး မရှိသေးကြောင်းကိုလည်း သိခဲ့ရသည်။
------
စန်းရန်က အနှောင့်အယှက်မပြုသည့်နည်းလမ်းဖြင့် သူမ၏ဘဝအား မသိမသာလေး ပတ်သတ်နေခဲ့သည်။
နောက်တွင် လက်တွေ့လောက၏အလုပ်များမှုကြောင့်..
ဝိန်းရိဖန် ဂိမ်းထဲဝင်လာသည့်အချိန်မှာ တဖြည်းဖြည်းနှင့်နည်းလာခဲ့၏။ ဂိမ်းကစားချိန်က ရက်အနည်းငယ်မှ ရက်သတ္တပတ် ၊ ရက်သတ္တပတ် မှ လအနည်းငယ် ကြာမြင့်ခြားနားသွားခဲ့သော်ငြား ဤလေးနှစ်တာကာလလုံးတွင် သူမ ဘယ်တော့အခါမှ လုံးဝမကစားခြင်းမျိုးမပြု။
နှစ်ယောက်သား ပြောဖြစ်ကြသည့်စကားလုံးများဟာ အရေးမပါသည့်ကိစ္စများပင် ဖြစ်၏။
[ နွေးထွေးတဲ့ရေနွေးလေး ] ; နင့်နာမည်က တော်တော်လေး မလိုက်ဖက်သလားလို့။
[ နွေးထွေးတဲ့ရေနွေးလေး ] ; ရှုံးနိမ့်တဲ့ 'ပိုက်' နဲ့ အရှုံးပေးတဲ့ 'ကျန့်' ?
[နွေးထွေးတဲ့ရေနွေးလေး ] ; မဟုတ်သေးပါဘူး ၊ နင့်နာမည်က 'ရှန့်' လို့ ဖတ်ရမှာလား..'ကျန့်' လို့ဖတ်ရမှာလား။
[ ပိုက်ကျန့် ] ; 'ကျန့်'
[ နွေးထွေးတဲ့ရေနွေးလေး ] ; ဒါဆို နင် စာလုံးပေါင်းမှားရေးထားတယ်ထင်တယ် ၊ 'ကျန့်' က အရှုံးပေးတဲ့ 'ကျန့်' ဖြစ်ရမှာလေ။
[ ပိုက်ကျန် ] ; 'ကျန့်' လို့ရေးမိသွားလို့။
( T/N ; 'ပိုက်ကျန့်' ဆိုတဲ့ မူရင်းအဓိပ္ပါယ်စကားလုံးက တစ်လုံးချင်းစီခွဲရေးရင် 'ပိုက်' ကလည်း အရှုံးပေးတာပဲ ၊ 'ကျန့်' ကလည်း အရှုံးပေးတာပဲ ၊ တွဲသုံးမယ်ဆိုလည်း အဲ့ဒီ အရှုံးပေးပါတယ်ဆိုတဲ့ 'ပိုက်' နဲ့ 'ကျန့်' ကိုပဲ တွဲသုံးရမှာပါ ၊ အခြားအသံထွက်တူတဲ့ 'ပိုက်' ' ကျန့်' တွေနဲ့သုံးရင် အဓိပ္ပါယ်မရှိတော့တာထက် သုံးနှုန်းပြဖို့ အဆင်မပြေဘူး ၊
ဥပမာ - မြန်မာလိုဆိုရင် 'ဆီးနှင်း' နဲ့ 'ဆီးနင်း' မှာ ဟထိုး မပါတော့တာနဲ့ ဖတ်လို့ရပေမယ့် အဓိပ္ပါယ်ကွဲသွားသလိုမျိုး။
စန်းရန်က မူရင်းတွဲသုံးရမယ့်စာလုံး အရှုံးပေးတဲ့ 'ကျန့်' နေရာမှာ အသံထွက်ချင်းတူတဲ့ ရွှမ်းကျန့်က 'ကျန့်' ကို ရေးလိုက်တာမလို့ - ဆိုလိုချင်တာက သူ ( 'ကျန့်' ကို အရှုံးပေးပါတယ် ) လို့ ဖြစ်သွားခဲ့ပါတယ် )
[ နွေးထွေးတဲ့ရေနွေးလေး ] ; ရှေ့လျှောက် ငါ စာလုပ်ရတော့မှာမလို့ သိပ်ကစားဖြစ်တော့မှာမဟုတ်ဘူး။
[ ပိုက်ကျန့် ] ; အင်း။
[ နွေးထွေးတဲ့ရေနွေးလေး ] ; ငါတို့နှစ်ယောက်က အသင်းဖွဲ့ထားတာဆိုတော့ နင် စောင့်နေမလားဆိုတာ မသေချာပေမယ့်.. နင် ငါ့ကို စောင့်နေမှာကိုစိုးရိမ်လို့ နင့်ကို တစ်ချက်အသိလာပေးတာ။
[ ပိုက်ကျန့် ] ; စောင့်နေမှာပါ။
[ နွေးထွေးတဲ့ရေနွေးလေး ] ; ဒါပေမယ့် ငါက အလုပ်သင်အတွက် ပြင်ဆင်နေပြီမလို့ ဂိမ်းထဲဝင်တဲ့အချိန် နည်းတော့မှာ။
[ ပိုက်ကျန့် ] ; အားတဲ့အချိန်ကျရင် ထပ်ဆက်သွယ်ပါ။
နှစ်ယောက်သား အဆက်အသွယ်လုပ်နေကြသည့်တစ်ခုတည်းသောနည်းလမ်းမှာလည်း တဖြည်းဖြည်းနှင့်အဆက်အသွယ်နည်းလာခဲ့သည်။
စန်းရန်က ထုံးစံအတိုင်း ယီဟဲမြို့သို့ မကြာခဏသွားလေ့ရှိပြီး အကြိမ်တိုင်း တွေ့မြင်နေရခြင်းမျိုးမဟုတ်ပါသော်ငြား များသောအားဖြင့် သူမ၏လက်ရှိအခြေအနေကို မြင်နိုင်ခဲ့၏။ သူမက ထပ်၍ပိန်လာသည့်အကြောင်း ၊ ဘေးနားတွင် သူငယ်ချင်းအသစ်များ ရှိလာသည့်အကြောင်း ၊ ဆံပင်ကို ထပ်ညှပ်လိုက်သည့်အကြောင်း ၊ ပို၍ နှစ်လိုဖွယ်ကောင်းလာသည့်အကြောင်း...
နောက်တွင် Wechat ဆိုသည့် ဆက်သွယ်ရေး App တစ်ခု အသစ်ပေါ်လာခဲ့သည်။
တစ်ညတွင် စန်းရန်၏ New Friend ကော်လံထဲတွင် အနီစက်လေးပေါ်လာသောကြောင့် ဖွင့်ကြည့်လိုက်ရာ တစ်ဖက်လူ၏နာမည် 'ဝိန်း' ဆိုသည့်စကားလုံးနှင့်အတူ Id - wenyifan1024 အား တွေ့လိုက်ရတော့သည်။
ဖုန်းနံပါတ် Contact တဆင့် Add လာခြင်းဖြစ်သည်။
စန်းရန် စက္ကန့်ပိုင်းကြာကြာစိုက်ကြည့်ပြီးမှ လက်ခံသည့်နေရာကို နှိပ်လိုက်၏။
တစ်ဖက်လူက သူ့အား မည်သည့်စကားကိုမှ လက်ဦးမှုယူ၍ ပြောလာခြင်းမရှိ။
ကြည့်ရသည့်မှာ သူ့ကို Add လာသည့်ကိစ္စကလည်း မှားနှိပ်သွားခဲ့သည့်ပုံပါပင်။
အချိန်တစ်ခုစာ ထပ်၍ ကြာသွားပြီးသည့်အခါ...
သူမ တင်လာသည့် ပထမဆုံးပို့စ်အား စန်းရန် တွေ့ခဲ့ရ၏။ ဓါတ်ပုံထဲတွင် သတင်းစာများကို အထပ်လိုက်စီထားပြီး ရေးထားသည့် Caption က ;
[ တစ်ပတ်စာ သတင်းစာတွေကိုကြည့်ပါဦး ၊ မနက်ဖြန် လုပ်စရာအလုပ်မရှိရင် ငါ စပြီး ကျက်ရတော့မယ် ]
ကျုံးစစ်ချောင်က အောက်ဘက်၌ ;
[ ဟား ဟား ဟား ဟား..အလုပ်သင်ဘဝ မဆိုးပါလား! ]
ဓါတ်ပုံပေါ်ရှိလက်ရေးစာများမှတဆင့် ယီဟဲနေ့စဥ်သတင်းစာမှန်း စန်းရန် သိလိုက်ရ၏။
နောက်တစ်ကြိမ် ယီဟဲမြို့သို့ သွားသည့်အခါ သတင်းစာရောင်းသည့်ဆိုင်တစ်ဆိုင်အရောက်တွင် စန်းရန်၏ခြေလှမ်းများ ရပ်သွားပြီး ထိုဆိုင်ဆီသို့ လျှောက်သွားခဲ့၏။ သူ့ပိုက်ဆံအိတ်ထဲမှ ယွမ် ၁၀၀ တန်တစ်ချို့ကို ထုတ်လိုက်ပြီး သတင်စာရောင်းသည့်အန်တီကြီးထံသို့ လှမ်းပေးလိုက်ကာ အညင်သာဆုံးစကားဆိုလိုက်သည်။
"အန်တီ..ယီဟဲနေ့စဥ်သတင်းစာတွေကို ကျွန်တော့်အတွက် နေ့တိုင်း တစ်ခုစီချန်ထားပေးလို့ရမလား"
"အာ..တစ်ခုစီချန်ထားရမှာလား"
"ဟုတ်ကဲ့..ကျွန်တော် သုံးလနေရင် တစ်ခါလာယူပါမယ်"
------
ဝိန်းရိဖန် ဘွဲ့ယူသည့်နေ့တွင် စန်းရန်က ဘွဲ့ယူသည့်ခန်းမထဲတွင်ရှိနေခဲ့ပြီး နောက်ဆုံးခုံတန်း၌ထိုင်ကာ သူမ စင်ပေါ်တက်ပြီးဘွဲ့လက်မှတ်ယူသည်အား ကြည့်နေခဲ့သည်။ သူမက သူငယ်ချင်းများ ဆွဲခေါ်သည့်နောက်သို့ပါသွားပြီး အမှတ်တရဓါတ်ပုံရိုက်နေရန်ကိုလည်း ကြည့်နေခဲ့သည်။
သူ့မျက်လုံးထဲတွင် သူမဟာ လူအုပ်ကြီးအလယ်၌ရပ်နေသည့်တိုင် အမြဲတမ်းအတွက် အထင်ရှားဆုံးဖြစ်နေသည့်တစ်ယောက်တည်းသောသူ...
အမြဲတမ်းအတွက် တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် တွေ့မြင်နိုင်သည့်ဖြစ်တည်မှုပင်။
ထိုတဒင်္ဂလေးတွင် စန်းရန်က အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်သည်။ အဝေးတစ်နေရာမှ ဝိန်းရိဖန်အား ငေးကြည့်နေခဲ့ကာ လူပင်လယ်ကြီးထဲရောက်နေသည့် သူမဟာ သူနှင့် တံတိုင်းတစ်ခုစည်းခြားထားသည့်အတိုင်း။
ဤမျှထိများပြားလွန်းသည့်အကြိမ်ရေများတွင်..
သူမက တစ်ကြိမ်တစ်ခါလေးတောင်မှ သူ၏တည်ရှိနေမှုကို သတိမထားမိခဲ့ဖူး..
ဟိုးအစမှ အဆုံးတိုင်..
သူမဟာ သူ့အား ဘယ်တော့အခါကမှ မြင်ပုံမရခဲ့၏။
စန်းရန်က သူဝတ်နေကျမဟုတ်သည့်စတိုင်လ်မျိုးဖြစ်သော ပုံစံကျသည့် အဖြူရောင်ရှပ်တစ်ထည်နှင့် စတိုင်လ်ပန်ကို ဝတ်ထားသည်။ သူက ဖုန်းကိုမြှောက်လိုက်ပြီး လေးနှစ်ထက်မနည်းကြာခဲ့သည့်အချိန်တွင်တော့ သူမ၏အရှေ့မျက်မှောက်၌ သူမ၏နာမည်ကို လှမ်းခေါ်မိလိုက်တော့၏ ; "ဝိန်းရိဖန်"
အသံကြားရာအတိုင်း ဝိန်းရိဖန်က ဗလာချည်းသက်သက်လှမ်းကြည့်လာခဲ့သည်။
ဤတစ်ကြိမ်ဟာ စန်းရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ဦးထုပ်မဆောင်း ၊ Mask မတပ်ဘဲ သူမ၏အရှေ့တွင် ပေါ်လာခြင်းဖြစ်ရာ အလွန်တရာကိုမှ စိတ်လှုပ်ရှားခြောက်ခြားမိသွားရတော့၏။
သူမဘက်မှ သူ့ကို တွေ့မြင်သွားဖို့လည်း မျှော်လင့်မိသလို သူမဘက်က မတွေ့သွားဖို့ကိုလည်း တောင့်တပြန်သည်။
ဝိန်းရိဖန်၏အကြည့်များ သူ့မျက်နှာပေါ်သို့ လုံးဝရောက်လာသည့်ထိုအခိုက်အတန့်တွင်...
စန်းရန်က တစ်ဖက်သို့လှည့်သွားပြီး အခြားဦးတည်ရာဘက်သို့ လျှောက်ထွက်လာခဲ့တော့သည်။ ခေါင်းငုံ့ထားပြီး ဖုန်းမျက်နှာပြင်ထက်မှ ဝိန်းရိဖန်၏ပုံကို ကြည့်နေခဲ့ကာ သူမ၏မျက်နှာထက်ရှိအပြုံးသေးသေးလေးက ဘွဲ့ရသည့်ပျော်ရွှင်ခြင်းများကြား နစ်မျောနေသလိုပါပင်။
သည်လိုဆိုမှတော့..
သူမ ပျော်ရွှင်နေတဲ့နေ့ရက်မှာ..
မတွေ့သင့်တဲ့သူကို မတွေ့လိုက်တာ အကောင်းဆုံးပါပဲ..
Advertisement
- In Serial25 Chapters
(Hiccup X reader) The One You Needed
This book takes place after HTTYD2LEMON WARNING ;) and major feels. EnjoyyyThe characters from the movies have the same personalities btw (including Astrid) :)Summary -You're a Northern Viking, 19 years old... you escaped from your homeland for what you believed in. Your love for dragons. You've been travelling for nearly 6 years. Just you and your Lightfury...Your past infuriates and upsets you... you keep away from it as well as keeping away from staying on any island for too long. You tend to leave places without creating any connections because you don't want a reason to stay anywhere... you don't want to be vulnerable to getting your fragile heart broken again. You always thought that you wanted to stay alone forever, just you and your dragon...UNTIL HICCUP....You meet obstacles along your journey that causes your mysterious past catch up to you. Will you find a reason to stay somewhere?...- rude language - brief sexual content- brief violanceI hope you all enjoy this book as much as I enjoyed writing it! Tell me what you think :)(Please note, most of the characters belong to Dreamworks's How To Train Your Dragon)
8 242 - In Serial30 Chapters
Say That You Want Me
'Mona, the Slut', they call her. She doesn't care. She wont let anyone get to her, or get close to her. Certainly not any man. That is until Aaron comes along. She seems unable to brush off the strange attraction she feels toward him and he seems determined to dig his way into her heart.
8 70 - In Serial6 Chapters
Vacation on the Placeholder
An overthinker to the very core, still I never know what to do. Fantasy and madness combine into reality, and the holiday that was supposed to be my cope turns into something mysteriously crazy.
8 139 - In Serial13 Chapters
Flower Crown ~ Zianourry[ON HOLD]
JUST typical Flower crown Zayn and his life with his daddiesMore details inside
8 212 - In Serial16 Chapters
Sexy Literature ✔️
Easton heads to a book store where he encounters an arrogant but sexy guy.
8 73 - In Serial10 Chapters
Papi .
He was the one who showed me I could somehow be loved. We both lived vicariously through eachother. For all intense purposes, he holds my heart in his hands. A journey along side the poetically emotional and spiritual growth of a Boy trying to understand life. All Rights Reserved©️
8 136

