《First Frost (Myanmar Translation)》Extra 3
Advertisement
ဝိန်းရိဖန်၏မွေးနေ့ မတိုင်ခင် တစ်ရက်အလို ညတွင်။
ကတ်ကြေးများကို စန်းရန်က ဘယ်နေရာတွင် သိမ်းထားမှန်းမသိသဖြင့် ဝိန်းရိဖန်တစ်ယောက် ဧည့်ခန်းထဲ၌ အချိန်အတော်ကြာကြီး ရှာနေသည့်တိုင်မတွေ့။ ထို့အစား အံဆွဲထဲမှ စန်းရန်၏ဖုန်းအဟောင်းများကို အမှတ်မဲ့ရှာတွေ့သွားခဲ့သည်။
ထိုထဲမှတစ်ခုဟာ ဒီဇိုင်းဟောင်း ခလုတ်နှိပ်ရသည့်ဖုန်းအမျိုးအစား။
အစွန်းများက မီးလောင်ပြီး ပျက်စီးနေပြီဖြစ်ကာ ဘယ်လိုပင်ကြည့်ကြည့် သုံး၍မရတော့သည့်ပုံစံ။ အဘယ်ကြောင့်သိမ်းထားသေးမှန်းတော့ မသိ၏။
ဤအချင်းအရာကြောင့် ဝိန်းရိဖန်သည် အိမ်မီးလောင်သည့်နေ့က ချန်ဝေ့ဟွာ၏အင်တာဗျူးကို စန်းရန်ဖြေပေးခဲ့သည့်စကားတစ်ခွန်းအား အမှတ်ရလိုက်သည်။
---'အိမ်ခန်းနဲ့ပရိဘောဂတွေအပြင် ဖုန်းအဟောင်းလေးတစ်လုံးတော့ လောင်သွားတယ်..ဒါပေမယ့်လည်း အသုံးပြုလို့မရတော့တာ ကြာပါပြီ'
ကြည့်ရသည်မှာ မီးလောင်သွားသည့်တစ်ခုက သည်တစ်ခုပင်ဖြစ်မည်။
ဝိန်းရိဖန်က အချိန်တစ်ခုကြာသည်အထိ ဗလာချည်းသက်သက်စိုက်ကြည့်နေမိ၏။ သည်အခိုက်အတန့်တွင် အိမ်တံခါးအဝင်ဝ၌ အဖွင့်အပိတ်လုပ်သည့်အသံကိုကြားလိုက်ရ၏။ သူမ လှည့်ကြည့်လိုက်လျှင် အိမ်ထဲဝင်လာပြီး ဖိနပ်လဲနေသည့်စန်းရန်ကို မြင်လိုက်ရသည်။
"ဘာတွေလုပ်နေတာလဲ"
ဝိန်းရိဖန်က 'အာ' ဟုအသံတစ်ချက်ပြု၍
"ကတ်ကြေးရှာနေတာ"
စန်းရန် ;
"ကိုယ် မီးဖိုချောင်ထဲမှာ ထားထားတယ်"
"အင်း"
ဝိန်းရိဖန်က လက်ကိုင်ဖုန်းကို နေရာတကျပြန်ထည့်လိုက်ပြီး မတ်တပ်ရပ်ကာ မီးဖိုချောင်ဆီသို့ လျှောက်လာခဲ့သည်။ သူမ၏အတွေးများက ပျံ့လွင့်နေလေပြီး လက်ကိုင်ဖုန်းအကြောင်းကိုသာ တွေးမိနေသည့်အချိန် စန်းရန်က သူမ၏အနောက်မှ လိုက်လာကြောင်းမြင်နေရသဖြင့် လက်ဦးမှုယူ၍ ဝန်ခံလိုက်သည်။
"ငါ ခုဏတုန်းက နင့်ရဲ့ဖုန်းအဟောင်းတွေကို တွေ့လိုက်တယ်"
စန်းရန်က အလျင်းသင့်သလိုသာ ပြန်ဖြေလာ၏။
"အင်း..ကတ်ကြေးက ဘာလုပ်ဖို့လဲ"
ဝိန်းရိဖန် ;
"ငါ မျက်နှာကပ် Mask ထုပ် ကိုဖွင့်နေတာ..ဖွင့်လို့မရလို့"
စကားလမ်းကြောင်းလွဲသွားသဖြင့် ဝိန်းရိဖန်က ပြန်ဆွဲယူလိုက်၏။
"အဲ့ဖုန်းထဲမှာ တစ်ခုခုရှိနေလို့လား..အဲ့လောက်ထိလောင်ပြီး ပျက်စီးနေပြီကို ဘာလို့ သိမ်းထားသေးတာလဲ"
စန်းရန်က ဖြေးဖြေးချင်းသာဖြေလိုက်သည်။
"ကိုယ်တို့ရဲ့ အမှတ်စာရင်းတွေ"
ဤစကားတစ်ခွန်းနှင့် ညီမျှသည့်ဆိုလိုရင်းအဓိပ္ပါယ်မှာ..
ထိုလက်ကိုင်ဖုန်းထဲတွင် သူတို့နှစ်ဦး အထက်တန်း ဒုတိယနှစ်မှစ တက္ကသိုလ်ဝင်တန်းဖြေပြီးသည့်အထိ ပို့ထားကြသောမက်ဆေ့များကို သိမ်းထားခြင်း ဟူ၍ပင်။
အစမရှိ အဆုံးမရှိ ပြောထားကြသောစကားများ ၊ နေကောင်းကျန်းမာမေးထားသည့်စကားလုံး ၊ ထို့အပြင် မိုးပြင်းလေပြင်း လျှပ်စီးမိုးကြိုးများပါ ကိုင်မလှုပ်နိုင်သည့် အမှတ်စာရင်းရလဒ်များ။
အသေအချာပြန်တွေးကြည့်လိုက်လျှင် ထိုအချိန်အခါတုန်းက နေ့စဥ်နေ့တိုင်း အဘယ်လိုစကားများကိုပြောခဲ့ကြကြောင်းအား ဝိန်းရိဖန်လည်း မှတ်မိနေပါသေးသည်။ မည်သည့် မရေရာမသေချာသောစကားလုံးတို့မှမပါဘဲ ပြောသမျှစကားလုံးတိုင်းဟာ အခြားအဓိပ္ပါယ်များကို ရည်ညွှန်းနေခြင်းမရှိသည့် သာမန်စကားလုံးများပင်ဖြစ်နေပါသော်ငြား ကိုယ်ပိုင်အချိုဓါတ်လေး ရှိနေစမြဲ။
-----
စန်းရန် ; [ မနက်ဖြန်က မင်း မွေးနေ့မလား..နောက်တစ်ခါလာတွေ့ရင် ငါ မင်းအတွက် လက်ဆောင်ယူလာခဲ့မယ် ]
ဝိန်းရိဖန် ; [ နင့်မွေးနေ့ကရော ဘယ်နေ့လဲ ]
စန်းရန် ; [ နှစ်သစ်ကူးနေ့ပြီးနောက်တစ်ရက်..ဘာလို့လဲ ]
ဝိန်းရိဖန် ; [ လက်ဆောင်ပြန်ပေးဖို့ ]
-----
စန်းရန် ; [ မဖြေနိုင်ခဲ့ဘူး..ငါ့ကို နှစ်သိမ့်ပေးပါဦး ]
ဝိန်းရိဖန် ; [ နောက်မှ နှစ်သိမ့်လို့ရလား? ငါ ကောင်းကောင်းဖြေနိုင်ခဲ့လို့ ခဏလောက် ထပ်ပြီးပျော်လိုက်ဦးမယ် ]
-----
ဝိန်းရိဖန် ; [ ငါ ဒီနေ့အိမ်ပြန်တဲ့လမ်းမှာ နင်နဲ့တူတဲ့ကောင်လေးတစ်ယောက်ကို စတိုးဆိုင်နားမှာ တွေ့လိုက်သေးတယ်..နင် လာတယ်လို့တောင် ငါ ထင်လိုက်တာ ]
စန်းရန် ; [ နောက်တစ်ပတ် စနေနေ့..ရတယ်မလား ]
ဝိန်းရိဖန် ; [ ဘာလဲ ]
စန်းရန် ; [ တကယ့် အစစ်ကို လာပြမလို့ ]
-----
ဝိန်းရိဖန်၏အတွေးများက စန်းရန်၏ရေပိုက်ဖွင့်လိုက်သည့်အသံကြောင့် ပျယ်လွင့်သွားခဲ့ကာ အသိစိတ်ပြန်ကပ်လာပြီး စန်းရန်အား ငေးကြည့်နေလိုက်သည်။ ပြန်ဆုံတွေ့ကြသည့်အချိန်တုန်းက စန်းရန်က သူမအား မမှတ်မိချင်ယောင်ဆောင်နေခဲ့သည့်ကိစ္စကို တွေးမိရင်း
"နင် အရင်တုန်းက ဘာဖြစ်လို့ ငါ့ကို မမှတ်မိချင်ယောင်ဆောင်ခဲ့တာလဲ"
"မတွေ့ဖြစ်တာအရမ်းကြာခဲ့ပြီဆိုတော့.."
စန်းရန်က တစ်သျှူးတစ်ရွက်ကို လှမ်းယူပြီး ရေစင်အောင်သုတ်လိုက်၏။
"မင်း ကိုယ့်ဆီ ပိုက်ဆံလာချေးမှာကြောက်လို့"
"...."
ဝိန်းရိဖန်၏အမူအရာကို မြင်နေရသည့် စန်းရန်မှာ မတည်တံ့နိုင်တော့ဘဲ အသံထွက်အောင်ရယ်လိုက်ပြီး သူမ၏မျက်နှာအား ထုံးစံအတိုင်းဖြစ်ညှစ်လိုက်သည်။
"ဒါက ဘယ်လိုတွေတောင် စိုက်ကြည့်နေရတာလဲ..ကိုယ့်အတွက်ကိုယ်တော့ ရစရာမျက်နှာလေးကျန်အောင် လုပ်ရဦးမယ်လေကွာ..မရဘူးလား?"
ဝိန်းရိဖန်က ခပ်တိုးတိုးဖြင့်
"ဒီလိုဆိုရင်တောင်မှ ဘာလို့ 'ယွိကျော'ကနေတဆင့် စကားမပြောခိုင်းရတာလဲ"
"ကိုယ်က ကိုယ့်အတွက်ကိုယ် ရစရာမျက်နှာလေး ချန်ချင်တယ်လို့ပြောတာပါကွာ"
ဝိန်းရိဖန်၏တွေးပုံတွေးနည်းက ပြဿနာရှိနေခြင်းလား သို့မဟုတ် သူ့ပြောပုံဆိုပုံက ပြဿနာရှိနေခြင်းလား ၊ စန်းရန် မသိပါတော့ပေ။
"ကိုယ် မင်းနဲ့ စကားမပြောချင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ..နားလည်လား?"
"...."
ဝိန်းရိဖန် သုံးလေးစက္ကန့်ငြိမ်သွားပြီးသည့်အခါ ပြုံးလာခဲ့၍
"အဲ့ဒါနဲ့ပဲ မရင်းနှီးချင်ယောင်ဆောင်ပြီး စကားလာပြောတာပေါ့"
စန်းရန်၏အမူအရာက ဤအကြောင်းအရာများ သူမ သိသွားသည့်တိုင် အနေရမခက်သည့်ပုံစံမျိုးဖြင့် ရယ်ရုံသာရယ်နေလေသည်။ စန်းရန်က ခပ်မတ်မတ်ရပ်ပြီး ဘေးနားမှ ကတ်ကြေးကို လှမ်းယူမည်အပြု ;
"ကတ်ကြေး လိုချင်တာဆို?"
Advertisement
သူ လှမ်းမယူလိုက်ရခင်ပင် ဝိန်းရိဖန်က သူ့ရင်ခွင်ထဲ ဝင်လာပြီး သူ့အား တင်းတင်းကြပ်ကြပ်ဖက်လာခဲ့သည်။
စန်းရန် တုံ့ခနဲရပ်သွား၍
"ဘာဖြစ်တာလဲ?"
"ဘာမှမဟုတ်ဘူး"
သူ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဝိန်းရိဖန် တစ်ကိုယ်တည်းသာ တိုးဖျဖျလေးရေရွတ်လိုက်၏။
"တကယ့်အစစ်ကို ဖက်ထားချင်လို့"
မီးဖိုချောင်ထဲတွင် လင်းထိန်ပြီး တိတ်ဆိတ်လျက်။
ဤစကားတစ်ခွန်းကို ကြားလိုက်ရသည့်အခါ စန်းရန်၏အမူအရာမှာ မသိမသာလေးမှင်သေသွားပြီး အကြောင်းအမျိုးမျိုးဖြင့် သူ့နှုတ်ခမ်းပါးကိုကွေးကာ ပြုံးမိလိုက်၏။ အချိန်တစ်ခုစာကြာသွားပြီးသည့်အခါ သူ ခေါင်းကိုအသာအယာငုံ့လာပြီး သူမ၏ဆံပင်များကြား နမ်းရှိုက်လိုက်၍
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန် ခေါင်းမော့ပြီး အကြည့်ချင်းဆုံလိုက်၏။
"အမ်?"
ယောက်ျားလေး၏ဆံပင်တို့က နဖူးရှေ့၌ ကျိုးတိုးကျဲတဲကျနေသည်မှာ မျက်နှာထက်၌ အရိပ်လေးများထင်အောင် ဖန်တီးပုံဖော်ထားသလို။ သူမအား ပြန်လည်ပွေ့ဖက်ပေးထားသည့် သူ၏အရပ်မြင့်မြင့် ရင်အုပ်ကျယ်ကျယ်ခန္ဓာကိုယ်ထက်တွင် လုံခြုံကိုပေးစွမ်းသည့်ခံစားချက်မျိုးများကလည်း အပြည့်အဝသယ်ဆောင်ထားလျက်။ သူ့နှာခေါင်းထိပ်ဖြင့် သူမ၏နှာခေါင်းထိပ်ကို ဖွဖွလေး ပွတ်သပ်ရင်း သဘာဝကျကျစကားဆိုလာခဲ့သည်။
"မနက်ဖြန်ကျရင် လက်ထပ်မှတ်ပုံတင်ရအောင်"
"...."
ဤစကားတစ်ခွန်း ရုတ်တရက် ရောက်လာသည်မှာ
လက်ရှိအခြေအနေကြောင့် လျှပ်တပြက်ပေါ်လာသည့်အတွေးတစ်ခုနှင့်လည်း တူညီလှသလို ဂရုတစိုက်နှင့်စဥ်းစားတွေးတောပြီးမှ ပြောထွက်လာသည့်စကားတစ်ခွန်းနှင့်တူပါသေးသည်။
သို့သော် ဘယ်လိုအမျိုးအစားပင်ဖြစ်နေခဲ့ပါစေ..
အားလုံးက..
သူမကို ရည်ရွယ်ပြီး ပြောနေခြင်းသာ..
သူ့ဘက်က သူမအား တစ်ဘဝစာလုံးအတွက် ပေးအပ်ဖို့ရာ ဆုံးဖြတ်ခဲ့ပြီးပြီ..
ဝိန်းရိဖန်က မျက်ဝန်းများပူနွေးလာရကာ မျက်တောင်တဖျက်ဖျက်ခတ်ရင်း စနောက်မိလိုက်သေး၏။
"မင်္ဂလာရှိမယ့် ရက်ကောင်းရက်မြတ်ကို မရွေးတော့ဘူးလား"
စန်းရန်က လက်ကိုမြှောက်လာပြီး ဝိန်းရိဖန်၏မျက်ဝန်းထောင့်များကို ပွတ်သတ်လိုက်၍
"မနက်ဖြန်ပဲလေ"
"မနက်ဖြန်?"
ဝိန်းရိဖန် ပြန်တွေးကြည့်လိုက်လျှင်
"မနက်ဖြန်က ငါ့မွေးနေ့မလား"
"အင်း"
စက္ကန့်အပိုင်းအခြားလေးအတွင်း စန်းရန် ဆိုလိုသည့်စကား၏အဓိပ္ပါယ်ကို ဝိန်းရိဖန် နားလည်သွားခဲ့ရသည်။
မင်း မွေးလာခဲ့တဲ့ နေ့ဟာ..
ကိုယ့်အတွက်တော့ ဆယ့်နှစ်လရာသီခွင် တစ်နှစ်ပတ်လုံးမှာ ကျက်သရေမင်္ဂလာအရှိဆုံး ရက်ကောင်းရက်မြတ်ပါပဲ..
---------
(Zawgyi)
ဝိန္းရိဖန္၏ေမြးေန႕ မတိုင္ခင္ တစ္ရက္အလို ညတြင္။
ကတ္ေၾကးမ်ားကို စန္းရန္က ဘယ္ေနရာတြင္ သိမ္းထားမွန္းမသိသျဖင့္ ဝိန္းရိဖန္တစ္ေယာက္ ဧည့္ခန္းထဲ၌ အခ်ိန္အေတာ္ၾကာႀကီး ရွာေနသည့္တိုင္မေတြ႕။ ထို႔အစား အံဆြဲထဲမွ စန္းရန္၏ဖုန္းအေဟာင္းမ်ားကို အမွတ္မဲ့ရွာေတြ႕သြားခဲ့သည္။
ထိုထဲမွတစ္ခုဟာ ဒီဇိုင္းေဟာင္း ခလုတ္ႏွိပ္ရသည့္ဖုန္းအမ်ိဳးအစား။
အစြန္းမ်ားက မီးေလာင္ၿပီး ပ်က္စီးေနၿပီျဖစ္ကာ ဘယ္လိုပင္ၾကည့္ၾကည့္ သုံး၍မရေတာ့သည့္ပုံစံ။ အဘယ္ေၾကာင့္သိမ္းထားေသးမွန္းေတာ့ မသိ၏။
ဤအခ်င္းအရာေၾကာင့္ ဝိန္းရိဖန္သည္ အိမ္မီးေလာင္သည့္ေန႕က ခ်န္ေဝ့ဟြာ၏အင္တာဗ်ဴးကို စန္းရန္ေျဖေပးခဲ့သည့္စကားတစ္ခြန္းအား အမွတ္ရလိုက္သည္။
---'အိမ္ခန္းနဲ႕ပရိေဘာဂေတြအျပင္ ဖုန္းအေဟာင္းေလးတစ္လုံးေတာ့ ေလာင္သြားတယ္..ဒါေပမယ့္လည္း အသုံးျပဳလို႔မရေတာ့တာ ၾကာပါၿပီ'
ၾကည့္ရသည္မွာ မီးေလာင္သြားသည့္တစ္ခုက သည္တစ္ခုပင္ျဖစ္မည္။
ဝိန္းရိဖန္က အခ်ိန္တစ္ခုၾကာသည္အထိ ဗလာခ်ည္းသက္သက္စိုက္ၾကည့္ေနမိ၏။ သည္အခိုက္အတန့္တြင္ အိမ္တံခါးအဝင္ဝ၌ အဖြင့္အပိတ္လုပ္သည့္အသံကိုၾကားလိုက္ရ၏။ သူမ လွည့္ၾကည့္လိုက္လွ်င္ အိမ္ထဲဝင္လာၿပီး ဖိနပ္လဲေနသည့္စန္းရန္ကို ျမင္လိုက္ရသည္။
"ဘာေတြလုပ္ေနတာလဲ"
ဝိန္းရိဖန္က 'အာ' ဟုအသံတစ္ခ်က္ျပဳ၍
"ကတ္ေၾကးရွာေနတာ"
စန္းရန္ ;
"ကိုယ္ မီးဖိုေခ်ာင္ထဲမွာ ထားထားတယ္"
"အင္း"
ဝိန္းရိဖန္က လက္ကိုင္ဖုန္းကို ေနရာတက်ျပန္ထည့္လိုက္ၿပီး မတ္တပ္ရပ္ကာ မီးဖိုေခ်ာင္ဆီသို႔ ေလွ်ာက္လာခဲ့သည္။ သူမ၏အေတြးမ်ားက ပ်ံ့လြင့္ေနေလၿပီး လက္ကိုင္ဖုန္းအေၾကာင္းကိုသာ ေတြးမိေနသည့္အခ်ိန္ စန္းရန္က သူမ၏အေနာက္မွ လိုက္လာေၾကာင္းျမင္ေနရသျဖင့္ လက္ဦးမႈယူ၍ ဝန္ခံလိုက္သည္။
"ငါ ခုဏတုန္းက နင့္ရဲ႕ဖုန္းအေဟာင္းေတြကို ေတြ႕လိုက္တယ္"
စန္းရန္က အလ်င္းသင့္သလိုသာ ျပန္ေျဖလာ၏။
"အင္း..ကတ္ေၾကးက ဘာလုပ္ဖို႔လဲ"
ဝိန္းရိဖန္ ;
"ငါ မ်က္ႏွာကပ္ Mask ထုပ္ ကိုဖြင့္ေနတာ..ဖြင့္လို႔မရလို႔"
စကားလမ္းေၾကာင္းလြဲသြားသျဖင့္ ဝိန္းရိဖန္က ျပန္ဆြဲယူလိုက္၏။
"အဲ့ဖုန္းထဲမွာ တစ္ခုခုရွိေနလို႔လား..အဲ့ေလာက္ထိေလာင္ၿပီး ပ်က္စီးေနၿပီကို ဘာလို႔ သိမ္းထားေသးတာလဲ"
စန္းရန္က ေျဖးေျဖးခ်င္းသာေျဖလိုက္သည္။
"ကိုယ္တို႔ရဲ႕ အမွတ္စာရင္းေတြ"
ဤစကားတစ္ခြန္းႏွင့္ ညီမျှသည့်ဆိုလိုရင်းအဓိပ္ပါယ်မှာ..
ထိုလက္ကိုင္ဖုန္းထဲတြင္ သူတို႔ႏွစ္ဦး အထက္တန္း ဒုတိယႏွစ္မွစ တကၠသိုလ္ဝင္တန္းေျဖၿပီးသည့္အထိ ပို႔ထားၾကေသာမက္ေဆ့မ်ားကို သိမ္းထားျခင္း ဟူ၍ပင္။
အစမရွိ အဆုံးမရွိ ေျပာထားၾကေသာစကားမ်ား ၊ ေနေကာင္းက်န္းမာေမးထားသည့္စကားလုံး ၊ ထို႔အျပင္ မိုးျပင္းေလျပင္း လွ်ပ္စီးမိုးႀကိဳးမ်ားပါ ကိုင္မလႈပ္နိုင္သည့္ အမွတ္စာရင္းရလဒ္မ်ား။
အေသအခ်ာျပန္ေတြးၾကည့္လိုက္လွ်င္ ထိုအခ်ိန္အခါတုန္းက ေန႕စဥ္ေန႕တိုင္း အဘယ္လိုစကားမ်ားကိုေျပာခဲ့ၾကေၾကာင္းအား ဝိန္းရိဖန္လည္း မွတ္မိေနပါေသးသည္။ မည္သည့္ မေရရာမေသခ်ာေသာစကားလုံးတို႔မွမပါဘဲ ေျပာသမွ်စကားလုံးတိုင္းဟာ အခြားအဓိပ္ပါယ်များကို ရည္ၫႊန္းေနျခင္းမရွိသည့္ သာမန္စကားလုံးမ်ားပင္ျဖစ္ေနပါေသာ္ျငား ကိုယ္ပိုင္အခ်ိဳဓါတ္ေလး ရွိေနစၿမဲ။
-----
စန္းရန္ ; [ မနက္ျဖန္က မင္း ေမြးေန႕မလား..ေနာက္တစ္ခါလာေတြ႕ရင္ ငါ မင္းအတြက္ လက္ေဆာင္ယူလာခဲ့မယ္ ]
ဝိန္းရိဖန္ ; [ နင့္ေမြးေန႕ကေရာ ဘယ္ေန႕လဲ ]
စန္းရန္ ; [ ႏွစ္သစ္ကူးေန႕ၿပီးေနာက္တစ္ရက္..ဘာလို႔လဲ ]
ဝိန္းရိဖန္ ; [ လက္ေဆာင္ျပန္ေပးဖို႔ ]
-----
စန္းရန္ ; [ မေျဖနိုင္ခဲ့ဘူး..ငါ့ကို ႏွစ္သိမ့္ေပးပါဦး ]
ဝိန္းရိဖန္ ; [ ေနာက္မွ ႏွစ္သိမ့္လို႔ရလား? ငါ ေကာင္းေကာင္းေျဖနိုင္ခဲ့လို႔ ခဏေလာက္ ထပ္ၿပီးေပ်ာ္လိုက္ဦးမယ္ ]
-----
ဝိန္းရိဖန္ ; [ ငါ ဒီေန႕အိမ္ျပန္တဲ့လမ္းမွာ နင္နဲ႕တူတဲ့ေကာင္ေလးတစ္ေယာက္ကို စတိုးဆိုင္နားမွာ ေတြ႕လိုက္ေသးတယ္..နင္ လာတယ္လို႔ေတာင္ ငါ ထင္လိုက္တာ ]
စန္းရန္ ; [ ေနာက္တစ္ပတ္ စေနေန႕..ရတယ္မလား ]
ဝိန္းရိဖန္ ; [ ဘာလဲ ]
စန္းရန္ ; [ တကယ့္ အစစ္ကို လာျပမလို႔ ]
-----
ဝိန္းရိဖန္၏အေတြးမ်ားက စန္းရန္၏ေရပိုက္ဖြင့္လိုက္သည့္အသံေၾကာင့္ ပ်ယ္လြင့္သြားခဲ့ကာ အသိစိတ္ျပန္ကပ္လာၿပီး စန္းရန္အား ေငးၾကည့္ေနလိုက္သည္။ ျပန္ဆုံေတြ႕ၾကသည့္အခ်ိန္တုန္းက စန္းရန္က သူမအား မမွတ္မိခ်င္ေယာင္ေဆာင္ေနခဲ့သည့္ကိစၥကို ေတြးမိရင္း
"နင္ အရင္တုန္းက ဘာျဖစ္လို႔ ငါ့ကို မမွတ္မိခ်င္ေယာင္ေဆာင္ခဲ့တာလဲ"
"မေတြ႕ျဖစ္တာအရမ္းၾကာခဲ့ၿပီဆိုေတာ့.."
စန္းရန္က တစ္သ်ႉးတစ္႐ြက္ကို လွမ္းယူၿပီး ေရစင္ေအာင္သုတ္လိုက္၏။
"မင္း ကိုယ့္ဆီ ပိုက္ဆံလာေခ်းမွာေၾကာက္လို႔"
"...."
ဝိန္းရိဖန္၏အမူအရာကို ျမင္ေနရသည့္ စန္းရန္မွာ မတည္တံ့နိုင္ေတာ့ဘဲ အသံထြက္ေအာင္ရယ္လိုက္ၿပီး သူမ၏မ်က္ႏွာအား ထုံးစံအတိုင္းျဖစ္ညွစ္လိုက္သည္။
"ဒါက ဘယ္လိုေတြေတာင္ စိုက္ၾကည့္ေနရတာလဲ..ကိုယ့္အတြက္ကိုယ္ေတာ့ ရစရာမ်က္ႏွာေလးက်န္ေအာင္ လုပ္ရဦးမယ္ေလကြာ..မရဘူးလား?"
ဝိန္းရိဖန္က ခပ္တိုးတိုးျဖင့္
"ဒီလိုဆိုရင္ေတာင္မွ ဘာလို႔ 'ယြိေက်ာ'ကေနတဆင့္ စကားမေျပာခိုင္းရတာလဲ"
"ကိုယ္က ကိုယ့္အတြက္ကိုယ္ ရစရာမ်က္ႏွာေလး ခ်န္ခ်င္တယ္လို႔ေျပာတာပါကြာ"
ဝိန္းရိဖန္၏ေတြးပုံေတြးနည္းက ျပႆနာရွိေနျခင္းလား သို႔မဟုတ္ သူ႕ေျပာပုံဆိုပုံက ျပႆနာရွိေနျခင္းလား ၊ စန္းရန္ မသိပါေတာ့ေပ။
"ကိုယ္ မင္းနဲ႕ စကားမေျပာခ်င္ဘူးလို႔ ဆိုလိုတာမဟုတ္ဘူးေလ..နားလည္လား?"
"...."
ဝိန္းရိဖန္ သုံးေလးစကၠန့္ၿငိမ္သြားၿပီးသည့္အခါ ၿပဳံးလာခဲ့၍
"အဲ့ဒါနဲ႕ပဲ မရင္းႏွီးခ်င္ေယာင္ေဆာင္ၿပီး စကားလာေျပာတာေပါ့"
စန္းရန္၏အမူအရာက ဤအေၾကာင္းအရာမ်ား သူမ သိသြားသည့္တိုင္ အေနရမခက္သည့္ပုံစံမ်ိဳးျဖင့္ ရယ္႐ုံသာရယ္ေနေလသည္။ စန္းရန္က ခပ္မတ္မတ္ရပ္ၿပီး ေဘးနားမွ ကတ္ေၾကးကို လွမ္းယူမည္အျပဳ ;
"ကတ္ေၾကး လိုခ်င္တာဆို?"
သူ လွမ္းမယူလိုက္ရခင္ပင္ ဝိန္းရိဖန္က သူ႕ရင္ခြင္ထဲ ဝင္လာၿပီး သူ႕အား တင္းတင္းၾကပ္ၾကပ္ဖက္လာခဲ့သည္။
စန္းရန္ တုံ႕ခနဲရပ္သြား၍
"ဘာျဖစ္တာလဲ?"
"ဘာမွမဟုတ္ဘူး"
သူ နားလည္သည္ျဖစ္ေစ နားမလည္သည္ျဖစ္ေစ ဝိန္းရိဖန္ တစ္ကိုယ္တည္းသာ တိုးဖ်ဖ်ေလးေရ႐ြတ္လိုက္၏။
"တကယ့္အစစ္ကို ဖက္ထားခ်င္လို႔"
မီးဖိုေခ်ာင္ထဲတြင္ လင္းထိန္ၿပီး တိတ္ဆိတ္လ်က္။
ဤစကားတစ္ခြန္းကို ၾကားလိုက္ရသည့္အခါ စန္းရန္၏အမူအရာမွာ မသိမသာေလးမွင္ေသသြားၿပီး အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ သူ႕ႏႈတ္ခမ္းပါးကိုေကြးကာ ၿပဳံးမိလိုက္၏။ အခ်ိန္တစ္ခုစာၾကာသြားၿပီးသည့္အခါ သူ ေခါင္းကိုအသာအယာငုံ႕လာၿပီး သူမ၏ဆံပင္မ်ားၾကား နမ္းရွိုက္လိုက္၍
"ဝိန္း႐ႊမ္းက်န့္"
ဝိန္းရိဖန္ ေခါင္းေမာ့ၿပီး အၾကည့္ခ်င္းဆုံလိုက္၏။
"အမ္?"
ေယာက္်ားေလး၏ဆံပင္တို႔က နဖူးေရွ႕၌ က်ိဳးတိုးက်ဲတဲက်ေနသည္မွာ မ်က္ႏွာထက္၌ အရိပ္ေလးမ်ားထင္ေအာင္ ဖန္တီးပုံေဖာ္ထားသလို။ သူမအား ျပန္လည္ေပြ႕ဖက္ေပးထားသည့္ သူ၏အရပ္ျမင့္ျမင့္ ရင္အုပ္က်ယ္က်ယ္ခႏၶာကိုယ္ထက္တြင္ လုံၿခဳံကိုေပးစြမ္းသည့္ခံစားခ်က္မ်ိဳးမ်ားကလည္း အျပည့္အဝသယ္ေဆာင္ထားလ်က္။ သူ႕ႏွာေခါင္းထိပ္ျဖင့္ သူမ၏ႏွာေခါင္းထိပ္ကို ဖြဖြေလး ပြတ္သပ္ရင္း သဘာဝက်က်စကားဆိုလာခဲ့သည္။
"မနက္ျဖန္က်ရင္ လက္ထပ္မွတ္ပုံတင္ရေအာင္"
"...."
ဤစကားတစ္ခြန္း ႐ုတ္တရက္ ေရာက္လာသည္မွာ
လက္ရွိအေျခအေနေၾကာင့္ လွ်ပ္တျပက္ေပၚလာသည့္အေတြးတစ္ခုႏွင့္လည္း တူညီလွသလို ဂ႐ုတစိုက္ႏွင့္စဥ္းစားေတြးေတာၿပီးမွ ေျပာထြက္လာသည့္စကားတစ္ခြန္းႏွင့္တူပါေသးသည္။
သို႔ေသာ္ ဘယ္လိုအမ်ိဳးအစားပင္ျဖစ္ေနခဲ့ပါေစ..
အားလုံးက..
သူမကို ရည္႐ြယ္ၿပီး ေျပာေနျခင္းသာ..
သူ႕ဘက္က သူမအား တစ္ဘဝစာလုံးအတြက္ ေပးအပ္ဖို႔ရာ ဆုံးျဖတ္ခဲ့ၿပီးၿပီ..
ဝိန္းရိဖန္က မ်က္ဝန္းမ်ားပူႏြေးလာရကာ မ်က္ေတာင္တဖ်က္ဖ်က္ခတ္ရင္း စေနာက္မိလိုက္ေသး၏။
"မဂၤလာရွိမယ့္ ရက္ေကာင္းရက္ျမတ္ကို မေ႐ြးေတာ့ဘူးလား"
စန္းရန္က လက္ကိုျမႇောက္လာၿပီး ဝိန္းရိဖန္၏မ်က္ဝန္းေထာင့္မ်ားကို ပြတ္သတ္လိုက္၍
"မနက္ျဖန္ပဲေလ"
"မနက္ျဖန္?"
ဝိန္းရိဖန္ ျပန္ေတြးၾကည့္လိုက္လွ်င္
"မနက္ျဖန္က ငါ့ေမြးေန႕မလား"
"အင္း"
စကၠန့္အပိုင္းအျခားေလးအတြင္း စန္းရန္ ဆိုလိုသည့်စကား၏အဓိပ္ပါယ်ကို ဝိန္းရိဖန္ နားလည္သြားခဲ့ရသည္။
မင္း ေမြးလာခဲ့တဲ့ ေန႕ဟာ..
ကိုယ့္အတြက္ေတာ့ ဆယ့္ႏွစ္လရာသီခြင္ တစ္ႏွစ္ပတ္လုံးမွာ က်က္သေရမဂၤလာအရွိဆုံး ရက္ေကာင္းရက္ျမတ္ပါပဲ..
---------
Advertisement
- In Serial78 Chapters
The Girl Who Never Smiles | ✔️
{COMPLETED!!!}"She's just a little too scared to get close because everyone who said they'd be there, left." -Anonymous Bay Stewart is the girl who never smiles. Not even the slightest of a smile has came to her face in 7 years. She has herself guarded by building walls as high as the Empire State Building around her so that no one can get in. Issac Evans is the golden boy of Eastside High and he is known as the opposite of Bay. He is always smiling and is always optimistic. Issac has made it his personal goal to get Bay to smile more and let the beauty she has been hiding to show. When Issac and Bay collide, Bay is forced to truly acknowledge the pain and hurt that is inside of her that has caused her smile to disappear off of her face. When Issac brings his golden sun into Bay's dark world, something new is introduced into both of their lives.True LoveAnd that is what makes the girl who never smiles smile again.***"Because, Bay Stewart, you are the best thing that has ever crashed into my life, literally." -Issac Evans*******Highest Rankings:#6 in teenfiction#7 in teenromance#3 in teendrama#1 in senioryear#4 in lovestory#11 in youngadult #1 in highschoolexperience#1 in sarcasm#1 in smile#1 in Stewart#1 in goldenboy#2 in brokengirl#15 in teen#73 in completed
8 228 - In Serial6 Chapters
Falling Back
Taylor is just having another simple and self loathing day. Until he sees a person that for some reason made him feel something new. Is this person someone special or just another reason to hate himself? This is a boyxboy story by the way but there's no smut here fellas sorry
8 188 - In Serial21 Chapters
Second Chances - Completed
"I, Seth Weathers, reject you, Baila Daniels, as my mate forever and all eternity unless you thus chose to take me back." Her mate said. In those few words Baila's whole life ended, or had it just begun? Baila Daniels finds herself rejected by her mate and then offered to not only help herself, but also help all the other poor wolves who were rejected. What will she do when given the chance to help her race? Will it lead to her second chance?
8 175 - In Serial42 Chapters
Idiosyncrasies of a Shadow // (ManxMan)
This is Book 1 of the Shadow Series ~Placed First in the LGBTQ+ Romance category for the Eminence Awards. So there you go, read this if that means anything to you.~A story that tells the past, present and future of 5 men. ~Maybe even the richest man has his demons, maybe the perfect child makes mistakes, maybe the most apathetic man learns empathy, maybe the strongest man lives for one weakness. And maybe, the brightest man has seen the darkest hell. ~So, one chose to hide behind his wealth. One chose to drown in pity all alone. One chose to doubt the world a little too harshly. One chose to promise his love to one person, and solely that person. And one, well, he chose to love everyone.~Completed on 9th April, 2017120k words, 254 pages on wordSequel: "Love Overcast"
8 239 - In Serial23 Chapters
All At Once
[Highest Ranking #1 in Team][Highest Ranking #1 in Harper][Highest Ranking #1 in Myles][Highest Ranking #1 in Cowboys][Highest Ranking #1 in Cheater][Highest Ranking #1 in NFL]Myles Cruz is a football player, who's only focus has been his game. He flys through defensive lines faster than no other. Harper Riley a newly single talented photographer. Witty, yet shy, she may be the only person who can tame Myles Cruz. After one night together a connection was formed. Now they can never go back.
8 203 - In Serial19 Chapters
The underworld king
Lela was always a little....dark,In attempt to kill herself she stumbles upon an alter to the god Hades.When she wakes up the next day she realizes everything wasn't a dream and that she now quote on quote 'belongs to him'As if accidental marriage wasn't bad enough someone from the text books is coming.coming for her.
8 248

