《First Frost (Myanmar Translation)》Extra 2
Advertisement
အမျိုးသားနေ့အားလပ်ရက်ရှည်ကာလထဲတွင် စန်းကျီသည်လည်း ပိတ်ရက်ရ၍ ကျောင်းမှ အိမ်ပြန်လာခဲ့သည်။ သူမ ကျောင်းပြန်သွားရမည့်နေ့ မတိုင်ခင်တစ်ရက်အလိုတွင် လီဖင်က အခြားသူများထံ ဖုန်းဆက်ပြီး အချိန်ရလျှင် ညစာစားရင်း စကားစမြည်ပြောကြဖို့ရာ ခေါ်ထားသည်။
ဝိန်းရိဖန်ရော စန်းရန်ကပါ နှစ်ယောက်လုံး ပိတ်ရက်ရထားသဖြင့် ထိုနေ့၏နေ့လည်ခင်း၌ပင် စန်းမိသားစုအိမ်သို့ ရောက်လာခဲ့ကြသည်။
အားလုံး လူစုံတက်စုံဖြစ်ပြီး သွမ့်ကျားရွှီကသာ အလုပ်ဆင်းနေရ၍ ညနေ ညစာစားချိန်မှသာ ပြန်လာနိုင်မည်ဖြစ်သည်။ မိသားစုဝင်များက စကားစမြည်ပြောနေကြရင်း ညစာစားခါနီးအချိန်တွင်တော့ စန်းရုံနှင့်လီဖင်က မိတ်ဆွေဟောင်းကြီးများ၏ ရုတ်တရက်ဖုန်းခေါ်လာမှုကြောင့် အပြင်ထွက်ညစာစားဖြစ်သွားခဲ့သည်။
မည်သည့်စိတ်မချခြင်းမျိုးမှမဖြစ်ပါဘဲ သူတို့ လေးယောက်အား ချန်ထားပစ်ခဲ့လေ၏။
အိမ်ထဲတွင် မည်သည့်ဟင်းရွက်သားငါးမှမရှိ ၊ အပြင်ထွက်မည်ဆိုသော်လည်း မည်သည့်စားသောက်ဆိုင်သို့သွားရမည်မှန်းမသိ ၊ နောက်ဆုံးတွင် ဝိန်းရိဖန်နှင့် စန်းကျီတို့ ဆွေးနွေးပြီးသည့်အခါ ဟင်းရွက်သားငါးအချို့ဝယ်ပြီး ပြန်လာ၍ ဟော့ပေါ့ချက်စားရန် ဆုံးဖြတ်လိုက်သည်။
အဆောက်အဦး၏တံခါးပေါက်ဝကြီးမှ ထွက်လာသည့်အခါ သွမ့်ကျားရွှီ၏ကားက တိုက်တိုက်ဆိုင်ဆိုင် ရောက်ချလာခဲ့သည်။
သုံးယောက်သားက ကားပေါ်တက်သွားခဲ့၍။
နှစ်နှောင်းပိုင်းကတည်းက သွမ့်ကျားရွှီသည် ယီဟဲမြို့မှ နန်းဝူမြို့သို့ ပြန်လာပြီး ဤမြို့ထဲတွင် ဂိမ်းနှင့်ပတ်သတ်သည့်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ထားခဲ့သည်။
သွမ့်ကျားရွှီက အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားပြီး မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများကို ခပ်လျော့လျော့လေးမှေးထားကာ တစ်နေ့လုံး အလုပ်လုပ်လာပါသည့်တိုင် မောပန်းနေသည့်ပုံမျိုးမရှိ။ သူ့အသံတို့ကအစ ကြည်လင်နေဆဲဖြစ်ပြီး ဖြေးဖြေးချင်းနှင့်ညင်ညင်သာသာလေးသာ စကားဆို၏။
"ဘာစားချင်ကြတာလဲ"
စန်းရန်က သခင်ကြီးတစ်ယောက်လို ကားအနောက်ခုံ၌ မှီထိုင်နေပြီး ပျင်းတိပျင်းရွဲဖြင့်
"ဘေးရပ်ကွက်က စူပါမားကတ်ကိုမောင်း"
စန်းကျီက အရှေ့ဘက်ခုံ၌ ထိုင်နေခြင်းဖြစ်ကာ လုံခြုံရေးခါးပတ်ကို မပတ်ရသေး။ ဤစကားကိုကြားလိုက်သည့်အခါ စန်းကျီက စန်းရန်ကို လှည့်ကြည့်လာပြီး မကျေမနပ်ဖြစ်မှုကို သည်းညည်းခံထားကာ သွမ့်ကျားရွှီဘက်လှည့်၍ ဆိုလိုက်သည်။
"ကောကော ကားခကို စတွက်လို့ရပြီ..ဒီအချိန်ကြီးဆိုတော့ နှစ်ဆတောင်း"
သွမ့်ကျားရွှီက ခပ်ဖွဖွလေးရယ်လိုက်ပြီး စန်းကျီအား လုံခြုံရေးခါးပတ်ပတ်ပေးလိုက်သည်။
စန်းကျီ ခြင်္သေ့မလေးက ခပ်ကျယ်ကျယ်ဖြင့်
"သူ့ဆီကနေ ယွမ် ၁၀၀၀ ယူလိုက်"
"ရတယ်"
စန်းရန်က အေးအေးလူလူဖြင့်
"မင်းရဲ့ နောက်လ မုန့်ဖိုးထဲက နုတ်မှာ"
"...."
ဝိန်းရိဖန်က စန်းရန်၏ဘေး၌ ငြိမ်ငြိမ်လေးသာထိုင်နေပြီး မောင်နှမနှစ်ယောက်ကြား ဝင်ပါမည့်စိတ်မျိုး အလျင်းမရှိ ၊ ကား အလကားစီးရဖို့သာ အရေးကြီး၏။
အရှေ့တွင်ထိုင်နေသည့် သွမ့်ကျားရွှီက စန်းကျီ၏ခေါင်းကို ခပ်ဖွဖွလေးပွတ်လိုက်ပြီး မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများကိုလည်း မသိမသာလေးမှေးလိုက်၍
"ဘာမှမဖြစ်ဘူး..နုတ်ချင်လည်း နုတ်ပါစေ..ကိုယ် ပြန်ပေးမယ်"
စန်းကျီက ထိုအခါတွင်မှ စိတ်လျော့သွားပြီး
"အို့"
ကား စတင်ထွက်ခွာလာခဲ့၏။
စန်းကျီက ယွမ် ၁၀၀၀ ၏ စီးဆင်းသွားမှုအကြောင်းကို တစ်ခဏကြာကြာတွေးကြည့်နေပြီးနောက်တွင် တစ်စုံတစ်ရာမူမမှန်မှန်းရှာတွေ့သွားခဲ့သည်။
"ဒါဆိုရင် ကောကောက အလကားသပ်သပ် ရှုံးသွားမှာပေါ့"
"...."
သေချာတွက်ကြည့်လျှင်..
သွမ့်ကျားရွှီက စန်းရန်အား ယွမ် ၁၀၀၀ အလကားပေးလိုက်သလိုပင်။
"ကိုကို..ကားခ ပေးစရာမလိုတော့ဘူး"
စန်းရန်က အသံကိုဆွဲငင်ပြီး စ၍စကားဆိုလာတော့၏။
"သိပ်မသင့်တော်ဘူးထင်တယ်နော်"
စန်းကျီ ;
"သင့်တော်ပြီးသား..ကိုကိုတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဒီလောက်ထိကောင်းတာ..ပိုက်ဆံယူတာကမှ ပိုမသင့်တော်တာ"
"ညီအစ်ကိုအရင်းကြီးတွေက စာရင်းကိုသေချာရှင်းရတယ်တဲ့..မဟုတ်ရင် ခံစားချက်တွေကို ထိခိုက်လာမှာ"
စန်းရန်က လက်ကိုင်ဖုန်းကိုကစားနေရင်း အလုပ်ကြီးအကိုင်ကြီးလုပ်နေသည့်ဟန်ပန်ဖြင့်
"ငါက မိသားစုဝင်နှစ်ယောက်ကိုပါ ခေါ်လာသေးတယ်ဆိုတော့..ညီအစ်ကို..ဒါဆို ယွမ် ၃၀၀၀ ပေးရမှာလား"
"...."
စန်းကျီက ကိုယ့်ခြေထောက်ပေါ်ကိုယ် ကျောက်ခဲပစ်ချထားသည့်ခံစားချက်မျိုးပင် ခံစားလာရကာ တံတွေးမြိုချလိုက်၏။
"ညီမလေးကို ထည့်မတွက်နဲ့လေ..ညီမလေးက ကိုယ့်ကောင်လေးရဲ့ကားကို စီးနေတာ..ပိုက်ဆံပေးစရာမလိုဘူး"
သွမ့်ကျားရွှီက ရယ်နေရင်း
"ကောကော..ငါလည်း မင်းရဲ့မိသားစုဝင်ပဲလေ..ငါ့ကိုကျ ထည့်မတွက်ဘူးလား?"
ဘယ်နှကြိမ်ပင် နားထောင်ခဲ့ပြီးပါစေ ယောက်ျားရင့်မာကြီးတစ်ယောက်က သူ့အား 'ကောကော' ဟု ခေါ်လာတိုင်း စန်းရန်အတွက် လူ့လောကငရဲထဲရောက်သွားသလိုမျိုးပင်။ ခနဲ့တဲ့တဲ့ဖြင့် အေးတိအေးစက်ရယ်လိုက်ပြီး
"သွမ့်ကျားရွှီ..မင်း ဦးနှောက်ထဲမှာပြဿနာရှိနေတာလား"
ဝိန်းရိဖန်ကလည်း စိတ်ဝင်တစားဖြစ်လာခဲ့ကာ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး စန်းရန်၏ မပျော်မရွှင်ဖြစ်နေသည့်အမူအရာအား လှမ်းကြည့်နေလိုက်၏။ ခံစားမိနေရသည်မှာလည်း စန်းရန်က သူ့ငယ်ချစ်ကလေးနှင့် ပရောပရည်လုပ်နေသည့်ခံစားချက်ပင်။
စန်းရန် စိတ်မကြည်သည်ကို မြင်လိုက်သည်နှင့် စန်းကျီက ကျေနပ်ပြီးပျော်ရွှင်လာခဲ့၍
"ကိုကို..လူကို လာပြီးမတိုက်ခိုက်နဲ့"
"...."
သူတို့ တစ်ယောက်ပြီးတစ်ယောက် လုပ်ပြနေကြသည်မှာ မသိလျှင် မခွဲနိုင်မခွာရက်ဖြစ်နေသည့်အတိုင်း။
ဝိန်းရိဖန်၏စိတ်ထဲ သူမကသာ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည်နှင့်ပတ်သတ်ပြီး အနည်းငယ်မကျေမနပ်ဖြစ်လာရတော့၏။ သည့်ထက်အပြင် သူမ၏ ယခင်အချစ်ပြိုင်ဘက်ဟောင်းကြီးက စန်းရန်အား ထိုကဲ့သို့သောနာမ်စားမျိုးကိုပင် ခေါ်နေလေသည်။ ချိတုံချတုံဖြစ်ရသော်ငြား သူမအနေဖြင့် ပြိုင်ပွဲတွင်ရှုံးနိမ့်သွားလို့မဖြစ် ၊ ထို့ကြောင့် မတတ်နိုင်သည့်အဆုံးတွင် စန်းရန်၏အနားသို့ တိုးကပ်သွားခဲ့သည်။
သူမ၏လှုပ်ရှားမှုကို မြင်သည့် စန်းရန်ကလည်း ခန္ဓာကိုယ်ကိုကိုင်းပြီး မျက်ဝန်းများဖြင့်မေးနေသည်မှာ 'ဘာဖြစ်လို့လဲ' ဟူ၍။
ဝိန်းရိဖန်က သူ့နားရွက်နားထိ တိုးကပ်သွားပြီး ခပ်တိုးတိုးလေး စကားဆိုလိုက်သည်။
"ကောကော"
"...."
စကားသံလေးက တိုးဖျလှသည့်အပြင် သူ့နားရွက်နားသို့ ကပ်ပြောနေခြင်းကြောင့်လည်း အသက်ရှူငွေ့လေးများဖြင့်ပါ ထိတွေ့သွားခဲ့သေးသည်။
စန်းရန်၏အမူအရာမှာ သေချာမကြားလိုက်ရသည့်အလား ၊ မျက်တောင်များက လှုပ်လှုပ်ခတ်ခတ်ဖြစ်လာ၏။ သူမအား တည့်တည့်စိုက်ကြည့်လာပြီး လည်စလုတ်က အထက်မှအောက် ဖြည်းဖြည်းချင်းရွေ့သွားခဲ့ကာ ခန့်မှန်းကြည့်၍မရနိုင်သောတုံ့ပြန်လာပုံမျိုးဖြင့်။
Advertisement
"အမ်?"
နှစ်ယောက်သားမှာအကြည့်ချင်းဆုံလျက်။
စန်းရန်၏အမူအရာကြောင့် ဝိန်းရိဖန်က စကားဝိုင်းထဲ လူရာဝင်သွားသလိုလိုပင် ခံစားလိုက်ရ၏။ သူ့တုံ့ပြန်လာမှုမှာ မည်သည့်အဓိပ္ပါယ်ဖြစ်မည့်အကြောင်း ပုံဖော်ကြည့်၍မရသော်ငြား သွမ့်ကျားရွှီကို တုံ့ပြန်လိုက်ပုံထက်တော့ သာသည်ပင်။ သူမ စကားထပ်မဆိုတော့ဘဲ နေရာ၌ ခပ်မတ်မတ်ပြန်ထိုင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် စန်းရန်က သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလာပြီး မျက်ခုံးပင့်ပြ၍
"နောက်တစ်ခါ ထပ်ခေါ်ကြည့်"
အသံကြားသွားသည့် စန်းကျီက အနောက်ဘက်သို့လှည့်ကြည့်လာ၏။
"ဘာ?"
သွမ့်ကျားရွှီကလည်း တစ်ချိိန်တည်းဆိုသလို စန်းကျီဘက်သို့ လှည့်ကြည့်လာသည်။
စန်းရန်က သူမကို အဖတ်မလုပ်ဘဲ မကြားချင်ယောင်ဆောင်နေသည့်အခါ စန်းကျီက မျက်စောင်းထိုးပြီး သွမ့်ကျားရွှီဘက်လှည့်၍ ရုတ်တရက်စကားဆိုလိုက်သည်။
"သွမ့်ကျားရွှီ..ညီမလေးရဲ့အစ်ကိုက ကောကောကို စကားပြောနေတယ်လေ"
စကားလုံး၏ ရှုပ်ထွေးသွားရပုံက သည်လိုပင်။
နင်(သွမ့်ကျားရွှီ)က သူ့(စန်းရန်)ကို 'ကောကော'လို့ တစ်ခါထပ်ပြီးခေါ်လိုက်..
"...."
သွမ့်ကျားရွှီ စန်းကျီဘက်သို့ နောက်တစ်ကြိမ်ထပ်၍လှည့်ကြည့်လာ၏။
စန်းရန်လုပ်ပြထားသည့်လုပ်ရပ်ကို မကျေမနပ်ဖြစ်နေသေးသည့် စန်းကျီက လက်စားချေပြီးစိတ်မကြည်အောင်လုပ်ချင်နေဆဲ။ သွမ့်ကျားရွှီက အခြေအနေကိုရိပ်မိပြီး ရယ်ချင်သလိုဖြစ်နေပါသည့်တိုင် စန်းကျီ၏သဘောအတိုင်း အလိုက်သင့်ပူးပေါင်းပေးလိုက်၏။
"ကောကော..ဘာပြောမလို့လဲ"
ကြည်နူးဖွယ်အခြေအနေလေးမှာ ထိုစကားလုံးကြီးကြောင့် ပျောက်ချင်းမလှပျောက်သွားရလေတော့သည်။
စန်းရန်က မျက်ခုံးများတွန့်ချိုးပစ်ကာ မျက်တောင်ပင့်ကြည့်လိုက်ပြီး တစ်စက္ကန့်မျှပင် မစောင့်နိုင်တော့ဘဲ ဝိန်းရိဖန်အား ကားထဲမှ ဆွဲထုတ်ပြီး ထွက်သွားချင်လှပြီပင်။ ထိုင်ခုံနောက်သို့ ပြန်မှီထိုင်လိုက်ရင်း ဝိန်းရိဖန်၏လက်အား တင်းသထက်တင်းအောင် ဆုတ်ကိုင်ပစ်လိုက်၍
"ဘာမှမဟုတ်ဘူး"
ဤတစ်ကြိမ်တွင် စန်းရန်က ခါးခါးသီးသီးတုံ့ပြန်လာခြင်းမဟုတ်သောကြောင့် စန်းကျီ ထပ်မကြည့်တော့ဘဲ အရှေ့ပြန်လှည့်သွားခဲ့၏။
ထိုအခါ စန်းရန်က ပေါ့ပေါ့ပါးပါးဖြင့်စကားဆိုလိုက်၏။
"ထောင်မကျအောင် ဘယ်လိုနည်းနဲ့လူသတ်ရမလဲဆိုတာ စဥ်းစားနေတာ"
"...."
သွမ့်ကျားရွှီက စူပါမားကတ်၏အပြင်ဘက်ကားပါကင်၌ ကားရပ်လိုက်သည်။ သူတို့နှစ်ယောက်သား ချစ်ကျွမ်းဝင်သည်မှာ အချိန်တစ်ခုစာကြာလာခဲ့ပြီဖြစ်သော်လည်း စန်းကျီသည် စန်းရန်တို့၏အရှေ့တွင်တော့ သွမ့်ကျားရွှီနှင့်တွဲသွားတွဲလာလုပ်ပြရန် စိတ်အဆင်မပြေပါသေးပေ။ ခံစားချက်မှာ လူကြီးများရှေ့၌ ရည်းစားနှင့်သာယာပြနေသလိုလို။
စူပါမားကတ်ထဲရောက်လာသည်နှင့် စန်းကျီက သွမ့်ကျားရွှီကို ဆွဲခေါ်ပြီး အခြားတစ်ဖက်သို့ ထွက်လာခဲ့လိုက်၏။
ဝိန်းရိဖန်က တံခါးဝနားမှ စျေးခြင်းလှည်းကို တွန်းရင်း စန်းရန်ဆွဲခေါ်သည့်နောက်သို့ ပါလာရ၏။ အခုလေးတင် ကားပေါ်တွင် ပြောခဲ့ကြသည့်စကားများကို ပြန်စဥ်းစားကြည့်မိနေပြီး ထပ်၍ မကျေမနပ်ဖြစ်လာရကာ စန်းရန်နှင့်စာရင်းရှင်းရန် ပြင်လေတော့၏။
"နင်ကလေ သွမ့်ကျားရွှီရှေ့မှာဆိုရင်..."
စန်းရန် လှည့်ကြည့်လာ၏။
ဝိန်းရိဖန်က ခပ်တည်တည်ဖြင့် ဘေးနားမှ ပစ္စည်းတစ်ချို့ကို လှမ်းယူကောက်ထည့်နေရင်း
"ပုံစံက တစ်မျိုးပဲနော်"
"...."
"ဒါပေမယ့်လည်း ကောင်းပါတယ်"
ဝိန်းရိဖန်က ယူထားသည့်ပစ္စည်းကို တဖန်ပြန်ထားလိုက်ပြီး ခပ်ရေးရေးလေးပြုံးကာ ညင်ညင်သာသာလေးစကားဆိုလိုက်သည်။
"သူ့ကျေးဇူးကြောင့်မလို့ နင့်ရဲ့ မတူညီတဲ့ပုံစံတစ်မျိုးကို ငါ တွေ့ရတာ"
စန်းရန်က စျေးခြင်းလှည်းပေါ် တံတောင်ဆစ်ဖြင့်လက်ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ ဝိန်းရိဖန်အား ငုံ့ကြည့်လာခဲ့၏။
"ဘယ်နားက မတူတာလဲ?"
ဝိန်းရိဖန်လည်း ရေရေရာရာမပြောပြတတ်။
"ဝိန်းရွှမ်းကျန့်..မင်းရဲ့ဒီအကျင့်ကလည်း အသစ်အဆန်းနော်..လောင်ဇစ်နဲ့ အတူနေခဲ့တဲ့ ဒီလောက်အချိန်တွေအကြာကြီးမှာ မင်း သဝန်တိုလိုက်တိုင်း အဲ့ဒီ ညစ်ပတ်နေတဲ့ ပေါက်ကရယောက်ျားရင့်မာကြီးတွေနဲ့ပဲ"
"...."
"ကိုယ့်ကို တမင်သက်သက်များ ပြဿနာလိုက်ရှာနေတာလား?"
ဤစကားတစ်ခွန်းတွင် ဝိန်းရိဖန် ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်လိုက်သည့်အခါ အမှန်တကယ်လည်း သည်လိုဖြစ်နေသည်ပင်။ ဘယ်အချိန်မျိုးမဆို သူ့ဘေးနား၌ ဆန့်ကျင်ဘက်လိင်တစ်ဦးရှိနေသည်ကိုလည်း သူမ မမြင်ဖူးခဲ့။ ထို့အပြင် သူမ၏လုပ်ရပ်ဟာ တမင်သက်သက်ပြဿနာရှာနေခြင်းမျိုးဟုလည်း ဝန်မခံချင်သဖြင့် ခပ်တည်တည်နှင့်စကားဆို၏။
"ဒါဆိုရင် နောက်တစ်ခါ သွမ့်ကျားရွှီက နင့်ကို 'ကောကော'လို့ခေါ်လာခဲ့ရင် နင် ဒီအတိုင်း အေးအေးဆေးဆေးသာနားထောင်နေလိုက်"
စန်းရန် ; "?"
ဝိန်းရိဖန်က ထပ်၍
စကားသံလေးက တိုးဖျလှသည့်အပြင် သူ့နားရွက်နားသို့ ကပ်ပြောနေခြင်းကြောင့်လည်း အသက်ရှူငွေ့လေးများဖြင့်ပါ ထိတွေ့သွားခဲ့သေးသည်။
စန်းရန်၏အမူအရာမှာ သေချာမကြားလိုက်ရသည့်အလား ၊ မျက်တောင်များက လှုပ်လှုပ်ခတ်ခတ်ဖြစ်လာ၏။ သူမအား တည့်တည့်စိုက်ကြည့်လာပြီး လည်စလုတ်က အထက်မှအောက် ဖြည်းဖြည်းချင်းရွေ့သွားခဲ့ကာ ခန့်မှန်းကြည့်၍မရနိုင်သောတုံ့ပြန်လာပုံမျိုးဖြင့်။
"အမ်?"
နှစ်ယောက်သားမှာအကြည့်ချင်းဆုံလျက်။
စန်းရန်၏အမူအရာကြောင့် ဝိန်းရိဖန်က စကားဝိုင်းထဲ လူရာဝင်သွားသလိုလိုပင် ခံစားလိုက်ရ၏။ သူ့တုံ့ပြန်လာမှုမှာ မည်သည့်အဓိပ္ပါယ်ဖြစ်မည့်အကြောင်း ပုံဖော်ကြည့်၍မရသော်ငြား သွမ့်ကျားရွှီကို တုံ့ပြန်လိုက်ပုံထက်တော့ သာသည်ပင်။ သူမ စကားထပ်မဆိုတော့ဘဲ နေရာ၌ ခပ်မတ်မတ်ပြန်ထိုင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် စန်းရန်က သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလာပြီး မျက်ခုံးပင့်ပြ၍
"နောက်တစ်ခါ ထပ်ခေါ်ကြည့်"
အသံကြားသွားသည့် စန်းကျီက အနောက်ဘက်သို့လှည့်ကြည့်လာ၏။
"ဘာ?"
သွမ့်ကျားရွှီကလည်း တစ်ချိိန်တည်းဆိုသလို စန်းကျီဘက်သို့ လှည့်ကြည့်လာသည်။
စန်းရန်က သူမကို အဖတ်မလုပ်ဘဲ မကြားချင်ယောင်ဆောင်နေသည့်အခါ စန်းကျီက မျက်စောင်းထိုးပြီး သွမ့်ကျားရွှီဘက်လှည့်၍ ရုတ်တရက်စကားဆိုလိုက်သည်။
"သွမ့်ကျားရွှီ..ညီမလေးရဲ့အစ်ကိုက ကောကောကို စကားပြောနေတယ်လေ"
စကားလုံး၏ ရှုပ်ထွေးသွားရပုံက သည်လိုပင်။
နင်(သွမ့်ကျားရွှီ) သူ့(စန်းရန်)ကို 'ကောကော'လို့ တစ်ခါထပ်ပြီးခေါ်လိုက်..
"...."
သွမ့်ကျားရွှီ စန်းကျီဘက်သို့ နောက်တစ်ကြိမ်ထပ်၍လှည့်ကြည့်လာ၏။
စန်းရန်လုပ်ပြထားသည့်လုပ်ရပ်ကို မကျေမနပ်ဖြစ်နေသေးသည့် စန်းကျီက လက်စားချေပြီးစိတ်မကြည်အောင်လုပ်ချင်နေဆဲ။ သွမ့်ကျားရွှီက အခြေအနေကိုရိပ်မိပြီး ရယ်ချင်သလိုဖြစ်နေပါသည့်တိုင် စန်းကျီ၏သဘောအတိုင်း အလိုက်သင့်ပူးပေါင်းပေးလိုက်၏။
Advertisement
"ကောကော..ဘာပြောမလို့လဲ"
ကြည်နူးဖွယ်အခြေအနေလေးမှာ ထိုစကားလုံးကြီးကြောင့် ပျောက်ချင်းမလှပျောက်သွားရလေတော့သည်။
စန်းရန်က မျက်ခုံးများတွန့်ချိုးပစ်ကာ မျက်တောင်ပင့်ကြည့်လိုက်ပြီး တစ်စက္ကန့်မျှပင် မစောင့်နိုင်တော့ဘဲ ဝိန်းရိဖန်အား ကားထဲမှ ဆွဲထုတ်ပြီး ထွက်သွားချင်လှပြီပင်။ ထိုင်ခုံနောက်သို့ ပြန်မှီထိုင်လိုက်ရင်း ဝိန်းရိဖန်၏လက်အား တင်းသထက်တင်းအောင် ဆုတ်ကိုင်ပစ်လိုက်၍
"ဘာမှမဟုတ်ဘူး"
ဤတစ်ကြိမ်တွင် စန်းရန်က ခါးခါးသီးသီးတုံ့ပြန်လာခြင်းမဟုတ်သောကြောင့် စန်းကျီ ထပ်မကြည့်တော့ဘဲ အရှေ့ပြန်လှည့်သွားခဲ့၏။
စန်းရန်က ပေါ့ပေါ့ပါးပါးဖြင့်စကားဆိုလိုက်၏။
"ထောင်မကျအောင် ဘယ်လိုနည်းနဲ့လူသတ်ရမလဲဆိုတာ စဥ်းစားနေတာ"
"...."
သွမ့်ကျားရွှီက စူပါမားကတ်၏အပြင်ဘက်ကားပါကင်၌ ကားရပ်လိုက်သည်။ သူတို့နှစ်ယောက်သား ချစ်ကျွမ်းဝင်သည်မှာ အချိန်တစ်ခုစာကြာလာခဲ့ပြီဖြစ်သော်လည်း စန်းကျီသည် စန်းရန်တို့၏အရှေ့တွင်တော့ သွမ့်ကျားရွှီနှင့်တွဲသွားတွဲလာလုပ်ပြရန် စိတ်အဆင်မပြေပါသေးပေ။ ခံစားချက်မှာ လူကြီးများရှေ့၌ ရည်းစားနှင့်သာယာပြနေသလိုလို။
စူပါမားကတ်ထဲရောက်လာသည်နှင့် စန်းကျီက သွမ့်ကျားရွှီကို ဆွဲခေါ်ပြီး အခြားတစ်ဖက်သို့ ထွက်လာခဲ့လိုက်၏။
ဝိန်းရိဖန်က တံခါးဝနားမှ စျေးခြင်းလှည်းကို တွန်းရင်း စန်းရန်ဆွဲခေါ်သည့်နောက်သို့ ပါလာရ၏။ အခုလေးတင် ကားပေါ်တွင် ပြောခဲ့ကြသည့်စကားများကို ပြန်စဥ်းစားကြည့်မိနေပြီး ထပ်၍ မကျေမနပ်ဖြစ်လာရကာ စန်းရန်နှင့်စာရင်းရှင်းရန် ပြင်လေတော့၏။
"နင်ကလေ သွမ့်ကျားရွှီရှေ့မှာဆိုရင်..."
စန်းရန် လှည့်ကြည့်လာ၏။
ဝိန်းရိဖန်က ခပ်တည်တည်ဖြင့် ဘေးနားမှ ပစ္စည်းတစ်ချို့ကို လှမ်းယူကောက်ထည့်နေရင်း
"ပုံစံက တစ်မျိုးပဲနော်"
"...."
"ဒါပေမယ့်လည်း ကောင်းပါတယ်"
ဝိန်းရိဖန်က ယူထားသည့်ပစ္စည်းကို တဖန်ပြန်ထည့်လိုက်ပြီး ခပ်ရေးရေးလေးပြုံးကာ ညင်ညင်သာသာလေးစကားဆိုလိုက်သည်။
"သူ့ကျေးဇူးကြောင့်မလို့ နင့်ရဲ့ မတူညီတဲ့ပုံစံတစ်မျိုးကို ငါ တွေ့ရတာ"
စန်းရန်က စျေးခြင်းလှည်းပေါ် တံတောင်ဆစ်ဖြင့်လက်ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ ဝိန်းရိဖန်အား ငုံ့ကြည့်လာခဲ့၏။
"ဘယ်နားက မတူတာလဲ?"
ဝိန်းရိဖန်လည်း ရေရေရာရာမပြောပြတတ်။
"ဝိန်းရွှမ်းကျန့်..မင်းရဲ့ဒီအကျင့်ကလည်း အသစ်အဆန်းနော်..လောင်ဇစ်နဲ့ အတူတွဲနေခဲ့တဲ့ ဒီလောက်အချိန်တွေအကြာကြီးမှာ မင်း သဝန်တိုလိုက်တိုင်း အဲ့ဒီ ညစ်ပတ်နေတဲ့ ပေါက်ကရယောက်ျားရင့်မာကြီးတွေနဲ့ပဲ"
"...."
"ကိုယ့်ကို တမင်သက်သက်များ ပြဿနာလိုက်ရှာနေတာလား?"
ဤစကားတစ်ခွန်းတွင် ဝိန်းရိဖန် ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်လိုက်သည့်အခါ အမှန်တကယ်လည်း သည်လိုဖြစ်နေသည်ပင်။ ဘယ်အချိန်မျိုးမဆို သူ့ဘေးနား၌ ဆန့်ကျင်ဘက်လိင်တစ်ဦးရှိနေသည်ကိုလည်း သူမ မမြင်ဖူးခဲ့။ ထို့အပြင် သူမ၏လုပ်ရပ်ဟာ တမင်သက်သက်ပြဿနာရှာနေခြင်းမျိုးဟုလည်း ဝန်မခံချင်သဖြင့် ခပ်တည်တည်နှင့်စကားဆို၏။
"ဒါဆိုရင် နောက်တစ်ခါ သွမ့်ကျားရွှီက နင့်ကို 'ကောကော'လို့ခေါ်လာခဲ့ရင် နင် ဒီအတိုင်း အေးအေးဆေးဆေးသာနားထောင်နေလိုက်"
စန်းရန် ; "?"
ဝိန်းရိဖန်က ထပ်၍
"မဟုတ်ရင် နင်တို့နှစ်ယောက်က flirt နေကြသလိုပဲ"
"flirt တယ်ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်မှန်းရော သိလို့လား"
စန်းရန်က အရှေ့သို့တိုးကပ်လာပြီး သူ့လက်တစ်ဖက်အား ဝိန်းရိဖန်၏ခေါင်းပေါ်တင်လိုက်ရင်း အသံထွက်အောင်ရယ်လိုက်မိ၏။
"ဒါမှမဟုတ်..ကိုယ်က မင်းကို flirtခံရတဲ့အရသာမျိုးမပေးလို့ ကိုယ့်ကို စိတ်ဆိုးတာလား"
ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်၏။
"အဲ့လူယုတ်မာကောင်က ကိုယ့်ကို အဲ့လိုလိုက်ခေါ်နေတာက ရွံစရာကောင်းအောင်လုပ်ပြနေတာ..မင်း ကိုယ့်ကို ခေါ်တာမျိုးကမှ flirt တယ်လို့ခေါ်တာ"
စန်းရန်က ဝိန်းရိဖန်၏ခေါင်းကို အားပြင်းပြင်းပွတ်လိုက်ပြီး
"ခုဏတုန်းက ကားပေါ်မှာ ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ?"
ဝိန်းရိဖန် ;
"တိတိ"(မောင်လေး)
"အို့"
စန်းရန်က ဤအခေါ်အဝေါ်ကိုလည်း လက်သင့်ခံနိုင်လေပြီး ဖြည်းဖြည်းချင်းဖြင့်
"ကျယ်ကျဲက အသက်ငယ်ငယ်လေးတွေ သဘောကျတာလား?"
"...."
ပထမဆုံးအကြိမ်အဖြစ် သူ့ထံမှ ယခုလိုအခေါ်ခံလိုက်ရသည့်အခါ ဝိန်းရိဖန် ကြောင်အမ်းသွားရင်း မျက်နှာတစ်ခုလုံးပူထူလာရတော့သည်။ နှုတ်ခမ်းကိုစေ့ပြီး အရှေ့သို့ တစ်ကိုယ်တည်းလျှောက်ထွက်လာကာ စကားဆက်မဆိုတော့ဘဲ တည်ငြိမ်ချင်ယောင်ဆောင်နေလိုက်သည်။
စန်းရန်က သူမ၏အနောက်မှ လိုက်လာကာ နောက်တစ်ကြိမ် ထပ်ခေါ်လိုက်၏။
"ကျယ်ကျဲ"
ဝိန်းရိဖန် အနောက်ပြန်လှည့်ကြည့်ပြီး
"နင် ငါ့ကို အဲ့လိုလိုက်ခေါ်မနေနဲ့လေ"
"ဘာလို့လဲ"
စန်းရန်က မျက်ခုံးပင့်ပြကာ ပရောပရည်စကားသံမျိုးနှင့်
"ကိုယ့်ပုံစံက အသက်ငယ်တဲ့ပုံမျိုး မပေါက်သေးလို့လား"
"...."
အခြားတစ်ဖက်တွင်။
စန်းကျီက သွမ့်ကျားရွှီအား စူပါမားကတ်ထဲ စိတ်တိုင်းကျဆွဲခေါ်သွားရင်း မကျေမနပ်လည်းစကားဆိုနေ၏။
"ညီမလေးရဲ့အစ်ကို အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ..မုန့်ဖိုးနဲ့တောင် လာပြီးခြိမ်းခြောက်နေလိုက်တာ..ညီမလေးဘက်က အဲ့လောက်ပိုက်ဆံလေးကို စိတ်ထဲထည့်မနေပေမယ့် သူ အဲ့လိုလုပ်တာကတော့ တအားကလေးဆန်လွန်းတယ်.."
သွယ့်ကျားရွှီက ရယ်နေရင်း
"သူ ယူသွားခဲ့တာတွေကို ကိုယ် နောက်ကျရင် ပြန်ပေးမယ်"
စန်းကျီက ချက်ချင်းမော့ကြည့်ပြီး အဓိကအချက်ကို ဖမ်းဆုတ်လိုက်၏။
"ကောကောက ဘာလို့ သူ့အစား ပေးနေတာလဲ"
"...."
"ခုဏတုန်းကတော့ ကောကောက ညီမလေးရဲ့အစ်ကိုကို ဒေါသထွက်အောင်လုပ်နိုင်လို့ဆိုပြီး တော်တော် ကျေနပ်နေခဲ့တာ"
စန်းကျီက သုံးလေးစက္ကန့်ငြိမ်သွားပြီးနောက်တွင်
"ဒါပေမယ့် အခုချိန်မှာတော့ ညီမလေး တွေးကြည့်လေလေ ပုံမှန်မဟုတ်လေလေပဲ..ကောကော နောက်ဆိုရင် ညီမလေးအစ်ကိုကို အဲ့လိုမျိုး လိုက်မစနဲ့..ကြည့်ရတာ ကောကောတို့နှစ်ယောက်က အတွဲတွေကျနေတာပဲ"
"...."
ကြားရသည်မှာ ကိုးရိုးကားယားနိုင်လွန်းလှကာ သွမ့်ကျားရွှီ ပြောစရာမဲ့သည့်အထိ ရယ်နေမိပြီး
"ဘယ်လို?"
စန်းကျီက စိုက်ကြည့်နေသည့်ပုံမှာ မသိလျှင် အချိန်မရွေး လူကို အမှုန့်ကျိတ်တော့မည့်အလား။
"ဘာပဲဖြစ်ဖြစ် နောက်ဆိုရင် ကောကော သတိထားနေ..ညီမလေးက မနက်ဖြန်ဆို ကျောင်းပြန်သွားရတော့မှာဆိုတော့ ဒီဘက်ကအခြေအနေတွေကို မြင်နေရမှာမဟုတ်ဘူး..မဟုတ်ရင်လည်း ကောကောဘက်က ညီမလေးအစ်ကိုနဲ့တွေ့တာကို လျော့"
သွမ့်ကျားရွှီက ဘေးတိုက်အနေအထားဖြင့်ခေါင်းစောင်းကြည့်နေလေ၏။
"ဒါပေမယ့် ဟိုနေ့က ချန်ဖေးကော ၊ ဟောက်အန်းကောတို့နဲ့ စကားပြောတဲ့အချိန်တွေမှာလည်း.."
စန်းကျီက မျက်လုံးရှေ့တွင်မြင်နေရသော တစ်ခွန်းဆိုတစ်ခွန်း အယုံသွင်းတတ်သည့်ယောက်ျားအား စူးစိုက်ကြည့်လိုက် စာရင်းဟောင်းများကိုပါ ထည့်၍တွက်လာတော့၏။
"ကောကောက မထိတထိစကားမျိုးတွေ ပြောတာပဲ"
သွမ့်ကျားရွှီက ဖြည်းဖြည်းချင်းနှင့်သာ စကားဆိုလိုက်တော့၏။
"စိတ်ချပါ..ကောကောက အသက်ငယ်တာလေးတွေကိုပဲ သဘောကျတာ"
"...."
စကားပြောနေရင်း သွမ့်ကျားရွှီက စန်းကျီ၏ပါးကို ဆွဲညှစ်ပြီး စကားသံတို့ထဲ၌ အပြစ်တင်လိုသည့်အငွေ့အသက်လေးတစ်ချို့ပါလာခဲ့၍
"မျက်လုံးဖြူဝံပုလွေမလေး"
စန်းကျီက မကြားချင်ယောင်ဆောင်ကာ သွမ့်ကျားရွှီအား ဆက်၍ဆွဲခေါ်လာခဲ့သည်။
"ညီမလေးအစ်ကိုပြောတာတော့ ဒီနေ့ည ဟော့ပေါ့စားမှာတဲ့..ဒါဆို အသီးအရွက်တွေရှိတဲ့ဘက်သွားကြည့်ရအောင်..ဒါနဲ့ ကောကောက နောက်ဆို အချိန်ပိုဆင်းရတာမျိုးရှိရင်တောင် ညစာစားဖို့မမေ့နဲ့နော်..အပြင်စာတွေချည်းလည်း ဝယ်မစားနဲ့..ကိုယ့်ဘာသာကိုယ် ချက်မစားချင်ရင် ညီမလေးရဲ့အိမ်မှာသွားစားလို့ရတယ်"
သွမ့်ကျားရွှီက 'အာ' ဆိုသည့်အသံတစ်ခုကို ဆွဲဆွဲငင်ငင်ပြုလိုက်ရင်း
"ဒါဆို မင်းရဲ့အစ်ကိုနဲ့ တွေ့နေရမှာပေါ့"
"...အမ်.."
စန်းကျီက ပြောထားသည့်စကားနှင့်ပတ်သတ်၍ အနည်းငယ်အပြစ်ရှိသလိုပင်ခံစားလာရရင်း
"ဒါဆိုလည်း ကောကောက သူနဲ့စကားမပြောဘဲနေရင် ရပြီလေ"
လူသုံးကုန်ပစ္စည်းတန်းကို ဖြတ်ပြီး အရှေ့တည့်တည့်သို့လျှောက်လာလျှင် နှစ်ယောက်သားက အသီးအရွက်တန်းသို့ရောက်လာခဲ့သည်။
အရှေ့တွင်ရပ်နေသည့် စန်းရန်နှင့် ဝိန်းရိဖန်ကို လှမ်းမြင်လိုက်သည့်အခါ စန်းကျီက သွမ့်ကျားရွှီကို ဆွဲခေါ်ပြီး အနားသို့လျှောက်သွားလိုက်၏။ စန်းရန်၏အနောက်ဘက်နားသို့ ရောက်လျှင်ရောက်ချင်း ရင်းနှီးနေသည့်အသံတစ်ခုက သူမအား လှမ်းခေါ်လာခဲ့သည်။
"စန်းကျီ"
အသံကြားရာအတိုင်း လှည့်ကြည့်လိုက်ရာ မူလတန်းမှစ အထက်တန်းရောက်သည်အထိ အတန်းဖော်ဖြစ်ခဲ့ဖူးသော 'ဖုကျိန့်ချူး'၏မျက်နှာကို ရုတ်ချည်းမြင်လိုက်ရသည်။
အခြားသုံးယောက်လုံးလည်း လှည့်ကြည့်လာလျက်။
ဖုကျိန့်ချူးက ပြုံးပြနေရင်း
"တိုက်ဆိုင်လိုက်တာ..ထပ်တွေ့ပြန်ပြီနော်"
သွမ့်ကျားရွှီ မျက်ခုံးများ မသိမသာပင့်လာ၏။
စန်းကျီ၏အနောက်ဘက်တွင် ရပ်နေသော သွမ့်ကျားရွှီကို မြင်နေရသည့်အပြင် နှစ်ယောက်သားက လက်ချင်းတွဲထားသောကြောင့် ဖုကျိန့်ချူးမှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရ၏။
"ဒီတစ်ယောက်က မင်းရဲ့အစ်ကို မဟုတ်ဘူးမလား"
အလယ်တန်း ပထမနှစ်တုန်းက စန်းကျီသည် ဆရာတစ်ဦးကို စိတ်ဆိုးသွားအောင်လုပ်မိခြင်းကြောင့် သွမ့်ကျားရွှီအား တိတ်တိတ်လေးအကူအညီတောင်းပြီး အုပ်ထိန်းသူအဖြစ်ဟန်ဆောင်ကာ ဆရာနှင့်တွေ့ခိုင်းခဲ့ဖူးသည်။ ထိုအချိန်တုန်းက ဖုကျိန့်ချူးကလည်း အုပ်ထိန်းသူအခေါ်ခံထားရကာ ရုံးခန်းထဲ၌ သွမ့်ကျားရွှီအား သူမ၏အစ်ကိုအဖြစ် မြင်ခဲ့ဖူး၏။
လွန်ခဲ့သည့်ရက်အနည်းငယ်က အမျိုးသားနေ့ပိတ်ရက်ကြောင့် စန်းကျီ အိမ်ပြန်လာသည့်အခါ သွမ့်ကျားရွှီက နန်းဝူလေဆိပ်၌ လာကြိုပေးခဲ့ရာ ထိုအချိန်တုန်းကလည်း လူလာကြိုသည့် ဖုကျိန့်ချူးနှင့် အမှတ်မထင်တစ်ခါဆုံခဲ့သေး၏။
ထိုနေ့က နှစ်ယောက်သား၏ ရင်းနှီးပူးကပ်နေသည့်အပြုအမူများကို ဖုကျိန့်ချူး သတိထားမိသွားကာ သူ့အတွက် လက်ခံပေးနိုင်ဖို့ရာ ခက်ခဲလွန်းခဲ့အလား နောက်တွင် Wechat မှတဆင့်လည်း ပါးပါးနပ်နပ်ဖြင့် သူမအား ပြန်တွေးကြည့်ရန် ဖြောင်းဖျလာခဲ့သေး၏။
စန်းကျီက အရေးမပါသည်ဟုပင် ခံစားရရင်း စန်းရန်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဒီတစ်ယောက်ကမှ ငါ့အစ်ကို"
စန်းရန်က နေရာ၌သာရပ်နေပြီး အိတ်ကပ်ထဲ လက်ထည့်ထားကာ အထက်စီးဆန်ဆန်ဖြင့်ကြည့်နေလေသည်။
Advertisement
- In Serial524 Chapters
Madam Is A Sensational Figure In The City
As the leader of bandits, Yan Jinyi has been a bully for twenty years, and she ended up causing her own death.
8 1593 - In Serial76 Chapters
The Guidebook For Villainesses
Laviore Bailey—the ‘fake saintess’ who banished the innocent princess and stirred up bad blood to wage war.
8 448 - In Serial11 Chapters
My Grudge is not ending!
A new world. A new life. Learning magic, making new friends and living out my dream(s). All the while listening to a random God telling me to "forgive, forget and move on" I seemed to be a vengeful spirit reincarnated into another world, but I think I'm peaceful enough. So why is it that God keeps telling to me move on, and my friends keep begging me to never get angry at them?
8 83 - In Serial10 Chapters
Next to me.
Sequel to lifestyle. Just read.
8 150 - In Serial14 Chapters
Rescue Ladybug
Marinette can't stop thinking about what happened when Chat Noir becomes Chat Blanc. Worried about reapeating the future she takes the dangerous path to to prevent it. Her self sacrifice and heroism however will lead to a darker path and only Chat Noir can save her.Also check Start overBefore the Miraculous 🌠 who is he kissing,💋 Miraculous Curses of the Mermaid Treasure🐬, Miraculous curses of the Mermaid Treasure 2🐳Saving Chat Noir🐞Saving LadybugSinful Nap
8 76 - In Serial13 Chapters
A Weird night
Harley Hart soon to be Nova Bennett, was the best assassin there was, she apparently had no flaws but she did and it was her greatest weakness. There was one person she would die for and she did, kind of. She didn't see it coming, she didn't think that something like this would happen. Her world was about to be flipped upside-down in the spand of a day. For better or for worst who can tell.Started: 12-08-22Finished:??
8 80