《First Frost (Myanmar Translation)》Chapter 84
Advertisement
ဝိန်းရိဖန်တစ်ယောက် လက်ရှိအခြေအနေကြောင့် အနည်းငယ်ကြောင်အမ်းနေလျက်ရှိကာ မည်သို့မည်ပုံတုံ့ပြန်ရမည်မှန်းမသိ။ အနောက်ဘက်သို့လှည့်လိုက်ပြီး ဖွင့်ထားသည့်တံခါးကို လှမ်းကြည့်ကာ စိတ်ထဲ၌လည်း စန်းရန်၏အဖြစ်က ပစ္စည်းလာပို့ပေးသည့်ဝန်ထမ်းလေးလိုလိုပင် ခံစားလာမိတော့သည်။
"မဟုတ်ဘူးလေ ပါး..ဒီလိုနှစ်သစ်ကူးရက်ကြီးမှာ ကျွန်တော့်ကို ဘယ်နေရာသွားခိုင်းနေရတာလဲ"
စန်းရန်က အမေဖြစ်သူ လီဖင်ကိုလှမ်းကြည့်၍
"မားတောင်မှ ရတယ်လို့ပြောနေပြီလေ..မားက ကျွန်တော့်ကို တီဗွီကြည့်နေလို့ရတယ်တဲ့..ပါးက ဘာဖြစ်လို့ ကိုယ့်သားအရင်းကို အတင်းမောင်းထုတ်နေတာလဲ..ပါး ဒါက မားကို ပုန်ကန်တဲ့လုပ်ရပ်ကြီးနော်"
"...."
လီဖင်မှာ ဤလက်ပေါက်ကပ်လွန်းသည့်သားကြောင့် ဒေါသထွက်ပြီးမသေရုံတမယ် ၊ ထို့ကြောင့် စကားအပိုဆိုမနေတော့ဘဲ စန်းရန်၏လက်မောင်းကို တန်းဆွဲခေါ်လိုက်၏။
"ဘာကို တီဗွီကြည့်မှာလဲ!..ယောက်ျားကြီးဖြစ်ပြီး အိမ်ပြန်လာတာကို ဘာမှမလုပ်ဘဲ ထိုင်နေမှာ မရှက်ဘူးလား?"
ထို့နောက်တွင် ဝိန်းရိဖန်ဘက်သို့ လှည့်၍
"ရိဖန်..သမီးက ခဏလေးထိုင်နေဦးနော်"
ဝိန်းရိဖန်၏နှုတ်မှ 'ဟုတ်'ဆိုသည့်စကားတစ်ခွန်းကို အလိုလိုဖြေလိုက်မိ၏။
စန်းရန်က လီဖင် ဆွဲခေါ်သည့်နောက်သို့ပါသွားရင်း အနောက်သို့လှည့်၍လည်း ဝိန်းရိဖန်ကိုလှမ်းကြည့်နေလေသည်။ စန်းရုံက ရယ်နေရင်း ဝိန်းရိဖန်နှင့် စကားတပြောပြောလုပ်နေကာ တစ်ခဏကြာသွားပြီးချိန်တွင်တော့
"ကျီကျီ..ဒီအတိုင်းထိုင်မနေနဲ့..ရိဖန်ကို ရေတစ်ခွက်ခပ်ပေးလိုက်ဦး"
"ဟုတ်"
စန်းကျီက လက်ရမ်းပြ၍
"ရိဖန်ကျဲ..ဒီမှာ လာထိုင်လေ"
ဝိန်းရိဖန် အနားသို့လျှောက်သွားပြီး ရေတစ်ခွက်ကိုယူ၍ ဝင်ထိုင်လိုက်သည်။
"ညီမလေးရဲ့အစ်ကိုက ဦးလေးနဲ့အန်တီ စိတ်ဆိုးအောင် တစ်ခုခုလုပ်ထားလို့လဲ"
စန်းကျီက ပြုံးလိုက်၍
"ဟုတ်တယ်..မမတို့ မလာခင် လွန်ခဲ့တဲ့လေးနာရီလောက်ကတည်းက မေမေတို့ ကိုကို့အကြောင်း ပွစိပွစိလုပ်နေတာကို ညီမလေးနားထောင်နေရတာ"
"...."
"နှစ်သစ်ကူးညစာ စပြင်တဲ့အချိန်ကတည်းက စ,ဆူနေတယ်ပဲ ဆိုပါတော့"
စန်းကျီက လက်ချောင်းများထောင်ကာ မိဘများ မကျေမနပ်ဖြစ်နေသည့် စန်းရန်၏လုပ်ရပ်များကို ရေတွက်ပြလာ၏။
"အိမ်ပြန်မလာဘူး ၊ ဖုန်းမဆက်ဘူး ၊ မက်ဆေ့မပို့ဘူး ၊ အခြေအနေကိုမပြောပြဘူး ၊ ထမင်းလေးစားဖို့အတွက်ကိုတောင် ရှိခိုးဦးချမတတ် လိုက်ခေါ်နေရတယ် ၊ Blind Date သွားခိုင်းတဲ့အကြိမ်တိုင်းမှာလည်း တစ်ဖက်က မိန်းကလေးကို ပေါက်ကရတွေပြောပြီး မောင်းထုတ်..."
စကားမှားသွားမည်စိုးသောကြောင့် စန်းကျီက ထပ်ပေါင်း၍စကားဆိုလိုက်၏။
"ဒါပေမယ့် မားက ကိုကို့အတွက် Blind date မစီစဥ်ပေးတော့တာ ကြာလှပြီနော်"
ဝိန်းရိဖန်က ဆက်၌မေးလိုက်သည်။
"အန်တီက ဘာဖြစ်လို့ စန်းရန်အတွက် အမြဲတမ်း Blind date လိုက်စီစဥ်ပေးနေတာလဲ"
စန်းကျီက တစ်စက္ကန့်လေးမျှပင် မစဥ်းစားတော့ဘဲ ချက်ချင်းပြန်ဖြေလာ၏။
"ညီမလေးအစ်ကိုရဲ့ အကျင့်ကြီးကို ဘယ်သူက သည်းညည်းခံပေးနိုင်မှာလဲလေ ဟုတ်တယ်မလား..အဲ့ဒါကြောင့်မလို့ ကြိုတင်ရှာပေးနေရတာ"
"...."
"ဒါပေမယ့် ကိုကိုက မမကိုအရမ်းသဘောကျတာတော့ သေချာတယ်"
စန်းကျီက မျက်ဝန်းများကွေးသည်အထိ ပြုံးလိုက်ကာ စိတ်ထဲ၌လည်း ထူးဆန်းသလိုဖြစ်နေသည့်ကိစ္စအား ထုတ်ပြောလာခဲ့သည်။
"ကိုကို ရည်းစားထားခဲ့တာမျိုးကို ညီမလေး တစ်ခါမှမမြင်ဖူးခဲ့ပေမယ့် သူ ကြောက်နေတာမျိုးကိုတော့ ပထမဆုံးမြင်ဖူးတာပဲ"
"အမ်..ဘယ်လိိုကြောက်နေတာလဲ"
"အရင်တစ်ခါ နောက်မီးလင်းတယ်လို့ ပြောတဲ့ကိစ္စတုန်းကလေ..မမ အထင်လွဲသွားမှာကို သူ သေအောင်ကြောက်နေခဲ့တာ"
နှစ်ယောက်သားက ဧည့်ခန်းထဲတွင် ထိုင်နေခြင်းဖြစ်ပြီး တစ်ချက်တစ်ချက် မီးဖိုချောင်ထဲမှ အသံများကို ကြားနေရသည်။
လီဖင်နှင့်စန်းရုံတို့က စန်းရန်ကို ဆူငေါက်နေသည့်စကားများပင်။
လီဖင် ;
"အနွေးထည်ကို အခုချွတ်..အိမ်ထဲမှာနေပြီး အဲ့လောက်အထူကြီးဝတ်ထားတာ မပူဘူးလား"
စန်းရန် ;
"မချွတ်ဘူး..အေးတယ်"
စန်းရုံ ;
"ဘာကို အေးတာလဲ..လေပူပေးစက်ရှိနေတယ်လေ"
"အင်္ကျီလက်ကို အပေါ်ပင့်တင်စမ်း..စိုကုန်တော့မှာပဲ..ပြီးတော့ မျက်နှာအရောင်ကရော ဘယ်လိုဖြစ်နေတာလဲ..ဒီတစ်လောညနက်တဲ့ထိနေပြီး အစားကောင်းကောင်းမစားပြန်ဘူးလား..အိမ်ပြန်လာခဲ့ မားက အားရှိမယ့်ဟင်းရည်ချက်ပေးမယ်ဆိုတော့လည်း သေသေရှင်ရှင်ဆိုပြီးပြန်မလာဘူး..ဒီပုံစံနဲ့သာ အပြင်ထွက်သွားကြည့် အခြားသူတွေက နင့်အမေ နင့်ကို အသေသတ်နေတယ်လို့ ထင်ကုန်ဦးမယ်"
စန်းရန် ;
"ကျွန်တော့်ရဲ့ဒီအသက်အရွယ်ကြီးနဲ့ ဘာကို အားဖြည့်စာစားနေရဦးမှာလဲ"
သိပ်မကြာလိုက်ခင်။
လီဖင်က ရုတ်တရက် စကားပြောလာခဲ့သည်။
"လက်ပေါ်က အမာရွတ်က ဘယ်လိုဖြစ်တာလဲ"
စန်းရုံ ;
"ဘယ်ချိန်တုန်းက ချုပ်လိုက်ရတာလဲ"
ဝိန်းရိဖန်နှင့် စကားပြောလက်စဖြစ်သည့် စန်းကျီမှာ ထိုစကားကိုကြားလိုက်သည်နှင့်
"ရိဖန်ကျဲ..ခဏလေးနော်"
ချက်ချင်းထရပ်ပြီး မီးဖိုချောင်ဘက်သို့ ပြေးသွား၍
"ဘာချုပ်ထားတာလဲ"
စန်းကျီက စန်းရန်၏လက်ပေါ်မှ အမာရွတ်ကို လှမ်းမြင်လိုက်လေပြီး ခပ်ကျယ်ကျယ်အော်မေးလာခဲ့သည်။
"ဒါ ဘယ်သူလုပ်ထားတာလဲ"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"မင်း အပူပါလား..ကိုယ့်ဘာသာကိုယ် ကာတွန်းကား သွားကြည့်နေ"
လီဖင်မှာ ဒေါသလည်းထွက်ရသလို စိတ်လည်းပူလာမိ၍
"ကောင်စုတ်လေး..မားကို မြန်မြန်ပြောပြစမ်း..ဒါက ဘာဖြစ်ထားတာလဲ..နင် မားကို တစ်ရက်တစ်လေလေးဖြစ်ဖြစ် ကောင်းကောင်းအသက်မရှင်စေချင်တာလား..ဟမ်..မား အသက်တိုအောင်လုပ်နေတာလား!"
"အဲ့လောက်ကြီးလည်း မဆိုးသေးပါဘူး မားရာ..မသိရင် ကျွန်တော်က မကြာခင် သေတော့မှာကျနေတာပဲ"
စန်းရန်၏အသံမှာ စိတ်မရှည်သလိုဖြစ်နေပါသော်ငြား နားလည်သည်အထိ ရှင်းပြနေခဲ့၏။
"ကျွန်တော် အမှန်တရားဘက်တော်သား လုပ်ခဲ့တုန်းက မတော်တဆ အရေပြားပွန်းသွားရုံပါ"
----------
Advertisement
မိနစ်အနည်းငယ်ကြာပြီးသည့်အခါ စန်းကျီက နဂိုနေရာသို့ ပြန်ရောက်လာပြီး ဝိန်းရိဖန်အား ခပ်တိုးတိုးလေးမေးကြည့်လိုက်၏။
"ရိဖန်ကျဲ..ဘယ်လိုဖြစ်ထားတာလဲဆိုတာ မမ သိလား"
ဝိန်းရိဖန် ဖန်ခွက်ကိုကိုင်ထားရင်း
"စန်းရန်လက်ပေါ်က ဒဏ်ရာကိုပြောတာလား"
"အင်း..ညီမလေး အမျိုးသားနေ့အားလပ်ရက် ပြန်လာတဲ့အချိန်တုန်းကတောင် ကိုကို့လက်မှာ ဒဏ်ရာမရှိသေးဘူးရော"
စန်းကျီက အမာရွတ်ကို ကြည့်ခြင်းအားဖြင့် ထိခိုက်မိသည့်အချိန်တုန်းက ဒဏ်ရာ၏အတိမ်အနက်မှာ မသေးနိုင်ကြောင်း ခန့်မှန်းကြည့်မိသည်။
"ဘားမှာလာပြီး ပြဿနာရှာတဲ့သူတွေ ရှိလို့လား..ကိုကို့ရဲ့အကျင့်အရဆိုရင် ချက်ချင်း လက်ပါမှာ အသေအချာပဲ.."
"...."
"နောက်ကျရင်ရော အခုထက်ဆိုးတဲ့အခြေအနေမျိုးတွေ ဖြစ်ဦးမှာလားမသိဘူး"
"မဟုတ်ဘူး..စန်းရန်က မမရဲ့ ဒေါ်လေးဘက်ကအမျိုးတစ်ယောက်နဲ့ ထိပ်တိုက်တွေ့မိလို့"
ဝိန်းရိဖန်က ပြောပြရခက်ခဲသော်ငြား မဖုံးကွယ်ဘဲ
"ဝရမ်းပြေးထုတ်ခံထားရတဲ့ရာဇဝတ်သားဖြစ်နေတော့ အဲ့လူကို ဖမ်းတဲ့အချိန်မှာ ဒဏ်ရာရသွားတာ"
စန်းကျီ ကြောင်အမ်းသွားခဲ့သည်။
ဝိန်းရိဖန်လည်း ဘယ်လိုဆက်ပြောပြရမည်မှန်း မသိတော့ပေ။
တစ်ခဏတွင်တော့ စန်းကျီက သက်ပြင်းချလိုက်၍
"တကယ်ကြီး အမှန်တရားဘက်တော်သားလုပ်ခဲ့တာလား?..ကိုကို လျှောက်ပြောနေတယ်လို့ထင်နေတာ..ဒါဆို ကောင်းတဲ့ကိစ္စကိုလုပ်ခဲ့တာပဲပေါ့..ဘာမှမဖြစ်သွားရင် ရပါပြီလေ"
စန်းကျီက ထပ်၍တတွတ်တွတ်ဖြင့်
"ညီမလေးရဲ့ကိုကိုကလေ ဘယ်လိုများ ကြီးလာတာလဲမသိဘူး..ရန်ဖြစ်ပြီးလူရိုက်တဲ့နေရာမှာ အရမ်းတော်တာ"
ဝိန်းရိဖန်၏ 'အာ' ဆိုသည့်အသံတစ်ခု။
စန်းကျီ ;
"ညီမလေးရဲ့ကောင်လေးတောင်မှ ကိုကို ထိုးလို့ မျက်နှာတွေညိုမည်းသွားသေးတယ်..ခန္ဓာကိုယ်လည်း ဘယ်နေရာမှ အကောင်းတိုင်းမကျန်ခဲ့ဘူး"
စကားလမ်းကြောင်းက ချက်ချင်းပြောင်းသွားခဲ့ကာ ဝိန်းရိဖန်က ဆက်မေးကြည့်လိုက်၏။
"စန်းရန်က ဘာဖြစ်လို့ ညီမလေးရဲ့ကောင်လေးကို ထိုးရတာလဲ"
"ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က တက္ကသိုလ်တုန်းကတည်းကသူငယ်ချင်းတွေမလို့လေ..ကိုကို့အမြင်မှာ ညီမလေးရဲ့ကောင်လေးက သူ့အသက်အရွယ်ကြီးနဲ့ ညီမလေးကို မုန့်ပေးကြိုက်တယ်လို့ထင်နေတာ..ပြီးတော့ သူ့ကို မပြောပြဘဲ ဖုံးထားခဲ့လို့..."
စန်းကျီက သက်ပြင်းတစ်ချက်ထပ်ချ၍
"ဘာပဲဖြစ်ဖြစ် ကိုကို ရန်ဖြစ်တဲ့စကေးက အရမ်းကြောက်ဖို့ကောင်းတယ်"
"...."
"ဒါပေမယ့် ကိုကိုလည်း ညီမလေးရဲ့ကောင်လေး ထိုးတာခံလိုက်ရတာပဲ..သူတို့နှစ်ယောက် ရန်ဖြစ်ထားတော့ ညီမလေးမှာ စိတ်ဆိုးဒေါသတွေထွက်ပြီး ကိုကို့ကို ဆဲဆူပစ်လိုက်သေးတယ်..ဒါပေမယ့်လေ သူတို့နှစ်ယောက်က အချင်းချင်းအရမ်းချစ်ပြီးကာကွယ်ပေးကြတာ သိလား..ညီမလေးကိုတောင် အပြင်လူလိုလိုဆက်ဆံလိုက်သေးတယ်..ကိုကိုက ဘာပြောတယ်လို့မှတ်လဲ..သူ ယီဟဲကိုလာတာက ညီမလေးဆီ လာတာမဟုတ်ဘူး သူ့ညီအစ်ကိုဆီလာတာတဲ့"
ဝိန်းရိဖန် မနေနိုင်အောင် ရယ်မိလိုက်တော့သည်။
သူမ စိတ်လှုပ်ရှားနေမည်ကို စိုးရိမ်ခြင်းကြောင့်လားမသိ ၊ စန်းကျီက အရင်ကထက်ပင် ပို၍ ထွေရာလေးပါးစကားများနေခဲ့သည်။ နောက်ဆုံးတွင်တော့ အရင်စကားလမ်းကြောင်းပေါ် ပြန်ရောက်လာခဲ့၍
"ရိဖန်ကျဲ..ကိုကို့ဆီမှာ လက်ကဒဏ်ရာအပြင် အခြားနေရာတွေမှာရော ရှိနေသေးလား"
ဝိန်းရိဖန် ;
"ခါးပေါ်မှာတစ်ခုရှိတယ်..ဒါပေမယ့် လက်ကဒဏ်ရာလောက်တော့ မပြင်းဘူး..အခုအားလုံး ကောင်းနေပါပြီ..စိတ်မပူနဲ့တော့နော်"
"အဲ့လိုဆိုရင်ပြီးတာပါပဲ..ဒီအချိန်တွေအတွင်းမှာ မမပဲ သူ့ကိုစောင့်ရှောက်ပေးခဲ့တာမလား..ဖေဖေ မေမေတို့တောင် ဒီကိစ္စကိုမသိကြဘူးဆိုတော့လေ"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြရင်း
"မမလည်း များများစားစားကူညီပေးခဲ့တာမျိုး မဟုတ်ပါဘူး"
စန်းကျီ ;
"ညီမလေးကြည့်တာ ဒဏ်ရာကတော်တော်တောင် ပြန်သက်သာနေပြီလားလို့..ဘယ်နှလမှ မရှိသေးဘဲနဲ့လေ"
ဝိန်းရိဖန်၏စိတ်ထဲ စန်းရန်က သူမအတွက်ကြောင့်ဖြင့် ချယ်ရှင့်ဒယ်ကိုသာ မဖမ်းလျှင် ယခုလိုဒဏ်ရာမျိုးရှိလာမည်မဟုတ်ကြောင်း ပြောပြချင်မိ၏။
သို့သော်လည်း ပြောမထွက်လာနိုင်ခဲ့၏။
"ညီမလေးရဲ့ကိုကိုက ကောင်းတဲ့ကိစ္စတစ်ခုကို လုပ်ခဲ့တာပဲဟာ.."
သူမ၏အမူအရာကို သတိထားမိသည့် ကလေးမလေးက ရုတ်တရက်ပြုံးလိုက်ပြီး
"နောက်ဆိုရင် ကံတရားက ဒီထက်ပိုပြီးတောင် ကောင်းမွန်လာတော့မှာ"
သိပ်မကြာလိုက်ခင်အတွင်း လီဖင်က သူတို့နှစ်ဦးအား လှမ်းခေါ်လာလေသည်။
နှစ်သစ်ကူးညစာမှာ အတော်လေးကိုချဲ့ကားထားပြီး အရသာအစုံ ၊ အစားအသောက်မျိုးစုံအား စားပွဲအပြည့် တည်ခင်းထားသည်။ အခုလေးတင် စန်းကျီပြောသွားသည့် နှစ်သိမ့်စကားများကြောင့် ဝိန်းရိဖန် အနည်းငယ်စိတ်လွင့်နေသည့်အချိန် စန်းရန်က စားပွဲအောက်မှနေ၍ သူမ၏လက်ချောင်းများကို ဖွဖွလေးဖြစ်ညှစ်လာခဲ့သည်။
သူမ ဘေးတိုက်လှည့်ကြည့်လိုက်လျှင်..
စန်းရန်က သူမအား လှမ်းကြည့်နေပြီး မျက်ဝန်း 'စိတ်လှုပ်ရှားနေသေးခြင်းရှိမရှိ' မေးနေသည့်ဟန်။
ဝိန်းရိဖန်က ပြုံးရင်း ခေါင်းရမ်းပြလိုက်သည်။
ညစာစားဝိုင်း၌ အတော်ကြာအောင် စကားစမြည်ဆိုကြပြီးသည့်အခါ လီဖင်က တဖြည်းဖြည်းနှင့်ဂရုပြုမိလာပြီး ဝိန်းရိဖန်အား စိုက်ကြည့်လာကာ ကြာကြာကြည့်လေလေ ရင်းနှီးနေသလိုဖြစ်နေလေလေ။
"ရိဖန်..အန်တီတို့ အရင်ကတွေ့ဖူးကြလား"
ဝိန်းရိဖန်အနေဖြင့် လီဖင် မှတ်မိနေလိမ့်ဦးမည်ဟု မထင်မှတ်ထားကာ ချက်ချင်းပြန်ဖြေလိုက်၏။
"ဟုတ်..သမီး အထက်တန်းကျောင်းတုန်းက အန်တီ့ကို ကျောင်းမှာတွေ့ဖူးပါတယ်"
"...."
လီဖင်က ထိုအခါတွင်မှ အမှတ်ရသွားခဲ့ပြီး အံ့သြနေရင်း
"အေ့..သမီးက အထက်တန်းတုန်းက အားရန်နဲ့ ရည်းစားဖြစ်ခဲ့တဲ့ကောင်မလေး မလား"
ဤစကားတစ်ခွန်းအပြီးတွင် ကျန်နေသည့်အကြည့်များအားလုံးက ဝိန်းရိဖန်ပေါ်သို့ ချက်ချင်းရောက်လာလေတော့သည်။ ဝိန်းရိဖန်က ဟင်းရည်ကို ဖြေးဖြေးချင်းမျိုချလိုက်၍
"ဟုတ်..ဒါပေမယ့် အဲ့တုန်းက သမီးတို့ ရည်းစားတွေမဟုတ်ပါဘူး..မနှစ်ကမှ တွဲဖြစ်တာပါ"
"ဒါပေမယ့် ဒီကောင်စုတ်လေးကတော့ အဲ့အချိန်ကတည်းက သမီးကိုသဘောကျနေတာ..အန်တီတို့ကိုတောင် မဖုံးဘဲလိုက်ပြောပြနေတာလေ"
ဤအကြောင်းကို ပြန်တွေးမိသည့်အခါ လီဖင်က ရယ်ချင်သလိုလိုဖြစ်လာရ၏။
"ကျောင်းကနေ ပြန်လာပြီးတော့ အန်တီ အားရန်ကို ခဏခဏဆုံးမဖြစ်တယ်..အခုချိန်မှာ ပညာကိုအရင်သင် ၊ နှလုံးသားကိစ္စတွေကို မစဥ်းစားနဲ့ဦးဆိုပြီးလေ"
Advertisement
ဝိန်းရိဖန် ;
"ဟုတ်..အဲ့အချိန်တုန်းက သမီးတို့ တကယ်လည်း အသက်တွေငယ်ပါသေးတယ်"
"သူကတော့ အန်တီ့စကားကို လုံးဝကို နားမထောင်တာ..ငယ်ငယ်ကတည်းက အခုကြီးလာတဲ့အထိ ပုန်ကန်နေတုန်း"
လီဖင်က စန်းရန်အား မျက်စောင်းထိုးလိုက်၍
"ဒါပေမယ့် နောက်တော့ ဘာဖြစ်သွားမှန်းမသိပါဘူး ရုတ်တရက်ကြီး အသည်းအသန်စာလုပ်တော့တာပဲ..ပြီးတော့ တက္ကသိုလ်ဘွဲ့ရပြီး နှစ်တွေတော်တော်ကြာတဲ့အထိ ရည်းစားလည်း တစ်ယောက်မှမထားတော့ဘူး"
စန်းရုံကပါ ရယ်လိုက်ပြီး
"ဦးလေးတို့တောင် လန့်နေကြတာ..ဒီကောင်လေးများ ဦးလေးတို့ဆုံးမစကားတွေလွှမ်းမိုးခံလိုက်ရပြီလားလို့"
ကိစ္စအဝဝ၏အဓိကလူ စန်းရန်မှာတော့ အသံတစ်ချက်မထွက်ချေ။
စန်းကျီက ထမင်းတစ်လုတ်ဝါးရင်း ဝိုးတိုးဝါးတားဖြင့်
"တိတ်တိတ်လေး ခိုးတွဲခဲ့တာ နေမှာပေါ့"
လီဖင် ;
"ဟောက်အန်းကိုရော ချန်ဖေးကိုရော မေးကြည့်ပြီးပြီ..သူတို့နှစ်ယောက်လုံးလည်း ဘာကြောင့်မှန်းမသိကြလို့ အန်တီတောင်မှ အားရန်ရဲ့စိတ်အခြေအနေက တစ်ခုခုများဖြစ်နေတာလားဆိုပြီး စိတ်ပူခဲ့တာ..အဲ့ဒါကြောင့်မလို့ အမြဲတမ်း Blind date စီစဥ်ပြီး လက်တွဲဖော်ရှာပေးဖြစ်နေတာလေ"
ဤစကားတစ်ခွန်းက တစ်ခုခုကို အမှတ်ရသွားစေခြင်းကြောင့်လားမသိ ၊ စန်းရန်က တူကိုချလိုက်ကာ ပျင်းတိပျင်းရွဲအမူအရာ အပြုံးမမြည်သောအပြုံးဖြင့်
"အဲ့ဒါနဲ့ပဲ ကျွန်တော့်ကို ယောက်ျားတစ်ယောက်နဲ့ Blind Date လုပ်ပေးလိုက်တယ်ပေါ့"
"...."
လီဖင်မှာ ပြောလက်စ စကားပင် နင်သွားခဲ့ပြီး ဒေါသထွက်ထွက်ဖြင့်
"ဟဲ့..အဲ့ဒါကတော့ စီစဥ်ပေးသမျှ မိန်းကလေးတိုင်းကို နင်ပဲ သွားမတွေ့ချင်ခဲ့လို့လေ..ဒီအတွေးမျိုး မတွေးမိဘဲ နေပါ့မလား..နင့်မားက နင့်အတွက် ဒီလောက်ထိတောင် အလျော့ပေးပြီး အဆုံးအစွန်စဥ်းစားပေးခဲ့တာနော်"
စန်းရုံရော စန်းကျီပါ တဝါးဝါးရယ်ကြပါတော့၏။
ဝိန်းရိဖန်လည်း ခေါင်းငုံ့ကာ ရယ်နေမိတော့သည်။
-------
ညစာစားပြီးနောက်တွင် တစ်မိသားစုလုံးက ဆိုဖာပေါ်ထိုင်ပြီး နွေဦးရာသီပွဲတော်အစီအစဥ်များကို ကြည့်နေကြ၏။ များသောအားဖြင့် ထွေရာလေးပါးလျှောက်ပြောနေကြခြင်းသာ ဖြစ်သည်။ နှစ်သစ်ကူးညသန်းခေါင်ထိ နေကြပြီးချိန်တွင်တော့ လူကြီးနှစ်ယောက်က သူတို့သုံးဦးအား စာအိတ်နီများပေးကာ အိပ်ခန်းဆီသို့ ဝင်သွားကြတော့၏။
စန်းကျီ အခန်းထဲရောက်သည့်အခါ နှစ်ယောက်သားက စကားတစ်ခဏပြောကြနေစဥ် စန်းကျီ၏ဖုန်းသံမြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုလာသည့်သူမှာ သွမ့်ကျားရွှီ ဖြစ်ပုံရ၏။
ထိုအချင်းအရာကြောင့် ဝိန်းရိဖန်က စန်းကျီအတွက် ရှောင်ပေးလိုခြင်းအလို့ငှာ မတ်တပ်ရပ်ပြီး အခန်းထဲမှထွက်လာခဲ့လိုက်သည်။ စန်းရန်၏အခန်းရှေ့သို့လျှောက်လာပြီး တံခါးကို အသာအယာခေါက်လိုက်၏။ ချက်ချင်းဆိုသလို စန်းရန်၏အသံအား အခန်းထဲမှကြားလိုက်ရသည်။
"တံခါးလော့ခ်မချထားဘူး"
ဝိန်းရိဖန် တံခါးကိုလှည့်ဖွင့်ပြီး ဝင်လာခဲ့လိုက်သည်။
လက်ရှိအချိန်တွင် စန်းရန်က အခန်းထဲရှိဆိုဖာပေါ်၌ထိုင်ကာ လက်ထဲတွင် ဂိမ်းခလုတ်ကိုကိုင်ပြီး ဂိမ်းကစားနေ၏။ သူမထံသို့ မျက်ဝန်းပင့်ကြည့်လာသည့်သူက
"မအိပ်သေးဘူးလား"
ဝိန်းရိဖန်က တံခါးပြန်ပိတ်လိုက်သည်။
"ခဏနေမှ အိပ်မှာ"
"ကိုယ်နဲ့အတူတူအိပ်ချင်လို့ ရောက်လာတာလား"
"မဟုတ်ပါဘူး"
စန်းရန်က မေးငေါ့ပြ၍
"ဒါဆိုလည်း ပြန်တော့"
"...."
ဝိန်းရိဖန်က မကြားသလိုနေလိုက်ပြီး သူ့ဘေး၌ ဝင်ထိုင်လိုက်၏။
"နင် ဘာဂိမ်းကစားနေတာလဲ"
စန်းရန်က ဂိမ်းခလုတ်အား သူမ၏လက်ထဲထည့်ပေးကာ ခါးတစ်လျှောက်ကို သိုင်းဖက်ပြီး အားအနည်းငယ်ထည့်၍ သူ့ပေါင်ပေါ်သို့ ဆွဲခေါ်လိုက်သည်။ သူ့ပုံစံမှာ အနည်းငယ်အိပ်ချင်နေပုံရကာ သူမ၏ပုခုံးပေါ် မေးတင်ပြီး သူမ၏လက်နှစ်ဖက်အား သူ့လက်ဖဝါးဖြင့် အုပ်ကိုင်ထားလိုက်သည်။
"ကိုယ် သင်ပေးမယ်"
သူနှင့်အတူ တစ်ခဏကြာကြာကစားလိုက်၏။ သူမ၏လက်ချောင်းများ ရွေ့လျားနေသည်မှာ မှန်သော်ငြား ကစားကွက်တစ်ခုလုံးထိန်းချုပ်သွားသည့်သူမှာတော့ စန်းရန်ပင်ဖြစ်သည်။ တစ်ဖက်ရန်သူ၏သွေးတန်းများ တစ်စက်စက်လျော့ပြီး ကုန်ဆုံးသွားသည့်တိုင် သူရဲကောင်း၏ သွေးတန်းက တစ်စက်လေးမှမလျော့သေးကြောင်း ဝိန်းရိဖန် မြင်နေရ၏။
ဤအခြေအနေတွင်။
ဝိန်းရိဖန်၏စိတ်ထဲ သူမထံ၌လည်း ယခုလိုသောက်ဆရာကြီးနိုင်လွန်းသည့်ခံစားချက်မျိုးရှိနေကြောင်း ခံစားမိလိုက်ကာ စိတ်ဝင်တစားဖြင့် အနောက်လှည့်စကားဆိုလိုက်သည်။
"ငါ့ဘာသာငါ တစ်ပွဲကစားကြည့်မယ်"
အနောက်ဘက်မှစန်းရန်က လွယ်လင့်တကူလက်လွှတ်ပေးလိုက်ပြီး သူမ ကစားသည့်အခြေအနေကိုကြည့်နေ၏။
အစကထင်ထားခဲ့သည်မှာ ရလဒ်က အရှေ့တစ်ကြိမ်နှင့်မခြားမနားပင် ဖြစ်မည်ဟူ၍။
သို့သော် ကိုယ်တိုင်ကစားရသည့်အခြေအနေနှင့် စန်းရန်ထိန်းကျောင်းထားသည့်အခြေအနေက အကွာကြီးကွာနေသည်ပင်။ နောက်ဆုံးစက္ကန့်တွင် ဝိန်းရိဖန်ထိန်းချုပ်နေသည့်သူရဲကောင်းက မရှုမလှရှုံးနိမ့်သွားခဲ့ပြီး တစ်ဖက်ရန်သူမှာတော့ သွေးတစ်စက်ပင် မလျော့သွားချေ။
စန်းရန်မှာတော့ ပုခုံးများလှုပ်သည်အထိ သဘောတကျရယ်နေလေပြီး မှတ်ချက်ပင်ပြုလိုက်သေး၏။
"အခြေအနေဆိုးလှချည်လား"
ဝိန်းရိဖန်က လှည့်ကြည့်၍
"နှစ်ယောက်ယှဥ်ချလို့ရလား"
"ရတယ်"
စန်းရန်က အေးအေးလူလူဖြင့်
"ဒါပေမယ့် ကိုယ်က ကွန်ပြူတာကောင်ထက် ပိုကြမ်းတယ်နော်"
"...."
ဝိန်းရိဖန်၏တောင်းဆိုမှုအရ နှစ်ယောက်ယှဥ်ချသည့်ပုံစံပြောင်းလိုက်ပြီး ဂိမ်းခလုတ်တစ်ခုကို ထပ်ယူလိုက်သည်။ စန်းရန်သည် ဝိန်းရိဖန်အား တစ်ချက်ကလေးမှအရှေ့တိုးလာခွင့်မပေး ၊ လှုပ်ရှားသည့်အကွက်များက သာမန်ကာလျှံကာဖြစ်ကာသော်ငြား တိုက်ခိုက်လာသည့်အကြိမ်တိုင်းတွင် သူမ သွေးတစ်ဝက်နီးနီးလျော့သွားရ၏။
အညှာအတာကင်းစွာ သုံးကြိမ်သုံးခါ အသတ်ခံရပြီးသည့်နောက်တွင်။
ဝိန်းရိဖန်က ဂိမ်းခလုတ်အား ချထားလိုက်တော့၏။ အချိန်လည်း နောက်ကျနေပြီဖြစ်သလို ဆက်နေချင်သည့်စိတ်လည်း မရှိပါတော့ပေ။
"ငါ သွားအိပ်တော့မယ်"
"ဘာဖြစ်တာလဲလို့"
စန်းရန်က ပြန်ဆွဲခေါ်လိုက်ပြီး ရယ်ချင်နေသည့်စိတ်ကိုထိန်း၍
"ကိုယ် မင်းကို သင်ပေးမယ်လို့ပြောထားတယ်လေ..ဒီလောက်လေးပဲသင်ယူပြီး ပြန်တော့မလို့..ကိုယ် မင်းကို ထပ်ပြီးသင်ပေးစရာတွေရှိနေသေးတယ်"
ဝိန်းရိဖန်တွေးကြည့်လိုက်သည့်အခါ သူ့စကားက မှန်သလိုလိုရှိနေသည့်အတွက်
"ဒါဆိုလည်း နင် ဆက်သင်ပေး"
နှစ်ယောက်သားက ဂိမ်းကစားရင်း တစ်ဖက်ကလည်း စကားတပြောပြော။
စန်းရန် ;
"မနက်ဖြန်ရော ဒီမှာနေချင်သေးလား"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၍
"အင်း..ငါ နင့်မိသားစုကို သဘောကျတယ်"
စန်းရန်ကို စတင်ရင်းနှီးခဲ့သည့်အချိန်ကတည်းက သူဟာ ပြည့်စုံပြီးစိတ်ချမ်းမြေ့စရာကောင်းသည့်မိသားစုမျိုးတွင် ကြီးပြင်းခဲ့ရမှန်း ဝိန်းရိဖန် ခံစားမိခဲ့သည်။ သို့မှမဟုတ်လျှင် သူကဲ့သို့သောအကျင့်စရိုက်မျိုးနှင့်လူတစ်ယောက်ကို မွေးထုတ်လာနိုင်မည်မဟုတ်၏။
မာနကြီးသော ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသော ၊ ထို့အပြင် စိတ်ဓါတ်ခိုင်မာလွန်းသော..
အလင်းရောင်နှင့်တူသည့် သူတစ်ဦး...
စန်းရန်၏မိသားစုအား သူ့အား ခေါ်ဝေါ်နေသည့် နာမ်စားအကြောင်း တွေးလိုက်မိ၏။
အားရန်..
အရှေ့စာလုံးတစ်လုံးလေး ပြောင်းခေါ်လိုက်ရုံဖြင့် နွေးထွေးမှုများက ပို၍အားသာလာခဲ့လိုလို..
ဝိန်းရိဖန်က ရုတ်တရက်လှမ်းခေါ်လိုက်သည်။
"စန်းရန်"
"အမ်?"
"နင့်ညီမလေးမှာ အိမ်နာမည် ကျီကျီ ရှိတယ်ဆိုတော့ နင့်မှာရော ရှိလား"
သူ့အဖြေကိုမစောင့်ဘဲ ဝိန်းရိဖန်က ဆက်၍
"ပထမအသံထွက်ကိုယူထားတဲ့ 'ယန်ယန်' ဆိုပြီးတော့လား"
"...."
စန်းရန်က သူမ၏ပါးကို ဖြစ်ညှစ်လိုက်ပြီး
"ဟုတ်မနေဘူး"
"ဒါဆို ဒုတိယအသံထွက်ကို ယူထားတာလား?"
ဝိန်းရိဖန် ;
"ရန်ရန်?"
"မင်း အိပ်ငိုက်နေတာလား?"
စန်းရန်က ဝိန်းရိဖန်ကိုစိုက်ကြည့်နေရင်း ရုတ်တရက် ရယ်လိုက်မိတော့၏။
"ဘာတွေ ပေါက်ကရလျှောက်ပြောနေတာလဲ"
"အို့..ဒါဆိုရင်.."
ဝိန်းရိဖန် နှစ်စက္ကန့်မျှတိတ်ဆိတ်ပြီးသွားမှ စကားထပ်ဆိုလိုက်၏။
"အားရန်"
"...."
စန်းရန်၏မှင်သေသွားသည့်အမူအရာကို မြင်လိုက်ရသည့်အခါ ဝိန်းရိဖန်က သူ့နှုတ်ခမ်းကို ဖြတ်ခနဲနမ်းလိုက်ပြီး ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
"ငါ သွားအိပ်တော့မယ်"
စန်းရန်က အမြန်ပြန်ဆွဲခေါ်လိုက်၍
"ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ?"
ဝိန်းရိဖန် သူ့ခန္ဓာကိုယ်ပေါ်၌မှီထားရင်း ခပ်ရေးရေးပြုံးလိုက်၏။
"အားရန်"
စန်းရန်၏လည်စလုတ်က အထက်မှအောက်သို့ရွေ့သွားခဲ့ကာ သူမ၏နှုတ်ခမ်းစွန်းအား ဖွဖွလေးနမ်းရှိုက်လိုက်သည်။
"အင်း..နောက်ဆိုရင် ဒီလိုပဲခေါ်တော့"
ဤတစ်ကြိမ် စန်းရန်၏မိဘများနှင့်တွေ့ဆုံသည့်အချိန်မှစ ဝိန်းရိဖန်၏ ရက်သတ္တပတ်လှုပ်ရှားမှုထဲတွင် အချိန်ဇယားအသစ်တစ်ခုတိုးလာခဲ့တော့သည်။ စန်းရန်၏မိသားစုပတ်ဝန်းကျင်ကို အရမ်းသဘောကျလွန်းသောကြောင့် သူမ အားလပ်သည့်အချိန်တိုင်းတွင် စန်းရန်အားဆွဲခေါ်လာပြီး သူ့အိမ်၌ ထမင်းလာစားဖြစ်ခဲ့သည်။
ဤအချိန်ပိုင်းလေးအတွင်း စန်းရန်၏အိမ်ပြန်ချိန်များက အရင်နှစ် နှစ်တစ်ဝက်စာပေါင်းသည့်အကြိမ်ရေထက်ပင် များလာပါတော့သည်။
နှစ်ယောက်သားက အိမ်ပြောင်းမည့်ရက်အား ၂၈ရက်နေ့တွင် သတ်မှတ်ခဲ့သည်။
တစ်ပတ်အလိုကတည်းက ပစ္စည်းများအား တစ်ခုစ နှစ်ခုစနှင့်သိမ်းဆည်းထုတ်ပိုးခဲ့ကြသည်။ မပြောင်းခင်တစ်ညအလိုတွင် ဝိန်းရိဖန်က သူမ၏အခန်းထဲမှ ပစ္စည်းအားလုံးသိမ်းဆည်းပြီးလုနီးနီးဖြစ်ကာ အနည်းငယ် ရှုပွနေသည့်နေရာတစ်ချို့သာကျန်တော့သည်။
သိမ်းဆည်းရှင်းလင်းနေသည့်အချိန် အပြင်ဘက်မှတံခါးခေါက်သံကြားလိုက်၏။
"ဒီအတိုင်းတန်းဝင်လာလို့ ရပါတယ်ဆို"
စန်းရန်က တံခါးဖွင့်၍ဝင်လာပြီး သူမရှိသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်နှင့် မျက်မှောင်ကျုံ့လျက်
"ကြမ်းပြင်ပေါ်မှာ ထိုင်မနေနဲ့လေ..ဓမ္မတာလာနေတုန်း မလား"
ဝိန်းရိဖန်က မတ်တပ်ထရပ်လိုက်တော့၏။
စန်းရန် ;
"ကိုယ် ဘာကူပေးရမလဲ"
ဝိန်းရိဖန်က စာရေးစားပွဲခုံကို လက်ညှိုးထိုးပြ၍
"ဒါဆို နင် ငါ့ကို အဲ့ပေါ်ကပစ္စည်းတွေ ကူသိမ်းပေး..ငါ သေချာစီထားပြီးတဲ့ဟာတွေ"
"အင်း ရတယ်"
စန်းရန်က စားပွဲပေါ်မှ စာအုပ်များကိုကောက်ယူပြီး ပုံးတစ်ခုထဲသို့ အသေအချာစီထည့်နေလိုက်၏။ နောက်ဆုံးသောတစ်ကြိမ်တွင်တော့ တစ်ခုခုကိုသတိထားမိသွားသည့်အလား သူ့လှုပ်ရှားမှုများ နှေးကွေးသွားခဲ့ကာ ဖြေးဖြေးချင်းကောက်ယူကြည့်လိုက်သည်။
မှတ်စုစာအုပ်လေးတစ်အုပ်။
လက်ရှိအချိန်တွင် စာအုပ်ကိုမှောက်ထားသဖြင့် အနောက်ဘက်အဖုံးကိုမြင်ရခြင်း။ အပေါ်တွင် ရေစိုမှင်မျိုးဖြင့်ရေးထားသည့် လက်မှတ်ကြီးတစ်ခုက တစ်မျက်နှာအပြည့်နေရာယူထားကာ ရှုပ်ယှက်ခတ်နေသည့်နောက်ခံကြားမှ ရေးထားသည့်စာလုံးကို ခက်ခက်ခဲခဲဖတ်ယူကြည့်လိုက်သည်။
ဘေးနားရှိ ဝိန်းရိဖန်မှာ စကားပြောနေဆဲ
"နင့်အခန်းရော သိမ်းပြီးပြီလား"
စန်းရန်က ပြန်မဖြေ။
ဝိန်းရိဖန်က ထပ်၍
"ငါ ခဏနေကျရင် လာကူပေးမယ်နော်"
စန်းရန်က ဆိတ်ဆိတ်ငြိမ်နေဆဲ။
ဝိန်းရိဖန် ထူးဆန်းလာမိသဖြင့် ထိုနေရာသို့ လှည့်ကြည့်လိုက်သည်။ စန်းရန်၏လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ထားပြီး သူ့အမူအရာမှာတော့ ခန့်မှန်းကြည့်၍မရ ၊ စာအုပ်ပေါ်တွင် ဟိုးအရင်က သူမအတွက် 'မုချန်ယွင်' ထိုးထားပေးသည့်လက်မှတ်။
ဝိန်းရိဖန် ဦးရေပြားများပင် ထုံသလိုလိုဖြစ်လာခဲ့ရ၏။ သို့သော် စန်းရန်က ထိုစာလုံးကိုပုံဖော်ကြည့်နိုင်လိမ့်မည်ဟု မထင်ထားသဖြင့် မျက်လွှာကိုချ ၊ ပစ္စည်းများကို ဆက်၍ထုတ်ပိုးနေလိုက်သည်။
Advertisement
- In Serial275 Chapters
Secretly Loved By The Dangerous CEO
Delilah Farris works with the world's most powerful men to fix their scandals. She has only two rules: She won’t allow any man to look down on her, and she won’t work for a criminal.
8 1948 - In Serial73 Chapters
Dorming With The Jocks
Because high school isn't hard enough.Sadie Michaels got into the best high school in the country, excited to start her junior year and make the most of it. But no one told her she would have to be dorming with guys?! When she arrives she hears the news that the girls dorms are full and the only dorm that is open is the Wellington Dorm, a.k.a. the Jock Dorm. If she wants to go to school there and stay she has to dorm with the jocks but will she be able to handle their silly pranks and rude comments? Not to mention every man in the dorm hitting on her 24/7? And what happens when her roommate just happens to be the biggest Jock of them all?
8 148 - In Serial24 Chapters
And So It Starts
Telling the childhood story of his depressed father whilst dealing with his own lonesomeness and his growing feelings for someone who should be completely off-limits has caused him to lose a proper will to live. Emery was just a boy when his wicked nanny came to live with him. How would he have known that her intentions were beyond that of a normal nanny. Pudding hates life. He hates everything around him. He has virtually no love for anyone or anything. Except for one, his brother, Lemon. Pudding's diary to the Grim Reaper....and so it starts
8 174 - In Serial27 Chapters
The Feelings • Harry Styles
"I'm here, I'm yours" he said " I love you, all you have to do is let me "I stare at him, " it's not that easy , you can't just stand there and tell me to accept your love" he stares into my blue eyes Copyright 2018/2021. All rights reserved. This material may not be reproduced, displayed, modified or distributed with out express prior written permission of copyright holder, for permission, contact @addictmuke on wattpad.com
8 82 - In Serial39 Chapters
Frigid Flora
Flora Montgomery - more commonly known as Frigid Flo - has a secret fear of touching and being touched. When a certain incident brings her face to face with Parker Heywood, the school's infamous flirt, her life begins spiralling downhill. What's worse, he can't seem to keep his hands off her.// beautiful cover created by the talented @MuchMoreMuchier //
8 154 - In Serial49 Chapters
His Mate {Alpha Hoseok} (Complete)
A Hoseok FF (JHope x Reader)Highest Ranking: #1 - btsjhope out of 22.1K books.~He moves his face closer to her neck. His mouth parts open and he aggressively licks her skin. She could feel his sharp canines on her neck. It was tempting, too tempting for him to control. "MARK HER!" his wolf said. "MARK HER! SHE'S OUR MATE!!" "Fuck!" He cursed before giving in the temptation.
8 86

