《First Frost (Myanmar Translation)》Chapter 80
Advertisement
အိမ်ပြန်ရောက်ပြီးသည့်အခါ ဝိန်းရိဖန်က ဘူးအလွတ်တစ်လုံးကိုယူပြီး ချိုချဥ်ထုတ်များကို ထည့်သိမ်းထားလိုက်သည်။ အိမ်ပြောင်းမည့်ကိစ္စကလည်း စန်းရန်၏စကားတို့ကြောင့် လမ်းလွဲသွားရပြီဖြစ်သည်။ နောက်တစ်ကြိမ် ထပ်ပြောဖို့ရာ စဥ်းစားမိသေးသော်လည်း လတော်တော်များများအချိန်ရသေးသည့်အတွက်ကြောင့် အလျင်လိုနေခြင်းမရှိတော့၏။
ပုံမှန်အတိုင်း စန်းရန်အား ကိုယ်လက်သန့်စင်ပေးပြီးမှသာ ဝိန်းရိဖန် အိပ်ခန်းထဲ ဝင်လာခဲ့သည်။
ကြည့်ရသည်မှာ ဒဏ်ရာရထားသည့်ကိစ္စအား စန်းရန်က သူ့မိသားစုကို ပြောပြထားပုံမရပေ။ ဤရက်ပိုင်းအတွင်းတွင် သူမိသားစုက မကြာခဏဖုန်းဆက်လာပြီး အိမ်ပြန်ထမင်းစားရန် ခေါ်နေလေ့ရှိကြောင်း ဝိန်းရိဖန် ကြားနေကျ။ သို့သော် သူ့လက်ပေါ်မှဒဏ်ရာကြောင့် စန်းရန်က အကြိမ်တိုင်းငြင်းနေသောကြောင့် လက်ရှိအချိန်တွင် သူ့မိဘများက သူ့အပေါ်ဆူပူနေပြီလည်းဖြစ်၏။
စန်းရန်၏ပုံစံမှာတော့ ဤအခြေအနေမျိုးကို ကျင့်သားရနေသည့်အတိုင်း တစ်စက်လေးမျှ ဂရုမစိုက်ဘဲ အေးအေးလူလူသာပင်။
ဝိန်းရိဖန် ခန့်မှန်းချက်အရ စန်းရန်က ပိုအေးလာမည့်ရာသီဥတုကို စောင့်ပြီး ထိုအချိန်ကျမှ ဒဏ်ရာကို လက်ရှည်အင်္ကျီဖြင့်ဖုံး၍ အိမ်ပြန်မည့်အစီအစဥ်မျိုးရှိပုံရ၏။ သူမ အိပ်ရာပေါ်၌ထိုင်ရင်း ဖုန်းဖွင့်ကြည့်နေလိုက်သည်။
ကျောက်ယွမ့်တုံပို့ထားသည့်မက်ဆေ့ကို မြင်လိုက်သည့်အခိုက်တွင်တော့ စန်းရန်ထံမှတဆင့်ပြောခိုင်းလိုက်သော ကျိန့်ခယ်ကျား၏စကားကို အမှတ်ရလိုက်သည်။
သူမ ဝင်ကြည့်ပြီး နောက်ဆုံးပို့ထားသည့် မက်ဆေ့တစ်ခုတည်းကိုသာ ဖတ်ကြည့်လိုက်၏။
[ အားကျန့်..မေမေ သမီးကို တစ်ခေါက်လောက် လာတွေ့လို့ရမလား ]
ဝိန်းရိဖန်က ထိုမက်ဆေ့အား အချိန်အကြာကြီးစိုက်ကြည့်နေမိပြီးနောက် ကျောက်ယွမ့်တုံ၏ Profile ထဲဝင်ကာ Blocked လုပ်မည့်နေရာ၌ တစ်ခဏပြန်ရပ်တန့်ရင်း လက်ရွယ်ထားလိုက်သည်။ အဆုံးတွင်တော့ သက်ပြင်းရေးရေးသာချလိုက်ပြီး မနှိပ်လိုက်ဘဲ သည်အတိုင်းထွက်လာခဲ့သည်။
သူမ၏ အခွံချည်းသပ်သပ်ဖြစ်နေသောအတွေးများထဲတွင် အရေးမပါလှသောကိစ္စပေါင်းများစွာကို တစ်ခုပြီးတစ်ခု တွေးနေမိခဲ့ရင်း ယနေ့ည၏အဖြစ်အပျက်အား တမုတ်ချည်းပြန်တွေးကြည့်မိလာသည်။
ဓါတ်လှေကားထဲမဝင်မီ စန်းရန်ပြောခဲ့သည့် နောက်ဆုံးစကားတစ်ခွန်း။
---'ကိုယ် ကိုယ်တိုင်ကိုက ဆန္ဒရှိလို့'
ဝိန်းရိဖန် မျက်တောင်ဖွဖွခတ်ရင်း မကောင်းသည့်စိတ်အခြေအနေတို့ဟာလည်း ဤအမျိုးသားကြောင့် လွင့်ပျယ်သွားခဲ့ကာ နှုတ်ခမ်းကိုကွေး ၊ ခေါင်းအုံးကိုဖက်ပြီး အိပ်ရာထဲ လူးလိမ့်နေလိုက်၏။
နောက်တစ်နေ့တွင် ဝိန်းရိဖန်က စန်းရန်ကို အဖော်လုပ်ပေးပြီး ဆေးရုံသို့ ပတ်တီးလဲရန် လိုက်လာပေးခဲ့သည်။ သူ့ဒဏ်ရာမှာ အတော်လေးသက်သာလာပြီး သေသေသပ်သပ်လည်းအသားပြည့်လာကာ နီရဲရောင်ယမ်းနေခြင်းမျိုးမရှိ။ ဆရာဝန်က နောက်တစ်ပတ် ထပ်ချိန်းပြီး ထိုအခါတွင်မှ ဒဏ်ရာအခြေအနေကိုကြည့်ကာ ချုပ်ရိုးဖြည်မည့်အရေးကို ဆုံးဖြတ်မည်ဟု ဆိုလာခဲ့သည်။
ဝိန်းရိဖန် အချိန်တွက်ကြည့်လိုက်လျှင် ထိုနေ့က သူမ၏မွေးနေ့။
စနေနေ့ဖြစ်သော်လည်း သည်တစ်ကြိမ်တွင် ဝိန်းရိဖန် နားရက်မရဘဲ အလုပ်လုပ်နေရ၏။ သို့သော်ငြား သတင်းထောက်တစ်ဦး၏အလုပ်ချိန်မှာ အပြောင်းအလဲများလွန်းသည့်အချက်အရ ဤနေ့ရက်တွင် သူမ စောစောထပြီး စန်းရန်နှင့်အတူ ဆေးရုံသို့ ချုပ်ရိုးဖြည်ရန် လိုက်လာပေးပြီးမှ ဌာနသွား၍ စိတ်အေးလက်အေးအလုပ်လုပ်ခဲ့သည်။
နေ့လည်ခင်းတွင် ဝိန်းရိဖန်က မျက်မြင်သက်သေတစ်ဦးနှင့်တွေ့ဆုံရန် အချိန်းအချက်ပြုထား၏။ ချိန်းထားသည့်နေရာမှာ မျက်မြင်သက်သေ၏အိမ် အနီးအနားတွင်ရှိသော ကော်ဖီဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။
အင်တာဗျူးပြီးနောက်တွင်တော့ ဝိန်းရိဖန်က တစ်ဖက်လူကို ကျေးဇူးတင်စကားဆိုလိုက်သည်။ တစ်ဖက်လူထွက်သွားပြီးနောက်၌ လက်တော့ပ်ကိုကြည့်ရင်း သူမ၏အတွေးများနှင့်အတူ သတင်းစာမူကြမ်းကို စတင်စာစီနေခဲ့သည်။ ဖုန်းမြည်သံကြားသည့်အခိုက်မှသာ တစ်ခဏရပ်ပြီး ဖုန်းကိုလှမ်းယူ၍ဖွင့်ကြည့်လိုက်သည်။
စန်းရန်ပို့လာသည့်မက်ဆေ့။
စန်းရန် ; [ ဘယ်မှာလဲ ]
ဝိန်းရိဖန်က တည်နေရာအား သူ့ထံလှမ်းပို့ပေးလိုက်သည်။
စန်းရန် ; [ အလုပ်ဆင်းနေပြီလား ]
ဝိန်းရိဖန် ; [ အင်း..ငါ စာမူရေးပြီးတာနဲ့ အိမ်ပြန်လာတော့မလို့ ]
စန်းရန် ; [ ကိုယ် လာကြိုမယ် ]
ဝိန်းရိဖန်က 'အင်း' ဟု ပြန်ပို့ပေးပြီးနောက် ဆက်၍ စာရိုက်နေ၏။ စာရိုက်ပြီးချိန်တွင်တော့ တစ်ချက်ပြန်စစ်ဆေးကြည့်ပြီး စာမူကြမ်းအား အယ်ဒီတာထံ ပေးပို့လိုက်သည်။ ထိုအခါတွင်မှ သက်ပြင်းချလိုက်နိုင်ပြီး ပစ္စည်းများကိုသိမ်းကာ အပြင်ထွက်လာရန် ပြင်လိုက်သည်။
ကော်ဖီဆိုင်ထဲမှ ထွက်လျှင်ထွက်ချင်းတွင် ဝိန်းရိဖန်သည် သူမနှင့်အရပ်ချင်းမတိမ်းမယိမ်းရှိသောအမျိုးသမီးတစ်ဦးနှင့် တိုက်မိသွားခဲ့သည်။ ဝိန်းရိဖန်က တောင်းပန်စကား ချက်ချင်းဆိုလိုက်ပြီး ရှေ့သို့ဆက်သွားမည်အပြုတွင် ထိုအမျိုးသမီးက သူမ၏လက်ကောက်ဝတ်ကို လှမ်းကိုင်လာခဲ့သည်။
နားစည်အတွင်းသို့လည်း ရင်းနှီးလွန်းလှသည့်အသံတစ်သံက တိုးဝင်လာလျက်။
"အားကျန့်?"
ဝိန်းရိဖန် မျက်လုံးပင့်ကြည့်လိုက်သည့်အခါ မျက်တွင်းများကျပြီး ချောင်ချိနေသည့် ကျောက်ယွမ့်တုံ၏မျက်နှာကို ရုတ်ချည်းတွေ့လိုက်ရသည်။ သူမ၏အမူအရာတို့မှာ တင်းခနဲဖြစ်သွားပြီး ဤမျှကျယ်ဝန်းလှသည့်နန်းဝူမြို့ကြီးထဲ ကျောက်ယွမ့်တုံနှင့်မျက်နှာချင်းဆိုင် တွေ့ရလိမ့်မည်ဟု မထင်မှတ်မိရုံ။ ကျောက်ယွမ့်တုံ၏အသွင်အပြင်တို့မှာ အရင်လောက် ဖြတ်လတ်ပုံလည်း မရတော့၏။
"သမီး ဒီကို မိတ်ဆွေနဲ့တွေ့ဖို့ ရောက်နေတာလား"
ဝိန်းရိဖန်က ပြုံးပြရင်း လိုရင်းသာ ဖြေလိုက်သည်။
"မဟုတ်ဘူး..အလုပ်ကိစ္စနဲ့"
"မေမေက အခုလေးတင် သမီးရဲ့ဦးလေးကျိန့်နဲ့အတူ ဒီနားလေးမှာထမင်းစားလာခဲ့တာလေ"
အရင်တစ်ခေါက်တွေ့သည့်အချိန်ကနှင့်ယှဥ်လျှင် ကျောက်ယွမ့်တုံမှာတော်တော်လေး ပိန်သွားပြီး မျက်တွင်းများလည်းချိုင့်နေ၏။
"သမီးက အခု ကုမ္ပဏီကိုပြန်တော့မလို့လား..မေမေလည်း ဒီလမ်းကနေပဲ အိမ်ပြန်မှာ"
ဝိန်းရိဖန်က ဘာပြောရမည်မှန်းလည်း မသိသဖြင့် ခေါင်းသာငြိမ့်ပြလိုက်သည်။
သူမ၏စိတ်ထဲ အကြောင်းပြချက်တစ်ခုရှာပြီး ထွက်သွားဖို့ရာအတွက် ပြင်တင်နေသည့်အခိုက်တွင် ကျောက်ယွမ့်တုံက အသံထပ်ထွက်လာခဲ့ကာ စကားသံတို့က တောင်းဆိုလိုသည့်အဓိပ္ပါယ်တို့အပြည့်ဖြင့်။
"အားကျန့်..ဒီနေ့က သမီးမွေးနေ့မလို့..မေမေတို့စကားပြောကြရအောင်လေ"
နှစ်ယောက်သား ဆိုင်၏အပြင်ဘက်တွင် မလှုပ်မယှက်ရပ်နေကြသည့်အချိန်။
ဝိန်းရိဖန်က လိုက်လျောသည့်ဟန်ဖြင့် အသာအယာစကားဆိုလိုက်၏။
"ခဏနေကျရင် လုပ်စရာရှိသေးတာမလို့ အချိန်အကြာကြီးတော့ စကားပြောလို့ရလောက်မှာမဟုတ်ဘူး"
ကျောက်ယွမ့်တုံက ချက်ချင်းဆိုလာ၏။
"မေမေက သမီးရဲ့အချိန်တွေ အများကြီးမယူပါဘူး"
ဤအနီးအနားတွင် စကားအေးအေးဆေးဆေးပြော၍ရမည့်နေရာမှာ ဝိန်းရိဖန် အခုလေးတင်ထွက်လာခဲ့သည့် ကော်ဖီဆိုင်သာရှိသည်။ သည်တစ်ကြိမ်တွင်တော့ ဆိုင်ထဲရှိ မှန်ပြတင်းပေါက်ကြီး၏ဘေးတွင် ထိုင်လိုက်ပြီး တစ်ဖက်က ကျောက်ယွမ်တုံ၏စကားများကိုနားထောင်ရင်း တစ်ဖက်ကလည်း လမ်းသွားလမ်းလာများအဆက်မပြတ်ရှိနေသည့် လမ်းမကြီးဘက်သို့ မကြာမကြာလှမ်းလှမ်းကြည့်နေသည်။
Advertisement
ဤမျှနှစ်တွေအကြာကြီးအတွင်း သားအမိနှစ်ယောက်ကြားတွင်ရှိသော ပြောစရာစကားလုံးတို့မှာ သနားစရာကောင်းလွန်းအောင် နည်းလှသည်။
ဆက်ဆံရေးကလည်း သူစိမ်းနှင့်ဆက်ဆံရသည်ထက်ပင် ကသိကအောက်နိုင်လွန်း၏။
နေကောင်းကျန်းမာနှုတ်ဆက်သည့်စကားတစ်ချို့အပြီးတွင်တော့ ကျောက်ယွမ့်တုံက အဓိကပြောချင်နေသည့်အကြောင်းအရာအား သတိကြီးကြီးထား၍စကားဆိုလာခဲ့သည်။
"အားကျန့်..သမီးဒေါ်လေးနဲ့ သူ့မောင်ရဲ့ကိစ္စကို သိပြီးပြီလား"
ဝိန်းရိဖန်၏ 'အင်း' ဆိုသည့်အသံတစ်ခု။
ကျောက်ယွမ့်တုံက အောင့်သက်သက်ဖြင့်ပြုံးလိုက်၍
"ဟုတ်သားပဲ..သမီးက သတင်းရေးနေတဲ့သူပဲဟာ..မေမေလည်း ဒီချယ်ရှင့်ဒယ်က ဒီလိုလူစားမျိုးဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးကြည့်မိခဲ့ဘူး..အဲ့လူကို အသုံးမကျတဲ့လူလို့ပဲမြင်ထားခဲ့မလို့ ဒီလိုကိစ္စမျိုးကိုတောင် လုပ်ထားလိမ့်မယ်လို့ မထင်ထားဘူး"
အရှေ့တွင်ရှိနေသည့် ရေတစ်ခွက်လှမ်းယူပြီး ဝိန်းရိဖန်က တစ်ငုံမော့သောက်လိုက်သည်။
စားပွဲဝိုင်းမှာ တစ်ခဏကြာကြာတိတ်ဆိတ်နေလျက်။
ကျောက်ယွမ့်တုံ၏အသံတို့ဟာ သိသိသာသာကိုတုန်ယင်လာပြီး အချိန်အကြာကြီးအားယူပြီးသည့်နောက်တွင်တော့
"အားကျန့်..အဲ့ဒီအချိန်တုန်းက သူ သမီးကိုဘာမှမလုပ်မိခဲ့ပါဘူးနော်..."
ဝိန်းရိဖန်က ကျောက်ယွမ့်တုံးအား တိတ်ဆိတ်၍ကြည့်နေလိုက်၏။
"ဒီမေးခွန်းကို ဘယ်လိုများ ပြန်ဖြေပေးသင့်တာလဲ"
ကျောက်ယွမ့်တုံမှာ အရှက်ရလွန်းသဖြင့် ပြောစရာစကားမဲ့သွားခဲ့ရသည်။
ဝိန်းရိဖန် ခပ်တိုးတိုးလေးသာ ထပ်ပေါင်း၍ဆိုလိုက်၏။
"အရမ်းကြာခဲ့ပြီးတဲ့ကိစ္စတွေပါ လို့လား"
"မေမေ..."
ကျောက်ယွမ့်တုံသည် မျက်လုံးများနီရဲလာရုံသာမက အသံတို့ကပါ ဆို့နင့်လာရ၍
"မေမေကသာ သမီးအပေါ် အားနာရမှာပါ..အဲ့အချိန်တုန်းက မေမေ့ဘက်က သမီးကို ဂရုစိုက်ခဲ့တာတွေက သိပ်နည်းလွန်းခဲ့တယ်..မေမေ့စိတ်ထဲမှာ သမီးရဲ့ဘကြီးရှိနေတဲ့အတွက် ဘာမှဖြစ်မှာမဟုတ်လောက်ဘူးလို့ ထင်ထားခဲ့တာ..မေမေ့လုပ်ရပ်တွေက မှားခဲ့မိလို့..."
ဝိန်းရိဖန်က ငြိမ်သက်၍နားထောင်နေခဲ့သည်။
ကျောက်ယွမ့်တုံက မျက်ရည်ကိုသုတ်မပစ်ဘဲ
"မေမေ သမီးဆီကနေ ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပါဘူး..သမီးကို မကြာခဏတစ်ခါလောက်ပဲ တွေ့ချင်တာပါ..ရမယ်မလား"
ကျောက်ယွမ့်တုံ၏ အပြစ်တင်ပြီးနာကျင်နေရသည့်အမူအရာကြောင့် ဝိန်းရိဖန် ချက်ချင်းပြန်မဖြေဖြစ်ခဲ့ ၊ မျက်လွှာကိုချလိုက်ပြီး ခပ်ရေးရေးလေးပြုံးကာ ဖြေးဖြေးချင်းစကားဆိုလိုက်သည်။
"တကယ်တော့ ဘကြီးတို့မိသားစုက သမီးကို ဒီလိုပုံစံမျိုးဆက်ဆံခဲ့တာနဲ့ပတ်သတ်ပြီး ဘယ်တုန်းကမှ ဝမ်းနည်းစရာကောင်းတယ် မခံစားခဲ့ရဘူး"
"...."
"ဘာဖြစ်လို့လဲဆိုတော့ သမီးကို ကျွေးမွေးစောင့်ရှောက်ထားရမယ့်ကိစ္စက အမှန်တကယ်လည်း သူတို့ရဲ့ဝတ္တရားမှမဟုတ်ခဲ့တာ..သူတို့အနေနဲ့ အမှန်တကယ်ကို သမီးအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးစရာအကြောင်းမျိုး ရှိမှမရှိဘဲ"
ကျောက်ယွမ့်တုံ၏နှုတ်ခမ်းများ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သည်။
မည်သည့်စကားမျိုးမှမဆိုလိုက်ရခင် ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့၍ ဆက်ပြီး
"ဒါပေမယ့် အမေ..အမေကတော့ သမီးကို အရမ်းဝမ်းနည်းရအောင် လုပ်ခဲ့တယ်"
"...."
"သမီးကို တစ်ချိန်လုံး ကိုယ့်ကိုကိုယ် အဆိုးမြင်ပြီးသံသယဝင်အောင် အမေလုပ်ခဲ့တယ်"
ဝိန်းရိဖန်က ညည်းတွားနေသည့်အလား ခပ်တိုးတိုးအသံတို့ဖြင့်
"ဘာဖြစ်လို့များလဲ..ဘာဖြစ်လို့ ဒီလိုမျိုးဖြစ်နေရတာလဲ ဆိုပြီးတော့လေ"
ဘာကြောင့်များလဲ..
ငါနဲ့ယှဥ်ရင် ငါ့မေမေက ဘာကြောင့် သူများရဲ့ကလေးကို ပိုချစ်ရတာလဲ..
ငါက ဘယ်နေရာမှာများ လိုအပ်ချက်တွေရှိနေခဲ့တာလဲ..
ငါက ဘယ်နေရာမှာများ အမှားလုပ်မိထားလို့လဲ..
ငါက ကောင်းကောင်းမွန်မွန်မနေပေးတတ်လို့လား..
ငါက နည်းနည်းလေးမှကို အချစ်ခံရဖို့ မတန်ဘူးလား..
"ဘာလို့လဲများ ဒီလောကကြီးထဲမှာ ငါ့ကို အချစ်ဆုံးဖြစ်သင့်တဲ့ အမေက..."
ဝိန်းရိဖန်က သူမ၏အရှေ့တွင်ရှိနေသည့် အမျိုးသမီးကြီးကိုကြည့်ရင်း မျက်ဝန်းများနီရဲလာကာ စကားလုံးတို့ကလည်း ထိန်းမရအောင်ပြင်းထန်လာခဲ့သည်။
"ငါ့ကို တစ်စက်လေးမှ မချစ်ရတာလဲ"
"...."
ကျောက်ယွမ့်တုံ၏မျက်ရည်များကလည်း အဆက်မပြတ်ကျနေဆဲဖြစ်ကာ ချက်ချင်းငြင်းလာခဲ့သည်။
"မဟုတ်ဘူး..ဘာလို့လဲဆိုတော့.."
စကားလုံးတို့ဟာ ဤနေရာ၌ ရပ်တန့်သွားခဲ့၏။
ထပ်၍လည်း ဖြေရှင်းပြမည့်စကားမျိုးကို ထွက်မလာနိုင်တော့။
ဘာကြောင့်များ ဖြစ်နိုင်သေးလို့လဲ?
"သမီး သိတယ်"
ဝိန်းရိဖန်က ခံစားချက်များကို ထိန်းချုပ်ထားလိုက်သဖြင့် အမူအရာကလည်း အလျင်အမြန် ပြန်တည်ငြိမ်သွားခဲ့သည်။
"ကိစ္စမရှိပါဘူး..အမေ့မှာ အခု မိသားစုအသစ်ရှိနေပြီပဲ..ကိုယ့်အတွက်ကိုယ် ပိုပြီး စဥ်းစားသင့်နေပါပြီ"
"...."
"အမေ သမီးကို အဘွားရဲ့အိမ်ကို ပို့လိုက်တဲ့အချိန်ကတည်းက သမီးနားလည်လိုက်သင့်တာ.."
ဝိန်းရိဖန်က ရယ်စရာကောင်းသည်ဟုပင် မြင်လာမိ၍
"အမေ့ဘက်က သမီးရဲ့စကားတွေကို နားမထောင်ချင်တော့ကတည်းက..မိသားစုအသစ်အတွက်ကြောင့် သမီးကို အကြိမ်ကြိမ် မျက်ကွယ်ပြုခဲ့တဲ့ အချိန်တွေကတည်းက..အမေ့ကို သမီးတောင်းဆိုနေတဲ့အချိန်မှာ အမေ မမြင်ချင်ယောင်ဆောင်ဖို့ ရွေးလိုက်တဲ့အချိန်ကတည်းက..."
ဝိန်းရိဖန်က နောက်တစ်ကြိမ်ထပ်၍
"...သမီး နားလည်ခဲ့သင့်တာ"
ကျောက်ယွမ့်တုံက အပြစ်တင်စိတ်များဖြင့်စိတ်မသိုးမသန့်ဖြစ်နေရသည့်အလား ခေါင်းငုံ့နေခဲ့ကာ မျက်ရည်ကျနိုင်သည့်အခွင့်မျိုးပင်မရှိသင့်သလို ခံစားမိလာရသည်။
ဝိန်းရိဖန်၏အတွေးများက အနည်းငယ်ချဲ့ကားသွားခဲ့ပြီး ထပ်၍စကားမဆိုလာတော့၏။ အရှေ့တွင်မြင်နေရသည့် ပိန်ပါးပါး နွမ်းလျလျ အမျိုးသမီးကြီးကိုသာကြည့်နေရင်း ဟိုးအတိတ်ကာလများဆီမှ ကိစ္စတစ်ခုအား မနေနိုင်အောင် တွေးကြည့်မိလိုက်သည်။
နန်းဝူ အမှတ် (၁) အထက်တန်းကျောင်းသို့ မတက်မီအချိန်ကတည်းက 'ဝိန်းလျန်ဇယ်'သည် နေမကောင်းဖြစ်၍ ခွဲစိတ်ရမည့်အဆင့်ထိရောက်နေပြီဖြစ်ကြောင်း ဝိန်းရိဖန် သိထားခဲ့သည်။ သို့သော် ထိုအချိန်များတုန်းက ဝိန်းလျန်ဇယ် ပြောပြခဲ့သည်မှာ ရောဂါအသေးစားလေးသာဖြစ်ပြီး ခန္ဓာကိုယ်ကို ဂရုစိုက်နေလျှင် ပြဿနာကြီးကြီးမားမားရှိမည်မဟုတ်ကြောင်းပင်။
ဝိန်းရိဖန်အတွက်တော့ ဝိန်းလျန်ဇယ် ပြောသမျှစကားလုံးတိုင်းကို ယုံကြည်မည်ဖြစ်သည်။
ထပ်၍မှတ်မိနေသေးသောမှတ်ဥာဏ်များအရ ထိုအချိန်ကာလတုန်းက ဝိန်းလျန်ဇယ်၏ပုံစံမှာ အရင်ကနှင့်မခြားမနား နွေးထွေးပြီးတက်ကြွနေဆဲဖြစ်သောကြောင့် ဝိန်းရိဖန်အနေဖြင့် များများစားစားမတွေးမိခဲ့၏။
အထက်တန်း ပထမနှစ် စတက်ရသည့်အချိန်တွင် ဝိန်းလျန်ဇယ်သည် အလုပ်ကိစ္စဖြင့် အခြားမြို့သို့ ပြောင်းသွားရကာ အဖေဖြစ်သူနှင့်တွေ့ရသည့်အကြိမ်ရေမှာ နည်းသထက်နည်းလာရသည်။ သို့သော် ဖုန်းဖြင့် အဆက်အသွယ်ရနေခဲ့သောကြောင့် သူမ သံသယမဝင်မိခဲ့။
ဖုန်းဆက်သည့်အခါတိုင်းတွင်လည်း သတိရလွန်း၍ အိမ်မြန်မြန်ပြန်လာရန်သာ ပူဆာနေခဲ့သဖြင့် အဖေဖြစ်သူ၏အသံတို့ အားနည်းလာသည်ကိုလည်း သတိမထားမိခဲ့၏။
Advertisement
ထိုအချိန်တုန်းက အားလုံး၏အတွေးထဲတွင် သူမက ငယ်ရွယ်သေးသည့်သူ။ ထို့ကြောင့် ဝိန်းလျန်ဇယ် နေမကောင်းဖြစ်နေသည့်ကိစ္စအား သူမ မသိစေရန် ဖုံးကွယ်ထားခဲ့ကြသည်။
ဝိန်းလျန်ဇယ်နှင့်နောက်ဆုံးအကြိမ်တွေ့ရဖို့အတွက်ပင် ဝိန်းရိဖန် အလောတလျင်ပြေးသွားခဲ့ရပြီး အဖေဖြစ်သူ၏ လုံးလုံးလျားလျားနလန်မထူနိုင်တော့သည့်အခြေအနေ ၊ နာကျင်ခံစားနေရသော မျက်လုံးများ နှင့် သူမအား ခက်ခက်ခဲခဲဖြင့်စကားအချို့ကို နားထောင်ခဲ့ရသည်။
"ဖေဖေ့ရဲ့ရွှမ်းကျန့်က ကောင်းကောင်းကြီးပြင်းလာရမယ်နော်"
"နေ့ရက်တိုင်းကိုလည်း အခုလိုမျိုး ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားရမယ်"
"မေမေ့ကိုလည်း ကောင်းကောင်းဂရုစိုက်ပေးပါ..သူ့မှာ အားကိုးစရာဆိုလို့ သမီးတစ်ယောက်တည်းရှိတာ"
ဝိန်းရိဖန်က မျက်ရည်ကျရင်း ထိုစကားတစ်ခွန်းချင်းစီတိုင်းကို တုံ့ပြန်ခဲ့ပါသည်။ သူမအနေဖြင့် ဝိန်းလျန်ဇယ်က ကျောက်ယွမ့်တုံအား ဘယ်လိုစကားမျိုးများ မှာခဲ့မည့်အကြောင်းကို မကြားခဲ့ရသော်လည်း ယခုလိုစကားများသာဖြစ်ပါလိမ့်မည်ဟု ခန့်မှန်းကြည့်နိုင်ခဲ့ပါသည်။
ကျောက်ယွမ့်တုံအား သူတို့နှစ်ဦး၏ တစ်ဦးတည်းသောသမီးလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ ဟူ၍...
---'သူ့မှာ အားကိုးစရာဆိုလို့ မင်းတစ်ယောက်တည်းရှိတာ' ဟူ၍
အဲ့သည်နေ့ ညတွင်။
ဝိန်းလျန်ဇယ် ဆုံးပါးကွယ်လွန်သွားခဲ့၏။
နောက်ထပ် သုံးလထက်မနည်းကြာသွားခဲ့ပြီးနောက်။
ကျောင်းဆင်းအိမ်ပြန်လာသည့်တစ်နေ့တွင် ကျောက်ယွမ့်တုံက ဝိန်းရိဖန်အား ယခုလက်ရှိ ပထွေးဟုအမည်တပ်သည့် 'ကျိန့်ဟွာယွမ်' နှင့်တွေ့ဆုံပေးခဲ့သည်။ ထိုအချိန်တုန်းက သူမ လုံးဝလက်သင့်မခံပေးနိုင်ဘဲ ပြင်းပြင်းထန်ထန်ဆန္ဒပြခဲ့သည်။
ဝိန်းရိဖန်သည် ကျောက်ယွမ့်တုံ နောက်အိမ်ထောင်ပြုခြင်းအပေါ် စိတ်ကွက်ပြီးကန့်ကွက်လိုခြင်းမဟုတ်။ သို့သော် ဝိန်းလျန်ဇယ်ဆုံးပါးပြီး သုံးလဆိုသည့်အချိန်အတွင်းတွင်တော့ မဖြစ်သင့်ပါပေ။
ကျောက်ယွမ့်တုံက သူမအား ရှင်းပြလာခဲ့ပါသေး၏ ၊ ဝိန်းလျန်ဇယ် နေမကောင်းဖြစ်နေခဲ့သည့် ရှည်ကြာလွန်းသည့်ကာလများအတွင်း ကျောက်ယွမ့်တုံက နာကျင်ခံစား၍နေခဲ့ရကာ ကျိန့်ဟွာယွမ်က တစ်ချိန်လုံးအဖော်ပြုပြီး ကူညီပေးထားခဲ့သည့်အကြောင်း။
အဆုံးတွင်တော့ ဝိန်းရိဖန်၏ ဘယ်လိုမှဖျောင်းဖြ၍မရတော့သည့် အမူအကျင့်တို့ကြောင့် ကျောက်ယွမ့်တုံက စကားတစ်ခွန်းကို ဆိုလာခဲ့သည်။
"မေမေ့မှာ ကိုယ်ဝန်ရှိနေပြီ"
"...."
အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးသည့်အခါ။
ဝိန်းရိဖန် မေးမြန်းမိခဲ့၏။
"အမေ ဖောက်ပြန်နေခဲ့တာလား"
ကျောက်ယွမ့်တုံက တငိုငိုဖြင့် ငြင်းဆန်ခဲ့သည်။ သူတို့၏ဆက်ဆံရေးက ဝိန်းလျန်ဇယ် ဆုံးပါးပြီးမှ အဆင့်တက်လာခြင်းဖြစ်ကြောင်း ၊ ဝိန်းလျန်ဇယ်အပေါ် အပြစ်ပြုမိသည့်လုပ်ရပ်မျိုး မလုပ်နိုင်ခဲ့ကြောင်း ၊ အလွန်ကိုမှ ပင်ပန်းလွန်းသဖြင့် မှီခိုအားကိုးစရာမရှိလျှင် ရှေ့မဆက်နိုင်တော့သည့်အကြောင်း များဖြင့် ရှင်းပြခဲ့၏။
နောက်ဆုံးတွင် ဝိန်းရိဖန် လိုက်လျောပေးရန်သာ တတ်နိုင်ခဲ့သည်။
သူမအနေဖြင့် တစ်ကိုယ်ကောင်းဆန်စွာဖြင့် အတင်းအကြပ်တောင်းဆို၍လည်းမရ ၊ လူတိုင်းလူတိုင်းက သူမလိုမျိုး ဝိန်းလျန်ဇယ်အား အချိန်ကုန်ခံပြီးအောက်မေ့မြတ်နိုးနေဖို့ရာအတွက် လိုက်တောင်းဆိုနေ၍မရပါပေ။
နောက်တွင် ကျောက်ယွမ့်တုံက ထိုကလေးကို မထိန်းထားနိုင်ခဲ့ဘဲ ကံမကောင်းစွာဖြင့် မတော်တဆ ကိုယ်ဝန်ပျက်ကျခဲ့သည်။
အရာအားလုံးဟာ သည်အတိုင်းသာ ဆက်သွားခဲ့၏။
ပေယွီမြို့၌ စန်းရန်နှင့် နောက်ဆုံးတစ်ကြိမ်တွေ့ခဲ့ပြီးသည့်နောက်တွင် ဝိန်းရိဖန်က ထိုမြို့၌ ထပ်မနေတော့ချေ။ ချန်ရှီ၏အိမ်သို့ ပြန်ပြီး ချန်ရှီ၏အကူအညီဖြင့် တက္ကသိုလ်ဝင်ခွင့်စာကို ရအောင်ယူကာ အမြန်ရထားဖြင့် နန်းဝူမြို့သို့ ထွက်လာခဲ့သည်။
ထိုကိစ္စဖြစ်ပြီးသည့်နောက်တွင် ကျောက်ယွမ့်တုံက ပေယွီသို့ လိုက်လာသေးကြောင်း ဝိန်းရိဖန်သိပါသည်။ သို့သော်ငြား သူမ ထွက်တွေ့ချင်စိတ် တစ်စက်လေးမှမရှိ။
နန်းဝူမြို့သို့ ရောက်သည့်အခါ ဝိန်းရိဖန်က ကျိန့်မိသားစုအိမ်သို့ ရောက်လာခဲ့သည်။ ကျောက်ယွမ့်တုံထံမှ ဝိန်းလျန်ဇယ်၏ သူမအတွက်ချန်ထားပေးခဲ့သော ပစ္စည်းများကို တောင်းယူခဲ့ပြီး နောက်ဆုံးစကားတစ်ခွန်းကိုသာ ဆို၏။
"သမီး အမေနဲ့အဆက်အသွယ်မဖြတ်ဘဲ နေပေးမယ်"
ဘာလို့လဲဆိုတော့ ဖေဖေက အမေ့ကိုကောင်းကောင်းဂရုစိုက်ပေးဖို့အတွက် သမီးကိုမှာထားခဲ့လို့..
"တစ်ခုတည်းပဲ တောင်းဆိုချင်တာက..ဝိန်းလျန်ရှန်တို့မိသားစုကို သမီးဆီဆက်သွယ်လို့ရမယ့်အရာမျိုး ဘာမှမပေးနဲ့"
သူတို့မိသားစုက သမီးကို ဒီလိုပုံစံနဲ့ဆက်ဆံထားခဲ့တာ..
အမေ သမီးဘက်မှာမရပ်တည်ချင်ရင်တောင် သမီးရဲ့ခံစားချက်ကိုတော့ ထည့်တွေးပေးသင့်ပါတယ်..
ကျောက်ယွမ့်တုံ သဘောတူခဲ့သည်။
သို့သော် ဝိန်းရိဖန် နန်းဝူမြို့သို့ ပြန်ရောက်ပြီး ပထမဆုံးအကြိမ်အဖြစ် ကျိန့်မိသားစုအိမ်သို့ သွားရောက်သည့်အခါတုန်းက ချယ်ယန့်ချင်ကို တွေ့ခဲ့ရသည်။ ထို့အပြင် ကျောက်ယွမ့်တုံက သူမ၏စကားကို စိတ်ထဲထည့်ထားပုံပင်မရဘဲ ချယ်ယန့်ချင်တို့အား ဝိန်းရိဖန်ကို နှစ်အတော်ကြာစောင့်ရှောက်ပေးထားခဲ့သည့် 'ကျေးဇူးရှင်များ' အဖြစ် မြင်နေဆဲပင်။
စားပွဲထိုးဝန်ထမ်း၏ သောက်စရာလာချပေးသည့်အသံကြောင့် ဝိန်းရိဖန် အတွေးပျက်သွားခဲ့ကာ အသိစိတ်ပြန်ကပ်လာခဲ့သည်။
"ကျိန့်ခယ်ကျား အိမ်တစ်ခေါက်ပြန်လာဖို့ ပြောတာကရော ဘာကြောင့်လဲ..အမေ သူ့ကိုပြောခိုင်းလိုက်တာလား"
ကျောက်ယွမ့်တုံက မျက်ရည်ကို တစ်သျှူးဖြင့်သုတ်ရင်း မှုန်မှုန်မှိုင်းမှိုင်းဖြင့်
"သူ..."
"...."
"သမီးရဲ့ပထွေးက အပြင်မှာ နောက်တစ်ယောက်ရှိနေပြီ"
တော်တော်ကြာကြာပြန်ငြိမ်သွားပြီးသည့်နောက် ကျောက်ယွမ့်တုံ ခါးသက်သက်ပြုံးလိုက်၏။
"သုံးလေးကြိမ် ရန်ဖြစ်စကားများပြီးတဲ့အချိန်မှာတော့ သူ နောက်တစ်ခါထပ်မလုပ်တော့ဘူးလို့တော့ပြောတာပါပဲ..ကျားကျားက သမီးကို မေမေ့ဆီလာပြီး အဖော်လုပ်ပေးစေချင်တာနေမှာ"
ဤစကားအဆုံးတွင် ဝိန်းရိဖန်က စကားဆိုလိုက်သည်။
"သူ အမေ့ကို အဖော်လုပ်ပေးနေရုံနဲ့ မလောက်သေးလို့လား"
ကျောက်ယွမ့်တုံက ခေါင်းငုံ့သွားကာ အနည်းငယ်အားလျော့သွားသည့်အသံဖြင့်
"ဘယ်လိုပဲဖြစ်နေပါစေ သူတို့က သွေးရင်းသားရင်း သားအဖတွေလေ..သူ့အဖေကိုပဲ သူ ကူညီမှာပေါ့"
အတိတ်သမိုင်းကြောင်းက တဖန်ပြန်လည်လာသည့်အလားပင်။
ထိုအချိန်တုန်းက ဝိန်းရိဖန်၏ခန္ဓာကိုယ်ပေါ် ထိုးနှက်လာသည့်ကိစ္စတိုင်းဟာ လက်ရှိအချိန်၌ ကျောက်ယွမ့်တုံပေါ်သို့ ကျရောက်လာခဲ့၏။
---သူတို့နှစ်ဦးစလုံးတွင် မည်သူကမှ ရွေးချယ်ခံရသည့်ဘက်က ဟုတ်မနေကြခြင်းပေ။
ဝိန်းရိဖန်က ဤကိစ္စနှင့်ပတ်သတ်၍ မည်သည့်မှတ်ချက်မျိုးမှမပြု ၊ ကျောက်ယွမ့်တုံ၏ဘဝကိုလည်း ဝင်မစွက်ဖက်ချင်ပါချေ။ သူမက ဖုန်းထဲမှ အချိန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခပ်ပြုံးပြုံးဖြင့်သာ စကားဆိုလိုက်သည်။
"ဤအချိန်တွေအတွင်းမှာ သမီးတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး အမြဲတမ်းစဥ်းစားကြည့်ခဲ့ပါတယ်..အမေ့ဆီဆက်သွယ်လို့ရမယ့်နံပါတ်တွေကိုလည်း တစ်ချိန်လုံး သိမ်းထားခဲ့တာတွေက အမေ တစ်ခုခုဖြစ်နေမှာကို စိတ်ပူနေခဲ့တာကြောင့်ပါ..သမီးဘက်ကနေပြီး ဘယ်လိုလုပ်ပေးရမလဲဆိုတာလည်း သေချာမသိခဲ့တာလည်း ပါတာပေါ့"
ဘယ်လိုပင်ဖြစ်စေ အခြားသူများနှင့် မတူညီသည်မှာ သူတို့နှစ်ဦးသည် သွေးသားရင်းချာ သားအမိတွေဖြစ်ပြီး ဆက်ဆံရေးဖြတ်တောက်လိုက်ဖို့ရာအတွက် ခက်ခဲလွန်း၏။
ဝိန်းရိဖန်က ကိုယ့်ကိုကိုယ်သုံးသပ်ကြည့်ထားသည့်ဟန်ဖြင့်
"ဒါပေမယ့် သမီးကသာ အတွေးများခဲ့တဲ့ပုံပါပဲ..ဒီနှစ်တွေထဲမှာ အမေ့ဘက်က သမီးကို တစ်ချိန်လုံး အမေးအမြန်းမရှိဘဲလျစ်လျူရှူနေခဲ့တာတောင် သမီး ဒီနေရာထိ ရောက်လာမိတုန်းပဲ"
"...."
"ဘာဖြစ်လို့လဲဆိုတော့ အမေနဲ့ စကားမပြောဘဲနေခဲ့တဲ့အတွက်ကြောင့် စိတ်ထဲမှာ တစ်ချိန်လုံး ခဲဆွဲထားရသလိုမျိုးလေးလံနေလို့"
ဝိန်းရိဖန်က ဆက်၍
"ဒါပေမယ့် ဒီနေ့ မျက်နှာချင်းဆိုင်တွေ့ပြီးတဲ့နောက်မှာ အမေနဲ့သက်ဆိုင်တဲ့ ဆက်သွယ်လို့ရမယ့်နံပါတ်လိပ်စာတွေအားလုံး သမီး ဖျက်ပစ်လိုက်တော့မယ်"
ဝိန်းရိဖန်၏မျက်ဝန်းများက ဖျော့တော့နေသော်လည်း ညင်သာမှုအလျင်းမရှိ ၊ သိမ့်မွေ့သည့်အသံတို့ကလည်း တော်တော်လည်းပြင်းရှလျက် ရှိသည်။
"အမေ့ရဲ့သမီးက အဲ့ဒီနေ့ညက ချယ်ရှင့်ဒယ်သတ်လို့ သေသွားနှင့်ခဲ့ပြီလို့ အမေမှတ်ယူပေးနိုင်ဖို့ သမီးမျှော်လင့်ပါတယ်"
ကျောက်ယွမ့်တုံ၏မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။
မှန်ပြတင်းပေါက်ကြီးမှတင့် လက်ရှိအချိန်တွင် အပြင်ဘက်မှ စန်းရန်၏ပုံရိပ်အား ဝိန်းရိဖန် လှမ်းမြင်လိုက်ရသည်။ သူက အင်္ကျီလက်တို ဘောင်းဘီတိုဝတ်ထားပြီး အကြည့်များက လေးမျက်နှာအရပ်ကိုဝေ့ဝဲကြည့်နေကာ တည်နေရာကိုရှာနေသည့်ဟန်။ လက်ထဲတွင်လည်း လက်ကိုင်ဖုန်းကိုကိုင်ထားပြီး ဖုန်းမျက်နှာပြင်အား နှစ်ချက်ခန့်ခေါက်ပြီးသည့်အခါ နားရွက်နားသို့ ကပ်ထားလိုက်သည်။
ထင်ထားသည့်အတိုင်း မကြာမီအတွင်း စားပွဲပေါ်တင်ထားသည့် ဝိန်းရိဖန်၏ဖုန်းသံ မြည်လာခဲ့သည်။
သူမ လက်ခံဖြေဆိုလိုက်၏။
စန်းရန် ; "စာရိုက်နေတုန်းလား"
ဝိန်းရိဖန်က အိတ်ကိုလှမ်းယူပြီး ပြန်ဖြေလိုက်သည်။
"ရေးပြီးသွားပြီ"
"အင်း"
ဤစကားတစ်ခွန်းကို ဆိုနေရင်း စန်းရန်က လှမ်းကြည့်လာခဲ့ကာ မှန်ပြတင်းပေါက်နားမှ ဝိန်းရိဖန်ကို လှမ်းမြင်လိုက်ရ၏။ ထိုအခါ မျက်ခုံးကို မသိမသာမြှောက်ပြီး ခပ်တည်တည်ဖြင့်
"မထွက်လာသေးဘဲနဲ့ ဘာလုပ်နေတာလဲ"
ဝိန်းရိဖန် ;
"ချက်ချင်းလာပြီ"
ဝိန်းရိဖန်၏အရှေ့တွင် ထိုင်နေသည့်လူကို မြင်လိုက်ရခြင်းကြောင့်လည်း စန်းရန်က ထပ်မေးလာခဲ့သည်။
"ဘယ်သူနဲ့ ချိန်းတွေ့နေတာလဲ"
ဝိန်းရိဖန် ပြုံးလိုက်မိ၍
"ငါ အပြင်ထွက်လာမှ နင့်ကို ပြောပြမယ်"
Advertisement
- In Serial12 Chapters
Freestyle [DROPPED]
One day out of the blue, Oneleaf Tree, an unheard of company, shocked the world by revealing that after extensive research; they developed the first virtual reality game. Gameplay adapted to the individual player, opens thousands of possibilities for ways to enjoy the game. No classes exist. Concepts are meant to be broken so that the player can gain wings and become who they want to be. Nothing stops a player from making their own path. You play the game Freestyle.
8 193 - In Serial30 Chapters
The Love Abroad
Not your typical love story. An American student travels to London to study when she meets the man of every girl's dreams. He's funny, cute, charming, smart and passionate but he comes with a big package - he's an up and coming actor whose making the headlines all around the world. Can their unlikely friendship turn into something more or will the heat of his career be too much?
8 169 - In Serial13 Chapters
For Moonwalkers And Girls With Lost Hearts
[a section of poems written by the force of the moon]
8 195 - In Serial44 Chapters
While the Sun Shines
What do you get when you put a neurotic failed jock and the guy he used to bully in high school in one apartment? Well, an interesting situation. That's for sure. ***Twenty-one-year-old Nick Walsh was used to being overlooked. His parents were always busy. He had never been as bold and outgoing as his friends. He couldn't seem to get lucky in love, and, after failing to get the attention of scouts for years, he can add 'failed soccer player' to the list.There was nothing keeping Nick home. So, what's a 'loser' with no plan in life to do, except flee abroad and escape having to think about life for a while? Nick had no idea what he'd find in the Netherlands. But he never thought it would be Blake Passant, a boy he has a long, troubled history with, sleeping in the bedroom opposite his in his student dorm.
8 234 - In Serial5 Chapters
It Started With A Story
Im taking a break from my other stories. I feel this is a necessary story that needs to be written. Those who don't believe in forever afters. Don't believe in Mr. Right. This is a story for you.
8 111 - In Serial40 Chapters
The Amber Paladin
- Voltron Keith x Reader -One night Pidge wanted you to come to the roof of the Garrison. Little did you know where that night would lead you. Ending up to a weird alien castle and finding out that you are a Paladin of Voltron, piloting the Amber Lion. It was all too overwhelming. You were now a Defender of the Universe. What a title. How could you ever live up to that name?This book will mainly follow the storyline of the episodes, apart from some changes, extra chapters and a lot of additions.(I've been publishing this story in Quotev, and now I'm publishing it in Wattpad too.)(I do not own Voltron: Legendary Defenders or any of its characters.)
8 102

