《First Frost (Myanmar Translation)》Chapter 79
Advertisement
ကားပေါ်သို့ရောက်သည့်အခါ ဝိန်းရိဖန်က ထုံးစံအတိုင်း စန်းရန် အနားသို့ကပ်သွားပြီး လုံခြုံရေးခါးပတ်ကို ပတ်ပေးနေသည့်အချိန် စန်းရန်က အပြုံးမပျက် ရယ်နေသေးကြောင်း တွေ့လိုက်ရသည်။ သူမ၏အမူအရာမှာ တောင့်တင်းတင်းဖြစ်နေလေပြီး မနေနိုင်အောင် မေးကြည့်မိလိုက်၏။
"နင် ဘာလို့ရယ်နေတာလဲ"
စန်းရန် ခေါင်းစောင်းကြည့်လာပြီး သူ့နှုတ်ခမ်းထောင့်စွန်းက ပါးချိုင့်လေးလည်း ထင်းနေ၏။
"ဝိန်းရွှမ်းကျန့်..မင်းကို ပြောစရာတစ်ခုရှိတယ်"
ဝိန်းရိဖန် ;
"ဘာလဲ"
စန်းရန်က အောက်'သွားများကို ထိကြည့်နေရာ အခုထိတိုင် အနည်းငယ်ထုံကျင်နေဆဲ။ သူ့အမူအရာမှာ မထီမဲ့မြင်ပြုနေသည့်ပုံစံမျိုးဖြင့် မသိလျှင် သူ့ကိုယ်သူအား တစ်လောကလုံးမှလူများ ဝိုင်းလုနေကြသည့် ကန်စွန်းဥလိုလို လုပ်ပြနေလေသည်။
"နောက်တစ်ခါကျရင် နည်းနည်းညင်သာပေး"
"...."
ဝိန်းရိဖန် သုံးလေးစက္ကန့်ကြာကြာတိတ်သွားခဲ့ရ၏။ သူမအနေဖြင့် ကိုယ့်ကိုကိုယ် အားသုံးမိလိုက်သည်ဟုပင် မထင်။
"နင််ကိုက...."
ကျန်နေသည့်စကားလုံးကို ပြောထုတ်ပစ်လာခဲ့၏။
"နူးညံ့လွန်းနေတာ"
ပုံမှန်အချိန်တိုင်း သူ့ကိုယ်သူ ယောက်ျားရင့်မာကြီးဟု ပြောပြောနေသည့်စန်းရန်က အခုအချိန်တွင်တော့ ဝန်ခံဖို့ရာ သတ္တိရှိနေလေ၏။
"ဟုတ်ပါတယ်ဆို"
"...."
ဤအချိန်ကျမှ အဘယ်ကြောင့်များ 'စန်းပန်းပွင့်ကလေး' ဖြစ်ချင်နေမှန်း နားမလည်တော့ချေ။
ဝိန်းရိဖန် ကားစက်နှိုးပြီးနောက်တွင်တော့ ဤအကြောင်းကို ဆက်မဆိုတော့ဘဲ အလျင်းသင့်သည့်စကားကိုသာ ဆိုလိုက်သည်။
"ငါ ကားဝယ်မယ့်ကိစ္စကလည်း မေ့ပြီးရင်းမေ့နေတော့တာပဲ"
အမျိုးသားနေ့အားလပ်ရက်များတွင် ဝိန်းရိဖန်က အလုပ်များနေခဲ့ပြီး စန်းရန်ကပါ အနာတရဖြစ်ထားသည့်အတွက် ကားဝယ်မည့်အရေးကို လုံးလုံးလျားလျားမေ့လျော့နေခဲ့သည်။
"နွေဦးရာသီပွဲတော်မတိုင်ခင် သွားဝယ်ရင် စျေးသက်သာလောက်မလား"
"နွေဦးရာသီပွဲတော် ပြီးသွားမှ ဝယ်"
စန်းရန်သည်လည်း အစောပိုင်းတုန်းက အမှတ်ရခဲ့သော်ငြား သည်ကြားထဲတွင် ကိစ္စမျိုးစုံဖြစ်နေခဲ့ခြင်းကြောင့် ဝိန်းရိဖန်ကို သတိပေးဖို့ မေ့နေခဲ့၏။
"အဲ့ချိန်ကျရင် ကိုယ် လိုက်ခဲ့ပေးမယ်"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်သည်။ အချိန်ကိုက်ဆိုသလို မီးနီသွားသဖြင့် ကားခဏရပ်လိုက်ပြီး အခြားအကြောင်းအရာတစ်ခုကို သတိတရဆိုလာ၏။
"ဒါနဲ့..ဟိုတလောတုန်းက အိမ်ခန်းပိုင်ရှင်က ငါ့ကိုပြောလာတယ်..အိမ်ခန်းကို ပြန်ပြင်ချင်လို့ ငါတို့ကို နောက်နှစ် သုံးလပိုင်းအမီပြောင်းပေးပါတဲ့"
"နောက်နှစ် သုံးလပိုင်း..."
စန်းရန် တွေးတွေးဆဆလုပ်နေရင်း သူမ၏အထင်အမြင်တို့ကို မေးမြန်းရှာဖွေကြည့်သလိုလိုပြု၍
"ကိုယ်တို့ ထပ်ပြီးတော့ နှစ်ဝက်နီးပါးတွဲရဦးမှာပေါ့?"
ဝိန်းရိဖန် ;
"အာ.."
"ဘာကို 'အာ' နေတာလဲ..မင်းကို မေးနေတာလေ"
"ငါတို့နှစ်ယောက်က ကောင်းကောင်းကြီးအဆင်ပြေနေကြတယ်လေ..မဟုတ်ဘူးလား"
ဝိန်းရိဖန်၏စိတ်ထဲ ထားခဲ့ခံရတော့မည့်အဓိပ္ပါယ်မျိုးသက်ရောက်သွားကာ စိတ်အခြေအနေမှာ သူ့နည်းတူ မကြည်လင်နိုင်ပါတော့ပေ။
"ဘာလို့ ရုတ်တရက်ကြီး နှစ်တစ်ဝက်ပဲ တွဲတော့မှာလဲ"
သူ့ အိမ်ထောင်ဖက်ကိုရွေးချယ်တဲ့စံနှုန်းတွေထဲမှာ..
မဟုတ်မှလွဲ အိမ်ခန်းငှားဖော်မဟုတ်တော့ရင် လမ်းခွဲတာများလား?
"...."
စန်းရန်၏မျက်ခုံးတို့မှာ တစ်ချက်တွန့်ချိုးသွားခဲ့၏။ ဤစကားတစ်ခွန်းက အမှန်တကယ်လည်းမရှင်းမလင်းဖြစ်နေမှန်း သိပါသည့်တိုင် ယခုလိုအဖြေမျိုး ရလာလိမ့်မည်ဟု လုံးဝမထင်မှတ်ထားပါပေ။ ဝိန်းရိဖန်၏ပါးကို အားဖြင့်ဆွဲညှစ်လိုက်ရင်း စုတ်တစ်ချက်သပ်၍
"လူနားထောင်လို့ရတဲ့ စကားကိုပြော"
မီးစိမ်းသွားမှသာ စန်းရန်က လက်လွှတ်ပေးလိုက်သည်။
ဝိန်းရိဖန် ကားဆက်မောင်းလာပြီး တဖြည်းဖြည်းနှင့်သဘောပေါက်သွားကာ ၊ နားလည်လိုက်လျှင်လိုက်ခြင်းပင် ကြောင်အမ်းသွားရတော့၏။
"နင် အခုတလော စကားပြောရင် ဝေ့လည်ကြောင်ပတ် တအားလုပ်တာပဲ"
စန်းရန်က သူမအား အေးတိအေးစက်လှမ်းကြည့်လိုက်သည်။
ဝိန်းရိဖန် တွေးကြည့်မိလိုက်၏ ၊ ပုံမှန်လူအများစုမှာ ချစ်ကျွမ်းဝင်ကြပြီးနောက် ဘယ်လောက်ကြာကြာတွင် လက်ထပ်လေ့ရှိမှန်း သူမ မသိပါပေ။ အတော်ကြာအောင် စဥ်းစားကြည့်ပြီးသည့်တိုင် အကြောင်းအရင်းအတိတကျ အဖြေရှာမရသဖြင့် ရိုးရိုးရှင်းရှင်းသာ မေးမြန်းလိုက်သည်။
"ငါက သူများတွေကို အရမ်းကြီးအာရုံမစိုက်တတ်တာမလို့လေ..အခြားသူတွေက ပုံမှန်ဆိုရင် များသောအားဖြင့် တွဲပြီးဘယ်လောက်ကြာရင် လက်ထပ်ကြတာလဲ"
"အမ်?"
စန်းရန်က ပုံမှန်လေသံဖြင့်
"သုံးလေးပတ်ကြာရင်"
"...."
စန်းရန်က ဆက်၍
"ကိုယ်တို့တွဲနေတာကို တွက်ကြည့်ရင် တော်တော်လေးကြာနေပြီ"
"အို့"
ဝိန်းရိဖန် ထပ်၍တွေးကြည့်လိုက်၏။ အမှန်တကယ်တွင် သူမအတွက်တော့ ဤကိစ္စနှင့်ပတ်သတ်ပြီး သတ်မှတ်ချက်မျိုးစုံရှိမနေပါပေ။ သင့်တော်သည့်အချိန်မျိုးဟုခံစားရမိရုံဖြင့်ပင် လက်ခံနိုင်သည်။ သို့သော် သူမ၏လက်ရှိအလုပ်အခြေအနေမှာ မတည်ငြိမ်သေးဘဲ သုံးလေးရက်တစ်ခါလည်း အချိန်ပိုဆင်း၍ အလုပ်လုပ်နေရ၏။
စန်းရန်၏ အလုပ်မှာလည်း အတူတူနီးပါးပင်ဖြစ်သော်ငြား သူ့အလုပ်ချိန်များမှာတော့ သူမကဲ့သို့ ကမောက်ကမဖြစ်နေခြင်းမရှိ။
ဝိန်းရိဖန်အနေဖြင့် သူမ၏အလုပ်တည်ငြိမ်သွားပြီးမှသာ လက်ထပ်မည့်ကိစ္စကို ထပ်၍စဥ်းစားသင့်ကြောင်း တွေးမိလိုက်၏။ စိတ်ထဲမှနေ၍ ခန့်မှန်းချေအချိန်ကာလကို တွက်ကြည့်ရင်း နည်းနည်းလေးပို၍အချိန်ဆွဲလိုက်၏။
"ဒါဆိုလည်း.."
"အမ်?"
"နောက်ထပ် တစ်နှစ် နှစ်နှစ်လောက်နေမှ ထပ်ပြောရအောင်လေ"
"...."
အချိန်ဆွဲထားမည့် အဖြေမျိုးရလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့သော်လည်း စန်းရန်က အချိန်ကာလအပိုင်းအခြားနှင့်ပတ်သတ်ပြီး အထူးတလည်စိတ်ထဲထည့်မနေချေ။ ဘယ်လိုပင်ဖြစ်စေ လက်ထပ်မည့်အရေးမှာ အနှေးနှင့်အမြန်ဖြစ်လာမည့်ကိစ္စ။ သူ့ကောင်မလေးက ခပ်ကြာကြာတွဲမည့်ဆက်ဆံရေးမျိုး လိုချင်နေလျှင် သူ လုပ်ပေးလိုက်ရုံ။
ဘယ်လိုပင်ဖြစ်ဖြစ် သူနှင့်ပဲ အတူရှိနေမည် မဟုတ်လား။
နှစ်ယောက်သား စကားတပြောပြောရှိပြီးနောက်တွင်တော့ စန်းရန်က ယာဥ်မောင်းနေသည့်ဝိန်းရိဖန်ကို ထပ်၍မနှောင့်ယှက်တော့၏။
ထိုင်ခုံကိုကျောမှီထားသည့်အတွက် မျက်ခွံများက လျော့ရဲလာကာ တဖြည်းဖြည်းနှင့်ငိုက်မျည်းလာတော့၏။ တိတ်ဆိတ်နေမှုကြားတွင် စန်းရန်သည် ဝိန်းရိဖန် အခုလေးတင် ပြောပြခဲ့သော အက,ကသည့်အကြောင်းကို ပြန်တွေးကြည့်မိကာ သူ့စိတ်ခံစားချက်လည်း မအီမသာဖြစ်လာရတော့သည်။
အထက်တန်းကျောင်းသားအရွယ်တွင် ဝိန်းရိဖန် ငိုနေသည့်မြင်ကွင်းအား သူ နှစ်ကြိမ်တိတိမြင်ခဲ့ရဖူးသည်။
Advertisement
တစ်ကြိမ်မှာ အများသုံးဘတ်စ်ကားပေါ်တွင်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ သူမ၏အကဆရာမထံမှ အခေါ်ခံရပြီး စကားပြောကြသည့်အချိန်တွင်ဖြစ်သည်။
စန်းရန်အနေဖြင့် သူတို့ပြောနေကြသည့်စကားများအကြောင်းကို လုံးဝမသိ ၊ ထိုအချိန်တုန်းက တိုက်တိုက်ဆိုင်ဆိုင် ရုံးခန်းထဲမှထွက်လာသည့် ဝိန်းရိဖန်ကိုမြင်ပြီး လှမ်းခေါ်လိုက်မည်အပြုတွင် သူမက စာသင်ခန်းရှိရာဘက်သို့မဟုတ်ဘဲ အခြားစာသင်ဆောင်ဘက်သို့သွားနေသည်ကို လှမ်းမြင်လိုက်ရသည်။
ကြည့်ရသည်မှာ အလွန်စိတ်ပင်ပန်းပြီးအားငယ်နေသည့်ပုံစံ။
သူမက အဘယ်ကြောင့် အခြားတစ်ဖက်ကို ထွက်သွားခဲ့မှန်းမသိသဖြင့် စန်းရန်လည်း အနောက်မှ လိုက်သွားကြည့်ခဲ့သည်။
သူ မြင်နေရသည့် ဝိန်းရိဖန်မှာ စာဖတ်ခန်း၏ဘေးရှိ လှေကားဆီသို့ လျှောက်သွားနေခြင်းပေ။ ထိုနေရာမှာ လက်ရှိအချိန်မျိုး၌ မည်သူမှရှိမနေမည့်နေရာ။ စိတ်ဝိဥာဥ်ပျောက်ဆုံးနေသည့်အလား လျှောက်သွားရင်း လှေကားအောက် သုံးလေးထစ် ဆင်းပြီးသည်နှင့် ထောင့်တစ်နေရာ၌ ထိုင်ချလိုက်သည်။
မည်သည့်အသံမျိုးမှ မပြု။
တစ်ခဏကြာသွားပြီးသည့်အခါတွင်တော့ သူမ၏ပုခုံးများ မသိမသာတုန်ယင်လာခဲ့ကာ အငိုတိတ်အောင် အတင်းလုပ်ယူနေသည့်အတိုင်းပင်။
ထိုအချိန်တုန်းက စန်းရန်မှာ အကြောင်းစုံကိုရေရေရာရာမသိခဲ့သဖြင့် သူမက ခြေထောက်ဒဏ်ရာရပြီး ဆက်မက,နိုင်တော့ခြင်းကြောင့် အားငယ်ပြီးဝမ်းနည်းနေသည်ဟုသာ သူ ခန့်မှန်းကြည့်နိုင်ခဲ့သည်။
အခြားမည်သည့်နည်းလမ်းမျိုးမှလည်း မရှိတော့သဖြင့်..
သူက သူမ၏အနောက်၌သာ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေခဲ့ပြီး မည်သည့်နှစ်သိမ့်စကားမျိုးကိုမှလည်း ပြောမထွက်ဖြစ်ခဲ့၏။
သို့သော် ယနေ့တွင်တော့ သူမ ငိုနေခဲ့သည့် အကြောင်းအရင်းအစစ်အမှန်အား စန်းရန် သိခွင့်ရခဲ့သည်။
သူမ အထက်တန်းအရွယ်၌ခံစားရခဲ့သည့် နာကျင်ခါးသီးမှုများဟာ..
ထိုတစ်နေ့မှစ၍ အစပျိုးပြီးဖြစ်တည်ခဲ့ပုံရ၍..
အဲ့သည်နေ့မှာ သူ၏ 'အားကျန့်'ဟာ အတင်းအဓမ္မဖြင့် အတောင်ပံများ ချိုးဖျက်ခံခဲ့ရခြင်းပင်..
----------
အိမ်ရာဝန်းထဲ ကားမောင်းဝင်လာခဲ့ပြီး ဝိန်းရိဖန် ကားပေါ်မှဆင်းခါနီးတွင်တော့ စန်းရန်၏သတိလက်လွတ်ဖြစ်နေသည့်အနေအထားကို အကဲခတ်မိလိုက်သည်။ အနားသို့ ကပ်သွားပြီး သူ့အရှေ့တွင် လက်ရမ်းပြ၍
"ဘာတွေ တွေးနေတာလဲ"
စန်းရန်က ထိုအခါမှ အသိစိတ်ပြန်ကပ်လာပြီး သူမအား တစ်ခဏကြာကြာကြည့်နေလေ၏။
"ဝိန်းရွှမ်းကျန့်"
"အမ်"
"ဒီလိုစကားတွေ ပြောရတာက ကိုယ့်ဘက်ကနေ မင်းနဲ့ အမြဲတမ်းအတူနေသွားဖို့အတွက် ဆုံးဖြတ်ပြီးသားမလို့.."
စန်းရန်က သူမ၏မျက်ဝန်းထံသို့ တည့်တည့်စိုက်ကြည့်လိုက်၍ အသွင်အပြင်မှာ ပုံမှန်အချိန်များနှင့်မတူဘဲ အလွန်ကိုမှလေးနက်သွားသည့်ပုံစံဖြင့် စကားဆိုလာခဲ့သည်။
"နောက်ထပ် ရည်းစားထပ်ရှာမယ့်ကိစ္စကလွဲရင် မင်း လုပ်ချင်တဲ့ အခြားဘယ်အရာမဆို ကိုယ် မင်းကို အားလုံးလိုက်ပံ့ပိုးပေးမယ်"
"...."
"မင်းရဲ့နေ့ရက်တွေကို ဒီအတိုင်းဖြတ်သန်းနေရတယ်ဆိုတာမျိုး မဖြစ်စေနဲ့..နားလည်လား?..မင်းရဲ့ဘဝက အရှည်ကြီးကျန်သေးတယ်"
စန်းရန်၏နဖူးပေါ်တွင် ဆံပင်တစ်ချို့ကျနေပြီး သူမဘက်သို့ ခေါင်းစောင်းကြည့်နေ၍
"လုပ်ချင်တာမှန်သမျှ ဘာပဲလုပ်လုပ်..နောက်ကျတယ်လို့ ပြောလို့မရသေးဘူး"
ဝိန်းရိဖန်က သူ့စကား၏အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်သည်။
နှုတ်ခမ်းပါးတို့က လှုပ်ခနဲဖြစ်သွားပြီး တစ်ခုခုပြောလိုက်ချင်ပါသော်ငြား လက်ရှိအချိန်အတန့်တွင် စကားတစ်ခွန်းမှပြောမထွက်လာပါတော့ပေ။
သူမထံမှ တုံ့ပြန်မှုတစ်ခုကို သေချာပေါက်ရ,ရမည်ဟု ဆုံးဖြတ်ထားပုံရသည့်စန်းရန်က စကားအဆုံးတွင် သူမ၏ခေါင်းကို ပွတ်သပ်၍
"ကြားတယ်မလား?"
ဝိန်းရိဖန် အသာအယာခေါင်းငြိမ့်ပြရင်း
"အင်း"
စန်းရန် ;
"ဟုတ်ပြီ..ဒါဆို အိမ်ပြန်ကြစို့"
ကားပေါ်မှဆင်းလာပြီးနောက်။
ဝိန်းရိဖန်က စ၍ စန်းရန်၏လက်ကိုတွဲလိုက်ပြီး ညင်ညင်သာသာစကားဆိုလိုက်၏။
"စန်းရန်..ငါ ခုဏတုန်းက နင့်ကို ပြောပြခဲ့တာတွေက အားလုံးအမှန်တွေချည်းပဲ"
"အမ်"
"ဟိုးအရင်တုန်းက ငါ့အတွက်တော့ ငါ့မိသားစုထဲကလူတွေရဲ့အမြင်မှာ အကသင်တန်းကြေးတွေက စျေးများတယ်ထင်လို့ ငါ့ကို ဆက်ပြီးမက,ခိုင်းတာပါဆိုပြီး ပါးစပ်ကနေ ပြောမထွက်နိုင်တာကြောင့်မလို့ အားလုံးကို လိမ်ထားမိခဲ့တာ..ဒါပေမယ့် အခုချိန်မှာတော့ ငါ့အတွက် အဲ့ဒါတွေအားလုံးက ဘာမှမဟုတ်တဲ့ကိစ္စလေးတွေဖြစ်သွားခဲ့ပြီ..အဲ့ဒါကြောင့်မလို့ ငါ့ဘက်ကနေ စပြီး နင့်ကိုပြောပြတာပေါ့"
စန်းရန်က သူမ၏လက်ချောင်းများကို ထွေးဆုတ်လိုက်၏။
"အခုလက်ရှိ ငါက ဟိုးအရင်ကနဲ့ သိပ်မတူတော့ဘူး..အဲ့အချိန်တွေတုန်းကတော့ ငါက ငါ့ကိုယ်ငါ အားနည်းတယ် ၊ ဘယ်ဟာမဆို ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ဘူးလို့ ထင်ထားခဲ့တာ..ပြန်ခံငြင်းတာတွေ ရှင်းပြတာတွေ ပြောပြတာတွေက ဘာမှအသုံးဝင်တဲ့အရာတွေ မဟုတ်ဘူးလို့ ထင်ခဲ့လို့ ငါ ဆိတ်ဆိတ်ငြိမ်ပြီးနေခဲ့တာ"
ဘာကြောင့်လဲဆိုတော့ မှီခိုအားကိုးစရာတစ်ခုမှ မရှိခဲ့လို့..
"ဒါပေမယ့် အခုချိန်မှာတော့ ငါ လုပ်ချင်တာမှန်သမျှ လုပ်လို့ရနေပြီ..ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာလည်း မလိုတော့ဘူး..ငါ့ဖေဖေ မဆုံးခင်တုန်းက အချိန်တွေလိုပေါ့..ငါ ဘာပဲလုပ်လုပ် ငါ့ဖေဖေက ငါ့ကိုပံ့ပိုးပေးခဲ့သလိုမျိုး"
သူမက နှုတ်ခမ်းပါးကို တင်းတင်းစေ့ပြီး ထပ်၍ဆိုလိုက်သည်။
"ပြီးတော့ အခု ငါ့မှာ နင် ရှိနေပြီလေ"
မည်သည့်အချိန်ကတည်းက စတင်ခဲ့မှန််းမသိ ၊ ဝိန်းရိဖန်၏စိတ်ထဲ သေချာသွားခဲ့သည့်အရာတစ်ခုမှာ သူမထံ၌ ထပ်၍ အားကိုးမှီခိုစရာတစ်ခု ရှိနှင့်နေပြီဟူသော အသိခံစားချက်ပင်။
"အခုချိန်မှာ ငါ တကယ်ကြီးကို သတင်းထောက်လုပ်ရတာ အရမ်းကောင်းတယ်လို့ ခံစားနေမိတာပါ..ဒီနှစ်တွေထဲမှာ ငါ့ရဲ့ခွန်အားတွေအားလုံး ဒီအလုပ်ထဲမှာပဲ နစ်မြှုပ်ထားခဲ့လေ..အခုချိန်မှသာ သတင်းထောက်အလုပ်ကို လက်လျော့ပြီး အခြားဟာသွားလုပ်ရရင် ငါ စိတ်မချမ်းသာပဲ နေတော့မှာပေါ့.."
ဝိန်းရိဖန် တွေးမိရင်း ရုတ်တရက်ပြုံးလိုက်၍
"ဒါပေမယ့် ငါလည်း နင့်လိုမျိုး လိုက်လုပ်ကြည့်လို့ရသေးတာပဲလေ"
စန်းရန်၏လည်စလုတ်က မသိမသာလှုပ်ရှားသွားရင်း သူမကိုသာ မမှင်မသွေငေးကြည့်နေ၏။
"ဘယ်လိုမျိုးလဲ"
"နင့်မှာ ခေါင်းကြီးသင်္ကေတဆိုတဲ့ အရံအလုပ်အကိုင် ရှိတယ်လေ..ငါလည်း တစ်နေ့ကျရင် အက,ပြန်ကပြီး ငါ့ရဲ့ အရံဝါသနာအဖြစ် ထားရင်ထားမှာပေါ့"
Advertisement
စန်းရန် ပြုံးလိုက်မိ၏။
"ဟုတ်ပါပြီကွာ"
နှစ်ယောက်သားက လမ်းလျှောက်လာပြီး ဓါတ်လှေကားကို ရပ်စောင့်နေကြသည်။
ဝိန်းရိဖန်က စန်းရန်နှင့်မျက်နှာချင်းဆိုင်ထားပြီး ခန္ဓာကိုယ်တစ်ဝက်က နံရံကိုမှီထားကာ ဤတိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ထဲတွင် ထူးဆန်းလွန်းလှသည့်စကားတစ်ခွန်းကို သူမ ပြောဆိုချင်လာမိသည်။
"စန်းရန်..နင်ပြောကြည့်ကြည့်..ငါ့ဖေဖေက နင့်ကို ငါ့အပေါ်ကိုကောင်းပေးဖို့အတွက် လွှတ်လိုက်တာများလား"
စန်းရန်က မျက်လွှာပင့်ကြည့်ပြီး ချက်ချင်းငြင်းဆန်လာခဲ့သည်။
"မဟုတ်ဘူး"
"...."
နှစ်စက္ကန့်ကြာပြီးသွားချိန်တွင်။
စန်းရန်က ပုံမှန်အတိုင်းလေးသာ ထပ်ပေါင်း၍ စကားဆိုလိုက်သည်။
"ကိုယ် ကိုယ်တိုင်ကိုက ဆန္ဒရှိလို့"
--------
(Zawgyi)
ကားေပၚသို႔ေရာက္သည့္အခါ ဝိန္းရိဖန္က ထုံးစံအတိုင္း စန္းရန္ အနားသို႔ကပ္သြားၿပီး လုံၿခဳံေရးခါးပတ္ကို ပတ္ေပးေနသည့္အခ်ိန္ စန္းရန္က အၿပဳံးမပ်က္ ရယ္ေနေသးေၾကာင္း ေတြ႕လိုက္ရသည္။ သူမ၏အမူအရာမွာ ေတာင့္တင္းတင္းျဖစ္ေနေလၿပီး မေနနိုင္ေအာင္ ေမးၾကည့္မိလိုက္၏။
"နင္ ဘာလို႔ရယ္ေနတာလဲ"
စန္းရန္ ေခါင္းေစာင္းၾကည့္လာၿပီး သူ႕ႏႈတ္ခမ္းေထာင့္စြန္းက ပါးခ်ိဳင့္ေလးလည္း ထင္းေန၏။
"ဝိန္း႐ႊမ္းက်န့္..မင္းကို ေျပာစရာတစ္ခုရွိတယ္"
ဝိန္းရိဖန္ ;
"ဘာလဲ"
စန္းရန္က ေအာက္'သြားမ်ားကို ထိၾကည့္ေနရာ အခုထိတိုင္ အနည္းငယ္ထုံက်င္ေနဆဲ။ သူ႕အမူအရာမွာ မထီမဲ့ျမင္ျပဳေနသည့္ပုံစံမ်ိဳးျဖင့္ မသိလွ်င္ သူ႕ကိုယ္သူအား တစ္ေလာကလုံးမွလူမ်ား ဝိုင္းလုေနၾကသည့္ ကန္စြန္းဥလိုလို လုပ္ျပေနေလသည္။
"ေနာက္တစ္ခါက်ရင္ နည္းနည္းညင္သာေပး"
"...."
ဝိန္းရိဖန္ သုံးေလးစကၠန့္ၾကာၾကာတိတ္သြားခဲ့ရ၏။ သူမအေနျဖင့္ ကိုယ့္ကိုကိုယ္ အားသုံးမိလိုက္သည္ဟုပင္ မထင္။
"နင္္ကိုက...."
က်န္ေနသည့္စကားလုံးကို ေျပာထုတ္ပစ္လာခဲ့၏။
"ႏူးညံ့လြန္းေနတာ"
ပုံမွန္အခ်ိန္တိုင္း သူ႕ကိုယ္သူ ေယာက္်ားရင့္မာႀကီးဟု ေျပာေျပာေနသည့္စန္းရန္က အခုအခ်ိန္တြင္ေတာ့ ဝန္ခံဖို႔ရာ သတၱိရွိေနေလ၏။
"ဟုတ္ပါတယ္ဆို"
"...."
ဤအခ်ိန္က်မွ အဘယ္ေၾကာင့္မ်ား 'စန္းပန္းပြင့္ကေလး' ျဖစ္ခ်င္ေနမွန္း နားမလည္ေတာ့ေခ်။
ဝိန္းရိဖန္ ကားစက္ႏွိုးၿပီးေနာက္တြင္ေတာ့ ဤအေၾကာင္းကို ဆက္မဆိုေတာ့ဘဲ အလ်င္းသင့္သည့္စကားကိုသာ ဆိုလိုက္သည္။
"ငါ ကားဝယ္မယ့္ကိစၥကလည္း ေမ့ၿပီးရင္းေမ့ေနေတာ့တာပဲ"
အမ်ိဳးသားေန႕အားလပ္ရက္မ်ားတြင္ ဝိန္းရိဖန္က အလုပ္မ်ားေနခဲ့ၿပီး စန္းရန္ကပါ အနာတရျဖစ္ထားသည့္အတြက္ ကားဝယ္မည့္အေရးကို လုံးလုံးလ်ားလ်ားေမ့ေလ်ာ့ေနခဲ့သည္။
"ႏြေဦးရာသီပြဲေတာ္မတိုင္ခင္ သြားဝယ္ရင္ ေစ်းသက္သာေလာက္မလား"
"ႏြေဦးရာသီပြဲေတာ္ ၿပီးသြားမွ ဝယ္"
စန္းရန္သည္လည္း အေစာပိုင္းတုန္းက အမွတ္ရခဲ့ေသာ္ျငား သည္ၾကားထဲတြင္ ကိစၥမ်ိဳးစုံျဖစ္ေနခဲ့ျခင္းေၾကာင့္ ဝိန္းရိဖန္ကို သတိေပးဖို႔ ေမ့ေနခဲ့၏။
"အဲ့ခ်ိန္က်ရင္ ကိုယ္ လိုက္ခဲ့ေပးမယ္"
ဝိန္းရိဖန္ ေခါင္းၿငိမ့္ျပလိုက္သည္။ အခ်ိန္ကိုက္ဆိုသလို မီးနီသြားသျဖင့္ ကားခဏရပ္လိုက္ၿပီး အျခားအေၾကာင္းအရာတစ္ခုကို သတိတရဆိုလာ၏။
"ဒါနဲ႕..ဟိုတေလာတုန္းက အိမ္ခန္းပိုင္ရွင္က ငါ့ကိုေျပာလာတယ္..အိမ္ခန္းကို ျပန္ျပင္ခ်င္လို႔ ငါတို႔ကို ေနာက္ႏွစ္ သုံးလပိုင္းအမီေျပာင္းေပးပါတဲ့"
"ေနာက္ႏွစ္ သုံးလပိုင္း..."
စန္းရန္ ေတြးေတြးဆဆလုပ္ေနရင္း သူမ၏အထင္အျမင္တို႔ကို ေမးျမန္းရွာေဖြၾကည့္သလိုလိုျပဳ၍
"ကိုယ္တို႔ ထပ္ၿပီးေတာ့ ႏွစ္ဝက္နီးပါးတြဲရဦးမွာေပါ့?"
ဝိန္းရိဖန္ ;
"အာ.."
"ဘာကို 'အာ' ေနတာလဲ..မင္းကို ေမးေနတာေလ"
"ငါတို႔ႏွစ္ေယာက္က ေကာင္းေကာင္းႀကီးအဆင္ေျပေနၾကတယ္ေလ..မဟုတ္ဘူးလား"
ဝိန္းရိဖန္၏စိတ္ထဲ ထားခဲ့ခံရတော့မည့်အဓိပ္ပါယ်မျိုးသက်ေရာက္သြားကာ စိတ္အေျခအေနမွာ သူ႕နည္းတူ မၾကည္လင္နိုင္ပါေတာ့ေပ။
"ဘာလို႔ ႐ုတ္တရက္ႀကီး ႏွစ္တစ္ဝက္ပဲ တြဲေတာ့မွာလဲ"
သူ႕ အိမ္ေထာင္ဖက္ကိုေ႐ြးခ်ယ္တဲ့စံႏႈန္းေတြထဲမွာ..
မဟုတ္မွလြဲ အိမ္ခန္းငွားေဖာ္မဟုတ္ေတာ့ရင္ လမ္းခြဲတာမ်ားလား?
"...."
စန္းရန္၏မ်က္ခုံးတို႔မွာ တစ္ခ်က္တြန့္ခ်ိဳးသြားခဲ့၏။ ဤစကားတစ္ခြန္းက အမွန္တကယ္လည္းမရွင္းမလင္းျဖစ္ေနမွန္း သိပါသည့္တိုင္ ယခုလိုအေျဖမ်ိဳး ရလာလိမ့္မည္ဟု လုံးဝမထင္မွတ္ထားပါေပ။ ဝိန္းရိဖန္၏ပါးကို အားျဖင့္ဆြဲညွစ္လိုက္ရင္း စုတ္တစ္ခ်က္သပ္၍
"လူနားေထာင္လို႔ရတဲ့ စကားကိုေျပာ"
မီးစိမ္းသြားမွသာ စန္းရန္က လက္လႊတ္ေပးလိုက္သည္။
ဝိန္းရိဖန္ ကားဆက္ေမာင္းလာၿပီး တျဖည္းျဖည္းႏွင့္သေဘာေပါက္သြားကာ ၊ နားလည္လိုက္လွ်င္လိုက္ျခင္းပင္ ေၾကာင္အမ္းသြားရေတာ့၏။
"နင္ အခုတေလာ စကားေျပာရင္ ေဝ့လည္ေၾကာင္ပတ္ တအားလုပ္တာပဲ"
စန္းရန္က သူမအား ေအးတိေအးစက္လွမ္းၾကည့္လိုက္သည္။
ဝိန္းရိဖန္ ေတြးၾကည့္မိလိုက္၏ ၊ ပုံမွန္လူအမ်ားစုမွာ ခ်စ္ကြၽမ္းဝင္ၾကၿပီးေနာက္ ဘယ္ေလာက္ၾကာၾကာတြင္ လက္ထပ္ေလ့ရွိမွန္း သူမ မသိပါေပ။ အေတာ္ၾကာေအာင္ စဥ္းစားၾကည့္ၿပီးသည့္တိုင္ အေၾကာင္းအရင္းအတိတက် အေျဖရွာမရသျဖင့္ ရိုးရိုးရွင္းရွင္းသာ ေမးျမန္းလိုက္သည္။
"ငါက သူမ်ားေတြကို အရမ္းႀကီးအာ႐ုံမစိုက္တတ္တာမလို႔ေလ..အျခားသူေတြက ပုံမွန္ဆိုရင္ မ်ားေသာအားျဖင့္ တြဲၿပီးဘယ္ေလာက္ၾကာရင္ လက္ထပ္ၾကတာလဲ"
"အမ္?"
စန္းရန္က ပုံမွန္ေလသံျဖင့္
"သုံးေလးပတ္ၾကာရင္"
"...."
စန္းရန္က ဆက္၍
"ကိုယ္တို႔တြဲေနတာကို တြက္ၾကည့္ရင္ ေတာ္ေတာ္ေလးၾကာေနၿပီ"
"အို႔"
ဝိန္းရိဖန္ ထပ္၍ေတြးၾကည့္လိုက္၏။ အမွန္တကယ္တြင္ သူမအတြက္ေတာ့ ဤကိစၥႏွင့္ပတ္သတ္ၿပီး သတ္မွတ္ခ်က္မ်ိဳးစုံရွိမေနပါေပ။ သင့္ေတာ္သည့္အခ်ိန္မ်ိဳးဟုခံစားရမိ႐ုံျဖင့္ပင္ လက္ခံနိုင္သည္။ သို႔ေသာ္ သူမ၏လက္ရွိအလုပ္အေျခအေနမွာ မတည္ၿငိမ္ေသးဘဲ သုံးေလးရက္တစ္ခါလည္း အခ်ိန္ပိုဆင္း၍ အလုပ္လုပ္ေနရ၏။
စန္းရန္၏ အလုပ္မွာလည္း အတူတူနီးပါးပင္ျဖစ္ေသာ္ျငား သူ႕အလုပ္ခ်ိန္မ်ားမွာေတာ့ သူမကဲ့သို႔ ကေမာက္ကမျဖစ္ေနျခင္းမရွိ။
ဝိန္းရိဖန္အေနျဖင့္ သူမ၏အလုပ္တည္ၿငိမ္သြားၿပီးမွသာ လက္ထပ္မည့္ကိစၥကို ထပ္၍စဥ္းစားသင့္ေၾကာင္း ေတြးမိလိုက္၏။ စိတ္ထဲမွေန၍ ခန့္မွန္းေခ်အခ်ိန္ကာလကို တြက္ၾကည့္ရင္း နည္းနည္းေလးပို၍အခ်ိန္ဆြဲလိုက္၏။
"ဒါဆိုလည္း.."
"အမ္?"
"ေနာက္ထပ္ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ေနမွ ထပ္ေျပာရေအာင္ေလ"
"...."
အခ်ိန္ဆြဲထားမည့္ အေျဖမ်ိဳးရလာလိမ့္မည္ဟု မထင္မွတ္ထားခဲ့ေသာ္လည္း စန္းရန္က အခ်ိန္ကာလအပိုင္းအျခားႏွင့္ပတ္သတ္ၿပီး အထူးတလည္စိတ္ထဲထည့္မေနေခ်။ ဘယ္လိုပင္ျဖစ္ေစ လက္ထပ္မည့္အေရးမွာ အႏွေးႏွင့္အျမန္ျဖစ္လာမည့္ကိစၥ။ သူ႕ေကာင္မေလးက ခပ္ၾကာၾကာတြဲမည့္ဆက္ဆံေရးမ်ိဳး လိုခ်င္ေနလွ်င္ သူ လုပ္ေပးလိုက္႐ုံ။
ဘယ္လိုပင္ျဖစ္ျဖစ္ သူႏွင့္ပဲ အတူရွိေနမည္ မဟုတ္လား။
ႏွစ္ေယာက္သား စကားတေျပာေျပာရွိၿပီးေနာက္တြင္ေတာ့ စန္းရန္က ယာဥ္ေမာင္းေနသည့္ဝိန္းရိဖန္ကို ထပ္၍မႏွောင့္ယွက္ေတာ့၏။
ထိုင္ခုံကိုေက်ာမွီထားသည့္အတြက္ မ်က္ခြံမ်ားက ေလ်ာ့ရဲလာကာ တျဖည္းျဖည္းႏွင့္ငိုက္မ်ည္းလာေတာ့၏။ တိတ္ဆိတ္ေနမႈၾကားတြင္ စန္းရန္သည္ ဝိန္းရိဖန္ အခုေလးတင္ ေျပာျပခဲ့ေသာ အက,ကသည့္အေၾကာင္းကို ျပန္ေတြးၾကည့္မိကာ သူ႕စိတ္ခံစားခ်က္လည္း မအီမသာျဖစ္လာရေတာ့သည္။
အထက္တန္းေက်ာင္းသားအ႐ြယ္တြင္ ဝိန္းရိဖန္ ငိုေနသည့္ျမင္ကြင္းအား သူ ႏွစ္ႀကိမ္တိတိျမင္ခဲ့ရဖူးသည္။
တစ္ႀကိမ္မွာ အမ်ားသုံးဘတ္စ္ကားေပၚတြင္ျဖစ္ၿပီး ေနာက္တစ္ႀကိမ္မွာ သူမ၏အကဆရာမထံမွ အေခၚခံရၿပီး စကားေျပာၾကသည့္အခ်ိန္တြင္ျဖစ္သည္။
စန္းရန္အေနျဖင့္ သူတို႔ေျပာေနၾကသည့္စကားမ်ားအေၾကာင္းကို လုံးဝမသိ ၊ ထိုအခ်ိန္တုန္းက တိုက္တိုက္ဆိုင္ဆိုင္ ႐ုံးခန္းထဲမွထြက္လာသည့္ ဝိန္းရိဖန္ကိုျမင္ၿပီး လွမ္းေခၚလိုက္မည္အျပဳတြင္ သူမက စာသင္ခန္းရွိရာဘက္သို႔မဟုတ္ဘဲ အျခားစာသင္ေဆာင္ဘက္သို႔သြားေနသည္ကို လွမ္းျမင္လိုက္ရသည္။
ၾကည့္ရသည္မွာ အလြန္စိတ္ပင္ပန္းၿပီးအားငယ္ေနသည့္ပုံစံ။
သူမက အဘယ္ေၾကာင့္ အျခားတစ္ဖက္ကို ထြက္သြားခဲ့မွန္းမသိသျဖင့္ စန္းရန္လည္း အေနာက္မွ လိုက္သြားၾကည့္ခဲ့သည္။
သူ ျမင္ေနရသည့္ ဝိန္းရိဖန္မွာ စာဖတ္ခန္း၏ေဘးရွိ ေလွကားဆီသို႔ ေလွ်ာက္သြားေနျခင္းေပ။ ထိုေနရာမွာ လက္ရွိအခ်ိန္မ်ိဳး၌ မည္သူမွရွိမေနမည့္ေနရာ။ စိတ္ဝိဥာဥ္ေပ်ာက္ဆုံးေနသည့္အလား ေလွ်ာက္သြားရင္း ေလွကားေအာက္ သုံးေလးထစ္ ဆင္းၿပီးသည္ႏွင့္ ေထာင့္တစ္ေနရာ၌ ထိုင္ခ်လိဳက္သည္။
မည္သည့္အသံမ်ိဳးမွ မျပဳ။
တစ္ခဏၾကာသြားၿပီးသည့္အခါတြင္ေတာ့ သူမ၏ပုခုံးမ်ား မသိမသာတုန္ယင္လာခဲ့ကာ အငိုတိတ္ေအာင္ အတင္းလုပ္ယူေနသည့္အတိုင္းပင္။
ထိုအခ်ိန္တုန္းက စန္းရန္မွာ အေၾကာင္းစုံကိုေရေရရာရာမသိခဲ့သျဖင့္ သူမက ေျခေထာက္ဒဏ္ရာရၿပီး ဆက္မက,နိုင္ေတာ့ျခင္းေၾကာင့္ အားငယ္ၿပီးဝမ္းနည္းေနသည္ဟုသာ သူ ခန့္မွန္းၾကည့္နိုင္ခဲ့သည္။
အျခားမည္သည့္နည္းလမ္းမ်ိဳးမွလည္း မရွိေတာ့သျဖင့္..
သူက သူမ၏အေနာက္၌သာ တိတ္ဆိတ္ၿငိမ္သက္စြာထိုင္ေနခဲ့ၿပီး မည္သည့္ႏွစ္သိမ့္စကားမ်ိဳးကိုမွလည္း ေျပာမထြက္ျဖစ္ခဲ့၏။
သို႔ေသာ္ ယေန႕တြင္ေတာ့ သူမ ငိုေနခဲ့သည့္ အေၾကာင္းအရင္းအစစ္အမွန္အား စန္းရန္ သိခြင့္ရခဲ့သည္။
သူမ အထက္တန္းအ႐ြယ္၌ခံစားရခဲ့သည့္ နာက်င္ခါးသီးမႈမ်ားဟာ..
ထိုတစ္ေန႕မွစ၍ အစပ်ိဳးၿပီးျဖစ္တည္ခဲ့ပုံရ၍..
အဲ့သည္ေန႕မွာ သူ၏ 'အားက်န့္'ဟာ အတင္းအဓမၼျဖင့္ အေတာင္ပံမ်ား ခ်ိဳးဖ်က္ခံခဲ့ရျခင္းပင္..
----------
အိမ္ရာဝန္းထဲ ကားေမာင္းဝင္လာခဲ့ၿပီး ဝိန္းရိဖန္ ကားေပၚမွဆင္းခါနီးတြင္ေတာ့ စန္းရန္၏သတိလက္လြတ္ျဖစ္ေနသည့္အေနအထားကို အကဲခတ္မိလိုက္သည္။ အနားသို႔ ကပ္သြားၿပီး သူ႕အေရွ႕တြင္ လက္ရမ္းျပ၍
"ဘာေတြ ေတြးေနတာလဲ"
စန္းရန္က ထိုအခါမွ အသိစိတ္ျပန္ကပ္လာၿပီး သူမအား တစ္ခဏၾကာၾကာၾကည့္ေနေလ၏။
"ဝိန္း႐ႊမ္းက်န့္"
"အမ္"
"ဒီလိုစကားေတြ ေျပာရတာက ကိုယ့္ဘက္ကေန မင္းနဲ႕ အၿမဲတမ္းအတူေနသြားဖို႔အတြက္ ဆုံးျဖတ္ၿပီးသားမလို႔.."
စန္းရန္က သူမ၏မ်က္ဝန္းထံသို႔ တည့္တည့္စိုက္ၾကည့္လိုက္၍ အသြင္အျပင္မွာ ပုံမွန္အခ်ိန္မ်ားႏွင့္မတူဘဲ အလြန္ကိုမွေလးနက္သြားသည့္ပုံစံျဖင့္ စကားဆိုလာခဲ့သည္။
"ေနာက္ထပ္ ရည္းစားထပ္ရွာမယ့္ကိစၥကလြဲရင္ မင္း လုပ္ခ်င္တဲ့ အျခားဘယ္အရာမဆို ကိုယ္ မင္းကို အားလုံးလိုက္ပံ့ပိုးေပးမယ္"
"...."
"မင္းရဲ႕ေန႕ရက္ေတြကို ဒီအတိုင္းျဖတ္သန္းေနရတယ္ဆိုတာမ်ိဳး မျဖစ္ေစနဲ႕..နားလည္လား?..မင္းရဲ႕ဘဝက အရွည္ႀကီးက်န္ေသးတယ္"
စန္းရန္၏နဖူးေပၚတြင္ ဆံပင္တစ္ခ်ိဳ႕က်ေနၿပီး သူမဘက္သို႔ ေခါင္းေစာင္းၾကည့္ေန၍
"လုပ္ခ်င္တာမွန္သမွ် ဘာပဲလုပ္လုပ္..ေနာက္က်တယ္လို႔ ေျပာလို႔မရေသးဘူး"
ဝိန္းရိဖန္က သူ့စကား၏အဓိပ္ပါယ်ကို ခ်က္ခ်င္းနားလည္လိုက္သည္။
ႏႈတ္ခမ္းပါးတို႔က လႈပ္ခနဲျဖစ္သြားၿပီး တစ္ခုခုေျပာလိုက္ခ်င္ပါေသာ္ျငား လက္ရွိအခ်ိန္အတန့္တြင္ စကားတစ္ခြန္းမွေျပာမထြက္လာပါေတာ့ေပ။
သူမထံမွ တုံ႕ျပန္မႈတစ္ခုကို ေသခ်ာေပါက္ရ,ရမည္ဟု ဆုံးျဖတ္ထားပုံရသည့္စန္းရန္က စကားအဆုံးတြင္ သူမ၏ေခါင္းကို ပြတ္သပ္၍
"ၾကားတယ္မလား?"
ဝိန္းရိဖန္ အသာအယာေခါင္းၿငိမ့္ျပရင္း
"အင္း"
စန္းရန္ ;
"ဟုတ္ၿပီ..ဒါဆို အိမ္ျပန္ၾကစို႔"
ကားေပၚမွဆင္းလာၿပီးေနာက္။
ဝိန္းရိဖန္က စ၍ စန္းရန္၏လက္ကိုတြဲလိုက္ၿပီး ညင္ညင္သာသာစကားဆိုလိုက္၏။
Advertisement
- In Serial22 Chapters
Wood Boy
A reclusive man obsesses over a seemingly inconsequential detail and attempts to create a meaningful narrative to explain it which ends up changing the way he sees and interacts with the world. He finds his new outlook to be at odds with his established life as it crumbles around him.
8 322 - In Serial95 Chapters
texting you | jeon jungkook √
"ɪғ ʏᴏᴜ ᴅᴏɴ'ᴛ ғɪɴᴅ ᴛʜᴀᴛ ʙᴀɢ ɪ'ʟʟ ᴋɪʟʟ ʏᴏᴜ."in which jungkook thinks he's texting taehyung about his thick, lost bag when he's actually been texting someone that he never knew would change his life.[ COMPLETED ]© saucybangtan, 2018#1 - bts#1 - jungkook#8 - ff
8 214 - In Serial20 Chapters
OF PAIN & REGRETS ( FORTHBEAM - EDITED VERSION ) ✔️
- COMPLETED - Beam is Forth personal secretary and they have been in each others bed minus a relationship. When Beam learned that Forth has a fiancé, he ran away.*The story contains m-preg, means male pregnancy.
8 119 - In Serial36 Chapters
Fantasy- MaAn shots
This book is based on the starplus serial "Anupama" and revolves majorly around Anupama and Anuj kapadia.*****************Excerpt 1The arrogance dropped from Anuj's face in a flash as he furrowed his brows surprised, "What...I...nhi...." He stammered tugging at his glasses, while Anupama burst into a fit of chuckles at that.Anuj then smiled too and nodded, "Tumse kya chupana...tum aaj bahot bahot sundar lag rahi ho".Anupama blushed at the compliment but then schooled her features into a poker face. "Bas aaj hi sundar lag rahi hu?"*******************Excerpt 2HAAN!" Anuj shouted,angered, loosening his tie. He was ready to sock his jaw in! "Yaarana hai! Are you jealous?!"Vanraj looked incredulously at Anuj as Anuj smirked, "Hona bhi chahiye! I mean love marriage karne ke baad bhi, you and kavya can't find a common ground. You should be jealous! Classes lenge mujhse on how to keep a woman happy? You really need it!""Tum apni hadd-"Shush!" Anuj interrupted Vanraj then, a smile starting to form."You should be jealous. I mean, jis ex ko tumhari shakal dekhte hi sardard hota hai, wo mere sath khush rehti hai! And vese bhi you are very curious about us naa?"**********************Sometimes we see certain scenes and cant help but imagine "what if it had been like that?". So here in this book are my take around certain scenarios.
8 157 - In Serial37 Chapters
I Accidentally Kissed My Bestfriends Brother
Amelia Montgomery is one of Rosewood High's cheerleaders along with her best friend Stella Hayes.Her and Stella have been friends ever since kindergarten when Amelia fell off the monkey bars and Stella helped her up afterwards.Stella has a brother named Easton Hayes and he has always teased Amelia since she was seven.They both agreed that they thought he was a heartless prick who treats girls like rubbish.One Friday night Amelia decided to go to a party.At the party Amelia ends up slipping and falling into her worst enemies lap, but what makes the situation worse is the fact that some drunk dude accidentally stumbles into her causing her to slide forward and lock lips with none other than Easton Hayes.Oh how Amelia's life couldn't be anymore ruined.•••••••••••••••••••••••••••••••••I lean in so that our noses are touching which causes us to close our eyes as our breaths become more harsher."I can't stand being friends with you. Everytime I see you all I want to do is push you against a wall and kiss you" he whispers out which makes me smile a little"So, what are you going to do about it?" I ask him teasingly with a breathless voice"This" he says before he connects our lips which makes me reach up and place my hands on his cheeks.
8 225 - In Serial15 Chapters
The arrangement : The encounter
This is a story with Scarlett Johasson and the reader.Kinda of enemies to lovers storyThere is gonna be a lot of drama.If you want more read the book 😌G!P readerThat description sucks.
8 110

