《First Frost (Myanmar Translation)》Chapter 76
Advertisement
လှုပ်လှုပ်ရှားရှားအခြေအနေအား လမ်းသွားလမ်းလာများက တစ်ဦးစ နှစ်ဦးစနှင့် လှမ်းကြည့်လာကြကာ ကင်းလှည့်နေသည့်ရဲအဖွဲ့မှာလည်း လက်ရှိအချိန်၌ အချိန်ကိုက်ရောက်လာခဲ့သည်။ အခြေအနေကို အကျိုးအကြောင်းရှင်းပြပြီးသည့်အခါ ရဲအဖွဲ့က ချယ်ရှင့်ဒယ်အား လက်ထိပ်ခတ်ပြီးကားထဲ ဆွဲထည့်ထားလိုက်သည်။
ရဲအရာရှိများမှာ စန်းရန်အား ဆေးရုံသို့လိုက်ပို့ပေးမည်ဟုဆိုလာပြီး နှုတ်ဖြင့်လည်း မှတ်တမ်းယူနေကြသည်။
စန်းရန်က ပူးပေါင်းပေးမည်ဖြစ်ကြောင်း စကားဆိုလိုက်သော်ငြား အရင်ဆုံး ထိုလူတစ်စုကို စောင့်ခိုင်းထားသေး၏။ ကားရပ်ထားသည့်နေရာဆီသို့ ပြန်လာပြီး ကားသော့နှင့်လက်ကိုင်ဖုန်းကိုယူမည်အပြုတွင် လှည့်ပတ်ပြီးရှာသော်ငြား လက်ကိုင်ဖုန်းကိုမတွေ့။ အရေးတကြီးလုပ်မနေတော့ဘဲ တစ်ဖက်သို့ပြန်လှည့်လာကာ ရဲကားနှင့်အတူ လိုက်လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်တွင် ရဲအရာရှိများက ဒဏ်ရာကို သွေးတိတ်အောင် ကူညီပေးရင်း ဖြစ်ကြောင်းကုန်စင်ကိုလည်း မေးမြန်းလာခဲ့သည်။
စန်းရန်၏ဒဏ်ရာမှာ သွေးတစိမ့်စိမ့်ထွက်နေဆဲဖြစ်ပြီး ဒဏ်ရာကိုလက်ဖြင့်အုပ်၍ မေးသမျှကိုလည်း တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်ဖြေပေးခဲ့၏။
အချိန်အတော်ကြာသွားပြီး မြို့ဆေးရုံနားသို့ ရောက်လာသည့်အချိန်တွင် ရဲအရာရှိကထပ်၍မေးမြန်းလာခဲ့၏။
"လူကြီးမင်းနဲ့ ဝရမ်းပြေးတရားခံနဲ့က...."
တစ်ဖက်လူ၏စကားမဆုံးသေးခင် စန်းရန်က စကားဖြတ်ပြောလာခဲ့သည်။
"အခု ဘယ်နှနာရီရှိပြီလဲ"
ရဲအရာရှိ ;
"၈နာရီနဲ့ မိနစ် ၄၀ ပတ်ဝန်းကျင်ရှိပြီ..ဘာဖြစ်လို့လဲ"
စန်းရန် ;
"စိတ်မရှိပါနဲ့..ကျွန်တော့်ကို ဖုန်းခဏလောက်ငှားပေးလို့ရမလား"
ဤအချိန်သည်ကား 'ရှန့်အန်း'ရပ်ကွက်ထဲမှလမ်းများ စည်ကားပြီးပိတ်နေသည့်အချိန်။
အချိန်နှင့်အမျှ ဝိန်းရိဖန်၏စိတ်အခြေအနေက စိုးရိမ်သထက် စိုးရိမ်လာရကာ မျက်ရည်များကို လက်ခုံဖြင့်သုတ်ပြီး အသံသွင်းဖောင်တိန်နှင့်စန်းရန်၏လက်ကိုင်ဖုန်းကို အိတ်ထဲထည့်လိုက်ရင်း ခပ်ကျယ်ကျယ်လှမ်းမေးလိုက်၏။
"ဦးလေး..ကားလမ်းက ဘယ်လောက်ကြာကြာပိတ်နေနိုင်သေးလဲ"
"ဒီတစ်လမ်းကျော်ပြီးရင် အဆင်ပြေပြီ"
ဝိန်းရိဖန်က နောက်ထပ်မေးမြန်းမည်အပြုတွင် သူမ၏လက်ကိုင်ဖုန်း ရုတ်တရက်မြည်လာခဲ့၏။ ခေါင်းငုံ့ပြီး အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ယူကြည့်လိုက်သည်။
ခေါ်ဆိုလာသည်မှာ နန်းဝူမြို့ထဲမှ ဖုန်းနံပါတ်စိမ်းတစ်ခု။
ဝိန်းရိဖန် အသက်အောင့်ထားမိရင်း စိတ်ထဲ၌လည်း ခန့်မှန်းချက်တစ်ခုပေါ်လာကာ ချက်ချင်းဖြေဆိုလိုက်သည်။
သူမ ထင်ထားသည့်အတိုင်း။
စန်းရန်၏အသံက အခြားတစ်ဖက်မှပေါ်လာခဲ့၏။
"ဝိန်းရွှမ်းကျန့်"
သူ့အသံကိုကြားလိုက်ရသည်နှင့်တပြိုင်နက် ဝိန်းရိဖန်၏ တင်းမာလွန်းနေခဲ့သည့်ခံစားချက်များမှာ နောက်ဆုံး၌ သက်သာရာရသွားခဲ့တော့၏။ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ငိုသံသဲ့သဲ့ဖြင့် အခြေအနေကိုသာ တိုက်ရိုက်မေးမြန်းလိုက်၏။
"နင် အဆင်ပြေရဲ့လား..ဘယ်နားမှာ ဒဏ်ရာရသွားတာလဲ"
အခြေအနေမှာ အတိအကျနီးပါးသိနေပြီဖြစ်သည့်အတွက် စန်းရန်လည်း ဖုံးဖိထားမည့်အကြောင်းပြချက်မျိုးရှာမနေတော့ပေ။
"ဘာမှမဖြစ်ဘူး..လက်မှာ အရေပြားပွန်းသွားရုံပဲ"
ဝိန်းရိဖန်က စန်းရန်၏စကားကိုမယုံသဖြင့် ထပ်၍
"ငါ သွေးတွေအများကြီးတွေ့ခဲ့တယ်"
"အဲ့ဒါက ချယ်ရှင့်ဒယ်ဆီကဟာတွေ..ကိုယ်က ဘာလို့သွေးထွက်ရမှာလဲ"
စန်းရန်မှာ ပျင်းတိပျင်းရွဲဖြင့်
"ဟုတ်ပါပြီ..တကယ်ကို ဘာမှမဖြစ်တာပါ..ဝိန်းရွှမ်းကျန့်..ဒီနေ့တော့ ကိုယ့်ဘာသာကိုယ်အိမ်ပြန်လိုက်နော်..ကိုယ် ဒီမှာ မှတ်တမ်းယူဖို့အတွက်ဖြေပေးစရာတွေရှိသေးတယ် မြန်မြန်တော့ပြန်လာနိုင်မှာမဟုတ်ဘူး"
ဝိန်းရိဖန် ;
"ငါ နင့်ဆီ လာခဲ့မယ်"
ဤစကားကိုကြားသည့်အခါ စန်းရန်က သုံးလေးစက္ကန့်ကြာကြာတိတ်သွားပြီးနောက် ဖုံးကွယ်၍မရတော့မှန်း သိသွား၍အလား သက်ပြင်းချလိုက်၏။
"အင်းပါ..ဒါဆို ကားငှားပြီး မြို့ဆေးရုံရဲ့ အရေးပေါ်ကုသဆောင်ကို လာခဲ့"
ဝိန်းရိဖန် အရေးပေါ်ကုသဆောင်သို့ရောက်သည့်အချိန်တွင် စန်းရန်ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာမှာ ချုပ်ပြီးသွားပြီဖြစ်သည်။ လက်ရှိအချိန်တွင် ဆေးရုံထဲ၌ လူမများပါပေ ၊ သူ့ဘေးနားတွင် ရဲအရာရှိနှစ်ဦးရပ်နေပြီး မေးမြန်းနေပုံလည်းရသည်။
ဝိန်းရိဖန်သည် စန်းရန်အနားသို့ အမြန်လျှောက်သွားလိုက်ပြီး သူ့လက်ပေါ်မှဒဏ်ရာအား လှမ်းကြည့်လိုက်၏။
စန်းရန်က ခေါင်းလှည့်ကြည့်လာပြီး
"ရောက်လာတာ မြန်သားပဲ"
ဝိန်းရိဖန်၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှရှိမနေ ၊ သူမဘက်က ရဲအရာရှိနှစ်ဦးအား ဦးစွာနှုတ်ဆက်လိုက်၏။ နောက်တွင်တော့ ရဲအရာရှိများဘက်က စကားဆိုလာခဲ့၏။
"ဒါဆိုရင်တော့ ဒီလောက်ပါပဲ..တကယ်လို့ တစ်ခုခုမေးမြန်းစရာများရှိလာခဲ့ရင် ကျွန်တော်တို့ဘက်က လူကြီးမင်းဆီ ထပ်ဆက်သွယ်လိုက်ပါမယ်"
စန်းရန်က သူတို့ဘက်သို့ လှမ်းကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်၏။
"ပင်ပန်းသွားရပါပြီ"
ရဲအရာရှိနှစ်ဦး ထွက်သွားပြီးနောက်တွင်။
ဝိန်းရိဖန်က စန်းရန်အား နောက်တစ်ကြိမ် စိုက်ကြည့်လာတော့၏။ သူ့မျက်နှာမှာ ပုံမှန်ထက် ဖြူဖျော့နေ၏ ၊ နဂိုကတည်းက ဖြူဖျော့ဖျော့နှုတ်ခမ်းပါးမှာ လက်ရှိအချိန်၌ သွေးလုံးဝမရှိသည့်အလား ၊ လူတစ်ကိုယ်လုံးကလည်း ရောဂါရှိသည့်လူမမာလိုလို။ သူမ မျက်လွှာကိုအောက်စိုက်ကြည့်ရင်း ဖြေးဖြေးချင်းစကားဆိုလာ၏။
"အရေပြား ပွန်းသွားရုံလေး"
"...."
"နောက်တော့ ခြောက်ချက် ချုပ်လိုက်ရတယ်"
စန်းရန်က မျက်လုံးပင့်၍လှမ်းကြည့်လာပြီး ပြန်ခံပြောမည့်စကားတစ်ခွန်းမှမထွက်လာတော့ဘဲ သူမ အရင်က ပြောခဲ့ဖူးသည့်အတိုင်း စိတ်ဆိုးပြီး ဆူလာတော့မည့်စကားများကိုသာ ငြိမ်ပြီးစောင့်နေလေတော့သည်။ စန်းရန်က ထိုင်ခုံအနောက်သို့ မှီချလိုက်ပြီး လက်တစ်ဖက်ရှိ ထုံဆေးအရှိန်မှာ မပျယ်သေးသဖြင့် အခြားလက်တစ်ဖက်ဖြင့်သာ သူမ၏လက်ကို လှမ်းကိုင်လိုက်၏။
တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက်။
သူမ၏ ဒေါသများမရောက်လာခင် စန်းရန်မြင်လိုက်ရသည်မှာ ဝိန်းရိဖန်၏မျက်ဝန်းများ နီရဲတက်လာပြီးငိုနေခြင်းပင်။
"...."
စန်းရန် ကြောင်အမ်းသွားရ၍
"မဟုတ်ဘူးလေ..ကိုယ့်ကို ဆူမယ့်အစား ဘာလို့ ငိုနေရတာလဲ"
ဝိန်းရိဖန်က သူ့ဘေး၌ဝင်ထိုင်လိုက်ပြီး တုန်ယင်ချင်နေသည့်အသံကိုထိန်းကာ မျက်ရည်ကိုသုတ်ရင်း စကားဆိုလိုက်၏။
"နင် သူ့ကို ဘာလုပ်ဖို့သွားဖမ်းနေတာလဲ"
စန်းရန်က ရယ်မိသွားခဲ့၏။
"ကိုယ် ဒီလိုလုပ်လိုက်တာက မှားများမှားနေလို့လား"
"နင် သူ့ကို မြင်လိုက်လို့ ရဲကိုအကြောင်းကြားပေးပြီးရင် တော်ပြီပေါ့..အခြားကိစ္စတွေက နင် လိုက်လုပ်စရာမှ မလိုတာ"
စန်းရန်က စိတ်ရှည်ရှည်ဖြင့် ဆက်၍
"အဲ့လိုလုပ်လိုက်ရင် သူ ထွက်ပြေးသွားမှာလေ"
"ပြေးတော့လည်း ပြေးတယ်ပေါ့..ပြေးသွားတော့လည်း ဘာဖြစ်လဲ"
ဝိန်းရိဖန်က အမှန်တကယ်စိတ်ဆိုးလာခဲ့၏။
"သူ ထွက်ပြေးသွားရင်တောင် နင်နဲ့ဘာဆိုင်လို့လဲ..နင်က ဘာကိစ္စနဲ့လိုက်ပြီး ဂရုစိုက်နေရတာလဲ! အမှန်တရားဘက်တော်သားကြီး ဖြစ်ချင်နေတာလား!"
Advertisement
ဆိတ်ငြိမ်သွားခဲ့ပြီးနောက် သူမဘက်မှ ပြောဆိုနေပါသည့်တိုင် စန်းရန်က စိတ်ဆိုးခြင်းအလျင်းမရှိဘဲ သူမအား ငုံ့ကြည့်လာခဲ့၏။
"ဘာတွေဖြစ်နေတာလဲ?"
"နင် ဒီလိုမျိုးဖြစ်နေတာကို ငါ သဘောမကျဘူး..."
ဝိန်းရိဖန်က ခေါင်းငုံ့ထားပြီး အသက်ကိုရှိုက်ကာ ဆိုလာခဲ့၏။
"ဒီကိစ္စတွေကို နင် ဂရုမစိုက်ဘဲနေပေးလို့မရဘူးလား..နင့်ကိုပြောပြမိခဲ့တာတွေအတွက် ငါ့ကိုနောင်တရချင်လာအောင် မလုပ်ပါနဲ့..နင် ဒီအတိုင်းလေး နေ့တိုင်း ကောင်းကောင်းအလုပ်သွား..ကောင်းကောင်းအလုပ်ဆင်း..ပြီးရင် ဘေးကင်းကင်းနဲ့အိမ်ပြန်လာပြီး ငါနဲ့တွေ့နေရင်....."
ဝိန်းရိဖန်အတွက်တော့ အမှန်တကယ်ကို ထိုကိစ္စအဝဝအား လျစ်လျူရှူထားခဲ့ပြီးပြီဖြစ်သည်။
သူမက ချယ်ရှင့်ဒယ်ကို မုန်းလျှင်တောင်..
မုန်းလွန်း၍ ထိုလူအား တစ်သက်လုံးထောင်ထဲထည့်ပစ်ချင်လျှင်တောင်..
ထိုအရာအားလုံးသည် သူမအတွက်တော့ စန်းရန်နှင့် ယှဥ်လျှင် တစ်စက်လေးမျှအရေးမကြီးပါတော့ပေ။
"ကိုယ် ဘယ်နားလေးမှာ ဘေးမကင်းဖြစ်နေလို့လဲ?"
စက္ကန့်ပိုင်းကြာပြီးနောက်တွင် စန်းရန်က ရုတ်တရက်ပြုံးနေလေပြီး ဖြေးဖြေးမှန်မှန်ဖြင့်
"အခုတော့ ကိုယ့်ရှေ့မှာတင် ငိုနေပြီပေါ့..အရင်တုန်းကလို ရှောင်ပြီး မငိုတော့ဘူးလား"
ဝိန်းရိဖန်က တုတ်တုတ်မျှမလှုပ်လာဘဲ မူလအနေအထားအတိုင်း ငြိမ်နေလေ၏။
"ဝိန်းရွှမ်းကျန့်..ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ"
စန်းရန်က သူမ၏လက်ချောင်းများအား အသာအယာဖြစ်ညှစ်လိုက်၍
"ချယ်ရှင့်ဒယ်ကို ဖမ်းမိလိုက်ပြီလေ..မင်းရဲ့ဒေါ်လေးလည်း သူ့လုပ်ရပ်အတွက်ပြန်ပေးဆပ်ရတော့မှာ..ဟိုမိန်းကလေးလည်း စိတ်အေးလက်အေးထွက်သွားနိုင်တော့မှာ"
"...."
"ပြီးတော့..ဒီတစ်ကြိမ်မှာ ကိုယ် မင်းကို ကာကွယ်ပေးနိုင်ခဲ့တယ်လေ"
ဤစကားကိုကြားလိုက်သည့်အခါ ဝိန်းရိဖန်က ချက်ချင်း ခေါင်းမော့ကြည့်လာခဲ့၏။
နှစ်ယောက်သား၏ မျက်ဝန်းနှစ်စုံမှာ အချင်းချင်းဆုံဆည်းနေကြလျက်။
"တကယ်တော့ ကိုယ် အရမ်းကို စိတ်ထဲထည့်ထားခဲ့တာ..စိတ်ထဲထည့်ထားတာမှ တစ်ဖက်ကမ်းတောင် လွန်ရင်လွန်နေလိမ့်မယ်..အဲ့ဒီအချိန်တုန်းက မင်းကို မနှောင့်ယှက်တော့ပါဘူးလို့ ပြောခဲ့ပြီး တကယ်လည်း မနှောင့်ယှက်တော့တဲ့ကိစ္စကို.."
စန်းရန်၏လည်စလုတ်က အသာအယာရွေ့သွားခဲ့ပြီး
"ကိုယ် ပြန်တွေးကြည့်မိတယ်..ကိုယ့်လို ယောက်ျားရင့်မာကြီးတစ်ယောက်က ဒီလောက်ထိမျက်နှာရချင်နေပြီး ၊ သိက္ခာတွေထိန်းနေပြီး ဘာလုပ်မှာလဲလို့"
ဝိန်းရိဖန်၏နှုတ်ခမ်းပါးတို့မှာ လှုပ်ခတ်လာခဲ့၏။ သူမ စကားမဆိုလိုက်ရသေးခင် စန်းရန်က ခပ်ရေးရေးလေးပြုံးလာပြီး ဆက်၍
"ဒီလို ဘာမှမဟုတ်တဲ့ကိစ္စလေးကြောင့်နဲ့..မင်းနဲ့ ဒီလောက်နှစ်တွေအကြာကြီး ကတောက်ကဆဖြစ်ပြီး ဝေးနေခဲ့တာကရော ဘာလုပ်ဖို့လဲ"
အသက်ငယ်ရွယ်ပြီး စိတ်အားထက်သန်မှု စိတ်လိုက်မာန်ပါခြင်းတို့ အပြည့်ရှိနေခဲ့သည့်အချိန်တွင်...
တစ်စုံတစ်ယောက်ကို ချစ်မိသွားသည့်အခါ သူမအတွက်ဖြင့် နှလုံးသားတစ်ခုလုံး စိတ်အာရုံအလုံးစုံတို့ကို ပေးအပ်နိုင်သလို ၊ သူမအတွက်ဖြင့် အကြိမ်ကြိမ်လည်း ခေါင်းငုံ့ပေးနိုင်ခဲ့ပါသည်။ သို့သော်ငြား သူမ၏စကားလုံးတို့ကြောင့် အလွယ်တကူရှုံးနိမ့်သွားရသည့်အခါတွင်တော့ ထိုအချိန်မှစ၍ သူမ၏ကမ္ဘာထဲသို့ ခြေလှမ်းစာမှဝင်ရောက်ပါတော့မည်မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ချိုးဖျက်လိုက်မည်အထိ ပြတ်သားမိခဲ့သည်။
မေ့မရနိုင်မှန်း သိနေပါရက်နှင့်..
မျှော်လင့်ချက်တို့ မရှိပါသည့်တိုင် ကိုယ်ကိုယ်တိုင်က စောင့်နေချင်သေးမှန်း သိနေပါရက်နှင့်..
မာနဆိုသည့်အရာ နှင့် အသက်တစ်ရှိုက်စာရှူခွင့်လေးအတွက်ကြောင့်ဖြင့် ဘယ်သောအခါမှ 'လက်ဦးမှုယူပြီးစတင်'မည့်ဘက်တွင် မနေခဲ့ပါတော့ချေ။
နှေးကွေးပြီးရှည်ကြာလွန်းခဲ့သည့် နှစ်နှစ်တာ ကာလကြီးထဲတွင်..
သူကိုယ်တိုင်သည် နှိမ့်ချပြီးတောင်းပန်တိုးလျှိုးရသည့်ဘက်တွင် ရှိနေခဲ့မှန်း သူသာ အသိဆုံးဖြစ်ပါလိမ့်မည်။
သူမ၏ခံစားချက်များ ပုံမှန်မဟုတ်သည်ကိုလည်း သူ ဘယ်တော့မှ သတိထားကြည့်ခွင့်မရခဲ့သလို..
သူမ သိုဝှက်ဖုံးကွယ်ထားသည့် နာကျင်မှုများနှင့်မျှော်လင့်ချက်မဲ့ခြင်းများကိုလည်း သူ ဘယ်တော့မှ မဖမ်းဆုတ်ပေးခွင့်မရခဲ့ပါပေ။
ဘယ်သောအခါကမှလည်း သူမအား ကယ်ထုတ်ပေးခွင့်မရှိခဲ့၏။
ဝိန်းရိဖန်က ဆို၏။
"အစကတည်းက ငါ့ပြဿနာတွေပါ"
"မင်းနဲ့ ဘယ်နေရာများ သက်ဆိုင်နေလို့လဲ"
စန်းရန်က လက်ကိုမြှောက်လာပြီး ဝိန်းရိဖန်၏မျက်လုံးထောင့်များကို ဖွဖွလေးပွတ်သပ်ပေး၍
"ချယ်ရှင့်ဒယ်ဆန်ကုန်မြေကောင်ရဲ့ ပြဿနာတွေ"
"...."
"မင်း ကိုယ့်အတွက် နည်းနည်းလေးဖြစ်ဖြစ် ပျော်ပေးလို့မရဘူးလား"
စန်းရန်က ပြုံးလာခဲ့ရင်း
"ကိုယ် အဲ့ဒီဆန်ကုန်မြေကောင်ကို ဖမ်းနိုင်ခဲ့တယ်လေ"
ကိုယ့်ကိုယ်တိုင် မင်းရဲ့အမှောင်ရိပ်တွေကို ဖမ်းဆုတ်ပေးခဲ့ပြီးပြီ..
ဒီအချိန်ကစပြီး..
မင်းရဲ့ကမ္ဘာထဲမှာ အလင်းရောင်တွေပဲရှိနေတော့မှာ..
ပြောစကားကို နားဝင်သွားပုံရသည့်သူက တစ်ခဏကြာကြာငြိမ်နေခဲ့ပြီးနောက်တွင် အကြည့်များကို ပြန်ရုတ်သိမ်းသွားခဲ့၏။ ဝိန်းရိဖန်သည် သူမ၏လက်တစ်စုံအား ငေးကြည့်နေရင်း ခေါင်းငုံ့သွားခဲ့ရင်း အတားအဆီးမဲ့နေသည့်အတိုင်း မျက်ရည်က ဆက်ပြီးကျနေလေသည်။
စန်းရန်က ဝိန်းရိဖန် ငိုနေသည်အား အနားသို့ကပ်ကြည့်လာပြီး မျက်မှောင်ကျုံ့လိုက်၍
"မဟုတ်သေးပါဘူး..ဒဏ်ရာချုပ်ထားရလို့ နာနေတဲ့သူက ကိုယ်လေ..မင်းက ဘာလို့ငိုနေတာလဲ"
သူ့စကားကိုကြားသည့်အခါ ဝိန်းရိဖန်က သူ့လက်ပေါ်မှ ဒဏ်ရာကိုလှမ်းကြည့်လာပြီး ပို၍သည်းကြီးမည်းကြီးငိုပါလေတော့၏။
"...."
စန်းရန်သည် အစကတည်းက ချော့မော့တတ်သည့်သူမျိုးမဟုတ်သည့်အပြင် သူပြောလိုက်ကာမှ ပို,ငိုသွားအောင် လုပ်မိသလိုဖြစ်နေခြင်းကြောင့် ခေါင်းကိုက်လာလေပြီး သူမ၏မျက်ရည်ကို လှမ်းသုတ်ပေးလိုက်၍
"အင်းပါ အင်းပါ ဟုတ်ပါပြီကွာ..မနာတော့ဘူး ကိုယ်မနာတော့ဘူး"
ဝိန်းရိဖန်က တော်တော်ကြာအောင် ရှိုက်ငိုနေပြီးမှ ငြိမ်သွားခဲ့၏။
စန်းရန်ကလည်း သူမကိုသာ စိုက်ကြည့်နေပြီး ချော့နေသည့်အမူအရာမျိုးဖြင့် ညင်ညင်သာသာလေး စကားဆိုလာခဲ့သည်။
"မငိုနဲ့တော့နော်"
အရေးပေါ်ကုသဆောင်ထဲ၌ လူသူကင်းရှင်းပြီး တိတ်ဆိတ်နေ၏။
ဝိန်းရိဖန်ကလည်း မျက်ရည်များကိုလက်ဖမိုးဖြင့် ပွတ်သုတ်ပြီး ဒီအတိုင်းငြိမ်သက်နေသည်။ ဤအချင်းအရာကို မြင်နေရသည့်စန်းရန်မှာ တစ်စုံတစ်ရာအား ရုတ်တရက်အမှတ်ရလိုက်၏။
"ဝိန်းရွှမ်းကျန့်..မင်း တစ်ခုခုဖြစ်နေသလားလို့"
ဝိန်းရိဖန်က ခပ်တိုးတိုးလေးတုံ့ပြန်လာ၏။
"အမ်?"
"သတင်းရေးဖို့အတွက် ကိုယ့်ကို အင်တာဗျူးမလုပ်တော့ဘူးလား..ပြောတော့ ဒီသတင်းကို လိုက်နေတာဆို"
ဝိန်းရိဖန် သူ့အား စိုက်ကြည့်လိုက်၏။
Advertisement
"စိတ်မှမပါတာကို"
စန်းရန်က လက်တစ်ဖက်အား သူမ ထိုင်နေသည့်ခုံ၏ နောက်မှီတန်းပေါ်သို့ တင်လိုက်ကာ လက်ချောင်းထိပ်များဖြင့် တစ်ချက်ချင်းခေါက်ရင်း စာရင်းဟောင်းရှင်းရန် စတင်ပြင်ဆင်တော့သည်။
"ဘာလို့ စိတ်မပါတော့တာလဲ..ကိုယ့်အိမ် မီးလောင်တုန်းကတောင် မင်း ပျော်ပျော်ကြီး အင်တာဗျူးပြီးသတင်းရေးခဲ့တာ မဟုတ်ဘူးလား"
"...."
ဝိန်းရိဖန်က သူ့ဒဏ်ရာအား ထပ်၍လှမ်းကြည့်လိုက်၏။
"အခြေအနေချင်းမှ မတူတာ"
စန်းရန်က တစ်ကိုယ်တည်းရယ်နေလိုက်၍
"ဟုတ်ပါပြီကွာ..အိမ်ပြန်ကြစို့"
နှစ်ယောက်သားက အရေးပေါ်ခန်းထဲမှထွက်လာခဲ့ကြသည်။ စန်းရန်က အရှေ့မှဦးဆောင်၍လျှောက်သွားကာ အနောက်မှလိုက်လာသည့်ဝိန်းရိဖန်က စန်းရန်၏ဒဏ်ရာကို စဥ်းစားမိနေရင်း မနေနိုင်အောင် စကားဆိုလိုက်သည်။
"စန်းရန်"
"အမ်"
"နင် ဘာဖြစ်လို့ ဒီလောက်ထိကံဆိုးရတာလဲဟင်"
ဝိန်းရိဖန် သက်ပြင်းချလိုက်၍
"ဒီဘဝမှာ ငါနဲ့ လာဆုံရတဲ့အထိလေ"
စန်းရန်က ခေါင်းလှည့်ကြည့်လာခဲ့၏။
"ဘယ်လိုကံဆိုးနေလို့လဲ?"
"တစ်ချိန်လုံး မကောင်းတဲ့ကိစ္စမျိုးတွေပဲ တွေ့နေရလို့.."
ဝိန်းရိဖန်က စကားဆိုနေရင်း ထပ်၍လည်း တွေးကြည့်မိလိုက်၏။
"နင် အရင်ဘဝတုန်းက ငါ့အပေါ်မှာ အပြစ်ဖွဲ့စရာကိစ္စမျိုးတွေ လုပ်ခဲ့လို့ထင်တယ်..ဥပမာ.."
"ဥပမာ..ဘယ်လိုမျိုးလဲ"
"ဥပမာ..အရင်ဘဝတုန်းက ငါက အသက် ၇၀/၈၀ လောက်ထိ အပျိုကြီးဖြစ်ခဲ့ပြီး အဲ့ချိန်ကျမှ ငါ့ကိုယူမယ့် အဘိုးကြီးတစ်ယောက်ပေါ်လာတာကို ၊ နောက်ဆုံးကျတော့ မင်္ဂလာဦးညမှာ အဲ့အဘိုးကြီးက နင်နဲ့ခိုးရာလိုက်ပြေးသွားတာမျိုးလေ..အဲ့ဒါကြောင့်မလို့ အခုဘဝမှာ ငါက နင့်ဆီ အရောက်လာပြီး စိတ်ဆင်းရဲ၊မပျော်ရအောင် လာလုပ်တာနေမှာ"
စန်းရန် သုံးလေးစက္ကန့်ကြောင်အမ်းနေပြီးနောက်၌ မနေနိုင်အောင်ရယ်မိလေတော့၏။
"မင်းက ဥပမာပေးနေတာလား..ကိုယ့်ကို သွယ်ဝိုက်ပြီးအရိပ်အခြေပြနေတာလား"
ဝိန်းရိဖန်က ဖြည်းဖြည်းချင်းခေါင်းမော့လာ၏။
"အာ?"
စန်းရန်က ထိုစကားအား ဥပမာအဖြစ်သာ မှတ်ယူလိုက်၍
"ဟုတ်ပါပြီ..ဒါဆို ကိုယ့်ဘက်က အကြွေးပြန်ပေးရမှာပေါ့..မင်း ဒီဘဝမှာ ကိုယ့်ကို ကောင်းကောင်းဆက်ဆံပေးနော်"
"ဘာအကြွေးလဲ"
"မင်းအပေါ်ကို ပြန်ပေးစရာ ယောက်ျားတစ်ယောက် အကြွေးတင်နေတာမဟုတ်ဘူးလား"
"...."
"ဒီဘဝမှာ မင်းအတွက် ကိုယ်ဆိုတဲ့ ဒီလူကို ပြန်ပေးမယ်လေ.."
စန်းရန်က မျက်လုံးပင့်ကြည့်လာပြီး သူမ၏လက်ဖဝါးကိုလည်း သူ့လက်ချောင်းဖြင့်ထိတွေ့၍ ပွတ်သပ်လာသည်မှာ ကလိထိုးစနောက်နေသည့်အတိုင်းပင်။
"မရဘူးလား"
သူ့စကားသံမှာ ခွင့်ပြုချက်တောင်းမေးမြန်းနေခြင်းထက် အသိပေးခြင်းနှင့်ပင် ပို၍တူနေခဲ့သည်။
ဝိန်းရိဖန်သည် ခေါင်းသဲ့သဲ့လေးစောင်းလိုက်ပြီး သူ၏ မာနကြီးပြီးမထီမဲ့မြင်ပြုတတ်သောအသွင်အပြင်အား အသေအချာစိုက်ကြည့်နေမိကာ အခုလေးတင်ရှိနေခဲ့သည့် စိတ်သောကများဟာ လွင့်စင်ပျောက်ပျယ်သွားခဲ့သည်။ သူ၏လက်ချောင်းများကိုလည်း ခပ်တင်းတင်းဆုတ်ကိုင်ပစ်လိုက်ပြီး နှုတ်ခမ်းပါးကိုကွေး၍ ပြုံးပြလိုက်၏။
"ရတာတော့ရပါတယ်"
စန်းရန်ကလည်း လှမ်းကြည့်နေဆဲ
"အင်း"
"ဒါပေမယ့် နင် ငါ့ကို အကြွေးတင်နေတာက အဘိုးကြီးတစ်ယောက်လေ"
"...."
စက္ကန့်ပိုင်းကြာကြာတိတ်နေပြီးနောက်။
စန်းရန်က အကြည့်များကိုပြန်သိမ်းသွားခဲ့ကာ အေးအေးလူလူဖြင့်စကားဆိုလိုက်သည်။
"ဒါဆိုလည်း အကြွေးကို အရင်ဆုံးမှတ်ထားပေး"
"အမ်"
ဆေးရုံကော်ရစ်တာတစ်လျှောက်လုံးမှာ တိတ်ဆိတ်ငြိမ်းချမ်းပြီး မီးများလည်း လင်းလင်းထိန်နေ၏။
ယောက်ျားလေး၏လက်မောင်းနေရာတွင် ပတ်တီးစည်းထားသည့်ဒဏ်ရာတစ်ခုရှိနေပြီး အနက်ရောင်ရှပ်အင်္ကျီမှာ အနည်းငယ်ဖုန်ပေပြီးညစ်ထေးနေပါသည့်တိုင် အရှက်ရစရာကောင်းသည့်ပုံစံမျိုး လုံးဝမပေါက်ပါပေ။ အရပ်မြင့်ပြီး ခန္ဓာကိုယ်ထက်၌လည်း ကြွက်သားများက အပိုအလိုမရှိကျစ်လစ်နေကာ စူးရှသည့် မျက်ခုံးနှင့်မျက်လုံးတစ်စုံက သူမ၏ အရှေ့ရောက်လာတိုင်း မသိမသာလေး နူးညံ့နွေးထွေးသွားရသလိုလို။
"နောက်ထပ်နှစ်ငါးဆယ်ကြာပြီးရင် ကိုယ် မင်းကို ပြန်ပေးမယ်"
-----------
(Zawgyi)
လႈပ္လႈပ္ရွားရွားအေျခအေနအား လမ္းသြားလမ္းလာမ်ားက တစ္ဦးစ ႏွစ္ဦးစႏွင့္ လွမ္းၾကည့္လာၾကကာ ကင္းလွည့္ေနသည့္ရဲအဖြဲ႕မွာလည္း လက္ရွိအခ်ိန္၌ အခ်ိန္ကိုက္ေရာက္လာခဲ့သည္။ အေျခအေနကို အက်ိဳးအေၾကာင္းရွင္းျပၿပီးသည့္အခါ ရဲအဖြဲ႕က ခ်ယ္ရွင့္ဒယ္အား လက္ထိပ္ခတ္ၿပီးကားထဲ ဆြဲထည့္ထားလိုက္သည္။
ရဲအရာရွိမ်ားမွာ စန္းရန္အား ေဆး႐ုံသို႔လိုက္ပို႔ေပးမည္ဟုဆိုလာၿပီး ႏႈတ္ျဖင့္လည္း မွတ္တမ္းယူေနၾကသည္။
စန္းရန္က ပူးေပါင္းေပးမည္ျဖစ္ေၾကာင္း စကားဆိုလိုက္ေသာ္ျငား အရင္ဆုံး ထိုလူတစ္စုကို ေစာင့္ခိုင္းထားေသး၏။ ကားရပ္ထားသည့္ေနရာဆီသို႔ ျပန္လာၿပီး ကားေသာ့ႏွင့္လက္ကိုင္ဖုန္းကိုယူမည္အျပဳတြင္ လွည့္ပတ္ၿပီးရွာေသာ္ျငား လက္ကိုင္ဖုန္းကိုမေတြ႕။ အေရးတႀကီးလုပ္မေနေတာ့ဘဲ တစ္ဖက္သို႔ျပန္လွည့္လာကာ ရဲကားႏွင့္အတူ လိုက္လာခဲ့လိုက္သည္။
လမ္းတစ္ေလွ်ာက္တြင္ ရဲအရာရွိမ်ားက ဒဏ္ရာကို ေသြးတိတ္ေအာင္ ကူညီေပးရင္း ျဖစ္ေၾကာင္းကုန္စင္ကိုလည္း ေမးျမန္းလာခဲ့သည္။
စန္းရန္၏ဒဏ္ရာမွာ ေသြးတစိမ့္စိမ့္ထြက္ေနဆဲျဖစ္ၿပီး ဒဏ္ရာကိုလက္ျဖင့္အုပ္၍ ေမးသမွ်ကိုလည္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ျပန္ေျဖေပးခဲ့၏။
အခ်ိန္အေတာ္ၾကာသြားၿပီး ၿမိဳ႕ေဆး႐ုံနားသို႔ ေရာက္လာသည့္အခ်ိန္တြင္ ရဲအရာရွိကထပ္၍ေမးျမန္းလာခဲ့၏။
"လူႀကီးမင္းနဲ႕ ဝရမ္းေျပးတရားခံနဲ႕က...."
တစ္ဖက္လူ၏စကားမဆုံးေသးခင္ စန္းရန္က စကားျဖတ္ေျပာလာခဲ့သည္။
"အခု ဘယ္ႏွနာရီရွိၿပီလဲ"
ရဲအရာရွိ ;
"၈နာရီနဲ႕ မိနစ္ ၄၀ ပတ္ဝန္းက်င္ရွိၿပီ..ဘာျဖစ္လို႔လဲ"
စန္းရန္ ;
"စိတ္မရွိပါနဲ႕..ကြၽန္ေတာ့္ကို ဖုန္းခဏေလာက္ငွားေပးလို႔ရမလား"
ဤအခ်ိန္သည္ကား 'ရွန့္အန္း'ရပ္ကြက္ထဲမွလမ္းမ်ား စည္ကားၿပီးပိတ္ေနသည့္အခ်ိန္။
အခ်ိန္ႏွင့္အမွ် ဝိန္းရိဖန္၏စိတ္အေျခအေနက စိုးရိမ္သထက္ စိုးရိမ္လာရကာ မ်က္ရည္မ်ားကို လက္ခုံျဖင့္သုတ္ၿပီး အသံသြင္းေဖာင္တိန္ႏွင့္စန္းရန္၏လက္ကိုင္ဖုန္းကို အိတ္ထဲထည့္လိုက္ရင္း ခပ္က်ယ္က်ယ္လွမ္းေမးလိုက္၏။
"ဦးေလး..ကားလမ္းက ဘယ္ေလာက္ၾကာၾကာပိတ္ေနနိုင္ေသးလဲ"
"ဒီတစ္လမ္းေက်ာ္ၿပီးရင္ အဆင္ေျပၿပီ"
ဝိန္းရိဖန္က ေနာက္ထပ္ေမးျမန္းမည္အျပဳတြင္ သူမ၏လက္ကိုင္ဖုန္း ႐ုတ္တရက္ျမည္လာခဲ့၏။ ေခါင္းငုံ႕ၿပီး အိတ္ကပ္ထဲမွ ဖုန္းကိုထုတ္ယူၾကည့္လိုက္သည္။
ေခၚဆိုလာသည္မွာ နန္းဝူၿမိဳ႕ထဲမွ ဖုန္းနံပါတ္စိမ္းတစ္ခု။
ဝိန္းရိဖန္ အသက္ေအာင့္ထားမိရင္း စိတ္ထဲ၌လည္း ခန့္မွန္းခ်က္တစ္ခုေပၚလာကာ ခ်က္ခ်င္းေျဖဆိုလိုက္သည္။
သူမ ထင္ထားသည့္အတိုင္း။
စန္းရန္၏အသံက အျခားတစ္ဖက္မွေပၚလာခဲ့၏။
"ဝိန္း႐ႊမ္းက်န့္"
သူ႕အသံကိုၾကားလိုက္ရသည္ႏွင့္တၿပိဳင္နက္ ဝိန္းရိဖန္၏ တင္းမာလြန္းေနခဲ့သည့္ခံစားခ်က္မ်ားမွာ ေနာက္ဆုံး၌ သက္သာရာရသြားခဲ့ေတာ့၏။ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားၿပီး ငိုသံသဲ့သဲ့ျဖင့္ အေျခအေနကိုသာ တိုက္ရိုက္ေမးျမန္းလိုက္၏။
"နင္ အဆင္ေျပရဲ႕လား..ဘယ္နားမွာ ဒဏ္ရာရသြားတာလဲ"
အေျခအေနမွာ အတိအက်နီးပါးသိေနၿပီျဖစ္သည့္အတြက္ စန္းရန္လည္း ဖုံးဖိထားမည့္အေၾကာင္းျပခ်က္မ်ိဳးရွာမေနေတာ့ေပ။
"ဘာမွမျဖစ္ဘူး..လက္မွာ အေရျပားပြန္းသြား႐ုံပဲ"
ဝိန္းရိဖန္က စန္းရန္၏စကားကိုမယုံသျဖင့္ ထပ္၍
"ငါ ေသြးေတြအမ်ားႀကီးေတြ႕ခဲ့တယ္"
"အဲ့ဒါက ခ်ယ္ရွင့္ဒယ္ဆီကဟာေတြ..ကိုယ္က ဘာလို႔ေသြးထြက္ရမွာလဲ"
စန္းရန္မွာ ပ်င္းတိပ်င္း႐ြဲျဖင့္
"ဟုတ္ပါၿပီ..တကယ္ကို ဘာမွမျဖစ္တာပါ..ဝိန္း႐ႊမ္းက်န့္..ဒီေန႕ေတာ့ ကိုယ့္ဘာသာကိုယ္အိမ္ျပန္လိုက္ေနာ္..ကိုယ္ ဒီမွာ မွတ္တမ္းယူဖို႔အတြက္ေျဖေပးစရာေတြရွိေသးတယ္ ျမန္ျမန္ေတာ့ျပန္လာနိုင္မွာမဟုတ္ဘူး"
ဝိန္းရိဖန္ ;
"ငါ နင့္ဆီ လာခဲ့မယ္"
ဤစကားကိုၾကားသည့္အခါ စန္းရန္က သုံးေလးစကၠန့္ၾကာၾကာတိတ္သြားၿပီးေနာက္ ဖုံးကြယ္၍မရေတာ့မွန္း သိသြား၍အလား သက္ျပင္းခ်လိဳက္၏။
"အင္းပါ..ဒါဆို ကားငွားၿပီး ၿမိဳ႕ေဆး႐ုံရဲ႕ အေရးေပၚကုသေဆာင္ကို လာခဲ့"
ဝိန္းရိဖန္ အေရးေပၚကုသေဆာင္သို႔ေရာက္သည့္အခ်ိန္တြင္ စန္းရန္ခႏၶာကိုယ္ေပၚရွိဒဏ္ရာမွာ ခ်ဳပ္ၿပီးသြားၿပီျဖစ္သည္။ လက္ရွိအခ်ိန္တြင္ ေဆး႐ုံထဲ၌ လူမမ်ားပါေပ ၊ သူ႕ေဘးနားတြင္ ရဲအရာရွိႏွစ္ဦးရပ္ေနၿပီး ေမးျမန္းေနပုံလည္းရသည္။
ဝိန္းရိဖန္သည္ စန္းရန္အနားသို႔ အျမန္ေလွ်ာက္သြားလိုက္ၿပီး သူ႕လက္ေပၚမွဒဏ္ရာအား လွမ္းၾကည့္လိုက္၏။
စန္းရန္က ေခါင္းလွည့္ၾကည့္လာၿပီး
"ေရာက္လာတာ ျမန္သားပဲ"
ဝိန္းရိဖန္၏မ်က္ႏွာထက္တြင္ မည္သည့္အမူအရာမ်ိဳးမွရွိမေန ၊ သူမဘက္က ရဲအရာရွိႏွစ္ဦးအား ဦးစြာႏႈတ္ဆက္လိုက္၏။ ေနာက္တြင္ေတာ့ ရဲအရာရွိမ်ားဘက္က စကားဆိုလာခဲ့၏။
"ဒါဆိုရင္ေတာ့ ဒီေလာက္ပါပဲ..တကယ္လို႔ တစ္ခုခုေမးျမန္းစရာမ်ားရွိလာခဲ့ရင္ ကြၽန္ေတာ္တို႔ဘက္က လူႀကီးမင္းဆီ ထပ္ဆက္သြယ္လိုက္ပါမယ္"
စန္းရန္က သူတို႔ဘက္သို႔ လွမ္းၾကည့္ရင္း ေခါင္းၿငိမ့္ျပလိုက္၏။
"ပင္ပန္းသြားရပါၿပီ"
ရဲအရာရွိႏွစ္ဦး ထြက္သြားၿပီးေနာက္တြင္။
ဝိန္းရိဖန္က စန္းရန္အား ေနာက္တစ္ႀကိမ္ စိုက္ၾကည့္လာေတာ့၏။ သူ႕မ်က္ႏွာမွာ ပုံမွန္ထက္ ျဖဴေဖ်ာ့ေန၏ ၊ နဂိုကတည္းက ျဖဴေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းပါးမွာ လက္ရွိအခ်ိန္၌ ေသြးလုံးဝမရွိသည့္အလား ၊ လူတစ္ကိုယ္လုံးကလည္း ေရာဂါရွိသည့္လူမမာလိုလို။ သူမ မ်က္လႊာကိုေအာက္စိုက္ၾကည့္ရင္း ေျဖးေျဖးခ်င္းစကားဆိုလာ၏။
"အေရျပား ပြန္းသြား႐ုံေလး"
"...."
"ေနာက္ေတာ့ ေျခာက္ခ်က္ ခ်ဳပ္လိုက္ရတယ္"
စန္းရန္က မ်က္လုံးပင့္၍လွမ္းၾကည့္လာၿပီး ျပန္ခံေျပာမည့္စကားတစ္ခြန္းမွမထြက္လာေတာ့ဘဲ သူမ အရင္က ေျပာခဲ့ဖူးသည့္အတိုင္း စိတ္ဆိုးၿပီး ဆူလာေတာ့မည့္စကားမ်ားကိုသာ ၿငိမ္ၿပီးေစာင့္ေနေလေတာ့သည္။ စန္းရန္က ထိုင္ခုံအေနာက္သို႔ မွီခ်လိဳက္ၿပီး လက္တစ္ဖက္ရွိ ထုံေဆးအရွိန္မွာ မပ်ယ္ေသးသျဖင့္ အျခားလက္တစ္ဖက္ျဖင့္သာ သူမ၏လက္ကို လွမ္းကိုင္လိုက္၏။
တစ္ခဏတာ တိတ္ဆိတ္ေနၿပီးေနာက္။
သူမ၏ ေဒါသမ်ားမေရာက္လာခင္ စန္းရန္ျမင္လိုက္ရသည္မွာ ဝိန္းရိဖန္၏မ်က္ဝန္းမ်ား နီရဲတက္လာၿပီးငိုေနျခင္းပင္။
"...."
စန္းရန္ ေၾကာင္အမ္းသြားရ၍
"မဟုတ္ဘူးေလ..ကိုယ့္ကို ဆူမယ့္အစား ဘာလို႔ ငိုေနရတာလဲ"
ဝိန္းရိဖန္က သူ႕ေဘး၌ဝင္ထိုင္လိုက္ၿပီး တုန္ယင္ခ်င္ေနသည့္အသံကိုထိန္းကာ မ်က္ရည္ကိုသုတ္ရင္း စကားဆိုလိုက္၏။
"နင္ သူ႕ကို ဘာလုပ္ဖို႔သြားဖမ္းေနတာလဲ"
စန္းရန္က ရယ္မိသြားခဲ့၏။
Advertisement
- In Serial574 Chapters
The Law of Webnovels
Ham Dani, a normal student whose hobbies were to read novels.
8 409 - In Serial11 Chapters
Oneshots 21+ (Jungkook x Reader/ Taehyung x Reader)
There will be various smutty oneshots in this book. {Jungkook x reader / Taehyung x reader}💦🔞 Just give a try you won't regret 🔞💦21+ // smut // mature content Enjoy. Happy reading.
8 234 - In Serial32 Chapters
Levi's Titan (Attack On Titan Fanfic)
What happens when the scouts run into a titan that has extra odd behaviour? And what happens when this very same odd titan starts listening to the orders of their corporal? Who is this titan? Why is she obedient to Levi of all people?
8 265 - In Serial55 Chapters
Tropical Depression
Sunday, October 29, 2022. A Typhoon hit my Country killing 45 people via floods, and so, I wrote poetry on my phone until it died- in the safe space of my condominium on top of the mountain city.Themes: Calamity, Theology, Memory and Apathy. (Published: October 30, 2022)Winner: Azure Awards 2022 (Poetry)
8 232 - In Serial16 Chapters
Shiva Ki Raavi
Shiva now manaaofying raavi
8 231 - In Serial75 Chapters
His Personal Chef
(On hold till December.)"The worst thing about love is; no matter how much tears they bring to your eyes. Your starved heart will always crave for their love." - Winnie Rose Smith. "I'm not made for love. I don't deserve you. I know I'm going to screw this up. I'm going to push you away or do something to hurt you. I'll fuck us up, you'll be just another person I hurt. Just walk away now." - Damien White Knight. Damien White Knight, he is the world's richest super malemodel. Not only that but his business is on the top too. In a snap of finger, he gets everything he want. But what happens when he can no longer gets the love he crave for from his ex Admirer none other then Winnie Rose Smith? Facing rejection from her crush. Winnie decides to leave America for good, leaving all good and bad people behind. But after 4 years she is back, only to find out that her father is dieing and she is stuck being a Personal Chef to Damien.#3 in player - 16|04|2020#1 in hotboss - 16|04|2020Book published (started) : 29|12|19
8 122

