《First Frost (Myanmar Translation)》Chapter 75
Advertisement
အနောက်ဘက်ခုံတွင်ထိုင်နေသည့် ဖုကျွမ့်က အရှေ့ဘက်သို့ခေါင်းပြူထွက်လာပြီး အံ့သြတကြီးဖြင့်
"အဲ့လောက်တောင် တိုက်ဆိုင်ရလား..အရင်ကတည်းက အဲ့လူက လူကောင်းတော့မဖြစ်နိုင်ဘူးလို့ခံစားမိခဲ့တာ..လူပါသတ်ထားတာလား..ကျွန်တော်တောင် သူ့ကို လက်နဲ့ထိထားမိခဲ့သေးတယ်..ကျွန်တော် တကယ်ကြီး ဦးရေပြားတစ်ခုလုံး ရှိန်းခနဲဖြစ်နေပြီ"
ဝိန်းရိဖန်အတွက်လည်း ဤသတင်းက အံ့သြတုန်လှုပ်သွားရသည့်သတင်းတစ်ခု။ သို့သော် အသေအချာပြန်တွေးကြည့်လိုက်သည့်အခါ ချယ်ရှင့်ဒယ်၏စရိုက်အရ ဤလုပ်ရပ်မျိုးမှာ ထိုလူ လုပ်ရက်နိုင်သည့်ကိစ္စမျိုးပင်ဖြစ်သည်။
"အသေးစိတ်အခြေအနေကတော့ အခုထိရှင်းရှင်းလင်းလင်းမဖြစ်သေးဘူး..အခုလက်ရှိမှာ တရားခံကိုလည်း ဖမ်းမမိသေးဘူး..ကြည့်ရတာ သတင်းရပြီး ထွက်ပြေးနှင့်ပြီထင်တယ်..ဒါပေမယ့် သူ့ဘေးနားကလူတွေကတော့ မေးမြန်းစစ်ဆေးဖို့အတွက် ထိန်းသိမ်းခံထားရပြီ..အလောင်းရှိတဲ့နေရာကို ချယ်ရှင့်ဒယ်ရဲ့အစ်မက ဝန်ခံတာ"
ဝိန်းရိဖန်က တစ်ချက်တွေးတောကြည့်လိုက်၏။
"ဘယ်သူက ရဲတိုင်တာလဲ..ဘယ်လို သက်သေမှတ်တမ်းမျိုးလဲ"
ချန်ဝေ့ဟွာရှင်းပြသည့် အခြေအနေကို အစအဆုံးနားထောင်ပြီးသည့်အခါ ဝိန်းရိဖန်စိတ်ထဲ ဖြေးဖြေးချင်းသဘောပေါက်လာခဲ့သည်။
ရဲစခန်းသို့ သွားရောက်တိုင်တန်းသည့်အမျိုးသမီးမှာ 'ကျိန့်လင်' ၊ ချယ်ယန့်ချင်၏ချွေးမ ၊ ဝိန်းမင်၏ဇနီး ဖြစ်သည်။ လွန်ခဲ့သောရက်သတ္တပတ်ခန့်၏ ညတစ်ညတွင် ကျိန့်လင်အား အရက်မူးနေသည့် ချယ်ရှင့်ဒယ်က ကိုယ်ထိလက်ရောက်ထိပါးမှုမျိုးပြုခဲ့ပြီး မိသားစုအတွင်း ပြဿနာအကြီးအကျယ်တက်ခဲ့ကြ၏။ ဘေးပတ်ဝန်းကျင်အိမ်နီးချင်းများလည်း မသိသူမရှိအောင် အုတ်အော်သောင်းနင်းဖြစ်ခဲ့သည့်အခြေအနေ။
ချယ်ယန့်ချင်၏ငိုကြွေးပြီးတောင်းပန်နေမှုကြောင့်သာ ကျိန့်လင်သည် ကိစ္စအား ရဲစခန်းသို့တိုင်ကြားတော့မည့်အရေးကို အခေါက်ခေါက်အခါခါစဥ်းစားပြီးမှ လက်မလျော့ချင်ဘဲ လက်လျော့ပေးလိုက်ရ၏။ သို့သော် လင်မယားနှစ်ယောက်မှာမူ ထိုနေ့ညကတည်းက အိမ်ပေါ်မှဆင်းလာခဲ့ပြီး မိသားစုနှင့်အဆက်အသွယ်ဖြတ်လိုက်သည့်အလား လုံးဝ အိမ်ပြန်မလာတော့၏။
ထို့ကြောင့်လည်း ချယ်ယန့်ချင်က ဝိန်းမင်ထံ အကြိမ်ကြိမ်ဆက်သွယ်ပြီး သားအမိဆက်ဆံရေးကို ပြန်အဆင်ပြေချင်ခဲ့သည်။
ဖုန်းခေါ်ဆိုမှုတစ်ခုအပြီးတွင် ဝိန်းမင်ဘက်မှ ဖုန်းအဆက်အသွယ်အား သေချာမချမိလိုက်သည့်အချိန်။ တစ်ဖက်မှ ချယ်ယန့်ချင်က အဆင်ပြေမှုများစွာကြောင့် ချယ်ရှင့်ဒယ်နှင့် စကားများရန်ဖြစ်ကြကာ ထိုအချိန်တုန်းကကိစ္စအား လက်လွတ်စပယ်ပြောထွက်လာခဲ့တော့သည်။
ချယ်ယန့်ချင်ပြောသည်မှာ ချယ်ရှင့်ဒယ်ဆိုသည့်ခွေးက -ျီးစားချင်သည့်စိတ်ကို မဖျောက်နိုင်ကြောင်း ၊ အရင်က ဘေးအိမ်မှမိန်းကလေးအား အဓမ္မပြုကျင့်ပြီးသတ်ပစ်ခဲ့ကြောင်း ၊ နောက်တွင် ချယ်ယန့်ချင်က သူ၏အညစ်အကြေးများကို လိုက်ရှင်းပေးနေရကြောင်း ၊ လက်ရှိတွင်လည်း ကျေးဇူးမသိတတ်သည့်အပြင် သူမ၏ချွေးမကိုပါ ထိပါးလာသည့်အကြောင်း။
ထိုအချိန် ကျိန့်လင်က အမှုမဲ့အမှတ်မဲ့ ဖုန်းကိုင်မိပြီး ထိုစကားများကို တိုက်ရိုက်အသံသွင်းထားခဲ့ခြင်းဖြစ်သည်။ ဝိန်းမင်ကို မေးမြန်းကြည့်သည့်အခါ သူသည်လည်း ထိုမိန်းကလေး၏မိသားစုကို သိခဲ့ဖူးပြီး အကယ်၍သူသာ အမှတ်အမှားလျှင် ထိုမိန်းကလေး နှစ်တော်တော်ကြာပျောက်ဆုံးနေသည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ပြောပြလာခဲ့သည်။
ထိုစကားများကြောင့် ပြဿနာမှာ ပို၍ယုတ္တိဆန်လာခဲ့သည်။
ကျိန့်လင်သည် ဝိန်းမိသားစုအိမ်မှ ထွက်လာပြီဖြစ်သော်လည်း ချယ်ရှင့်ဒယ်၏ ကိုယ်ထိလက်ရောက်စော်ကားခံရခြင်းကို မကျေအေးနိုင်ပါသေးချေ။ အကြိမ်ကြိမ်ထပ်စဥ်းစားပြီးသည့်အခါ ရဲစခန်းသို့ အကြောင်းကြားရန် ဆုံးဖြတ်လိုက်၏။
ဝိန်းရိဖန်က ငြိမ်သက်ပြီး လက်တော့ပ်ဖြင့် ဆက်၍စာစီနေခဲ့၏။
ဝိန်းလျန်ရှန်၏ဘေးအိမ်တွင် နေခဲ့ဖူးသည့် 'ကော်'မိသားစုမှမိန်းကလေးအား ဝိန်းရိဖန်လည်း ရင်းနှီးသင့်သလောက်ရင်းနှီးခဲ့ဖူးသည်။ ထိုမိန်းကလေး၏အမည်မှာ 'ကော်လင်' ဖြစ်ပြီး အရပ်မြင့်မြင့် ရုပ်ရည်လည်းလှပကာ အကျင့်စရိုက်မှာ တစ်မျိုးဖြစ်နေသော်ငြား စိတ်ထားကောင်းသည့်မိန်းကလေးပင်။
တစ်ခါက ဝိန်းရိဖန် ဘတ်စ်ကားစီးသည့်အခိုက်တွင် သွားလာရေးငွေပေးချေသည့်ကဒ် ကျန်ခဲ့ဖူးသည်။ ထိုအခါတုန်းက ကော်လင်ကမြင်သွားပြီး စကားတစ်ခွန်းမဆိုဘဲ သူမအတွက် ငွေပေးချေပေးခဲ့သည်။
ထိုမတိုင်ခင်အချိန်တုန်း နှစ်ဦးသားစလုံး စကားတစ်ခွန်းမပြောခဲ့ဖူးသလို
ထိုနောက်ပိုင်းတွင်လည်း ထပ်၍ အဆက်အဆံမရှိခဲ့ပါပေ။
ဝိန်းရိဖန်က အရေးပေါ်အလုပ်ခရီးကြောင့် အိမ်သို့မပြန်ဖြစ်ခဲ့ဘဲ ဌာနထဲတွင် ဟိုးအရင်ကတည်းကပြင်ထားခဲ့သည့်သာမန်ခရီးဆောင်အိတ်လေးကိုသာ ယူလာဖြစ်ခဲ့သည်။ ခရီးလမ်းတစ်လျှောက် အားလပ်သွားသည့်အချိန်လေးအတွင်း စန်းရန်ထံသို့ မက်ဆေ့ပို့ကာ ပေယွီသို့အလုပ်ကိစ္စဖြင့်ခရီးသွားခဲ့ကြောင်း ရှင်းပြလိုက်သည်။
ချန်ဝေ့ဟွာက တောင်အနောက်ဘက်ရှိ သေဆုံးသူအလောင်းရှာတွေ့သည့်နေရာဆီသို့ တိုက်ရိုက်မောင်းနှင်လာခဲ့သည်။
လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာအား တားမြစ်ထားပြီးဖြစ်ကာ ရဲအရာရှိများလည်း စောင့်ကြပ်နေကြပြီဖြစ်၏။
ချန်ဝေ့ဟွာက ကားပေါ်မှဆင်းပြီး ရဲအရာရှိများနှင့်ပြောဆိုကြည့်လိုက်၏။ သို့သော်ငြား အမူအရာများကိုအကဲခတ်ပုံအရခွင့်ပြုချက်အတွက်အဆင်ပြေပုံမရပေ။ သုံးယောက်သားက ဘေးပတ်ဝန်းကျင်မှအခြေအနေများကို အကြမ်းဖျင်းဓါတ်ပုံရိုက်ယူပြီးနောက် အနီးဆုံးရဲစခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။
သွားရာလမ်းတွင် ဖုကျွမ့်က အလွန်တရာကိုမုန်းတီးနေသည့်အမူအရာတို့ဖြင့်
"အဲ့တော့ ချယ်ရှင့်ဒယ်ရဲ့အစ်မက အဲ့လူကို ကူညီပြီးအလောင်းဖျောက်ပေးခဲ့တာပေါ့..အဲ့ဒီချွေးမကြောင့်သာမဟုတ်ရင် ဒီမိန်းကလေးက လူမသိသူမသိနဲ့ ဘယ်လောက်ကြာကြာတောင်များ..."
ချန်ဝေ့ဟွာက သက်ပြင်းချလိုက်၏။
"ဒီလောကကြီးထဲမှာ စရိုက်အမျိုးစုံနဲ့ လူအမျိုးမျိုးရှိတယ်"
ဝိန်းရိဖန်၏စိတ်အခြေအနေမှာလည်း သိပ်မကောင်းပါပေ။
ပေယွီမြို့မှာ မြို့ငယ်သာသာလေး ဖြစ်သည့်အတွက် လိုအပ်သည့်ပစ္စည်းအများစုမှာ ပြတ်လတ်နေသည်ချည်း။ အရင်တစ်ခေါက် ဥမင်လိုဏ်ခေါင်းပြိုကျသည့်မတော်တဆမှုမှလွဲ မည်သည့်အကြီးစားအမှုမျိုးမှမရှိ။ ဤအမှုတွင်လည်း ရဲအရာရှိအများစုမှာ နန်းဝူမှစေလွှတ်ပေးသည့်ရဲအင်အားများပင် ဖြစ်၏။
တစ်နေ့တာလုံးကုန်သွားသည်အထိ မည်သည့်သတင်းထူးမှ မေးမရခဲ့၏။
တိုက်ဆိုင်မှုတစ်ခုမှာ ဝိန်းရိဖန်သည် သူမအား စောင့်ရှောက်ပေးခဲ့ဖူးသည့်အမျိုးသမီးရဲအရာရှိနှင့် ပြန်လည်တွေ့ဆုံဖြစ်ခဲ့ခြင်းပင်။
နှစ်တစ်ချို့ကြာလာသည့်တိုင် အမျိုးသမီးရဲအရာရှိ၏အသွင်အပြင်မှာ နားထင်စပ်နား၌ ဆံပင်ဖြူများပေါက်လာသည်ကလွဲ များများစားစားပြောင်းလဲသွားခြင်းမရှိ။ ဝိန်းရိဖန်ကိုမြင်လိုက်သည့်အခိုက်တွင် အမျိုးသမီးရဲအရာရှိက သူမအားချက်ချင်းမှတ်မိသွားသော်ငြား နာမည်ကိုတော့ မေ့နေလေ၏။
ဝိန်းရိဖန်က ပြုံးပြီးနှုတ်ဆက်လိုက်၏။
"အန်တီချန်..သမီး ရိဖန်ပါ"
အန်တီချန်က နဂိုကတည်းက နွေးနွေးထွေးထွေးဖြင့်ပြုံးနေတတ်သူဖြစ်သည့်အလျောက်
"မတွေ့ဖြစ်တာ ဘယ်နှနှစ်တောင်ရှိခဲ့ပြီတုန်း..အခု သတင်းထောက်လုပ်နေတာလား"
"ဟုတ်..သမီး အလုပ်ကိစ္စနဲ့ခရီးထွက်လာခဲ့တာ..နန်းဝူသတင်းဌာနမှာ သတင်းထောက်လုပ်နေပါတယ်..အန်တီရော နေကောင်းကျန်းမာတယ်မလား"
"ကောင်းပါ့ ကောင်းပါ့..ချန်ရှီလည်း အဆင်ပြေနေတယ်..သူ့ကောင်လေးနဲ့အခြေချဖို့စီစဥ်ပြီး မကြာခင်လည်း လက်ထပ်ကြတော့မှာ..သမီးတို့နှစ်ယောက်က အဲ့တုန်းက အရမ်းခင်ခဲ့ကြတာလေ..သမီး ထွက်သွားပြီးတော့ သူ သမီးကိုလွမ်းကျန်နေခဲ့တာ..နေ့တိုင်းနေ့တိုင်း သမီးအကြောင်းကိုပြောဖြစ်ကြသေးတယ်"
"သူ wechat ထဲမှာတင်ထားတာကို တွေ့ပါတယ်..သူ မင်္ဂလာဆောင်တဲ့နေ့ကျရင် သမီး ထပ်လာခဲ့ပါဦးမယ်"
Advertisement
"ဟုတ်ပါပြီ..အဲ့အချိန်ကျရင် သေချာပေါက်ကို လာရမယ်နော်"
အန်တီချန်က သူမ၏ခေါင်းကို ဖွဖွလေးပွတ်သပ်ရင်း
"ကလေးမလေး..တကယ်ပဲကောင်းလိုက်တာ..အန်တီဖြင့် အဲ့အချိန်တွေတုန်းက သမီး ပြန်မထွက်လာနိုင်တော့မှာကို စိုးရိမ်နေခဲ့တာ..အခုတော့ အစွမ်းထက်တဲ့သတင်းထောက်မကြီးတောင် ဖြစ်နေပြီ"
ဝိန်းရိဖန် ကြောင်အမ်းသွားရရင်း မျက်လုံးများလည်း နွေးတက်လာရတော့၏။
"အန်တီ စိတ်ချပါ..အဲ့အချိန်တုန်းက ကိစ္စတွေက သမီးအပေါ် ဘယ်လိုအနှောင့်အယှက်မျိုးမှ မပေးနိုင်တော့ပါဘူး"
အန်တီချန်က ပြုံးလိုက်၍
"ဒီလိုဆိုရင်တော့ အကောင်းဆုံးပါပဲ..အကောင်းဆုံးတွေပဲ ဖြစ်ရမယ်လေ"
--------
ရဲစခန်းပြန်ထွက်လာချိန်တွင်တော့ အတော်လေးနောက်ကျနေပြီဖြစ်သည်။
သုံးဦးသားက အနီးအနားတွင်ရှိမည့် တည်းခိုခန်းတစ်ခုခုရှာ၍ အနားယူပြီး နောက်တစ်နေ့၌ ကော်လင်၏မိသားစုဝင်များဆီသို့သွားရန် စီစဥ်ထားကြသည်။ ကားပေါ်သို့ရောက်သည့်အခါ ဖုကျွမ့်က စိတ်ဝင်တစားဖြင့်မေးလာခဲ့သည်။
"ရိဖန်ကျဲ..အစ်မနဲ့ ခုဏက အမျိုးသမီးရဲအရာရှိနဲ့ရင်းနှီးကြတာလား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြ၍
"အစ်မ အရင်တုန်းက ဒီမြို့မှာ နှစ်နှစ်နေဖူးတယ်လေ"
ဖုကျွမ့်က အသံတစ်ချက်ပြုပြီးနောက် ဆက်မမေးတော့၏။
တည်းခိုခန်းထဲသို့ရောက်လျှင်ရောက်ချင်း ဝိန်းရိဖန်က အိပ်ရာပေါ်ပစ်လှဲချလိုက်ကာ ရေချိုးဖို့ရာ အလျင်လိုမနေချေ။ အိတ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်ကြည့်လိုက်လျှင် စန်းရန် ပို့ထားသည့်မက်ဆေ့တစ်စောင်အား တွေ့လိုက်ရသည်။
[ အလုပ်ပြီးရင် ကိုယ့်ဆီဖုန်းဆက် ]
ဝိန်းရိဖန်က ချက်ချင်း ဖုန်းခေါ်ဆိုလိုက်၏။
တစ်ဖက်လူသည်လည်း ချက်ချင်းဖြေဆိုလာ၏။
စန်းရန်၏အသံမှာ ဖုန်း၏အခြားတစ်ဖက်မှ ပဲ့တင်ထွက်လာပြီး ခါတိုင်းအချိန်များထက် ဆွဲဆွဲငင်ငင်နိုင်လှ၏။
"ဟိုတယ်ကိုရောက်ပြီလား'
ဝိန်းရိဖန် ;
"အင်း..တည်းခိုခန်းတစ်ခုမှာ"
"အိပ်ချင်နေပြီလား"
"ရပါသေးတယ်"
ဝိန်းရိဖန်က ခေါင်းအုံးကို ဖက်ထားလိုက်ပြီး ခပ်တိုးတိုးဖြင့်သာစကားဆိုလာ၏။
"စန်းရန်"
"အမ်"
"ချယ်ရှင့်ဒယ်က ဒီဘက်မှာပြဿနာတက်ထားတယ်..အခု လူသတ်မှုနဲ့ ဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတာ..ငါ အတွေးများတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ နင့်ကို လာရှာမှာကို ငါ စိတ်ပူတယ်..နင် အခုတလောအပြင်ထွက်ရင် ပိုပြီးသတိထားနော်"
ဤစကားကိုကြားပြီးနောက် စန်းရန်က သုံးလေးစက္ကန့်ငြိမ်နေခဲ့ပြီးမှ
"မင်း ပေယွီကို အလုပ်ခရီးထွက်သွားတာ ဒီကိစ္စကြောင့်လား"
"အင်း"
"ဟုတ်ပါပြီ..ကိုယ် သိပါပြီ..ကိုယ့်လို ယောက်ျားရင့်မာကြီးက ဘာဖြစ်နိုင်မှာမလို့ နေ့တိုင်းနေ့တိုင်း လိုက်တွေးပြီးစိုးရိမ်နေရတာလဲ"
စန်းရန်က ရယ်ချင်သလိုလိုပင်ဖြစ်လာရ၍
"ဝိန်းရွှမ်းကျန့်..မင်းကိုယ်မင်း ပိုပြီးဂရုစိုက်သင့်တာမဟုတ်ဘူးလား..အသံသွင်းဖောင်တိန်ထဲကစကားတွေကို များများနားထောင်ပေး"
စန်းရန် သဘောတူပေးပြီးမှ ဝိန်းရိဖန်လည်း စိတ်သက်သာရာရသွားခဲ့၏။
"နင်တစ်ယောက်လုံးရှိနေတာကို ငါက ဘာလို့ အသံသွင်းထားတဲ့ဟာကို နားထောင်နေရမှာလဲ"
စန်းရန် ;
"တိုက်ရိုက်ကြီးပြောရမှာက နည်းနည်းရှက်စရာကောင်းတယ်လို့ မထင်ဘူးလား"
ဝိန်းရိဖန် မနေနိုင်အောင် ရယ်မိလိုက်သော်လည်း အတင်းကာရော တောင်းဆိုမနေတော့၏။
အသံသွင်းဖောင်တိန်ထဲမှစကားများအတွက်မှာတော့ သူမ နားထောင်လွန်း၍ အလွတ်ပင်ရွတ်ပြ၍ ရနေလေပြီ။
"စန်းရန်..ဒီနေ့လေ ငါ အရင်တုန်းက ရင်းနှီးခဲ့ဖူးတဲ့ အမျိုးသမီးရဲအရာရှိတစ်ဦးနဲ့ ပြန်တွေ့ခဲ့တယ်..ဟိုအရင် အဲ့ဒီကိစ္စတုန်းက ငါ ရဲတိုင်ပြီးတော့ ဘကြီးတို့အိမ်ကနေထွက်လာတဲ့အချိန် အဲ့ဒီအမျိုးသမီးရဲအရာရှိက ငါ့ကို ခေါ်ထားပေးခဲ့တာ"
စန်းရန်က ငြိမ်သက်၍နားထောင်နေခဲ့၏။
"အင်း"
"ငါလည်း အန်တီနဲ့ပြန်တွေ့ဖြစ်လိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့တော့ တော်တော်လေးပျော်သွားတယ်..သူ့သမီး ချန်ရှီက အထက်တန်းကျောင်းတုန်းက ငါနဲ့တစ်တန်းထဲလေ..သူလည်း ငါ့ကို အများကြီးစောင့်ရှောက်ပေးခဲ့တာ"
"ဟုတ်လား..ဒါဆိုအချိန်ရရင် ကိုယ်တို့နှစ်ယောက် သူတို့ဆီ သွားလည်ပြီးကျေးဇူးတင်ရအောင်လေ"
"အင်း..ချန်ရှီ မင်္ဂလာဆောင်ကျရင် ငါတို့အတူတူသွားရအောင်..သူ wechat ထဲမှာ ပို့စ်တင်ထားပုံအရတော့ သူ့ကောင်လေးက လက်ထပ်ခွင့်တောင်းပြီးပြီ..မကြာခင်လက်ထပ်တော့မယ်ထင်တယ်"
ဤစကားတစ်ခွန်းတွင် စန်းရန်ဘက်မှ ရုတ်ချည်းတိတ်ဆိတ်သွားခဲ့တော့၏။
ဝိန်းရိဖန်က ဆက်ပြောနေဆဲ
"ဒါပေမယ့် ရက်အတိအကျကိုမသိသေးတော့ နင် အားမအားဆိုတာကိုလည်း တစ်ချက်ကြည့်ရဦးမယ်"
စန်းရန်က အသံရှည်ဆွဲပြီး 'အို့' ဟု အသံပြုကာ ရုတ်တရက် ရယ်နေရင်း
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန် ;
"ဘာဖြစ်တာလဲ?"
သူ့စကားသံမှာ စနောက်ပြီးကစားချင်နေသည့်အငွေ့အသက်များ ပါလာခဲ့၍
"မင်း ကိုယ့်ကို သွယ်ဝိုက်ပြီးအရိပ်အခြေပြနေတာလား"
"...."
ဝိန်းရိဖန်မှာ သူ့စကားအား ရုတ်တရက်နားမလည်ပါချေ။
"ဘာကိုလဲ"
"မင်းရဲ့မွေးနေ့က သိပ်မကြာခင်ရောက်တော့မှာမလား..ဒီတစ်ခေါက်ဆုတောင်းကျရင် ကောင်းကောင်းလေးဆုတောင်းဖို့ မမေ့နဲ့"
စန်းရန်က သုံးလေးကြိမ်တိုင်တိုင်ရယ်နေလေပြီး
"စိတ်ချ..ကိုယ်ကလေ..ထုံးစံအတိုင်း မင်း ဆုတောင်းသမျှကို လိုက်ဖြည့်ဆည်းပေးနေဦးမှာ"
ဖုန်းချပြီးနောက်။
ဝိန်းရိဖန်က အိပ်ရာပေါ်လှဲအိပ်နေရင်း အရင်နှစ် မွေးနေ့ဆုတောင်းသည့်အချိန်တုန်းက စန်းရန် ပြောခဲ့ဖူးသည့်စကားများကို ပြန်တွေးကြည့်လိုက်သည်။
---'ဘာဆုတောင်းလိုက်တာလဲ'
---'မင်း မပြောပြဘဲနဲ့..ကိုယ်က ဘယ်လိုလုပ်ပြီးဆုတောင်းပြည့်အောင် လုပ်ပေးလို့ရမှာလဲ'
ထိုအချိန်တုန်းက သူမသည် အလုပ်နှင့်ပတ်သတ်သည့်ဆုတောင်းတစ်ခုဟုသာ အလျင်းသင့်သလို ပြန်ဖြေခဲ့သေးသည်။
စန်းရန်ပြန်ပြောလာခဲ့သည်မှာ
---'အို့..ကိုယ်ကို့ မင်းရဲ့ကောင်လေးဖြစ်လာပါစေလို့ ဆုတောင်းမယ်လို့ ကိုယ်ကထင်နေတာရော"
ဝိန်းရိဖန်က ခေါင်းကုတ်နေရင်း ဘယ်စကားတစ်ခွန်းကများ စန်းရန်အတွက် 'သွယ်ဝိုက်ပြီးအရိပ်အခြေ' ပြနေသည့်စကားမျိုးဖြစ်သွားကြောင်းကို စဥ်းစားကြည့်နေတော့၏။ တစ်ခဏကြာသည့်အခါ ချန်ရှီ လက်ထပ်တော့မည့်အကြောင်းအား ရုတ်ချည်း သတိရလိုက်တော့သည်။
လက်ထပ်မယ်..
ဤစကားလုံးကြောင့် ဝိန်းရိဖန် ကြောင်အမ်းသွားရသလို..
မျက်နှာတစ်ပြင်လုံးလည်း တမုတ်ချည်းနီမြန်းသွားရတော့၏။
------
နောက်တစ်နေ့တွင် သုံးဦးသားက ကော်လင်၏မိသားစုအိမ်သို့ ထွက်လာခဲ့ကြသည်။
သေဆုံးသူ၏မိသားစုဝင်များသည် လက်ရှိအချိန်တွင် ပြိုလဲခံစားနေကြရခြင်းကြောင့် မီဒီယာသတင်းထောက်များနှင့်တွေ့ဆုံရန် လုံးဝစိတ်မပါခဲ့ပါပေ။ အရင်အင်တာဗျူးများကဲ့သို့သာ ထင်ခဲ့သော်လည်း သူတို့၏ရည်ရွယ်ချက်ကိုရှင်းပြပြီးသည့်အခါတွင်တော့ ကော်လင်၏အဖေက တစ်ခဏတာငြိမ်သွားခဲ့ပြီး အိမ်ထဲပေးဝင်ခဲ့၏။
Advertisement
အင်တာဗျူးနေသည့်တစ်လျှောက်လုံး၌လည်း ကော်လင်၏အဖေက အကောင်းဆုံးပူးပေါင်းဖြေဆိုပေးခဲ့သည်။
သူ့မှတ်ဥာဏ်များအရ ကော်လင်၏အမှု ဖြစ်ပွားခဲ့သည့်နေ့ရက်အကြောင်းကို မှတ်မိသလောက် ပြောပြလာခဲ့၏။
ကော်လင်၏မိခင်မှာ ငယ်စဥ်ကတည်းက ဆုံးပါးခဲ့ပြီဖြစ်၍ အဖေဖြစ်သူနှင့်သာ ကြီးပြင်းခဲ့ရသည်။ ကော်လင်၏အဖေမှာ ယောက်ျားသားပီပီ ကြမ်းကြမ်းတမ်းတမ်းရှိပြီး ထိုအသက်အရွယ်သမီးပျိုလေးနှင့် အထိုက်အလျောက်ဖြစ်အောင်မနေတတ်ခဲ့သဖြင့် သားအဖနှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ အမြဲတစေ တင်းမာနေခဲ့ကြသည်။
ကော်လင်အဖေမှ ကော်လင်အား နောက်ဆုံးတစ်ကြိမ်တွေ့ဖြစ်ခဲ့သည်မှာ အိမ်ထဲ၌ဖြစ်၏။ ထိုနေ့က အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားက ရန်ဖြစ်ပြီးစကားများခဲ့ကြရာ မျက်လုံးများနီရဲနေသည့်ကော်လင်က ဒေါသထွက်ထွက်ဖြင့်အော်ဟစ်ပြောဆိုခဲ့သည်။
"သမီး ဒီအိမ်ကို ဘယ်တော့မှပြန်မလာဘူး"
ထို့နောက် တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားခဲ့၏။
သည်စကားများကိုပြောပြနေရင်း ကော်လင်၏အဖေက ခေါင်းကိုငုံ့ထားကာ လက်တစ်ဖက်က မျက်လုံးများကိုဖုံးထားခဲ့၏။ အရပ်မြင့်မြင့်နှင့်ခပ်သန်သန်လူကြီးတစ်ယောက်က လက်ရှိအချိန်တွင် အသက်ဆယ်နှစ်စာမျှ အိုစာသွားခဲ့သလိုပါပင်။
"သူ အဲ့စကားတွေပြောပြီးတဲ့နောက်မှာ တကယ်ကို လုံးဝပြန်မလာတော့ဘူးလို့ ကျွန်တော်မထင်ထားမိခဲ့ဘူး"
"...."
"ဒီနှစ်တွေထဲမှာ သူ ကျွန်တော့်ကိုစိတ်ဆိုးနေသေးလို့ အိမ်ပြန်မလာတာလို့ပဲ ထင်ထားခဲ့တာ"
ကော်လင်အဖေ၏အသံတို့မှာ တဖြည်းဖြည်းနှင့်ရှိုက်လာခဲ့၍
"ဒီအတိုင်းသာဖြစ်နေခဲ့ရင် ဘယ်လောက်တောင်များကောင်းလိုက်မလဲ..ကျွန်တော့်သမီးလေးကျမှ ဘာဖြစ်လို့များ ဒီလိုအဖြစ်မျိုးကြီးနဲ့ ကြုံရတာလဲ.."
အခြားသူများအားလုံး စကားပြောမထွက်လာကြတော့၏။
ဤအချိန်ဤအခိုက်အတန့်တွင် မည်သည့်နှစ်သိမ့်စကားမျိုးမဆို လေးလံနေမည်မှာအမှန်ပင်။
"ကျွန်တော် ရဲတွေဆီကနေ ကြားထားပါတယ်..ဟိုလူယုတ်မာကို မမိသေးဘူးဆို.."
ကော်လင်၏အဖေသည် ဝိန်းရိဖန်၏လက်ကို ရုတ်တရက်လှမ်းကိုင်ပြီး တောင်းဆိုလိုသည့်ပုံစံမျိုးဖြင့်
"မင်းတို့ကို အကူအညီတောင်းပါတယ်..အဲ့ဒီလူယုတ်မာရဲ့ဓါတ်ပုံကို တီဗွီထဲမှာထည့်လွှင့်ပေးပါ..အားလုံး သတိထားမိကြအောင် လုပ်ပေးပါ..ကျွန်တော့်ရဲ့သမီးလေး အေးအေးချမ်းချမ်းအနားယူနိုင်အောင် ကူညီပေးကြပါ"
ဝိန်းရိဖန်လည်း နှစ်သိမ့်ပေးရုံသာတတ်နိုင်ခဲ့၏။
"ကျွန်မတို့ဘက်က အမှန်တရားအတိုင်း ချပြပေးမှာပါ"
----------
ကော်လင်မိသားစုအိမ်မှ ထွက်လာကြသည့်အခါ သုံးယောက်စလုံး၏စိတ်အခြေအနေတို့သည်လည်း မကြည်လင်နိုင်ကြတော့၏။
အတော်ကြာသွားပြီးမှ ဖုကျွမ့်က စကားဆိုလာခဲ့သည်။
"အိုင်း..ခံစားရခက်လိုက်တာ"
"...."
"ကြည့်ရတာ ကော်လင်ရဲ့အဖေက ချယ်ရှင့်ဒယ်ရဲ့ဓါတ်ပုံကို သတင်းထဲပါလာအောင်လုပ်ချင်လို့ ကျွန်တော်တို့ရဲ့အင်တာဗျူးကို လက်ခံခဲ့တာထင်တယ်..ဒါပေမယ့် သူဖြစ်ချင်သလိုမျိုး သတင်းထဲထည့်ပေးဖို့က အဆင်မပြေဘူးလေ..အကုန်လုံး အုတ်အော်သောင်းနင်းဖြစ်ကုန်မှာ..သူ့ကို တည့်ပြောပြလိုက်ဖို့ကလည်း အဆင်မပြေပြန်ဘူး"
ဝိန်းရိဖန်က ပြတင်းပေါက်အပြင်ဘက်ရှိ ဘတ်စ်ကားမှတ်တိုင်ကိုငေးကြည့်နေရင်း အနည်းငယ်စိတ်လွင့်နေခဲ့သည်။
ချန်ဝေ့ဟွာ ;
"ငါတို့ လုပ်သင့်လုပ်ထိုက်တာအားလုံး လုပ်ပေးရင်ကို ရပါပြီ"
ဝိန်းရိဖန်က သတိပြန်ကပ်သွားပြီး ဖြေးဖြေးချင်းစကားဆိုလိုက်သည်။
"အင်း..ဒီဘက်က ကိစ္စတွေနဲ့ပတ်သတ်ပြီး ဘာမှမှ မကူညီပေးနိုင်တာ..အစ်မတို့အနေနဲ့ တရားခံဖမ်းမိတဲ့အချိန်ထိစောင့်ပြီး အဲ့အချိန်ကျမှ အမှန်တရားအားလုံးကိုဖော်ထုတ်ပြီး ပြည်သူတွေကိုချပြပေးရမှာ"
အခုလို အခြားနည်းလမ်းတစ်ခုနဲ့ကူညီပေးလိုက်တာကလည်း ကောင်းကင်ဘုံပေါ်ရောက်နေမယ့်သေဆုံးသူ၏စိတ်ဝိဥာဥ်ကို အေးချမ်းရာရအောင် နှစ်သိမ့်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။
သုံးဦးသားက ပေယွီမြို့၌ ရက်ပိုင်းခန့်နေခဲ့ကြသည်။
ချယ်ရှင့်ဒယ်၏အရင်မိတ်ဆွေဟောင်းများ လုပ်ဖော်ကိုင်ဖက်ဟောင်းများကိုလည်း အင်တာဗျူးခဲ့ပြီး နန်းဝူမြို့သို့ မပြန်ခင် ရဲစခန်းသို့လည်း အခေါက်ခေါက်အခါခါ အသွားအပြန်လုပ်ခဲ့ရပါသေးသည်။ နန်းဝူမြို့မှ လုပ်ဖော်ကိုင်ဖက်များ၏သတင်းပေးပို့မှုအရ လက်ရှိအချိန်ထိ ချယ်ရှင့်ဒယ်မှာ ထွက်ပြေးလွတ်မြောက်နေဆဲ။
ချယ်ယန့်ချင်က ပြစ်မှုကိုကူညီဖုံးကွယ်ပေးမှုဖြင့် ထိန်းသိမ်းခံထားရသည်။
ထိုလူ၏ပတ်ဝန်းကျင်မှ ဆွေမျိုးများအားလုံးလည်း စောင့်ကြည့်စစ်ဆေးမှုအတွက် ပူးပေါင်းပေးကြရသည်။
နန်းဝူသို့ပြန်ရောက်သည့်အခါ ဝိန်းရိဖန်သည်လည်း ရဲစခန်းမှ မေးမြန်းဖို့ရာအတွက် အခေါ်ရှိလာခဲ့သည်။ ထို့နောက်တွင် အမှု၏နောက်ဆက်တွဲများကို ဆက်လက်၍သတင်းယူနေခဲ့သည်မှာ အမျိုးသားနေ့အားလပ်ရက်ကြီး၌ပင် အနားယူမနိုင်ဘဲ အလုပ်ရှုပ်နေခဲ့သည်အထိ။
ထိုအလုပ်များနေသည့်ရက်များအတွင်း တစ်နေ့၌ ကျောက်ယွမ့်တုံထံမှ ဖုန်းခေါ်ဆိုမှုအား ဝိန်းရိဖန် လက်ခံရရှိခဲ့သည်။
အုတ်အော်သောင်းနင်းဖြစ်နေသည့်ကိစ္စကြီးကြောင့် ကျောက်ယွမ့်တုံက သူမအား အမေးအမြန်းပြုချင်ပုံရသော်လည်း အချိန်နှင့်အမျှအလုပ်များနေခဲ့သည့် သူမအတွက် ဖုန်းခေါ်ဆိုလာချိန်နှင့်လွှဲသွားရသလို သူမဘက်ကလည်း ပြန်မဆက်သွယ်ပေ။
ဤရက်တွေအတွင်း ဝိန်းရိဖန် အိမ်ပြန်ရသည့်အချိန်ပင် အလွန်နောက်ကျခဲ့သည်။
ရေချိုးပြီးသည်နှင့် မျက်လုံးမှိတ်အိပ်ကာ အိပ်ရာနိုးနေသည်နှင့် အိမ်မှထွက်လာသောကြောင့် စန်းရန်နှင့်အချိန်ဖြုန်းသည့်ကိစ္စမျိုးပင် သိပ်မရှိ။ စန်းရန်ကလည်း မည်သည့်မကျေနပ်ချက်မျိုးမှမဆိုသလို အတင်းကာရာ စကားပြောအချိန်ဖြုန်းခိုင်းခြင်းလည်းမရှိ ၊ သူမအား အိပ်ရေးဝဝ သွားအိပ်ခိုင်းနေသည်ချည်းသာ။
အမျိုးသားနေ့အားလပ်ရက်ရှည်ကြီးအပြီးတွင်တော့ ဝိန်းရိဖန် တရားဝင်ပိတ်ရက်တစ်ရက်ရကာ စန်းရန်၏အားလပ်ရက်က ထိုနေ့တွင်အပြီးဖြစ်နေသဖြင့် နှစ်ယောက်သားမှာ လှလှပပလေးလမ်းလွှဲသွားရ၏။
ထို့ကြောင့် အားလပ်ရက်တစ်ရက်လုံး ဝိန်းရိဖန်သည် အိမ်ထဲ၌သာ မိုးလင်းကနေမိုးချုပ် အိပ်နေခဲ့ပြီး စန်းရန် အလုပ်ဆင်း၍အိမ်ပြန်လာသည်ကိုပင် သတိမထားမိပါတော့၏။ အိပ်ရာနိုးလာပြီး အိပ်မှုန်စုံမွှားဖြင့်အပြင်ထွက်လာသည့်အခါတွင်မှ ဆိုဖာပေါ်ထိုင်၍ ရေသောက်နေသည့်စန်းရန်အား မြင်လိုက်ခြင်းဖြစ်၏။
သူမ၏အရိပ်အယောင်ကို ခံစားမိခြင်းကြောင့် စန်းရန်က မျက်လုံးပင့်ကြည့်လာသည်။
"နိုးပြီလား"
ဝိန်းရိဖန်က 'အင်း'ဟုအသံတစ်ချက်ပြုပြီး အနားသို့လျှောက်သွားကာ ကိုလာဝက်ဝံတစ်ကောင်အတိုင်း သူ့ခန္ဓာကိုယ်ပေါ်သို့ ကုတ်ကတ်၍တွယ်ကပ်နေလေ၏။ အိပ်ချင်စိတ်မှာမပျယ်သေးသဖြင့် စကားပြောသည်မှာလည်း ခပ်နှေးနှေး။
"နင် ဘယ်အချိန်တုန်းက ပြန်ရောက်တာလဲ"
"ခုဏလေးတင် ပြန်ရောက်တာ..သိပ်မကြာသေးဘူး"
စန်းရန်က သူမအား ပြန်လည်ပွေ့ဖက်လိုက်ပြီး တစ်ဖက်ကလည်း ရေသောက်နေရင်း
"အိပ်တာ ဘယ်လောက်တောင်ကြာနေပြီလဲ"
"မသိတော့ဘူး..အိပ်လိုက် နိုးလိုက်နဲ့ပဲ..နင် ညစာစားပြီးပြီလား"
"အင်း..မင်း ညကျရင် ထပ်အိပ်နိုင်သေးလား"
ဤစကားကိုကြားသည့်အခါ ဝိန်းရိဖန်၏မျက်တောင်များ လှုပ်ခတ်သွားပြီး မော့ကြည့်လာခဲ့၏။
"ငါ့မှာ အားမရှိဘူး"
"...."
သူမ ဆိုလိုသည့်အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်သည့် စန်းရန်က ရယ်လိုက်ရင်း
"ကိုယ်က ဘာပြောနေလို့ မင်းက အားမရှိရတာလဲ"
"အို့..ဒါဆို ငါ အထင်လွဲသွားတာနေမှာ"
"ကိုယ့်ကို ဘယ်လိုလူစားမျိုးလို့များ ထင်နေတာလဲ?"
စန်းရန်က သူမ၏မျက်နှာကို ဆွဲညှစ်လိုက်ပြီး မျက်တောင်မွှေးအောက်ဘက်မှ မျက်ကွင်းညိုညိုများကို လှမ်းကြည့်၍
"ထားပါတော့..အိပ်ချင်နေသေးတယ်ဆိုရင် ရေအမြန်ချိုးပြီး ပြန်အိပ်တော့..ပိတ်ရက်က တစ်ရက်တည်းရတာမလား"
ဝိန်းရိဖန်က သူ့ခန္ဓာကိုယ်ပေါ်၌ တွယ်ကပ်နေဆဲဖြင့်
"အင်း"
နှစ်ယောက်သားက တစ်ခဏကြာကြာငြိမ်နေခဲ့ပြီးနောက်တွင် ဝိန်းရိဖန်က ရုတ်တရက် စကားဆိုလာခဲ့သည်။
"စန်းရန်"
"အမ်"
"နင်ပြောကြည့်ကြည့်..ချယ်ရှင့်ဒယ်က ဘယ်ကိုပြေးသွားလောက်မယ်လို့ထင်လဲ..ဒီလောက်တောင် ကြာနေပြီလေ..သူ့မှာ ပိုက်ဆံလည်းမရှိ ကူညီပေးမယ့်သူလည်းမရှိဘဲလို့ ဘာလို့ အခုထိ ဖမ်းမမိသေးတာလဲ"
"ဖမ်းမိမှာပါ"
ဘယ်လိုအကြောင်းအရင်းကြောင့်မှန်းမသိ စန်းရန်၏စိတ်ထဲ၌ မကောင်းသည့်အငွေ့အသက်မျိုးခံစားနေမိကာ စကားကိုထပ်ပေါင်းဆိုလိုက်၏။
"ဒီအတောအတွင်းမှာ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း အိမ်မပြန်လာနဲ့"
"အင်း"
"ကိုယ် လာကြိုမှာကိုစောင့်နေ"
ဤအမှုမှာ တရားခံကို ဖမ်းမမိသေးသည့်အပြင် ရဲစခန်းဘက်မှလည်း သတင်းအားလုံးကိုပိတ်ထားသဖြင့် အဘယ်လိုနည်းနှင့်မှ ရှေ့ဆက်သွား၍မရခဲ့ပေ။ ထို့ကြောင့် သတင်းတင်ဆက်ခြင်းကို ဆိုင်းငံ့ထားရပြီး အခြားသောသတင်းများကိုသာ အရင်ထုတ်လွှင့်နေခဲ့ရသည်။
နေ့စဥ်နှင့်အမျှ ချယ်ရှင့်ဒယ်လိုဆန်ကုန်မြေလူတစ်ဦးကို အမြန်ဆုံးဖမ်းမိပြီး တရားခွင်ပေါ်တင်နိုင်ရေးအတွက် မျှော်လင့်ခဲ့ကြ၏။
စနေနေ့ ညနေခင်းတွင်။
အမျိုးသားနေ့အားလပ်ရက်တုန်းက ခွင့်ရက်တစ်ရက်ပိုပေးထားရသဖြင့် ယနေ့၌ စန်းရန်သည်လည်း အလုပ်ဆင်းနေရသည်။ ညနေခြောက်နာရီဝန်းကျင်သို့ရောက်သည့်အခါ ဝိန်းရိဖန်သည် ထုံးစံအတိုင်း စန်းရန်၏ Wechat ထဲမှတဆင့် အလုပ်ဆင်းမည့်အချိန်ကိုမေးမြန်းထားသော မက်ဆေ့တစ်စောင် လက်ခံရရှိခဲ့သည်။
ကျန်နေသေးသည့်အလုပ်များကို ချိန်ဆပြီးနောက် ဝိန်းရိဖန်က ခန့်မှန်းချေအချိန်အား ပြောပြလိုက်၏။
[ ၈နာရီခွဲ ]
စန်းရန် ; [ ဟုတ်ပြီ ]
အခြားတစ်ဖက်တွင်။
Advertisement
- In Serial157 Chapters
Hello, Mr Li: The Christmas Trip
Every year, the whole family went on a two-weeks vacation during Christmas, where they celebrated wedding anniversaries, a birthday, and the memory of the late Madam Li Sun.
8 1833 - In Serial50 Chapters
Girl Gone Rogue (The Shadow Hunters #2)
He was an established Enforcer among the Elite Syndicate- one of the best in the Shadow Hunters. I was a girl that got lucky. I may have developed a fondness for the man who made it clear to me that I was strictly one of many Enforcers in the Pack. I think it was time to bid my crush goodbye and move on. I just didn't expect Alexei Vasiliev to force his way into my life when I was ready to let the curtains close on our could-have-been story. WARNINGMATURE LANGUAGESEXUAL CONTENT
8 222 - In Serial25 Chapters
ILLUSION |Shubman Gill Fanfiction|
◇ Checking the time on my watch, I barged out of my hotel room only to collide with someone.A tub of chocolate ice cream splashed all over my white night dress.Fuming with anger, I looked up to see the culprit who caused this damage, but froze as soon as I saw his face.Shubman Gill stood right infront of me, smiling while scratching his neck, as the next sentence unknowingly escaped my mouth."Oh boy, is this.. an.." I blinked before saying the next word."Illusion?" ◇
8 159 - In Serial36 Chapters
Dream of the Eternal Lovers
The story of college student Johan and middle school student Lucy, who have been having the same dream ever since they could remember. A dream of two lovers who would always fall to some misfortune. Before they meet their end, they swore to be together in the afterlife. History will crash upon Johan and Lucy who will find out that the couple in their dreams were two lovers from the past. They are their reincarnation and are destined to be together.
8 213 - In Serial28 Chapters
I Got Marked By My Shadow Guard After Pretending To Be An Alpha [MPREG]
Author: 池翎 [Chí líng]Type: Web NovelRaws: http://www.jjwxc.net/onebook.php?novelid=4800303Genre: Drama, Historical Setting, Master-Servant RelationshipStatus: 25 Chapters (Completed)Tag: MPREG!Descriptions:The second prince from the Yan State, Yu Yan, has pretended to be an alpha for many years, but after having an unexpected heat, he slept with his personal shadow guard.And what is more unfortunate is, due to Yu Yan using suppressant medicines long-term, damaging his constitution, his heat is no longer controllable.He can only ask his shadow guard to assist him regularly to deal with his heats, but good thing is that his shadow guard is very obedient and loyal, willing to do whatever he says, and doesn't mind helping him.But the situation slowly becomes strange -Yu Yan, with a hoarse voice, cursing: Get out!The shadow guard restrains him in his embrace, with an innocent look in his eyes: Where does master want me to pull out from?Yu Yan: ...QAQAnd even later, the new Yan State emperor ascends the throne, the young monarch sits upright on his dragon throne, under the gaze of many: vomits -The state officials suddenly realized that their emperor was pregnant.Pairing: Mu YunGui, Yu YanThis is not my original story. Please support the author by reading the raws.The purpose for reading offline.
8 285 - In Serial16 Chapters
How to date a Yandere [Ayano Aishi x Reader]
Hi, my name is Y/N Y/L/N. If you're reading this, means that I'm still alive and survived from the hands of my Yandere girlfriend. This book contains tips and information of how to date a Yandere and if you have one then I assure you, this book is recommended for you.Date Published: 8/5/2019Date Finished: 9/3/2020Warning: Futanari you.
8 149

