《First Frost (Myanmar Translation)》Chapter 74
Advertisement
ချယ်ရှင့်ဒယ်၏နောက်ဆက်တွဲလုပ်ရပ်များနှင့်ပတ်သတ်၍ ဝိန်းရိဖန် များများစားစား အာရုံမစိုက်ပါတော့ပေ။ ချယ်ရှင့်ဒယ်၏လုပ်ရပ်များက ပြင်းထန်လွန်းသည့်အဆင့်မျိုးမဟုတ်သဖြင့် ကြီးလေးသည့်ပုဒ်မတစ်ခုခုတပ်၍မရမည်မှန်း သူမ နားလည်ပြီးဖြစ်သည်။
ဖုကျွမ့်ကိုတော့ မိသားစုအတွင်းရေးပြဿနာတစ်ခုဟုသာ သိထားစေပြီး အိတ်ကိုဆွဲလုသည့်ကိစ္စမှာလည်း သည်အတိုင်းဆွဲလားရမ်းလားလုပ်မိခြင်းဟုသာ ထင်မြင်စေခဲ့သည်။ ထို့အပြင် သူမ၏အိတ်ထဲ၌လည်း ထိုအချိန်တုန်းက တန်ဖိုးကြီးပစ္စည်းများမပါသဖြင့် လုယက်မှုဟုခေါင်းစဥ်တပ်၍မရခဲ့၏။
ရဲအကြောင်းကြားသည့်အချိန်တွင်လည်း ထိုလူက ထွက်မပြေးဘဲ ကိစ္စအဝဝ၌ပူးပေါင်းထွက်ဆိုခဲ့သေးသည်။ အဆုံးသတ်တွင် လဝက်ကျော်ကျော်လောက်သာ ထိန်းသိမ်းခံလိုက်ရပြီး ဒဏ်ငွေဆောင်ရုံဖြင့် ပြန်လွှတ်လာခဲ့သည်။
ဝိန်းရိဖန်သည်လည်း မည်သည့်အဆုံးသတ်မျိုးဖြစ်ပါစေ သူမ ဂရိုက်ပါချေ။ သူမဘက်မှ ချယ်ရှင့်ဒယ်အား သူပြုသမျှကိစ္စတိုင်းအတွက် ပြင်းထန်သည်ဖြစ်စေ လျော့ပေါ့သည်ဖြစ်စေ ပြန်ပေးဆပ်ခိုင်းမည် ဆိုသည့်အချက်ကို သိရှိသွားစေချင်ရုံသာဖြစ်သည်။ သည့်ထက်အပြင် သူမအတွက်တော့ ဤမိသားစုအတွင်းရေးပြဿနာများက လုံးဝကိုလျစ်လျူရှူထားပြီးသား ကိစ္စများပင်ဖြစ်ကာ သူမနှင့်စန်းရန်အား အနှောင့်အယှက်လိုလို လာလုပ်နေမည်ကိုသာ စိတ်ပူနေခြင်းဖြစ်၏။
ဤစိတ်ပူစရာအကြောင်းပြချက်သာ မရှိလျှင်..
ထိုလူတစ်စုအား သူမ အရေးပင်လုပ်နေမည်မဟုတ်တော့ချေ။
မျက်တောင်တစ်မှိတ်စာအတွင်း နွေရာသီကာလကြီးသည် လအကူးအပြောင်းနှင့်အတူ ပြီးဆုံးခါနီးအချိန်သို့ရောက်လာခဲ့သည်။ မခံမရပ်နိုင်အောင်ပူပြင်းလွန်းသည့်ရာသီဥတုကြီးမှာ တရွေ့ရွေ့ဖြင့်ကုန်လွန်လာပြီး ဆောင်းဦးရာသီသို့ရောက်လာသည်နှင့်အတူ နန်းဝူမြို့၏အပူချိန်မှာလည်း ကျဆင်းလာခဲ့သည်။
ယီဟဲမြို့မှ ပြန်လာပြီးနောက်ပိုင်းတွင် စန်းရန်သည် ချန်ဖေးထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သည်။
တစ်ဖက်လူမှာမူ စန်းရန်က ယီဟဲသို့သွားပြီး ပြန်လာသည့်အကြောင်း ၊ သွမ့်ကျားရွှီ အထိုးခံရပြီးသည့်အကြောင်းကို ကြားထားပုံရကာ ချန်ဖေးသည် အကြိမ်တိုင်းတွင် အကြောင်းပြချက်မျိုးစုံပေးပြီး ရှောင်ပြေးနေခဲ့၏။ သည်နေရာ၌ ပြဿနာရှိသည်ဖြစ်စေ ဟိုနေရာ၌ ပြဿနာပေါ်လာသည်ဖြစ်စေ ၊ အဆုံးအစွန် သေရေးရှင်ရေးပင်ဖြစ်နေပါစေ စန်းရန်ရှေ့မှောက် လုံးဝထွက်လာမည်မဟုတ်။
စန်းရန်သည်လည်း ချန်ဖေးက ဘာကိုတွေးပြီးကြောက်နေမှန်း နားမလည်ချေ ၊ စိတ်မရှည်တော့သည့်အဆုံးတွင်..
"ဒီနေ့မှ မလာရင်..နောက် လုံးဝ မလာခဲ့နဲ့"
တစ်ခဏအကြာ၌။
ချန်ဖေးက မက်ဆေ့ဖြင့်သာ စာပြန်လာခဲ့သည်။
[ ငါ့မိန်းမလည်း ဒီနေ့အားနေတာ ]
ချန်ဖေး ; [ သူ့ကိုပါ ခေါ်လာခဲ့မယ်နော် ]
ဤမက်ဆေ့ကြောင့် စန်းရန်က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး လက်ထဲမှ စီးကရက်အား ဖိချေ၍မီးသတ်လိုက်၏။ ခန္ဓာကိုယ်ကိုခပ်မတ်မတ်ပြန်ထိုင်ကာ ပျင်းတိပျင်းရွဲအသံဖြင့်
"မင်းမိန်းမကို မင်းမျက်နှာကြီး စုတ်ပျက်ဖူးယောင်နေတဲ့ပုံစံမျိုးပြချင်ရင် ခေါ်လာလိုက်"
နောက်တွင် တစ်ဖက်သို့လှည့်ပြီး 'Overtime' ဘားထဲ ဝင်လာခဲ့သည်။
လမ်းသရဲလမ်းမကြီးသည် ရုံးပိတ်ရက်များ၌ ပို၍စည်ကားကာ ဘားတိုင်း၌လည်း ဆူညံနေလျက်။
စန်းရန်က ဘားခုံရှိသည့်ဘက်သို့ သွားရင်း တစ်ခွက်လောက် သောက်မည်အပြုတွင် မြင်နေကျပုံရိပ်တစ်ခုအား ရုတ်တရက်လှမ်းမြင်လိုက်ရ၏။ သူ့နှုတ်ခမ်းစွန်းအကွေးရာလေးမှာ ရုတ်ချည်းဖြောင့်တန်းသွားခဲ့သလို ခြေလှမ်းများက စက္ကန့်တစ်ဝက်စာလေးပင်မရပ်ဘဲ ထိုနေရာသို့လျှောက်သွားလိုက်သည်။
ဖွင့်ထားသည့်နောက်ခံတီးလုံးမှာ နားစည်အတွင်း ဆူညံနေသည့်အချိန်။
ချယ်ရှင့်ဒယ်က ဘားခုံ၌ထိုင်နေပြီး ဘေးနားရှိ မရင်းနှီးသည့်အမျိုးသမီးတစ်ဦးနှင့်စကားပြောနေ၏။ ထိုလူ၏မျက်နှာမှာ အရက်ရှိန်ကြောင့် နီရဲနေလေပြီး အသံကျယ်ကျယ်အော်ဟစ်၍
"ဟိုအပျက်မက ငါ့ကို ထပ်ပြီး အသေသတ်ဖို့ကြိုးစားသေးတာ! အိပ်မက်မက်နေလိုက်စမ်း!"
အမျိုးသမီး၏အမူအရာမှာ နေရာမှထွက်သွားသည့်အလား ရွံရှာသလိုပြုမူနေ၏။
သို့သော် ချယ်ရှင့်ဒယ်က ထိုအမျိုးသမီးကိုဆွဲခေါ်ထားပြီး ဆက်၍
"မင်းမေကြီးတော် ငါက ဘာမှတောင်မလုပ်ရသေးဘဲနဲ့..ပိုက်ဆံကလည်း တစ်ပြားမှမရ..ငါ့အစ်မ ဆဲတာပဲ ခံလိုက်ရတယ်..စောင့်နေစမ်းပါ..အပျက်မ..ငါ နင့်ကိုရှာတွေ့လို့ကတော့..."
အမျိုးသမီးမှာ ဒေါသထွက်ပြီး ရုန်းကန်လာတော့၏။
"ရူးနေတာလား! ရှင် လက်ကိုလွှတ်မှာလား မလွှတ်ဘူးလား!"
နောက်တစ်စက္ကန့်။
စန်းရန်က ချယ်ရှင့်ဒယ်၏ အင်္ကျီအနောက်ကော်လံအား တိုက်ရိုက်ဆောင့်ဆွဲကာ မည်သည့်ကိုမှလည်းမကြည့် ၊ စကားတစ်ခွန်းမဆိုဘဲ ခပ်တည်တည်အမူအရာမျိုးဖြင့် ထိုလူအား ဆွဲထုတ်လာခဲ့သည်။ သူ့လက်ပေါ်မှ အပြာရောင်သွေးကြောမျှင်များဟာ ကြည့်လိုက်လျှင် စိတ်အေးလက်အေးသဘောမျိုးပင်။
ချယ်ရှင့်ဒယ်က အော်ဟစ်လာ၏။
"မင်းမေ..ဘာက ကောင်လဲဟ!"
အနောက်ဘက်မှ ဟယ့်မင်ပေါ်၏အသံအား နားစွန်နားဖျားကြားလိုက်ရသေး၏။
"ဒီလူက ကျွန်တော်တို့ဘားမှာ လာနှောင့်ယှက်နေတာ သုံးလေးကြိမ်ရှိနေပါပြီ..တောင်းပန်ပါတယ်..အစ်မ..အနှောင့်အယှက်ဖြစ်သွားရင်....."
လှုပ်လှုပ်ရှားရှားဖြစ်သွားသည့်အခြေအနေကို သတိထားမိကြသည့် လုံခြုံရေးဝန်ထမ်းများက အနားသို့ရောက်လာ၍
"ရန်ကော..ကျွန်တော်တို့ ဖြေရှင်းလိုက်ရမလား"
စန်းရန် ;
"မင်းတို့ လုပ်စရာရှိတာသာ လုပ်နေ"
အရက်အလွန်အကျွံသောက်ထားခြင်းကြောင့်လားမသိ ချယ်ရှင့်ဒယ်၏ခြေလက်များက အားမရှိသည့်အလားပျော့ခွေနေကာ လက်မှလွတ်ထွက်အောင်ပင် မရုန်းနိုင်ချေ။ ကော်လံတစ်လျှောက် ဆွဲဆောင့်ခံထားရသဖြင့် ပြောထွက်လာသည့်စကားများကလည်း မပီမသ။
စန်းရန်က ထိုလူအား ဘားအနောက်ဘက်လမ်းကြားဆီသို့ ဆွဲခေါ်လာခဲ့ကာ နံရံနှင့် ခပ်ပြင်းပြင်းဆောင့်ရိုက်ပစ်လိုက်သည်။
ချယ်ရှင့်ဒယ်၏ကျောဘက်တစ်ခုလုံးက နံရံနှင့် အရိုက်ခံရပြီး နာကျင်မှုကြောင့် ငြီးတွားနေသေးကာ တစ်ခဏအကြာမှမျက်လုံးပွင့်လာခဲ့၏။
စန်းရန်က လျှောကျနေသည့်ထိုလူ၏အရှေ့၌ ထိုင်ချပြီး အမှောင်ထုထဲတွင် သူ့မျက်နှာမှာမသဲကွဲပါချေ။
"ထွက်လာပြီလား?"
ချယ်ရှင့်ဒယ်၏အသံမှာ ဝူးတူးဝါးတားဖြင့်
"မင်းပဲလား...."
"ကျွန်တော် ခင်ဗျားကိုမရှာဘဲ နေပေးနေတာတောင်"
စန်းရန်က လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ထိုလူ၏ဆံပင်ကိုဆောင့်ဆွဲပြီး မြေကြီးနှင့်ခပ်ပြင်းပြင်းရိုက်ချပစ်၏။ သူ တစ်ချက်ပြုံးလိုက်ကာ အချိန်အကြာကြီး ကိန်းအောင်းထားခဲ့ရသည့်ရက်စက်ကြမ်းကြုတ်လိုသည့်စိတ်များက လက်ရှိအချိန်၌ လုံးလုံးလျားလျား အထိန်းချုပ်မဲ့နေခဲ့ပြီ။
"ခင်ဗျားက ကျွန်တော်ရှိတဲ့နေရာကို လာရဲသေးတယ်?"
"...."
---'အဲ့အချိန်ကစပြီး..သူ ငါ့ကို..တစ်ချိန်လုံး ထိပါးနှောင့်ယှက်နေခဲ့တာ"
သူမ ပြောခဲ့ဖူးသည့်စကားတစ်ခွန်းချင်းစီတိုင်းကို ပြန်တွေးကြည့်ရင်း စန်းရန်က ချယ်ရှင့်ဒယ်၏ခေါင်းအား မြေကြီးပေါ် နောက်တစ်ကြိမ် ရိုက်ချပစ်လိုက်၏။
Advertisement
"ပြောစမ်းပါဦး"
"...."
"ခင်ဗျားက ဘယ်သူ့ကိုရှာပြီး ဘာလုပ်ချင်တာ?"
"မင်း ရူးနေတာလား! ငါ..ငါ ဘာပြောမိလို့လဲ..ငါ!"
ချယ်ရှင့်ဒယ်က လက်တစ်ဖက်ဖြင့် မြေကြီးထောက်အားပြုပြီး အခြားလက်တစ်ဖက်က စန်းရန်၏လက်ကိုဖယ်ထုတ်ရင်း
"မင်းမေကြီးတော် ငါက အရက်လာသောက်ရုံပဲ..အရက်သောက်ရုံပဲ! ဘယ်သူ့ရှာပြီး ဘာလုပ်နေလို့လဲ!"
စန်းရန်က လက်လွှတ်ပေးလိုက်ပြီး ထိုလူအား မမှိန်မသွေစိုက်ကြည့်နေလိုက်သည်။
ချယ်ရှင့်ဒယ်က ထုံကျင်နေသည့်သူ့ခေါင်းကို ပွတ်၍
"ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတတ်တာလား..ငါ-ူးပဲ! မင်း စောင့်နေစမ်း! ဘာသောက်ကြောင်းနဲ့.."
ညစ်ပတ်ပေရေသည့်အရာကို ကြည့်နေသည့်အလား စန်းရန်က စကားတစ်ခွန်းမဆိုဘဲ မတ်တပ်ထရပ်လိုက်၏။
ချယ်ရှင့်ဒယ်က မတ်တပ်ရပ်သွားသည့်အတိုင်း မော့ကြည့်လာ၏။ ထိုလူ၏နဖူးထက်တွင် ဖုန်မှုန့်များအပြင် အရေပြားတစ်ချို့လည်းကွဲပြဲနေပြီပင်။ ထိုလူက ဝါထိန်နေသည့်သွားများဖြင့် ပြုံးဖြီးဖြီးရယ်ပြလာပြီး
"အော်..ငါ နားလည်ပြီ..ငါက မင်းရဲ့မိန်းမကို ထိခဲ့ဖူးလို့ မကျေမနပ်ဖြစ်နေတာမလား"
ဤစကားကြောင့် စန်းရန်၏မျက်ခွံများက အောက်သို့ ခပ်လျော့လျော့စိုက်ကြည့်လာ၏။
"ဒီလို လုပ်ဖို့လိုလို့လားကွာ..ယောက်ျားအချင်းချင်းပဲဟာ..မင်းလည်း နားလည်သင့်ပါတယ်"
ချယ်ရှင့်ဒယ်က ရယ်နေဆဲ
"ပြီးတော့ မိန်းမဖြစ်ရုံတင်မဟုတ်ဘူး..ရွှမ်းကျန့်က တကယ်လည်း အရမ်း..."
စကားမဆုံးခင် စန်းရန်က ထိုလူ၏ဗိုက်အား တစ်ချက်ဆောင့်ကန်ပစ်လိုက်၏။
ချယ်ရှင့်ဒယ်မှာ သတိလက်လွတ်ဖြစ်နေခြင်းကြောင့် သူ့ခန္ဓာကိုယ်ကြီးက အနောက်တွင်ရှိနေသည့်နံရံနှင့် တသားတည်းဖြစ်အောင်ပြေးရိုက်ကာ ရိုက်ခတ်သွားသည့်အသံကျယ်ကြီးတစ်ခုပင် ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို မြေကြီးပေါ်သို့ လဲကျသွားကာ လက်နှစ်ဖက်ဖြင့်အားပြုထောက်ထားလိုက်ပြီး အော့အန်ချင်သလိုလိုဖြစ်နေတော့သည်။
စန်းရန်က ထိုလူအား မည်သည့်အမူအရာမျိုးမှမပါသည့် မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။ သူ့အရှေ့ဆံပင်များက နဖူးပေါ်၌ ဟိုတစ်စဒီတစ်စလျှောကျနေသဖြင့် သူ့မျက်လုံးများထဲရှိအငွေ့အသက်များကိုတော့ မမြင်ရချေ။
"မင်းမေငါ-ိုးပဲ.."
ချယ်ရှင့်ဒယ်၏အသံမှာ တုန်ယင်နေပြီး ဤအနီးအနားတွင် လူရိပ်လူခြေ တစ်ဦးတစ်လေမှမရှိခြင်းကို သတိထားမိသည့်အတွက်ကြောင့်လည်း စန်းရန်အား ရန်စမည့်စကားမျိုးကို ထပ်၍မပြောရဲတော့၏။
"ငါ ရဲတိုင်မယ်.."
စန်းရန် နောက်တစ်ကြိမ် ဆောင့်ကြောင့်ထိုင်လိုက်ကာ ထိုလူ၏ဆံပင်ကို ခပ်ကြမ်းကြမ်းဆွဲဆုတ်ပြီး အပေါ်သို့မတင်လိုက်သည်။
"ဘာကိစ္စနဲ့ရဲတိုင်မှာလဲ"
"...."
"ခင်ဗျားက အခု အရက်သောက်များပြီး မတ်တပ်မရပ်နိုင်တော့လို့ မြေကြီးပေါ်လဲကျသွားတာ မဟုတ်ဘူးလား"
စန်းရန်က အောက်နှုတ်ခမ်းကို အသာအယာကွေးထားပြီး မနှေးမမြန်ဖြင့်
"ကျွန်တော်က ခင်ဗျား မရပ်နိုင်တော့လို့ ထူပေးချင်နေတာလေ..ဘယ်လိုဖြစ်လို့ ကျေးဇူးမတင်ဘဲ ရန်လိုနေရတာလဲ"
ပြောနေရင်း စန်းရန်ကမတ်တပ်ရပ်ကာ ထိုလူကိုပါ အလွယ်လေးမ,လာပြီး နံရံနှင့်နောက်တစ်ကြိမ် ရိုက်ချလိုက်၏။
ချယ်ရှင့်ဒယ်၏ခန္ဓာကိုယ်ကြီးမှာ ကွန်ကရစ်နံရံကြီးနှင့် ခပ်ပြင်းပြင်းထပ်ဆောင့်မိလိုက်သည့်အခါ အတွင်းကလီစာများ ပြုတ်ကျလာမတတ် နာကျင်သွားခဲ့ရသည်။
စန်းရန်သည် ထိုလူအား တည့်တည့်စိုက်ကြည့်နေပြီး ခန္ဓာကိုယ်ထက်ရှိ ရန်လိုနေသည့်အငွေ့အသက်များကို လုံးဝ ဖုံးဖိမထားချေ။ ချယ်ရှင့်ဒယ်၏ ဖြစ်ပျက်နေသည့်အမူအရာကိုကြည့်ပြီး သူ့အမူအရာမှာ ဘာမှပြောင်းလဲသွားခြင်းမရှိ ၊ မတိုးမကျယ် ပုံမှန်အသံဖြင့်
"ဘယ်လိုဖြစ်ပြီး မတ်တပ်မရပ်နိုင်ရပြန်တာလဲ"
"...."
"ချယ်ရှင့်ဒယ်?"
စန်းရန်က ထိုလူ၏နာမည်ကို ပြန်စဥ်းစားယူလိုက်ပြီး ပြောထွက်လာသည့်စကားလုံးတစ်ခုချင်းတိုင်းသည် အံကျိတ်ထားသည့်ကြားမှ လေတိုး၍ထွက်လာသလိုလို။
"ခင်ဗျားကို ထပ်ပြီး ထူပေးရဦးမလား"
ချယ်ရှင့်ဒယ်မှာ စကားပင်မပြောနိုင်တော့ဘဲ လက်ရမ်းပြပြီး ဘေးသို့ကပ်သွားခဲ့သည်။
ဤအချိန်တွင် စန်းရန်၏လက်ကိုင်ဖုန်းမှမက်ဆေ့သံမြည်လာခဲ့ကာ သူ့မျက်တောင်များ အောက်သို့ရွေ့သွားရင်း အိတ်ကပ်ထဲမှဖုန်းကိုထုတ်ကြည့်လိုက်၏။
ဝိန်းရိဖန်ထံမှမက်ဆေ့ ဖြစ်သည်။
ဝိန်းရွှမ်းကျန့် ; [ နင် ဒီနေ့ည ဘယ်ချိန်အိမ်ပြန်လာမှာလဲ? ]
ဝိန်းရွှမ်းကျန့် ; [ ငါ အိမ်ရောက်နေပြီ ၊ အင်တာဗျူးပြီးအပြန် လမ်းကြုံလို့ အလုပ်ကမိတ်ဆွေရဲ့ကားနဲ့ ပြန်လာတာ ]
စန်းရန်က သုံးလေးစက္ကန့်ကြာကြာ ကြည့်နေပြီးမှ စာပြန်လိုက်၏။
စန်းရန် ; [ ကိုယ် ဒီနေ့ညနောက်ကျမယ် ]
စန်းရန် ; [ အိပ်နှင့်တော့ ]
စာပြန်ပြီးနောက်တွင် စန်းရန်က လည်ပင်းကြောများကိုလျော့ရင်း ဖုန်းကစားနေလိုက်၏။ အခြားလုပ်ရှားမှုမျိုး ထပ်မလုပ်လာတော့ဘဲ နေရာ၌သာရပ်ပြီး ချယ်ရှင့်ဒယ်အား အထက်စီးဆန်ဆန်ငုံ့ကြည့်၍
"ဒီတစ်ကြိမ်က ခင်ဗျားနဲ့ ကျွန်တော်နဲ့တွေ့တာ နောက်ဆုံးတစ်ကြိမ်ဖြစ်ပါစေလို့ တကယ် မျှော်လင့်ပါတယ်"
ချယ်ရှင့်ဒယ်၏ပုံစံမှာ အရိုက်ခံရမည်ကို ကြောက်လန့်နေပြီး အရှေ့တွင်မြင်နေရသည်မှာ သူ ရုန်းကန်ဖို့ရာမတတ်နိုင်စွမ်းတော့သည့် မကောင်းဆိုးဝါးယောက်ျားတစ်ဦးကို မြင်တွေ့နေရသည့်အလား လက်နှစ်ဖက်ကိုမြှောက်လာကာ သူ့ခေါင်းပေါ်၌ အကာအကွယ်ယူသည့်ပုံစံမျိုး အလိုလိုလုပ်ထားမိတော့၏။
"မဟုတ်ရင်တော့..."
စန်းရန်က အေးတိအေးစက်လည်းနိုင်သလို ပေါ့ပေါ့ပါးပါးလည်းရှိသည့်အသံမျိုးဖြင့်
"ခင်ဗျားထပ်ပြီး ခံရဦးမှာပဲ"
--------
စန်းရန် ခပ်ဝေးဝေးသို့ထွက်သွားပြီးသည်အထိ ချယ်ရှင့်ဒယ်က နေရာ၌သာ တစ်ခဏကြာကြာထိုင်နေခဲ့၏။ နောက်တွင်မှ ဖြေးဖြေးချင်းမတ်တပ်ရပ်ပြီး နံရံကိုမှီကာ အားယူနေလိုက်၏။ မှုန်ကုတ်နေသည့်အမူအရာ ပါးစပ်ကလည်းဆဲရေးနေပြီး လမ်းကြားအတိုင်းလျှောက်ထွက်လာကာ ကားတစ်စင်းငှား၍အိမ်ပြန်လာခဲ့သည်။
ကျောက်ယွမ့်တုံအိမ်မှထွက်လာပြီးနောက်ပိုင်းတွင် ဝိန်းလျန့်ရှန်တို့မိသားစုက နန်းဝူမြို့၏ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ အိမ်ခန်းခပ်သေးသေးတစ်ခု ငှားရမ်း၍နေခဲ့သည်။ နေရာထိုင်ခင်းမှာအဆင်ပြေပြီး လူနေလည်းထူထပ်ကာ အိမ်ခန်းအဆောက်အဦး၏လုံခြုံရေး အားနည်းချက်တစ်ခုတည်းသာရှိ၏။
အိမ်ရောက်သည့်အခါ ချယ်ယန့်ချင်က တံခါးလာဖွင့်ပေးသည့်သူဖြစ်ပြီး ချယ်ရှင့်ဒယ်မျက်နှာပေါ်မှ ဒဏ်ရာဗလပွကိုမြင်၍
"ဘယ်လိုဖြစ်လာပြန်တာလဲ"
ချယ်ရှင့်ဒယ်မှာ ချက်ချင်းဆဲရေးလာတော့သည်။
"ရွှမ်းကျန့်ရှာထားတဲ့ ဟိုမသိတတ်တဲ့ကောင်ကြောင့်လေ! ကျွန်တော်က သူ့ဘားမှာ အရက်သောက်နေတုန်း မပြောမဆိုနဲ့ဆွဲခေါ်ပြီး ရိုက်တာ!..မမ!..ကျွန်တော့်ဘက်ကနေ ကူညီ.."
Advertisement
အိမ်ခန်းထဲရောက်နေသည့် ဝိန်းလျန့်ရှန်က ဆူညံသံများကြောင့် အော်ဟစ်လာ၏။
"မဆူကြစမ်းနဲ့!"
ချယ်ရှင့်ဒယ် ချက်ချင်း အသံတိတ်သွားခဲ့၏။
ချယ်ယန့်ချင်၏အမူအရာမှာလည်း အကျည်းတန်နေပြီဖြစ်၍
"ရှင့်ဒယ်! ငါ နင့်ကို ဘယ်နှကြိမ်တောင်ရှင်းပြခဲ့ပြီးပြီလဲ..ကျေးဇူးပြုပြီး အပြင်မှာ ပြဿနာတွေထပ်မရှာလာပါနဲ့တော့..နင် အချုပ်ထဲကထွက်လာတာမှ ဘယ်နှရက်ရှိသေးလို့လဲ..ဒီကိစ္စအတွက်ကြောင့်နဲ့ နင့်ခဲအိုနဲ့ငါလည်း အကြိမ်ကြိမ်စကားများရပြီးပြီ"
ချယ်ရှင့်ဒယ်က မကျေမနပ်ရေရွတ်လိုက်၏။
"ကျွန်တော်မှ ဒီအတိုင်းသည်းညည်းမခံထားနိုင်တာ"
"ဒါဆို ဒီလိုလုပ်..သူတို့ဆီကို ထပ်ပြီးမသွားနဲ့တော့"
ချယ်ရှင့်ဒယ်၏လုပ်ရပ်များကြောင့် ချယ်ယန့်ချင် အတော်လေးပြဿနာများခဲ့ပြီးဖြစ်ကာ အိမ်တွင်း၌လည်း အဆင်ပြေပြေမရှိလှတော့သဖြင့်
"ရွှမ်းကျန့် အဲ့ကလေးမက မသိတတ်ဘူးလေ..ကျေးဇူးကန်းချင်နေမှတော့ ငါတို့ဘက်က ဘာတတ်နိုင်ဦးမှာမလို့လဲ"
ချယ်ရှင့်ဒယ် တံတွေးထွေးလိုက်သည့်အခါ ချယ်ယန့်ချင်က ပို၍ဒေါသထွက်လာပြီး
"သူများက အခုလက်ရှိ သတင်းဌာနမှာအလုပ်လုပ်နေပြီဆိုတော့ လုပ်နိုင်စွမ်းကရှိသင့်သလောက်ရှိနေပြီ..ငါတို့လို သာမန်လူတွေက ဘယ်လိုလုပ်ပြီး ယှဥ်နိုင်တော့မှာလဲ"
"...."
လူနှစ်ယောက်က ဆိုဖာဆီသို့ ရောက်လာခဲ့ကြသည်။
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်ပြီး ရုပ်ရှင်ကြည့်နေသည့် အမျိုးသမီးချောချောတစ်ဦးကိုတွေ့လိုက်သည့်အခါတွင်တော့ ချယ်ရှင့်ဒယ်၏မျက်နှာမှာ တစ်မုတ်ချည်းပြောင်းလဲသွားပြီး ပြုံးဖြီးဖြီးရယ်လာခဲ့သည်။
" 'ရှောင်လင်' ပြန်ရောက်နေပြီလား"
'ကျိန့်လင်' ၏မျက်လုံးများထဲတွင် ရွံရှာစက်ဆုပ်မှုများ ဖြတ်ခနဲလက်သွားပြီး အသံတစ်ချက်မထွက်ဘဲ ငြိမ်နေ၏။
ဤအချိန်တွင် သန့်စင်ခန်းထဲမှ 'ဝိန်းမင်' ထွက်လာခဲ့၏။ အေးဆေးတည်ကြည်သည့်အမူအရာမျိုးဖြင့် အနားသို့လျှောက်လာကာ အမျိုးသမီး၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ထိုအမျိုးသမီး၏ပုခုံးပေါ် လက်တင်ထား၍
"ဦးလေးက ဘာတွေထပ်ဖြစ်လာပြန်တာလဲ"
ကျိန့်လင်က စုတ်တစ်ချက်သပ်ရင်း
"ရှင့်ဝမ်းကွဲညီမကို ထပ်ပြီး ပြဿနာသွားရှာလာတာလေ"
"ဦးလေး"
ဝိန်းမင်၏တည်ကြည်သည့်အမူအရာမှာ ဤစကားကိုကြားပြီးသည့်အခါ ဆက်၍မတည်ကြည်နိုင်ပါတော့ချေ။
"ဒါမျိုးတွေ ထပ်မလုပ်ပါနဲ့တော့ဗျာ"
ချယ်ရှင့်ဒယ်က အကြည့်လွှဲလိုက်ရင်း
"ဘာကိစ္စကြောင့် တစ်ယောက်ပြီးတစ်ယောက် ငါ့ကိုပဲ အပြစ်လာတင်နေတာလဲ..ငါက ဘာပြဿနာတွေရှာနေလို့လဲ! ငါ့မျက်နှာမှာ ဒဏ်ရာတွေတောင်ပါလာသေးတယ်ဟ!"
ကျိန့်လင်က စကားထပ်မဆိုတော့ဘဲ ဝိန်းမင်ကိုသာကြည့်၍ မျက်ဖြူလှန်ပြလိုက်တော့၏။
--------
အိမ်အပြန်လမ်းတွင် ချန်ဝေ့ဟွာက ကားခဏရပ်ပြီး လမ်းဘေးရှိသစ်သီးအရောင်းဆိုင်၌ ဖရဲသီးတစ်လုံးဝယ်နေသည်အားမြင်လိုက်ရခြင်းကြောင့် ဝိန်းရိဖန်သည်လည်း တစ်လုံးဝယ်လာခဲ့သည်။ အိမ်ပြန်ရောက်သည့်အချိန် ဖရဲသီးအား ရေခဲသေတ္တာထဲထည့်ထားခဲ့ပြီး အိပ်ခန်းထဲဝင်ကာ ရေမိုးချိုးလိုက်၏။
ထို့နောက်တွင်တော့ ဝိန်းရိဖန်က မီးဖိုချောင်ထဲပြန်ဝင်လာပြီး ဖရဲသီးဖျော်ရည် ဖျော်ရန် စတင်ပြင်ဆင်တော့သည်။
ဖရဲသီးအား ရေခဲသေတ္တာထဲမှထုတ်ရုံရှိသေး တံခါးဝဆီမှအသံများ ကြားလိုက်ရ၏။
ဝိန်းရိဖန် လုပ်စရာရှိသည့်အရာကို ဆက်လုပ်နေပြီး သိပ်မကြာခင်အတွင်း စန်းရန်လည်း မီးဖိုချောင်ထဲရောက်လာကာ သူမ၏အပြုအမူတို့အား ရပ်ကြည့်နေ၏။
"ဘာလုပ်နေတာလဲ"
"ဖရဲသီးဖျော်ရည် ဖျော်မလို့..သောက်ဦးမလား"
စန်းရန်က မျက်ခုံးပင့်ပြလာ၍
"သောက်မယ်"
"ဒါဆို တစ်ဝက်ပဲလှီးလိုက်ရင် လောက်မယ်လို့ထင်လား..ဖရဲသီးက နည်းနည်းသေးနေသလားလို့"
ဝိန်းရိဖန်က ဓါးကိုင်ရင်း ဟန်ပြင်လိုက်၏။
"ဒါနဲ့..နင် ဒီနေ့ 'Overtime' ကို ဘာသွားလုပ်တာလဲ"
စန်းရန်က သူမ၏လက်ထဲမှ ဓါးကိုလှမ်းယူလိုက်၍
"ချန်ဖေးနဲ့တွေ့တာ"
ဝိန်းရိဖန် ;
"သူ ဒီတစ်ခေါက်တော့ ထွက်လာပြီလား"
"အင်း"
ဝိန်းရိဖန်က သူ့အား ခေါင်းငဲ့ကြည့်လိုက်ရင်း
"နင် သူ့ကိုရိုက်ခဲ့သေးလား"
ဝိန်းရိဖန်၏ပထမဆုံးထင်မြင်ချက်ကြီးကြောင့် စန်းရန်မှာ ကြောင်တောင်တောင်ပင်ဖြစ်သွားရ၏။
"ကိုယ်က လူလိုက်ရိုက်နေတဲ့အရူးနဲ့တူလို့လား"
"စန်းရန်"
ဝိန်းရိဖန်က သူ့စကားနှင့်ပတ်သတ်၍ မည်သည့်မှတ်ချက်မျိုးမှမပြုဘဲ သူမ ဆိုလိုချင်သည့်စကားကိုသာ စဥ်းစားပြီး ဆက်ပြောလာခဲ့သည်။
"ပြဿနာကို ခွန်အားသုံးပြီး မဖြေရှင်းရဘူး..အခုခေတ်မှာ အရာရာတိုင်းကိုဖြေရှင်းပေးမယ့် ဥပဒေရှိတယ်"
ဤစကားကိုကြားသည့်အခါ စန်းရန်၏နှုတ်ခမ်းပါး ခပ်လျော့လျော့ဖြစ်သွားခဲ့၏။
"တကယ်လို့ အရမ်းမုန်းနေတဲ့လူဆိုရင်ရော"
တစ်စုံတစ်ရာကိုတွေးကြည့်နေသည့်အလား ဝိန်းရိဖန် သုံးလေးစက္ကန့်ကြာကြာ ငြိမ်သက်သွားခဲ့၏။
"ဒါလည်း အတူတူပဲ"
"...."
"နင် သူများတွေကိုမရိုက်နဲ့တော့..မကောင်းဘူး"
ဝိန်းရိဖန်က ဖရဲသီးခွဲနေသည့် စန်းရန်ကိုကြည့်ရင်း ဆက်၍
"ချန်ဖေးနဲ့သွမ့်ကျားရွှီကလည်း အရမ်းလွန်တဲ့ကိစ္စမျိုးကိုလုပ်ထားတာမှမဟုတ်တာ..ပြီးတော့ သူတို့က နင့်သူငယ်ချင်းတွေ...."
စန်းရန်က ဖရဲသီးတစ်စိတ်ကို ဝိန်းရိဖန်၏ပါးစပ်ထဲ ထည့်လိုက်၏။
"သိပြီ"
ဝိန်းရိဖန်လည်း ကျန်နေသေးသည့်စကားများကို ဆက်မပြောလာတော့၏။ ကြည့်ရသည်မှာ စန်းရန်က ဤကိစ္စအား လွယ်လွယ်နှင့်အလျော့ပေးချင်ပုံမရဘဲ စကားသံ ပျင်းတိပျင်းရွဲဖြင့်
"ကိုယ် သတိထားပါ့မယ်"
ရဲအရာရှိများ၏ သတိပေးစကားက အသုံးတည့်သွားခြင်းကြောင့်လားမသိ ၊ ချယ်ရှင့်ဒယ်နှင့်ချယ်ယန့်ချင်တို့အား အချိန်တစ်ခုစာအတွင်း ထပ်မတွေ့ဖြစ်ခဲ့၏။ စိတ်ထင်ယောင်ထင်မှားဖြစ်နေခြင်းလားလည်းမသိ ၊ စန်းရန်နှင့် အကျိုးသင့်အကြောင်းသင့်စကားပြောပြီးကတည်းက အခြေအနေအားလုံးမှာလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
ဆယ်လပိုင်းထဲဝင်လာသည့်အခါ ဝိန်းရိဖန်သည် အိမ်ခန်းပိုင်ရှင်ထံမှ အကြောင်းကြားသည့်မက်ဆေ့တစ်ခု ရလိုက်၏။
အဓိကဆိုလိုရင်းမှာ သမီးဖြစ်သူက မကြာခင်လက်ထပ်တော့မည်ဖြစ်သည့်အတွက် ဤအိမ်ခန်းအား မင်္ဂလာခန်းအဖြစ် ပြန်လည်ပြင်ဆင်ပြီးအသုံးပြုမည့်အကြောင်းဖြစ်သည်။ သူတို့အား စာချုပ်ချုပ်ထားသည့် သတ်မှတ်ကာလအတိုင်း နောက်နှစ် ၃လပိုင်းအမီ ပြောင်းပေးရန် ဆိုထားခြင်းဖြစ်၏။
ဤမက်ဆေ့ကြောင့် ဝိန်းရိဖန်သည် သူမနှင့်စန်းရန် အိမ်ခန်းမျှ၍အတူတူနေလာခဲ့သည်မှာ နှစ်နှစ်နီးပါးပင်ရှိပြီဖြစ်ကြောင်း တွေးကြည့်မိလိုက်၏။ အတွေးများကိုပြန်ရုတ်သိမ်းရင်း ချက်ချင်းစာပြန်လိုက်၏။
[ ကောင်းပါပြီ ]
ဘေးနားရှိ စုထျန်းက စကားပြောရန် အနားသို့ရောက်လာ၍
"ရိဖန်"
ဝိန်းရိဖန် မျက်လုံးပင့်ကြည့်လိုက်၏။
"အမ်?"
"ငါ ရုတ်တရက်တွေးမိတာလေးရှိလို့..နင် အရင်တုန်းက ယောက်ျားလေးတစ်ယောက်နဲ့ အိမ်ခန်းအတူတူမျှနေတယ်လို့ ပြောဖူးတယ်လေ..အဲ့ဒါ အခု နင့် စန်းဘဲဘုရင်ကြီးနဲ့တွဲနေတဲ့အချိန် သူက ဘာမှမပြောဘူးလား"
ဝိန်းရိဖန်က ကြောင်အမ်းနေရင်း တိုက်ရိုက်ဝန်ခံလာလေသည်။
"သူက ငါ့အိမ်ခန်းဖော်ပဲလေ"
"...."
တစ်ခဏတာကြာသွားပြီးသည့်အခါ။
စုထျန်းက တိုးတိုးသာသာဆဲရေးပြီး
"ငါလခွမ်း..နင် အဲ့လိုအိမ်ခန်းဖော်မျိုး ဘယ်က သွားရှာလာတာလဲ..ငါလည်း တစ်ယောက်လောက်ရှာချင်တယ်လေ"
ဝိန်းရိဖန် သဘောတကျရယ်လိုက်ရင်း
"နင့် လင်းစွင်ကြားသွားမှာကို မကြောက်ဘူးလား"
"သူကဖြင့် ကျင့်သားရနေပြီ..အေ့ ဒါဆို နင်တို့နှစ်ယောက်က living together လို့သတ်မှတ်လို့ရပြီလား"
ဝိန်းရိဖန် ;
"မရလောက်သေးဘူး"
စုထျန်း ;
"ဘာလို့ မရရမှာလဲ! နင်တို့နှစ်ယောက် တစ်ခန်းထဲအိပ်တာ မဟုတ်ဘူးလား"
"အင်း..ငါတို့နှစ်ယောက်က သပ်သပ်စီအခန်းခွဲအိပ်တာ"
"...."
စုထျန်းမှာ ဆွံ့အနေရင်း မယုံကြည်နိုင်သလိုပင် ဖြစ်နေ၏။
"ငါ မှတ်မိတာတော့ နင်နဲ့သူ တွဲနေတဲ့ကာလကလည်း မနည်းတော့သလားလို့..အခုထိ ပလေတိုအဆင့်ပဲရှိသေးတာလား?"
(ပလေတိုအဆင့် - မအိပ်ရသေးခင် )
ဝိန်းရိဖန်က ကွေ့ဝိုက်ပြီးဖြေလိုက်၏။
"ဒီအတိုင်း တစ်ခန်းထဲတူတူမနေရုံပါ"
စုထျန်း ;
"ဘာလို့လဲ?"
ဝိန်းရိဖန် ;
"တရားမဝင်သေးလို့လေ"
"...."
ဆိုလိုရင်းကို သဘောပေါက်သွားသည့်အခါတွင်တော့ စုထျန်းက သဘောတကျရယ်မိပါတော့၏။ တစ်ကိုယ်တည်း တော်တော်ကြာအောင် ရယ်နေမိပြီးမှ
"ဒါဆို နင်တို့က ဘယ်အချိန်ကျမှ တရားဝင်ပြီလို့ သတ်မှတ်မှာလဲ?..နင် သူ့မိဘတွေနဲ့ရော တွေ့ပြီးပြီလား"
"မ..."
ဝိန်းရိဖန်က အလိုလိုဖြေခါနီးတွင်မှ တစ်စုံတစ်ရာကို သတိရပြီး စကားပြောင်း၍ဆိုလိုက်၏။
"သူ့မေမေကိုတော့ ငါ တွေ့ဖူးတယ်"
"အာ?"
ဝိန်းရိဖန် မရှင်းပြလိုက်ရခင် စားပွဲပေါ်တင်ထားသည့် လက်ကိုင်ဖုန်းက ရုတ်တရက်မြည်လာခဲ့၏။ ခေါ်ဆိုသူမှာ 'ချန်ဝေ့ဟွာ' ။ စုထျန်းအား ခဏလေးစောင့်ရန်ပြောပြီး ဖုန်းလက်ခံဖြေဆိုလိုက်၏။
ချန်ဝေ့ဟွာ၏အသံမှာ တစ်ဖက်မှချက်ချင်းထွက်ပေါ်လာခဲ့သည်။
"အခု ဌာနထဲမှာလား"
ဝိန်းရိဖန် ;
"ဟုတ်ပါတယ်"
ချန်ဝေ့ဟွာ ;
"သာ့ကျွမ့်ရော ရှိလား"
ဝိန်းရိဖန်က ဘေးဘက်သို့လှမ်းကြည့်လိုက်၍
"ဘေးနားမှာ စာမူရိုက်နေတယ်"
ချန်ဝေ့ဟွာ ;
"ဟုတ်ပြီ..အောက်ဆင်းလာခဲ့..သာ့ကျွမ့်ကိုပါ ခေါ်လာ..ဆရာတို့ ပေယွီကို အလုပ်ခရီးထွက်ရမယ်"
ဤအခြေအနေမျိုးက တစ်ကြိမ်နှစ်ကြိမ်လည်းမကတော့သဖြင့် နှစ်ယောက်သားက ပစ္စည်းများအသင့်ပြင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
ဝိန်းရိဖန်က ထုံးစံအတိုင်း အရှေ့ခုံ၌ဝင်ထိုင်လိုက်ပြီး အခြေအနေကိုမေးမြန်းလိုက်၏။
"လောင်ရှစ်..ပေယွီမှာ ဘယ်လိုအရေးပေါ်ကိစ္စမျိုးဖြစ်လို့လဲ"
ချန်ဝေ့ဟွာက ကားစက်နှိုးလိုက်ရင်း တစ်ပြိုင်နက်တည်းစကားဆိုလာသည်။
"သတင်းက အခုလေးတင်ရတာ..သတင်းအသေးစိတ်ကိုတော့ ရဲစခန်းကဖုံးထားတာမလို့ မသိရသေးဘူး..ပေယွီမှာ လွန်ခဲ့တဲ့လေးနှစ်က တက္ကသိုလ်ကျောင်းသူပျောက်ဆုံးသွားတဲ့ကိစ္စတစ်ခုရှိခဲ့တယ်..အဲ့ဒါကို လွန်ခဲ့တဲ့ရက်ပိုင်းကမှ အမျိုးသမီးတစ်ယောက်က သက်သေမှတ်တမ်းနဲ့အတူ ရဲစခန်းမှာ အမှုဖွင့်ပြီး ပြန်တိုင်တန်းခဲ့လို့"
ဝိန်းရိဖန်က လက်တော့ကိုဖွင့် ၊ နားထောင်နေရင်း စာစီလိုက်၏။
"တက္ကသိုလ်ကျောင်းသူက အဲ့အချိန်တုန်းက အဓမ္မကျင့်အသတ်ခံထားရပြီး အလောင်းကို ပေယွီရဲ့အနောက်ဘက်တောင်ရဲ့ဆင်ခြေဖုံးရပ်ကွက်ထဲမှာ တွေ့ခဲ့တာ..အခု အမှုဖြေရှင်းရေးအဖွဲ့ကို ဖွဲ့လိုက်ပြီး တရားခံကိုလည်း ဝရမ်းထုတ်လိုက်ပြီ"
စကားဆိုနေရင်း ချန်ဝေ့ဟွာက ရုတ်တရက်တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့်
"ဒါနဲ့ ရိဖန်..ဒီတရားခံကို မင်းလည်း သိနေပြီးသား"
Advertisement
- In Serial22 Chapters
I Became The Mother Of The Male Lead’s Children
She became the wife of a male lead inside the novel that she couldn’t finish.
8 352 - In Serial49 Chapters
The Nerdy Twin ✔️
All Willow ever wanted was to be happy, take care of her younger brother Charlie and escape the claws of her chaotic mother. Moving to a new town after her mom's fourth marriage didn't fit into her plans. To her it was just a pit stop before she and Charlie took the journey of their lives. She just didn't expect to meet quiet, reserved, nerdy Matthias. He was definitely not in the plan so she either had to get rid of him or find a way to make him part of her journey.
8 129 - In Serial81 Chapters
Innocent Love
His hands cold, his eyes dark holding something that no one knows. A dark aura on him that makes people stay away. He's a loner, everyone avoids him like the plague because of what he is, no one understands him and they never will. His hunger and aggression begging to be let out, sometimes it gets the better of him. Unless it's her. The innocent, least toxic person in school. She is the only one to tame the beast. The need to protect her indescribable. Not to mention the desire to have her as his own, to bite every inch of her leaving his mark. He's Karter, not to be messed with. She's Nova, innocent and unaware of the dangers outside of her little house. That is until on a run they meet someone. A person they didn't expect nor think was possible with how close Karter and Nova are. When the unexpected happens to people who didn't think anything outside of their little group. What happens when a new addition comes along. ~~~~~~~With her hand on mine, she pressed my fingers to her wet core. A moan came from her lips letting me pull away to see her face lost in pleasure. Alaric kissed her neck looking at me before claiming Novas lips. I wanted to be mad but instead I was insanely turned on. I don't like the idea of sharing Nova, possessive I know, but this is a whole new level of pleasure. Slowly I started rubbing my fingers on her clit earning a moan from my mate. Alaric's palm covered her boob massaging it like I've once done. "No going all the way." Alaric looked at me. I nodded. "But do what she tells us." I agreed. ~~~~~With a rare friendship, between a dominant hybrid and a submissive runt, what will happen? Will Nova and Karter fall for each other, or will fate not be on their side? Fourth book in the series, please read Rejected by my mates (even if it isn't the best book of the series)TheoUnrequited
8 106 - In Serial8 Chapters
Get Diddled
In which 3 male best friends get diddled.In no way is this book meant to be taken seriously. It's basically just a shitpost
8 79 - In Serial29 Chapters
Barron's Second Chance
*Story removed and currently being edited, with new parts added***Follow me on https://www.instagram.com/s.t.moors/ for updates Eden and Barron were highschool sweethearts until an unthinkable betrayal tore them apart. When these two meet again, will forgiveness be on the cards? Or will Eden always be the one who got away?
8 126 - In Serial164 Chapters
[BL] [Book 1] Cannon Fodder Little Husband [Quick Wear]
Cannon Fodder Little Husband [Quick Wear]炮灰小夫郎[快穿]Author張三悟Status349 ChaptersDescription After Wu Bai died, he crossed over and became a little husband who died tragically. In his previous life, Wu Bai changed from a village boy to an enviable prime minister's husband. Apart from suffering before he got married, his life was like being in a honey pot. His husband was loving, his children were filial and prosperous, and he was dying, before, he closed his eyes contentedly. Who would have thought that after his death, he would start all kinds of life journeys, but fortunately, the people around him have always been with him.--NOTE: FOR OFFLINE PURPOSES SO DON'T REPOST MTLED IF YOU DON'T UNDERSTAND THEN IT IS IN POOR QUALITY I DID THIS FOR PEOPLE LIKE ME WHO CAN'T AFFORD PROPERLY TRANSLATED AND LIMITED INTERNET CONNECTION SO PLEASE DON'T CRITICIZE THE QUALITY NOR THE WAY I MTLED IT THANK YOU
8 190

