《First Frost (Myanmar Translation)》Chapter 73
Advertisement
ဤစကားတစ်ခွန်းအဆုံးတွင်။
ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံး အောင့်သက်သက်နိုင်သည့်အခြေအနေမျိုးဖြစ်သွားခဲ့သည်။
စုထျန်းသည်လည်း အခြေအနေမှာ တစ်ခုခုလွဲမှားသွားကြောင်း သတိထားမိလိုက်သည်နှင့်တပြိုင်နက် သူမ၏စကားမှားသွားမှန်း ရိပ်မိသွား၏။ ကသိကအောက်နိုင်နေသည့်ကြားမှ စကားလုံးကို ခပ်ရှက်ရှက်ဖြင့်သာ ပြောင်းပြောလိုက်ရတော့သည်။
"အာ..ဒီတစ်ယောက်က နင့်ရဲ့ချစ်သူကောင်လေးလား"
ဝိန်းရိဖန်လည်း စန်းရန်အား အလိုလိုလှမ်းကြည့်မိလိုက်သည်။
လက်ရှိအချိန်တွင် စန်းရန်က သူမအား လှမ်းကြည့်နေခြင်းဖြစ်ကာ အထက်စီးဆန်လွန်းနေသည့်အကြည့်နှင့်အမူအရာတို့ကြောင့် သူ့အတွေးများကို မခန့်မှန်းနိုင်ပါချေ။
စန်းရန် ကြားသွားခြင်းရှိမရှိကိုလည်း မသိသဖြင့် ချော်လဲရောထိုင်သာလုပ်လိုက်တော့၏။
"အင်း ဟုတ်တယ်..ငါ့ကောင်လေး စန်းရန်"
စကားအဆုံးတွင် ဝိန်းရိဖန်က စန်းရန်ဘက်သို့ ထပ်လှည့်လိုက်၍
"ဒီတစ်ယောက်က ငါ့အလုပ်ကမိတ်ဆွေ..စုထျန်း"
စန်းရန်၏ 'အင်း' ဆိုသည့်အသံတစ်ခု။
ထိုအခါ စုထျန်း၏မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် အမျိုးသားက စကားဆိုလာခဲ့သည်။
"ရှောင်ထျန်း..မင်းရဲ့မိတ်ဆွေလား"
စုထျန်းက ခေါင်းငြိမ့်ပြ၍
"ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်..ဝိန်းရိဖန်တဲ့"
ထိုအမျိုးသားမှာ ယဥ်ကျေးပျူငှာစွာဖြင့် စတင်ဖိတ်ခေါ်လာခဲ့သည်။
"ကျွန်တော်တို့တွေ ဆုံမိကြပြီဆိုမှတော့ တစ်ဝိုင်းတည်းထိုင်ကြမလား"
ဝိန်းရိဖန်က ဤကိစ္စနှင့်ပတ်သတ်ပြီး မဆုံးဖြတ်ချင်သဖြင့် စန်းရန်အား လှမ်းကြည့်ကာ မျက်လုံးဖြင့် အမေးအမြန်းပြုလိုက်သည်။
စန်းရန်က သူမအား အဓိပ္ပါယ်ပါပါဖြင့် သုံးလေးစက္ကန့်ကြာအောင်စိုက်ကြည့်နေပြီးမှ ထိုအမျိုးသားဘက်သို့လှည့်သွားပြီး ခေါင်းငြိမ့်ပြ၏။
"အင်း..ကျွန်တော် စားပွဲထိုးကို စားပွဲဝိုင်းအကြီးနဲ့လဲပေးဖို့ပြောလိုက်မယ်"
နေရာထိုင်ခင်း၌ အသင့်ထိုင်ကြပြီးနောက်တွင်တော့ စုထျန်းမှာ ဝိန်းရိဖန်အား တောင်းပန်လိုသည့်အကြည့်မျိုးဖြင့်လှမ်းကြည့်လာသည်။ ဝိန်းရိဖန်က စုထျန်း၏ဆိုလိုရင်းကိုနားလည်ကာ ဘာမှမဖြစ်သည့်အကြောင်း အသာအယာခေါင်းရမ်းပြ၏။
စုထျန်း၏အမူအရာက ထိုအခါတွင်မှ သက်သာရာရသွားပြီး လေးဦးသားက အချင်းချင်းမိတ်ဆက်ပေးရင်း စကားစမြည်ဆိုကြသည်။
စုထျန်းခေါ်လာသည့်အမျိုးသားမှာ သူမ၏ချစ်သူကောင်လေး 'လင်းစွင်' ဖြစ်သည်။ စုထျန်း၏ပြောပြထားပုံအရ ဤအမျိုးသားက စုထျန်း၏ တစ်လပြည့်အောင်မတွဲရသေးသည့် ရည်းစားအသစ်ဆိုသည့်လူမှန်း ဝိန်းရိဖန် ခန့်မှန်းမိသည်။
ယောက်ျားသားနှစ်ဦးမှာ သူတစ်လှည့် ငါတစ်လှည့်ဖြင့် စကားစ မပြတ်နိုင်။
စကားပြောနေစဥ်အတွင်း စန်းရန်က ရေနွေးတစ်ခွက်ကိုငှဲ့ပြီး ဝိန်းရိဖန်၏အရှေ့သို့ ချပေးလာခဲ့သည်။ သူမ ကောက်ယူပြီးတစ်ငုံစာသောက်ရုံပင်ရှိသေး ဘေးနားတွင်ချထားသည့်ဖုန်းမက်ဆေ့သံမြည်လာခဲ့ရာ အားနေသည့်လက်တစ်ဖက်ဖြင့် ဖုန်းဖွင့်ကြည့်လိုက်သည်။
စုထျန်းထံမှ မက်ဆေ့။
စုထျန်း ; [ ငါလခွမ်း! ငါ စဥ်းစားလို့ရသွားခဲ့ပြီ! ]
စုထျန်း ; [ နင့်ကောင်လေးက လမ်းသရဲလမ်းမကြီးရဲ့ ဟိုအဓိကခေါင်းကြီးသင်္ကေတမလား ? ? ? ]
ဝိန်းရိဖန်မှာ ရေသီးလုနီးနီး။
သူမ၏လှုပ်ရှားမှုကြောင့် စန်းရန်က လှည့်ကြည့်လာခဲ့ကာ လက်တစ်ဖက်ဖြင့် သူမ၏ကျောပြင်အား အသာအယာပုတ်ပေးလာခဲ့သည်။ သူ့မျက်နှာအနေအထားက ပြောင်းသွားခြင်းမရှိ ၊ စကားသံတို့ကလည်း ဖွဖွလေးဖြစ်၍
"ဖြည်းဖြည်းသောက်"
နောက်တွင် အကြည့်လွှဲသွားပြီး လင်းစွင်နှင့်ဆက်၍ စကားပြောနေ၏။
ကျောကို ပုတ်ပေးနေသည့်လက်တစ်ဖက်မှာတော့ အဆက်မပြတ်ပါပေ။
ဝိန်းရိဖန် နှုတ်ခမ်းကိုကွေး၍ပြုံးပြပြီး တစ်ဆက်တည်း ခေါင်းပါငြိမ့်ပြလိုက်၏။ မျက်လုံးပင့်ကြည့်လိုက်သည့်အခါ စုထျန်း၏အပြုံးကြီးနှင့် တည့်တည့်တိုးလေပြီး နောက်တွင် လက်ကိုင်ဖုန်းကို တဖန်ပြန်ငုံ့ကြည့်လိုက်သည်။
စုထျန်း ; [ ငါ အရင်တုန်းက 'Overtime' ဘားကို သွားတဲ့အချိန် သူ့ကို ခဏခဏတွေ့ဖူးတယ် ]
စုထျန်း ; [ ဟား ဟား ဟား ဟား ရယ်ရလွန်းလို့သေတော့မယ်..နင်ကိုယ်တိုင် ဘဲဘုရင်ကြီးလို့တင်စားထားတာကို ငါ မထူးဆန်းတော့ဘူး ]
စုထျန်း ; [ ဝူး ဝူး ဝူး တကယ်ကြီးကိုအမိုက်စား..ငါ နောက်ဆုံးတော့ နင့်ဘက်က ဘာဖြစ်လို့လိုက်ပိုးပမ်းရလဲဆိုတာကို နားလည်သွားပြီ ]
စုထျန်း ; [ ဒီလောက်ထိ မိုက်ပြီး ဂရုစိုက်တတ်တာ..နင် ရေသီးသွားတာကိုမြင်တော့ ဖြေးဖြေးသောက်ဆိုပြီးသာ ပြောလာပေမယ့် သူ့လက်တစ်ဖက်က အခုထိ နင့်ကျောကိုပုတ်ပေးနေတုန်း! ! ! ]
စုထျန်းက အဘယ်ကြောင့် ရုတ်တရက်ကြီး စန်းရန်၏ fangirl ဖြစ်သွားမှန်း ဝိန်းရိဖန် နားမလည်တော့ချေ။
ဤအခိုက်အတန့်တွင်တော့ စန်းရန်က လမ်းသရဲလမ်းမကြီးထဲတွင် အမှန်တကယ်ကိုနာမည်ကြီးဖြစ်ကြောင်း သူမ လက်ခံလိုက်ရတော့သည်။
ယခုလိုမျိုးအား ဘယ်လိုနည်းလမ်းဖြင့်နာမည်ကြီးလာသည်ဟု ဖော်ပြရမည်မှန်းပင် မသိ။
ဝိန်းရိဖန် ရေတစ်ငုံထပ်သောက်လိုက်၏။
ချက်ချင်းဆိုသလို စုထျန်းက မက်ဆေ့ထပ်ပို့လာသေး၏။
[ ဒါနဲ့..နင် သူ့ကို ဒီလိုနာမည်ပေးထားမှန်း သူ သိထားလား ]
ဝိန်းရိဖန် ; [ သူ မသိဘူး..ဒါပေမယ့် ခုဏတုန်းက ကြားလိုက်မကြားလိုက်တော့ ငါလည်း မသေချာဘူး ]
စုထျန်း ; [ သေချာပေါက် ကြားသွားတာပေါ့ဟ qwq ]
ဝိန်းရိဖန် စာမပြန်ရသေးခင် စန်းရန်က ရုတ်တရက်ဆိုသလို စုထျန်းဘက်သို့လှည့်လာပြီး ယဥ်ယဥ်ကျေးကျေးပြုံးပြ၍
"စုထျန်း..ကျွန်တော် ရိဖန်ဆီကနေ အစ်မရဲ့အကြောင်းကို မကြာခဏကြားဖူးပါတယ်..ကုမ္ပဏီမှာ အစ်မက သူ့ကို အမြဲတမ်းစောင့်ရှောက်ပေးတယ်တဲ့..ကျေးဇူးတင်ပါတယ်"
စုထျန်းက လက်ကိုင်ဖုန်းကို ချက်ချင်းအောက်ချလိုက်ပြီး အားနာသည့်အလား လက်ဝေ့ရမ်းပြလာခဲ့သည်။
"မဟုတ်တာ မဟုတ်တာ..ရိဖန်က သဘောလည်းကောင်းပြီးသိမ်မွေ့တဲ့သူ..ကျွန်မကသာ စောင့်ရှောက်ပေးခံနေရတာပါ"
စုထျန်းက ဆက်၍
"ရိဖန်ဆီကနေလည်း အစ်ကို့ရဲ့အကြောင်းတွေကို အများကြီးကြားဖူးထားပါတယ်"
စန်းရန်က မျက်ခုံးပင့်လာကာ အထူးတလည်ကိုစိတ်ဝင်စားသွားခဲ့၏။
"အို့?..သူက ကျွန်တော့်အကြောင်း ဘာတွေများပြောထားတာလဲ"
"အများဆုံးပြောတာတော့ အစ်ကိုက ရုပ်ချောတဲ့အကြောင်း..ရုပ်ချောလွန်းလို့ ဘဲ...."
Advertisement
စုထျန်းခမျာ ဖွဖွလေးချောင်းဆိုးလိုက်မိပြီး စကားလုံးများကို ချက်ချင်းပြန်မျိုချလိုက်၍
"သူတွေ့ဖူးသမျှထဲမှာ ရုပ်အချောဆုံးယောက်ျားလေးတဲ့..ပြီးတော့ အစ်ကိုကသဘောလည်းကောင်းတဲ့အပြင် သူ့ကိုလည်း ဂရုစိုက်တယ်တဲ့"
"ဟုတ်လား?"
စန်းရန်က ဝိန်းရိဖန်ဘက်သို့ လှည့်ကြည့်လာကာ တစ်ချက်ပြုံးပြလိုက်၏။ ထိုအပြုံးများထဲတွင် ဖုံးဖိထား၍မရတော့သည့် မထီမဲ့မြင်ပြုခြင်းများက တစိမ့်စိမ့်ထွက်ကျလျက်။
"ကျွန်တော့်ကိုလည်း သူ အမြဲတမ်းအဲ့လိုပြောနေကျ"
ဝိန်းရိဖန် ; "...."
ထမင်းစားပြီးနောက်တွင် လေးဦးသားက တစ်ခဏကြာကြာ စကားစမြည်ပြောပြီးသည်နှင့် ပြန်လာခဲ့ကြသည်။
အိမ်ပြန်လမ်းတစ်လျှောက်တွင် ဝိန်းရိဖန်၏စိတ်အခြေအနေမှာ အတော်လေးသက်တောင့်သက်သာမရှိလှ ၊ အဘယ်ကြောင့်ဆိုသော် 'ဘဲဘုရင်ကြီး' ဆိုသည့်စကားလုံးကို စန်းရန် ကြားမကြား မသေချာခြင်းကြောင့်ဖြစ်သည်။ သူမအနေဖြင့် စကားဦးချီ၍လည်း မပြောရဲသဖြင့် တစ်ခဏကြာကြာငြိမ်နေခဲ့ကာ စန်းရန်က ပုံမှန်အတိုင်းသာရှိနေခဲ့သည်ကိုမြင်ပြီးမှ စိတ်လျော့ချလိုက်နိုင်သည်။
အိမ်ပြန်ရောက်သည့်အခါ။
ဝိန်းရိဖန်က အိမ်နေရင်းဖိနပ် လဲစီးနေရင်း အလျင်းသင့်သလိုစကားဆိုလိုက်၏။
"ငါ့အမြင်မှာလေ နင်က ယောက်ျားလေးတွေနဲ့ပေါင်းသင်းတဲ့နေရာမှာ အရမ်းတော်တယ်သိလား..အထက်တန်းကျောင်းတုန်းကဆိုလည်း အတူတူပဲ..အခု နင် လင်းစွင်နဲ့ပထမဆုံးတွေ့ဖူးတာတောင်မှ သူနဲ့ စကားတွေအများကြီးပြောနိုင်သေးတယ်"
စန်းရန်က 'အင်း' ဟု ပျင်းတိပျင်းရွဲဖြင့် ပြန်ဖြေလာ၏။
"လင်းစွင်ဆိုတဲ့လူကလည်း ကြည့်ရတာ နွေးနွေးထွေးထွေးနဲ့ အတော်လေးရည်မွန်မယ့်ပုံပါပဲ"
ဝိန်းရိဖန်က ဆိုဖာထက်တွင်ထိုင်ပြီး ဆက်၍
"စုထျန်းက အဲ့လို ရင့်ကျက်ပြီးတည်ငြိမ်တဲ့ပုံစံမျိုးကို သဘောကျတာထင်တယ်"
"အို့..အရမ်းကို အသစ်အဆန်းဖြစ်ရပါတယ်"
ဝိန်းရိဖန် ကြောင်အမ်းသွားရ၏။
"ဘာဖြစ်တယ်?"
စန်းရန်က ရေတစ်ခွက်ငှဲ့ပြီး သူမ၏လက်ထဲထည့်ပေးလာ၏။ နောက်တွင် သူမဘက်သို့လှည့်ကာ တည့်တည့်စိုက်ကြည့်လာ၍
"သာမန်လူတွေရဲ့ လက်တွဲဖော်ရွေးချယ်သတ်မှတ်ထားတဲ့စံနှုန်းက အနည်းဆုံးတော့ 'လူ'တစ်ယောက်ဖြစ်ရင်ရပြီဆိုတဲ့စံနှုန်း"
"...."
ကျန်နေသေးသည့်စကားများထွက်မကျလာခင် သူဆိုလိုချင်သည်နှင့်အဓိပ္ပါယ်အား ဝိန်းရိဖန် နားလည်နေနှင့်ပြီ။
"ကိုယ့်ကောင်မလေးကကျတော့ တမူထူးခြားစွာနဲ့ကို အသစ်အဆန်း.."
စန်းရန်က အပြုံးမမြည်သောအပြုံးဖြင့်
"သူများနဲ့မတူတဲ့ ဘဲတစ်ကောင်ကို ရွေးထားတာလေ"
"...."
ဝိန်းရိဖန်၏ဦးရေပြားတစ်ခုလုံး ထုံထိုင်းနေသည့်အလား မကြားချင်ယောင်ဆောင်နေကာ ရေခွက်ကိုပြန်လှမ်းပေးလိုက်၍
"သောက်ဦးမလား"
စန်းရန်က ပြုံးနေရင်း
"မသောက်ဘူး"
ဝိန်းရိဖန် 'အို့' ဟုအသံတစ်ချင်ပြုပြီး ကိုယ့်ဘာသာကိုယ်ဆက်သောက်နေလိုက်၏။
"ကိုယ် ရှင်းရှင်းလင်းလင်း မသိသေးတာကလေ.."
စန်းရန်က ဆိုဖာနောက်သို့ ကျောမှီထိုင်လိုက်ပြီး နှစ်ယောက်တည်းသာရှိတော့သည့်နေရာသို့ ရောက်သည့်အခါ စတင်ပြီး စာရင်းရှင်းဖို့ရာ ပြင်နေပါတော့သည်။
"ကိုယ့်ရဲ့အရည်အချင်းတွေက အစတည်းကကို ဒီလောက်ကြီးထိမြင့်လွန်းနေခဲ့လို့ ဘဲဘုရင်ကြီးအဆင့်ထိ ရောက်နေပြီပဲထား.."
"...."
"ဒါနဲ့များ တစ်ယောက်ယောက်က ပြောဖူးထားသလားလို့.."
စန်းရန်၏လက်ချောင်းထိပ်များက သူမ၏လက်ချောင်းများကို လှမ်းချိတ်လာပြီး ထိုမှတဆင့် လက်ကောက်ဝတ်ပေါ်သို့ တဖြည်းဖြည်းတက်လာကာ စိန်ခေါ်နေသည့်စကားသံတို့ဖြင့်
"ကိုယ့်ရဲ့ဝန်ဆောင်မှုတွေက သတ်မှတ်ထားတဲ့စံနှုန်းကိုမမီသေးဘူးဆိုပြီး.."
ဝိန်းရိဖန်က မနေနိုင်အောင် ပြန်ပြောလာခဲ့၏။
"နင် ခုဏတုန်းကကျတော့ ဘာလို့မပြောဘဲငြိမ်နေတာလဲ"
စန်းရန်က မျက်ခုံးကိုပင့် ၊ အသံအနေအထားကိုနိမ့်လိုက်၍
"ဒီစကားတွေက ပြောထွက်လာဖို့ခက်တယ်လေ"
"...."
ဝိန်းရိဖန်၏အမြင်တွင် စန်းရန်၏ပုံစံမှာ ပြောထွက်ရခက်နေသည့်အခြေအနေမျိုး လုံးဝ လုံးဝ လုံးဝ မဟုတ်။
ပြောင်းပြန်အနေဖြင့် ထိုလူမှာ နေရာမျိုးစုံ သရုပ်ဆောင်ကွက်မျိုးစုံကို အမြန်ဆုံးပြောင်းနိုင်သည့်လူပင်။
"ဒါကတော့..နင် အပြင်ထွက်ပြီးပစ္စည်းတစ်ခုခုဝယ်ပြီပဲထား..ပစ္စည်းတစ်ခုအပေါ် စိတ်ကျေနပ်မှုအပြည့်ရှိနေပြီးရင်တောင်.."
ဝိန်းရိဖန်က ဖန်ခွက်ကိုချလိုက်ပြီး တည်ငြိမ်ချင်ယောင်ဆောင်၍
"မဖြစ်မနေ လျော့စျေးပေးဖို့ စျေးဆစ်ကြသေးတာပဲဟာ"
နှစ်ဦးသား၏ မျက်ဝန်းနှစ်စုံမှာ အကြည့်ချင်းဆုံလျက်။
စန်းရန်က သူမ၏စကားနှင့်ပတ်သတ်ပြီး မှတ်ချက်ပြုမလာပါပေ။
သူ့အမူအရာကိုကြည့်နေရင်း ဝိန်းရိဖန်က အနားသို့ကပ်လိုက်ကာ သူ့အား ဖွဖွလေးနမ်းလိုက်၏။ ဘာကြောင့်မှန်းမသိ ရယ်ချင်နေသောကြောင့် ချက်ချင်းရပ်လိုက်ပြီး တစ်ကိုယ်တည်းရယ်နေလေတော့သည်။
စန်းရန် ;
"ဘာရယ်တာလဲ?"
"ငါ အဲ့အချိန်တုန်းက နင့်ကို ဘယ်လိုစကားမျိုးနဲ့ပုံဖော်ပြရမယ်မှန်း စဥ်းစားမရခဲ့လို့..'ခေါင်းကြီးသင်္ကေတ'လို့ ပြောလိုက်ရင် စုထျန်းက နင်မှန်း တန်းသိသွားမှာကိုကြောက်လို့ အဓိပ္ပါယ်ချင်းဆင်တဲ့စကားလုံးကို မနည်းစဥ်းစားပြီးပြောခဲ့ရတာ"
စန်းရန်က သူမ၏လက်ချောင်းများကို ဖြစ်ညှစ်ပစ်လိုက်၏။
"ငါတို့နှစ်ယောက် တွဲလိုက်ပြီဖြစ်တဲ့အကြောင်း စုထျန်းကို ပြောပြတဲ့အချိန်.."
ဝိန်းရိဖန်က ထပ်၍ရယ်လိုက်ရင်း
"သူက ငါ့ကိုပါ ဘဲမိဖုရားခေါင်ကြီးလို့ ခေါ်တာ"
ဤစကားကိုကြားသည့်အခါ စန်းရန်၏မျက်ခုံးများလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သည်။
အကြောင်းစုံရှင်းပြပြီးသည့်နောက် ဝိန်းရိဖန်က ဆက်၍အနမ်းခြွေရင်း ဝိုးတိုးဝါးတားဖြင့်စကားဆိုလိုက်၏။
"ငါလည်း နင့်ဘက်ကပါပဲနော်" ( means we are family )
"...."
--------
ရှေ့လျှောက်ရက်များတွင်။
ဝိန်းရိဖန်က ရဲစခန်းသို့ နောက်တစ်ကြိမ်ထပ်သွားရပြီး ဤတစ်ကြိမ်တွင် စန်းရန်ပါ အဖော်လိုက်လာခဲ့ကာ တိုက်တိုက်ဆိုင်ဆိုင် ချယ်ယန့်ချင်နှင့် ဆုံလေသည်။ ချယ်ယန့်ချင်သည် ဝိန်းရိဖန်နှင့် အကြိမ်ကြိမ်မျက်လုံးချင်းဆုံနေပါသည့်တိုင် သူမနှင့်ပြေလည်ရာပြေလည်ကြောင်း စကားစဆိုလာခြင်း တစ်ကြိမ်မှမရှိ။ ဝိန်းရိဖန်၏ဘေးတွင်ပါလာသည့် စန်းရန်ကို သတိထားမိပြီးနောက်တွင်တော့ ဘာတွေးမိသွားမှန်းမသိ ၊ အကြည့်များက စန်းရန်ရှိသည့်ဘက်သို့ မကြာခဏရောက်လာကာ
"ကောင်လေး..မင်းက ရွှမ်းကျန့်ရဲ့ရည်းစားလား"
စန်းရန်က မျက်လုံးပင် ပင့်မကြည့်ဘဲ လျစ်လျူရှုနေသည့်အမူအရာကို ကွက်ကွက်ကွင်းကွင်းလုပ်ပြနေလေ၏။
ချယ်ယန့်ချင်က မဆီမဆိုင်ဖြင့် ထပ်၍
"ငါကြည့်ရတာတော့ မင်းရဲ့အခြေအနေက တော်တော်လေးကောင်းမယ့်ပုံပါပဲ..ဘာလို့ ငါ့တူမလိုလူမျိုးကို ရှာကြိုက်နေတာလဲ"
စန်းရန်မှာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ခနဲ့တဲ့တဲ့လှောင်ရယ်ကာ လျစ်လျူရှုထားဆဲပင်။
Advertisement
ချယ်ယန့်ချင်က သုံးလေးခွန်းဆက်ပြောနေသေးသော်လည်း မည်သည့်တုံ့ပြန်မှုမျိုးကိုမှပြန်မရသဖြင့် ဒေါသထွက်လာကာ ဝိန်းရိဖန်ဘက်သို့လှည့်လာခဲ့သည်။
"ရွှမ်းကျန့်..နင် ဘယ်လိုလူမျိုးကို ရှာထားတာလဲ..မိဘရဲ့သွန်သင်ဆုံးမမှု မရှိဘူးလား"
ဝိန်းရိဖန် ;
"သူ့မိဘတွေသွန်သင်ဆုံးမထားလို့ သိတတ်တာလည်း လွန်မှလွန်..ရှင့်ကိစ္စမဟုတ်တာလေးတစ်ခုပဲ"
ချယ်ယန့်ချင် ;
"လူကြီး စကားပြောနေတာကို မကြားသလိုလုပ်နေတာက ဆုံးမသွန်သင်မှုကောင်းတဲ့ပုံစံလား?"
ဝိန်းရိဖန် ;
"အလေးစားခံချင်ရင် ရှင့်ပုံစံကို ရှင်အရင်ပြန်ကြည့်လိုက်လေ..သံရည်ကြိုစက်နဲ့ ပုံသွင်းပေးရင်တောင် ကယ်လို့မရတော့တဲ့အနေအထားနဲ့"
"...."
ရဲစခန်းမှထွက်လာပြီးသည့်အခါ။
စန်းရန်က သူမ၏ဆွေမျိုးများနှင့် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည့်အတွက်ကြောင့် ဝိန်းရိဖန်၏စိတ်ထဲ အနည်းငယ်နေရထိုင်ရခက်နေလေသည်။
"ငါ့ဆွေမျိုးက တော်တော်လေးထူးဆန်းတယ်မလား..နင်တောင် ဒီလိုမျိုးတွေ တွေ့ဖူးချင်မှတွေ့ဖူးမှာ.."
"ကိုယ့်ကို ကာကွယ်ပေးရမှန်း သိသေးတယ်ပေါ့"
ဝိန်းရိဖန် ယခုလိုမျိုး တစ်ခွန်းမကျန်ခံပြောတတ်သည့်ပုံစံအား စန်းရန်အနေဖြင့် ပထမဆုံးတွေ့ဖူးခြင်းဖြစ်ရာ သူမ၏ဆံပင်များကို အားပြင်းပြင်းဆွဲဖွပြီး ပြုံးလိုက်၏။
"ဝိန်းရွှမ်းကျန့်..လက်စသတ်တော့ မင်းလည်း စွာတတ်သေးတာပဲ"
ထိုအခါတွင်မှ ဝိန်းရိဖန်တစ်ယောက် ကသိကအောက်နိုင်ပါလေတော့၏။
စန်းရန်က ဆက်၍
"တော်တယ်"
သူမ ကြောင်အမ်းနေလျက်။
"ဒီလောကကြီးထဲမှာ အကျင့်စာရိတ္တမကောင်းတဲ့လူတွေ အများကြီးမှအများကြီး..အဲ့လိုလူမျိုးတွေက မင်းကို လာပြီးအနိုင်ကျင့်မှာကို ဘယ်တော့မှ မခံရဘူး..အဲ့လူမျိုးတွေ ခေါင်းပေါ်တက်လာမှာကိုလည်း ငြိမ်မခံနဲ့"
စန်းရန်က ခန္ဓာကိုယ်ကိုင်းပြီး သူမနှင့်အကြည့်ချင်းဆုံလိုက်ကာ အလေးအနက်ဖြင့်
"သူတို့တွေနဲ့တွေ့တဲ့အခါကျရင် ကိုယ့်ကို ကာကွယ်ပေးသလိုမျိုး မင်းကိုယ်မင်း ကာကွယ်ရမယ်..သဘောပေါက်လား"
"...."
ဝိန်းရိဖန် ပြန်လှမ်းကြည့်နေရင်း
"အင်း"
"ဘယ်လိုကိစ္စမျိုးနဲ့ပဲ တွေ့လာပါစေ..."
စန်းရန်က လုပ်နေကျအတိုင်း သူမ၏မျက်နှာအား ဆွဲညှစ်ကာ သူ့စကားသံတို့က အေးတိအေးစက်ဖြစ်နေပါသော်လည်း နှစ်သိမ့်ပြီးအားပေးနေသည့်အငွေ့အသက်တို့က ပါနေခဲ့သည်။
"ဖြေရှင်းနိုင်ရင်တော့ ထားလိုက်..မဖြေရှင်းနိုင်တော့ဘူးဆိုရင် ကိုယ့်ကိုလာရှာဖို့ မမေ့ရဘူး"
ဝိန်းရိဖန်က မျက်တောင်မခတ်တမ်း စန်းရန်အား စိုက်ကြည့်နေလိုက်၏။
စန်းရန်က စကားတစ်ခွန်းထပ်မဆိုတော့ဘဲ ဝိန်းရိဖန်အား စိုက်ကြည့်နေသည်မှာ သူမထံမှအဖြေကိုစောင့်နေသည့်ဟန်။
ရဲစခန်း၏အပြင်တွင် ဖြတ်သွားဖြတ်လာလူများက မရေမတွက်အောင်ရှိနေသည့်အချိန်။
ဝိန်းရိဖန် ရုတ်တရယ် ရယ်မောလိုက်သည်မှာ မျက်ဝန်းလေးများပါကွေးသွားသည်အထိ။
"သိပါပြီ"
အဖြေစကားကြောင့် စန်းရန်သည်လည်း အောက်နှုတ်ခမ်းပါးအား ပါးချိုင့်ရာလေးပေါ်လာသည်အထိ ကွေးညွှတ်၍ပြုံးလိုက်၏။ လက်တစ်ဖက်က ဝိန်းရိဖန်၏မျက်နှာဘေးရှိ လျှောကျနေသည့်ဆံပင်များကို သပ်တင်ပေးရင်း ကျန်နေသေးသည့်စကားလုံးကို ရေရွတ်လာခဲ့သည်။
"မှတ်ထားရမှာက..မင်းဆီမှာ မင်းကို ထောက်ပံ့ပေးနေမယ့် ကိုယ်တစ်ယောက်လုံးရှိတယ်"
-----------
(Zawgyi)
ဤစကားတစ္ခြန္းအဆုံးတြင္။
ပတ္ဝန္းက်င္ျမင္ကြင္းတစ္ခုလုံး ေအာင့္သက္သက္နိုင္သည့္အေျခအေနမ်ိဳးျဖစ္သြားခဲ့သည္။
စုထ်န္းသည္လည္း အေျခအေနမွာ တစ္ခုခုလြဲမွားသြားေၾကာင္း သတိထားမိလိုက္သည္ႏွင့္တၿပိဳင္နက္ သူမ၏စကားမွားသြားမွန္း ရိပ္မိသြား၏။ ကသိကေအာက္နိုင္ေနသည့္ၾကားမွ စကားလုံးကို ခပ္ရွက္ရွက္ျဖင့္သာ ေျပာင္းေျပာလိုက္ရေတာ့သည္။
"အာ..ဒီတစ္ေယာက္က နင့္ရဲ႕ခ်စ္သူေကာင္ေလးလား"
ဝိန္းရိဖန္လည္း စန္းရန္အား အလိုလိုလွမ္းၾကည့္မိလိုက္သည္။
လက္ရွိအခ်ိန္တြင္ စန္းရန္က သူမအား လွမ္းၾကည့္ေနျခင္းျဖစ္ကာ အထက္စီးဆန္လြန္းေနသည့္အၾကည့္ႏွင့္အမူအရာတို႔ေၾကာင့္ သူ႕အေတြးမ်ားကို မခန့္မွန္းနိုင္ပါေခ်။
စန္းရန္ ၾကားသြားျခင္းရွိမရွိကိုလည္း မသိသျဖင့္ ေခ်ာ္လဲေရာထိုင္သာလုပ္လိုက္ေတာ့၏။
"အင္း ဟုတ္တယ္..ငါ့ေကာင္ေလး စန္းရန္"
စကားအဆုံးတြင္ ဝိန္းရိဖန္က စန္းရန္ဘက္သို႔ ထပ္လွည့္လိုက္၍
"ဒီတစ္ေယာက္က ငါ့အလုပ္ကမိတ္ေဆြ..စုထ်န္း"
စန္းရန္၏ 'အင္း' ဆိုသည့္အသံတစ္ခု။
ထိုအခါ စုထ်န္း၏မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနသည့္ အမ်ိဳးသားက စကားဆိုလာခဲ့သည္။
"ေရွာင္ထ်န္း..မင္းရဲ႕မိတ္ေဆြလား"
စုထ်န္းက ေခါင္းၿငိမ့္ျပ၍
"ငါ့ရဲ႕လုပ္ေဖာ္ကိုင္ဖက္..ဝိန္းရိဖန္တဲ့"
ထိုအမ်ိဳးသားမွာ ယဥ္ေက်းပ်ဴငွာစြာျဖင့္ စတင္ဖိတ္ေခၚလာခဲ့သည္။
"ကြၽန္ေတာ္တို႔ေတြ ဆုံမိၾကၿပီဆိုမွေတာ့ တစ္ဝိုင္းတည္းထိုင္ၾကမလား"
ဝိန္းရိဖန္က ဤကိစၥႏွင့္ပတ္သတ္ၿပီး မဆုံးျဖတ္ခ်င္သျဖင့္ စန္းရန္အား လွမ္းၾကည့္ကာ မ်က္လုံးျဖင့္ အေမးအျမန္းျပဳလိုက္သည္။
စန္းရန္က သူမအား အဓိပ္ပါယ်ပါပါဖြင့် သုံးေလးစကၠန့္ၾကာေအာင္စိုက္ၾကည့္ေနၿပီးမွ ထိုအမ်ိဳးသားဘက္သို႔လွည့္သြားၿပီး ေခါင္းၿငိမ့္ျပ၏။
"အင္း..ကြၽန္ေတာ္ စားပြဲထိုးကို စားပြဲဝိုင္းအႀကီးနဲ႕လဲေပးဖို႔ေျပာလိုက္မယ္"
ေနရာထိုင္ခင္း၌ အသင့္ထိုင္ၾကၿပီးေနာက္တြင္ေတာ့ စုထ်န္းမွာ ဝိန္းရိဖန္အား ေတာင္းပန္လိုသည့္အၾကည့္မ်ိဳးျဖင့္လွမ္းၾကည့္လာသည္။ ဝိန္းရိဖန္က စုထ်န္း၏ဆိုလိုရင္းကိုနားလည္ကာ ဘာမွမျဖစ္သည့္အေၾကာင္း အသာအယာေခါင္းရမ္းျပ၏။
စုထ်န္း၏အမူအရာက ထိုအခါတြင္မွ သက္သာရာရသြားၿပီး ေလးဦးသားက အခ်င္းခ်င္းမိတ္ဆက္ေပးရင္း စကားစျမည္ဆိုၾကသည္။
စုထ်န္းေခၚလာသည့္အမ်ိဳးသားမွာ သူမ၏ခ်စ္သူေကာင္ေလး 'လင္းစြင္' ျဖစ္သည္။ စုထ်န္း၏ေျပာျပထားပုံအရ ဤအမ်ိဳးသားက စုထ်န္း၏ တစ္လျပည့္ေအာင္မတြဲရေသးသည့္ ရည္းစားအသစ္ဆိုသည့္လူမွန္း ဝိန္းရိဖန္ ခန့္မွန္းမိသည္။
ေယာက္်ားသားႏွစ္ဦးမွာ သူတစ္လွည့္ ငါတစ္လွည့္ျဖင့္ စကားစ မျပတ္နိုင္။
စကားေျပာေနစဥ္အတြင္း စန္းရန္က ေရႏြေးတစ္ခြက္ကိုငွဲ႕ၿပီး ဝိန္းရိဖန္၏အေရွ႕သို႔ ခ်ေပးလာခဲ့သည္။ သူမ ေကာက္ယူၿပီးတစ္ငုံစာေသာက္႐ုံပင္ရွိေသး ေဘးနားတြင္ခ်ထားသည့္ဖုန္းမက္ေဆ့သံျမည္လာခဲ့ရာ အားေနသည့္လက္တစ္ဖက္ျဖင့္ ဖုန္းဖြင့္ၾကည့္လိုက္သည္။
စုထ်န္းထံမွ မက္ေဆ့။
စုထ်န္း ; [ ငါလခြမ္း! ငါ စဥ္းစားလို႔ရသြားခဲ့ၿပီ! ]
စုထ်န္း ; [ နင့္ေကာင္ေလးက လမ္းသရဲလမ္းမႀကီးရဲ႕ ဟိုအဓိကေခါင္းႀကီးသေကၤတမလား ? ? ? ]
ဝိန္းရိဖန္မွာ ေရသီးလုနီးနီး။
သူမ၏လႈပ္ရွားမႈေၾကာင့္ စန္းရန္က လွည့္ၾကည့္လာခဲ့ကာ လက္တစ္ဖက္ျဖင့္ သူမ၏ေက်ာျပင္အား အသာအယာပုတ္ေပးလာခဲ့သည္။ သူ႕မ်က္ႏွာအေနအထားက ေျပာင္းသြားျခင္းမရွိ ၊ စကားသံတို႔ကလည္း ဖြဖြေလးျဖစ္၍
"ျဖည္းျဖည္းေသာက္"
ေနာက္တြင္ အၾကည့္လႊဲသြားၿပီး လင္းစြင္ႏွင့္ဆက္၍ စကားေျပာေန၏။
ေက်ာကို ပုတ္ေပးေနသည့္လက္တစ္ဖက္မွာေတာ့ အဆက္မျပတ္ပါေပ။
ဝိန္းရိဖန္ ႏႈတ္ခမ္းကိုေကြး၍ၿပဳံးျပၿပီး တစ္ဆက္တည္း ေခါင္းပါၿငိမ့္ျပလိုက္၏။ မ်က္လုံးပင့္ၾကည့္လိုက္သည့္အခါ စုထ်န္း၏အၿပဳံးႀကီးႏွင့္ တည့္တည့္တိုးေလၿပီး ေနာက္တြင္ လက္ကိုင္ဖုန္းကို တဖန္ျပန္ငုံ႕ၾကည့္လိုက္သည္။
စုထ်န္း ; [ ငါ အရင္တုန္းက 'Overtime' ဘားကို သြားတဲ့အခ်ိန္ သူ႕ကို ခဏခဏေတြ႕ဖူးတယ္ ]
စုထ်န္း ; [ ဟား ဟား ဟား ဟား ရယ္ရလြန္းလို႔ေသေတာ့မယ္..နင္ကိုယ္တိုင္ ဘဲဘုရင္ႀကီးလို႔တင္စားထားတာကို ငါ မထူးဆန္းေတာ့ဘူး ]
စုထ်န္း ; [ ဝူး ဝူး ဝူး တကယ္ႀကီးကိုအမိုက္စား..ငါ ေနာက္ဆုံးေတာ့ နင့္ဘက္က ဘာျဖစ္လို႔လိုက္ပိုးပမ္းရလဲဆိုတာကို နားလည္သြားၿပီ ]
စုထ်န္း ; [ ဒီေလာက္ထိ မိုက္ၿပီး ဂ႐ုစိုက္တတ္တာ..နင္ ေရသီးသြားတာကိုျမင္ေတာ့ ေျဖးေျဖးေသာက္ဆိုၿပီးသာ ေျပာလာေပမယ့္ သူ႕လက္တစ္ဖက္က အခုထိ နင့္ေက်ာကိုပုတ္ေပးေနတုန္း! ! ! ]
စုထ်န္းက အဘယ္ေၾကာင့္ ႐ုတ္တရက္ႀကီး စန္းရန္၏ fangirl ျဖစ္သြားမွန္း ဝိန္းရိဖန္ နားမလည္ေတာ့ေခ်။
ဤအခိုက္အတန့္တြင္ေတာ့ စန္းရန္က လမ္းသရဲလမ္းမႀကီးထဲတြင္ အမွန္တကယ္ကိုနာမည္ႀကီးျဖစ္ေၾကာင္း သူမ လက္ခံလိုက္ရေတာ့သည္။
ယခုလိုမ်ိဳးအား ဘယ္လိုနည္းလမ္းျဖင့္နာမည္ႀကီးလာသည္ဟု ေဖာ္ျပရမည္မွန္းပင္ မသိ။
ဝိန္းရိဖန္ ေရတစ္ငုံထပ္ေသာက္လိုက္၏။
ခ်က္ခ်င္းဆိုသလို စုထ်န္းက မက္ေဆ့ထပ္ပို႔လာေသး၏။
[ ဒါနဲ႕..နင္ သူ႕ကို ဒီလိုနာမည္ေပးထားမွန္း သူ သိထားလား ]
ဝိန္းရိဖန္ ; [ သူ မသိဘူး..ဒါေပမယ့္ ခုဏတုန္းက ၾကားလိုက္မၾကားလိုက္ေတာ့ ငါလည္း မေသခ်ာဘူး ]
စုထ်န္း ; [ ေသခ်ာေပါက္ ၾကားသြားတာေပါ့ဟ qwq ]
ဝိန္းရိဖန္ စာမျပန္ရေသးခင္ စန္းရန္က ႐ုတ္တရက္ဆိုသလို စုထ်န္းဘက္သို႔လွည့္လာၿပီး ယဥ္ယဥ္ေက်းေက်းၿပဳံးျပ၍
"စုထ်န္း..ကြၽန္ေတာ္ ရိဖန္ဆီကေန အစ္မရဲ႕အေၾကာင္းကို မၾကာခဏၾကားဖူးပါတယ္..ကုမၸဏီမွာ အစ္မက သူ႕ကို အၿမဲတမ္းေစာင့္ေရွာက္ေပးတယ္တဲ့..ေက်းဇူးတင္ပါတယ္"
စုထ်န္းက လက္ကိုင္ဖုန္းကို ခ်က္ခ်င္းေအာက္ခ်လိဳက္ၿပီး အားနာသည့္အလား လက္ေဝ့ရမ္းျပလာခဲ့သည္။
"မဟုတ္တာ မဟုတ္တာ..ရိဖန္က သေဘာလည္းေကာင္းၿပီးသိမ္ေမြ႕တဲ့သူ..ကြၽန္မကသာ ေစာင့္ေရွာက္ေပးခံေနရတာပါ"
စုထ်န္းက ဆက္၍
"ရိဖန္ဆီကေနလည္း အစ္ကို႔ရဲ႕အေၾကာင္းေတြကို အမ်ားႀကီးၾကားဖူးထားပါတယ္"
စန္းရန္က မ်က္ခုံးပင့္လာကာ အထူးတလည္ကိုစိတ္ဝင္စားသြားခဲ့၏။
"အို႔?..သူက ကြၽန္ေတာ့္အေၾကာင္း ဘာေတြမ်ားေျပာထားတာလဲ"
"အမ်ားဆုံးေျပာတာေတာ့ အစ္ကိုက ႐ုပ္ေခ်ာတဲ့အေၾကာင္း..႐ုပ္ေခ်ာလြန္းလို႔ ဘဲ...."
စုထ်န္းခမ်ာ ဖြဖြေလးေခ်ာင္းဆိုးလိုက္မိၿပီး စကားလုံးမ်ားကို ခ်က္ခ်င္းျပန္မ်ိဳခ်လိဳက္၍
"သူေတြ႕ဖူးသမွ်ထဲမွာ ႐ုပ္အေခ်ာဆုံးေယာက္်ားေလးတဲ့..ၿပီးေတာ့ အစ္ကိုကသေဘာလည္းေကာင္းတဲ့အျပင္ သူ႕ကိုလည္း ဂ႐ုစိုက္တယ္တဲ့"
"ဟုတ္လား?"
စန္းရန္က ဝိန္းရိဖန္ဘက္သို႔ လွည့္ၾကည့္လာကာ တစ္ခ်က္ၿပဳံးျပလိုက္၏။ ထိုအၿပဳံးမ်ားထဲတြင္ ဖုံးဖိထား၍မရေတာ့သည့္ မထီမဲ့ျမင္ျပဳျခင္းမ်ားက တစိမ့္စိမ့္ထြက္က်လ်က္။
"ကြၽန္ေတာ့္ကိုလည္း သူ အၿမဲတမ္းအဲ့လိုေျပာေနက်"
ဝိန္းရိဖန္ ; "...."
ထမင္းစားၿပီးေနာက္တြင္ ေလးဦးသားက တစ္ခဏၾကာၾကာ စကားစျမည္ေျပာၿပီးသည္ႏွင့္ ျပန္လာခဲ့ၾကသည္။
အိမ္ျပန္လမ္းတစ္ေလွ်ာက္တြင္ ဝိန္းရိဖန္၏စိတ္အေျခအေနမွာ အေတာ္ေလးသက္ေတာင့္သက္သာမရွိလွ ၊ အဘယ္ေၾကာင့္ဆိုေသာ္ 'ဘဲဘုရင္ႀကီး' ဆိုသည့္စကားလုံးကို စန္းရန္ ၾကားမၾကား မေသခ်ာျခင္းေၾကာင့္ျဖစ္သည္။ သူမအေနျဖင့္ စကားဦးခ်ီ၍လည္း မေျပာရဲသျဖင့္ တစ္ခဏၾကာၾကာၿငိမ္ေနခဲ့ကာ စန္းရန္က ပုံမွန္အတိုင္းသာရွိေနခဲ့သည္ကိုျမင္ၿပီးမွ စိတ္ေလ်ာ့ခ်လိဳက္နိုင္သည္။
အိမ္ျပန္ေရာက္သည့္အခါ။
ဝိန္းရိဖန္က အိမ္ေနရင္းဖိနပ္ လဲစီးေနရင္း အလ်င္းသင့္သလိုစကားဆိုလိုက္၏။
"ငါ့အျမင္မွာေလ နင္က ေယာက္်ားေလးေတြနဲ႕ေပါင္းသင္းတဲ့ေနရာမွာ အရမ္းေတာ္တယ္သိလား..အထက္တန္းေက်ာင္းတုန္းကဆိုလည္း အတူတူပဲ..အခု နင္ လင္းစြင္နဲ႕ပထမဆုံးေတြ႕ဖူးတာေတာင္မွ သူနဲ႕ စကားေတြအမ်ားႀကီးေျပာနိုင္ေသးတယ္"
စန္းရန္က 'အင္း' ဟု ပ်င္းတိပ်င္း႐ြဲျဖင့္ ျပန္ေျဖလာ၏။
"လင္းစြင္ဆိုတဲ့လူကလည္း ၾကည့္ရတာ ႏြေးႏြေးေထြးေထြးနဲ႕ အေတာ္ေလးရည္မြန္မယ့္ပုံပါပဲ"
ဝိန္းရိဖန္က ဆိုဖာထက္တြင္ထိုင္ၿပီး ဆက္၍
"စုထ်န္းက အဲ့လို ရင့္က်က္ၿပီးတည္ၿငိမ္တဲ့ပုံစံမ်ိဳးကို သေဘာက်တာထင္တယ္"
Advertisement
- In Serial33 Chapters
School ReYOUnion
When she receives the invitation, Rebecca Adams doesn't know whether she actually wants to go to her school reunion. A lot has changed since she last set foot in that cringeworthy place.Her greasy skin has long since gone, her hair is far less frizzy these days, her crooked teeth are now nicely straightened, and her glasses have been replaced with contacts-yes, Rebecca has indeed changed. She is no longer the skinny and quiet little spectacled geek who always had her head deeply inside of a book; now, she is a successful and hardworking businesswoman.Quite a few of her former classmates have also gone on to become successful and hardworking, but none more so than Mitch Heston himself-now a very famous and in-demand actor-a criminally gorgeous, very famous and in-demand actor.... who is supposedly also attending their school reunion.As a teenager, Mitch was much the same as he is now-well known and insanely popular.Back then, Rebecca was just another one of the shy girls who Mitch Heston and his friends used to enjoy teasing and making immature fun of.Which is why Rebecca feels hesitant about going.Part of her wants to leave the memories of school well and truly behind her. While another part of her wants to show them all the woman that she so proudly has now become.Besides, it's probably just a wildly exaggerated rumour that Mitch Heston will even be there? Or maybe, a very well orchestrated publicity stunt? I mean really, why would the incredibly famous Mitch Heston, want to be at his school reunion?Seriously, the A list him, wouldn't really attend this thing?...... would he?SCHOOL REYOUNION Published by K B MallionCopyright © 2019 K B Mallion
8 184 - In Serial32 Chapters
Something About Alice Murphy: BOOK 2
"Revenge is best served cold."____________{The second book in the SAAM Series}After having survived another close encounter with death, something about Alice Murphy has changed. Although not much of her exterior is different to the naked eye, inside something much darker has taken over... or has it just decided to finally reveal itself? Now further than ever into the secret life of the social elite, there is no turning back. As her relationship with the town's secret psychopath develops, so will her own demons.Will Alice be able to walk out of this scratch free? Maybe. But either way, she will have a lot of blood on her hands. Find out what happens... in Something about Alice Murphy; Book 2.
8 214 - In Serial22 Chapters
The quiet felon/ BWWM
"What's in your pocket? Your wallet?" She asked him as she tried to get comfortable while sitting on his lap. Why would his wallet be so weirdly shaped?"My pockets are empty, Muffin." He whispered lowly in her ear as he held her hips still because she kept wiggling. She blushed hardly as he smirked. ~~~~~~~~~~~~~~~~~~(This is a Mafia book)This story is about two people. {bwwm} {wmbw}The first is Ace Hardwick he's a man that has just gotten out of prison for a crime he didn't commit. He went into the system when he was 16. He was at the wrong place at the wrong time. He's been in prison for 8 years and he just got out 2 weeks ago. He went from talk of the party to anti social. He just got a job at a local coffee shop. He's just trying to make a living as a wrongfully convicted felon.The second person is Teagan Travis she's a woman that's making it somewhat some where in life. She's had a trouble childhood that she likes to think she forgot about. She has a nine to five job working as a IT girl at a big company. She is a person that lives by routine. She wakes up at a certain time eats and sleeps at a certain time. What happens when Ace comes and turn her life upside down, but maybe in a good way?This book is definitely not edited!Started August 17, 2020. Ended November 26,2021.
8 191 - In Serial116 Chapters
The Final Project
Aaron Kristensen and Ivy Blake are sworn enemies, both competing to be valedictorian, but what happens when they have to work together for the final project? Can they overcome their hatred, or will it be their downfall?All credits to the artist of the cover: Minamiliste (image found on Pinterest)
8 155 - In Serial26 Chapters
Punching the Gang leader
My jaw is firmly grabbed and my head is lifted to where I'm forced to look up into McDemons eyes. "Too bad" he says a evil smirk taking place on his plump lips "you're mine". I raise an eyebrow and give him a sweet smile as I say "I'm my own bitch, bitch". The smile is wiped from my face as I slam my forehead forwards. Stella was just walking on a sidewalk that was dangerously close to the road. Paying no mind to the sound of a car engine that needed to be checked. When she was-literally-picked up by four hot guys. McHottie-Damian Whitehouse McSteamy-Luca unknown McDevil-Ace Dagger McUgly-Maxxer And McDevil-*cough*- er sorry Ace has plans for our precious Stella. *THIS BOOK IS BEING SLOWLY EDITED**This book is just for sh!ts and giggles, the events that take place in this book would not happen in real life. Again, this is just a fun book made for me n my friends who read way to many gang leader wattpad books.*Book #1
8 177 - In Serial31 Chapters
My Angel • Scarlett Johansson x Y/N
A story between Scarlett Johansson and Y/N L/N. Y/N is a single mother, taking care of herself and her seven year old daughter, Olivia. She's suffering from a traumatizing incident that happened to her, causing her to lose almost everything. One day, on a heavy rainy day, Y/N was having a panic attack when someone came to save her. Someone that will change her life for the better. ***Note: Rated 18+ for strong language.
8 143

