《First Frost (Myanmar Translation)》Chapter 71
Advertisement
နောက်ဆုံးတစ်ကြိမ် အပြီးတွင် ပြတင်းပေါက်အပြင်ဘက်ရှိ မိုးကျသံများလည်း ရပ်သွားခဲ့ပုံရသည်။
ဝိန်းရိဖန်၏မျက်နှာမှာ စန်းရန်၏ရင်ဘတ်ပေါ်၌ အပ်ထားပြီး စန်းရန်၏အတင်းအကြပ်ပွေ့ဖက်ထားခြင်းကို ခံနေရဆဲ။ ခံစားနေရသည်မှာလည်း တစ်ကိုယ်လုံးတွင် အင်အားဟူ၍မရှိတော့သည့်အလား ၊ နေရာတိုင်း၌လည်း ချွေးများစေးကပ်နေကာ အတော်လေးကို သက်တောင့်သက်သာမရှိလှပေ။
ပူလွန်း အိုက်လွန်း အိပ်ချင်လွန်း ပင်ပန်းလွန်း နေသည်ကလွဲ ဘာမှမသိတော့ချေ။
ဤအခြေအနေတွင်။
စန်းရန်က လေအေးပေးစက်ရီမုကိုလှမ်းယူပြီး စက်ပိတ်လိုက်သည်အား ဝိန်းရိဖန် သတိထားမိလိုက်၏။
သူမ ချက်ချင်း ခေါင်းထောင်လာပြီး အနည်းငယ်အက်ကွဲနေသည့်အသံတို့ဖြင့်
"ဘာလို့ပိတ်လိုက်တာလဲ"
"ခဏနေမှ ပြန်ဖွင့်ပေးမယ်"
စန်းရန်၏အရှေ့ဆံပင်တို့က လက်ရှိအချိန်၌ ဖိုသီဖတ်သီဝဲကျနေပြီး ချွေးများဖြင့်စိုစွတ်နေသည်။ မျက်ဝန်းများကလည်း ခပ်နက်နက် ၊ သူ့မျက်ခုံးများပေါ်ရှိ ရမက်ဆန္ဒများက ကိုယ်လက်နှီးနှောပြီးပါသည့်တိုင် မပျောက်သွားသေး။
"ချွေးထွက်ထားတာ..မင်း အအေးမိသွားလိမ့်မယ်"
ညတစ်ဝက်စာ ကာလတစ်ခုလုံး လူးလှိမ့်ပြီးပါသည့်တိုင် စိတ်အားထက်သန်နေဆဲဖြစ်သည့် စန်းရန်ကိုကြည့်ရင်း ဝိန်းရိဖန်၏အဖြစ်မှာ စကားပင် မဆိုရဲတော့သည့်အခြေအနေ။ သို့သော်ငြား အသေအချာတွေးတောစဥ်းစားကြည့်လိုက်ပြီးနောက်တွင်တော့ စကားဆိုဖြစ်လိုက်ပါသေး၏။
"စန်းရန်"
"အမ်?"
စန်းရန်က ဘေးနားတွင်ရှိသည့်အင်္ကျီကိုလှမ်းယူပြီး သူမအား ဝတ်ပေးမည်ပြုနေသည့်အချိန်။
ဝိန်းရိဖန်က မနှေးမမြန်ဖြင့် တစ်ခုတောင်းဆိုလာခဲ့၏။
"နင် ငါ့ကို ရေချိုးပေးလို့ရလား"
"...."
အရင်တစ်ခေါက် ဤတောင်းဆိုချက်ကို ကြားဖူးခဲ့သည်မှာ သူမ အရက်မူးနေသည့်အချိန်။ စန်းရန်က သူမအား တည့်တည့်လှမ်းကြည့်လိုက်ပြီး သုံးလေးစက္ကန့်ကြာအောင် ပြုံးနေမိ၍
"ဝိန်းရွှမ်းကျန့်..မရှက်တော့ဘူးလား?"
နင် ခုဏတုန်းက မီးမမှိတ်ဘူးလို့ ပြောတုန်းကကျတော့ရော နင် ရှက်ရကောင်းမှန်းမသိဘူးလား!!!
ဝိန်းရိဖန် သူ့အား စူးစိုက်ပြီးကြည့်နေလိုက်သည်။
ကိုယ့်ဘာသာကိုယ် ရေထချိုးမည့်အစား ဝိန်းရိဖန်၏အတွေးမှာတော့ သည်အတိုင်းအိပ်ပစ်လိုက်ဖို့ရာ အားသာလာတော့၏။ သို့သော်လည်း စေးကပ်ကပ်ဖြစ်နေသည့်ခံစားချက်ကြီးကို အောင့်အည်းမထားနိုင်သဖြင့် စန်းရန်ကို မော့ကြည့်နေရင်း
"ငါမှ အားမရှိတော့တာ"
စန်းရန်မှ သူမအား စိုက်ကြည့်လာခဲ့သည့်ပုံမှာ သူမဘက်က ဘယ်လိုစကားမျိုးများ ပြောထွက်လာနိုင်ဦးမည့်အကြောင်း စောင့်နေသည့်ပုံပင်။
ကြည့်ရသည်မှာ ဤအကြောင်းပြချက်က လုံလောက်သေးပုံမရ။
ဝိန်းရိဖန်က ထပ်၍
"ပြီးတော့ ငါ့ဘာသာငါ ရေချိုးလိုက်ရင် ဒဏ်ရာကို ရေထိမိမှာလေ"
"ဝိန်းရွမ်းကျန့်..မင်းကတော့ 'ငချွဲမလေး' လာလုပ်နေလိုက်"
စန်းရန်က အလျင်းသင့်သလို ဘောင်းဘီပြန်ဝတ်လိုက်ပြီး ဝိန်းရိဖန်အား ပွေ့ချီကာ ရေချိုးခန်းဆီသို့ လျှောက်လာ၏။
"အသက်ကဖြင့် ဘယ်လောက်ရှိနေပြီလဲ..အခုထိ ရေချိုးပေးရဦးမှာလား"
"...."
ဝိန်းရိဖန်က မနေနိုင်အောင် ပြန်ပြောပစ်လိုက်၏။
"အဲ့ဒါက နင့်...."
ရုတ်တရက် ဆက်ပြောထွက်လာမည့်စကားများအတွက် အနည်းငယ်ရှက်မိသွားသဖြင့် ပြန်မျိုချပစ်လိုက်သည်။
စန်းရန်က ရယ်နေရင်း
"ကိုယ် ဘာဖြစ်လဲ..ဆက်ပြောလေ"
ဝိန်းရိဖန် အသံမထွက်တော့။
ရေချိုးခန်းထဲရောက်သည့်အခါ စန်းရန်က ဘေးပတ်ပတ်လည်အား ဝေ့ဝဲကြည့်လိုက်ကာ ပွေ့ခေါ်လာသည့် ငချွဲမလေးကလည်း မတ်တပ်ပင်မရပ်ချင်တော့သည့်ပုံစံမျိုးဖြစ်နေသဖြင့် တဘက်တစ်ထည်ကိုဆွဲယူကာ လက်ဆေးကန်၏စင်ပေါ်၌ ဖြန့်ခင်းပြီး သူမအား ပွေ့တင်လိုက်သည်။
စန်းရန်က ဝိန်းရိဖန်အား တဘက်နှင့်အတူလုံးထွေးပြီး ရေနွေးနွေးထဲပြန်ချပေးရင်း ဖြေးဖြေးချင်းသန့်ရှင်းဆေးကြောပေးလိုက်၏။
စန်းရန်၏ပြုစုပေးမှုကြား သာယာနေသည့်ဝိန်းရိဖန်မှာ မျက်ခွံများပင် မှေးစင်းလာခဲ့သည်။ အိပ်ချင်နေသည့်ကြားမှ သူ့မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဝေဝေဝါးဝါးဖြင့်
"စန်းရန်..နင် အရင်တုန်းက ဒီလိုမျိုးကို တကယ်ကြီးလုပ်ဖူးတယ်မလား?"
"...."
စန်းရန်က ဝိန်းရိဖန်၏မျက်နှာကို ဆွဲညှစ်လိုက်၍
"ဘာတွေ လျှောက်ပြောနေတာလဲ"
"ငါ ခုဏတုန်းက တကယ်ကြီးကို ခံစားမိနေခဲ့တာကလေ.."
ဝိန်းရိဖန်၏စိတ်ထဲ သူမအနေဖြင့် မှတ်ချက်တစ်ခုခုပြုလိုက်သင့်ကြောင်းတွေးနေမိသဖြင့် ခုဏလေးတုန်းက အမှန်တကယ်ခံစားမိနေခဲ့သည့်အချက်အား ထုတ်ပြောပြလိုက်၏။
"ငါ တကယ်ကို ခေါ်စားနေရသလိုပဲ"
"ဒါကတော့..မင်းပဲ ကိုယ့်ရဲ့ဝန်ဆောင်မှုတွေက သတ်မှတ်တဲ့အဆင့်ကိုမမီသေးဘူးလို့ ပြောထားတာလေ"
စန်းရန်က ပြုံးနေရင်း
"ဒါကြောင့်မလို့ ကိုယ့်ဘက်က စကေးတွေထုတ်ပြရတာ..မတော်လို့ ကိုယ် အလုပ်ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ"
"...."
"ပြီးတော့..ဒါက လောင်ဇစ် ပထမဆုံးအကြိမ် ဧည့်သည်လက်ခံတာပဲ"
ဝိန်းရိဖန် မျက်တောင်တဖျက်ဖျက်ရင်း ငြိမ်နေ၏။
"ဒီတစ်ဘဝစာလုံးမှာလည်း.."
စန်းရန် မျက်လုံးပင့်ကြည့်လာခဲ့ကာ သူမ၏နီရဲနေသည့်မျက်ဝန်းထောင့်အား လက်ချောင်းထိပ်များဖြင့်ထိတွေ့ရင်း ခေါင်းငုံ့၍ နမ်းရှိုက်လာခဲ့၏။
"မင်းတစ်ယောက်တည်းကသာ တစ်ဦးတည်းသောဧည့်သည်"
--------
ရေချိုးခန်းထဲမှထွက်လာပြီးနောက်တွင် စန်းရန်က ခရီးဆောင်အိတ်ထဲမှ အလျင်းသင့်သည့်အဝတ်အစားတစ်စုံကိုယူလိုက်ပြီး ဝိန်းရိဖန်ကိုဝတ်ပေးလိုက်၏။ သူမအား အခြားအိပ်ရာတစ်ခုထက်၌ တင်ပေးခဲ့ပြီးနောက် ပစ္စည်းတစ်ခုခုကိုယူသွားယူလာလုပ်နေသည့်အလား စားပွဲခုံဘက်ဆီသို့ လျှောက်သွားခဲ့သည်။
ဝိန်းရိဖန် ခပ်တိုးတိုးသာစကားဆိုလိုက်၏။
"နင် စောစောအိပ်နော်"
ထို့နောက်တွင်တော့ သူ့အား လုံးဝလျစ်လျူရှူထားလိုက်လေပြီး ခြုံစောင်ကိုဆွဲယူကာ စောင်ပုံထဲကွေးဝင်သွားခဲ့တော့သည်။
စန်းရန်နှင့်စကားများခဲ့ခြင်းကြောင့် လွန်ခဲ့သည့်နှစ်ရက်စလုံး ဝိန်းရိဖန် ကောင်းကောင်းအိပ်မပျော်ခဲ့ပါပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် သူမ၏စိတ်အစဥ်တို့က လွတ်လပ်ပြီးသက်သာရာရနေခဲ့ကာ အိပ်ချင်နေသည့်စိတ်က လွှမ်းမိုးလာခဲ့တော့၏။
ဤအခိုက်အတန့်တွင် ဝိန်းရိဖန်ထံ၌ အိပ်ချင်စိတ်ကလွဲ ဘာမှမရှိတော့ချေ။
သို့သော် မျက်လုံးပိတ်ပြီး ခြုံစောင်ပင်မနွေးသေးသည့်အချိန် ၊ နောက်တစ်စက္ကန့်တွင် သူမ ထပ်ပြီး ဆွဲခေါ်ခံလိုက်ရသည့်ခံစားချက်ကြီးအား ခံစားလိုက်ရပါတော့၏။
ဝိန်းရိဖန် ခက်ခဲရုန်းကန်စွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ စန်းရန်က သူမ၏အင်္ကျီအနားစအား နောက်တစ်ကြိမ် ထပ်၍ဆွဲတင်နေကြောင်း တွေ့လိုက်ရသည်။
"...."
Advertisement
ဝိန်းရိဖန် ကြောင်အမ်းသွားရတော့၏။
စန်းရန်က ဘယ်ကနေရလာသည့်ခွန်အားများကြောင့် အခုထိ တက်ကြွနေသေးမှန်း သူမ အမှန်တကယ်ကိုနားမလည်နိုင်တော့ချေ။
အခုလေးတင် ရေချိုးပြီးတာလေ! ! !
"စန်းရန်"
ဝိန်းရိဖန်က ယဥ်ကျေးချိုသာလွန်းစွာဖြင့်
"အခု ဘယ်နှနာရီရှိပြီလဲဆိုတာရော သိရဲ့လား"
"အင်း..သုံးနာရီလေ"
သူမ ဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားလည်ပုံရသည့် စန်းရန်က တစ်ချက်လှမ်းကြည့်လာသော်ငြား လက်ချောင်းများမှာတော့ ရွေ့လျားနေဆဲ။
"ဘာတွေလျှောက်တွေးနေတာလဲ..အိပ်မှာဖြင့်အိပ်"
ဝိန်းရိဖန်တစ်ယောက် စန်းရန်ဘာလုပ်ချင်နေမှန်း အမှန်တကယ်မသိပါတော့၏။
သူ့အား တစ်ခဏမျှကြည့်နေသေးပါသော်လည်း ဂရုမစိုက်ချင်တော့သဖြင့် လုပ်ချင်သလိုလုပ်ရန်သာ လွှတ်ထားလိုက်တော့သည်။
အိပ်ချင်လွန်းနေသဖြင့်လည်း မျက်လုံးမှိတ်လိုက်ရုံဖြင့် အိပ်မောကျလုနီးနီးဖြစ်ခဲ့၏။ အိပ်ပျော်ခါနီးရီဝေဝေကာလထဲတွင် စန်းရန်က သူမ၏အင်္ကျီအား ညှပ်ရိုးနေရာပေါ်အောင် ဆွဲဟနေသည့်ခံစားချက် ၊ ထို့အပြင် ဘေးနားမှ ညအိပ်မီးအိမ်ကိုဖွင့်လိုက်သည်တို့ကို ခံစားမိလိုက်ရ၏။ နောက်တွင် စန်းရန်၏တစ်ကိုယ်တည်းရေရွတ်ပြောနေသည့်စကားသံတို့ကို ကြားလိုက်ရပါသေး၏။
"ဘယ်လိုလုပ်မလဲ? ကိုက်ထားတဲ့ဒဏ်ရာတွေက.."
"...."
"ထပ်ပြီး ဆေးလိမ်းပေးရမှာပေါ့"
ဤတစ်ကြိမ်အိပ်စက်ခြင်းတွင် ဝိန်းရိဖန်သည် လုံးလုံးလျားလျား အိပ်မောကျသွားခဲ့ကာ လွန်ခဲ့သောရက်များမှပင်ပန်းနွမ်းနယ်ခြင်းများလည်း ကင်းစင်ပျောက်ကွယ်သွားခဲ့သည်။
ဝိန်းရိဖန် မျက်လုံးများ ဖြေးဖြေးချင်းပြန်ဖွင့်လာသည့်အခါ တစ်ကိုယ်လုံးကိုက်ခဲနာကျင်နေပါသည့်တိုင် ခြေထောက်နှစ်ဖက်ကြားရှိ မသာမယာဖြစ်မှုမှာတော့ တော်တော်လေးသက်သာသွားခဲ့ပြီ။ ခပ်ပြေပြေလေးခေါင်းထောင်ကြည့်လိုက်လျှင် သူမက စန်းရန်၏ရင်ခွင်ထဲရောက်နေမှန်း သိလိုက်ရ၏။
ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိသည့် စန်းရန်က လက်ရှိအချိန်တွင် လက်တစ်ဖက်ဖြင့် သူမကိုဖက်ထားပြီး အခြားလက်တစ်ဖက်က လက်ကိုင်ဖုန်းအား အချိန်ဖြုန်းရုံသက်သက် ကစားနေ၏။
လှုပ်ရှားမှုကိုသတိထားမိလိုက်သည့်စန်းရန်က သူမထံသို့ ငုံ့ကြည့်လာ၏။
"နိုးပြီလား"
ဝိန်းရိဖန်က တဖန်မေးခွန်းလိုက်သည်။
"ဘယ်နှနာရီရှိပြီလဲ"
စန်းရန် ;
"လေးနာရီ"
"...."
ကိုယ့်နားကိုယ်မယုံကြည်သည့်အလား ဝိန်းရိဖန်၏မျက်တောင်များ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ကာ စကားဆိုဖို့ရာ အချိန်အကြာကြီးယူလိုက်ရသည်။
"ညနေလေးနာရီ?..နင် ဗိုက်မဆာဘူးလား..ဘာလို့ ငါ့ကို မနှိုးတာလဲ"
"ဘာလို့ မနှိုးရမှာလဲ..မင်းဆိုတဲ့ကောင်မလေးက အိပ်ရာနှိုးရခက်လိုက်တာ..အရမ်းဆိုးတာပဲ..သုံးခါလေးပဲ နှိုးမိတာကို မင်းက ကိုယ့်ကို ဆယ်ခါပြန်လောက် ရန်ပြန်လုပ်နေတာလေ"
စန်းရန်က မျက်ခုံးပင့်ပြရင်း လက်ထဲမှဖုန်းကိုလည်း ချလိုက်၍
"မြန်မြန်ထပြီး မျက်နှာသစ်တော့..ခဏနေကျရင် ကိုယ်တို့နှစ်ယောက် အပြင်ထွက်ပြီးထမင်းသွားစားမယ်"
သူ့စကားကိုနားထောင်ပြီးနောက် ဝိန်းရိဖန် ပြန်တွေးကြည့်လိုက်သည့်အခါ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသည့်အချိန် စန်းရန်က သူမအား အမှန်တကယ်လည်း သုံးလေးကြိမ်ခန့် နှိုးဖို့ကြိုးစားခဲ့သလိုလို။ အနည်းငယ်ရှက်မိသွားရင်း အိပ်ရာထက်မှလိမ်လိမ်မာမာလေး ထလာခဲ့ကာ ရေချိုးခန်းထဲဝင်လာခဲ့သည်။
သွားတိုက်တံကိုယူ ၊ သွားတိုင်ဆေးထည့်ပြီး မှန်ရှေ့ သွားတိုက်နေရင်း ကိုယ့်ကိုကိုယ်မှန်ထဲကြည့်လိုက်သည့်အခါ ရုတ်တရက် မြင်လိုက်ရသည်မှာ ညှပ်ရိုးနေရာရှိ အရေပြားတစ်လျှောက်လုံးပေါ်တွင် အနီရောင်အမှတ်အသားများအပြည့် ၊ သည့်ထက်အပြင် လည်ပင်းထက်၌လည်း အမှတ်အသား နှစ်ခု။
ဝိန်းရိဖန် အချိန်အကြာကြီး ကြောင်အမ်း၍ကြည့်နေခဲ့ပြီးမှ ဘာမှမတတ်နိုင်သည့်အဆုံး သွားတိုက်နေလိုက်တော့သည်။
မျက်နှာသစ်ပြီးသွားနောက် အချိန်ကိုက်ဆိုသလို စန်းရန်လည်း ရေချိုးခန်းထဲ ဝင်လာခဲ့သည်။
ဝိန်းရိဖန် သူ့အား လှမ်းကြည့်လိုက်၏။
စန်းရန်က အစောကတည်းက ရေချိုးသန့်စင်ပြီးပုံရကာ လက်ရှိအချိန်၌ လက်ဆေးရုံသက်သက် ဝင်လာခဲ့ခြင်းဖြစ်သည်။ သူမ၏အကြည့်များကို အာရုံစိုက်မိပုံရသည့်သူက တစ်ဖက်သို့လှည့်လာပြီး သူမအား ခေါင်းအစခြေအဆုံးငုံ့ကြည့်ကာ အေးအေးလူလူဖြင့်
"ဘာလို့ ကိုယ့်ကို လိုက်ကြည့်နေတာလဲ"
"ဒီနေရာမှာ အမှတ်တွေချည်းပဲ..အင်္ကျီနဲ့တောင်ဖုံးလို့မရတော့ဘူး"
ဝိန်းရိဖန်က စန်းရန် မတွေ့လိုက်မည်ကိုပင် စိုးရိမ်ပြီး လည်ပင်းကို လက်ညှိုးဖြင့်ထိုးပြကာ သတိပေးလိုသည့်အလား။
"ငါ ဘယ်လိုအပြင်ထွက်ရတော့မှာလဲ"
"အို့"
စန်းရန်က လက်ညှိုးထိုးပြနေသည့်နေရာကိုကြည့်ရင်း တစ်သျှူးတစ်ရွက်လှမ်းယူကာ ရေစင်အောင်သုတ်လိုက်၏။
"မင်းက ကိုယ့်ကို အပြစ်တင်ချင်နေတဲ့သဘောလား"
"...."
ဝိန်းရိဖန်အနေဖြင့် သူမဘက်မှ သတိပေးချင်ရုံသက်သက်သာဖြစ်မှန်း သူမ အသိ။ နောက်တစ်ကြိမ်တွင် သူ့ဘက်မှ ဤအချက်ကို သတိထားပေးပြီး လူမြင်သာသည့်နေရာမျိုးများ၌ အမှတ်အသားကျန်သည်အထိ မနမ်းသင့်ကြောင်း သိစေချင်ရုံ။ စန်းရန် လုပ်ပြနေသည့်မျက်နှာထားမှာ မသိလျှင် သူမကပဲ တစ်ခါအိပ်ပြီးသည်နှင့် မျက်နှာတစ်မျိုးပြောင်းသွားတတ်သည့်လူတစ်ယောက်လိုလို။
နောက်တွင်တော့ စန်းရန်က ဝိန်းရိဖန်အား ပွေ့ချီပြီး လက်ဆေးစင်ပေါ်တင်လိုက်၏။ သူ့ခန္ဓာကိုယ်အား မတိမ်းမယိမ်းကိုင်းချလာပြီး အနားသို့တိုးကပ်ကာ သူမ၏လည်ပင်းပေါ်မှ အမှတ်အသားအား ကြည့်နေရင်း စနောက်လိုသည့်အသံတို့ဖြင့်
"ဒါဆို ဘယ်လိုလုပ်ပေးမလဲ"
ဝိန်းရိဖန် တည်ငြိမ်ယောင်ဆောင်ပြီး
"ငါ ခဏနေကျမှ ကြည့်ပြီး...."
"နမ်းလည်းနမ်း ပြီးသွားပြီလေ..ဘာလို့ အချိန်လွန်မှ စာရင်းရှင်းဖို့ ရန်လုပ်နေရတာလဲ"
စန်းရန်၏အသံတို့မှာ တိုးဖျသွားရင်း လက်တစ်ဖက်က သူမ၏လည်တိုင်အနောက်ဘက်ကို ထိန်းကိုင်လာကာ သူရှိရာဘက်သို့ မသိဘာသာဆွဲတိုးနေလေ၏။
"ဒါပေမယ့်လည်း ရပါတယ်လေ..ကိုယ်ကလေ အရမ်းကိုမှ သမာတမတ်ကျတဲ့လူ"
"...."
"ဒါမှမဟုတ် ဒီလိုလုပ်ပါလား"
ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်လျှင် သူမ၏မျက်နှာက သူ့လည်စလုတ်နှင့် တစ်တန်းတည်းဖြစ်နေပြီဖြစ်၏။ သူမနှင့် လုံးဝမတူညီသည်မှာ သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အမှတ်အသားရာမှမရှိဘဲ ဖြူဖွေးရှင်းလင်းနေခြင်း။
"အမ်?"
စန်းရန်က သူမအား တစ်လက်မချင်းစီတွန်းပို့လာရင်း ဖွဖွလေးရယ်လိုက်သေးသည်။
"မင်း အခု ကိုယ့်ကို အမှတ်အသားပေါ်လာအောင် ပြန်နမ်းလိုက်လေ"
----------
နှစ်ယောက်သားက အဝတ်အစားလဲပြီးသည်နှင့် အချိန်မဆွဲတော့ဘဲ အခန်းထဲမှထွက်လာခဲ့သည်။
ဝိန်းရိဖန်က စန်းရန်အား မသိမသာလှမ်းကြည့်လိုက်ရာ သူ့လည်စလုတ် ညာဘက်နားတွင်ရှိနေသည့် အမှတ်အသားရာတစ်ခုကို သတိထားမိရင်း အခုလေးတင်ဖြစ်ခဲ့သည့်ရေချိုးခန်းထဲမှကိစ္စအား ပြန်မြင်ယောင်သွားတော့သည်။ စိတ်မသိုးမသန့်ဖြစ်ရကာ အဝေးသို့အကြည့်လွှဲပစ်လိုက်၍
Advertisement
"နင် ဘာစားချင်လဲ"
"အရင်က ဒီမှာတက္ကသိုလ်တက်ခဲ့တာ မင်းလေ..မင်း အကြံပေး"
"ငါ အကြံပေးရမှာလား"
ဝိန်းရိဖန်က ရုတ်တရက် တစ်ခုခုကိုသတိရလိုက်သဖြင့် ပြုံးလာပြီး
"ငါ တက္ကသိုလ်တက်နေတုန်းကတော့ အရမ်းသဘောကျတဲ့ဆိုင်တစ်ဆိုင်ရှိတယ်..ဒီနားလေးမှာပဲ '@' ဆိုတဲ့ဆိုင်..စားလို့လည်း ကောင်းတဲ့အပြင် စျေးလည်းအရမ်းသက်သာတယ်..ငါ အမြဲတမ်းသွားနေကျ"
စန်းရန် ;
"အင်း..ဒါဆို အဲ့မှာသွားစားမယ်လေ"
ဟိုတယ်မှထွက်လာကတည်းက ဝိန်းရိဖန်သည် အရှေ့မှဦးဆောင်လမ်းပြပြီး စန်းရန်အား ခေါ်လာခဲ့သည်။
အစက ချောချောမွေ့မွေ့ရောက်လာလိမ့်မည်ဟု ထင်ထားသော်ငြား ဝိန်းရိဖန်နှင့်ဤမြို့ကြီးနှင့် ကင်းကွာခဲ့သည့်မှာ နှစ်ပေါက်နေပြီဖြစ်သည့်အပြင် အနီးအနားရှိအဆောက်အဦးများမှာလည်း ပြန်ပြင်သည့်နေရာကပြန်ပြင် ၊ အသစ်ဆောက်ထားသည်ကဆောက် နှင့် တော်တော်များများ ပြောင်းလဲနေပြီပင်။ ထို့ကြောင့် ဝိန်းရိဖန်က ဤလမ်းများထက်၌ အကြိမ်တစ်ရာမကလျှောက်ဖူးခဲ့ပါသည့်တိုင် လက်ရှိအချိန်တွင် မျက်စိလည်လမ်းမှားနေလေသည်။
အရှေ့သို့ဆက်လျှောက်လာပြီး လမ်းထောင့်တစ်ခုစီသို့ မရောက်ခင်။
ဝိန်းရိဖန် ချိတုံချတုံတွေဝေနေသေးကာ ညာဘက်သို့သွားရန် ဆုံးဖြတ်လိုက်၏။
ဤအခိုက်အတန့်တွင် စန်းရန်က ရုတ်တရက်စကားဆိုလာခဲ့သည်။
"လမ်းမှားနေပြီ"
ဝိန်းရိဖန် နောက်လှည့်ကြည့်လိုက်၏။
"အာ?"
"လာတဲ့လမ်းမှာ '@' ဆိုတဲ့ဆိုင်ကိုညွှန်းထားတာ ကိုယ်တွေ့လိုက်တယ်..မင်းပြောတဲ့ဟာ ဟုတ်မဟုတ်တော့မသိဘူး"
စန်းရန်က မေးငေါ့၍ အခြားတစ်ဖက်သို့ ညွှန်ပြပြီး
"အဲ့ဘက်ကို သွားရမှာ"
"ဟုတ်လား"
ဝိန်းရိဖန်က အစကတည်းက မသေချာမရေရာဖြစ်နေသည့်အတွက် စန်းရန်၏စကားကြောင့် ပို၍တွေဝေလာခဲ့ကာ သူပြောသည့်အတိုင်း ဆက်လျှောက်သွားလိုက်တော့သည်။
"ဒါဆိုလည်း ဒီဘက်သွားကြည့်မယ်လေ..ငါ မရောက်တာကြာလို့ထင်တယ်..လမ်းတွေ သိပ်မမှတ်မိတော့ဘူး"
ဤလမ်းအတိုင်းလျှောက်လာပြီး လမ်းဆုံ သုံးလေးခုဖြတ်ပြီးချိန်တွင်တော့ နှစ်ယောက်သားက လမ်းကြားလေးထဲရှိ '@' ဆိုင်အား ရှာတွေ့သွားခဲ့သည်။ ဆိုင်ပုံစံက ဟောင်းနွမ်းနေပြီဖြစ်ကာ အပြင်အဆင်တစ်ချို့ပင် ညစ်ထေးနေပြီ။
သို့သော်ငြား ဆိုင်တွင်းစီးပွားရေးမှာတော့ အတော်လေးကောင်းမွန်သည်ပင်။
ညနေခင်း ၅နာရီခွဲကျော်နေသည့်တိုင်အောင် ဆိုင်ထဲ၌ထိုင်နေကြသည့် ကျောင်းသားကျောင်းသူများရှိနေဆဲ။
နေရာလွတ်တစ်နေရာရှာပြီး ဝင်ထိုင်လိုက်သည်။
ဆိုင်ပိုင်ရှင်မှာ အသတ်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆိုင်လာသည့်ဧည့်သည်ကိုမြင်လိုက်သည်နှင့် အနားသို့ချက်ချင်းရောက်လာခဲ့သည်။
"ကျောင်းသူလေး..ဘာစားကြမှာလဲ"
ချက်ချင်းဆိုသလိုလည်း ဝိန်းရိဖန်၏အသွင်အပြင်ကို မှတ်မိသွားပုံရကာ ပြုံး၍နှုတ်ဆက်လာခဲ့သည်။
"အေ့..မတွေ့တာတောင် ကြာပြီနော်..ဘွဲ့ရပြီးတာ ဘယ်နှနှစ်တောင်ရှိပြီတုန်း..အခုထိ အန်တီရဲ့စီးပွားရေးကို လာအားပေးနေတုန်းလား"
ဝိန်းရိဖန်လည်း ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။
"ဒီကိုရောက်တုန်းရောက်ခိုက် လာခဲ့တာ"
စကားပြောနေရင်း ဝိန်းရိဖန်က နံရံပေါ်၌ကပ်ထားသည့် မီနူးများကို လက်ညှိုးထိုးပြကာ အမှာစာတင်လိုက်သည်။
စန်းရန်ကလည်း အလျင်းသင့်သလိုဝင်ပြောလာခဲ့၏။
"မင်းကြိုက်တာ မှာလိုက်..အဆင်ပြေတယ်"
စကားသံကိုကြားလိုက်ရခြင်းကြောင့် ဆိုင်ပိုင်ရှင်အမျိုးသမီးကြီးက ဘေးနားတွင်ထိုင်နေသည့် စန်းရန်ဘက်သို့ အာရုံရောက်သွားကာ တစ်ခဏကြာကြာကြည့်နေပြီးနောက် ဝမ်းသာအားရအသံမျိုးဖြင့်
"ရွှိုက်ကော..မင်းရော အရင်က ဒီမှာလာစားဖူးတယ်မလား?"
စန်းရန် ခေါင်းမော့ကြည့်လာ၏။
ဝိန်းရိဖန် ကြောင်အမ်းသွား၍
"မလာဖူးဘူး..သူက ပထမဆုံးရောက်ဖူးတာ"
"အာ..အန်တီ့စိတ်ထဲ မြင်ဖူးသလိုလိုရှိနေလို့..ကြည့်ရတာ အမှတ်မှားသွားတာနေမှာ"
စန်းရန်က အသာအယာခေါင်းငြိမ့်ပြပြီး ဘာမှပြန်မဆိုချေ။
အမှာစာတင်ပြီးနောက်တွင် နှစ်ယောက်သားက တော်တော်ကြာကြာစကားပြောနေကြသေးသည်။
စန်းရန်က အစမရှိ အဆုံးမရှိ ရုတ်တရက်မေးမြန်းလာခဲ့၏။
"နာနေသေးလား"
"...."
ဝိန်းရိဖန် ဆွံအသွားရသလို သူဆိုလိုသည့်အဓိပ္ပါယ်ကိုလည်း ရုတ်ချည်းသဘောပေါက်လိုက်၏။
နေသာထိုင်သာမရှိတော့သဖြင့်လည်း ခေါင်းငုံ့ချလိုက်ပြီး
"အဆင်ပြေပါသေးတယ်"
ဤအချိန်တွင် နောက်ကျမှ အသိတရားဝင်ဆိုသည့်စကားအတိုင်း မနေ့ညက သူ့အား သွားစနောက်မိခဲ့သည့်အတွက် နောင်တရလာတော့သည်။
သိပ်မကြာလိုက်ခင် စန်းရန်က ဖုန်းခေါ်ဆိုမှုတစ်ခုကို ဖြေနေရကာ နားထောင်ကြည့်ပုံအရ တစ်ဖက်လူမှာအလုပ်ကိစ္စဖြင့်ဆက်သွယ်လာပုံပင်။ သူက နေရာ၌မူမပျက်ထိုင်နေရင်း ပျင်းတိပျင်းရွဲပုံစံဖြင့်နားထောင်နေသော်ငြား စကားပြောနေသံမှာတော့ ပုံမှန်ချိန်များထက် ပို၍လေးနက်သည်။
ဝိန်းရိဖန်က သူ့အားအနှောင့်အယှက်လည်းမပြုချင် ၊ ဘာမှလည်းလုပ်စရာမရှိသည့်အခြေအနေတွင် Weibo ကိုသာဖွင့်ကြည့်လိုက်၏။
အချိန်အတော်ကြာသွားသည့်အခါ။
စန်းရန် ဖုန်းချလိုက်၏။
"ဘာတွေကြည့်နေတာလဲ"
ဝိန်းရိဖန် Weiboပေါ်မှ ဟာသဗီဒီယိုတစ်ခုကြည့်နေခြင်းဖြစ်ကာ စန်းရန်ထံသို့ လှမ်းပေးလိုက်၍
"ဒီဟာကိုကြည့်ကြည့်..အရမ်းရယ်ရတယ်"
စန်းရန်က ဖုန်းကိုလှမ်းယူလိုက်သည့်အချိန် သူ့လက်ချောင်းထိပ်က မက်ဆေ့ဘောက်နေရာအား အမှတ်တမဲ့ နှိပ်မိသွားခဲ့သည်။ သူလှမ်းကြည့်သည့်အခါ ဝိန်းရိဖန်၏ Weibo မက်ဆေ့ list ကိုမြင်လိုက်ရပြီး ထိုမက်ဆေ့များထဲမှ တစ်ခုကိုသတိထားမိလိုက်သည်မှာ သူ့မျက်ခုံးများပင့်မြှောက်ရင်း အလိုလိုဝင်ကြည့်ချင်စိတ်မျိုးဖြစ်သွားသည်အထိ။
ဟိုးအရင်ကတည်းက ဝိန်းရိဖန်ဘက်မှ ပို့ထားသည့် မက်ဆေ့နှစ်ခု။
စန်းရန်က ကြည့်ရင်း မျက်ခုံးများပင့်မြှောက်ရင်း။
ပထမမက်ဆေ့မှာ Blogger ထံမှ 'လက်ခံရရှိကြောင်း' စာပြန်ထားပြီး နောက်မက်ဆေ့မှာတော့ အခုထိ ပြန်စာမရသေးချေ။
မြင်နေရသည်မှာ သနားစရာကောင်းလိုက်လေခြင်း...
[ အမည်မသိသူမှ စာရိုက်နေပါသည် ၊ အပြစ်ပြုမိထားတဲ့သူကို ဘယ်လိုပိုးပမ်းရမလဲ? ]
စန်းရန်က တစ်ခဏစဥ်းစားပြီးနောက်တွင်တော့ ဖြေးဖြေးချင်းဖြင့် စာသုံးလုံးရိုက်လိုက်၏။
ပေးပို့သည့်နေရာအား နှိပ်လိုက်သည့်အခါ။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်ဝိန်းရိဖန်က သူ့လှုပ်ရှားမှုအား သတိထားမိသွားခဲ့သည်။
သူ စာရိုက်နေစဥ်ကတည်းက သူမအနေဖြင့် အနည်းငယ်အံ့သြသလိုရှိနေပါသော်လည်း သူမ၏ဖုန်းထဲတွင် ရှက်စရာကောင်းသည့်အရာမျိုးဘာမှမရှိသောကြောင့် ငြိမ်နေခဲ့ခြင်းဖြစ်သည်။
"နင် ဘာစာတွေရိုက်နေတာလဲ"
စန်းရန်က နှုတ်ခမ်းကွေး ၊ ကျေနပ်သွားသည့်အသံမျိုးဖြင့် 'အင်း' ဟုအသံတစ်ချက်ပြုကာ သူမထံဖုန်းပြန်ပေးလာသည်။
ဝိန်းရိဖန် လှမ်းယူပြီးငုံ့ကြည့်လိုက်ရာ သူမနှင့် Blogger ကြား စာပို့ထားသည့်မက်ဆေ့ဘောက်မှာ မျက်လုံးနှင့်တန်းခနဲ။
"...."
တစ်ခဏစာအချိန်လေးအတွင်း သူမ ဟိုးအရင်က သည်စာများကိုပို့ထားခဲ့ဖူးကြောင်း ပြန်အမှတ်ရလိုက်ကာ ရှက်လာမိတော့၏။ သူမ လှမ်းယူလိုက်သည့်အချိန် စန်းရန်ပို့ထားသည့် 'ပြီးပြီ' ဆိုသည့် စာလုံးနှစ်လုံးကိုသာ ဖြတ်ခနဲမြင်လိုက်ခြင်းဖြစ်ကာ သူမ၏စိတ်ထဲ 'လိုက်ပိုးပမ်းလို့ရပြီးပြီ' ဟု စာရိုက်ထားသည်သာ အလိုလိုထင်လိုက်မိ၏။
အချိန်ကိုက်ဆိုသလို ဟင်းပွဲများရောက်လာခဲ့သည်။
ဝိန်းရိဖန် သက်ပြင်းချမိရုံလေးရှိသေး တစ်စုံတစ်ရာ မှားနေပြီဖြစ်ကြောင်း ပြန်တွေးကြည့်မိလိုက်ကာ စန်းရန် ရေငှဲ့နေစဥ် ဝိန်းရိဖန်က ဖုန်းကို နောက်တစ်ကြိမ်ကောက်ယူပြီး Weibo ထဲဝင်ကြည့်လိုက်သည်။
မက်ဆေ့ဘောက်မျက်နှာပြင်မှာ မထွက်ရသေး။
ဝိန်းရိဖန် မြင်လိုက်ရသည့် စန်းရန် ပို့ထားသောစာမှာ..
[ အိပ်ပြီးပြီ ]
"...."
-----------
(Zawgyi)
ဤအခြေအနေတွင်။
"ဘာလို့ပိတ်လိုက်တာလဲ"
"စန်းရန်"
"အမ်?"
"...."
"ငါမှ အားမရှိတော့တာ"
ဝိန်းရိဖန်က ထပ်၍
Advertisement
- In Serial46 Chapters
The Insemination
"You where going to do what?" he shouts causing me to jump a bit. I look at his face and see anger on it. "I said I was thinking about it. I changed my mind," I rush to say. "I'm sorry." As he runs a hand through his hair he picks up the glass vase and throws it against the wall. Rushing past him, I hurry to the door. Once my hand is on the silver doorknob I pull it open only to have it closed. Turning around I meet his gaze. His normal blue eyes are now black with a hint of gold. "I think I should go," I say barely as a whisper. "Mine," he growls. "Yes, I know it's yours but-," I say but he cuts me off again. "Mine," he growls again. Before I have the chance to ask him what he meant, he hovers over my body, and before I have the chance to move, I feel sharp teeth penetrate my skin. Kicking and screaming, I try to move out of his grasp. Yelping out in pain, he finally takes his teeth out, and looks at me with his blue eyes. He looks at me in horror. "What did you do to me?"
8 265 - In Serial31 Chapters
It All Started With a TESTPAPER
u n e d i t e d "Write your name if the statement is correct and write your crush's name if the statement is wrong. NO ERASURE."-This instruction is the plot twist of Aria's 2018 year.Aria Bernadette Valencia is just a typical girl in campus. Simpleng babae lang na nangangarap din na mapansin ng crush niya. 'Til the testpaper came to her life. She accidentally put Tristan Ros' name, her crush since they were in 7th Grade. But little did she know, Tristan Ros has feelings for her too 'til he decided to court Aria.Will Aria accept Tristan Ros in her life? Will they end up being together? Or not because Erica Fraide will come, the childhood sweetheart of Tristan, to ruin their happy ending.
8 295 - In Serial37 Chapters
The Thoughts That Weren't Suicidal
My body began to curl itself into a ball and sounds of pain helplessly escaped from my throat. The startled animal sounds began to project from my body as it continued to go into shut down mode.It's like the walls have begun to collapse and all of the rubble is falling on top of me and only me. I can hear people screaming and shouting, but for some reason, I feel like I am the only one who can hear them. They are screaming for me to leave, to just run away. They are all so scared of this catastrophic earthquake.Because everything that they know is falling apart.-Book 1 in "Born to Die" series#236 in Teen Fiction
8 229 - In Serial71 Chapters
Another World: Book I
In the novel "The Prince and the Peasant", the male lead prince Chen Heng Li was once betrothed to the Western Border's General first daughter, Bai Fan. But the male protagonist never really liked Bai Fan as she was rude and unruly. As the plot unravels, Chen Heng Li met the female lead, Ming Shu, who was an orphan. Both the leads went against the world just to prove their love for each other. As for Bai Fan, she ended up dead as a result of her own wicked schemes.As you can guess, I am not the female lead.In this world, I am Bai Fan, daughter to Western Border's General Bai Long He. I am one of the countless villains in the story. Add up the fact that in the story, I won't have a happy ending.So I decided to change my fate. How tiresome.original story•••
8 480 - In Serial55 Chapters
Eli & Aeryn
The conversations between Eli and Aeryn.
8 130 - In Serial68 Chapters
bad things ➸ tincan ✔ (EDITING)
[STATUS: COMPLETED]a good and fun-witted person like Can meets the leader of the secret thug group named Tin. hate will maintain their relationship with each other but change into love sooner. will they love last or they will end up and give up on each other?ds : 3/9/19de : 8/27/19©minhyukist
8 73

